ကမာၻေက်ာ္ စူးအက္တူးေျမာင္းအေၾကာင္း

Posted on


ဆူးအက္တူးေျမာင္းသည္ အီဂ်စ္ႏိုင္ငံတြင္ တည္ရွိၿပီး ေျမထဲပင္လယ္ႏွင့္ ပင္လယ္နီကို ဆက္စပ္ေပးသည့္ တူးေျမာင္းျဖစ္သည္။ ဆူးအက္တူးေျမာင္းကို ၁၈၆၉ ခုႏွစ္ ႏိုဝင္ဘာလတြင္ စတင္ဖြင့္လွစ္ အသုံးျပဳခဲ့ၿပီးေနာက္ ဥေရာပႏွင့္ အာရွတိုက္အၾကား ေရေၾကာင္းပို႔ေဆာင္ေရးတြင္ အာဖရိကတိုက္ကို ေကြ႕ဝိုက္သြားရန္ မလိုေတာ့ေပ။

ေဖာက္လုပ္စ ကနဦးတြင္ ဆူးအက္တူးေျမာင္းသည္ ၁၆၄ ကီလိုမီတာ (၁၀၂ မိုင္) ရွည္လ်ားၿပီး ၈ မီတာ (၂၆ ေပ) နက္သည္။ ေနာက္ပိုင္းတြင္ တိုးခ်ဲ႕ေဖာက္လုပ္ခဲ့ေသာေၾကာင့္ ၂၀၁၀ ခုႏွစ္တြင္မူ ၁၉၃.၃၀ ကိလိုမီတာ (၁၂၀.၁၁ မိုင္) ရွည္လ်ားၿပီး၊ ၂၄ မီတာ (၇၉ ေပ) နက္ကာ ၂၀၅ မီတာ (၆၇၃ ေပ) က်ယ္သည္။

ေျမထဲပင္လယ္ကမ္းေျခေပၚရွိ ပို႔ဆက္ၿမိဳ႕ႏွင့္ ပင္လယ္နီ ကမ္းေျခေပၚရွိ ဆူးအက္ၿမိဳ႕ကို ဆက္ သြယ္ထားသည္။ အာရွတိုက္ႏွင့္ အာဖရိကတိုက္ႀကီး ႏွစ္တိုက္ ကို ဆက္စပ္လ်က္ရွိေသာ ဆူးအက္ကၽြန္းဆက္ကိုျဖတ္၍ ေဖါက္လုပ္ ေသာ တူးေျမာင္းျဖစ္၍ ပင္လယ္ကူး သေဘၤာမ်ားသည္ ဥေရာပ တိုက္မွ အေရွ႕ဘက္သို႔ သြားလိုသည့္အခါ အာဖရိကတိုက္ကို လွည့္ပတ္၍ မသြားရေတာ့ဘဲ၊ ေျမထဲပင္လယ္မွ ပင္လယ္နီသို႔ ျဖတ္သန္းကာ အိႏၵိယသမုဒၵရာသို႔ တိုက္႐ိုက္ေရာက္ရွိႏိုင္ၾက ေလသည္။

ပမာအားျဖင့္ အာဖရိကတိုက္ကို ေကြ႕၍သြားရသည့္ အခါက လန္ဒန္ၿမိဳ႕မွ ဘုံဘိုင္ၿမိဳ႕သို႔ မိုင္ေပါင္း ၁၁ဝဝဝ ေက်ာ္ သြားရ၏။ သို႔ေသာ္ ဆူးအက္တူးေျမာင္းကို ျဖတ္လာရျခင္းအား ျဖင့္ မိုင္ေပါင္း ၆ဝဝဝ ေက်ာ္မၽွသာသြားရသည္။ ထို႔ေၾကာင့္ မိုင္ ၅ဝဝဝ ခန္႔မၽွ ခရီးပို၍နီးလာေလသည္၊ ေရွးအခါကတည္းက တူးေျမာင္းေဖာက္လုပ္ရန္ ႀကံစည္ စိတ္ကူးခဲ့ၾက၏။ ထုိသုိ႔ႀကံစည္သူေတြအထဲတြင္ ျပင္သစ္ဘုရင္ နပုိလီယံဘုိနာဘတ္လည္းပါ၀င္သည္။ သို႔ရာတြင္ ၁၈၅၄ ခုႏွစ္သို႔ ေရာက္မွ ဖါဒီနန္ မားရီး ဒလက္ဆက္ဆိုသူ ျပင္သစ္လူမ်ိဳး အင္ဂ်င္နီယာတစ္ဦး သည္ အီဂ်စ္ႏိုင္ငံဘုရင္ခံခ်ဳပ္ ဆာအိပါးရွားထံမွ တူးေျမာင္း ေဖာက္လုပ္ရန္ အခြင့္ကိုရရွိခဲ့ေလသည္။ ( လက္ဆက္၊ ဖာဒီနန္ဒါ။)

ထို႔ေၾကာင့္ ၁၈၅၉ ခုႏွစ္ ဧၿပီလ ၂၅ ရက္ေန႔တြင္ ဆူးအက္တူးေျမာင္းကို စတင္ေဖာက္လုပ္ခဲ့ရာ ၁ဝ ႏွစ္ၾကာမွ ၿပီးစီးေအာင္ျမင္ခဲ့ေလသည္။ ၁၈၆၉ ခုႏွစ္ ႏိုဝင္ဘာ လ ၁ ရက္ေန႔တြင္ တူးေျမာင္းကို အခမ္းအနားျဖင့္ ဖြင့္လွစ္ၿပီး ေနာက္၊ ႏိုင္ငံေပါင္းစုံမွ သေဘၤာ ၆၈ စင္းတို႔သည္ ဆူးအက္ တူးေျမာင္းကို ပထမ ဆုံးျဖတ္ကူးခဲ့ေလသည္။ ေရွ႕ဆုံးမွသေဘၤာ တြင္ ျပင္သစ္ႏိုင္ငံဘုရင္မ ယူေဇးနီးႏွင့္ အင္ဂ်င္နီယာ လက္ဆက္တို႔ကိုယ္တိုင္ စီးနင္းလိုက္ပါခဲ့၏။ စတင္ေဖါက္စက ဆူးအက္တူးေျမာင္းသည္ အလ်ား ၁ဝ၁ မိုင္၊ အက်ယ္ ၁၉၇ ေပခန္႔ရွိသည္။ တူးေျမာင္းေဖာက္လုပ္ရာ၌ ကုန္က် စရိတ္ေငြမွာ ေပါင္ ၁၇ဝဝဝဝဝဝ ခန္႔ျဖစ္သည္။

သေဘၤာမ်ား သည္ တူးေျမာင္းတစ္ဖက္မွ အျခား တစ္ဖက္သို႔ေရာက္ေအာင္ အခ်ိန္ ၁၁ နာရီခြဲနီးပါးမၽွ ခုတ္ေမာင္းရသည္။ ဆူးအက္တူးေျမာင္းကို မူလ စတင္ေဖာက္လုပ္စဥ္အခါက အီဂ်စ္ႏွင့္ ျပင္သစ္အစိုးရတို႔က ေငြပင္ေငြရင္း စိုက္ထုတ္ခဲ့ သည္။ ထို႔ေနာက္ ၿဗိတိသၽွနန္းရင္းဝန္ ဒစ္ဇေရလီလက္ထက္က အီဂ်စ္ပိုင္အစုမ်ားကို ၿဗိတိသၽွတို႔က ဝယ္ယူခဲ့သည္။ ယခုအခါ ဆူးအက္တူးေျမာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕က စီမံအုပ္ခ်ဳပ္လ်က္ရွိ သည္။ တူးေျမာင္းအုပ္ခ်ဳပ္ေရးအဖြဲတြင္ ျပင္သစ္ ၁၆ ဦး၊ ၿဗိတိသၽွ ၉ ဦး၊ အီဂ်စ္ ၅ ဦး၊ အေမရိကန္ ၁ ဦး၊ ဒပ္ခ် ၁ ဦးတို႔ပါဝင္ၾကသည္။ ၿဗိတိသၽွတို႔သည္ ဆူးအက္တူးေျမာင္း ကုမၸဏီ၏ အစုရွယ္ရာ ၈ဝဝဝဝဝ အနက္ အစုရွယ္ရာေပါင္း ၃၅၃၅ဝ၄ အထိ တိုးတက္ဝယ္ယူ၍၊ တူးေျမာင္းအုပ္ခ်ဳပ္ ထိန္းသိမ္းမႈအခြင့္အေရး ကိုလည္း တိုးတက္ရယူခဲ့ေလသည္။

ဆူးအက္တူးေျမာင္းမေဖါက္လုပ္မီက ျမန္မာႏိုင္ငံမွဆန္ကို ႏိုင္ငံျခားသို႔တင္ပို႔ေရာင္းခ်ေရး လုပ္ငန္းမွာ ေျပာပေလာက္ ေအာင္ မရွိခဲ့ေခ်။ သို႔ရာတြင္ တူးေျမာင္းေဖါက္လုပ္ၿပီးသည့္ ေနာက္တြင္ အေရွ႕ႏွင့္ အေနာက္ ဆက္သြယ္ေရးမွာ ပိုမို၍ လြယ္ကူလာသည့္အေလ်ာက္ ျမန္မာႏိုင္ငံမွ ဆန္တင္ပို႔ ေရာင္းခ်သည့္ လုပ္ငန္းသည္ မ်ားစြာတိုးတက္ခဲ့ေလသည္။ ျမန္မာ့ဆန္သည္ ကမၻာ့ေဈးကြက္တြင္ မ်က္ႏွာပန္းပြင့္လာလ်က္ ျမန္မာေတာင္သူ လယ္သမားတို႔သည္လည္း စီးပြားျဖစ္ထြန္းလာ ေလသည္။ ၁၈၈၈ ခုႏွစ္ ေအာက္တိုဘာလ ၂၉ ရက္ေန႔တြင္ တူရကီႏိုင္ငံ ကြန္စတန္တီႏိုပယ္ၿမိဳ႕၌ ခ်ဳပ္ဆိုခဲ့ေသာ သေဘာတူစာခ်ဳပ္ အရ ကမၻာေပၚရွိႏိုင္ငံအားလုံးသည္ တူးေျမာင္းကို လြတ္လပ္စြာ ျဖတ္သန္းႏိုင္ခြင့္ရွိသည္။

၁၉၆၈ ခုႏွစ္တြင္ ဆူးအက္တူးေျမာင္းကုမၸဏီက တူး ေျမာင္းအုပ္ခ်ဳပ္ေရးကို အီဂ်စ္အစိုးရသို႔ျပန္လည္ ေပးအပ္ရမည္ ျဖစ္သည္။ သို႔ရာတြင္ အီဂ်စ္အမ်ိဳးသား ႏိုင္ငံေရးလႈပ္ရွားထႂကြ လာမႈေၾကာင့္ ဆူးအက္ေဒသရွိ ၿဗိတိသၽွစစ္တပ္အားလုံးကို လေပါင္း ၂ဝ အတြင္းျပန္လည္႐ုပ္သိမ္းရန္ သေဘာတူစာခ်ဳပ္ တစ္ရပ္ကို ၁၉၅၄ ခုႏွစ္ ဇူလိုင္လ ၂၇ ရက္ေန႔တြင္ ခ်ဳပ္ဆိုခဲ့ ၾကသည္။ ထိုစာခ်ဳပ္အရ ၿဗိတိသၽွစစ္တပ္အားလုံးကို ၁၉၅၆ ခုႏွစ္ ဇြန္လ ၁၃ ရက္ေန႔တြင္ ႐ုပ္သိမ္းခဲ့ၿပီးျဖစ္ေလသည္။ ၁၉၅၂ခုႏွစ္တြင္ ဖါေရာ့ဘုရင္အား နန္းခ်၍ အီဂ်စ္ကို သမၼတႏိုင္ငံအျဖစ္ေၾကညာခဲ့ၿပီးေနာက္၊ မ်ားမၾကာမီ ကာနယ္ နက္ဆာသည္ အီဂ်စ္ႏိုင္ငံ၏ သမၼတျဖစ္လာသည္။

၁၉၅၆ ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံ သည္၎၊ ၿဗိတိသၽွႏိုင္ငံသည္၎ အီဂ်စ္ႏိုင္ငံ ဆူးအက္ဝန္ဆည္႐ိုး တူးေဖာ္ႏိုင္ေရးအတြက္ ေငြေခ်းမည္ဟူေသာ ကတိကို ျပဳခဲ့သည္။ သို႔ရာတြင္ အီဂ်စ္ ႏိုင္ငံ၏စီပြားေရးမွာ မခိုင္ၿမဲဟု အေၾကာင္းျပကာ ေငြေခ်းမည္ ဟူေသာကတိကို ႐ုပ္သိမ္းေလသည္။ ဤအခ်က္ကို တုံ႔ျပန္ေသာ အားျဖင့္ သမၼတနက္ဆာသည္ ၁၉၅၆ ခုႏွစ္ ဇူလိုင္လ ၂၆ ရက္ ေန႔ညတြင္ အီဂ်စ္ႏိုင္ငံ အယ္လက္ဇၿႏၵီးယားၿမိဳ႕၌ က်င္းပ ေသာ လူထုအစည္းအေဝးႀကီးတြင္ ဆူးအက္တူးေျမာင္းကို အီဂ်စ္အစိုးရက ျပည္သူပိုင္အျဖစ္ သိမ္းယူလိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ေလသည္။

ထိုကဲ့သို႔႐ုတ္တရက္ ေၾကညာလိုက္သည္ တြင္ ကမၻာအရပ္အရပ္၌ လႈပ္ရွားလာေလသည္။ အထူးသျဖင့္ ထိုတူးေျမာင္းႏွင့္တိုက္႐ိုက္သက္ဆိုင္ေသာ ႏိုင္ငံတို႔တြင္ မ်ားစြာ လႈပ္ရွားလာေလေတာ့သည္။ အဘယ္ေၾကာင့္ဆိုေသာ္၊ ဆူးအက္ တူးေျမာင္းသည္ အေနာက္ႏိုင္ငံမ်ား၊ အထူးသျဖင့္ ၿဗိတိန္ႏွင့္ ျပင္သစ္ႏိုင္ငံမ်ားအဖို႔ စစ္ေရးႏွင့္ စီးပြားေရးအရ အလြန္အေရး ႀကီးေသာေၾကာင့္ပင္ျဖစ္ေလသည္။ ကူးသန္းေရာင္းဝယ္ေရး တြင္၎၊ ကိုလိုနီနယ္ပယ္မ်ား ထားရွိအုပ္စိုးခဲ့ရာတြင္၎၊ ဆူးအက္တူးေျမာင္းသည္ မ်ားစြာတြင္က်ယ္၍ ခရီးေရာက္ခဲ့ေပ သည္။ ဆူးအက္တူးေျမာင္းကိစၥ၌ ၿဗိတိန္ႏွင့္ ျပင္သစ္တို႔က ကန္႔ကြက္ထားခ်က္မွာ မေအာင္ ျမင္ခဲ့ေခ်။

၂၀၁၄ ခုႏွစ္ ၾသဂုတ္လတြင္ စူးအက္တူးေျမာင္းေရလမ္းေၾကာင္းခ်ဲ့ထြင္ရန္အတြက္ ေဒၚလာ၈.၄ဘီလီယံကုန္က်မည့္ ၂၂မိုင္အ႐ွည္႐ွိေသာ ေ႐ွာင္လမ္းအသစ္ေဖာက္ဖုိ႔ သေဘာတူညီခဲ့ၾကသည္။ ထိုေရလမ္းေၾကာင္းအသစ္စီမံကိန္းကိုေတာ့ ၂၀၁၆ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔မွာ Suez Canal Authotity ကေနၿပီး တရားဝင္ဖြင့္လွစ္ေပးခဲ့ၿပီးျဖစ္သည္ ။ ထိုစီမံကိန္းေၾကာင့္ မူလက ေန႔စဥ္ သေဘၤာ ၄၉စီးျဖတ္သန္းႏိုင္တာကေန ၉၇စီးအထိျဖတ္သန္းႏိုင္ခဲ့ၿပီျဖစ္သည္။

သေဘၤာမ်ားမွ အခြန္အျဖစ္ တစ္ႏွစ္လွ်င္ ေဒၚလာ ၅ဘီလ်ံေက်ာ္ ရရွိခဲ့သည္။ သေဘၤာမ်ားထံမွ ေကာက္ခံရရွိသည့္အခြန္ေငြမွာ အီဂ်စ္နိုင္ငံ၏အဓိကက်ေသာ ဝင္ေငြတစ္ရပ္ ျဖစ္သည္။ေျမထဲ ပင္လယ္ႏွင့္အႏၵိယသမုဒၶရာတို႔သည္ အၾကမ္းျဖင္းအားျဖင့္ ေရမ်က္ႏွာျပင္အျမင့္တူညီသျဖင့္ စူးအက္တူးေျမာင္းတြင္ ေရတံခါးမ်ားမရွိပါ။ ဥေရာပႏွင့္အေမရိကန္ဆိပ္ကမ္းမ်ားမွ အေရွ႕ေတာင္အာရွ၊ အေရွ႕အာဖရိက၊ၾသစေတးလ်ႏွင့္ ပစိဖိတ္သမုဒၶရာအတြင္းရွိ နိင္ငံမ်ား၏ဆိပ္ကမ္းမ်ားသို႔ သေဘၤာမ်ား သြားလာရာတြင္ျဖတ္လမ္းအျဖစ္အသုံးျပဳနိင္သည္။

VIDEO


ကမ္ဘာကျော် စူးအက်တူးမြောင်းအကြောင်း (unicode)

ဆူးအက်တူးမြောင်းသည် အီဂျစ်နိုင်ငံတွင် တည်ရှိပြီး မြေထဲပင်လယ်နှင့် ပင်လယ်နီကို ဆက်စပ်ပေးသည့် တူးမြောင်းဖြစ်သည်။ ဆူးအက်တူးမြောင်းကို ၁၈၆၉ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ် အသုံးပြုခဲ့ပြီးနောက် ဥရောပနှင့် အာရှတိုက်အကြား ရေကြောင်းပို့ဆောင်ရေးတွင် အာဖရိကတိုက်ကို ကွေ့ဝိုက်သွားရန် မလိုတော့ပေ။

ဖောက်လုပ်စ ကနဦးတွင် ဆူးအက်တူးမြောင်းသည် ၁၆၄ ကီလိုမီတာ (၁၀၂ မိုင်) ရှည်လျားပြီး ၈ မီတာ (၂၆ ပေ) နက်သည်။ နောက်ပိုင်းတွင် တိုးချဲ့ဖောက်လုပ်ခဲ့သောကြောင့် ၂၀၁၀ ခုနှစ်တွင်မူ ၁၉၃.၃၀ ကိလိုမီတာ (၁၂၀.၁၁ မိုင်) ရှည်လျားပြီး၊ ၂၄ မီတာ (၇၉ ပေ) နက်ကာ ၂၀၅ မီတာ (၆၇၃ ပေ) ကျယ်သည်။

မြေထဲပင်လယ်ကမ်းခြေပေါ်ရှိ ပို့ဆက်မြို့နှင့် ပင်လယ်နီ ကမ်းခြေပေါ်ရှိ ဆူးအက်မြို့ကို ဆက် သွယ်ထားသည်။ အာရှတိုက်နှင့် အာဖရိကတိုက်ကြီး နှစ်တိုက် ကို ဆက်စပ်လျက်ရှိသော ဆူးအက်ကျွန်းဆက်ကိုဖြတ်၍ ဖေါက်လုပ် သော တူးမြောင်းဖြစ်၍ ပင်လယ်ကူး သင်္ဘောများသည် ဥရောပ တိုက်မှ အရှေ့ဘက်သို့ သွားလိုသည့်အခါ အာဖရိကတိုက်ကို လှည့်ပတ်၍ မသွားရတော့ဘဲ၊ မြေထဲပင်လယ်မှ ပင်လယ်နီသို့ ဖြတ်သန်းကာ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ရောက်ရှိနိုင်ကြ လေသည်။

ပမာအားဖြင့် အာဖရိကတိုက်ကို ကွေ့၍သွားရသည့် အခါက လန်ဒန်မြို့မှ ဘုံဘိုင်မြို့သို့ မိုင်ပေါင်း ၁၁ဝဝဝ ကျော် သွားရ၏။ သို့သော် ဆူးအက်တူးမြောင်းကို ဖြတ်လာရခြင်းအား ဖြင့် မိုင်ပေါင်း ၆ဝဝဝ ကျော်မျှသာသွားရသည်။ ထို့ကြောင့် မိုင် ၅ဝဝဝ ခန့်မျှ ခရီးပို၍နီးလာလေသည်၊ ရှေးအခါကတည်းက တူးမြောင်းဖောက်လုပ်ရန် ကြံစည် စိတ်ကူးခဲ့ကြ၏။ ထိုသို့ကြံစည်သူတွေအထဲတွင် ပြင်သစ်ဘုရင် နပိုလီယံဘိုနာဘတ်လည်းပါဝင်သည်။ သို့ရာတွင် ၁၈၅၄ ခုနှစ်သို့ ရောက်မှ ဖါဒီနန် မားရီး ဒလက်ဆက်ဆိုသူ ပြင်သစ်လူမျိုး အင်ဂျင်နီယာတစ်ဦး သည် အီဂျစ်နိုင်ငံဘုရင်ခံချုပ် ဆာအိပါးရှားထံမှ တူးမြောင်း ဖောက်လုပ်ရန် အခွင့်ကိုရရှိခဲ့လေသည်။ ( လက်ဆက်၊ ဖာဒီနန်ဒါ။)

ထို့ကြောင့် ၁၈၅၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ဆူးအက်တူးမြောင်းကို စတင်ဖောက်လုပ်ခဲ့ရာ ၁ဝ နှစ်ကြာမှ ပြီးစီးအောင်မြင်ခဲ့လေသည်။ ၁၈၆၉ ခုနှစ် နိုဝင်ဘာ လ ၁ ရက်နေ့တွင် တူးမြောင်းကို အခမ်းအနားဖြင့် ဖွင့်လှစ်ပြီး နောက်၊ နိုင်ငံပေါင်းစုံမှ သင်္ဘော ၆၈ စင်းတို့သည် ဆူးအက် တူးမြောင်းကို ပထမ ဆုံးဖြတ်ကူးခဲ့လေသည်။ ရှေ့ဆုံးမှသင်္ဘော တွင် ပြင်သစ်နိုင်ငံဘုရင်မ ယူဇေးနီးနှင့် အင်ဂျင်နီယာ လက်ဆက်တို့ကိုယ်တိုင် စီးနင်းလိုက်ပါခဲ့၏။ စတင်ဖေါက်စက ဆူးအက်တူးမြောင်းသည် အလျား ၁ဝ၁ မိုင်၊ အကျယ် ၁၉၇ ပေခန့်ရှိသည်။ တူးမြောင်းဖောက်လုပ်ရာ၌ ကုန်ကျ စရိတ်ငွေမှာ ပေါင် ၁၇ဝဝဝဝဝဝ ခန့်ဖြစ်သည်။

သင်္ဘောများ သည် တူးမြောင်းတစ်ဖက်မှ အခြား တစ်ဖက်သို့ရောက်အောင် အချိန် ၁၁ နာရီခွဲနီးပါးမျှ ခုတ်မောင်းရသည်။ ဆူးအက်တူးမြောင်းကို မူလ စတင်ဖောက်လုပ်စဉ်အခါက အီဂျစ်နှင့် ပြင်သစ်အစိုးရတို့က ငွေပင်ငွေရင်း စိုက်ထုတ်ခဲ့ သည်။ ထို့နောက် ဗြိတိသျှနန်းရင်းဝန် ဒစ်ဇရေလီလက်ထက်က အီဂျစ်ပိုင်အစုများကို ဗြိတိသျှတို့က ဝယ်ယူခဲ့သည်။ ယခုအခါ ဆူးအက်တူးမြောင်းအုပ်ချုပ်ရေးအဖွဲ့က စီမံအုပ်ချုပ်လျက်ရှိ သည်။ တူးမြောင်းအုပ်ချုပ်ရေးအဖွဲတွင် ပြင်သစ် ၁၆ ဦး၊ ဗြိတိသျှ ၉ ဦး၊ အီဂျစ် ၅ ဦး၊ အမေရိကန် ၁ ဦး၊ ဒပ်ချ ၁ ဦးတို့ပါဝင်ကြသည်။ ဗြိတိသျှတို့သည် ဆူးအက်တူးမြောင်း ကုမ္ပဏီ၏ အစုရှယ်ရာ ၈ဝဝဝဝဝ အနက် အစုရှယ်ရာပေါင်း ၃၅၃၅ဝ၄ အထိ တိုးတက်ဝယ်ယူ၍၊ တူးမြောင်းအုပ်ချုပ် ထိန်းသိမ်းမှုအခွင့်အရေး ကိုလည်း တိုးတက်ရယူခဲ့လေသည်။

ဆူးအက်တူးမြောင်းမဖေါက်လုပ်မီက မြန်မာနိုင်ငံမှဆန်ကို နိုင်ငံခြားသို့တင်ပို့ရောင်းချရေး လုပ်ငန်းမှာ ပြောပလောက် အောင် မရှိခဲ့ချေ။ သို့ရာတွင် တူးမြောင်းဖေါက်လုပ်ပြီးသည့် နောက်တွင် အရှေ့နှင့် အနောက် ဆက်သွယ်ရေးမှာ ပိုမို၍ လွယ်ကူလာသည့်အလျောက် မြန်မာနိုင်ငံမှ ဆန်တင်ပို့ ရောင်းချသည့် လုပ်ငန်းသည် များစွာတိုးတက်ခဲ့လေသည်။ မြန်မာ့ဆန်သည် ကမ္ဘာ့ဈေးကွက်တွင် မျက်နှာပန်းပွင့်လာလျက် မြန်မာတောင်သူ လယ်သမားတို့သည်လည်း စီးပွားဖြစ်ထွန်းလာ လေသည်။ ၁၈၈၈ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် တူရကီနိုင်ငံ ကွန်စတန်တီနိုပယ်မြို့၌ ချုပ်ဆိုခဲ့သော သဘောတူစာချုပ် အရ ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးသည် တူးမြောင်းကို လွတ်လပ်စွာ ဖြတ်သန်းနိုင်ခွင့်ရှိသည်။

၁၉၆၈ ခုနှစ်တွင် ဆူးအက်တူးမြောင်းကုမ္ပဏီက တူး မြောင်းအုပ်ချုပ်ရေးကို အီဂျစ်အစိုးရသို့ပြန်လည် ပေးအပ်ရမည် ဖြစ်သည်။ သို့ရာတွင် အီဂျစ်အမျိုးသား နိုင်ငံရေးလှုပ်ရှားထကြွ လာမှုကြောင့် ဆူးအက်ဒေသရှိ ဗြိတိသျှစစ်တပ်အားလုံးကို လပေါင်း ၂ဝ အတွင်းပြန်လည်ရုပ်သိမ်းရန် သဘောတူစာချုပ် တစ်ရပ်ကို ၁၉၅၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ချုပ်ဆိုခဲ့ ကြသည်။ ထိုစာချုပ်အရ ဗြိတိသျှစစ်တပ်အားလုံးကို ၁၉၅၆ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ရုပ်သိမ်းခဲ့ပြီးဖြစ်လေသည်။ ၁၉၅၂ခုနှစ်တွင် ဖါရော့ဘုရင်အား နန်းချ၍ အီဂျစ်ကို သမ္မတနိုင်ငံအဖြစ်ကြေညာခဲ့ပြီးနောက်၊ များမကြာမီ ကာနယ် နက်ဆာသည် အီဂျစ်နိုင်ငံ၏ သမ္မတဖြစ်လာသည်။

၁၉၅၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ သည်၎င်း၊ ဗြိတိသျှနိုင်ငံသည်၎င်း အီဂျစ်နိုင်ငံ ဆူးအက်ဝန်ဆည်ရိုး တူးဖော်နိုင်ရေးအတွက် ငွေချေးမည်ဟူသော ကတိကို ပြုခဲ့သည်။ သို့ရာတွင် အီဂျစ် နိုင်ငံ၏စီပွားရေးမှာ မခိုင်မြဲဟု အကြောင်းပြကာ ငွေချေးမည် ဟူသောကတိကို ရုပ်သိမ်းလေသည်။ ဤအချက်ကို တုံ့ပြန်သော အားဖြင့် သမ္မတနက်ဆာသည် ၁၉၅၆ ခုနှစ် ဇူလိုင်လ ၂၆ ရက် နေ့ညတွင် အီဂျစ်နိုင်ငံ အယ်လက်ဇန္ဒြီးယားမြို့၌ ကျင်းပ သော လူထုအစည်းအဝေးကြီးတွင် ဆူးအက်တူးမြောင်းကို အီဂျစ်အစိုးရက ပြည်သူပိုင်အဖြစ် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့လေသည်။

ထိုကဲ့သို့ရုတ်တရက် ကြေညာလိုက်သည် တွင် ကမ္ဘာအရပ်အရပ်၌ လှုပ်ရှားလာလေသည်။ အထူးသဖြင့် ထိုတူးမြောင်းနှင့်တိုက်ရိုက်သက်ဆိုင်သော နိုင်ငံတို့တွင် များစွာ လှုပ်ရှားလာလေတော့သည်။ အဘယ်ကြောင့်ဆိုသော်၊ ဆူးအက် တူးမြောင်းသည် အနောက်နိုင်ငံများ၊ အထူးသဖြင့် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများအဖို့ စစ်ရေးနှင့် စီးပွားရေးအရ အလွန်အရေး ကြီးသောကြောင့်ပင်ဖြစ်လေသည်။ ကူးသန်းရောင်းဝယ်ရေး တွင်၎င်း၊ ကိုလိုနီနယ်ပယ်များ ထားရှိအုပ်စိုးခဲ့ရာတွင်၎င်း၊ ဆူးအက်တူးမြောင်းသည် များစွာတွင်ကျယ်၍ ခရီးရောက်ခဲ့ပေ သည်။ ဆူးအက်တူးမြောင်းကိစ္စ၌ ဗြိတိန်နှင့် ပြင်သစ်တို့က ကန့်ကွက်ထားချက်မှာ မအောင် မြင်ခဲ့ချေ။

၂၀၁၄ ခုနှစ် ဩဂုတ်လတွင် စူးအက်တူးမြောင်းရေလမ်းကြောင်းချဲ့ထွင်ရန်အတွက် ဒေါ်လာ၈.၄ဘီလီယံကုန်ကျမည့် ၂၂မိုင်အရှည်ရှိသော ရှောင်လမ်းအသစ်ဖောက်ဖို့ သဘောတူညီခဲ့ကြသည်။ ထိုရေလမ်းကြောင်းအသစ်စီမံကိန်းကိုတော့ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ Suez Canal Authotity ကနေပြီး တရားဝင်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည် ။ ထိုစီမံကိန်းကြောင့် မူလက နေ့စဉ် သင်္ဘော ၄၉စီးဖြတ်သန်းနိုင်တာကနေ ၉၇စီးအထိဖြတ်သန်းနိုင်ခဲ့ပြီဖြစ်သည်။

သင်္ဘောများမှ အခွန်အဖြစ် တစ်နှစ်လျှင် ဒေါ်လာ ၅ဘီလျံကျော် ရရှိခဲ့သည်။ သင်္ဘောများထံမှ ကောက်ခံရရှိသည့်အခွန်ငွေမှာ အီဂျစ်နိုင်ငံ၏အဓိကကျသော ဝင်ငွေတစ်ရပ် ဖြစ်သည်။မြေထဲ ပင်လယ်နှင့်အန္ဒိယသမုဒ္ဓရာတို့သည် အကြမ်းဖြင်းအားဖြင့် ရေမျက်နှာပြင်အမြင့်တူညီသဖြင့် စူးအက်တူးမြောင်းတွင် ရေတံခါးများမရှိပါ။ ဥရောပနှင့်အမေရိကန်ဆိပ်ကမ်းများမှ အရှေ့တောင်အာရှ၊ အရှေ့အာဖရိက၊ဩစတေးလျနှင့် ပစိဖိတ်သမုဒ္ဓရာအတွင်းရှိ နိင်ငံများ၏ဆိပ်ကမ်းများသို့ သင်္ဘောများ သွားလာရာတွင်ဖြတ်လမ်းအဖြစ်အသုံးပြုနိင်သည်။

Leave a Reply