ဘုရားရွင္လက္ထက္က အခ်မ္းသာဆုံးျဖစ္တဲ့ ေဇာတိကသူေဌးႀကီး အေၾကာင္း

Posted on

Written By Venerable Ghosaka

၁)

‘ေဟ ! ေဇာတိက … မင္းတပည့္ေတြနဲ႔ ငါကုိ စစ္ထုိးခုိင္းၿပီး မင္းက ဘုရားေက်ာင္းမွာ ေရွာင္တိမ္းေနတာေပါ့ ဟုတ္လား’

‘မင္းႀကီး ဘာကုိဆုိုလုိတာလဲ က်ေနာ္မ်ဳိးနားမလည္ပါ’

‘မင့္ အိမ္က စစ္သည္ေတာ္မ်ား ထုိးစစ္ဆင္လုိ႔ ငါ့ရဲ႕စစ္သည္ေတာ္ေတြ တစ္ကြဲတစ္ျပားစီးျဖစ္ကာ ကစင္ကလ်ား ထြက္ေျပးၾကရတယ္။ ငါေတာင္ စစ္သည္မ်ားႏွင့္ ကြဲသြာလုိ႔ ခု ေဝဠဴဝန္ေက်ာင္းကုိ ေရာက္လာတာေလ’

ဗိမၼိသာရမင္းႀကီး၏သား အဇာတသတ္သည္ မင္းသားဘဝတည္းက ဖခင္ႏွင့္အတူ ေဇာတိက အိမ္ကုိ လုိက္လည္စဥ္က ေဇာတိက ႂကြယ္ဝခ်မ္းသာမူကုိ သြားရည္က်ခဲ့သည္။ ေဇာတိက ပိုင္ဆုိင္မႈမ်ားကုိ သိမ္းပုိက္ရန္ၾကံစည္ခဲ့ဖူးသည္။ ဖခင္သတ္ၿပီး မင္းျဖစ္လာေသာ အခါ သူရဲ႕ ျဖတ္လမ္း သူေဌးျဖစ္ လမ္းစဥ္ကုိ စတင္ အေကာင္ အထည္ေဖာ္ေတာ့၏။

တစ္ေန႔တြင္ စစ္သည္ေတာ္ ေျမာက္မ်ားစြာႏွင့္အတူ နန္းေတာ္မွ ထြက္ခဲ့၏။ ေဇာတိကအိမ္သုိ႔ေရာက္ေသာအခါ ေလးဖက္ ေလးတန္ စစ္သည္ေတာ္ရံၿပီး သူကုိယ္တုိင္ ေဇာတိကအိမ္တြင္းဝင္၍ သိမ္းပုိက္ရန္ ႀကဳိးစားေလ၏။

သုိ႔ေသာ္ မွန္းခ်က္ႏွင့္ ႏွမ္းထြက္မကုိက္ အဇာတသတ္မင္းႀကီး စစ္သည္ေတာ္တုိ႔ အား ထိပ္လန္႔ တုန္လႈပ္ေစေသာ ေဇာတိက စစ္သည္ေတာ္မ်ား သူတုိ႔ေရွ႕မွ ဆီးကာေနေသာေၾကာင့္ျဖစ္၏။

အမွန္တကယ္ေတာ့ ေဇာတိကစစ္သည္ေတာ္မ်ားဟု ထင္ရေသာ စစ္သည္ေတာ္မ်ားမွာ ေဇာတိကအိမ္ ပတၱျမား တံတုိင္း၌ သူတုိ႔ရဲ႕ အရိပ္မ်ား ထင္ဟပ္ေနျခင္းျဖစ္၏။ အဇာတသတ္ႏွင့္ စစ္သည္ေတာ္မ်ားမွာ ေဇာတိကရဲ႕ ဘုန္းတန္ခုိးေၾကာင္း နဂုိကတည္းကပင္ ေၾကာက္လန္႔ေနသူမ်ားျဖစ္၏။ စစ္ဦးစီးမ်ားလည္း မင္းႀကီးရဲ႕ဆႏၵကုိ မလြန္ဆန္းႏုိင္၍ စစ္ခ်ီျခင္းျဖစ္၏ ၊ ျပည္သူ၏ ပိုင္ဆုိင္မႈကုိ အဓမၼသိမ္းပုိက္ေသာ အလုပ္ကုိ ရြံရွာသူမ်ား လည္းျဖစ္၏။ ေဒဝဒတ္ႏွင့္လူေပါင္းမွားေသာ အဇာတသတ္တစ္ေယာက္ ထင္းရာစုိင္းေနသည္ကုိ သေဘာမက်လွ။

ပတၱျမား တံတုိင္းတြင္ ထင္ဟပ္ေနေသာ စစ္သည္ေတာ္မ်ားကုိ ျမင္လွ်င္ အဇာတသတ္စစ္သည္ေတာ္မ်ား ေရွ႕ မတုိးဝံ့ေတာ့ပဲ ခပ္လွမ္းလွမ္းသုိ႔ ဆုတ္ခြါသြားၾကသည္။ ထုုိစဥ္တြင္ တံခါးမုဒ္ေစာင့္ေသာ နတ္ဘီလူးမ်ား က ေၾကာက္မက္ဖြယ္ အသြင္ျဖင့္ ျခိမ္းေျခာက္ရာ မင္းႏွင့္တကြ စစ္သည္ေတာ္မ်ား ဆုတ္ခြာ ထြက္ေျပးၾကေလ၏။

ေဇာတိက ဤအေၾကာင္းကုိ လံုးဝမသိ။ နံက္ ေစာေစာကပင္ ဥပုသ္ေစာင့္ တရားနာရန္ ရန္ ဘုရားေက်ာင္းကုိ တစ္ေယာက္တည္း ေရာက္ေနျခင္းျဖစ္၏။

**************

‘အရွင္မင္းႀကီးက .. အဘယ္ေၾကာင့္ က်ေနာ္မ်ဳိးအိမ္ကုိ စစ္ခ်ီရတာလဲ’

‘မင္းရဲ႕ ႀကီးက်ယ္ခန္႔ျငားတဲ့ ေနအိမ္ ဗိမာန္ကုိ သိမ္းပုိက္မလုိ႔

‘ေဩာ္…ဒီလုိလား..

က်ေနာ္မ်ုိးေနအိမ္ကုိ အရွင္းမင္းႀကီးကဲ့ေသာ မင္းေပါင္းတစ္ရာ လာေရာက္ သိမ္းပုိက္ေသာ္ လည္းမရႏုိင္ပါဘူး’

‘ေအာင္မာ…

မင္းက ဘာမလု္ိ႔လဲ ‘ ဟုဆုိကာ ေဒါသထြက္သြား၏။

‘ကဲ..ကဲ…ဒါဆုိ အရွင္မင္းႀကီးမယုံလွ်င္ က်ေနာ္မ်ဳိးလက္စြပ္မ်ားကုိ အရင္အစမ္းခြ်တ္ၾကည့္ပါဦး’

အဇာတတသတ္မင္းႀကီးစြမ္းအားကား သာမန္လူသားထက္ အစမ်ားစြာ ႀကီးမား၏ ထုိင္ခုန္လွ်င္ (၁၈) ေတာင္၊ ရပ္ခုန္လွ်င္ အေတာင္ (၈၀) ျမင္ေအာင္ခုန္ႏုိင္၏။ ဤမွ် ခြန္အား ဗလေကာင္းေသာ မင္းႀကီး အစြမ္းကုန္ ေဇာတိက လက္မွ လက္စြပ္မ်ားကုိ ေခြ်တီတီက်ေအာင္ ခြ်တ္ေသာ္လည္း ကြ်တ္မက်ပါ။

ထုိအခါ ေဇာတိကက…. “အရွင္မင္းႀကီး၏ ဝတ္လဲေတာ္ကုိ ျဖန္႔ေပးပါ”
ဟုဆုိကာ သူ႕လက္ေခ်ာင္းေလးမ်ားကုိ ေအာက္စုိက္လုိက္ရာ အကြင္း ၂၀-ေသာလက္စြပ္တုိ႔ဟာ အလုိလုိ ကြ်တ္က်လာ၏။

ေဇာတိကရဲ႕ ဘုန္းကံကုိ လက္ေတြ႔ျမင္လုိက္ရေသာ အဇာတ္တသတ္မင္း စကားတစ္ခြန္းမွ် မဟႏုိင္ေတာ့ပဲ တအ့ံတဩျဖစ္ရေလ၏။

၂) ေဇာတိက ပစၥဳပၸန္အေၾကာင္း

ေဇာတိကသူေဌးေလာင္းသည္ ေဂါတမျမတ္စြာဘုရား လက္ထက္၌ ရာဇၿဂုိဟ္ျပည္ သူေဌးတစ္ဦးအိမ္မွာ ပဋိသေႏၶေန၏။ သူ႕ကုိေမြးဖြာေသာအခ်ိန္တြင္ အိမ္သူအိမ္သားမ်ား ဝတ္ဆင္ေသာ ရတနားမ်ား အလုိလုိ အေရာင္ ေတာင္ေျပာင္လာျခင္းကုိ အေၾကာင္းျပဳလုိ႔ “ေဇာတိက”ဟု အမည္တြင္းျခင္းျဖစ္၏။

ေဇာတိက အရြယ္ေရာက္လာေတာ့ ဖခင္ျဖစ္သူက
ေဆာက္လုပ္ေရးသမားမ်ားကုိ ေခၚကာ သားေနထုိင္ရန္ အိမ္ေဆာက္လုပ္ေစ၏။ ထုိအခါ သၾကားမင္းကုိယ္တုိင္ ဆင္းလာ၍ ေဇာတိကေနဖုိ႔ အလြန္ဆန္းျပား ခန္႔ျငား ထည္ဝါေသာ အိမ္ေဂဟာႀကီကုိ ေဆာက္လုပ္ေလေတာ့၏။
ညီညာ ျပန္႔ျပဴးေသာ ေျမမွာ ဘုံခုနစ္ဆင့္ရွိေသာ အိမ္းကုိေဆာက္၏။ အတြင္းအျပင္ နံရံတုိ႔မွာ ရတနာ ခုနစ္ပါးျဖင့္ၿပီးေသာ ရတနာတုိ႔ျဖင့္ စီျခယ္မြန္းမံထား၍ အေရာက္ တဖိတ္ဖိတ္ေတာက္ေျပာင္ေန၏။ အိမ္ကုိ တံတုိင္း ခုနစ္ထပ္ကာရံကာ သူေန႔ရာႏွင့္သူ ဥယ်ာဥ္ ၊ ေရကန္၊ ပန္းမာလာပင္းမ်ား လွပစြာစုိက္ပ်ဳိးထား၏။ အိမ္၏ေထာင့္ေလ့ေထာင္တြင္ ေဇာတိက ဘုန္းတံခုိး ေၾကာင့္ ေရႊအုိးႀကီးေလးလုံး အလုိအေလွ်ာက္ေပၚလာ၏။ ထုိ႔အျပင္ တံတုိင္း ခုနစ္ၾကားမွာ သီးမ်ဳိးစုံ ပေဒသာပင္မ်ား၊ တံခါမုဒ္ ခုနစ္ထပ္တုိ႔၌ အေစာင့္အေရွာက္မ်ားလည္း ေပၚေပါက္လာၾက၏။

ဖခင္ႀကီးသည္ ဤမွ်ခန္႕ျငားထယ္ဝါေသာ အိမ္ႀကီးကုိ ျမင္လုိက္ရေသာအခါ ၊ ဝမ္းသာအားရ သားေလး ေဇာတိကအား ေခၚျပၿပီးေနာက္ ေျမာက္ကြ်န္းသူ အတုလကာရီႏွင့္ လက္ထပ္ ထိမ္းျမား ေပးလုိက္သည္။

ေျမာက္ကြ်န္းသူ အတုလကာရီအမ်ဳိးသမီးကလည္း ဘဝေဟာင္းမွ ေဇာတိက၏ ပါရမီျဖည့္ဖတ္ျဖစ္၏။ ထုိ႕ေၾကာင့္ပင္ သူမကုိ နတ္တန္ခုိးျဖင့္ယူေဆာင္လာျခင္းျဖစ္၏။ သူမနဲ႔အတူ ဆန္တစ္စလယ္ႏွင့္ ပတၱျမား ဖုိခေနာက္ သုံးလုံးပါ ယူလာခဲ့သည္။ ထူးျခားခ်က္မွာ…ထမင္း၊ဟင္း ခ်က္လုိသည့္အခါ ပတၱျမား ဖုိခေနာက္ ေပၚ တင္လုိက္တာနဲ႔ အခ်ိန္အနည္းငယ္တြင္ က်က္သြားသည္။ သူမယူေဆာင္လာေသာ ဆန္းတစ္စလယ္ကား အႀကိမ္မည္းမွ်ပင္ ခ်က္ေသာ္လည္း ကုန္းသြားျခင္းမရွိေပ။

ေဇာတိက သူေဌးေလး၏ ခ်မ္းသာႂကြယ္ဝမႈ ဂုဏ္သတင္းမွာ ေက်ာ္ၾကား၍ တစ္ေန႔ႏွင့္တစ္ေန႔ လာေရာက္ ၾကည့္ရႈသူမ်ား ၊ တုိးပြားလာ၏။ ေဇာတိကသည္ ထုိသူတုိ႔အား ဧည့္္ခံေကြ်းေမြး၍ ထုိက္သည္အား ေလွ်ာ္စြာ ေရႊ၊ ေငြ ၊အဝတ္အစား လက္ေဆာင္မ်ားကုိလည္း ေပးကမ္းလွဴဒါန္းေလ့ရွိ၏။ ယင္းသုိ႔ ေပးကမ္းေသာ္လည္း ပစၥည္းဥစၥာမ်ားမွာ ကုန္းသြားသည္မရွိ ၊ တစ္ေန႔ထက္ တစ္ေန႔ တုိးပြား၍သာ လာ၏။

ဗိမၺိသာရမင္းႀကီး လာေရာက္လည္ပတ္ျခင္း

ေဇာတိကဂုဏ္သတင္း ေက်ာ္ေဇာျခင္းေၾကာင့္ မင္းႀကီးကုိယ္တုိင္း လည္ပတ္လာ၏။ မင္းႀကီးအား ခရီးဦး ႀကဳိဆုိ အိမ္းတြင္းကုိ လွည္လယ္ျပခုိင္ ပတၱျမားေက်ာက္တုိ႔ျဖင့္ ခင္းထားေသာ အခန္းတစ္ခုသုိ႔ေရာက္သြား၏။ မင္းႀကီးသည္ ေအာက္သုိ႔ တုိးယုိေပါက္ျမင္းရ၍ အလြန္နက္ေသာ
ေခ်ာက္ႀကီးထင္းမွတ္ကာ ေျခတြန္႕
ဆုတ္သြားခဲ့သည္။ေဇာတိကမွ ေျခာက္မဟုတ္ေၾကာင္း ဦးေဆာင္ေရွ႕မွ ေခၚေဆာင္သြားမွ မင္းႀကီးလည္း ေနာက္မွ လုိက္သြားဝံ့ေတာ့သည္။

အိမ္းတြင္း လွည္လယ္ၾကည့္ ရႈ႕ၿပီး ဧည့္ခံေကြ်းေမြးေသာ အခါ ေဇာတိ၏ သေလးထမင္းမွာ စားေကာင္းလြန္း၍ ၊ မင္းႀကီးမွာ မေရာင့္ရဲ႕မတင္းတိမ္ျဖစ္ေနသည္။ ထုိအခ်င္းအရာကုိ အကဲခတ္မိေသာ ေဇာတိကက မင္းႀကီးအား အစားၾကဴးကာ ဥပါဒ္ျဖစ္မွာ စုိးေသာေၾကာင့္ ” အရွင္မင္းႀကီး မွ်တရုံသာ စားပါ” ဟု တားယူရသည္။

ထမင္းစားၿပီး စကားေျပာေနစဥ္တြင္ ဇနီးအတုလကာရီမွ မင္းႀကီးအား ယပ္ခပ္ေပးေန၏။ ထုိအခုိက္ အတုလကာရီမွာ မ်က္ရည္မ်ား ယုိက်လာ၏။

ဒီေတာ့ မင္းႀကီးက..
‘ေဇာတိက မင့္ဇနီးက မင္းတုိ႔ပုိင္ဆုိင္မႈေတြကုိ မင္းဘ႑ာအျဖစ္ သိမ္းပိုက္မွာ စုိးလုိ႔ မ်က္ရည္က်တာလား’

‘မဟုတ္ပါမင္းႀကီး.. ‘

က်ေနာ္ဇနီးက ဆီးမီးေရာင္ကုိ မျမင္ဖူးဘူး။ ပတၱျမားေရာက္ျဖင့္သာ ေနထိုင္သူျဖစ္ပါတယ္။ ဆီးမီးေရာင္နဲ႔ မင္းႀကီးရဲ႕ ကိုိယ္မွ ထြက္ေသာ အန႔ံေၾကာင့္ မ်က္ရည္က်ရတာပါ။

ထုိ႕ေနာက္ မင္းႀကီးအားလည္း ပတၱျမားေရာင္ျဖင့္ ေနရန္ သခြားသီးခန္႕ ပတၱျမားတစ္လုံးကုိ လက္ေဆာင္ ေပးလုိက္၏။ မင္းႀကီးလည္း ေဇာတိက ႂကြယ္ဝမႈကုိ အံမခန္းျဖစ္ကာ နန္းေတာ္သုိ႔ ျပန္သြားခဲ့သည္။

၃) ေဇာတိက အတိတ္အေၾကာင္း -၁

ေရွးေရွးတုန္းက ဗာရာဏသီျပည္မွာ မဟာသာလ၊ စူဠသာလဟုေခၚေသာ ညီအစ္ကုိ ႏွစ္ေယာက္ရွိခဲ့၏။ သူတုိ႔ စီးပြားေရးလုပ္ငန္းကာ ၾကံစုိက္ပ်ဳိးေရး လုပ္ငန္းျဖစ္၏။ တစ္ေနသ၌ ညီျဖစ္သူက သူတုိ႔စားသုံးရန္ ရင့္ေသာ ၾကံႏွစ္ ေခ်ာင္းကုိ ခုတ္ယူလာခဲ့သည္။ ထုိအခ်ိန္က အသီးအပင္းမ်ားမွာ အဆီဩဇာျပည့္ဝ၍ ခုေခတ္ကဲ့သုိ႕ ၾကံမ်ားကုိ ညွစ္ယူ၊ ႀကိတ္ယူစရာမလုိပဲ ခုတ္ျဖတ္ၿပီးေထာင္လုိက္ရုံျဖင့္ ၾကံရည္မ်ား ယုိစီးက်သည္ဟု ဆုိ၏။

ထုိ႔ေၾကာင့္ ၾကံရည္မ်ား ယုိမထြက္ေစရန္ ဖက္ရြက္ျဖင့္ ၾကံႏွစ္ေခ်ာင္းကို လုံေအာင္ထုပ္ကာ အိမ္သုိ႔ ျပန္လာခဲ့၏။ အျပန္လမ္းခရီးတြင္ ပေစၥကဗုဒၶါကုိ ဖူးေတြ႕ရ၍ ၾကည္ညဳိစိတ္ျဖစ္ကာ သူ႔အေပၚရုံကုိ ျဖန္႔ခင္းၿပီး ၊ ေနရာထုိင္ခင္းေပးကာ အရွင္ျမတ္ထံမွ သပိတ္ကုိယူ၍ မိမိအတြက္ ၾကံရည္မ်ားကုိ ဆက္ကပ္ေလ၏။ ပေစၥကဗုဒၶါသည္ တစ္ထုိင္တည္းျဖင့္ ၾကံရည္မ်ားကုန္ေအာင္ ဘုဥ္ေပးသည္ကုိ ဝမ္းေျမာက္ၾကည္ႏူးလုိ႔ အစ္ကုိ အတြက္ ယူလာခဲ့ေသာ ၾကံရည္မ်ားကုိပါ ထပ္မံ လွူဒါန္းလုိက္သည္။

ညီေတာ္ေမာင္က အစ္ကုိအား ျဖစ္ေၾကာင္းစုံလင္ေျပာျပ၍ ႏွစ္ဦးသာ အလွူဒါနအတြက္ ဝမ္းသာၾကည္ႏႈးမႈေၾကာင့္ ထုိေန႔မွစ၍ စီးပြားဥစၥာမ်ား တုိးပြားလာရေလသည္။

အတိတ္အေၾကာင္း – ၂

ညီအစ္ကုိႏွစ္ေယာက္ ဤကုိသုိလ္ေကာင္းမႈေၾကာင့္ သတ္တမ္းေစ့ ေသလြန္ေသာအခါ နတ္ျပည္၌ နတ္သားမ်ား ျဖစ္ကာ ၊ ဝိပႆီျမတ္စြာဘုရားလက္ထက္ ဗႏၶဳမတီျပည္ သူႂကြယ္အိမ္မွာ ညီးအစ္ကုိႏွစ္ေယာက္ ထပ္ျဖစ္ၾကျပန္သည္။

ဗႏၶဳမတီျပည္သုိ႔ ျမတ္စြာဘုရား ႂကြလာေသာအခါ အစ္ကုိႀကီးေသနမွာ ျမတ္စြာဘုရားတရားနာရ၍ တရားရကာ ပစၥည္းအားလုံး ညီေတာ္ေမာင္အား လႊဲအပ္ကာ ရဟန္းျပဳ တရားအားထုတ္၍ ရဟႏၲာျဖစ္သြားေလသည္။

ညီငယ္ အပရာဇိတကေတာ့ ေလာကီစည္းစိမ္းမ်ားကုိ မစြန္႕လႊတ္ႏုိ္င္ေသး၍ လူဘဝျဖင့္ပင္ ေကာင္းမႈ ကုသိုလ္မ်ားကုိ ျပဳလုပ္ကာ ပါရမီျဖည့္ေန၏။ တစ္ေန႔တြင္ အစ္ကုိလုပ္သူအား သံသရာ က်ဳိးအတြက္ ကုသုိလ္ထူးတစ္ခု ထူးထူးျခားျခား လုပ္ခ်င္သည္ဆုိ၍ အစ္ကုိျဖစ္သူ အရွင္ေသန တုိက္တြန္းမႈ ေၾကာင့္ ျမတ္စြာဘုရား ဂႏၶကုဋိ
ေက်ာင္းေဆာင္ကုိ ေဆာက္လုပ္လွဴဒါန္းေလသည္။

ညီငယ္အပရာဇီတသည္ ႀကီးက်ယ္ခန္႔ညာေသာေက်ာင္းေဆာင္ကုိ ေဆာက္လုပ္၏။ ေက်ာင္းေဆာင္၏ တုိင္၊ အမိုး၊ အကာမ်ားကုိ ရတနာ ခုနစ္ပါးျဖင့္ စည္ျခယ္ျပဳလုပ္၏။ ေက်ာင္းပရဝုဏ္ကုိလည္းေကာင္းမြန္စြာ ကာရံ၍ ေရးတြင္း၊ ေရကန္ သစ္ပင္ ၊ပန္းမနတုိ႔ျဖင့္ ၾကည္ႏူးဖြယ္တည္ေဆာက္ထား၏။

ေက်ာင္းေဆာက္ၿပီးေသာအခါ ေက်ာင္းတြင္းမွာ ေရႊ၊ ေငြ၊ ေက်ာက္သံပတၱျမားတုိ႔ျဖင့္ ေနရာအႏွံ႕ျဖန္႕ခင္ထား၏။ ျမတ္စြာဘုရား သီတင္းသုံးမည့္ေနရာတြင္ ထူျခားစြာ အေရာင္ထြက္ေသာ ပတၱျမားကုိ ခင္းထား၏။

ရတနာအတိၿပီးေသာ ေက်ာင္းေဆာင္ ေဆာင္လုပ္ၿပီးေသာ အခါ ျမတ္စြာဘုရားႏွင့္ ရဟန္းေတာ္မ်ားကုိ ပင္ဖိတ္၏။
ေနာက္ပါရဟန္းေတာ္မ်ားက ရတနာမ်ားေၾကာင့္ ေက်ာင္းတံခါဝမွာ ရပ္တန္႔စဥ္ အေၾကာင္းရိပ္မိေသာ အပရာဇိတက ဤရတနာမ်ားကုိ တပည့္ေတာ္ေစာင့္ေရွာက္ပါမည္ဟု ေလွ်ာက္ထားမွ ေက်ာင္းတြင္းကို ဝင္ေတာ္ မူသည္။

ဤေက်ာင္းေတာ္ႀကီးမွာ ျမတ္စြာဘုရားႏွင့္သံဃာေတာ္မ်ား သီတင္းသုံးစဥ္ မ်ားစြားေသာ လူမ်ား လာေရာက္ ၾကည့္ရႈၾကေလသည္။ လာေရာက္လာေသာလူမ်ားကုိလည္း တႏုိင္စာရတနာမ်ားကုိ ယူေဆာင္ခြင့္ ေပးထားသည္။

တစ္ေန႔တြင္ မိစၧာဒိ႒ိ ပုဏၰားတစ္ေယာက္ ျမတ္စြာဘုရားလားေရာက္ဖူးေမွ်ာ္ဟန္ျဖင့္ေက်ာင္းသုိ႕လာေရာက္ကာျမတ္စြာဘုရားေရွ႕ခ်ထားေသာ အဖုိးတန္ပတၱျမားကုိယူေဆာင္သြားေလသည္။ ဤအေၾကာင္းကုိ ေက်ာင္းဒကာ အပရာဇိတၾကားသိရေသာအခါ စိတ္မေကာင္ျဖစ္၍ ျမတ္စြားဘုရားထံ ခ်ဥ္ကပ္ခါ… ” အရွင္ဘုရား ယေန႔မွ စလုိ႔ ျဖစ္ေလရာ ဘဝတုိင္းမွာ တပည့္ေတာ္၏ ပစၥည္းကုိ မည္သူမွ် ခုိးဝွက္လုယက္၍ မယူႏုိင္ေစသားဟု ဆုေတာင္းလုိက္ေလ သည္။ ျမတ္စြာဘုရားကလည္း ေတာင္းတဲ့ ဆုနဲ႔ ျပည္ေစသားဟု ဆုေပးလုိုက္၏။

၅)
ေဇာတိက သူေဌးသား ဤေကာင္းမႈေၾကာင့္ ေဂါတမျမတ္စြာဘုရားလက္ထက္မွာ သူရဲ႕ ပုိင္ဆုိင္မႈမ်ားကာ မည္သူမွ် သူ႔ဆႏၵမပါပဲ ခုိယူ၍ မရျခင္းျဖစ္၏။ အဇာတသတ္မင္းကုိယ္တုိင္ စစ္ခ်ီေသာ္လည္း ဘုန္းတန္ခုိး ေၾကာင့္ စစ္သည္မ်ား ေရာင္ျပန္ဟပ္ကာ ဆုတ္ခြါထြက္ေျပးရေလသည္။

ပါရမီရွင္ ေဇာတိကသည္ အဇာတသတ္မင္း လုပ္ရပ္ေၾကာင့္ ေလာကီစည္းစိမ္၏ အႏၲရာယ္ကုိ သိျမင္ကာ ပစၥည္းမ်ားကုိ စြန္႕႔ခြါ၍ ရဟန္းျပဳခြင့္ေတာင္းကာ ရဟန္းျပဳေလသည္။

ေဇာတိကရဟန္းေလး ရဟႏၲာျဖစ္သည္ႏွင့္ တၿပဳိက္နက္ သူပုိင္ဆုိင္ေသာ ပစၥည္းမ်ား ေပ်ာက္ကြယ္သြား၍၊ ဇနီးျဖစ္သူအတုလကာရီကုိလည္း နတ္မ်ားက
ေျမာက္ကြ်န္းကုိ ျပန္လည္ ပုိ႔ေဆာင္လုိက္ေလသည္။

ျဗဟၼဏဝဂ္၊ ေဇာတိကဝတၳဳ ကုိမွ်ေဝခံစားပါသည္။
**************

မွတ္ဖြယ္။ ။ မိမိတြင္ ရွိေသာ ပိုင္းဆုိင္မႈအားလုံးသည္ မိမိျပဳခဲ့ေသာ ေရွးကုသုိလ္မ်ားေၾကာင့့္ျဖစ္၏။

အျခားလူတြင္ ပုိင္ဆုိင္ေသာ ေလာကီစည္းစိမ္းမ်ားသည္လည္း သူတို႔၏ ေရွးကုသိုလ္ကံ မ်ားေၾကာင့္ျဖစ္၏။

ေရွးကုသိုလ္ကံမ်ား ကုန္းဆုံးေသာအခါ…
အရားအားလုံးသည္ ေပ်ာက္ကြယ္သြားတတ္ေသာ သေဘာရွိ၏။

ကံေကာင္းျခင္းတရားမ်ားကုိ ႀကဳိးစား အားထုတ္ႏုိင္ပါေစ။


ဘုရားရှင်လက်ထက်က အချမ်းသာဆုံးဖြစ်တဲ့ ဇောတိကသူဌေးကြီး အကြောင်း(unicode)

Written By Venerable Ghosaka

၁)

‘ဟေ ! ဇောတိက … မင်းတပည့်တွေနဲ့ ငါကို စစ်ထိုးခိုင်းပြီး မင်းက ဘုရားကျောင်းမှာ ရှောင်တိမ်းနေတာပေါ့ ဟုတ်လား’

‘မင်းကြီး ဘာကိုဆိုလိုတာလဲ ကျနော်မျိုးနားမလည်ပါ’

‘မင့် အိမ်က စစ်သည်တော်များ ထိုးစစ်ဆင်လို့ ငါ့ရဲ့စစ်သည်တော်တွေ တစ်ကွဲတစ်ပြားစီးဖြစ်ကာ ကစင်ကလျား ထွက်ပြေးကြရတယ်။ ငါတောင် စစ်သည်များနှင့် ကွဲသွာလို့ ခု ဝေဠူဝန်ကျောင်းကို ရောက်လာတာလေ’

ဗိမ္မိသာရမင်းကြီး၏သား အဇာတသတ်သည် မင်းသားဘဝတည်းက ဖခင်နှင့်အတူ ဇောတိက အိမ်ကို လိုက်လည်စဉ်က ဇောတိက ကြွယ်ဝချမ်းသာမူကို သွားရည်ကျခဲ့သည်။ ဇောတိက ပိုင်ဆိုင်မှုများကို သိမ်းပိုက်ရန်ကြံစည်ခဲ့ဖူးသည်။ ဖခင်သတ်ပြီး မင်းဖြစ်လာသော အခါ သူရဲ့ ဖြတ်လမ်း သူဌေးဖြစ် လမ်းစဉ်ကို စတင် အကောင် အထည်ဖော်တော့၏။

တစ်နေ့တွင် စစ်သည်တော် မြောက်များစွာနှင့်အတူ နန်းတော်မှ ထွက်ခဲ့၏။ ဇောတိကအိမ်သို့ရောက်သောအခါ လေးဖက် လေးတန် စစ်သည်တော်ရံပြီး သူကိုယ်တိုင် ဇောတိကအိမ်တွင်းဝင်၍ သိမ်းပိုက်ရန် ကြိုးစားလေ၏။

သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက် အဇာတသတ်မင်းကြီး စစ်သည်တော်တို့ အား ထိပ်လန့် တုန်လှုပ်စေသော ဇောတိက စစ်သည်တော်များ သူတို့ရှေ့မှ ဆီးကာနေသောကြောင့်ဖြစ်၏။

အမှန်တကယ်တော့ ဇောတိကစစ်သည်တော်များဟု ထင်ရသော စစ်သည်တော်များမှာ ဇောတိကအိမ် ပတ္တမြား တံတိုင်း၌ သူတို့ရဲ့ အရိပ်များ ထင်ဟပ်နေခြင်းဖြစ်၏။ အဇာတသတ်နှင့် စစ်သည်တော်များမှာ ဇောတိကရဲ့ ဘုန်းတန်ခိုးကြောင်း နဂိုကတည်းကပင် ကြောက်လန့်နေသူများဖြစ်၏။ စစ်ဦးစီးများလည်း မင်းကြီးရဲ့ဆန္ဒကို မလွန်ဆန်းနိုင်၍ စစ်ချီခြင်းဖြစ်၏ ၊ ပြည်သူ၏ ပိုင်ဆိုင်မှုကို အဓမ္မသိမ်းပိုက်သော အလုပ်ကို ရွံရှာသူများ လည်းဖြစ်၏။ ဒေဝဒတ်နှင့်လူပေါင်းမှားသော အဇာတသတ်တစ်ယောက် ထင်းရာစိုင်းနေသည်ကို သဘောမကျလှ။

ပတ္တမြား တံတိုင်းတွင် ထင်ဟပ်နေသော စစ်သည်တော်များကို မြင်လျှင် အဇာတသတ်စစ်သည်တော်များ ရှေ့ မတိုးဝံ့တော့ပဲ ခပ်လှမ်းလှမ်းသို့ ဆုတ်ခွါသွားကြသည်။ ထိုစဉ်တွင် တံခါးမုဒ်စောင့်သော နတ်ဘီလူးများ က ကြောက်မက်ဖွယ် အသွင်ဖြင့် ခြိမ်းခြောက်ရာ မင်းနှင့်တကွ စစ်သည်တော်များ ဆုတ်ခွာ ထွက်ပြေးကြလေ၏။

ဇောတိက ဤအကြောင်းကို လုံးဝမသိ။ နံက် စောစောကပင် ဥပုသ်စောင့် တရားနာရန် ရန် ဘုရားကျောင်းကို တစ်ယောက်တည်း ရောက်နေခြင်းဖြစ်၏။

**************

‘အရှင်မင်းကြီးက .. အဘယ်ကြောင့် ကျနော်မျိုးအိမ်ကို စစ်ချီရတာလဲ’

‘မင်းရဲ့ ကြီးကျယ်ခန့်ငြားတဲ့ နေအိမ် ဗိမာန်ကို သိမ်းပိုက်မလို့

‘ဩော်…ဒီလိုလား..

ကျနော်မျိုးနေအိမ်ကို အရှင်းမင်းကြီးကဲ့သော မင်းပေါင်းတစ်ရာ လာရောက် သိမ်းပိုက်သော် လည်းမရနိုင်ပါဘူး’

‘အောင်မာ…

မင်းက ဘာမလ်ုိ႔လဲ ‘ ဟုဆိုကာ ဒေါသထွက်သွား၏။

‘ကဲ..ကဲ…ဒါဆို အရှင်မင်းကြီးမယုံလျှင် ကျနော်မျိုးလက်စွပ်များကို အရင်အစမ်းချွတ်ကြည့်ပါဦး’

အဇာတတသတ်မင်းကြီးစွမ်းအားကား သာမန်လူသားထက် အစများစွာ ကြီးမား၏ ထိုင်ခုန်လျှင် (၁၈) တောင်၊ ရပ်ခုန်လျှင် အတောင် (၈၀) မြင်အောင်ခုန်နိုင်၏။ ဤမျှ ခွန်အား ဗလကောင်းသော မင်းကြီး အစွမ်းကုန် ဇောတိက လက်မှ လက်စွပ်များကို ချွေတီတီကျအောင် ချွတ်သော်လည်း ကျွတ်မကျပါ။

ထိုအခါ ဇောတိကက…. “အရှင်မင်းကြီး၏ ဝတ်လဲတော်ကို ဖြန့်ပေးပါ”
ဟုဆိုကာ သူ့လက်ချောင်းလေးများကို အောက်စိုက်လိုက်ရာ အကွင်း ၂၀-သောလက်စွပ်တို့ဟာ အလိုလို ကျွတ်ကျလာ၏။

ဇောတိကရဲ့ ဘုန်းကံကို လက်တွေ့မြင်လိုက်ရသော အဇာတ်တသတ်မင်း စကားတစ်ခွန်းမျှ မဟနိုင်တော့ပဲ တအံ့တဩဖြစ်ရလေ၏။

၂) ဇောတိက ပစ္စုပ္ပန်အကြောင်း

ဇောတိကသူဌေးလောင်းသည် ဂေါတမမြတ်စွာဘုရား လက်ထက်၌ ရာဇဂြိုဟ်ပြည် သူဌေးတစ်ဦးအိမ်မှာ ပဋိသန္ဓေနေ၏။ သူ့ကိုမွေးဖွာသောအချိန်တွင် အိမ်သူအိမ်သားများ ဝတ်ဆင်သော ရတနားများ အလိုလို အရောင် တောင်ပြောင်လာခြင်းကို အကြောင်းပြုလို့ “ဇောတိက”ဟု အမည်တွင်းခြင်းဖြစ်၏။

ဇောတိက အရွယ်ရောက်လာတော့ ဖခင်ဖြစ်သူက
ဆောက်လုပ်ရေးသမားများကို ခေါ်ကာ သားနေထိုင်ရန် အိမ်ဆောက်လုပ်စေ၏။ ထိုအခါ သကြားမင်းကိုယ်တိုင် ဆင်းလာ၍ ဇောတိကနေဖို့ အလွန်ဆန်းပြား ခန့်ငြား ထည်ဝါသော အိမ်ဂေဟာကြီကို ဆောက်လုပ်လေတော့၏။
ညီညာ ပြန့်ပြူးသော မြေမှာ ဘုံခုနစ်ဆင့်ရှိသော အိမ်းကိုဆောက်၏။ အတွင်းအပြင် နံရံတို့မှာ ရတနာ ခုနစ်ပါးဖြင့်ပြီးသော ရတနာတို့ဖြင့် စီခြယ်မွန်းမံထား၍ အရောက် တဖိတ်ဖိတ်တောက်ပြောင်နေ၏။ အိမ်ကို တံတိုင်း ခုနစ်ထပ်ကာရံကာ သူနေ့ရာနှင့်သူ ဥယျာဉ် ၊ ရေကန်၊ ပန်းမာလာပင်းများ လှပစွာစိုက်ပျိုးထား၏။ အိမ်၏ထောင့်လေ့ထောင်တွင် ဇောတိက ဘုန်းတံခိုး ကြောင့် ရွှေအိုးကြီးလေးလုံး အလိုအလျှောက်ပေါ်လာ၏။ ထို့အပြင် တံတိုင်း ခုနစ်ကြားမှာ သီးမျိုးစုံ ပဒေသာပင်များ၊ တံခါမုဒ် ခုနစ်ထပ်တို့၌ အစောင့်အရှောက်များလည်း ပေါ်ပေါက်လာကြ၏။

ဖခင်ကြီးသည် ဤမျှခန့်ငြားထယ်ဝါသော အိမ်ကြီးကို မြင်လိုက်ရသောအခါ ၊ ဝမ်းသာအားရ သားလေး ဇောတိကအား ခေါ်ပြပြီးနောက် မြောက်ကျွန်းသူ အတုလကာရီနှင့် လက်ထပ် ထိမ်းမြား ပေးလိုက်သည်။

မြောက်ကျွန်းသူ အတုလကာရီအမျိုးသမီးကလည်း ဘဝဟောင်းမှ ဇောတိက၏ ပါရမီဖြည့်ဖတ်ဖြစ်၏။ ထို့ကြောင့်ပင် သူမကို နတ်တန်ခိုးဖြင့်ယူဆောင်လာခြင်းဖြစ်၏။ သူမနဲ့အတူ ဆန်တစ်စလယ်နှင့် ပတ္တမြား ဖိုခနောက် သုံးလုံးပါ ယူလာခဲ့သည်။ ထူးခြားချက်မှာ…ထမင်း၊ဟင်း ချက်လိုသည့်အခါ ပတ္တမြား ဖိုခနောက် ပေါ် တင်လိုက်တာနဲ့ အချိန်အနည်းငယ်တွင် ကျက်သွားသည်။ သူမယူဆောင်လာသော ဆန်းတစ်စလယ်ကား အကြိမ်မည်းမျှပင် ချက်သော်လည်း ကုန်းသွားခြင်းမရှိပေ။

ဇောတိက သူဌေးလေး၏ ချမ်းသာကြွယ်ဝမှု ဂုဏ်သတင်းမှာ ကျော်ကြား၍ တစ်နေ့နှင့်တစ်နေ့ လာရောက် ကြည့်ရှုသူများ ၊ တိုးပွားလာ၏။ ဇောတိကသည် ထိုသူတို့အား ဧည့်ခံကျွေးမွေး၍ ထိုက်သည်အား လျှော်စွာ ရွှေ၊ ငွေ ၊အဝတ်အစား လက်ဆောင်များကိုလည်း ပေးကမ်းလှူဒါန်းလေ့ရှိ၏။ ယင်းသို့ ပေးကမ်းသော်လည်း ပစ္စည်းဥစ္စာများမှာ ကုန်းသွားသည်မရှိ ၊ တစ်နေ့ထက် တစ်နေ့ တိုးပွား၍သာ လာ၏။

ဗိမ္ဗိသာရမင်းကြီး လာရောက်လည်ပတ်ခြင်း

ဇောတိကဂုဏ်သတင်း ကျော်ဇောခြင်းကြောင့် မင်းကြီးကိုယ်တိုင်း လည်ပတ်လာ၏။ မင်းကြီးအား ခရီးဦး ကြိုဆို အိမ်းတွင်းကို လှည်လယ်ပြခိုင် ပတ္တမြားကျောက်တို့ဖြင့် ခင်းထားသော အခန်းတစ်ခုသို့ရောက်သွား၏။ မင်းကြီးသည် အောက်သို့ တိုးယိုပေါက်မြင်းရ၍ အလွန်နက်သော
ချောက်ကြီးထင်းမှတ်ကာ ခြေတွန့်
ဆုတ်သွားခဲ့သည်။ဇောတိကမှ ခြောက်မဟုတ်ကြောင်း ဦးဆောင်ရှေ့မှ ခေါ်ဆောင်သွားမှ မင်းကြီးလည်း နောက်မှ လိုက်သွားဝံ့တော့သည်။

အိမ်းတွင်း လှည်လယ်ကြည့် ရှု့ပြီး ဧည့်ခံကျွေးမွေးသော အခါ ဇောတိ၏ သလေးထမင်းမှာ စားကောင်းလွန်း၍ ၊ မင်းကြီးမှာ မရောင့်ရဲ့မတင်းတိမ်ဖြစ်နေသည်။ ထိုအချင်းအရာကို အကဲခတ်မိသော ဇောတိကက မင်းကြီးအား အစားကြူးကာ ဥပါဒ်ဖြစ်မှာ စိုးသောကြောင့် ” အရှင်မင်းကြီး မျှတရုံသာ စားပါ” ဟု တားယူရသည်။

ထမင်းစားပြီး စကားပြောနေစဉ်တွင် ဇနီးအတုလကာရီမှ မင်းကြီးအား ယပ်ခပ်ပေးနေ၏။ ထိုအခိုက် အတုလကာရီမှာ မျက်ရည်များ ယိုကျလာ၏။

ဒီတော့ မင်းကြီးက..
‘ဇောတိက မင့်ဇနီးက မင်းတို့ပိုင်ဆိုင်မှုတွေကို မင်းဘဏ္ဍာအဖြစ် သိမ်းပိုက်မှာ စိုးလို့ မျက်ရည်ကျတာလား’

‘မဟုတ်ပါမင်းကြီး.. ‘

ကျနော်ဇနီးက ဆီးမီးရောင်ကို မမြင်ဖူးဘူး။ ပတ္တမြားရောက်ဖြင့်သာ နေထိုင်သူဖြစ်ပါတယ်။ ဆီးမီးရောင်နဲ့ မင်းကြီးရဲ့ ကိုယ်မှ ထွက်သော အနံ့ကြောင့် မျက်ရည်ကျရတာပါ။

ထို့နောက် မင်းကြီးအားလည်း ပတ္တမြားရောင်ဖြင့် နေရန် သခွားသီးခန့် ပတ္တမြားတစ်လုံးကို လက်ဆောင် ပေးလိုက်၏။ မင်းကြီးလည်း ဇောတိက ကြွယ်ဝမှုကို အံမခန်းဖြစ်ကာ နန်းတော်သို့ ပြန်သွားခဲ့သည်။

၃) ဇောတိက အတိတ်အကြောင်း -၁

ရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ မဟာသာလ၊ စူဠသာလဟုခေါ်သော ညီအစ်ကို နှစ်ယောက်ရှိခဲ့၏။ သူတို့ စီးပွားရေးလုပ်ငန်းကာ ကြံစိုက်ပျိုးရေး လုပ်ငန်းဖြစ်၏။ တစ်နေသ၌ ညီဖြစ်သူက သူတို့စားသုံးရန် ရင့်သော ကြံနှစ် ချောင်းကို ခုတ်ယူလာခဲ့သည်။ ထိုအချိန်က အသီးအပင်းများမှာ အဆီဩဇာပြည့်ဝ၍ ခုခေတ်ကဲ့သို့ ကြံများကို ညှစ်ယူ၊ ကြိတ်ယူစရာမလိုပဲ ခုတ်ဖြတ်ပြီးထောင်လိုက်ရုံဖြင့် ကြံရည်များ ယိုစီးကျသည်ဟု ဆို၏။

ထို့ကြောင့် ကြံရည်များ ယိုမထွက်စေရန် ဖက်ရွက်ဖြင့် ကြံနှစ်ချောင်းကို လုံအောင်ထုပ်ကာ အိမ်သို့ ပြန်လာခဲ့၏။ အပြန်လမ်းခရီးတွင် ပစ္စေကဗုဒ္ဓါကို ဖူးတွေ့ရ၍ ကြည်ညိုစိတ်ဖြစ်ကာ သူ့အပေါ်ရုံကို ဖြန့်ခင်းပြီး ၊ နေရာထိုင်ခင်းပေးကာ အရှင်မြတ်ထံမှ သပိတ်ကိုယူ၍ မိမိအတွက် ကြံရည်များကို ဆက်ကပ်လေ၏။ ပစ္စေကဗုဒ္ဓါသည် တစ်ထိုင်တည်းဖြင့် ကြံရည်များကုန်အောင် ဘုဉ်ပေးသည်ကို ဝမ်းမြောက်ကြည်နူးလို့ အစ်ကို အတွက် ယူလာခဲ့သော ကြံရည်များကိုပါ ထပ်မံ လှူဒါန်းလိုက်သည်။

ညီတော်မောင်က အစ်ကိုအား ဖြစ်ကြောင်းစုံလင်ပြောပြ၍ နှစ်ဦးသာ အလှူဒါနအတွက် ဝမ်းသာကြည်နှုးမှုကြောင့် ထိုနေ့မှစ၍ စီးပွားဥစ္စာများ တိုးပွားလာရလေသည်။

အတိတ်အကြောင်း – ၂

ညီအစ်ကိုနှစ်ယောက် ဤကိုသိုလ်ကောင်းမှုကြောင့် သတ်တမ်းစေ့ သေလွန်သောအခါ နတ်ပြည်၌ နတ်သားများ ဖြစ်ကာ ၊ ဝိပဿီမြတ်စွာဘုရားလက်ထက် ဗန္ဓုမတီပြည် သူကြွယ်အိမ်မှာ ညီးအစ်ကိုနှစ်ယောက် ထပ်ဖြစ်ကြပြန်သည်။

ဗန္ဓုမတီပြည်သို့ မြတ်စွာဘုရား ကြွလာသောအခါ အစ်ကိုကြီးသေနမှာ မြတ်စွာဘုရားတရားနာရ၍ တရားရကာ ပစ္စည်းအားလုံး ညီတော်မောင်အား လွှဲအပ်ကာ ရဟန်းပြု တရားအားထုတ်၍ ရဟန္တာဖြစ်သွားလေသည်။

ညီငယ် အပရာဇိတကတော့ လောကီစည်းစိမ်းများကို မစွန့်လွှတ်န်ိုင်သေး၍ လူဘဝဖြင့်ပင် ကောင်းမှု ကုသိုလ်များကို ပြုလုပ်ကာ ပါရမီဖြည့်နေ၏။ တစ်နေ့တွင် အစ်ကိုလုပ်သူအား သံသရာ ကျိုးအတွက် ကုသိုလ်ထူးတစ်ခု ထူးထူးခြားခြား လုပ်ချင်သည်ဆို၍ အစ်ကိုဖြစ်သူ အရှင်သေန တိုက်တွန်းမှု ကြောင့် မြတ်စွာဘုရား ဂန္ဓကုဋိ
ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းလေသည်။

ညီငယ်အပရာဇီတသည် ကြီးကျယ်ခန့်ညာသောကျောင်းဆောင်ကို ဆောက်လုပ်၏။ ကျောင်းဆောင်၏ တိုင်၊ အမိုး၊ အကာများကို ရတနာ ခုနစ်ပါးဖြင့် စည်ခြယ်ပြုလုပ်၏။ ကျောင်းပရဝုဏ်ကိုလည်းကောင်းမွန်စွာ ကာရံ၍ ရေးတွင်း၊ ရေကန် သစ်ပင် ၊ပန်းမနတို့ဖြင့် ကြည်နူးဖွယ်တည်ဆောက်ထား၏။

ကျောင်းဆောက်ပြီးသောအခါ ကျောင်းတွင်းမှာ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတို့ဖြင့် နေရာအနှံ့ဖြန့်ခင်ထား၏။ မြတ်စွာဘုရား သီတင်းသုံးမည့်နေရာတွင် ထူခြားစွာ အရောင်ထွက်သော ပတ္တမြားကို ခင်းထား၏။

ရတနာအတိပြီးသော ကျောင်းဆောင် ဆောင်လုပ်ပြီးသော အခါ မြတ်စွာဘုရားနှင့် ရဟန်းတော်များကို ပင်ဖိတ်၏။
နောက်ပါရဟန်းတော်များက ရတနာများကြောင့် ကျောင်းတံခါဝမှာ ရပ်တန့်စဉ် အကြောင်းရိပ်မိသော အပရာဇိတက ဤရတနာများကို တပည့်တော်စောင့်ရှောက်ပါမည်ဟု လျှောက်ထားမှ ကျောင်းတွင်းကို ဝင်တော် မူသည်။

ဤကျောင်းတော်ကြီးမှာ မြတ်စွာဘုရားနှင့်သံဃာတော်များ သီတင်းသုံးစဉ် များစွားသော လူများ လာရောက် ကြည့်ရှုကြလေသည်။ လာရောက်လာသောလူများကိုလည်း တနိုင်စာရတနာများကို ယူဆောင်ခွင့် ပေးထားသည်။

တစ်နေ့တွင် မိစ္ဆာဒိဋ္ဌိ ပုဏ္ဏားတစ်ယောက် မြတ်စွာဘုရားလားရောက်ဖူးမျှော်ဟန်ဖြင့်ကျောင်းသို့လာရောက်ကာမြတ်စွာဘုရားရှေ့ချထားသော အဖိုးတန်ပတ္တမြားကိုယူဆောင်သွားလေသည်။ ဤအကြောင်းကို ကျောင်းဒကာ အပရာဇိတကြားသိရသောအခါ စိတ်မကောင်ဖြစ်၍ မြတ်စွားဘုရားထံ ချဉ်ကပ်ခါ… ” အရှင်ဘုရား ယနေ့မှ စလို့ ဖြစ်လေရာ ဘဝတိုင်းမှာ တပည့်တော်၏ ပစ္စည်းကို မည်သူမျှ ခိုးဝှက်လုယက်၍ မယူနိုင်စေသားဟု ဆုတောင်းလိုက်လေ သည်။ မြတ်စွာဘုရားကလည်း တောင်းတဲ့ ဆုနဲ့ ပြည်စေသားဟု ဆုပေးလိုက်၏။

၅)
ဇောတိက သူဌေးသား ဤကောင်းမှုကြောင့် ဂေါတမမြတ်စွာဘုရားလက်ထက်မှာ သူရဲ့ ပိုင်ဆိုင်မှုများကာ မည်သူမျှ သူ့ဆန္ဒမပါပဲ ခိုယူ၍ မရခြင်းဖြစ်၏။ အဇာတသတ်မင်းကိုယ်တိုင် စစ်ချီသော်လည်း ဘုန်းတန်ခိုး ကြောင့် စစ်သည်များ ရောင်ပြန်ဟပ်ကာ ဆုတ်ခွါထွက်ပြေးရလေသည်။

ပါရမီရှင် ဇောတိကသည် အဇာတသတ်မင်း လုပ်ရပ်ကြောင့် လောကီစည်းစိမ်၏ အန္တရာယ်ကို သိမြင်ကာ ပစ္စည်းများကို စွန့်ခွါ၍ ရဟန်းပြုခွင့်တောင်းကာ ရဟန်းပြုလေသည်။

ဇောတိကရဟန်းလေး ရဟန္တာဖြစ်သည်နှင့် တပြိုက်နက် သူပိုင်ဆိုင်သော ပစ္စည်းများ ပျောက်ကွယ်သွား၍၊ ဇနီးဖြစ်သူအတုလကာရီကိုလည်း နတ်များက
မြောက်ကျွန်းကို ပြန်လည် ပို့ဆောင်လိုက်လေသည်။

ဗြဟ္မဏဝဂ်၊ ဇောတိကဝတ္ထု ကိုမျှဝေခံစားပါသည်။
**************

မှတ်ဖွယ်။ ။ မိမိတွင် ရှိသော ပိုင်းဆိုင်မှုအားလုံးသည် မိမိပြုခဲ့သော ရှေးကုသိုလ်များကြောင့်ဖြစ်၏။

အခြားလူတွင် ပိုင်ဆိုင်သော လောကီစည်းစိမ်းများသည်လည်း သူတို့၏ ရှေးကုသိုလ်ကံ များကြောင့်ဖြစ်၏။

ရှေးကုသိုလ်ကံများ ကုန်းဆုံးသောအခါ…
အရားအားလုံးသည် ပျောက်ကွယ်သွားတတ်သော သဘေားရှိ၏။

ကံကောင်းခြင်းတရားများကို ကြိုးစား အားထုတ်နိုင်ပါစေ။

Leave a Reply