ကမာၻ႔ေက်ာ္ ပနားမားတူးေျမာင္းအေၾကာင္း သိေကာင္းစရာ

Posted on

ပနားမား တူးေျမာင္းသည္ ကမၻာေပၚတြင္ လူတို႔တူးေဖာ္ လုပ္ကိုင္ခဲ့သည့္ တူးေျမာင္းမ်ားတြင္ အႀကီးက်ယ္ဆုံးျဖစ္၍ အင္ဂ်င္နီယာ လုပ္ငန္းဆိုင္ရာ ေအာင္ျမင္မႈမ်ားထဲတြင္ အႀကီးက်ယ္ဆုံး ျဖစ္သည္။ ယင္းတူးေျမာင္းကိုေ ဖာက္လုပ္လိုက္ျခင္းျဖင့္ ကမၻာတျခမ္းအတြက္ ေရေၾကာင္း သယ္ယူပို႔ေဆာင္ေရးသည္ ေျပာင္းလဲသြားခဲ့သည္။

ပနားမား တူးေျမာင္းကို ေျမာက္အေမရိကတိုက္ႏွင့္ ေတာင္အေမရိကတိုက္တို႔အၾကားရွိ ပနားမား ကၽြန္းဆက္ကို ျဖတ္၍ အတၱလႏၲိတ္ သမုဒၵရာကမ္းေျခေပၚရွိ ကိုလုံးၿမိဳ႕ႏွင့္ ပစိဖိတ္ သမုဒၵရာကမ္းေျခရွိ ဗဲလဗိုးအာၿမိဳ႕တို႔ကို ဆက္ယြယ္ ေဖာက္လုပ္ထားရာ ၄၈ မိုင္ရွည္လ်ားသည္။ တူးေျမာင္းသည္ အေနာက္ေျမာက္မွ အေရွ႕ေတာင္သို႔ သြယ္တန္းလ်က္ ရွိသည္။

အတၱလႏၲိတ္ ကမ္းေျခဖက္တြင္ တူးေျမာင္းသည္ ရွားဂရီးျမစ္ေၾကာင္းကိုလိုက္၍ ပစိဖိတ္ သမုဒၵရာ ကမ္းေျခဖက္တြင္ ရီးအိုဂရန္ဒီျမစ္ေၾကာင္း အတိုင္းလိုက္သြားသည္။ အတၱလႏၲိတ္ သမုဒၵရာဖက္မွစ၍ ဝင္လာေသာ သေဘၤာတစ္စင္းသည္ လီမြန္ပင္လယ္ေအာ္ ကမ္းေျခေပၚတြင္ တည္ရွိေသာ ကိုလုံးၿမိဳ႕မွစတင္၍ တူးေျမာင္းထဲသို႔ ဝင္ရသည္။ ထိုမွတဖန္ ေပ ၅၀၀ က်ယ္ေသာ တူးေျမာင္းတေလၽွာက္ ခရီးဆက္ေသာ္ ဂါတြန္းေရတံခါးသို႔ ေရာက္သည္။ ယင္းေရတံခါးတြင္ တူးေျမာင္းသည္ ပင္လယ္ေရျပင္ထက္ ၈၅ ေပျမင့္သည္။ ယင္းအျမင့္သို႔ သေဘၤာေရာက္ရွိေလေအာင္ ေရတံခါးသုံးဆင့္ျဖင့္ အဆင့္ဆင့္တက္သြားရသည္။

ထိုမွတစ္ဖန္ မီဂယ္ေရတံခါးသို႔ ေရာက္သည္။ ထိုေရတံခါးသို႔ ေရာက္လၽွင္ အဆင့္ဆင့္ေလၽွာ႔ခ်ေပးသည္။ မီရာ ဖေလာ္ရီးေရတံခါးသည္ သေဘၤာအား ပစိဖိတ္ သမုဒၵရာ ေရျပင္ႏွင့္ တညီတည္းရွိေလေအာင္ ေလၽွာခ်ေပးသည္။

ပနားမားတူးေျမာင္း၏အဝင္ႏွင့္အထြက္ေနရာမ်ားတြင္ အကန္႔အလိုက္ခြဲျခားထားေသာ ေရထိန္းတံခါး စနစ္ကိုအသုံးျပဳထားသည္။ ေရထိန္းတံခါးအတြင္းသို႔ သေဘၤာဝင္ေရာက္ၿပီးသည့္အခါ ေရမ်ား ျဖည့္သြင္းလိုက္ျခင္းအားျဖင့္ သေဘၤာသည္ပင္လယ္ေရမ်က္ႏွာျပင္အထက္သို႔ ျမင့္တက္လာသည္။ ေရမ်က္ႏွာျပင္သည္ဂါတြန္ေရကန္ (Lake Gatun ) (ပင္လယ္ေရမ်က္ႏွာျပင္အထက္မွ ၂၆ မီတါအျမင့္) ႏွင့္ညီသြားသည့္အခါ သေဘၤာသည္ တူးေျမာင္းတေလၽွာက္ ဆက္လက္ ေမာင္းႏွင္သြားသည္။

နာမည္ႀကီးရျခင္းမွာ ထိုေနရာ၌ ေတာင္ကိုျဖတ္ကာ ေဖာက္လုပ္ခဲ့ရ၍ တူးေျမာင္းေဖာက္လုပ္စ ေစာေစာပိုင္းတြင္ ေျမမ်ားၿပိဳက်သျဖင့္ အခက္အခဲမ်ားစြာ ေတြ႕ရေသာေၾကာင့္ ျဖစ္သည္။ သေဘၤာတစ္စင္းသည္ တူးေျမာင္းကို အစမွအဆုံးထိ ျဖတ္သန္းရန္ ၇ နာရီမွ ၈ နာရီအထိ ၾကာေလသည္။ တိုက္ႀကီး ၂ တိုက္ကို ဆက္စပ္ထားေသာ ကၽြန္းဆက္ကို ျဖတ္၍ ေရလမ္းတစ္ခု ေဖာက္လုပ္ရန္ ႏွစ္ေပါင္းမ်ားစြာကပင္ စိတ္ကူးႀကံဆခဲ့ၾကေသာ္လည္း အေကာင္အထည္ မေပၚခဲ့ေပ။ ၁၆ ရာစုႏွစ္အတြင္းက စပိန္ျပည့္ရွင္ ဖာဒီနန္သည္ ပနားမားကၽြန္းဆက္ကို ျဖတ္၍ တူးေျမာင္းေဖာက္ရန္ စိတ္ကူးရခဲ့သူ ျဖစ္သည္။

ဖာဒီနန္၏ အ႐ိုက္အရာကို ဆက္ခံသူ ဖိလစ္သည္ နီကာရာဂြာကို ျဖတ္၍ တူးေျမာင္းေဖာက္ရန္ စိတ္ကူးထုတ္ခဲ့သည္။ ၁၅၂၅ ခုႏွစ္တြင္ အေမရိကန္အစိုးရသည္ ယင္းစိတ္ကူးကို စီမံကိန္းတစ္ခုေရးဆြဲ၍ စဥ္းစားခဲ့သည္။ သို႔ေသာ္ အေကာင္အထည္ မေပၚခဲ့ေပ။ ထိုေနာက္ ေဟာ္လန္ႏိုင္ငံႏွင့္ ဂရိတ္ၿဗိတိန္တို႔သည္လည္း စဥ္းစားၾကျပန္သည္။ သို႔ေသာ္ မတတ္ႏိုင္၍ လက္လႊတ္ခဲ့ၾကရသည္။ ကုမၸဏီတစ္ခုက စမ္းသပ္ ေဖာက္လုပ္ၾကည့္ေသးေသာ္လည္း ေဒၚလာ ၂ သန္းကုန္ၿပီးေနာက္ လက္ေလၽွာ႔ရျပန္သည္။

၁၈၆၉ ခုႏွစ္တြင္ ဆူးအက္ တူးေျမာင္းကို တူးေဖာ္ၿပီးစီး ေအာင္ျမင္ၿပီးသည့္ေနာက္တြင္ ျပင္သစ္တို႔သည္ ဆူးအက္ တူးေျမာင္းကို ႀကီးၾကပ္တူးေဖာ္ခဲ့သူ ျပင္သစ္အင္ဂ်င္နီယာ ဖာဒီနန္ ဒလက္ဆက္အား ဦးစီးေစ ပနားမားတြင္ တူးေျမာင္းေဖာက္ရန္ စီစဥ္ခဲ့သည္။ ၁၈၈၁ ခုႏွစ္တြင္ လုပ္ငန္းစတင္ခဲ့ေသာ္လည္း ေနာက္တစ္ႏွစ္တြင္ ပိတ္လိုက္ရသည္။ လုပ္ငန္းရပ္ပစ္ရျခင္း၏ အေၾကာင္းရင္းမ်ားမွာ တူးေျမာင္းတူးေဖာ္ေရးကို အားေပးသူမ်ားထဲမွပင္ မ႐ိုးေျဖာင့္မႈေၾကာင့္ ေငြေၾကးပစၥည္း အယိုအဖိတ္မ်ား၍ ကုမၸဏီမွာ ေႂကြးတင္ေနျခင္း၊ စရိတ္ကုန္ လူပင္ပန္း ဆင္းရဲသေလာက္ လုပ္ငန္းမတြင္က်ယ္ျခင္း၊ ထို႔အျပင္ ထိုေဒသသည္ ႐ႊံ႕ၫြန္ခ်ဳံႏြယ္ ပိတ္ေပါင္းတို႔ ထူထပ္၍ စိုစြတ္ထိုင္းမႈိင္းသျဖင့္ အပူပိုင္းဇုန္တြင္ ျဖစ္ပြားတတ္သည့္ ေၾကာက္မက္ဖြယ္ ငွက္ဖ်ားေရာဂါ၊ အဝါဖ်ားေရာဂါတို႔ေၾကာင့္ ေန႔ခ်င္းညခ်င္း ေၾကာက္ခမန္းလိလိ တူးေျမာင္းအလုပ္သမားမ်ား ေထာင္ေသာင္းခ်ီ ေသေၾကပ်က္စီးျခင္း တို႔ေၾကာင့္ျဖစ္သည္။

ထုိ႔ေနာက္တြင္တူးေျမာင္း project ကို ၁၉၀၄ခုႏွစ္တြင္ အေမရိကန္မွတာ၀န္ယူၿပီး ဆက္လက္ေဖာက္လုပ္ခဲ့သည္။ ပနားမားတူးေျမာင္းသည္ အျခားတူးေျမာင္းမ်ားကဲ့သုိ႔ ေျမျပင္ကုိတစ္ဆက္တည္း တူူးေဖာက္ေဖာက္လုပ္ထားျခင္းမဟုတ္ပဲ မူလကတည္းကရွိၿပီးျဖစ္သည့္ ေရကန္ႀကီးမ်ားကို ဆက္လက္ေဖာက္ကာတူးေဖာ္ရျခင္း မ်ားလည္းပါ၀င္သည္။ အင္ဂ်င္နီယာခ်ဳပ္ John Findlay Wallace က ဦးေဆာင္ေဖာက္လုပ္ခဲ့တာျဖစ္ၿပီး ၁၀ႏွစ္အၾကာ၁၉၁၄ခုႏွစ္ George Washington Goethals ကုိင္တြယ္ခဲ့ခ်ိန္တြင္ၿပီးဆုံးေအာင္ျမင္ခဲ့သည္။ ၁၉၁၄ခုႏွစ္ ၾသဂုတ္လ ၁၅ရက္ေန႔တြင္ ပနားမားတူးေျမာင္းကုိ စတင္ဖြင့္လွစ္ႏုိင္ခဲ့သည္။ ကုန္က်စရိတ္အျဖစ္ အေမရိကန္ေဒၚလာ သန္း ၄၀၀ နီးပါးကုန္က်ခဲ့သည္။

တူးေျမာင္းေဖာက္လုပ္စဥ္အေတာအတြင္း တူးေျမာင္းပုိင္နက္တစ္ခုလုံးကုိ ကုိလံဘီယာ ၊ ျပင္သစ္ ႏွင့္ အေမရိကန္တုိ႔က ထိန္းခ်ဳပ္ခဲ့သည္။ ထုိ႔ေနာက္ ၁၉၇၇ခုႏွစ္တုိင္ေအာင္ အေမရိကန္က ထိန္းခ်ဳပ္ခဲ့ၿပီး ၁၉၉၉ခုႏွစ္တြင္မွ ပနားမားအစုိးရလက္ေအာက္သုိ႔ လႊဲေျပာင္းေပးခဲ့ေလသည္။ အင္ဂ်င္နီယာသမုိင္းတြင္ တည္ေဆာက္မႈအခက္ခဲဆုံး စံခ်ိန္တင္ခဲ့ၿပီး American Society of Civil Engineers အဖြဲ႔အစည္း၏ ေခတ္သစ္ကမာၻ႔အံဖြယ္ခုႏွစ္ခု စာရင္းတြင္ နံပါတ္ ၇ ျဖစ္လာခဲ့သည္။
(အေမရိကန္ အင္ဂ်င္နီယာအသင္း၏ အင္ဂ်င္နီယာဆုိင္ရာ ေခတ္သစ္ကမာၻ႔အံဖြယ္ခုႏွစ္ခုမွာ ခ်န္နယ္ဥမင္လႈိဏ္ေခါင္း ၊ စီအန္တာ၀ါ ၊ အင္ပါယာစတိတ္အေဆာက္အအုံ ၊ Itaipu ဆည္ ၊ Delta Works ႏွင့္ ပနားမားတူးေျမာင္း တုိ႔ျဖစ္ၾကသည္။)

စတင္ဖြင့္လွစ္ခဲ့သည္ ၁၉၁၄ခုႏွစ္တြင္ သေဘၤာေပါင္း ၁၀၀၀ ခန္႔ကုိ တူးေျမာင္းအတြင္း ျဖတ္သန္းေစႏုိင္ခဲ့သည္။ ယခုအခါမွာ တူးေျမာင္းကေန တစ္ႏွစ္ကို သေဘၤာစီးေရ ၁၅၀၀၀ေက်ာ္ ျဖတ္သန္းေနၿပီး ပနားမားႏိုင္ငံသည္ တူးေျမာင္း ျဖတ္သန္းခ ႏွစ္စဥ္ ၄ ဘီလီယံေဒၚလာေက်ာ္ ကို ရရွိေနပါသည္။
(ပနားမားတူးေျမာင္းသစ္ကုိ ၂၀၁၆ခုႏွစ္တြင္ ထပ္မံတည္ေဆာက္ၿပီးစီးခဲ့ၿပီးျဖစ္သည္)

ပနားမားတူးေျမာင္းတြင္ သေဘၤာမ်ား ဘယ္လုိ အဆင့္ဆင့္သြားသလဲ ဆုိတာကုိ ေအာက္ပါ ဗီဒီယုိဖုိင္မွာ ၾကည့္ရႈ႕ႏုိင္ပါတယ္။

—————————

ကမ္ဘာ့ကျော် ပနားမားတူးမြောင်းအကြောင်း သိကောင်းစရာ

ပနားမား တူးမြောင်းသည် ကမ္ဘာပေါ်တွင် လူတို့တူးဖော် လုပ်ကိုင်ခဲ့သည့် တူးမြောင်းများတွင် အကြီးကျယ်ဆုံးဖြစ်၍ အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အောင်မြင်မှုများထဲတွင် အကြီးကျယ်ဆုံး ဖြစ်သည်။ ယင်းတူးမြောင်းကိုေ ဖာက်လုပ်လိုက်ခြင်းဖြင့် ကမ္ဘာတခြမ်းအတွက် ရေကြောင်း သယ်ယူပို့ဆောင်ရေးသည် ပြောင်းလဲသွားခဲ့သည်။

ပနားမား တူးမြောင်းကို မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်တို့အကြားရှိ ပနားမား ကျွန်းဆက်ကို ဖြတ်၍ အတ္တလန္တိတ် သမုဒ္ဒရာကမ်းခြေပေါ်ရှိ ကိုလုံးမြို့နှင့် ပစိဖိတ် သမုဒ္ဒရာကမ်းခြေရှိ ဗဲလဗိုးအာမြို့တို့ကို ဆက်ယွယ် ဖောက်လုပ်ထားရာ ၄၈ မိုင်ရှည်လျားသည်။ တူးမြောင်းသည် အနောက်မြောက်မှ အရှေ့တောင်သို့ သွယ်တန်းလျက် ရှိသည်။

အတ္တလန္တိတ် ကမ်းခြေဖက်တွင် တူးမြောင်းသည် ရှားဂရီးမြစ်ကြောင်းကိုလိုက်၍ ပစိဖိတ် သမုဒ္ဒရာ ကမ်းခြေဖက်တွင် ရီးအိုဂရန်ဒီမြစ်ကြောင်း အတိုင်းလိုက်သွားသည်။
အတ္တလန္တိတ် သမုဒ္ဒရာဖက်မှစ၍ ဝင်လာသော သင်္ဘောတစ်စင်းသည် လီမွန်ပင်လယ်အော် ကမ်းခြေပေါ်တွင် တည်ရှိသော ကိုလုံးမြို့မှစတင်၍ တူးမြောင်းထဲသို့ ဝင်ရသည်။ ထိုမှတဖန် ပေ ၅၀၀ ကျယ်သော တူးမြောင်းတလျှောက် ခရီးဆက်သော် ဂါတွန်းရေတံခါးသို့ ရောက်သည်။ ယင်းရေတံခါးတွင် တူးမြောင်းသည် ပင်လယ်ရေပြင်ထက် ၈၅ ပေမြင့်သည်။ ယင်းအမြင့်သို့ သင်္ဘောရောက်ရှိလေအောင် ရေတံခါးသုံးဆင့်ဖြင့် အဆင့်ဆင့်တက်သွားရသည်။

ထိုမှတစ်ဖန် မီဂယ်ရေတံခါးသို့ ရောက်သည်။ ထိုရေတံခါးသို့ ရောက်လျှင် အဆင့်ဆင့်လျှော့ချပေးသည်။ မီရာ ဖလော်ရီးရေတံခါးသည် သင်္ဘောအား ပစိဖိတ် သမုဒ္ဒရာ ရေပြင်နှင့် တညီတည်းရှိလေအောင် လျှောချပေးသည်။

ပနားမားတူးမြောင်း၏အဝင်နှင့်အထွက်နေရာများတွင် အကန့်အလိုက်ခွဲခြားထားသော ရေထိန်းတံခါး စနစ်ကိုအသုံးပြုထားသည်။ ရေထိန်းတံခါးအတွင်းသို့ သင်္ဘောဝင်ရောက်ပြီးသည့်အခါ ရေများ ဖြည့်သွင်းလိုက်ခြင်းအားဖြင့် သင်္ဘောသည်ပင်လယ်ရေမျက်နှာပြင်အထက်သို့ မြင့်တက်လာသည်။ ရေမျက်နှာပြင်သည်ဂါတွန်ရေကန် (Lake Gatun ) (ပင်လယ်ရေမျက်နှာပြင်အထက်မှ ၂၆ မီတါအမြင့်) နှင့်ညီသွားသည့်အခါ သင်္ဘောသည် တူးမြောင်းတလျှောက် ဆက်လက် မောင်းနှင်သွားသည်။

နာမည်ကြီးရခြင်းမှာ ထိုနေရာ၌ တောင်ကိုဖြတ်ကာ ဖောက်လုပ်ခဲ့ရ၍ တူးမြောင်းဖောက်လုပ်စ စောစောပိုင်းတွင် မြေများပြိုကျသဖြင့် အခက်အခဲများစွာ တွေ့ရသောကြောင့် ဖြစ်သည်။ သင်္ဘောတစ်စင်းသည် တူးမြောင်းကို အစမှအဆုံးထိ ဖြတ်သန်းရန် ၇ နာရီမှ ၈ နာရီအထိ ကြာလေသည်။ တိုက်ကြီး ၂ တိုက်ကို ဆက်စပ်ထားသော ကျွန်းဆက်ကို ဖြတ်၍ ရေလမ်းတစ်ခု ဖောက်လုပ်ရန် နှစ်ပေါင်းများစွာကပင် စိတ်ကူးကြံဆခဲ့ကြသော်လည်း အကောင်အထည် မပေါ်ခဲ့ပေ။ ၁၆ ရာစုနှစ်အတွင်းက စပိန်ပြည့်ရှင် ဖာဒီနန်သည် ပနားမားကျွန်းဆက်ကို ဖြတ်၍ တူးမြောင်းဖောက်ရန် စိတ်ကူးရခဲ့သူ ဖြစ်သည်။

ဖာဒီနန်၏ အရိုက်အရာကို ဆက်ခံသူ ဖိလစ်သည် နီကာရာဂွာကို ဖြတ်၍ တူးမြောင်းဖောက်ရန် စိတ်ကူးထုတ်ခဲ့သည်။ ၁၅၂၅ ခုနှစ်တွင် အမေရိကန်အစိုးရသည် ယင်းစိတ်ကူးကို စီမံကိန်းတစ်ခုရေးဆွဲ၍ စဉ်းစားခဲ့သည်။ သို့သော် အကောင်အထည် မပေါ်ခဲ့ပေ။ ထိုနောက် ဟော်လန်နိုင်ငံနှင့် ဂရိတ်ဗြိတိန်တို့သည်လည်း စဉ်းစားကြပြန်သည်။ သို့သော် မတတ်နိုင်၍ လက်လွှတ်ခဲ့ကြရသည်။ ကုမ္ပဏီတစ်ခုက စမ်းသပ် ဖောက်လုပ်ကြည့်သေးသော်လည်း ဒေါ်လာ ၂ သန်းကုန်ပြီးနောက် လက်လျှော့ရပြန်သည်။

၁၈၆၉ ခုနှစ်တွင် ဆူးအက် တူးမြောင်းကို တူးဖော်ပြီးစီး အောင်မြင်ပြီးသည့်နောက်တွင် ပြင်သစ်တို့သည် ဆူးအက် တူးမြောင်းကို ကြီးကြပ်တူးဖော်ခဲ့သူ ပြင်သစ်အင်ဂျင်နီယာ ဖာဒီနန် ဒလက်ဆက်အား ဦးစီးစေ ပနားမားတွင် တူးမြောင်းဖောက်ရန် စီစဉ်ခဲ့သည်။ ၁၈၈၁ ခုနှစ်တွင် လုပ်ငန်းစတင်ခဲ့သော်လည်း နောက်တစ်နှစ်တွင် ပိတ်လိုက်ရသည်။ လုပ်ငန်းရပ်ပစ်ရခြင်း၏ အကြောင်းရင်းများမှာ တူးမြောင်းတူးဖော်ရေးကို အားပေးသူများထဲမှပင် မရိုးဖြောင့်မှုကြောင့် ငွေကြေးပစ္စည်း အယိုအဖိတ်များ၍
ကုမ္ပဏီမှာ ကြွေးတင်နေခြင်း၊ စရိတ်ကုန် လူပင်ပန်း ဆင်းရဲသလောက် လုပ်ငန်းမတွင်ကျယ်ခြင်း၊ ထို့အပြင် ထိုဒေသသည် ရွှံ့ညွန်ချုံနွယ် ပိတ်ပေါင်းတို့ ထူထပ်၍ စိုစွတ်ထိုင်းမှိုင်းသဖြင့် အပူပိုင်းဇုန်တွင် ဖြစ်ပွားတတ်သည့် ကြောက်မက်ဖွယ် ငှက်ဖျားရောဂါ၊ အဝါဖျားရောဂါတို့ကြောင့် နေ့ချင်းညချင်း ကြောက်ခမန်းလိလိ တူးမြောင်းအလုပ်သမားများ ထောင်သောင်းချီ သေကြေပျက်စီးခြင်း တို့ကြောင့်ဖြစ်သည်။

ထို့နောက်တွင်တူးမြောင်း project ကို ၁၉၀၄ခုနှစ်တွင် အမေရိကန်မှတာဝန်ယူပြီး ဆက်လက်ဖောက်လုပ်ခဲ့သည်။ ပနားမားတူးမြောင်းသည် အခြားတူးမြောင်းများကဲ့သို့ မြေပြင်ကိုတစ်ဆက်တည်း တူးဖောက်ဖောက်လုပ်ထားခြင်းမဟုတ်ပဲ မူလကတည်းကရှိပြီးဖြစ်သည့် ရေကန်ကြီးများကို ဆက်လက်ဖောက်ကာတူးဖော်ရခြင်း များလည်းပါဝင်သည်။ အင်ဂျင်နီယာချုပ် John Findlay Wallace က ဦးဆောင်ဖောက်လုပ်ခဲ့တာဖြစ်ပြီး ၁၀နှစ်အကြာ၁၉၁၄ခုနှစ် George Washington Goethals ကိုင်တွယ်ခဲ့ချိန်တွင်ပြီးဆုံးအောင်မြင်ခဲ့သည်။ ၁၉၁၄ခုနှစ် ဩဂုတ်လ ၁၅ရက်နေ့တွင် ပနားမားတူးမြောင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ကုန်ကျစရိတ်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါးကုန်ကျခဲ့သည်။

တူးမြောင်းဖောက်လုပ်စဉ်အတောအတွင်း တူးမြောင်းပိုင်နက်တစ်ခုလုံးကို ကိုလံဘီယာ ၊ ပြင်သစ် နှင့် အမေရိကန်တို့က ထိန်းချုပ်ခဲ့သည်။ ထို့နောက် ၁၉၇၇ခုနှစ်တိုင်အောင် အမေရိကန်က ထိန်းချုပ်ခဲ့ပြီး ၁၉၉၉ခုနှစ်တွင်မှ ပနားမားအစိုးရလက်အောက်သို့ လွှဲပြောင်းပေးခဲ့လေသည်။ အင်ဂျင်နီယာသမိုင်းတွင် တည်ဆောက်မှုအခက်ခဲဆုံး စံချိန်တင်ခဲ့ပြီး American Society of Civil Engineers အဖွဲ့အစည်း၏ ခေတ်သစ်ကမ္ဘာ့အံဖွယ်ခုနှစ်ခု စာရင်းတွင် နံပါတ် ၇ ဖြစ်လာခဲ့သည်။
(အမေရိကန် အင်ဂျင်နီယာအသင်း၏ အင်ဂျင်နီယာဆိုင်ရာ ခေတ်သစ်ကမ္ဘာ့အံဖွယ်ခုနှစ်ခုမှာ ချန်နယ်ဥမင်လှိုဏ်ခေါင်း ၊ စီအန်တာဝါ ၊ အင်ပါယာစတိတ်အဆောက်အအုံ ၊ Itaipu ဆည် ၊ Delta Works နှင့် ပနားမားတူးမြောင်း တို့ဖြစ်ကြသည်။)

စတင်ဖွင့်လှစ်ခဲ့သည် ၁၉၁၄ခုနှစ်တွင် သင်္ဘောပေါင်း ၁၀၀၀ ခန့်ကို တူးမြောင်းအတွင်း ဖြတ်သန်းစေနိုင်ခဲ့သည်။ ယခုအခါမှာ တူးမြောင်းကနေ တစ်နှစ်ကို သင်္ဘောစီးရေ ၁၅၀၀၀လောက် ဖြတ်သန်းနေပြီး ပနားမားနိုင်ငံသည် တူးမြောင်း ဖြတ်သန်းခ နှစ်စဉ် ၄ ဘီလီယံဒေါ်လာကျော် ကို ရရှိနေပါသည်။
(ပနားမားတူးမြောင်းသစ်ကို ၂၀၁၆ခုနှစ်တွင် ထပ်မံတည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်သည်)

Leave a Reply