ဗုဒၶဘာသာ က်မ္းဂန္လာ ကြ်န္းႀကီး ၄ကြ်န္းအေၾကာင္း

Posted on

ကၽြန္းႀကီး(၄)ကၽြန္း၊ ကၽြန္းငယ္(၂၀၀၀)

လူ႕ဘုံ(မႏုႆဘုံ)တြင္ အေရွ႕ကၽြန္း၊ အေနာက္ကၽြန္း၊ ေျမာက္ကၽြန္း၊ ေတာင္ကၽြန္း ဟူေသာ ကၽြန္းႀကီး(၄)ကၽြန္းရွိသည္။ ကၽြန္းႀကီး(၄)ကၽြန္းတြင္ တစ္ကၽြန္းစီ၌ ကၽြန္းငယ္ေပါင္း(၅၀၀)စီ ရံထားေလသည္။ ထို႔ေၾကာင့္ ကၽြန္းငယ္(၂၀၀၀)ရွိသည္။ ကၽြန္းႀကီး(၄)ကၽြန္း၊ ကၽြန္းငယ္(၂၀၀၀)ရွိေသာ လူ(မႏုႆ)တို႔၏ ေနရာကို လူ႕ဘုံဟု ေခၚသည္။

ကၽြန္းႀကီး(၄)ကၽြန္း

ပုဗၺဝိေဒဟ = အေရွ႕ကၽြန္း
အပရေဂါယာန = အေနာက္ကၽြန္း
ဥတၱရကု႐ု = ေျမာက္ကၽြန္း
ဇမၺဳဒီပ = ေတာင္ကၽြန္း

ပုဗၺဝိေဒဟ ေခၚ အေရွ႕ကၽြန္း
အေရွ႕ကၽြန္း၏ အက်ယ္အဝန္းသည္ ယူဇနာ (၇)ေထာင္ ရွိသည္။ အေရွ႕ကၽြန္း၏ ပုံသဏၭာန္သည္ လထက္ဝက္ျခမ္းႏွင့္ တူသည္။ ထိုကၽြန္းေန လူတို႔၏ မ်က္ႏွာသဏၭာန္မွာလည္း ကၽြန္းသဏၭာန္ကဲ့သို႔ လထက္ဝက္ျခမ္းသဏၭာန္ ျဖစ္သည္။ အေရွ႕ကၽြန္း၏ ကၽြန္းဦး၊ ကၽြန္းထိပ္တြင္ တစ္ယူဇနာ အျမင့္ရွိေသာ ကုကၠိဳပင္ရွိသည္။ အေရွ႕ကၽြန္းသူ/သားမ်ားသည္ ကုန္ေရာင္း၊ ကုန္ဝယ္ စေသာ ပညာႏွင့္ အသက္ေမြးလုပ္ကိုင္ရသည့္ အလုပ္ကို လုပ္ကိုင္ၾကသည္။ အသက္(၇၀၀) ရွည္ၾကသည္။

အပရေဂါယာန ေခၚ အေနာက္ကၽြန္း

အေနာက္ကၽြန္း၏ အက်ယ္အဝန္းသည္ ယူဇနာ (၇)ေထာင္ ရွိသည္။ အေနာက္ကၽြန္း၏ ပုံသဏၭာန္သည္ လျပည့္ဝန္းႏွင့္ တူသည္။ ထိုကၽြန္းေန လူတို႔၏ မ်က္ႏွာသဏၭာန္မွာလည္း ကၽြန္းသဏၭာန္ကဲ့သို႔ လျပည့္ဝန္းသဏၭာန္ ျဖစ္သည္။ အေနာက္ကၽြန္း၏ ကၽြန္းဦး၊ ကၽြန္းထိပ္တြင္ တစ္ယူဇနာ အျမင့္ရွိေသာ ထိန္ပင္ရွိသည္။ အေနာက္ကၽြန္းသူ/သားမ်ားသည္ ႏြားယာဥ္ကို စီး၍ သြားလာေနထိုင္ တတ္သည္။ အသက္(၅၀၀) ရွည္ၾကသည္။

ဥတၱရကု႐ု ေခၚ ေျမာက္ကၽြန္း

ေျမာက္ကၽြန္း၏ အက်ယ္အဝန္းသည္ ယူဇနာ (၈)ေထာင္ ရွိသည္။ ေျမာက္ကၽြန္း၏ ပုံသဏၭာန္သည္ အင္းပ်ဥ္မွန္ႏွင့္ တူသည္။ ထိုကၽြန္းေန လူတို႔၏ မ်က္ႏွာသဏၭာန္မွာလည္း ကၽြန္းသဏၭာန္ကဲ့သို႔ အင္းပ်ဥ္မွန္ႏွင့္ တူသည္။ ေျမာက္ကၽြန္း၏ ကၽြန္းဦး၊ ကၽြန္းထိပ္တြင္ အျမင့္ ယူဇနာတစ္ရာ ရွိေသာ ပေဒသာပင္ရွိသည္။ ေျမာက္ကၽြန္းသူ/သားမ်ားသည္ အလိုရွိရာကို ပေဒသာပင္မွ ဆြတ္ယူစားေသာက္ၿပီး ခ်မ္းခ်မ္းသာသာ ေနထိုင္ၾကရသည္။ အသက္(၁၀၀၀) ရွည္ၾကသည္။

ေျမာက္ကၽြန္းသူ/သားမ်ားသည္ ဥပေစၧဒကကံ ႏွင့္ ေသျခင္းမ်ိဳးမရွိေပ။ အခက္အလက္စိတ္ၿပီး ျပႆဒ္ႀကီးမ်ားႏွင့္ တူေသာ သစ္ပင္ႀကီးမ်ား ေနရာအႏွံ႔ ေပါက္ေရာက္ေနသည္။ ကၽြန္းသူ/သားမ်ားသည္ ထိုသစ္ပင္ႀကီးမ်ားကို ေနအိမ္အျဖစ္ အသုံးျပဳ ေနထိုင္ၾကသည္။ အိပ္လိုသည့္အခါ အိပ္ယာမ်ားသည္ အဆင္သင့္ ျဖစ္ေန၏။ ၾကာမ်ိဳးငါးပါးႏွင့္ ဖုံးလႊမ္းေနေသာ အလြန္သာယာသည့္ ေရကန္မ်ားလည္း ရွိသည္။

ေျမာက္ကၽြန္းသူ/သားမ်ားသည္ အရပ္မျမင့္လြန္း၊ မပုလြန္း ၾကည့္ေကာင္း႐ုံမၽွ အခ်ိဳးအစားရွိသည္။ အိုမင္းျခင္း၊ ဆံျဖဴျခင္း၊ ပါးေရတြန္႔ျခင္း၊ အားအင္ဆုတ္ယုတ္ျခင္း မရွိ၊ အၿမဲတင့္တယ္ေနသည္။ ေျမာက္ကၽြန္းတြင္ ေအးျခင္း၊ ပူျခင္း၊ မွက္၊ ျခင္၊ ေလ၊ ေနပူ၊ ကင္း၊ သန္း၊ သားရဲတိရစၧာန္ စေသာ အေႏွာက္အယွက္ ေဘးရန္လုံးဝမရွိေပ။ အၿမဲတန္း ရာသီဥတု မၽွတ ေနသည္။ ေျမာက္ကၽြန္းသူ/သားမ်ားသည္ လယ္ယာလုပ္ကိုင္ရျခင္း မရွိေပ။

ေျမအလိုလို ေပၚေပါက္လာသည့္ ဖြဲ အေျမႇး ကင္းစင္ေသာ သေလးဆန္ကို အိုးတြင္ထည့္၍ မီးက်ီးအခိုးမထြက္ေသာ ေဇာတိပါသာဏ မီးေက်ာက္ႏွင့္ ခ်က္ကာ စားေသာက္ၾကသည္။ (ေဇာတိပါသာဏ မီးေက်ာက္ သုံးခုကို ဖိုခေနာက္လုပ္၍ သေလးဆန္ထည့္ထားေသာ ေ႐ႊခြက္ကို တည္သည္။ မီးသည္ သေလးဆန္ မက်က္မခ်င္း ဖိုခေနာက္မွ ထေတာက္ေနသည္။ သေလးဆန္ က်က္လၽွင္ မီးသည္ အလိုလို ၿငိမ္းသြားသည္။) တျခားဟင္းလ်ာမ်ားကို မစားၾကေပ။ မိမိလိုလား ေတာင့္တသည့္အတိုင္း အရသာ ျဖစ္လာၾကသည္။ ထို ေဘာဇဥ္ကို စားသုံးၾကသည့္ အတြက္ အနာေရာဂါ လုံးဝကင္းရွင္းသည္။

ေျမာက္ကၽြန္းသူ/သားမ်ားသည္ ခါးကုန္းျခင္း၊ ေျခလက္ေကာက္ျခင္း၊ ခြင္ျခင္း၊ ကိုယ္အဂၤါ ခ်ိဳ႕တဲ့သည္မ်ား လုံးဝမရွိေပ။ ေျမာက္ကၽြန္းသူမ်ားသည္ တင့္တယ္ေလ်ာက္ပတ္ေသာ ႐ုပ္ဆင္းအဂၤါ ရွိၾကသည္။ ေျမာက္ကၽြန္းသူ မိန္းမမ်ားသည္ လက္ေခ်ာင္းသြယ္သည္။ လက္သည္း နီသည္။ ရင္သားရွည္ၿပီး ခါးေသးသည္။ လျပည့္ဝန္းႏွင့္ တူေသာမ်က္ႏွာ ရွိသည္။ မ်က္လုံးက်ယ္သည္။ ႏူးညံ့သည့္ အသားအေရ ရွိသည္။ ေပါင္တံသြယ္သည္။ ျဖဴစင္ေသာ သြားမ်ားရွိသည္။ ခ်က္က် ေစာက္နက္သည္။ ဒူးဆစ္ ေသးသြယ္သည္။ ဆံပင္နက္သည္။ တင္ပါး က်ယ္သည္။ အေမႊးအမၽွင္ မထူမပါးရွိသည္။ စကားေျပာလၽွင္ သိမ္သိမ္ေမြ႕ေမြ႕ ေျပာဆို၏။ လက္ဝတ္တန္းဆာ အမ်ိဳးမ်ိဳး ဝတ္ဆင္တတ္သည္။ အသက္(၁၆)ႏွစ္ အ႐ြယ္ကဲ့သို႔ အၿမဲတင့္တယ္ေနသည္။ ေယာက္်ားမ်ားသည္ အသက္(၂၅)ႏွစ္ အ႐ြယ္ကဲ့သို႔ အၿမဲတင့္တယ္ေနသည္။

ေယာက္်ားမ်ားသည္ သားမယားအေပၚ စြဲစြဲလမ္းလမ္း ခ်စ္ခ်စ္ခင္ခင္ မရွိၾက။ ေျမာက္ကၽြန္းသူေယာက္်ား၊ မိန္းမမ်ားသည္ (၇)ရက္ တစ္ႀကိမ္ ကာမဂုဏ္ ေမြ႕ေလ်ာ္ၾကသည္။ က်န္ရက္မ်ားတြင္ ရာဂကင္းစြာ ေနထိုင္ၾကသည္။ ေျမာက္ကၽြန္းတြင္ ကိုယ္ဝန္ေဆာင္ျခင္း၊ သားဖြားျခင္း စေသာ ဒုကၡမ်ားမရွိၾကေပ။ သင္တိုင္းနီအတြင္းက ေ႐ႊ႐ုပ္ကေလးလို မိခင္၏ ဝမ္းပိုက္မွ ကေလးငယ္သည္ အညစ္အေၾကးမရွိ ထြက္လာၾကသည္။ အမ်ိဳးသမီးမ်ား ေမြးဖြားခ်ိန္က်သည့္အခါ ေရာက္သည့္ေနရာ၌ ေမြးဖြားတတ္သည္။ ေမြးဖြားသည့္အခါ ထိုင္၍ေမြးဖြားသည္၊ အိပ္၍လဲ ေမြးဖြား တတ္သည္။ မိခင္မ်ားသည္ ဖြားျမင္ၿပီး သားသမီးမ်ားကို အငဲ့မကြက္မရွိဘဲ လူအမ်ားသြားေသာ လမ္းတြင္ ထားပစ္ခဲ့ၿပီး မိမိတို႔သြားလိုရာကို သြားၾကသည္။

ထိုကေလးငယ္မ်ားကို ေတြ႕သည့္ ေယာက္်ား၊ မိန္းမမ်ားက မိမိတို႔၏ လက္ၫႈိးကို ကေလးငယ္၏ ပါးစပ္ထဲသို႔ ထည့္လိုက္ လၽွင္ ႏို႔ထြက္လာသည္။ လက္ၫႈိးက ထြက္လာသည့္ ႏို႔ကိုသာ စို႔ရၿပီး အားအင္ျဖစ္လာၾကရသည္။ မိန္းကေလးျဖစ္လၽွင္ မိန္းမႀကီးမ်ားဆီ၊ ေယာက္်ားကေလး ျဖစ္လၽွင္ ေယာက္်ားႀကီးမ်ားဆီ သြားေရာက္ေနထိုင္ၾကရသည္။ ေျမာက္ကၽြန္းတြင္ သားက အမိကို မသိ၊ အမိက သားကို မသိ `သားႏွင့္ အမိ’သည္ ေယာက္်ားမိန္းမ သေဘာအရ တပ္မက္ျခင္း မရွိၾက။ ထိုသို႔ျဖစ္ျခင္းမွာ သူတို႔တြင္ရွိေသာ တရားသေဘာမ်ား၏ ဓမၼတာ အစြမ္းသတၱိေၾကာင့္ ျဖစ္သည္။

အျမင့္ ယူဇနာ တစ္ရာရွိေသာ ပေဒသာပင္မ်ားသည္ ေနရာတိုင္းလိုလို ရွိေနၾကသည္။ ပေဒသာပင္၌ သစ္သီး သီးသကဲ့သို႔ မ်ိဳးစုံေသာ အဝတ္တန္ဆာမ်ားႏွင့္ တူရိယာမ်ား ရွိၾကသည္။ လိုခ်င္ေသာ ပစၥည္းကို အပင္ရင္းက ျဖစ္ေစ၊ အကိုင္းၾကားက ျဖစ္ေစ လက္ျဖန္႔ထားလၽွင္ အလိုအေလ်ာက္ရသည္။

အသီးသီးေသာ သစ္ပင္မ်ားတြင္ ေရအိုးမၽွ အ႐ြယ္ရွိ ခ်ိဳၿမိန္ ေကာင္းမြန္ ေသာ အသီးမ်ား သီးသည္။ ထိုအသီးမ်ားကို စားလၽွင္ (၇)ရက္ အဆာေျပသည္။ ျမစ္မ်ားတြင္ အလြန္ၾကည္လင္ ေသာ ေရမ်ားရွိသည္။ ႐ြံ႕ၫႊံ သဲ လုံးဝမရွိ။ ရနံ႔ေမႊးႀကိဳင္ေသာ ပန္းမ်ားသည္ အၿမဲ တင့္တယ္လွပ ေနသည္။ ဆူးရွိေသာျမက္၊ ၾကမ္းတမ္းေသာ ခ်ဳံပင္မ်ား လုံးဝမရွိေပ။ ေျမာက္ကၽြန္းတြင္ စႏၵကူး၊ ကံ့ေကာ္ပင္မ်ားသည္ အလိုလို နံ႔သာရည္မ်ား ယိုထြက္ ေနၾကသည္။

ေျမာက္ကၽြန္းသူ/သားမ်ားသည္ ကိုယ့္ဟာ၊ သူ႕ဟာ ခြဲျခားမႈ မရွိၾက။ ထို႔ေၾကာင့္ ျငင္းခုန္၊ ခိုက္ရန္ျဖစ္ျခင္း လုံးဝမရွိေပ။ ေျမာက္ကၽြန္းသူ/သားမ်ားသည္ လူေသကို ေတြ႕လၽွင္ မငိုၾက၊ ေသာက မျဖစ္ၾက။ လူေသေကာင္ကို အဝတ္တန္ဆာ ဆင္ယင္ၿပီး စြန္႔ပစ္လိုက္ၾကသည္။ ငွက္မ်ားက လူေသေကာင္ကို တစ္ျခားကၽြန္းသို႔ ယူေဆာင္သြားၾကသည္။ ထို႔ေၾကာင့္ ေျမာက္ကၽြန္းတြင္ သခ်ႋဳင္း မရွိေပ။ ေျမာက္ကၽြန္းသူ/သားမ်ားသည္ ေသေသာအခါ အပါယ္ေလးဘုံသို႔ မေရာက္၊ ငါးပါးသီလ ၿမဲေသာေၾကာင့္ နတ္ျပည္၌သာ စံရသည္။ အၿမဲတမ္း အသက္(၁၀၀၀)ျပည့္ေအာင္ ေနၾကရသည္။

ေျမာက္ကၽြန္းသူ/သားမ်ားသည္ ဇမၺဳဒီပ ေတာင္ကၽြန္းသားမ်ားထက္ ပိုလြန္ေသာ ဂုဏ္(၃)ပါးရွိသည္။

ေျမာက္ကၽြန္းသူ/သားမ်ားသည္ ငါ့ေ႐ႊ၊ ငါ့ေငြရယ္ဟု ျမတ္ႏိုးမေနေပ။
ေျမာက္ကၽြန္းသူ/သားမ်ားသည္ ငါ့လင္၊ ငါ့သား၊ ငါ့မယား ဟူ၍ သိမ္းဆည္းမေနေပ။
ေျမာက္ကၽြန္းသူ/သားမ်ားသည္ အသက္ တစ္ေထာင္ အၿမဲေနၾကရသည္။

ဇမၺဳဒီပ ေခၚ ေတာင္ကၽြန္း
ေတာင္ကၽြန္း၏ အက်ယ္အဝန္းသည္ ယူဇနာ (၁)ေသာင္း ရွိသည္။ ေတာင္ကၽြန္း၏ ပုံသဏၭာန္သည္ လွည္းဦးဆုံႏွင့္ တူသည္။ ထိုကၽြန္းေန လူတို႔၏ မ်က္ႏွာသဏၭာန္မွာလည္း ကၽြန္းသဏၭာန္ကဲ့သို႔ လွည္းဦးဆုံႏွင့္ တူသည္။ ေတာင္ကၽြန္း၏ ေျမာက္ဘက္ ကၽြန္းဦးတြင္ အျမင့္ တစ္ဆယ့္ငါး ယူဇနာ ရွိေသာ သေျပပင္ရွိသည္။ ေတာင္ကၽြန္းသူ/သားမ်ား၏ သက္တမ္းသည္ အၿမဲမရွိေပ။ ဇမၺဳဒီပ ေခၚ ေတာင္ကၽြန္းက လူသားမ်ားသည္ ဘုရား၊ ပေစၥကဗုဒၶ၊ စၾကာမင္းမ်ား ျဖစ္တတ္ၾကသည္။

ဇမၺဳဒီပ ေတာင္ကၽြန္းသားမ်ားသည္ ေျမာက္ကၽြန္းသူ/သားမ်ား ထက္ လြန္ျမတ္ေသာ ဂုဏ္(၃)ပါးရွိသည္။

ဒါန စေသာ ကုသိုလ္ေကာင္းမႈ ျပဳလုပ္ရာမွာ ရဲရင့္သည္။
အပၸမာဒ မေမ့မေလ်ာ့ေသာ သတိတရားႏွင့္ ျပည့္စုံသည္။
အရိယာ မဂ္၊ ဖိုလ္ မ်ိဳးေစ့ကို ျဖစ္ေစႏိုင္သည္။

တျခားကၽြန္တို႔ထက္ ေတာင္ကၽြန္း၏ထူးျမတ္ျခင္းႀကီး ၅-ပါးရွိသည္၊

ယူဇနာတစ္ေသာင္းက်ယ္၍ အျခားကၽြန္းတို႔ထက္ က်ယ္ဝန္းျခင္း၊

မေဟာေဗာဓိပင္မင္းႏွင့္အပရာဇိတ ပလႅင္ေတာ္ေပါက္ရာျဖစ္ျခင္း၊
ဘုရားပေစၥကဗုဒၶါတို႔၏ ပြင့္ထြန္းေပၚေပါက္ရာ ျဖစ္ျခင္း၊
စၾကာ မႏၶာတ္မင္းျမတ္တို႔၏ျဖစ္ေပၚရာျဖစ္ျခင္း၊
နိဗၺာန္သို႔ ေျဖာင့္တန္းစြာကူးႏိုင္ရာကၽြန္းျမတ္ ျဖစ္ျခင္း။

ေမြးဖြားပုံ(၄)မ်ိဳး

`ဂဗၻေသယ်က ပဋိသေႏၶ´= လူတို႔သည္ ပုံမွန္အားျဖင့္ `ဂဗၻေသယ်က ပဋိသေႏၶ´ တည္၍ ေမြးဖြားၾကသည္။ အမိဝမ္းတြင္း သေႏၶတည္၍ ေမြးဖြားသည္။

`ဥပပတ္ ပဋိသေႏၶ´ = ကမၻာဦးအခါက `ဥပပတ္ ပဋိသေႏၶ´နဲ႔ လူလာျဖစ္ၾကသည္။ သစ္ပင္၊ ၾကာတိုက္ စေသာ စိမ္းစိုသည့္ အရာဝတၱဳ တစ္ခုခုကို မွီၿပီး လူျဖစ္သည္။ (လူျဖစ္သည့္ အ႐ြယ္မွာ ၁၆-ႏွစ္ျဖစ္၍ တေျဖးေျဖးႀကီးျပင္းလာသည္။) ကမၻာဦးအခါက လူသားမ်ား ႏွင့္ အမၺပါလီ သည္ ဥပပတ္ ပဋိသေႏၶႏွင့္ ေမြးဖြားသူမ်ား ျဖစ္သည္။

`သံေသဒဇ ပဋိသေႏၶ´= သစ္ပင္၊ ၾကာတိုက္ စေသာ စိမ္းစိုသည့္ အရာဝတၱဳ တစ္ခုခုကို မွီၿပီး လူျဖစ္သည္။ ( ကေလးဘဝမွ စ၍ တေျဖးေျဖးႀကီးျပင္းလာသည္။) လူ႕ဘုံတြင္ သံေသဒဇ ပဋိသေႏၶ ႏွင့္ ေမြးဖြားသူ အေတာ္မ်ားမ်ားရွိသည္။ ပဒုမဝတီ မိဖုရား၊ ပဒုမဝတီ၏သား(၄၉၉)ေယာက္၊ အာကခၤ မင္းသမီး၊ ေပါကၡရသာတိ ပုဏၰား တို႔သည္ သံေသဒဇ ပဋိသေႏၶႏွင့္ ေမြးဖြားသူမ်ား ျဖစ္သည္။

`အ႑ဇ ပဋိသေႏၶ´ = တိရစၧာန္ႏွင့္ လူသားတို႔ အေၾကာင္းပါ၍ ေမြးဖြားလာျခင္းျဖစ္သည္။ လူ႕ဘုံတြင္ အ႑ဇ ပဋိသေႏၶ တည္ျခင္း အလြန္ရွားသည္။

ေသဆုံးပုံ(၄)မ်ိဳး

ေမြးလာၿပီးလၽွင္ အေၾကာင္း (၄) ခ်က္ႏွင့္ ေသၾကရသည္။

အာယုကၡယ = အသက္တမ္းကုန္၍ ေသျခင္း ။ (ဖေယာင္းတိုင္ ဖေယာင္းသားကုန္၍ မီးၿငိမ္းရျခင္း)
ကမၼကၡယ = ကံကုန္၍ေသျခင္း ၊(ဖေယာင္းတိုင္ မီးစာႀကိဳးကုန္၍ မီးၿငိမ္းရျခင္း)
ဥဘယကၡယ = အသက္တမ္းႏွင့္ ကံကုန္၍ေသျခင္း ၊(ဖေယာင္းတိုင္ မီးစာႀကိဳးေရာ ၊ ဖေယာင္းသားပါကုန္၍ မီးၿငိမ္းရျခင္း)
ဥပေစၧဒက = အသက္တမ္းနဲ႔ ကံရွိေသးေသာ္လည္း အျခား ဥပေစၧဒက ကံ က ျဖတ္သတ္၍ ေသျခင္း (ေလျပင္းတိုက္ေသာေၾကာင့္ မီးၿငိမ္းရျခင္း)

က်မ္းကိုး
နဝအဂၤုတၱရအဌကထာ
နဝကအဂၤုတၱိဳရ္ ပါဠိေတာ္
ေမာင္ဝိဇၹာ “ဗုဒၶ ႏွင့္ ဗုဒၶဘာသာအေၾကာင္း”

တကၠသိုလ္သၽွင္သီရိ“နတ္ျပည္ေရာက္လူသားတို႔၏ ဘဝအေတြ႕အႀကဳံမ်ား”
ဦးနႏၵ(ဝိဇၨာဂုဏ္ထူး)“ဘုံဘဝ ပုံျပတရားေတာ္”
ဦးျမတ္ေက်ာ္(ျမန္မာစာေကာ္မရွင္)`၃၁-ဘုံ ခရီးသည္’
Myanmar Wikipedia


ဗုဒ္ဓဘာသာ ကျမ်းဂန်လာ လူ့ဘုံ ကျွန်းကြီး ၄ကျွန်းအကြောင်း (unicode)

ကျွန်းကြီး(၄)ကျွန်း၊ ကျွန်းငယ်(၂၀၀၀)

လူ့ဘုံ(မနုဿဘုံ)တွင် အရှေ့ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း၊ တောင်ကျွန်း ဟူသော ကျွန်းကြီး(၄)ကျွန်းရှိသည်။ ကျွန်းကြီး(၄)ကျွန်းတွင် တစ်ကျွန်းစီ၌ ကျွန်းငယ်ပေါင်း(၅၀၀)စီ ရံထားလေသည်။ ထို့ကြောင့် ကျွန်းငယ်(၂၀၀၀)ရှိသည်။ ကျွန်းကြီး(၄)ကျွန်း၊ ကျွန်းငယ်(၂၀၀၀)ရှိသော လူ(မနုဿ)တို့၏ နေရာကို လူ့ဘုံဟု ခေါ်သည်။

ကျွန်းကြီး(၄)ကျွန်း

ပုဗ္ဗဝိဒေဟ = အရှေ့ကျွန်း
အပရဂေါယာန = အနောက်ကျွန်း
ဥတ္တရကုရု = မြောက်ကျွန်း
ဇမ္ဗုဒီပ = တောင်ကျွန်း

ပုဗ္ဗဝိဒေဟ ခေါ် အရှေ့ကျွန်း
အရှေ့ကျွန်း၏ အကျယ်အဝန်းသည် ယူဇနာ (၇)ထောင် ရှိသည်။ အရှေ့ကျွန်း၏ ပုံသဏ္ဌာန်သည် လထက်ဝက်ခြမ်းနှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လထက်ဝက်ခြမ်းသဏ္ဌာန် ဖြစ်သည်။ အရှေ့ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် တစ်ယူဇနာ အမြင့်ရှိသော ကုက္ကိုပင်ရှိသည်။ အရှေ့ကျွန်းသူ/သားများသည် ကုန်ရောင်း၊ ကုန်ဝယ် စသော ပညာနှင့် အသက်မွေးလုပ်ကိုင်ရသည့် အလုပ်ကို လုပ်ကိုင်ကြသည်။ အသက်(၇၀၀) ရှည်ကြသည်။

အပရဂေါယာန ခေါ် အနောက်ကျွန်း

အနောက်ကျွန်း၏ အကျယ်အဝန်းသည် ယူဇနာ (၇)ထောင် ရှိသည်။ အနောက်ကျွန်း၏ ပုံသဏ္ဌာန်သည် လပြည့်ဝန်းနှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လပြည့်ဝန်းသဏ္ဌာန် ဖြစ်သည်။ အနောက်ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် တစ်ယူဇနာ အမြင့်ရှိသော ထိန်ပင်ရှိသည်။ အနောက်ကျွန်းသူ/သားများသည် နွားယာဉ်ကို စီး၍ သွားလာနေထိုင် တတ်သည်။ အသက်(၅၀၀) ရှည်ကြသည်။

ဥတ္တရကုရု ခေါ် မြောက်ကျွန်း

မြောက်ကျွန်း၏ အကျယ်အဝန်းသည် ယူဇနာ (၈)ထောင် ရှိသည်။ မြောက်ကျွန်း၏ ပုံသဏ္ဌာန်သည် အင်းပျဉ်မှန်နှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ အင်းပျဉ်မှန်နှင့် တူသည်။ မြောက်ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် အမြင့် ယူဇနာတစ်ရာ ရှိသော ပဒေသာပင်ရှိသည်။ မြောက်ကျွန်းသူ/သားများသည် အလိုရှိရာကို ပဒေသာပင်မှ ဆွတ်ယူစားသောက်ပြီး ချမ်းချမ်းသာသာ နေထိုင်ကြရသည်။ အသက်(၁၀၀၀) ရှည်ကြသည်။ မြောက်ကျွန်းသူ/သားများသည် ဥပစ္ဆေဒကကံ နှင့် သေခြင်းမျိုးမရှိပေ။ အခက်အလက်စိတ်ပြီး ပြဿဒ်ကြီးများနှင့် တူသော သစ်ပင်ကြီးများ နေရာအနှံ့ ပေါက်ရောက်နေသည်။ ကျွန်းသူ/သားများသည် ထိုသစ်ပင်ကြီးများကို နေအိမ်အဖြစ် အသုံးပြု နေထိုင်ကြသည်။ အိပ်လိုသည့်အခါ အိပ်ယာများသည် အဆင်သင့် ဖြစ်နေ၏။ ကြာမျိုးငါးပါးနှင့် ဖုံးလွှမ်းနေသော အလွန်သာယာသည့် ရေကန်များလည်း ရှိသည်။

မြောက်ကျွန်းသူ/သားများသည် အရပ်မမြင့်လွန်း၊ မပုလွန်း ကြည့်ကောင်းရုံမျှ အချိုးအစားရှိသည်။ အိုမင်းခြင်း၊ ဆံဖြူခြင်း၊ ပါးရေတွန့်ခြင်း၊ အားအင်ဆုတ်ယုတ်ခြင်း မရှိ၊ အမြဲတင့်တယ်နေသည်။ မြောက်ကျွန်းတွင် အေးခြင်း၊ ပူခြင်း၊ မှက်၊ ခြင်၊ လေ၊ နေပူ၊ ကင်း၊ သန်း၊ သားရဲတိရစ္ဆာန် စသော အနှောက်အယှက် ဘေးရန်လုံးဝမရှိပေ။ အမြဲတန်း ရာသီဥတု မျှတ နေသည်။ မြောက်ကျွန်းသူ/သားများသည် လယ်ယာလုပ်ကိုင်ရခြင်း မရှိပေ။

မြေအလိုလို ပေါ်ပေါက်လာသည့် ဖွဲ အမြှေး ကင်းစင်သော သလေးဆန်ကို အိုးတွင်ထည့်၍ မီးကျီးအခိုးမထွက်သော ဇောတိပါသာဏ မီးကျောက်နှင့် ချက်ကာ စားသောက်ကြသည်။ (ဇောတိပါသာဏ မီးကျောက် သုံးခုကို ဖိုခနောက်လုပ်၍ သလေးဆန်ထည့်ထားသော ရွှေခွက်ကို တည်သည်။ မီးသည် သလေးဆန် မကျက်မချင်း ဖိုခနောက်မှ ထတောက်နေသည်။ သလေးဆန် ကျက်လျှင် မီးသည် အလိုလို ငြိမ်းသွားသည်။) တခြားဟင်းလျာများကို မစားကြပေ။ မိမိလိုလား တောင့်တသည့်အတိုင်း အရသာ ဖြစ်လာကြသည်။ ထို ဘောဇဉ်ကို စားသုံးကြသည့် အတွက် အနာရောဂါ လုံးဝကင်းရှင်းသည်။

မြောက်ကျွန်းသူ/သားများသည် ခါးကုန်းခြင်း၊ ခြေလက်ကောက်ခြင်း၊ ခွင်ခြင်း၊ ကိုယ်အင်္ဂါ ချို့တဲ့သည်များ လုံးဝမရှိပေ။ မြောက်ကျွန်းသူများသည် တင့်တယ်လျောက်ပတ်သော ရုပ်ဆင်းအင်္ဂါ ရှိကြသည်။ မြောက်ကျွန်းသူ မိန်းမများသည် လက်ချောင်းသွယ်သည်။ လက်သည်း နီသည်။ ရင်သားရှည်ပြီး ခါးသေးသည်။ လပြည့်ဝန်းနှင့် တူသောမျက်နှာ ရှိသည်။ မျက်လုံးကျယ်သည်။ နူးညံ့သည့် အသားအရေ ရှိသည်။ ပေါင်တံသွယ်သည်။ ဖြူစင်သော သွားများရှိသည်။ ချက်ကျ စောက်နက်သည်။ ဒူးဆစ် သေးသွယ်သည်။ ဆံပင်နက်သည်။ တင်ပါး ကျယ်သည်။ အမွှေးအမျှင် မထူမပါးရှိသည်။ စကားပြောလျှင် သိမ်သိမ်မွေ့မွေ့ ပြောဆို၏။ လက်ဝတ်တန်းဆာ အမျိုးမျိုး ဝတ်ဆင်တတ်သည်။ အသက်(၁၆)နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။ ယောက်ျားများသည် အသက်(၂၅)နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။

ယောက်ျားများသည် သားမယားအပေါ် စွဲစွဲလမ်းလမ်း ချစ်ချစ်ခင်ခင် မရှိကြ။ မြောက်ကျွန်းသူယောက်ျား၊ မိန်းမများသည် (၇)ရက် တစ်ကြိမ် ကာမဂုဏ် မွေ့လျော်ကြသည်။ ကျန်ရက်များတွင် ရာဂကင်းစွာ နေထိုင်ကြသည်။ မြောက်ကျွန်းတွင် ကိုယ်ဝန်ဆောင်ခြင်း၊ သားဖွားခြင်း စသော ဒုက္ခများမရှိကြပေ။ သင်တိုင်းနီအတွင်းက ရွှေရုပ်ကလေးလို မိခင်၏ ဝမ်းပိုက်မှ ကလေးငယ်သည် အညစ်အကြေးမရှိ ထွက်လာကြသည်။ အမျိုးသမီးများ မွေးဖွားချိန်ကျသည့်အခါ ရောက်သည့်နေရာ၌ မွေးဖွားတတ်သည်။ မွေးဖွားသည့်အခါ ထိုင်၍မွေးဖွားသည်၊ အိပ်၍လဲ မွေးဖွား တတ်သည်။ မိခင်များသည် ဖွားမြင်ပြီး သားသမီးများကို အငဲ့မကွက်မရှိဘဲ လူအများသွားသော လမ်းတွင် ထားပစ်ခဲ့ပြီး မိမိတို့သွားလိုရာကို သွားကြသည်။

ထိုကလေးငယ်များကို တွေ့သည့် ယောက်ျား၊ မိန်းမများက မိမိတို့၏ လက်ညှိုးကို ကလေးငယ်၏ ပါးစပ်ထဲသို့ ထည့်လိုက် လျှင် နို့ထွက်လာသည်။ လက်ညှိုးက ထွက်လာသည့် နို့ကိုသာ စို့ရပြီး အားအင်ဖြစ်လာကြရသည်။ မိန်းကလေးဖြစ်လျှင် မိန်းမကြီးများဆီ၊ ယောက်ျားကလေး ဖြစ်လျှင် ယောက်ျားကြီးများဆီ သွားရောက်နေထိုင်ကြရသည်။ မြောက်ကျွန်းတွင် သားက အမိကို မသိ၊ အမိက သားကို မသိ `သားနှင့် အမိ’သည် ယောက်ျားမိန်းမ သဘောအရ တပ်မက်ခြင်း မရှိကြ။ ထိုသို့ဖြစ်ခြင်းမှာ သူတို့တွင်ရှိသော တရားသဘောများ၏ ဓမ္မတာ အစွမ်းသတ္တိကြောင့် ဖြစ်သည်။

အမြင့် ယူဇနာ တစ်ရာရှိသော ပဒေသာပင်များသည် နေရာတိုင်းလိုလို ရှိနေကြသည်။ ပဒေသာပင်၌ သစ်သီး သီးသကဲ့သို့ မျိုးစုံသော အဝတ်တန်ဆာများနှင့် တူရိယာများ ရှိကြသည်။ လိုချင်သော ပစ္စည်းကို အပင်ရင်းက ဖြစ်စေ၊ အကိုင်းကြားက ဖြစ်စေ လက်ဖြန့်ထားလျှင် အလိုအလျောက်ရသည်။

အသီးသီးသော သစ်ပင်များတွင် ရေအိုးမျှ အရွယ်ရှိ ချိုမြိန် ကောင်းမွန် သော အသီးများ သီးသည်။ ထိုအသီးများကို စားလျှင် (၇)ရက် အဆာပြေသည်။ မြစ်များတွင် အလွန်ကြည်လင် သော ရေများရှိသည်။ ရွံ့ညွှံ သဲ လုံးဝမရှိ။ ရနံ့မွှေးကြိုင်သော ပန်းများသည် အမြဲ တင့်တယ်လှပ နေသည်။ ဆူးရှိသောမြက်၊ ကြမ်းတမ်းသော ချုံပင်များ လုံးဝမရှိပေ။ မြောက်ကျွန်းတွင် စန္ဒကူး၊ ကံ့ကော်ပင်များသည် အလိုလို နံ့သာရည်များ ယိုထွက် နေကြသည်။

မြောက်ကျွန်းသူ/သားများသည် ကိုယ့်ဟာ၊ သူ့ဟာ ခွဲခြားမှု မရှိကြ။ ထို့ကြောင့် ငြင်းခုန်၊ ခိုက်ရန်ဖြစ်ခြင်း လုံးဝမရှိပေ။ မြောက်ကျွန်းသူ/သားများသည် လူသေကို တွေ့လျှင် မငိုကြ၊ သောက မဖြစ်ကြ။ လူသေကောင်ကို အဝတ်တန်ဆာ ဆင်ယင်ပြီး စွန့်ပစ်လိုက်ကြသည်။ ငှက်များက လူသေကောင်ကို တစ်ခြားကျွန်းသို့ ယူဆောင်သွားကြသည်။ ထို့ကြောင့် မြောက်ကျွန်းတွင် သင်္ချိုင်း မရှိပေ။ မြောက်ကျွန်းသူ/သားများသည် သေသောအခါ အပါယ်လေးဘုံသို့ မရောက်၊ ငါးပါးသီလ မြဲသောကြောင့် နတ်ပြည်၌သာ စံရသည်။ အမြဲတမ်း အသက်(၁၀၀၀)ပြည့်အောင် နေကြရသည်။

မြောက်ကျွန်းသူ/သားများသည် ဇမ္ဗုဒီပ တောင်ကျွန်းသားများထက် ပိုလွန်သော ဂုဏ်(၃)ပါးရှိသည်။

မြောက်ကျွန်းသူ/သားများသည် ငါ့ရွှေ၊ ငါ့ငွေရယ်ဟု မြတ်နိုးမနေပေ။
မြောက်ကျွန်းသူ/သားများသည် ငါ့လင်၊ ငါ့သား၊ ငါ့မယား ဟူ၍ သိမ်းဆည်းမနေပေ။
မြောက်ကျွန်းသူ/သားများသည် အသက် တစ်ထောင် အမြဲနေကြရသည်။

ဇမ္ဗုဒီပ ခေါ် တောင်ကျွန်း
တောင်ကျွန်း၏ အကျယ်အဝန်းသည် ယူဇနာ (၁)သောင်း ရှိသည်။ တောင်ကျွန်း၏ ပုံသဏ္ဌာန်သည် လှည်းဦးဆုံနှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လှည်းဦးဆုံနှင့် တူသည်။ တောင်ကျွန်း၏ မြောက်ဘက် ကျွန်းဦးတွင် အမြင့် တစ်ဆယ့်ငါး ယူဇနာ ရှိသော သပြေပင်ရှိသည်။ တောင်ကျွန်းသူ/သားများ၏ သက်တမ်းသည် အမြဲမရှိပေ။ ဇမ္ဗုဒီပ ခေါ် တောင်ကျွန်းက လူသားများသည် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ စကြာမင်းများ ဖြစ်တတ်ကြသည်။

ဇမ္ဗုဒီပ တောင်ကျွန်းသားများသည် မြောက်ကျွန်းသူ/သားများ ထက် လွန်မြတ်သော ဂုဏ်(၃)ပါးရှိသည်။

ဒါန စသော ကုသိုလ်ကောင်းမှု ပြုလုပ်ရာမှာ ရဲရင့်သည်။
အပ္ပမာဒ မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံသည်။
အရိယာ မဂ်၊ ဖိုလ် မျိုးစေ့ကို ဖြစ်စေနိုင်သည်။

တခြားကျွန်တို့ထက် တောင်ကျွန်း၏ထူးမြတ်ခြင်းကြီး ၅-ပါးရှိသည်၊

ယူဇနာတစ်သောင်းကျယ်၍ အခြားကျွန်းတို့ထက် ကျယ်ဝန်းခြင်း၊

မဟောဗောဓိပင်မင်းနှင့်အပရာဇိတ ပလ္လင်တော်ပေါက်ရာဖြစ်ခြင်း၊
ဘုရားပစ္စေကဗုဒ္ဓါတို့၏ ပွင့်ထွန်းပေါ်ပေါက်ရာ ဖြစ်ခြင်း၊
စကြာ မန္ဓာတ်မင်းမြတ်တို့၏ဖြစ်ပေါ်ရာဖြစ်ခြင်း၊
နိဗ္ဗာန်သို့ ဖြောင့်တန်းစွာကူးနိုင်ရာကျွန်းမြတ် ဖြစ်ခြင်း။

မွေးဖွားပုံ(၄)မျိုး

`ဂဗ္ဘသေယျက ပဋိသန္ဓေ´= လူတို့သည် ပုံမှန်အားဖြင့် `ဂဗ္ဘသေယျက ပဋိသန္ဓေ´ တည်၍ မွေးဖွားကြသည်။ အမိဝမ်းတွင်း သန္ဓေတည်၍ မွေးဖွားသည်။

`ဥပပတ် ပဋိသန္ဓေ´ = ကမ္ဘာဦးအခါက `ဥပပတ် ပဋိသန္ဓေ´နဲ့ လူလာဖြစ်ကြသည်။ သစ်ပင်၊ ကြာတိုက် စသော စိမ်းစိုသည့် အရာဝတ္တု တစ်ခုခုကို မှီပြီး လူဖြစ်သည်။ (လူဖြစ်သည့် အရွယ်မှာ ၁၆-နှစ်ဖြစ်၍ တဖြေးဖြေးကြီးပြင်းလာသည်။) ကမ္ဘာဦးအခါက လူသားများ နှင့် အမ္ဗပါလီ သည် ဥပပတ် ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။

`သံသေဒဇ ပဋိသန္ဓေ´= သစ်ပင်၊ ကြာတိုက် စသော စိမ်းစိုသည့် အရာဝတ္တု တစ်ခုခုကို မှီပြီး လူဖြစ်သည်။ ( ကလေးဘဝမှ စ၍ တဖြေးဖြေးကြီးပြင်းလာသည်။) လူ့ဘုံတွင် သံသေဒဇ ပဋိသန္ဓေ နှင့် မွေးဖွားသူ အတော်များများရှိသည်။ ပဒုမဝတီ မိဖုရား၊ ပဒုမဝတီ၏သား(၄၉၉)ယောက်၊ အာကင်္ခ မင်းသမီး၊ ပေါက္ခရသာတိ ပုဏ္ဏား တို့သည် သံသေဒဇ ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။

`အဏ္ဍဇ ပဋိသန္ဓေ´ = တိရစ္ဆာန်နှင့် လူသားတို့ အကြောင်းပါ၍ မွေးဖွားလာခြင်းဖြစ်သည်။ လူ့ဘုံတွင် အဏ္ဍဇ ပဋိသန္ဓေ တည်ခြင်း အလွန်ရှားသည်။

သေဆုံးပုံ(၄)မျိုး

မွေးလာပြီးလျှင် အကြောင်း (၄) ချက်နှင့် သေကြရသည်။

အာယုက္ခယ = အသက်တမ်းကုန်၍ သေခြင်း ။ (ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း)
ကမ္မက္ခယ = ကံကုန်၍သေခြင်း ၊(ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း)
ဥဘယက္ခယ = အသက်တမ်းနှင့် ကံကုန်၍သေခြင်း ၊(ဖယောင်းတိုင် မီးစာကြိုးရော ၊ ဖယောင်းသားပါကုန်၍ မီးငြိမ်းရခြင်း)
ဥပစ္ဆေဒက = အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံ က ဖြတ်သတ်၍ သေခြင်း (လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း)

ကျမ်းကိုး
နဝအင်္ဂုတ္တရအဌကထာ
နဝကအင်္ဂုတ္တိုရ် ပါဠိတော်
မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”

တက္ကသိုလ်သျှင်သီရိ“နတ်ပြည်ရောက်လူသားတို့၏ ဘဝအတွေ့အကြုံများ”
ဦးနန္ဒ(ဝိဇ္ဇာဂုဏ်ထူး)“ဘုံဘဝ ပုံပြတရားတော်”
ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)`၃၁-ဘုံ ခရီးသည်’
Myanmar Wikipedia

Leave a Reply