ကမာၻ႔ အသက္ အငယ္ဆုံး စိတၱဇလူသတ္သမား

Posted on

စိတၱဇလူသတ္သမား ဆုိတာနဲ႔ လူေတြကို စိတ္ခံစားမႈတစ္ခုေၾကာင့္ ရက္ရက္စက္စက္သတ္ျဖတ္တတ္တဲ့သူေတြကုိ ေခၚတယ္ဆုိတာ သိၿပီးျဖစ္မွာပါ။ ပုံမွာျမင္ရတဲ့ ေကာင္ေလးဟာ ကမာၻ႔ အသက္အငယ္ဆုံး စိတၱဇလူသတ္သမား ျဖစ္ပါတယ္။

ပုံကိုၾကည့္ၿပီး သူ႔အေၾကာင္းကိုမသိရင္ေတာ့ အျပစ္ကင္းတဲ့ သာမန္ကေလးငယ္တစ္ေယာက္လုိ႔ ထင္ရမွာျဖစ္ေပမယ့္ သူ႔အေၾကာင္းကိုသိရင္ေတာ့ အံၾသထိတ္လန္႔သြားၾကမွာပါ။

သူ႔နာမည္က Amarjeet Sada ျဖစ္ၿပီး အိႏၵိယႏုိင္ငံ Bequsarai ျပည္နယ္က Musahari ရြာေလးမွာေနထုိင္ခဲ့ပါတယ္။ ရဲေတြဟာ သူ႔ကုိ ၆လအရြယ္ကေလးမေလး သတ္မႈနဲ႔ ဖမ္းဆီးခဲ့စဥ္က Amarjeet ရဲ႕အသက္ဟာ ၈ႏွစ္ပဲ ရွိပါေသးတယ္။

ျဖစ္စဥ္ကေတာ့ ဒီလုိပါ။ အသတ္ခံရတဲ့ ကေလးမေလးနာမည္က Kushboo လုိ႔ေခၚပါတယ္။ ကေလးမေလးဟာ ၆လ အရြယ္သာ ရွိေသးၿပီး သူမရဲ႕ မိခင္ဟာ Kushboo ကုိ ေန႔ကေလးထိန္းေက်ာင္းမွာ လာသိပ္ေလ့ရွိပါတယ္။

ကေလးကုိသိပ္ၿပီး မိခင္က အိမ္မႈကိစၥေတြကို ျပန္လုပ္ ၊ ၿပီးေတာ့မွ သမီးျဖစ္သူကုိ လာေခၚေလ့ရွိပါတယ္။

အဲဒီေန႔ကေလးထိန္းေက်ာင္းဟာ မူလတန္းေက်ာင္းနဲ႔ တြဲဖြင့္ထားတာျဖစ္ၿပီး Amarjeet က အဲဒီေက်ာင္းမွာတက္ေနသူျဖစ္ၿပီး သူနဲ႔ အဲဒီကေလးမေလးတုိ႔ဟာ အိမ္နီးခ်င္းေတြျဖစ္ပါတယ္။

အဲဒီေန႔က ကေလးမေလးရဲ႕ မိခင္ဟာ Kushboo ကုိ ေန႔ကေလးထိန္းေက်ာင္းမွာ လာထားၿပီး အိမ္ျပန္ကာ အိမ္မႈကိစၥေတြလုပ္ခဲ့ပါတယ္။

လူႀကီးေတြနဲ႔ ဆရာ ဆရာမေတြ အလုပ္ရႈပ္ေနခ်ိန္မွာ Amarjeet ဟာ Kushboo ကုိ မသိမသာ၀င္ခုိးယူခဲ့ပါတယ္။ ဘယ္သူမွ သတိမထားမိခင္မွာပဲ Amarjeet ဟာ ၆လ သမီးေလးကို အနီးအနားက လယ္ကြင္းထဲကုိ ေခၚခဲ့ပါတယ္။

လယ္ကြင္းထဲေရာက္တဲ့အခါမွာေတာ့ Amarjeet ဟာ ကေလးမေလးကို ေျမေပၚခ်ကာ အုတ္ခဲနဲ႔ ဆက္တုိက္ထုပါေတာ့တယ္။ ကေလးမေလး အသက္ရႈတာရပ္ၿပီး ေသဆုံးတဲ့အထိ ထုခဲ့တယ္လုိ႔ ဆုိပါတယ္။

ကေလးမေလးကို လယ္ကြင္းထဲေခၚသြားရတာကေတာ့ ငိုသံၾကားရင္ လူႀကီးေတြ သိမွာစုိးလုိ႔ လုိ႔ Amarjeet က ေျဖခဲ့ပါတယ္။

သူဟာ ကေလးမေလးကုိ သတ္ၿပီးတဲ့ေနာက္မွာ ေသဆုံးေနတဲ့ကေလးမေလးရဲ႕ ခႏၶာကိုယ္ကုိ သစ္ရြက္ေတြနဲ႔ ဖုံးခဲ့ပါတယ္။

ကေလးမေလးရဲ႕ မိခင္ဟာ သူမသမီးကို လာေရာက္ေခၚယူတဲ့အခါမွာေတာ့ ကေလးမေလးဟာ ေပ်ာက္ဆုံးေနခဲ့ပါၿပီ။

ကေလးမေလးရဲ႕ မိခင္နဲ႔ေဆြမ်ဳိးေတြဟာ ဒီေက်ာင္းမွာ Amarjeet တက္ေနတယ္ဆုိတာ သိၿပီးတဲ့ေနာက္ Amarjeet ကုိ စစ္ေဆးဖုိ႔ လက္ညဳိး၀ုိင္းထုိးၾကပါတယ္။ Amarjeet ကုိ တရားခံလုိ႔ ထင္တာကလည္း အေၾကာင္းရွိပါတယ္။

ရဲေတြဟာ Amarjeet ကုိ စစ္ေမးတဲ့အခါမွာေတာ့ သူဟာ ကေလးမေလးကို အေၾကာင္းမရွိပဲ သတ္ခဲ့တယ္လုိ႔ ထြက္ဆုိၿပီး သတ္ခဲ့ပုံအေၾကာင္းကိုေျပာျပခဲ့ပါတယ္။

Amarjeet ဟာ ရဲေတြရဲ႕စစ္ေဆးတာကို ၿပဳံးရႊင္စြာနဲ႔ ေျဖခဲ့တာျဖစ္ၿပီး ရဲေတြဆီက ဘီစကစ္ေတာင္ ေတာင္းခဲ့ပါေသးတယ္။

ဆက္လက္စစ္ေဆးတဲ့အခါမွာေတာ့ Amarjeet ဟာ ဒီကေလးမေလး မတုိင္ခင္ အျခား ကေလးမေလး ႏွစ္ေယာက္ကုိလည္း သတ္ခဲ့ဖူးတဲ့အေၾကာင္း ထြက္ေပၚလာပါတယ္။

ထူးျခားတာကေတာ့ သူ႔ရဲ႕သားေကာင္ ၃ဦးစလုံးဟာ လသားအရြယ္ကေလးမေလးေတြ ျဖစ္ေနတာပါပဲ။ သူ႔ရဲ႕ပထမဆုံးသတ္တာကို ခံရသူကေတာ့ မိခင္ဘက္ကဦးေလးရဲ႕ ၆လအရြယ္သမီး(သုိ႔) သူ႔ရဲ႕၀မ္းကြဲညီမျဖစ္ပါတယ္။

 

လူသတ္မႈျဖစ္ေပမယ့္ ကေလးဟာ မေတာ္တဆက်ဴးလြန္မိတယ္လုိ႔ ယူဆၾကၿပီး ၊ ေဆြမ်ဳိးခ်င္းၾကားအမႈကုိဖုံးၿပီး ရဲကုိမတုိင္ျဖစ္ခဲ့ပါဘူး။ Amarjeet ဟာ ပုံမွန္ကေလးငယ္တစ္ေယာက္ရဲ႕ အမႈအက်င့္ေတြ ရွိေနတာလည္း တစ္ခုအပါအ၀င္ပါ။

ေနာက္ထပ္ အသတ္ခံရတဲ့ ကေလးငယ္ကေတာ့ သူ႔ရဲ႕ညီမအရင္းျဖစ္သူ ၈လ အရြယ္ကေလးမေလးပါ။ (ဒီကေလးမေလး ႏွစ္ေယာက္ကိုေတာ့ ဘယ္ပုံဘယ္နည္းသတ္ခဲ့တယ္ဆုိတာ ေဖၚျပထားျခင္း မရွိပါဘူး)

စိတ္ေရာဂါ အထူးကု Shamshad Hussain ရဲ႕ အတည္ျပဳခ်က္အရ Amarjeet ဟာ က်န္တဲ့အခ်ိန္မွာေတာ့ ပုံမွန္ကေလးနဲ႔ ဘာမွမထူးေပမယ့္ သူ႔ရဲ႕စိတ္ဟာ ရက္စက္တာကို ႏွစ္သက္တဲ့ စိတ္ေရာဂါ ရွိတယ္လုိ႔ ဆုိပါတယ္။

ရက္စက္တဲ့ လူသတ္မႈေတြကုိ ျပဳလုပ္ခဲ့ေပမယ့္ အသက္မျပည့္ေသးတဲ့ Amarjeet ကုိ ျပင္းျပင္းထန္ထန္ျပစ္ဒါဏ္ေတြ ခ်မွတ္လုိ႔မရပဲ လူငယ္ျပဳျပင္ေရးေက်ာင္းကိုသာ ပို႔ခဲ့ရပါတယ္။ အသက္ ၁၈ႏွစ္ျပည့္တဲ့အခါ သူဟာ ျပန္လည္လြတ္ေျမာက္လာမွာ ျဖစ္ပါတယ္။

ဒီအျဖစ္အပ်က္ဟာ လြန္ခဲ့တဲ့ ၁၀ႏွစ္ခန္႔(၂၀၀၇) ျဖစ္ခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ Amarjeet ရဲ႕ အသက္ ၁၈ႏွစ္ျပည့္လုိ႔ ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီျဖစ္ပါတယ္။ Post Mortem Post ၀ဘ္ဆုိဒ္ရဲ႕ ဆက္သြယ္စုံစမ္းမႈအရ လက္ရွိအခ်ိန္မွာ Amarjeet ဟာ ကေလးဘ၀က အိမ္မွာ က်န္းမာစြာနဲ႔ ျပန္ေန ေနတယ္လုိ႔ သိရပါတယ္။

စိတ္ျပဳျပင္ေရးေက်ာင္းမွာ သူ႔ရဲ႕ ေရာဂါနဲ႔ စိတ္ဓာတ္ေတြကိုျပဳျပင္ကုသႏုိင္ခဲ့ၿပီလုိ႔ ဆုိေပမယ့္ ဆက္လက္ၿပီး သူဟာျပစ္မႈေတြကုိ က်ဴးလြန္ ၊ မက်ဴးလြန္ဆုိတာကိုေတာ့ ဘယ္သူက သိႏုိင္ပါ့မလဲ

Ref:
http://www.telegraph.co.uk/news/worldnews/1553310/Serial-killer-8-charged-with-three-murders.html
https://www.theguardian.com/world/2007/jun/01/india.randeepramesh


ကမ္ဘာ့ အသက် အငယ်ဆုံး စိတ္တဇလူသတ်သမား (unicode)

စိတ္တဇလူသတ်သမား ဆိုတာနဲ့ လူတွေကို စိတ်ခံစားမှုတစ်ခုကြောင့် ရက်ရက်စက်စက်သတ်ဖြတ်တတ်တဲ့သူတွေကို ခေါ်တယ်ဆိုတာ သိပြီးဖြစ်မှာပါ။ ပုံမှာမြင်ရတဲ့ ကောင်လေးဟာ ကမ္ဘာ့ အသက်အငယ်ဆုံး စိတ္တဇလူသတ်သမား ဖြစ်ပါတယ်။ ပုံကိုကြည့်ပြီး သူ့အကြောင်းကိုမသိရင်တော့ အပြစ်ကင်းတဲ့ သာမန်ကလေးငယ်တစ်ယောက်လို့ ထင်ရမှာဖြစ်ပေမယ့် သူ့အကြောင်းကိုသိရင်တော့ အံဩထိတ်လန့်သွားကြမှာပါ။

သူ့နာမည်က Amarjeet Sada ဖြစ်ပြီး အိန္ဒိယနိုင်ငံ Bequsarai ပြည်နယ်က Musahari ရွာလေးမှာနေထိုင်ခဲ့ပါတယ်။ ရဲတွေဟာ သူ့ကို ၆လအရွယ်ကလေးမလေး သတ်မှုနဲ့ ဖမ်းဆီးခဲ့စဉ်က Amarjeet ရဲ့အသက်ဟာ ၈နှစ်ပဲ ရှိပါသေးတယ်။

ဖြစ်စဉ်ကတော့ ဒီလိုပါ။ အသတ်ခံရတဲ့ ကလေးမလေးနာမည်က Kushboo လို့ခေါ်ပါတယ်။ ကလေးမလေးဟာ ၆လ အရွယ်သာ ရှိသေးပြီး သူမရဲ့ မိခင်ဟာ Kushboo ကို နေ့ကလေးထိန်းကျောင်းမှာ လာသိပ်လေ့ရှိပါတယ်။ ကလေးကိုသိပ်ပြီး မိခင်က အိမ်မှုကိစ္စတွေကို ပြန်လုပ် ၊ ပြီးတော့မှ သမီးဖြစ်သူကို လာခေါ်လေ့ရှိပါတယ်။ အဲဒီနေ့ကလေးထိန်းကျောင်းဟာ မူလတန်းကျောင်းနဲ့ တွဲဖွင့်ထားတာဖြစ်ပြီး Amarjeet က အဲဒီကျောင်းမှာတက်နေသူဖြစ်ပြီး သူနဲ့ အဲဒီကလေးမလေးတို့ဟာ အိမ်နီးချင်းတွေဖြစ်ပါတယ်။

အဲဒီနေ့က ကလေးမလေးရဲ့ မိခင်ဟာ Kushboo ကို နေ့ကလေးထိန်းကျောင်းမှာ လာထားပြီး အိမ်ပြန်ကာ အိမ်မှုကိစ္စတွေလုပ်ခဲ့ပါတယ်။ လူကြီးတွေနဲ့ ဆရာ ဆရာမတွေ အလုပ်ရှုပ်နေချိန်မှာ Amarjeet ဟာ Kushboo ကို မသိမသာဝင်ခိုးယူခဲ့ပါတယ်။ ဘယ်သူမှ သတိမထားမိခင်မှာပဲ Amarjeet ဟာ ၆လ သမီးလေးကို အနီးအနားက လယ်ကွင်းထဲကို ခေါ်ခဲ့ပါတယ်။

လယ်ကွင်းထဲရောက်တဲ့အခါမှာတော့ Amarjeet ဟာ ကလေးမလေးကို မြေပေါ်ချကာ အုတ်ခဲနဲ့ ဆက်တိုက်ထုပါတော့တယ်။ ကလေးမလေး အသက်ရှုတာရပ်ပြီး သေဆုံးတဲ့အထိ ထုခဲ့တယ်လို့ ဆိုပါတယ်။ ကလေးမလေးကို လယ်ကွင်းထဲခေါ်သွားရတာကတော့ ငိုသံကြားရင် လူကြီးတွေ သိမှာစိုးလို့ လို့ Amarjeet က ဖြေခဲ့ပါတယ်။ သူဟာ ကလေးမလေးကို သတ်ပြီးတဲ့နောက်မှာ သေဆုံးနေတဲ့ကလေးမလေးရဲ့ ခန္ဓာကိုယ်ကို သစ်ရွက်တွေနဲ့ ဖုံးခဲ့ပါတယ်။

ကလေးမလေးရဲ့ မိခင်ဟာ သူမသမီးကို လာရောက်ခေါ်ယူတဲ့အခါမှာတော့ ကလေးမလေးဟာ ပျောက်ဆုံးနေခဲ့ပါပြီ။ ကလေးမလေးရဲ့ မိခင်နဲ့ဆွေမျိုးတွေဟာ ဒီကျောင်းမှာ Amarjeet တက်နေတယ်ဆိုတာ သိပြီးတဲ့နောက် Amarjeet ကို စစ်ဆေးဖို့ လက်ညိုးဝိုင်းထိုးကြပါတယ်။ Amarjeet ကို တရားခံလို့ ထင်တာကလည်း အကြောင်းရှိပါတယ်။ ရဲတွေဟာ Amarjeet ကို စစ်မေးတဲ့အခါမှာတော့ သူဟာ ကလေးမလေးကို အကြောင်းမရှိပဲ သတ်ခဲ့တယ်လို့ ထွက်ဆိုပြီး သတ်ခဲ့ပုံအကြောင်းကိုပြောပြခဲ့ပါတယ်။ Amarjeet ဟာ ရဲတွေရဲ့စစ်ဆေးတာကို ပြုံးရွှင်စွာနဲ့ ဖြေခဲ့တာဖြစ်ပြီး ရဲတွေဆီက ဘီစကစ်တောင် တောင်းခဲ့ပါသေးတယ်။

ဆက်လက်စစ်ဆေးတဲ့အခါမှာတော့ Amarjeet ဟာ ဒီကလေးမလေး မတိုင်ခင် အခြား ကလေးမလေး နှစ်ယောက်ကိုလည်း သတ်ခဲ့ဖူးတဲ့အကြောင်း ထွက်ပေါ်လာပါတယ်။ ထူးခြားတာကတော့ သူ့ရဲ့သားကောင် ၃ဦးစလုံးဟာ လသားအရွယ်ကလေးမလေးတွေ ဖြစ်နေတာပါပဲ။ သူ့ရဲ့ပထမဆုံးသတ်တာကို ခံရသူကတော့ မိခင်ဘက်ကဦးလေးရဲ့ ၆လအရွယ်သမီး(သို့) သူ့ရဲ့ဝမ်းကွဲညီမဖြစ်ပါတယ်။ လူသတ်မှုဖြစ်ပေမယ့် ကလေးဟာ မတော်တဆကျူးလွန်မိတယ်လို့ ယူဆကြပြီး ၊ ဆွေမျိုးချင်းကြားအမှုကိုဖုံးပြီး ရဲကိုမတိုင်ဖြစ်ခဲ့ပါဘူး။ Amarjeet ဟာ ပုံမှန်ကလေးငယ်တစ်ယောက်ရဲ့ အမှုအကျင့်တွေ ရှိနေတာလည်း တစ်ခုအပါအဝင်ပါ။ နောက်ထပ် အသတ်ခံရတဲ့ ကလေးငယ်ကတော့ သူ့ရဲ့ညီမအရင်းဖြစ်သူ ၈လ အရွယ်ကလေးမလေးပါ။ (ဒီကလေးမလေး နှစ်ယောက်ကိုတော့ ဘယ်ပုံဘယ်နည်းသတ်ခဲ့တယ်ဆိုတာ ဖေါ်ပြထားခြင်း မရှိပါဘူး)

စိတ်ရောဂါ အထူးကု Shamshad Hussain ရဲ့ အတည်ပြုချက်အရ Amarjeet ဟာ ကျန်တဲ့အချိန်မှာတော့ ပုံမှန်ကလေးနဲ့ ဘာမှမထူးပေမယ့် သူ့ရဲ့စိတ်ဟာ ရက်စက်တာကို နှစ်သက်တဲ့ စိတ်ရောဂါ ရှိတယ်လို့ ဆိုပါတယ်။ ရက်စက်တဲ့ လူသတ်မှုတွေကို ပြုလုပ်ခဲ့ပေမယ့် အသက်မပြည့်သေးတဲ့ Amarjeet ကို ပြင်းပြင်းထန်ထန်ပြစ်ဒါဏ်တွေ ချမှတ်လို့မရပဲ လူငယ်ပြုပြင်ရေးကျောင်းကိုသာ ပို့ခဲ့ရပါတယ်။ အသက် ၁၈နှစ်ပြည့်တဲ့အခါ သူဟာ ပြန်လည်လွတ်မြောက်လာမှာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ ၁၀နှစ်ခန့်(၂၀၀၇) ဖြစ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Amarjeet ရဲ့ အသက် ၁၈နှစ်ပြည့်လို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ Post Mortem Post ဝဘ်ဆိုဒ်ရဲ့ ဆက်သွယ်စုံစမ်းမှုအရ လက်ရှိအချိန်မှာ Amarjeet ဟာ ကလေးဘဝက အိမ်မှာ ကျန်းမာစွာနဲ့ ပြန်နေ နေတယ်လို့ သိရပါတယ်။ စိတ်ပြုပြင်ရေးကျောင်းမှာ သူ့ရဲ့ ရောဂါနဲ့ စိတ်ဓာတ်တွေကိုပြုပြင်ကုသနိုင်ခဲ့ပြီလို့ ဆိုပေမယ့် ဆက်လက်ပြီး သူဟာပြစ်မှုတွေကို ကျူးလွန် ၊ မကျူးလွန်ဆိုတာကိုတော့ ဘယ်သူက သိနိုင်ပါ့မလဲ

Leave a Reply