ၾကြက္ကို ဆင္က ေၾကာက္တယ္ဆုိတာ နဲ႔ ရွာရွာေဖြေဖြ ဗဟုသုတေလးမ်ား

Posted on

ၾကြက္ကို ဆင္က ေၾကာက္တယ္ဆိုတာ

ၾကြက္ကိုဆင္က ေၾကာက္တယ္ဆိုတာ ယံုတမ္းစကားပါ။ ဆင္ရဲ႕ႏွာေမာင္းထဲ ၾကြက္က ေျပး၀င္လို႕ ဆင္ဟာ အသက္ရွဴ ၾကပ္ျပီးေသမွာမို႕လို႕ ၾကြက္ကိုသိပ္ေၾကာက္မွာပဲလို႕ စဥ္းစားၾကတာပါ။ေ ရွးအစဥ္အဆက္ ေျပာခဲ့ၾကတဲ့ အဲဒီစကားမွန္မမွန္ စမ္းသပ္မွုျပဳလုပ္ျပီးပါျပီ။ ဆင္ေလွာင္အိိိမ္ထဲကို ၾကြက္ကို လြတ္ေပးၾကည့္တယ္။ ၾကြက္ေတြဟာ ဆင္ၾကီးရဲ႕ ကိုယ္ေပၚ ႏွာ ေခါင္းေပၚေတြေရာ ေလွ််ာက္ေျပးၾကတယ္။ဒါေပမဲ့ ဆင္က လံုး၀ ေၾကာက္လန္႕ဖြယ္မျပဘူး။

ဘာမွထူးျခားပံုလဲ မေပၚဘူး။ေနာက္တစ္ခါမွာေတာ့ စကၠဴ ေတြေပၚ ဖိမ္ရင္ ထြက္တဲ့အသံမ်ဴိးဂ်ိဴး ဂ်ဴိး ဂ်က္ဂ်က္ေတြ ထြက္လာတယ္။ သူ႕ ပတ္၀န္းက်င္မွာ ၾကားေနက် အသံမဟုတ္တာၾကားရေတာ့ ဆင္ဟာ ႏွာေမာင္းကိုေထာင္ျပီး ႏွာမွုတ္တယ္။က်ီက်ီက်ာက်ာ ျမည္တယ္။ အဲဒါဟာၾကြက္ကိုေၾကာက္လို႕မဟုတ္ပဲ ၾကားေနက် မဟုတ္တဲ့အသံၾကားရလို႕ သတိထားကာကြယ္တာပဲျဖစ္ပါတယ္။

လင္းႏို႕ေတြ ဘာေၾကာင့္ေဇာက္ထိုးေန

လင္းႏို႕ေတြဟာ ငွက္ေတြပိုးမႊားေကာင္ေတြလို မတ္တပ္မရပ္ လမ္းမေလွ်ာက္ပဲ ေဇာက္ထိုးေနတာထူးျခားတယ္။ လင္းႏို႕ေတြရဲ႕ အေၾကာအျခင္ေတြနဲ႕ ေျခေထာက္ေတြဟာ မသန္မာဘူး။ ဒါေၾကာင့္ မတ္တပ္မရပ္ႏိုင္ဘူး။ မတ္ တပ္ေတာင္ေသခ်ာမရပ္ႏိုင္မွေတာ့လမ္းလဲ မေလွ်ာက္ႏိုင္ဘူးေပ့ါ။ ဒါေၾကာင့္ တစ္ေနရာမွာ နားခိုျပီဆိုရင္ တြဲေလာင္း ခိုျပီးေနၾကရတယ္။ လင္းႏို႕ဟာ တစ္မ်ဴိးတည္းေသာ ပ်ံသန္းႏိုင္တဲ့ ႏို႕ တိုက္သတၱ၀ါ ျဖစ္တယ္။

လင္းႏို႕ ေပါက္စေလးေတြ အေကာင္လိုက္ေမြးျပီးမိခင္က ႏို႕တိုက္ေမြးတယ္။ လင္းႏို႕ကေလးေတြ ၾကီးလာတဲ့အခါမိခင္လင္းႏို႕က တစ္ပါတည္းေခၚေခၚသြားတယ္။ လင္းႏို႕ေတြကေန႕ ဘက္မွာအိပ္ျပီး ညဘက္မွာ အစာထြက္ရွာတယ္။ သြားလာလွုပ္ရွားတဲ့အခါ မ်က္စိကို အသံုးမျပဳဘူး။

ညအေမွာင္ထဲမွာ သြားလာပ်ံသန္းတဲ့အခါမွာသူတို႕ဆီကအလြန္ျမင့္တဲ့ အသံကိုထုတ္လြတ္ျပီး ျပန္လာတဲ့ပဲ႕တင္သံကို အာရံုခံကာ အတားအဆီးေတြကို ေရွာင္ပါတယ္။ ကမာၻေပၚမွာလင္းႏို႕ အမ်ဴိးေပါင္း၂၀၀၀ ေက်ာ္ရွိတယ္။ ေတာင္ပံအက်ယ္ ၁၅ စင္တီမီတာရွိတဲ့လင္းႏို႕ ေတြကေန ေတာင္ပံအက်ယ္ ၂ မီတာရွိတဲ့ လင္းႏို႕ေတြအထိ ရွိေနပါတယ္။

လိပ္အသံထြက္သလား

လိပ္အမ်ားစုဟာ အသံမထြက္ပါဘူး။ ဒါေပမဲ့ လိပ္ဘီလူးၾကီးေတြလို႕ေျပာႏိုင္တဲ့ လိပ္ေြကေတာ့ အစ္သံ ဟိန္းသံ တြန္သံေတြ ထြက္တတ္ပါတယ္။ ပင္လယ္လိပ္ (Turtle) နဲ႕ ကုန္းလိပ္ (Toise) ဘယ္လိုကြာသလဲဆိုရင္ နာမည္အတိုင္း ကြာျခားပါတယ္။ ေရ ခ်ိဴမွာ က်က္စားတဲ့လိပ္ကို ေရခ်ဴိလိပ္ ( Terrapin) လို႕ ေခၚပါတယ္။ ပင္လယ္လိပ္ေတြဟာ အလြန္ၾကီး မားတဲ့ အရြယ္ထိရွိလာႏုိင္ပါတယ္။

အၾကီးဆံုးလိပ္မ်ဴိးကေတာ့ သားေရေက်ာကုန္း ( Leather Back) ဆိုတာျဖစ္ပါတယ္။ ကီလိုဂရမ္ ၄၅၀ ေလာက္ထိ အေလးခ်ိန္ရွိပါတယ္။ပင္လယ္လိပ္ေတြဟာ တစ္ျခားတိရိစာၦန္ေတြထက္ အသက္ပိုရွည္ပါတယ္။ ႏွစ္ ၂၀၀ ထိ အသက္ရွည္ရွည္ေနႏိုင္တဲ့ ပင္လယ္လိပ္ၾကီးေတြရွိပါတယ္။ လိပ္ေတြဟာ သူတို႕ ကိုယ္သူတို႕ အသံမလိုပါဘူး။ သူတို႕ရဲ႕ အေကာင္းဆံုးအကာအကြယ္ဟာ အခြံပါပဲ။ လိပ္ခြံၾကီးေတြဟာအရိုးနဲ႕ ဖြဲ႕စည္းထားတာျဖစ္ျပီး ဦးခ်ဴိ အကြက္ ေတြနဲ႕ ဖံုးအုပ္ထားပါတယ္။

ကမာၻေပၚမွာရွိခဲ့ဖူးတဲ့ပင္လယ္လိပ္အရိုးစု တစ္ခု လန္ဒန္ျမိဳ႕ အမ်ဴိးသားသဘာ၀သမိုင္း ျပတိုက္မွာ ျပသထားပါတယ္။ လြန္ခဲ့တဲ့ႏွစ္ငါးသန္းက ရွိခဲံဖူးတဲ့ လိပ္ၾကီးပါ။ အဲဒီလိပ္ရဲ႕ အခြံ ၾကီးက မီနီဘတ္တစ္စီးစာေလာက္ရွိတယ္လိုက အဆိုျပဳထားပါတယ္။

ကင္းျမီးေကာက္ ေၾကာက္စရာေကာင္းလား

ကင္းျမီးေကာက္ေတြဟာ ေၾကာက္စရာေကာင္းတဲ့အေကာင္ေတြျဖစ္ပါတယ္။ သူတို႕ရဲ႕ အားေကာင္းတဲ့ လက္မၾကီးေတြက အႏၱရယ္ေပးႏိုင္ပါတယ္။ ကင္းျမီးေကာက္ထိုးလို႕ ေသၾကရတာေတြ အမ်ားၾကီးရွိပါတယ္။ မကၠဆီကိုႏိုင္ငံမွာ ဒူရန္ ဆိုတဲ့ကင္းျမီးေကာက္မ်ဴိးဟာ လူတစ္ေယာက္ကို တစ္နာရီအတြင္းေသေအာင္ထိ အဆိပ္ျပင္းပါတယ္။ ၃၅ ႏွစ္အတြင္း အဲဒီအေကာင္ေတြထိုးလို႕ ေသဆံုးခဲ့ရသူေပါင္း ၁၆၀၀၀ ေလာက္ရွိခဲ့ပါတယ္။

ကင္းျမီးေကာက္ေတြဟာ ပူေႏြးတဲ့ ရာသီဥတု ရွိတဲ့ေဒသေတြမွာ အမ်ားဆံုးေတြ႕ရပါတယ္။ ေန႕လယ္ေနခင္းဆိုရင္ ေက်ာက္တံုးေအာက္ေတြ သစ္ေခါက္သစ္ခြဲၾကားေတြ အေဆာက္အံုေတြရဲ႕ ေမွာင္တဲ့ေနရာမွာပုန္းေနတတ္ၾကတယ္။ အရြယ္ေရာက္ျပီးတဲ့ကင္းျမီးေကာက္ေတြဟာ တစ္ေကာင္တည္းေနျပီး တစ္ေကာင္တည္း သြားလာလွုပ္ရွားၾကပါတယ္။ ကင္းျမီးေကာင္ေပါက္စေလးေတြကေတာ့ မိခင္ရဲ႕ ေက်ာပိုးလိုက္ၾကတယ္။ မိခင္က ကေလးေတြကို အစာေကြ်းေလ့မရွိပါဘူး။ ရက္အေတာ္ၾကာတဲ့အခါ သူတို႕ဘာသာ ခြဲျပီး ကိုယ့္လမ္း ကိုယ္သြားၾကတာပါပဲ။

ကင္းျမီးေကာက္ေတြဟာ ပင့္ကူ နဲ႔ မ်ဳိးႏြယ္စပ္တယ္။ သူတို႕ သြားလာတဲ့အခါ အျမီးကိုေထာင္ထားျပီးေက်ာေပၚမွာေထာင္ထားတယ္။ သူတို႕ရဲ႕ သားေကာင္ကို လက္မၾကီးနဲ႕ ညွပ္ျပီး ဖမ္းထားျပီးရင္ အျမီးေပၚက အဆိပ္ဆူးကို ေခါင္းေပၚက ေက်ာ္ျပီး သားေကာင္ဆီကိုထိုးလိုက္တာပါပဲ။ အဆိပ္ကသားေကာင္ ကို ေသရင္ေသ မေသရင္ မလွုပ္ရွားႏိုင္ေအာင္ျဖစ္သြားပါတယ္။

ေရခဲမုန္႔ဘယ္ကစ

ေရခဲမုန္႕ကို အဂၤလန္က စခဲ့တယ္လို႕ အမွတ္မွားေနၾကတယ္။ တကယ္က အေရွ႕အာရွက စခဲ့တာျဖစ္ပါတယ္။ အီတလီက ခရီးသည္ၾကီးမာကိပိုလိုဟာ အေရွ႕အာရွေဒသ ကေရခဲမုန္႕လုပ္နည္းကို အီတလီကိုသယ္ေဆာင္လာခဲ့တာျဖစ္ပါတယ္။ အီတလီကမွ ျပင္သစ္ကိုေရာက္သြားတယ္။

ဥေရာပက လူကံုထံေတြဟာေရခဲမုန္႕လုပ္နည္းကို လွ်ိဳ႕၀ွက္ထားခဲ့ၾကလို႕သာမန္လူေတြမစားႏုိုင္ခဲ့ၾကဘူးတဲ့။ ၁၈၅၁ မွာ အေမရိကန္ျပည္ေထာင္စု ေမရီလင္းျပည္နယ္ ဘာလ္တီမိုးျမိဳ႕မွာေရခဲမုန္႕ကို စီးပြားျဖစ္စလုပ္တယ္။လကၠားစက္ရံုၾကီးတည္ျပီးထုတ္လုပ္တာပါ။ အဲဒီအခ်ိန္က စျပီး ေရခဲမုန္႕ကို ေႏြရာသီမွာ လက္မလည္ေအာင္ ေရာင္းခ်ခဲ့ရျပီး ေရခဲမုန္႕ စတင္ေပၚထြက္လာပါတယ္။

နားက်ယ္ေကာင္ဘာေၾကာင့္တုတ္သလဲ

ပ်ားတုတ္သလိုပဲ နားက်ယ္ေကာင္ေတြကလဲ လူကိုတုပ္တတ္တယ္။ ဒါေပမဲ့အေႏွာက္အယွက္ျဖစ္ေစမွ တုပ္တာပါ။ နားက်ယ္ေကာင္ပ်ံလာတာေတြ႕ရင္အသာျငိမ္ျငိမ္ေလးေနလိုက္ရင္ သူ႕ဘာသာပ်ံသြားတယ္။ လူကို မတုပ္ပါဘူး.။ နားက်ယ္ေကာင္ေတြက တျခားပိုးမြားေတြကို တုပ္ျပီး သတ္ျဖတ္တာေတာ့ရွိတယ္။ တကယ္က နားက်ယ္ေကာင္ေတြဟာပန္း၀တ္ရည္နဲ႕ သစ္သီးေတြကိုပဲ စားသံုးအသက္ ရွင္တဲ့အမ်ဴိးျဖစ္ပါတယ္။

ဒါေပမဲ့ တစ္ျခားပိုးေကာင္ေတြကို သတ္ျဖတ္တာက ပိုးေလာက္လန္းေတြကို ေကြ်းဖို႕ျဖစ္တယ္။ နားက်ယ္တစ္ေကာင္ဟာ တစ္ျခားပိုးမြားတစ္ေကာင္ကိုတုပ္ျပီးသတ္လိုက္တယ္။ ၿပီးေတာ့သူ႕အသိုက္ကိုယူလာျပီး အဲဒီပိုးေကာင္ကိုညက္ညက္၀ိုင္းလိုက္တဲ့အခါ အရည္ထြက္လာတယ္။အဲဒီအရည္ကို နားက်ယ္ေကာင္အေလာင္းအလ်ာပိုးေလာက္ လန္းေတြကိုတိုက္ေကြ်းတာျဖစ္ပါတယ္။

နားက်ယု္ေကာင္ေတြစာခူေကာင္ေဘာက္ဘတ္ လိုပိုးေကာင္ေတြကို ဖမ္းဆီးတာမ်ားတယ္။ဒါေပမဲ့တစ္ခ်ိဴ႕နားက်ယ္ေကာင္ေတြကပင့္ကူၾကီးေတြပါ ဖမ္းျပီးသတ္ပစ္တယ္။ အံၾသစရာက နားက်ယ္ေကာင္ရဲ႕ အဆိပ္ဆူးဟာ သူရဲ႕ ဥအုတဲ့ အစိတ္အပိုင္းျဖစ္ပါတယ္တဲ့။

ႏွင္းေပါက္ေလးေတြဘယ္လိုျဖစ္လာသလဲ

ေဆာင္းတြင္း နံနက္ ေစာေစာမွာ ဥယ်ာဥ္ပန္းျခံေလးေတြထဲက သစ္ရြက္ေလးေတြ ျမက္ခင္းေလးေတြေပၚမွာ ႏွင္းစက္ ႏွင္းေပါက္ကေလးေတြေတြ႔ရတတ္ပါတယ္။ သစ္ရြက္ေလးေတြေပၚကို ႏွင္းစက္ကေလးေတြ က်ေရာက္ေနတယ္လို႕ပဲ ေျပာတတ္ၾကတယ္။ ႏွင္းစက္ကေလးေတြဟာ အေပၚက က်လာတယ္လို႕ ထင္ေနတတ္ၾကတယ္။ ဒါေပမဲ့ ႏွင္းစက္ကေလးေတြဟာ အေပၚက က်လာတာ မဟုတ္ဘူးလို႕ သိသြားရင္ အံၾသ သြားၾကမယ္ထင္ပါတယ္။

တကယ္ေတာ့ အဲဒီႏွင္းစက္ကေလးေတြ သစ္ရြက္ကေလးေတြ ျမက္ပင္ေလးေတြဆီကျဖစ္ေပၚလာတာပါ။ အပင္ေလးေတြရဲ႕ အျမစ္က ေျမဆီက ေရဓါတ္ကိုစုတ္ယူျပီး အရြက္ေတြအထိ ပို႕ေပးတယ္။ သစ္ရြက္ကေလးေတြရဲ႕ ေခြ်းေပါက္ကေန အဲဒီေရစိမ့္ထြက္ျပီးေရေငြ႕ကေလးေတြျဖစ္ေနတယ္။

အဲဒီေရခိုးေရေငြ႕ကေလးေတြကျပင္ပက အေအးဓါတ္နဲ႕ေတြ႕တဲ့အခါ ေရစက္ေရေပါက္ကေလးေတြျဖစ္သြားကာ အရြက္ကေလးေတြအေပၚမွာတြဲလြဲ ခိုေနသလိုျဖစ္ေနၾကတယ္။ အဲဒါကို ႏွင္းစက္ ႏွင္းေပါက္ကေလးေတြလို႕ ေခၚတာပါပဲ

အလမၸာယ္ဂီတနဲ႕ ေျမြကသလား

အလမၸာယ္ဆရာက ပုေလြမွုတ္ရင္ ေျမြက ပါးပ်ဥ္ေထာင္ျပီး ဂီတအသံအတိုင္း လိုက္က သလိုေတြ႕ရပါတယ္။ ဒါေပမဲ့ေျမြက နားၾကားတာမဟုတ္ပါဘူး။ဒါေၾကာင့္ဂီတသံၾကားလို႕ ကတယ္ဆိုတာမဟုတ္ပါဘူး။ ဒါေပမဲ့ ေျမြဟာတုန္ခါမွုကို အလြန္ခံစားလြယ္တယ္။ ပျခဳတ္ျခင္းထဲမွာ ထည့္ထားရင္ေတာင္ ေျမၾကီးရဲ႕ တုန္ခါမွုကို ခံစားတုန္႕ျပန္တယ္။

အလမၸာယ္ဆရာဟာ ပုေလြကိုမွုတ္ေနတဲ့ အခ်ိန္မွာ ပျခဳတ္ကိုပုတ္တာ။ ေျမၾကီးကိုထုရိုက္ တာ လုပ္ရင္အဲဒီတုန္ခါမွုအတိုင္း ေျမြကတံု႕ျပန္တယ္။ အလမၸာယ္ဆရာဟာ ေျမြနဲ႕ မ်က္ႏွာခ်င္းဆိုင္ ထိုင္ျပီးပုေလြမွုတ္ရင္ သူ႕ကိုယ္ကိုယိမ္း ထိုးလွုပ္ရွားေနတာကိုေတြ႕ရလိမ့္မယ္။ေျမြကလဲ အလမၸာယ္ဆရာယိမ္းထိုးတဲ့အတိုင္း ပါးပ်ဥ္ေထာင္ျပီး လိုက္လွုပ္ေနတာ ေတြ႕ရပါလိမ့္မယ္။

တကယ္ေတာ့နားမၾကားရတဲ့ ေျမြဟာ လူလွုပ္ရွားေနတာကိုမ်က္စိကို ဟန္ခ်က္ညီညီ လိုက္ၾကည့္တာျဖစ္တယ္။ လူယိမ္းတဲ့ဘက္ကို ေျမြက လိုက္ယိမ္းျပီး ၾကည့္မွ တည္တည့္ျမင္ရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လူအေတာ္မ်ားထင္ေနၾကသလို ေျမြဟာ ဂီတသံနဲ႕ ကတာ လံုး၀မဟုတ္ပါ။ တုန္ခါမွုကို တံု႕ျပန္ျခင္းသာျဖစ္ပါသည္။

Via : Light Thought
——————–

ကြွက်ကို ဆင်က ကြောက်တယ်ဆိုတာ နဲ့ ရှာရှာဖွေဖွေဗဟုသုတလေးများ(unicode)

ကြွက်ကို ဆင်က ကြောက်တယ်ဆိုတာ

ကြွက်ကိုဆင်က ကြောက်တယ်ဆိုတာ ယုံတမ်းစကားပါ။ ဆင်ရဲ့နှာမောင်းထဲ ကြွက်က ပြေးဝင်လို့ ဆင်ဟာ အသက်ရှူ ကြပ်ပြီးသေမှာမို့လို့ ကြွက်ကိုသိပ်ကြောက်မှာပဲလို့ စဉ်းစားကြတာပါ။ေ ရှးအစဉ်အဆက် ပြောခဲ့ကြတဲ့ အဲဒီစကားမှန်မမှန် စမ်းသပ်မှုပြုလုပ်ပြီးပါပြီ။ ဆင်လှောင်အိမ်ထဲကို ကြွက်ကို လွတ်ပေးကြည့်တယ်။ ကြွက်တွေဟာ ဆင်ကြီးရဲ့ ကိုယ်ပေါ် နှာ ခေါင်းပေါ်တွေရော လျှေ်ာက်ပြေးကြတယ်။ဒါပေမဲ့ ဆင်က လုံး၀ ကြောက်လန့်ဖွယ်မပြဘူး။

ဘာမှထူးခြားပုံလဲ မပေါ်ဘူး။နောက်တစ်ခါမှာတော့ စက္ကူ တွေပေါ် ဖိမ်ရင် ထွက်တဲ့အသံမျိူးဂျိူး ဂျိူး ဂျက်ဂျက်တွေ ထွက်လာတယ်။ သူ့ ပတ်ဝန်းကျင်မှာ ကြားနေကျအသံမဟုတ်တာကြားရတော့ ဆင်ဟာ နှာမောင်းကိုထောင်ပြီး နှာမှုတ်တယ်။ကျီကျီကျာကျာ မြည်တယ်။ အဲဒါဟာကြွက်ကိုကြောက်လို့မဟုတ်ပဲ ကြားနေကျ မဟုတ်တဲ့အသံကြားရလို့ သတိထားကာကွယ်တာပဲဖြစ်ပါတယ်။

လင်းနို့တွေ ဘာကြောင့်ဇောက်ထိုးနေ

လင်းနို့တွေဟာ ငှက်တွေပိုးမွှားကောင်တွေလို မတ်တပ်မရပ် လမ်းမလျှောက်ပဲ ဇောက်ထိုးနေတာထူးခြားတယ်။ လင်းနို့တွေရဲ့ အကြောအခြင်တွေနဲ့ ခြေထောက်တွေဟာ မသန်မာဘူး။ ဒါကြောင့် မတ်တပ်မရပ်နိုင်ဘူး။ မတ် တပ်တောင်သေချာမရပ်နိုင်မှတော့လမ်းလဲ မလျှောက်နိုင်ဘူးပေါ့။ ဒါကြောင့် တစ်နေရာမှာ နားခိုပြီဆိုရင် တွဲလောင်း ခိုပြီးနေကြရတယ်။ လင်းနို့ဟာ တစ်မျိူးတည်းသော ပျံသန်းနိုင်တဲ့ နို့ တိုက်သတ္တဝါ ဖြစ်တယ်။

လင်းနို့ ပေါက်စလေးတွေ အကောင်လိုက်မွေးပြီးမိခင်က နို့တိုက်မွေးတယ်။ လင်းနို့ကလေးတွေ ကြီးလာတဲ့အခါမိခင်လင်းနို့က တစ်ပါတည်းခေါ်ခေါ်သွားတယ်။ လင်းနို့တွေကနေ့ ဘက်မှာအိပ်ပြီး ညဘက်မှာ အစာထွက်ရှာတယ်။ သွားလာလှုပ်ရှားတဲ့အခါ မျက်စိကို အသုံးမပြုဘူး။ ညအမှောင်ထဲမှာ သွားလာပျံသန်းတဲ့အခါမှာသူတို့ဆီကအလွန်မြင့်တဲ့ အသံကိုထုတ်လွတ်ပြီး ပြန်လာတဲ့ပဲ့တင်သံကို အာရုံခံကာ အတားအဆီးတွေကို ရှောင်ပါတယ်။ ကမ္ဘာပေါ်မှာလင်းနို့ အမျိူးပေါင်း၂၀၀၀ ကျော်ရှိတယ်။ တောင်ပံအကျယ် ၁၅ စင်တီမီတာရှိတဲ့လင်းနို့ တွေကနေ တောင်ပံအကျယ် ၂ မီတာရှိတဲ့ လင်းနို့တွေအထိ ရှိနေပါတယ်။

လိပ်အသံထွက်သလား

လိပ်အများစုဟာ အသံမထွက်ပါဘူး။ ဒါပေမဲ့ လိပ်ဘီလူးကြီးတွေလို့ပြောနိုင်တဲ့ လိပ်ေြကတော့ အစ်သံ ဟိန်းသံ တွန်သံတွေ ထွက်တတ်ပါတယ်။ ပင်လယ်လိပ် (Turtle) နဲ့ ကုန်းလိပ် (Toise) ဘယ်လိုကွာသလဲဆိုရင် နာမည်အတိုင်း ကွာခြားပါတယ်။ ရေ ချိူမှာ ကျက်စားတဲ့လိပ်ကို ရေချိူလိပ် ( Terrapin) လို့ ခေါ်ပါတယ်။ ပင်လယ်လိပ်တွေဟာ အလွန်ကြီး မားတဲ့ အရွယ်ထိရှိလာနိုင်ပါတယ်။ အကြီးဆုံးလိပ်မျိူးကတော့ သားရေကျောကုန်း ( Leather Back) ဆိုတာဖြစ်ပါတယ်။ ကီလိုဂရမ် ၄၅၀ လောက်ထိ အလေးချိန်ရှိပါတယ်။

ပင်လယ်လိပ်တွေဟာ တစ်ခြားတိရိစ္ဆာန်တွေထက် အသက်ပိုရှည်ပါတယ်။ နှစ် ၂၀၀ ထိ အသက်ရှည်ရှည်နေနိုင်တဲ့ ပင်လယ်လိပ်ကြီးတွေရှိပါတယ်။ လိပ်တွေဟာ သူတို့ ကိုယ်သူတို့ အသံမလိုပါဘူး။ သူတို့ရဲ့ အကောင်းဆုံးအကာအကွယ်ဟာ အခွံပါပဲ။ လိပ်ခွံကြီးတွေဟာအရိုးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဦးချိူ အကွက် တွေနဲ့ ဖုံးအုပ်ထားပါတယ်။ ကမ္ဘာပေါ်မှာရှိခဲ့ဖူးတဲ့ပင်လယ်လိပ်အရိုးစု တစ်ခု လန်ဒန်မြို့ အမျိူးသားသဘာဝသမိုင်း ပြတိုက်မှာ ပြသထားပါတယ်။ လွန်ခဲ့တဲ့နှစ်ငါးသန်းက ရှိခံဖူးတဲ့ လိပ်ကြီးပါ။ အဲဒီလိပ်ရဲ့ အခွံ ကြီးက မီနီဘတ်တစ်စီးစာလောက်ရှိတယ်လိုက အဆိုပြုထားပါတယ်။

ကင်းမြီးကောက် ကြောက်စရာကောင်းလား

ကင်းမြီးကောက်တွေဟာ ကြောက်စရာကောင်းတဲ့အကောင်တွေဖြစ်ပါတယ်။ သူတို့ရဲ့ အားကောင်းတဲ့ လက်မကြီးတွေက အန္တရယ်ပေးနိုင်ပါတယ်။ ကင်းမြီးကောက်ထိုးလို့ သေကြရတာတွေ အများကြီးရှိပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ဒူရန် ဆိုတဲ့ကင်းမြီးကောက်မျိူးဟာ လူတစ်ယောက်ကို တစ်နာရီအတွင်းသေအောင်ထိ အဆိပ်ပြင်းပါတယ်။ ၃၅ နှစ်အတွင်း အဲဒီအကောင်တွေထိုးလို့ သေဆုံးခဲ့ရသူပေါင်း ၁၆၀၀၀ လောက်ရှိခဲ့ပါတယ်။

ကင်းမြီးကောက်တွေဟာ ပူနွေးတဲ့ ရာသီဥတု ရှိတဲ့ဒေသတွေမှာ အများဆုံးတွေ့ရပါတယ်။ နေ့လယ်နေခင်းဆိုရင် ကျောက်တုံးအောက်တွေ သစ်ခေါက်သစ်ခွဲကြားတွေ အဆောက်အုံတွေရဲ့ မှောင်တဲ့နေရာမှာပုန်းနေတတ်ကြတယ်။ အရွယ်ရောက်ပြီးတဲ့ကင်းမြီးကောက်တွေဟာ တစ်ကောင်တည်းနေပြီး တစ်ကောင်တည်း သွားလာလှုပ်ရှားကြပါတယ်။ ကင်းမြီးကောင်ပေါက်စလေးတွေကတော့ မိခင်ရဲ့ ကျောပိုးလိုက်ကြတယ်။ မိခင်က ကလေးတွေကို အစာကျွေးလေ့မရှိပါဘူး။ ရက်အတော်ကြာတဲ့အခါ သူတို့ဘာသာ ခွဲပြီး ကိုယ့်လမ်း ကိုယ်သွားကြတာပါပဲ။

ကင်းမြီးကောက်တွေဟာ ပင့်ကူ နဲ့ မျိုးနွယ်စပ်တယ်။ သူတို့ သွားလာတဲ့အခါ အမြီးကိုထောင်ထားပြီးကျောပေါ်မှာထောင်ထားတယ်။ သူတို့ရဲ့ သားကောင်ကို လက်မကြီးနဲ့ ညှပ်ပြီး ဖမ်းထားပြီးရင် အမြီးပေါ်က အဆိပ်ဆူးကို ခေါင်းပေါ်က ကျော်ပြီး သားကောင်ဆီကိုထိုးလိုက်တာပါပဲ။ အဆိပ်ကသားကောင် ကို သေရင်သေ မသေရင် မလှုပ်ရှားနိုင်အောင်ဖြစ်သွားပါတယ်။

ရေခဲမုန့်ဘယ်ကစ

ရေခဲမုန့်ကို အင်္ဂလန်က စခဲ့တယ်လို့ အမှတ်မှားနေကြတယ်။ တကယ်က အရှေ့အာရှက စခဲ့တာဖြစ်ပါတယ်။ အီတလီက ခရီးသည်ကြီးမာကိပိုလိုဟာ အရှေ့အာရှဒေသ ကရေခဲမုန့်လုပ်နည်းကို အီတလီကိုသယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ အီတလီကမှ ပြင်သစ်ကိုရောက်သွားတယ်။ ဥရောပက လူကုံထံတွေဟာရေခဲမုန့်လုပ်နည်းကို လျှို့ဝှက်ထားခဲ့ကြလို့သာမန်လူတွေမစားနိုင်ခဲ့ကြဘူးတဲ့။ ၁၈၅၁ မှာ အမေရိကန်ပြည်ထောင်စု မေရီလင်းပြည်နယ် ဘာလ်တီမိုးမြို့မှာရေခဲမုန့်ကို စီးပွားဖြစ်စလုပ်တယ်။လက္ကားစက်ရုံကြီးတည်ပြီးထုတ်လုပ်တာပါ။ အဲဒီအချိန်က စပြီး ရေခဲမုန့်ကို နွေရာသီမှာ လက်မလည်အောင် ရောင်းချခဲ့ရပြီး ရေခဲမုန့် စတင်ပေါ်ထွက်လာပါတယ်။

နားကျယ်ကောင်ဘာကြောင့်တုတ်သလဲ

ပျားတုတ်သလိုပဲ နားကျယ်ကောင်တွေကလဲ လူကိုတုပ်တတ်တယ်။ ဒါပေမဲ့အနှောက်အယှက်ဖြစ်စေမှ တုပ်တာပါ။ နားကျယ်ကောင်ပျံလာတာတွေ့ရင်အသာငြိမ်ငြိမ်လေးနေလိုက်ရင် သူ့ဘာသာပျံသွားတယ်။ လူကို မတုပ်ပါဘူး.။ နားကျယ်ကောင်တွေက တခြားပိုးမွားတွေကို တုပ်ပြီး သတ်ဖြတ်တာတော့ရှိတယ်။ တကယ်က နားကျယ်ကောင်တွေဟာပန်းဝတ်ရည်နဲ့ သစ်သီးတွေကိုပဲ စားသုံးအသက် ရှင်တဲ့အမျိူးဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ခြားပိုးကောင်တွေကို သတ်ဖြတ်တာက ပိုးလောက်လန်းတွေကို ကျွေးဖို့ဖြစ်တယ်။ နားကျယ်တစ်ကောင်ဟာ တစ်ခြားပိုးမွားတစ်ကောင်ကိုတုပ်ပြီးသတ်လိုက်တယ်။ ပြီးတော့သူ့အသိုက်ကိုယူလာပြီး အဲဒီပိုးကောင်ကိုညက်ညက်ဝိုင်းလိုက်တဲ့အခါ အရည်ထွက်လာတယ်။အဲဒီအရည်ကို နားကျယ်ကောင်အလောင်းအလျာပိုးလောက် လန်းတွေကိုတိုက်ကျွေးတာဖြစ်ပါတယ်။ နားကျယ်ုကောင်တွေစာခူကောင်ဘောက်ဘတ် လိုပိုးကောင်တွေကို ဖမ်းဆီးတာများတယ်။ဒါပေမဲ့တစ်ချိူ့နားကျယ်ကောင်တွေကပင့်ကူကြီးတွေပါ ဖမ်းပြီးသတ်ပစ်တယ်။ အံဩစရာက နားကျယ်ကောင်ရဲ့ အဆိပ်ဆူးဟာ သူရဲ့ ဥအုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်တဲ့။

နှင်းပေါက်လေးတွေဘယ်လိုဖြစ်လာသလဲ

ဆောင်းတွင်း နံနက် စောစောမှာ ဥယျာဉ်ပန်းခြံလေးတွေထဲက သစ်ရွက်လေးတွေ မြက်ခင်းလေးတွေပေါ်မှာ နှင်းစက် နှင်းပေါက်ကလေးတွေတွေ့ရတတ်ပါတယ်။
သစ်ရွက်လေးတွေပေါ်ကို နှင်းစက်ကလေးတွေ ကျရောက်နေတယ်လို့ပဲ ပြောတတ်ကြတယ်။ နှင်းစက်ကလေးတွေဟာ အပေါ်က ကျလာတယ်လို့ ထင်နေတတ်ကြတယ်။ ဒါပေမဲ့ နှင်းစက်ကလေးတွေဟာ အပေါ်က ကျလာတာ မဟုတ်ဘူးလို့ သိသွားရင် အံဩ သွားကြမယ်ထင်ပါတယ်။

တကယ်တော့ အဲဒီနှင်းစက်ကလေးတွေ သစ်ရွက်ကလေးတွေ မြက်ပင်လေးတွေဆီကဖြစ်ပေါ်လာတာပါ။ အပင်လေးတွေရဲ့ အမြစ်က မြေဆီက ရေဓါတ်ကိုစုတ်ယူပြီး အရွက်တွေအထိ ပို့ပေးတယ်။ သစ်ရွက်ကလေးတွေရဲ့ ချွေးပေါက်ကနေ အဲဒီရေစိမ့်ထွက်ပြီးရေငွေ့ကလေးတွေဖြစ်နေတယ်။ အဲဒီရေခိုးရေငွေ့ကလေးတွေက ပြင်ပက အအေးဓါတ်နဲ့တွေ့တဲ့အခါ ရေစက်ရေပေါက်ကလေးတွေဖြစ်သွားကာ အရွက်ကလေးတွေအပေါ်မှာတွဲလွဲ ခိုနေသလိုဖြစ်နေကြတယ်။ အဲဒါကို နှင်းစက် နှင်းပေါက်ကလေးတွေလို့ ခေါ်တာပါပဲ

အလမ္ပာယ်ဂီတနဲ့ မြွေကသလား

အလမ္ပာယ်ဆရာက ပုလွေမှုတ်ရင် မြွေက ပါးပျဉ်ထောင်ပြီး ဂီတအသံအတိုင်း လိုက်က သလိုတွေ့ရပါတယ်။ ဒါပေမဲ့မြွေက နားကြားတာမဟုတ်ပါဘူး။ဒါကြောင့်ဂီတသံကြားလို့ ကတယ်ဆိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ မြွေဟာတုန်ခါမှုကို အလွန်ခံစားလွယ်တယ်။ ပခြုတ်ခြင်းထဲမှာ ထည့်ထားရင်တောင် မြေကြီးရဲ့ တုန်ခါမှုကို ခံစားတုန့်ပြန်တယ်။

အလမ္ပာယ်ဆရာဟာ ပုလွေကိုမှုတ်နေတဲ့ အချိန်မှာ ပခြုတ်ကိုပုတ်တာ။ မြေကြီးကိုထုရိုက် တာ လုပ်ရင်အဲဒီတုန်ခါမှုအတိုင်း မြွေကတုံ့ပြန်တယ်။ အလမ္ပာယ်ဆရာဟာ မြွေနဲ့ မျက်နှာချင်းဆိုင် ထိုင်ပြီးပုလွေမှုတ်ရင် သူ့ကိုယ်ကိုယိမ်း ထိုးလှုပ်ရှားနေတာကိုတွေ့ရလိမ့်မယ်။မြွေကလဲ အလမ္ပာယ်ဆရာယိမ်းထိုးတဲ့အတိုင်း ပါးပျဉ်ထောင်ပြီး လိုက်လှုပ်နေတာ တွေ့ရပါလိမ့်မယ်။

တကယ်တော့နားမကြားရတဲ့ မြွေဟာ လူလှုပ်ရှားနေတာကိုမျက်စိကို ဟန်ချက်ညီညီ လိုက်ကြည့်တာဖြစ်တယ်။ လူယိမ်းတဲ့ဘက်ကို မြွေက လိုက်ယိမ်းပြီး ကြည့်မှ တည်တည့်မြင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် လူအတော်များထင်နေကြသလို မြွေဟာ ဂီတသံနဲ့ ကတာ လုံးဝမဟုတ်ပါ။ တုန်ခါမှုကို တုံ့ပြန်ခြင်းသာဖြစ်ပါသည်။

Via : Light Thought

Leave a Reply