ဂ်ပန္ျပည္က အရင္လား…ျမန္မာျပည္က အရင္လား…၊ အတူတူဘဲလား…။

Posted on

ေရးသားသူ – ေဌးေဇာ္(အင္း၀)

ငလ်င္ပညာရွင္မ်ားက ျမန္မာျပည္ေရာ ဂ်ပန္ေရာ ငလ်င္ႀကီးေတြ လႈပ္ေတာ့မယ္လို႔ ေျပာေနၾကပါတယ္။

ငလ်င္ဆိုတာ ဘယ္ပညာရွင္မွ လႈပ္မဲ့အခ်ိန္မခန္႔မွန္းႏိုင္ၾကပါ၊ ငလ်င္လႈပ္ၿပီးမွသာ တိုင္းတာလို႔ ရၾကပါတယ္။ သို႔ေသာ္ ပညာရွင္အဆက္ဆက္ရဲ့ သုေတသနမွတ္တမ္းေတြအရ အႏွစ္(၈၀)ကေန အႏွစ္(၁၀၀)အတြင္းမွာ (magnitude ၇အထက္-၈-၉)ေလာက္ရွိတဲ့ ငလ်င္ႀကီးေတြ လႈပ္ခတ္တတ္တယ္လို႔ ပညာရွင္အမ်ားစုက သီအိုရီထုတ္ ခန္႔မွန္းဆုံးျဖတ္ထားၾကပါတယ္။ ေနာက္ပညာရွင္တခ်ဳိ႕က အႏွစ္(၁၀၀ကေန ၁၆၀)အတြင္း တေက်ာ့ျပန္ လႈတ္ခတ္တတ္တယ္လိုု႔ဆိုၾကျပန္တယ္။ ဒီေတာ့ ႏွစ္၁၀၀-ပတ္၀န္းက်င္အတြင္း တေက်ာ့ျပန္ လႈပ္ခတ္မွာေတာ့ ဘယ္သူမွ မျငင္းႏိုင္ၾကပါဘူး။

ဒီေတာ့ ျမန္မာနဲ႔ ဂ်ပန္မွာ လာေတာ့မယ္ေျပာတဲ့ ငလ်င္ႀကီးေတြကို ေလ့လာဖို႔ လိုပါတယ္။ ျမန္မာျပည္မွာ ငလ်င္ႀကီးေတြ ဘယ္ႏွစ္ခုႏွစ္က ဘယ္ေလာက္ျပင္းအားနဲ႔ လႈပ္ခတ္သြားသလဲေလ့လာရင္

၁ ။ ။ ၁၈၃၉ ခု၊ မတ္ ၂၁ နဲ႕ ၂၃ တုန္းက လႈပ္ခဲ့တဲ့ အင္းဝ ငလ်င္။ အင္းဝ၊ အမရပူရနဲ႕ စစ္ကိုင္းတို႕မွာ လူ ၃ဝဝ-၄ဝဝ ေသတယ္။ ၿမိဳ႕႐ိုးျပာသာဒ္နဲ႕ နန္းေတာ္ေဟာင္းေတြၿပိဳတယ္။ ၿမိဳ႕ေထာင့္ေစတီေတြလဲၿပိဳတယ္။ မင္းကြန္းပုထုိးေတာ္ႀကီး ပ်က္ စီးတယ္။ ေနာက္ဆက္တြဲ ငလ်င္ငယ္ေတြ ေျခာက္လ ေလာက္ဆက္လႈပ္ခဲ့သတဲ့။

၂ ။ ။ ၁၉၁၂ ခု၊ ေမ ၂၃ မွာ လႈပ္တဲ့ ေမၿမိဳ႕ငလ်င္။ J.C Brown (၁၉၁၄) က ဒါဟာေက်ာက္ ၾကမ္း ျပတ္ေရြ႕ေၾကာင့္လို႕ေျပာ တယ္။ ရစ္ခ်္တာပမာဏ(၈) ေလာက္ရွိတယ္။ လူေနက်ဲပါး တဲ့ေနရာမွာ လႈပ္ခဲ့တာေၾကာင့္ ပ်က္စီးမႈနည္းတယ္။

၃ ။ ။ ေက်ာက္တန္းျပတ္ေရြ႕ ကလည္း ၈ ဒသမ သုည ရစ္ခ်္တာစေကးရွိတဲ့ ငလ်င္ႀကီးက ၁၉၁၂ ခုႏွစ္က လႈပ္သြားဖူးတယ္။ ျပန္တြက္ရင္ ႏွစ္ ၁ဝဝ ေက်ာ္သြားၿပီ။ ဒါကလည္း တစ္ေက်ာ့ျပန္လႈပ္ဖို႔ နီးလာတယ္။ ဘယ္ျပတ္ ေရြ႕က ဘယ္ေနရာကေန ဘယ္ေလာက္ပမာဏလႈပ္မယ္ ဆုိတာ ႀကိဳတင္ခန္႔မွန္းလို႔မရဘူး။

၄ ။ ။ ၁၉၃ဝ-ေမ ၅ ရက္မွာ လႈပ္ လိုက္တဲ့ ပဲခူးငလ်င္။ ရစ္ခ်္တာပမာဏ ၇.၃ ရွိတယ္။ ပဲခူးၿမိဳ႕ေတာင္ဘက္ မိုင္ ၂ဝ ေလာက္ကို ဗဟိုျပဳတယ္။ လူ ၅ဝဝ ေလာက္ ေသေၾကခဲ့တယ္။ ဒါဟာ စစ္ကိုင္းျပတ္ ေရြ႕ရဲ႕ ႐ုတ္တရက္လႈပ္ရွားမႈ ေၾကာင့္လို႕ဆိုတယ္။

၅ ။ ။ ၁၉၂၉ ခုႏွစ္ကေန ၁၉၃၁ ခုႏွစ္အထိ ငလ်င္ေတြဆက္တုိက္လႈပ္ခဲ့ဖူး တယ္။ လႈပ္တဲ့ပမာဏေတြ ၾကည့္ရင္လည္း ၇ ဒသမ သုည၊ ၇ ဒသမ ၃၊  ၇ ဒသမ ၆ ရစ္ခ်္တာစေကး ရွိတဲ့ငလ်င္ႀကီး ေတြလႈပ္ခဲ့ဖူးတယ္။
အဲဒီတုန္းကလည္း ဘုရားပုထုိးေစတီေတြ ပ်က္စီးခဲ့တယ္။  လူအေသအေပ်ာက္ေတြရွိခဲ့တယ္။

၆ ။ ။ ၁၉၅၆ ခု၊ ဇူလိုင္ ၁၆ ရက္မွာ လႈပ္သြားတဲ့ စစ္ကိုင္းငလ်င္။ ရစ္ခ်္တာျပင္းအား-၇ ရွိ တယ္။ လူ ၅ဝ ေလာက္ေသ ၿပီး စစ္ကိုင္းၿမိဳ႕လဲ ေတာ္ေတာ္ ပ်က္သြားတယ္။

၇ ။ ။ ပုဂံငလ်င္။ ၁၉၇၅ ခု၊ ဇူလိုင္ ၈ ရက္ေန႕မွာ လႈပ္ခဲ့တာ။ ျပင္း အား ၆.၈ ပဲရွိတယ္။ ဒါေပမဲ့ ေရွးေဟာင္းဘုရား ေတာ္ေတာ္မ်ားမ်ား ထိခိုက္ပ်က္စီး သြားတယ္။ လူအေသ အေပ်ာက္မရွိဘူး။

အထက္အညာဘက္ကို ေလ့လာရင္ ၁၈၃၉-ခုႏွစ္ အင္း၀ငလ်င္လႈပ္ၿပီးေနာက္ ၁၉၁၂-ခုႏွစ္ ေမ၂၃ မွာ လႈပ္ခဲ့တဲ့ ေမၿမိဳ႕ငလ်င္ဟာ ရစ္ခ်က္တာပမာဏ(၈)ရွိခဲ့ၿပီး၊ အဲဒီငလ်င္ေနာက္(အႏွစ္၈၀-ျပည္ၿ့ပီးပါၿပီ) (၂၀၀၀-ခုႏွစ္)ေနာက္ပိုင္း (၂ဝဝ၁ ခုႏွစ္ တာေလငလ်င္ ( ၆ဒသမ ၈)၊ ၂၀၀၂-ခုႏွစ္ ေတာင္တြင္းႀကီးငလ်င္(၆ ဒသမ ၈)၊ ၂ဝ၁၂-ခုႏွစ္သပိတ္က်င္းငလ်င္(၆ ဒသမ ၈)၊ ၂၀၁၆ခုႏွစ္ ၾသဂုတ္ ၂၄ ရက္ ညေန ၅ နာရီ ၄ မိနစ္ ၅၅ စကၠန္႔(၆ဒသမ၈)ရွိၾကတဲ့ ငလ်င္အလတ္ေတြ အထက္အညာဘက္မွာ ေလးႀကိမ္လႈပ္ခတ္ခဲ့တဲ့ ငလ်င္ေတြရွိခဲ့တာေၾကာင့္ ငလ်င္ႀကီးႀကီးေတြ မလႈပ္ႏိုင္ေတာ့ဘူးလို႔ တထစ္ခ်သတ္မွတ္လို႔ မရေပမဲ့ နည္းနည္းေတာ့ စိတ္သက္သာရာရသလို ခံစားႏိုင္ပါတယ္။ (ဟိဟိ အတၱနဲ႔ ကုိယ့္ဘက္ကို ေပါ့ေတြးတာ)

ေအာက္ျမန္မာႏိုင္ငံဘက္ကို ေလ့လာရင္ ၁၉၃ဝ-ခုႏွစ္ ေမ ၅ ရက္မွာ စစ္ကိုင္းျပတ္ေရြ႕ကလႈပ္ခတ္ခဲ့တဲ့ ပဲခူးငလ်င္ဟာ ရစ္ခ်္တာပမာဏ ၇.၃ ရွိတယ္။ ပဲခူးငလ်င္ႀကီး လႈပ္ခတ္ၿပီးေနာက္ ႀကီးႀကီးမားမားငလ်င္ႀကီးေတြ တခါမွ မလႈပ္ခတ္ေသးေတာ့ ပညာရွင္ေတြရဲ့ မွတ္တမ္းမ်ားအရ ေအာက္ျမန္မာျပည္က အေတာ္စိုးရိမ္သတိထားရမဲ့ႏွစ္ေတြကို ေရာက္ေနပါၿပီလို႔ ေျပာေနၾကပါတယ္။

ဂ်ပန္မွာလဲ ငလ်င္ပညာရွင္ေတြက တိုက်ဳိေဒသအနီးတ၀ိုက္မွာ ငလ်င္ႀကီးလာေတာ့မယ္လို႔ တြက္ဆထားလို႔ ေဆာင္ရန္ေရွာင္ရန္ေတြကို သတိေပးေနၾကပါတယ္။

ဂ်ပန္ရွိတဲ့ ျမန္မာသံရုံးကလဲ ဂ်ပန္ေရာက္ျမန္မာေတြကို ပူးေပါင္းေဆာင္ရြက္ၾကဖို႔ ႏႈိးေဆာ္ထားပါတယ္။ (ပူးေပါင္းေဆာင္ရြက္ေပးပါရန္ ထပ္မံဖိတ္ေခၚျခင္း

၁။ ဂ်ပန္နိုင္ငံေရာက္ ျမန္မာနိုင္ငံသားမ်ားအား သဘာဝေဘးအႏၲရာယ္မ်ား ၾကဳံေတြ႕ရသည့္အခ်ိန္တြင္ ျမန္မာ သံ႐ုံးအေနျဖင့္ ထိေရာက္စြာ ကူညီေဆာင္ ရြက္ေပးနိုင္ရန္ႏွင့္ ေကာင္စစ္ လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ လည္းေကာင္း၊ ျမန္မာ နိုင္ငံသား မ်ားအက်ိဳး ကာကြယ္ေစာင့္ေရွာက္ ရာတြင္ လည္းေကာင္း ထိေရာက္ လ်င္ျမန္စြာ ကူညီေဆာင္ရြက္ေပး နိုင္ရန္ အတြက္ ရည္ရြယ္ၿပီး ဂ်ပန္ နိုင္ငံေရာက္ ျမန္မာ နိုင္ငံသားမ်ား စာရင္းကို ျမန္မာသံ႐ုံး၊ တိုက်ိဳမွ ျပဳစုလ်က္ရွိပါသည္။)

ဒီေတာ့ ဂ်ပန္က ဘယ္လိုေၾကာင့္လဲ ဂ်ပန္ဆိုတာ ငလ်င္ေက်ာရွိတဲ့ ကြ်န္းေတြမွာ ေနထိုင္ၾကလို႔ ငလ်င္ အငယ္ အလတ္ေတြ လႈပ္ခတ္တာ အထူးအဆန္း မဟုတ္ေတာ့ပါ။ ငလ်င္ႀကီး လႈပ္ခတ္လာရင္ေတာ့ ဘယ္လိုေနမလဲ လြန္ခဲ့တဲ့အႏွစ္တစ္ရာေလာက္ကေန ျပန္ေလ့လာရလွ်င္
September 1, 1923 8.3 ML 1923 Great Kantō earthquake 大正関東地震(関東大震災) Taishō Kantō Jishin (Kantō Daishinsai)လို႔ေျပာတဲ့ ခန္းတိုးပလိပ္နဲ႔ ဟြန္ရႈးပလိပ္တို႔ ပြတ္တိုက္လႈပ္တဲ့ တိုက်ဳိ ယိုကိုဟားမား ခ်ီးဘား ရွီဇူးအိုက ခန္နဂါ၀ေဒသေတြမွာ လူေပါင္း ၁၄၂၈၀၀ဦး ေသဆုံးခဲ့ပါတယ္။

အဲဒီေနာက္ လူ၄၂၈ဦးေသဆုံးတဲ့ တိုးေယားကေဒသမွ လႈပ္တဲ့May 23, 1925 6.8 ML 1925 Kita Tajima earthquake 北但馬地震 Kita Tajima Jishin ငလ်င္။

လူေပါင္း၃၀၂၀ဦးေသဆုံးတဲ့ ကေယာတို(က်ဳိတို) တန္ငိုးေဒသဘက္ လႈပ္ခတ္တဲ့ March 7, 1927 7.6 ML 1927 Kita Tango earthquake 北丹後地震 Kita Tango Jishin ငလ်င္။

လူေပါင္း၂၇၂ဦးေသဆုံးတဲ့ ရွီဇူးအိုကခရိုင္ အိဇူးေဒသမွာ လႈပ္ခတ္တဲ့November 26, 1930 7.3 Ms 1930 North Izu earthquake 1930年北伊豆地震 Sen-kyūhyaku-sanjū-nen Kita-Izu Jishin ငလ်င္။

လူေပါင္း၃၀၀၀ေက်ာ္ ေသဆုံးတဲ့ အေရွ႕ေျမာက္အရပ္ အီ၀တဲ ခမအိရွိေဒသမွာ လႈပ္ခတ္တဲ့ March 2, 1933 8.4 Mw[34] 1933 Sanriku earthquake 昭和三陸地震 Shōwa Sanriku Jishin ငလ်င္။

အဲဒီေနာက္ ၁၉၃၆- ငလ်င္၊ ၁၉၄၃- ၁၀၈၃ဦးေသငလ်င္၊ ၁၉၄၄- ၁၂၂၃ဦးေသငလ်င္၊
၁၉၄၅- ၁၂၈၀ဦးေသ ၁၁၂၆ဦးေပ်ာက္ဆုံးငလ်င္၊ ၁၉၄၆- ၁၃၆၂ဦးေသငလ်င္၊
၁၉၄၈- ၃၇၆၉ဦးေသငလ်င္၊ ၁၉၅၂- ၂၈ဦးေသငလ်င္၊ ၁၉၆၄- ၂၆ဦးေသငလ်င္၊
၁၉၆၈- မဂၢနီက်ဳ႕၇.၅ငလ်င္၊ ၁၉၆၈- magnitude ၈.၂ရွိတဲ့ ၅၂ဦးေသငလ်င္၊
၁၉၇၄- ၂၅ဦးေသငလ်င္၊ ၁၉၇၈- ၂၈ဦးေသငလ်င္၊ ၁၉၈၃- ၁၀၄ဦးေသငလ်င္၊
၁၉၈၄- ၂၉ဦးေသငလ်င္၊ ၁၉၉၃- ၂၀၂ဦးေသငလ်င္၊ ၁၉၉၄- ၃ဦးေသငလ်င္၊

၁၉၉၅ခု ဇႏၷ၀ါရီ၁၇×ရက္ေန႔မနက္၆-နာရီေလာက္မွာ လႈပ္တဲ့ 7.3 Mw Great Hanshin earthquake 兵庫県南部地震(阪神・淡路大震災) Hyōgoken Nanbu Jishin (Hanshin-Awaji Daishinsai) ကိုေဘးမွာ လႈပ္ခတ္တဲ့ ၆၄၃၄ဦးေသဆုံးတဲ့ငလ်င္၊
၁၉၉၈- ျပင္းအား ၈.၃ငလ်င္၊ ၂၀၀၁- ၂ဦးေသငလ်င္၊ ၂၀၀၃- ၁ဦးေသငလ်င္၊
၂၀၀၄- ၄၀ဦးေသငလ်င္၊ ၂၀၀၅- ၁ဦးေသငလ်င္၊
၂၀၀၅- ၂၀၀၆- ၂၀၀၇ႏွစ္ေတြမွာလဲ လူမေသတဲ့ ျပင္းအား ၇-အထက္ေတြ လႈပ္ခဲ့ပပါတယ္။

၂၀၀၇-မွာ ၁ဦးေသတဲ့ ငလ်င္၊ ၂၀၀၇- ၁၁ဦးေသငလ်င္၊ ၂၀၀၈- ၁၂ဦးေသငလ်င္၊
၂၀၀၉- ၁ဦးေသငလ်င္နဲ႔ လူမေသတဲ့ငလ်င္၊
၂၀၁၀-မွာ ၁ဦးေသငလ်င္နဲ႔ လူမေသငလ်င္၊ ၂၀၁၁-မွာ ျပင္းအား၇.၂ရွိတဲ့ငလ်င္နဲ႔
၂၀၁၁-ခုႏွစ္ မတ္လ ၁၁-ရက္ေန႔က လႈပ္ခတ္ခဲ့တဲ့ The 2011 earthquake off the Pacific coast of Tōhoku (東北地方太平洋沖地震 Tōhoku-chihō Taiheiyō Oki Jishin?) was a magnitude 9.0ငလ်င္က ဆူနာမိလိႈင္းေတြတက္လာၿပီး ေသဆုံးသူ ၁၅၈၉၄ဦးစာရင္းကို ရွာေတြၿပီး ရွာမေတြတဲ့လူေတြ အမ်ားအျပားရွိခဲ့တဲ့ ဖူကူးရွီမားငလ်င္၊

၂၀၁၁-ခုႏွစ္အတြင္း လူ၁၀ဦးေသတဲ့ ျပင္းအား ၇အထက္ငလ်င္ ေလးႀကိမ္ လႈပ္ခတ္ခဲ့ပါေသးတယ္။ ၂၀၁၂-မွာ လူ၃ဦးေသငလ်င္နဲ႔ လူမေသငလ်င္၊ ၂၀၁၅-မွာ လူမေသ ၇.၈ငလ်င္၊ ၂၀၁၆- ဧၿပီ ၁၄-ရက္ေန႔မွာ ျပင္းအား ၆.၂ရွိတဲ့ လူ၉ဦးေသ၊ ေနာက္ ဧၿပီ၁၆-ရက္ေန႔မွာ ျပင္းအား ၇.၂ရွိ လူ၄၀ေသတဲ့ ခုမမိုတိုငလ်င္ ႏွစ္ႀကိမ္ လႈပ္ခတ္ခဲ့ပါတယ္။ ဂ်ပန္မွာ ေဒသအမ်ဳိးမ်ဳိး ပလိပ္အမ်ဳိးမ်ဳိးကေန ႏွစ္စဥ္ႏွစ္တိုင္း လႈပ္ခတ္ေနတယ္လို႔ မွတ္ယူလို႔ရပါတယ္။

ငလ်င္လႈပ္ခတ္ရာမွာ ျပင္းအား magnitude- မဂၢနီက်ဳ႕အျပင္ ေျမအနက္ ဘယ္ေလာက္မွာ လႈပ္ခတ္သြားတယ္ဆိုတာ အေရးႀကီးပါတယ္၊ ေျမႀကီးေအာက္ အနက္တိမ္ေလ ျပင္းအားေကာင္းေလပါဘဲ၊ ေျမႀကီးေအာက္ အနက္မ်ားရင္ ျပင္းအားေပ်ာ့သြားပါတယ္။

ဒီေတာ့ ပညာရွင္ေတြ တြက္ခ်က္ထားတဲ့ အႏွစ္(၁၀၀)ပတ္၀န္းက်င္မွာ ငလ်င္ႀကီးေတြ ျပန္ေပၚလာတတ္တယ္ဆိုေတာ့ ၁၉၂၃-ခုႏွစ္ စက္တင္ဘာ တစ္ရက္ေန႔ တိုက်ဳိပတ္၀န္းက်င္မွာ ျပင္းအား၈.၃အဆင့္ရွိ လူေပါင္း၁၄၂၈၀ဦးေသဆုံးေအာင္ လႈပ္ခတ္သြားတဲ့ The Great Kantō earthquake (関東大震災 Kantō daishinsai?) struck the Kantō Plain on the Japanese ငလ်င္ႀကီးမ်ဳိး တိုက်ဳိေဒသတ၀ိုက္မွာ တေက်ာ့ျပန္လာေတာ့မယ္လို႔ သတိေပးေနျခင္း ျဖစ္ပါတယ္။

ျမန္မာျပည္မွာလဲ ျမန္မာျပည္တေလွ်ာက္လုံးမွာ ျဖစ္တည္ေနတဲ့ စစ္ကိုင္းျပတ္ေရြ႕ေၾကာင္းႀကီးကေန ၁၉၃၀-ခုႏွစ္ ပဲခူးငလ်င္ၿပီးေနာက္ တေက်ာ့ျပန္လာႏိုင္လို႔ ပညာရွင္ေတြက တြက္ဆသတိေပးေနၾကပါတယ္။

ကမၻာသူ ကမၻာသားမ်ား ရန္အမ်ဳိးမ်ဳိးနဲ႔ သဘာ၀ေဘးဒဏ္ေတြက ကင္းေ၀းႏိုင္ၾကပါေစ။ ။


ဂျပန်ပြည်က အရင်လား…မြန်မာပြည်က အရင်လား…၊ အတူတူဘဲလား…။ (unicode)

ရေးသားသူ – ဌေးဇော်(အင်း၀)

ငလျင်ပညာရှင်များက မြန်မာပြည်ရော ဂျပန်ရော ငလျင်ကြီးတွေ လှုပ်တော့မယ်လို့ ပြောနေကြပါတယ်။

ငလျင်ဆိုတာ ဘယ်ပညာရှင်မှ လှုပ်မဲ့အချိန်မခန့်မှန်းနိုင်ကြပါ၊ ငလျင်လှုပ်ပြီးမှသာ တိုင်းတာလို့ ရကြပါတယ်။ သို့သော် ပညာရှင်အဆက်ဆက်ရဲ့ သုတေသနမှတ်တမ်းတွေအရ အနှစ်(၈၀)ကနေ အနှစ်(၁၀၀)အတွင်းမှာ (magnitude ၇အထက်-၈-၉)လောက်ရှိတဲ့ ငလျင်ကြီးတွေ လှုပ်ခတ်တတ်တယ်လို့ ပညာရှင်အများစုက သီအိုရီထုတ် ခန့်မှန်းဆုံးဖြတ်ထားကြပါတယ်။ နောက်ပညာရှင်တချို့က အနှစ်(၁၀ဝကနေ ၁၆၀)အတွင်း တကျော့ပြန် လှုတ်ခတ်တတ်တယ်လို့ဆိုကြပြန်တယ်။ ဒီတော့ နှစ်၁၀၀-ပတ်ဝန်းကျင်အတွင်း တကျော့ပြန် လှုပ်ခတ်မှာတော့ ဘယ်သူမှ မငြင်းနိုင်ကြပါဘူး။

ဒီတော့ မြန်မာနဲ့ ဂျပန်မှာ လာတော့မယ်ပြောတဲ့ ငလျင်ကြီးတွေကို လေ့လာဖို့ လိုပါတယ်။ မြန်မာပြည်မှာ ငလျင်ကြီးတွေ ဘယ်နှစ်ခုနှစ်က ဘယ်လောက်ပြင်းအားနဲ့ လှုပ်ခတ်သွားသလဲလေ့လာရင်

၁ ။ ။ ၁၈၃၉ ခု၊ မတ် ၂၁ နဲ့ ၂၃ တုန်းက လှုပ်ခဲ့တဲ့ အင်းဝ ငလျင်။ အင်းဝ၊ အမရပူရနဲ့ စစ်ကိုင်းတို့မှာ လူ ၃ဝဝ-၄ဝဝ သေတယ်။ မြို့ရိုးပြာသာဒ်နဲ့ နန်းတော်ဟောင်းတွေပြိုတယ်။ မြို့ထောင့်စေတီတွေလဲပြိုတယ်။ မင်းကွန်းပုထိုးတော်ကြီး ပျက် စီးတယ်။ နောက်ဆက်တွဲ ငလျင်ငယ်တွေ ခြောက်လ လောက်ဆက်လှုပ်ခဲ့သတဲ့။

၂ ။ ။ ၁၉၁၂ ခု၊ မေ ၂၃ မှာ လှုပ်တဲ့ မေမြို့ငလျင်။ J.C Brown (၁၉၁၄) က ဒါဟာကျောက် ကြမ်း ပြတ်ရွေ့ကြောင့်လို့ပြော တယ်။ ရစ်ခ်ျတာပမာဏ(၈) လောက်ရှိတယ်။ လူနေကျဲပါး တဲ့နေရာမှာ လှုပ်ခဲ့တာကြောင့် ပျက်စီးမှုနည်းတယ်။

၃ ။ ။ ကျောက်တန်းပြတ်ရွေ့ ကလည်း ၈ ဒသမ သုည ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်ကြီးက ၁၉၁၂ ခုနှစ်က လှုပ်သွားဖူးတယ်။ ပြန်တွက်ရင် နှစ် ၁ဝဝ ကျော်သွားပြီ။ ဒါကလည်း တစ်ကျော့ပြန်လှုပ်ဖို့ နီးလာတယ်။ ဘယ်ပြတ် ရွေ့က ဘယ်နေရာကနေ ဘယ်လောက်ပမာဏလှုပ်မယ် ဆိုတာ ကြိုတင်ခန့်မှန်းလို့မရဘူး။

၄ ။ ။ ၁၉၃ဝ-မေ ၅ ရက်မှာ လှုပ် လိုက်တဲ့ ပဲခူးငလျင်။ ရစ်ခ်ျတာပမာဏ ၇.၃ ရှိတယ်။ ပဲခူးမြို့တောင်ဘက် မိုင် ၂ဝ လောက်ကို ဗဟိုပြုတယ်။ လူ ၅ဝဝ လောက် သေကြေခဲ့တယ်။ ဒါဟာ စစ်ကိုင်းပြတ် ရွေ့ရဲ့ ရုတ်တရက်လှုပ်ရှားမှု ကြောင့်လို့ဆိုတယ်။

၅ ။ ။ ၁၉၂၉ ခုနှစ်ကနေ ၁၉၃၁ ခုနှစ်အထိ ငလျင်တွေဆက်တိုက်လှုပ်ခဲ့ဖူး တယ်။ လှုပ်တဲ့ပမာဏတွေ ကြည့်ရင်လည်း ၇ ဒသမ သုည၊ ၇ ဒသမ ၃၊
၇ ဒသမ ၆ ရစ်ခ်ျတာစကေး ရှိတဲ့ငလျင်ကြီး တွေလှုပ်ခဲ့ဖူးတယ်။
အဲဒီတုန်းကလည်း ဘုရားပုထိုးစေတီတွေ ပျက်စီးခဲ့တယ်။
လူအသေအပျောက်တွေရှိခဲ့တယ်။

၆ ။ ။ ၁၉၅၆ ခု၊ ဇူလိုင် ၁၆ ရက်မှာ လှုပ်သွားတဲ့ စစ်ကိုင်းငလျင်။ ရစ်ခ်ျတာပြင်းအား-၇ ရှိ တယ်။ လူ ၅ဝ လောက်သေ ပြီး စစ်ကိုင်းမြို့လဲ တော်တော် ပျက်သွားတယ်။

၇ ။ ။ ပုဂံငလျင်။ ၁၉၇၅ ခု၊ ဇူလိုင် ၈ ရက်နေ့မှာ လှုပ်ခဲ့တာ။ ပြင်း အား ၆.၈ ပဲရှိတယ်။ ဒါပေမဲ့ ရှေးဟောင်းဘုရား တော်တော်များများ ထိခိုက်ပျက်စီး သွားတယ်။ လူအသေ အပျောက်မရှိဘူး။

အထက်အညာဘက်ကို လေ့လာရင် ၁၈၃၉-ခုနှစ် အင်းဝငလျင်လှုပ်ပြီးနောက် ၁၉၁၂-ခုနှစ် မေ၂၃ မှာ လှုပ်ခဲ့တဲ့ မေမြို့ငလျင်ဟာ ရစ်ချက်တာပမာဏ(၈)ရှိခဲ့ပြီး၊ အဲဒီငလျင်နောက်(အနှစ်၈၀-ပြည်ၿ့ပီးပါပြီ) (၂၀၀၀-ခုနှစ်)နောက်ပိုင်း (၂ဝဝ၁ ခုနှစ် တာလေငလျင် ( ၆ဒသမ ၈)၊ ၂၀၀၂-ခုနှစ် တောင်တွင်းကြီးငလျင်(၆ ဒသမ ၈)၊ ၂ဝ၁၂-ခုနှစ်သပိတ်ကျင်းငလျင်(၆ ဒသမ ၈)၊ ၂၀၁၆ခုနှစ် ဩဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၄ မိနစ် ၅၅ စက္ကန့်(၆ဒသမ၈)ရှိကြတဲ့ ငလျင်အလတ်တွေ အထက်အညာဘက်မှာ လေးကြိမ်လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေရှိခဲ့တာကြောင့် ငလျင်ကြီးကြီးတွေ မလှုပ်နိုင်တော့ဘူးလို့ တထစ်ချသတ်မှတ်လို့ မရပေမဲ့ နည်းနည်းတော့ စိတ်သက်သာရာရသလို ခံစားနိုင်ပါတယ်။ (ဟိဟိ အတ္တနဲ့ ကိုယ့်ဘက်ကို ပေါ့တွေးတာ)

အောက်မြန်မာနိုင်ငံဘက်ကို လေ့လာရင် ၁၉၃ဝ-ခုနှစ် မေ ၅ ရက်မှာ စစ်ကိုင်းပြတ်ရွေ့ကလှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင်ဟာ ရစ်ခ်ျတာပမာဏ ၇.၃ ရှိတယ်။ ပဲခူးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ကြီးကြီးမားမားငလျင်ကြီးတွေ တခါမှ မလှုပ်ခတ်သေးတော့ ပညာရှင်တွေရဲ့ မှတ်တမ်းများအရ အောက်မြန်မာပြည်က အတော်စိုးရိမ်သတိထားရမဲ့နှစ်တွေကို ရောက်နေပါပြီလို့ ပြောနေကြပါတယ်။

ဂျပန်မှာလဲ ငလျင်ပညာရှင်တွေက တိုကျိုဒေသအနီးတဝိုက်မှာ ငလျင်ကြီးလာတော့မယ်လို့ တွက်ဆထားလို့ ဆောင်ရန်ရှောင်ရန်တွေကို သတိပေးနေကြပါတယ်။

ဂျပန်ရှိတဲ့ မြန်မာသံရုံးကလဲ ဂျပန်ရောက်မြန်မာတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ နှိုးဆော်ထားပါတယ်။ (ပူးပေါင်းဆောင်ရွက်ပေးပါရန် ထပ်မံဖိတ်ခေါ်ခြင်း

၁။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အချိန်တွင် မြန်မာ သံရုံးအနေဖြင့် ထိရောက်စွာ ကူညီဆောင် ရွက်ပေးနိုင်ရန်နှင့် ကောင်စစ် လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာ နိုင်ငံသား များအကျိုး ကာကွယ်စောင့်ရှောက် ရာတွင် လည်းကောင်း ထိရောက် လျင်မြန်စွာ ကူညီဆောင်ရွက်ပေး နိုင်ရန် အတွက် ရည်ရွယ်ပြီး ဂျပန် နိုင်ငံရောက် မြန်မာ နိုင်ငံသားများ စာရင်းကို မြန်မာသံရုံး၊ တိုကျိုမှ ပြုစုလျက်ရှိပါသည်။)

ဒီတော့ ဂျပန်က ဘယ်လိုကြောင့်လဲ ဂျပန်ဆိုတာ ငလျင်ကျောရှိတဲ့ ကျွန်းတွေမှာ နေထိုင်ကြလို့ ငလျင် အငယ် အလတ်တွေ လှုပ်ခတ်တာ အထူးအဆန်း မဟုတ်တော့ပါ။ ငလျင်ကြီး လှုပ်ခတ်လာရင်တော့ ဘယ်လိုနေမလဲ လွန်ခဲ့တဲ့အနှစ်တစ်ရာလောက်ကနေ ပြန်လေ့လာရလျှင်
September 1, 1923 8.3 ML 1923 Great Kantō earthquake 大正関東地震(関東大震災) Taishō Kantō Jishin (Kantō Daishinsai)လို့ပြောတဲ့ ခန်းတိုးပလိပ်နဲ့ ဟွန်ရှုးပလိပ်တို့ ပွတ်တိုက်လှုပ်တဲ့ တိုကျို ယိုကိုဟားမား ချီးဘား ရှီဇူးအိုက ခန်နဂါ၀ဒေသတွေမှာ လူပေါင်း ၁၄၂၈၀၀ဦး သေဆုံးခဲ့ပါတယ်။

အဲဒီနောက် လူ၄၂၈ဦးသေဆုံးတဲ့ တိုးယေားကဒေသမှ လှုပ်တဲ့May 23, 1925 6.8 ML 1925 Kita Tajima earthquake 北但馬地震 Kita Tajima Jishin ငလျင်။

လူပေါင်း၃၀၂၀ဦးသေဆုံးတဲ့ ကယောတို(ကျိုတို) တန်ငိုးဒေသဘက် လှုပ်ခတ်တဲ့ March 7, 1927 7.6 ML 1927 Kita Tango earthquake 北丹後地震 Kita Tango Jishin ငလျင်။

လူပေါင်း၂၇၂ဦးသေဆုံးတဲ့ ရှီဇူးအိုကခရိုင် အိဇူးဒေသမှာ လှုပ်ခတ်တဲ့November 26, 1930 7.3 Ms 1930 North Izu earthquake 1930年北伊豆地震 Sen-kyūhyaku-sanjū-nen Kita-Izu Jishin ငလျင်။

လူပေါင်း၃၀၀၀ကျော် သေဆုံးတဲ့ အရှေ့မြောက်အရပ် အီဝတဲ ခမအိရှိဒေသမှာ လှုပ်ခတ်တဲ့ March 2, 1933 8.4 Mw[34] 1933 Sanriku earthquake 昭和三陸地震 Shōwa Sanriku Jishin ငလျင်။

အဲဒီနောက် ၁၉၃၆- ငလျင်၊ ၁၉၄၃- ၁၀၈၃ဦးသေငလျင်၊ ၁၉၄၄- ၁၂၂၃ဦးသေငလျင်၊
၁၉၄၅- ၁၂၈၀ဦးသေ ၁၁၂၆ဦးပျောက်ဆုံးငလျင်၊ ၁၉၄၆- ၁၃၆၂ဦးသေငလျင်၊
၁၉၄၈- ၃၇၆၉ဦးသေငလျင်၊ ၁၉၅၂- ၂၈ဦးသေငလျင်၊ ၁၉၆၄- ၂၆ဦးသေငလျင်၊
၁၉၆၈- မဂ္ဂနီကျု့၇.၅ငလျင်၊ ၁၉၆၈- magnitude ၈.၂ရှိတဲ့ ၅၂ဦးသေငလျင်၊
၁၉၇၄- ၂၅ဦးသေငလျင်၊ ၁၉၇၈- ၂၈ဦးသေငလျင်၊ ၁၉၈၃- ၁၀၄ဦးသေငလျင်၊
၁၉၈၄- ၂၉ဦးသေငလျင်၊ ၁၉၉၃- ၂၀၂ဦးသေငလျင်၊ ၁၉၉၄- ၃ဦးသေငလျင်၊

၁၉၉၅ခု ဇန္နဝါရီ၁၇×ရက်နေ့မနက်၆-နာရီလောက်မှာ လှုပ်တဲ့ 7.3 Mw Great Hanshin earthquake 兵庫県南部地震(阪神・淡路大震災) Hyōgoken Nanbu Jishin (Hanshin-Awaji Daishinsai) ကိုဘေးမှာ လှုပ်ခတ်တဲ့ ၆၄၃၄ဦးသေဆုံးတဲ့ငလျင်၊
၁၉၉၈- ပြင်းအား ၈.၃ငလျင်၊ ၂၀၀၁- ၂ဦးသေငလျင်၊ ၂၀၀၃- ၁ဦးသေငလျင်၊
၂၀၀၄- ၄၀ဦးသေငလျင်၊ ၂၀၀၅- ၁ဦးသေငလျင်၊
၂၀၀၅- ၂၀၀၆- ၂၀၀၇နှစ်တွေမှာလဲ လူမသေတဲ့ ပြင်းအား ၇-အထက်တွေ လှုပ်ခဲ့ပပါတယ်။

၂၀၀၇-မှာ ၁ဦးသေတဲ့ ငလျင်၊ ၂၀၀၇- ၁၁ဦးသေငလျင်၊ ၂၀၀၈- ၁၂ဦးသေငလျင်၊
၂၀၀၉- ၁ဦးသေငလျင်နဲ့ လူမသေတဲ့ငလျင်၊
၂၀၁၀-မှာ ၁ဦးသေငလျင်နဲ့ လူမသေငလျင်၊ ၂၀၁၁-မှာ ပြင်းအား၇.၂ရှိတဲ့ငလျင်နဲ့
၂၀၁၁-ခုနှစ် မတ်လ ၁၁-ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ The 2011 earthquake off the Pacific coast of Tōhoku (東北地方太平洋沖地震 Tōhoku-chihō Taiheiyō Oki Jishin?) was a magnitude 9.0ငလျင်က ဆူနာမိလှိုင်းတွေတက်လာပြီး သေဆုံးသူ ၁၅၈၉၄ဦးစာရင်းကို ရှာတွေပြီး ရှာမတွေတဲ့လူတွေ အများအပြားရှိခဲ့တဲ့ ဖူကူးရှီမားငလျင်၊

၂၀၁၁-ခုနှစ်အတွင်း လူ၁၀ဦးသေတဲ့ ပြင်းအား ၇အထက်ငလျင် လေးကြိမ် လှုပ်ခတ်ခဲ့ပါသေးတယ်။ ၂၀၁၂-မှာ လူ၃ဦးသေငလျင်နဲ့ လူမသေငလျင်၊ ၂၀၁၅-မှာ လူမသေ ၇.၈ငလျင်၊ ၂၀၁၆- ဧပြီ ၁၄-ရက်နေ့မှာ ပြင်းအား ၆.၂ရှိတဲ့ လူ၉ဦးသေ၊ နောက် ဧပြီ၁၆-ရက်နေ့မှာ ပြင်းအား ၇.၂ရှိ လူ၄၀သေတဲ့ ခုမမိုတိုငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။ ဂျပန်မှာ ဒေသအမျိုးမျိုး ပလိပ်အမျိုးမျိုးကနေ နှစ်စဉ်နှစ်တိုင်း လှုပ်ခတ်နေတယ်လို့ မှတ်ယူလို့ရပါတယ်။

ငလျင်လှုပ်ခတ်ရာမှာ ပြင်းအား magnitude- မဂ္ဂနီကျု့အပြင် မြေအနက် ဘယ်လောက်မှာ လှုပ်ခတ်သွားတယ်ဆိုတာ အရေးကြီးပါတယ်၊ မြေကြီးအောက် အနက်တိမ်လေ ပြင်းအားကောင်းလေပါဘဲ၊ မြေကြီးအောက် အနက်များရင် ပြင်းအားပျော့သွားပါတယ်။

ဒီတော့ ပညာရှင်တွေ တွက်ချက်ထားတဲ့ အနှစ်(၁၀၀)ပတ်ဝန်းကျင်မှာ ငလျင်ကြီးတွေ ပြန်ပေါ်လာတတ်တယ်ဆိုတော့ ၁၉၂၃-ခုနှစ် စက်တင်ဘာ တစ်ရက်နေ့ တိုကျိုပတ်ဝန်းကျင်မှာ ပြင်းအား၈.၃အဆင့်ရှိ လူပေါင်း၁၄၂၈၀ဦးသေဆုံးအောင် လှုပ်ခတ်သွားတဲ့ The Great Kantō earthquake (関東大震災 Kantō daishinsai?) struck the Kantō Plain on the Japanese ငလျင်ကြီးမျိုး တိုကျိုဒေသတဝိုက်မှာ တကျော့ပြန်လာတော့မယ်လို့ သတိပေးနေခြင်း ဖြစ်ပါတယ်။

မြန်မာပြည်မှာလဲ မြန်မာပြည်တလျှောက်လုံးမှာ ဖြစ်တည်နေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောင်းကြီးကနေ ၁၉၃၀-ခုနှစ် ပဲခူးငလျင်ပြီးနောက် တကျော့ပြန်လာနိုင်လို့ ပညာရှင်တွေက တွက်ဆသတိပေးနေကြပါတယ်။

ကမ္ဘာသူ ကမ္ဘာသားများ ရန်အမျိုးမျိုးနဲ့ သဘာ၀ဘေးဒဏ်တွေက ကင်းဝေးနိုင်ကြပါစေ။ ။

Leave a Reply