ကေမၻာဇသာဒီ ေရႊနန္းေတာ္ႀကီးႏွင့္ ဘုရင့္ေနာင္ေက်ာ္ထင္ေနာ္ရထာ

Posted on


ေရးသားသူ – မိအိႁႏၵာ

ထီးလိႈင္မင္း(ေခၚ) က်န္စစ္သား၊ ဘုရင့္ေနာင္ႏွင့္ အေလာင္းဘုရားတို႔သည္ ဘုရင္မ်ဳိး႐ိုးမဟုတ္ဘဲ မိမိတို႔ ကုိယ္ပိုင္ လက္႐ံုးရည္ႏွလံုး ရည္ႏွင့္ အတူ ျဖစ္တည္ လာေသာ မင္းမ်ားျဖစ္ၾကသည္။

ဆင္ျဖဴငါးစီးပိုင္ေသာ ဘုရင့္ေနာင္ကို ခရစ္ႏွစ္ ၁၅၁၅ ခုႏွစ္ ေမြးဖြားၿပီး ငယ္မည္မွာ ေမာင္ျခ တက္ျဖစ္ သည္။ ေမာင္ျခတက္ဟုေခၚရျခင္းသည္ ထီးလိႈင္ရြာတြင္ေနစဥ္ တစ္ရက္ မိဘႏွစ္ပါး (ေမာင္သိဂၤႏွင့္ မမင္းလွ) ထန္းတက္ရန္ ထန္းေတာထဲသို႔ မဝင္မီ ထန္းပင္ရိပ္တြင္ သားငယ္ကိုသိပ္ထားခဲ့စဥ္ သားငယ္ခႏၶာကိုယ္ေပၚ တြင္ ျခမ်ားတက္ေနသည္ကို ျမင္ရေသာေၾကာင့္ ”ေမာင္ျခတက္”ဟု အမည္တြင္ခဲ့ သည္။

ေမာင္ျခတက္ကိုေမြးဖြားၿပီးေနာက္ မိဘမ်ားသည္ အစာေရစာေပါ မ်ားေသာ ေတာင္တြင္းႀကီးၿမိဳ႕သို႔ ေျပာင္း ေရႊ႕ခဲ့ၾကသည္။ တစ္ရက္တြင္ မိဘမ်ားထန္းတက္စဥ္ ထန္းပင္ရိပ္ေအာက္၌ သားငယ္ ကိုေခ်ာ့ျမဴ သိပ္ထားခဲ့ရာ ေျမြငန္းႀကီးတစ္ေကာင္ေရာက္လာၿပီး သားငယ္ကို ေခြပတ္ ၍ ပါးပ်ဥ္းေထာင္ေနသည္။

ယင္းအျဖစ္ကိုေတြ႕လိုက္ရ ေသာ မိခင္ျဖစ္သူ မမင္းလွသည္ ေၾကာက္အားတႀကီးျဖင့္ ေျမြငန္းႀကီးကိုေမာင္းထုတ္ရာ ေျမြငန္းသည္ ရန္မမူဘဲ ေတာင္ဘက္အရပ္သို႔ ထြက္သြားခဲ့သည္။ ထိုျဖစ္စဥ္ကို ရြာဦးေက်ာင္းရွိဆရာေတာ္သို႔ ေလွ်ာက္တင္ေသာအခါ ”ေျမြသြားရာေတာင္အရပ္သို႔ သြားၾကေလ၊ သင္တို႔ ေကာင္းစားၾကလတၱံ႕”ဟု မိန္႔ခဲ့သည္။

ဆရာေတာ္မိန္႔ၾကားသည့္အတိုင္း ေတာင္ငူသို႔ ေျပာင္းေရႊ႕လာခဲ့ၾကသည္။ ေတာင္ငူတြင္ တပင္ေရႊထီး ဖြားျမင္စ၊ ႏို႔ထိန္းရွာေနစဥ္ မမင္းလွမွ ႏို႔ထိန္းေတာ္ ရာထူးကို ရခဲ့သည္။ တပင္ေရႊထီးႏွင့္ ဘုရင့္ေနာင္သည္ အသက္ရြယ္ သံုးလသာ ကြာသည္။ ဘုရင့္ေနာင္၏ဖခင္ ေမာင္သိဂၤ မွာလည္း တပင္ေရႊထီး ၏အႀကီးေတာ္အရာ ”မင္းရဲသိဂၤသူ” ဟူေသာဘြဲ႕ကို ရခဲ့သည္။

ထို႔ေနာက္ တပင္ေရႊထီးသည္ ဘုရင္ျဖစ္လာခဲ့၍ ေတာင္ငူမွ ဟံသာဝတီသို႔ ေျပာင္းေရႊ႕ စံေသာအခါ မင္းရဲသိဂၤသူအား ေတာင္ငူကိုအပ္၍ ဘုရင္ခံ အျဖစ္ျဖင့္ အုပ္ခ်ဳပ္ေစသည္။ ေမာင္ျခတက္ကိုလည္း ”ရွင္ရဲထြတ္”ဟု ေခၚတြင္သည္။ တပင္ေရႊထီးနတ္ရြာစံ ၿပီးေနာက္ ေနာင္႐ိုးေဖာင္ဖ်က္ တိုက္ပြဲႏွင့္အတူ အထူးထင္ရွားခဲ့ေသာ ဘုရင့္ေနာင္မင္းတရားႀကီးသည္ ဒုတိယ ျမန္မာႏိုင္ငံေတာ္ ကို ေအာင္ျမင္စြာစည္း႐ံုးတည္ေထာင္ ခဲ့သည္။

( မွန္နန္းရာဇဝင္ အစရွိသည့္ ရာဇဝင္က်မ္းမ်ားတြင္ ဘုရင့္ေနာင္သည္ မင္းေဆြမင္းမ်ိဳးျဖစ္သည္ဟု ဆိုၾကေသာ္လည္း မြန္၊ ရခိုင္ႏွင့္ ယိုးဒယား တို႔မွ ရာဇဝင္က်မ္းမ်ားတြင္မူ သာမန္မ်ိဳး႐ိုးမွ ဆင္းသက္သူဟုသာ ျပဆိုၾကသည္။ မည္သို႔ပင္ ျဖစ္ေစ ဘုရင့္ေနာင္သည္ ၁၆ ရာစု အေရွ႕ေတာင္အာရွသမိုင္းတြင္ အေရးပါေသာ ဘုရင္တစ္ဦးအျဖစ္ လက္ခံထားၾကသည္။)

ဘုရင့္ေနာင္သည္ ၁၅၅၁ ခုႏွစ္ ဇန္နဝါရီလတြင္ ေတာင္ငူကိုစတင္သိမ္းပိုက္ၿပီး ၁၅၅၁ ခုႏွစ္ ၾသဂုတ္လတြင္ ျပည္ကို ထပ္မံသိမ္းပိုက္ႏိုင္ခဲ့သည္။ ၿမိဳ႕ကိုသိမ္းၿပီး ေနာက္ ဗုဒၶသာသနာေတာ္ျပန္႔ပြားေရးအတြက္ ဘုရားအို ေက်ာင္းအိုမ်ားကို အသစ္ျပန္လည္တည္ေဆာက္မြမ္းမံ ခဲ့သည္။ မိမိတိုက္ခိုက္သိမ္းပိုက္ခဲ့ေသာ ၿမိဳ႕မ်ားရွိ ၿမိဳ႕စား၊ ေစာ္ဘြားမ်ားကို အသက္စည္းစိမ္မပ်က္ ဆက္လက္ အမႈထမ္းေစခဲ့သည္။ ၁၅၅၂ ခုႏွစ္ မတ္လတြင္ သူ၏ ေနျပည္ေတာ္ေဟာင္းျဖစ္ေသာ ပဲခူး(ဟံသာဝတီ)ကို ျပန္လည္သိမ္းပိုက္ခဲ့သည္။

ထို႔ေနာက္ ရာဇဘိသိက္ ခံယူၿပီးေနာက္ လွပခမ္းနားႀကီးက်ယ္ေသာ ကေမၻာဇသာဒီ နန္းေတာ္ႀကီးကို ၁၅၅၆ ခုႏွစ္ ေအာက္တိုဘာလ ၂၂ ရက္ ေန႔တြင္ တည္ေဆာက္ရန္ တစ္အိမ္တစ္ေယာက္ဆင့္ေခၚ၍ ေၾကညာခဲ့သည္။ ပထမဦးစြာ ညီညာျပန္႔ျပဴးေသာ ေျမသားမ်ားရရွိရင္ ၿမိဳ႕အေရွ႕ဘက္မွ ေတာင္မ်ားကိုစတင္ၿဖိဳခဲ့ၿပီး ၿမိဳ႕အေနာက္ဘက္မွ ခ်ဳိင့္မ်ားကို ေျမသားမ်ား ျပန္လည္ဖို႔ ခဲ့သည္။ ၁၅၅၆ ခုႏွစ္ ႏိုဝင္ဘာလ ၁၆ ရက္ေန႔တြင္ ၿမိဳ႕ ဧရိယာနယ္နိမိတ္သတ္မွတ္ခဲ့ၿပီး အက်ယ္အဝန္းမွာတာ ေပါင္း ၃၄ဝဝ က်ယ္ဝန္းသည္။

ၿမိဳ႕တံခါးမ်ားတည္ေဆာက္ ရန္ ၁၅၅၆ ခုႏွစ္ ႏိုဝင္ဘာလ ၂၉ ရက္ေန႔တြင္ တိုင္မ်ား စိုက္ထူခဲ့သည္။ ၿမိဳ႕တံခါးမ်ားကိုတည္ေဆာက္ေသာ ၿမိဳ႕စား မ်ား၊ ေစာ္ဘြားမ်ားက လိုက္လံႀကီးၾကပ္ခဲ့ရသည္။ ကေမၻာဇသာဒီနန္းေတာ္ႀကီးတြင္ ၿမိဳ႕တံခါးေပါက္ ၂ဝ ရွိ သည္။ အရပ္ေလးမ်က္ႏွာ တစ္ဖက္စီလွ်င္ တံခါးေပါက္ ငါးခုျဖင့္ တည္ေဆာက္ခဲ့သည္။ ထိုတံခါးမ်ား၏ နာမည္မ်ားကို ၿမိဳ႕စားမ်ား၏ အမည္မ်ားေပးခဲ့သည္။

အေရွ႕ဘက္တြင္ (ျပည္)၊ အဝ (အင္းဝ)၊ (ေတာင္ငူ)၊ (လင္းဇင္း)၊ (ဒလ)တံခါး။

အေနာက္ဘက္တြင္ (ဇင္းမယ္)၊ (ကုန္းေဘာင္)၊ (မိုးညႇင္း)၊ (မိုးေကာင္း)၊ (ထားဝယ္) တံခါး။

ေတာင္ဘက္တြင္ (ကေလး)၊ (မိုးႏွဲ)၊ (ေညာင္ေရႊ)၊ (သာယာဝတီ)၊ (သိမ္လီ) တံခါး။

ေျမာက္ဘက္တြင္ (တနသၤာရီ)၊ (ယိုးဒယား)၊ (မုတၱမ)၊ (ပုခန္း)၊ (ပုသိမ္) တံခါး။

ထိုၿမိဳ႕တံခါးနာမည္မ်ားကို ၾကည့္ျခင္းအားျဖင့္ ဘုရင့္ေနာင္အာဏာႏွင့္ အင္ပါယာမည္မွ်ႀကီးမားသည္ကို သိရွိႏိုင္သည္။ ထိုမွ်သာမဟုတ္ ေပၚတူဂီ၊ အီတလီ၊ အိႏၵိယ၊ မေလးရွားႏိုင္ငံမ်ားႏွင့္လည္း သံတမန္ေရးရာရင္းႏွီးမႈမ်ား ရွိခဲ့သည္။ မိမိခ်မ္းသာၾကြယ္ဝေၾကာင္းကို ျပသလိုေသာ ေၾကာင့္ ၿမိဳ႕တံခါးျပာသာဒ္မ်ားကိုပါ ေရႊခ်ထားခဲ့သည္။ ထို႔ေနာက္ ၁၅၆၇ ခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္ေန႔တြင္ က်ဳံးကိုစတင္တူးခဲ့သည္။

ၿမိဳ႕တံခါးမ်ားႏွင့္ က်ံဳးကို တည္ေဆာက္ၿပီးေနာက္ မိမိေနထိုင္ရန္ ေရႊအိမ္ေတာ္ကို တည္ေဆာက္ရန္ သစ္မ်ားကို ၁၅၆၇ ခုႏွစ္ ေမလ ၂၄ ရက္ေန႔တြင္ စတင္ေရြေပၚထိုး အေခ်ာကိုင္ခဲ့သည္။ ထိုနန္းေတာ္တည္ေဆာက္ရာတြင္ အမတ္ႀကီး ဗညားဒလ က တာဝန္ယူႀကီးၾကပ္ခဲ့ရသည္။ နန္းေတာ္ေဆာက္ရန္ သစ္မ်ားကို မွဴးမတ္မ်ားက တစ္ေယာက္လွ်င္ သစ္တစ္လံုး ဆက္သခဲ့ရသည္။ ဇူလိုင္လ ၁၇ ရက္ေန႔တြင္ ေရႊအိမ္ေတာ္ တက္ပြဲက်င္းပခဲ့သည္။ ေရႊအိမ္ေတာ္ တည္ေဆာက္ခ်ိန္မွာ ႏွစ္လတာမွ်သာ ၾကာခဲ့သည္။

မုတၱမမိဖုရား၊ ေတာင္ငူမိဖုရား၊ အဝ(အင္းဝ)မိဖုရား၊ သင္းတြဲ(တေကာင္း) မိဖုရားတို႔မွာ ဘုရင့္ေနာင္၏ တရားဝင္ မိဖုရားမ်ားျဖစ္ၾကသည္။ ဘုရင့္ေနာင္သည္ မိမိ ၏ မိဖုရားမ်ားေနထိုင္ရန္အတြက္ သံုးထပ္အိမ္ေတာ္ေဆာင္ ေဆာက္ေပးခဲ့ပါသည္။

ဘုရင့္ေနာင္သည္ ၁၅၆၇ ခုႏွစ္ ဒီဇင္ဘာလ ၁၉ ရက္ေန႔တြင္ ဆရာေတာ္၊ သံဃာေတာ္မ်ား ပင့္ေဆာင္၍ ရက္လည္သည္အထိ အႏၲရာယ္ကင္းပရိတ္ ရြတ္ဖတ္ေစၿပီး ရက္လည္သည္အထိ စတုဒိသာေကြၽးေမြး ခဲ့သည္။ ၿမိဳ႕တံခါး ၂ဝ ေပၚတြင္လည္း ပရိတ္ရြတ္ဖတ္ေစ ခဲ့သည္။ ၁၅၆၈ ခုႏွစ္ မတ္လ ၁၆ ရက္ေန႔ ဘုရင့္ေနာင္ သည္ ရထားျပာသာဒ္စီးနင္း၍ ေတာင္ဘက္ ဇင္းမယ္ တံခါးမွဝင္၍ အေနာက္ဘက္ကို လွည့္လည္ၾကည့္႐ႈၿပီး နန္းတက္ေတာ္မူခဲ့သည္။

ယင္းရထားေတာ္ႀကီးကို ေက်ာက္သံပတၱျမား ႏွစ္ေသာင္းေက်ာ္ျဖင့္ စီျခယ္ ထားၿပီး ေရႊအျပည့္ခ်ထားေတာ္မူခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ ၿမိဳ႕ကိုလည္း ကေမၻာဇသာဒီဟု သမုတ္ခဲ့သည္။ ေရႊစည္းခံု ဘုရား တြင္ ေၾကးခ်ိန္ပိႆာ ၂၁ဝဝဝ ရွိေသာ ေခါင္းေလာင္း ႀကီးတစ္လံုး သြန္းလုပ္ေစၿပီး မိမိသည္ ဧကရာဇ္ဘုရင္ တစ္ပါးျဖစ္လာေစရန္ မည္သို႔ စြမ္းေဆာင္ခဲ့သည္ကို ပါဠိ၊ မြန္၊ ျမန္မာ ဘာသာျဖင့္ ေခါင္းေလာင္း စာေရးထိုးလွဴဒါန္း ခဲ့သည္။

နန္းေတာ္တည္ေဆာက္ေနစဥ္အတြင္းမွာပင္ ၁၅၆၈- ၁၅၆၉ ခုႏွစ္တြင္ ရန္သူတို႔ပုန္ကန္မႈေၾကာင့္ ယိုးဒယားသုိ႔ မိမိကိုယ္တိုင္သြားေရာက္ တိုက္ခိုက္ရျပန္ၿပီး နယ္စပ္ၿမိဳ႕ေလးမ်ားကို ထပ္မံသိမ္းပိုက္ခဲ့သည္။ ထို႔ေၾကာင့္ ဘုရင့္ေနာင္ သည္ ၁၅၇၁ ခုႏွစ္ ဇြန္လ ၁ ရက္ေန႔မွသာ မင္းေနျပည္ ေတာ္ သို႔ ျပန္လည္ေရာက္ရွိခဲ့သည္။ ၁၅၇၁ ခုႏွစ္ ဒီဇင္ဘာ လ ၄ ရက္ေန႔မွသာလွ်င္ နန္းေတာ္အဂၤါရပ္ႏွင့္ ျပည့္စံု ရန္ ေနာက္ဆံုးက်န္ရွိေသာ လႊတ္ေတာ္ႀကီးကို တည္ေဆာက္ႏိုင္ခဲ့သည္။

၁၅၇၂ ခုႏွစ္ ဇန္နဝါရီ ၁၅ ရက္ေန႔ တြင္ လႊတ္ေတာ္စတင္တက္ႏိုင္ခဲ့သည္။ ကေမၻာဇသာဒီ နန္းေတာ္ႀကီးကို ျပည္တြင္းျပည္ပမၿငိမ္သက္မႈမ်ားၾကား မွ ငါးႏွစ္တာအတြင္း ၿပီးစီးေအာင္ တည္ေဆာက္ႏိုင္ခဲ့သည္။ နန္းသက္ ၃၂ ႏွစ္၊ သက္ေတာ္ ၆၆ ႏွစ္အရြယ္ ၁၅၈၁ ခုႏွစ္တြင္ နတ္ရြာစံခဲ့သည္။

ဘုရင့္ေနာင္ကြယ္လြန္ ၿပီးေနာက္ နႏၵဘုရင္လက္ထက္တြင္ ရခိုင္ႏွင့္ ေတာင္ငူ ပူးေပါင္းတိုက္ျခင္းကိုခံရၿပီး ၁၅၉၉ ခုႏွစ္မွာ မီး႐ႈိ႕ဖ်က္ဆီး ျခင္းကို ခံခဲ့ရသည္။

ယခုအခါ ကြၽႏု္ပ္တို႔ ဒုတိယျမန္မာႏိုင္ငံေတာ္ ဘုရင့္ေနာင္မင္းတရားႀကီး၏ ကေမၻာဇသာဒီ ေရႊနန္းေတာ္ႀကီးကို မ်က္ဝါး ထင္ထင္ ျပန္လည္ျမင္ေတြ႕ႏိုင္ ရန္ ေရွးေဟာင္းသုေတသနဦးစီးဌာနက ၁၉၉ဝ ခုႏွစ္တြင္ စတင္တူးေဖာ္ခဲ့ၿပီး ၁၉၉၂ ခုႏွစ္တြင္ ျပန္လည္တည္ေဆာက္ ႏိုင္ခဲ့သည္။

ယခုခ်ိန္ထိတိုင္ တည္ရွိေနေသာ သစ္လံုးတိုင္မ်ားတြင္ အႏုပညာေျမာက္ လွေသာ ေရွးေခတ္ ပန္းပု အႏုပညာမ်ားကိုေလ့လာႏိုင္သည္။ ရထားျပာသာဒ္ မည္သို႔ တည္ေဆာက္ထား သည္။ လႊတ္ေတာ္ မည္သို႔တက္သည္။ ထို႔ျပင္ နန္းတြင္းေရွး လူတို႔၏ အသံုးအေဆာင္မ်ားကို ထပ္မံေလ့လာႏိုင္ၾကသည္။

ထို႔ေၾကာင့္ ရာဇဝင္ႏွင့္ ဘုရား ေစတီမ်ားေပါၾကြယ္ဝေသာ ျမန္မာတို႔၏ ဒုတိယျမန္မာ ႏိုင္ငံျဖစ္ေသာ ကေမၻာဇသာဒီေရႊနန္းေတာ္တည္ရွိရာ ရန္ကုန္မွ ႏွစ္နာရီမွ်ခရီးရွိသည့္ ပဲခူး(ဟံသာဝတီၿမိဳ႕)ကို အလည္ တစ္ေခါက္ သြားေစလိုေပသည္။

မိအိႁႏၵာ
ဘြဲ႕လြန္ဒီပလိုမာ ျမန္မာ့သမိုင္းႏွင့္ ယဥ္ေက်းမႈ
(ရန္ကုန္တကၠသိုလ္)
ေၾကးမံုသတင္းစာ


ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီးနှင့် ဘုရင့်နောင်ကျော်ထင်နော်ရထာ (unicode)

ရေးသားသူ – မိအိန္ဒြာ

ထီးလှိုင်မင်း(ခေါ်) ကျန်စစ်သား၊ ဘုရင့်နောင်နှင့် အလောင်းဘုရားတို့သည် ဘုရင်မျိုးရိုးမဟုတ်ဘဲ မိမိတို့ ကိုယ်ပိုင် လက်ရုံးရည်နှလုံး ရည်နှင့် အတူ ဖြစ်တည် လာသော မင်းများဖြစ်ကြသည်။

ဆင်ဖြူငါးစီးပိုင်သော ဘုရင့်နောင်ကို ခရစ်နှစ် ၁၅၁၅ ခုနှစ် မွေးဖွားပြီး ငယ်မည်မှာ မောင်ခြ တက်ဖြစ် သည်။ မောင်ခြတက်ဟုခေါ်ရခြင်းသည် ထီးလှိုင်ရွာတွင်နေစဉ် တစ်ရက် မိဘနှစ်ပါး (မောင်သိင်္ဂနှင့် မမင်းလှ) ထန်းတက်ရန် ထန်းတောထဲသို့ မဝင်မီ ထန်းပင်ရိပ်တွင် သားငယ်ကိုသိပ်ထားခဲ့စဉ် သားငယ်ခန္ဓာကိုယ်ပေါ် တွင် ခြများတက်နေသည်ကို မြင်ရသောကြောင့် ”မောင်ခြတက်”ဟု အမည်တွင်ခဲ့ သည်။

မောင်ခြတက်ကိုမွေးဖွားပြီးနောက် မိဘများသည် အစာရေစာပေါ များသော တောင်တွင်းကြီးမြို့သို့ ပြောင်း ရွှေ့ခဲ့ကြသည်။ တစ်ရက်တွင် မိဘများထန်းတက်စဉ် ထန်းပင်ရိပ်အောက်၌ သားငယ် ကိုချော့မြူ သိပ်ထားခဲ့ရာ မြွေငန်းကြီးတစ်ကောင်ရောက်လာပြီး သားငယ်ကို ခွေပတ် ၍ ပါးပျဉ်းထောင်နေသည်။

ယင်းအဖြစ်ကိုတွေ့လိုက်ရ သော မိခင်ဖြစ်သူ မမင်းလှသည် ကြောက်အားတကြီးဖြင့် မြွေငန်းကြီးကိုမောင်းထုတ်ရာ မြွေငန်းသည် ရန်မမူဘဲ တောင်ဘက်အရပ်သို့ ထွက်သွားခဲ့သည်။ ထိုဖြစ်စဉ်ကို ရွာဦးကျောင်းရှိဆရာတော်သို့ လျှောက်တင်သောအခါ ”မြွေသွားရာတောင်အရပ်သို့ သွားကြလေ၊ သင်တို့ ကောင်းစားကြလတ္တံ့”ဟု မိန့်ခဲ့သည်။

ဆရာတော်မိန့်ကြားသည့်အတိုင်း တောင်ငူသို့ ပြောင်းရွှေ့လာခဲ့ကြသည်။ တောင်ငူတွင် တပင်ရွှေထီး ဖွားမြင်စ၊ နို့ထိန်းရှာနေစဉ် မမင်းလှမှ နို့ထိန်းတော် ရာထူးကို ရခဲ့သည်။ တပင်ရွှေထီးနှင့် ဘုရင့်နောင်သည် အသက်ရွယ် သုံးလသာ ကွာသည်။ ဘုရင့်နောင်၏ဖခင် မောင်သိင်္ဂ မှာလည်း တပင်ရွှေထီး ၏အကြီးတော်အရာ ”မင်းရဲသိင်္ဂသူ” ဟူသောဘွဲ့ကို ရခဲ့သည်။

ထို့နောက် တပင်ရွှေထီးသည် ဘုရင်ဖြစ်လာခဲ့၍ တောင်ငူမှ ဟံသာဝတီသို့ ပြောင်းရွှေ့ စံသောအခါ မင်းရဲသိင်္ဂသူအား တောင်ငူကိုအပ်၍ ဘုရင်ခံ အဖြစ်ဖြင့် အုပ်ချုပ်စေသည်။ မောင်ခြတက်ကိုလည်း ”ရှင်ရဲထွတ်”ဟု ခေါ်တွင်သည်။ တပင်ရွှေထီးနတ်ရွာစံ ပြီးနောက် နောင်ရိုးဖောင်ဖျက် တိုက်ပွဲနှင့်အတူ အထူးထင်ရှားခဲ့သော ဘုရင့်နောင်မင်းတရားကြီးသည် ဒုတိယ မြန်မာနိုင်ငံတော် ကို အောင်မြင်စွာစည်းရုံးတည်ထောင် ခဲ့သည်။

( မှန်နန်းရာဇဝင် အစရှိသည့် ရာဇဝင်ကျမ်းများတွင် ဘုရင့်နောင်သည် မင်းဆွေမင်းမျိုးဖြစ်သည်ဟု ဆိုကြသော်လည်း မွန်၊ ရခိုင်နှင့် ယိုးဒယား တို့မှ ရာဇဝင်ကျမ်းများတွင်မူ သာမန်မျိုးရိုးမှ ဆင်းသက်သူဟုသာ ပြဆိုကြသည်။ မည်သို့ပင် ဖြစ်စေ ဘုရင့်နောင်သည် ၁၆ ရာစု အရှေ့တောင်အာရှသမိုင်းတွင် အရေးပါသော ဘုရင်တစ်ဦးအဖြစ် လက်ခံထားကြသည်။)

ဘုရင့်နောင်သည် ၁၅၅၁ ခုနှစ် ဇန်နဝါရီလတွင် တောင်ငူကိုစတင်သိမ်းပိုက်ပြီး ၁၅၅၁ ခုနှစ် ဩဂုတ်လတွင် ပြည်ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။ မြို့ကိုသိမ်းပြီး နောက် ဗုဒ္ဓသာသနာတော်ပြန့်ပွားရေးအတွက် ဘုရားအို ကျောင်းအိုများကို အသစ်ပြန်လည်တည်ဆောက်မွမ်းမံ ခဲ့သည်။ မိမိတိုက်ခိုက်သိမ်းပိုက်ခဲ့သော မြို့များရှိ မြို့စား၊ စော်ဘွားများကို အသက်စည်းစိမ်မပျက် ဆက်လက် အမှုထမ်းစေခဲ့သည်။ ၁၅၅၂ ခုနှစ် မတ်လတွင် သူ၏ နေပြည်တော်ဟောင်းဖြစ်သော ပဲခူး(ဟံသာဝတီ)ကို ပြန်လည်သိမ်းပိုက်ခဲ့သည်။

ထို့နောက် ရာဇဘိသိက် ခံယူပြီးနောက် လှပခမ်းနားကြီးကျယ်သော ကမ္ဘောဇသာဒီ နန်းတော်ကြီးကို ၁၅၅၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက် နေ့တွင် တည်ဆောက်ရန် တစ်အိမ်တစ်ယောက်ဆင့်ခေါ်၍ ကြေညာခဲ့သည်။ ပထမဦးစွာ ညီညာပြန့်ပြူးသော မြေသားများရရှိရင် မြို့အရှေ့ဘက်မှ တောင်များကိုစတင်ဖြိုခဲ့ပြီး မြို့အနောက်ဘက်မှ ချိုင့်များကို မြေသားများ ပြန်လည်ဖို့ ခဲ့သည်။ ၁၅၅၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မြို့ ဧရိယာနယ်နိမိတ်သတ်မှတ်ခဲ့ပြီး အကျယ်အဝန်းမှာတာ ပေါင်း ၃၄ဝဝ ကျယ်ဝန်းသည်။

မြို့တံခါးများတည်ဆောက် ရန် ၁၅၅၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တိုင်များ စိုက်ထူခဲ့သည်။ မြို့တံခါးများကိုတည်ဆောက်သော မြို့စား များ၊ စော်ဘွားများက လိုက်လံကြီးကြပ်ခဲ့ရသည်။ ကမ္ဘောဇသာဒီနန်းတော်ကြီးတွင် မြို့တံခါးပေါက် ၂ဝ ရှိ သည်။ အရပ်လေးမျက်နှာ တစ်ဖက်စီလျှင် တံခါးပေါက် ငါးခုဖြင့် တည်ဆောက်ခဲ့သည်။ ထိုတံခါးများ၏ နာမည်များကို မြို့စားများ၏ အမည်များပေးခဲ့သည်။

အရှေ့ဘက်တွင် (ပြည်)၊ အဝ (အင်းဝ)၊ (တောင်ငူ)၊ (လင်းဇင်း)၊ (ဒလ)တံခါး။

အနောက်ဘက်တွင် (ဇင်းမယ်)၊ (ကုန်းဘောင်)၊ (မိုးညှင်း)၊ (မိုးကောင်း)၊ (ထားဝယ်) တံခါး။

တောင်ဘက်တွင် (ကလေး)၊ (မိုးနှဲ)၊ (ညောင်ရွှေ)၊ (သာယာဝတီ)၊ (သိမ်လီ) တံခါး။

မြောက်ဘက်တွင် (တနင်္သာရီ)၊ (ယိုးဒယား)၊ (မုတ္တမ)၊ (ပုခန်း)၊ (ပုသိမ်) တံခါး။

ထိုမြို့တံခါးနာမည်များကို ကြည့်ခြင်းအားဖြင့် ဘုရင့်နောင်အာဏာနှင့် အင်ပါယာမည်မျှကြီးမားသည်ကို သိရှိနိုင်သည်။ ထိုမျှသာမဟုတ် ပေါ်တူဂီ၊ အီတလီ၊ အိန္ဒိယ၊ မလေးရှားနိုင်ငံများနှင့်လည်း သံတမန်ရေးရာရင်းနှီးမှုများ ရှိခဲ့သည်။ မိမိချမ်းသာကြွယ်ဝကြောင်းကို ပြသလိုသော ကြောင့် မြို့တံခါးပြာသာဒ်များကိုပါ ရွှေချထားခဲ့သည်။ ထို့နောက် ၁၅၆၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျုံးကိုစတင်တူးခဲ့သည်။

မြို့တံခါးများနှင့် ကျုံးကို တည်ဆောက်ပြီးနောက် မိမိနေထိုင်ရန် ရွှေအိမ်တော်ကို တည်ဆောက်ရန် သစ်များကို ၁၅၆၇ ခုနှစ် မေလ ၂၄ ရက်နေ့တွင် စတင်ရွေပေါ်ထိုး အချောကိုင်ခဲ့သည်။ ထိုနန်းတော်တည်ဆောက်ရာတွင် အမတ်ကြီး ဗညားဒလ က တာဝန်ယူကြီးကြပ်ခဲ့ရသည်။ နန်းတော်ဆောက်ရန် သစ်များကို မှူးမတ်များက တစ်ယောက်လျှင် သစ်တစ်လုံး ဆက်သခဲ့ရသည်။ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရွှေအိမ်တော် တက်ပွဲကျင်းပခဲ့သည်။ ရွှေအိမ်တော် တည်ဆောက်ချိန်မှာ နှစ်လတာမျှသာ ကြာခဲ့သည်။

မုတ္တမမိဖုရား၊ တောင်ငူမိဖုရား၊ အဝ(အင်းဝ)မိဖုရား၊ သင်းတွဲ(တကောင်း) မိဖုရားတို့မှာ ဘုရင့်နောင်၏ တရားဝင် မိဖုရားများဖြစ်ကြသည်။ ဘုရင့်နောင်သည် မိမိ ၏ မိဖုရားများနေထိုင်ရန်အတွက် သုံးထပ်အိမ်တော်ဆောင် ဆောက်ပေးခဲ့ပါသည်။

ဘုရင့်နောင်သည် ၁၅၆၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဆရာတော်၊ သံဃာတော်များ ပင့်ဆောင်၍ ရက်လည်သည်အထိ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်စေပြီး ရက်လည်သည်အထိ စတုဒိသာကျွေးမွေး ခဲ့သည်။ မြို့တံခါး ၂ဝ ပေါ်တွင်လည်း ပရိတ်ရွတ်ဖတ်စေ ခဲ့သည်။ ၁၅၆၈ ခုနှစ် မတ်လ ၁၆ ရက်နေ့ ဘုရင့်နောင် သည် ရထားပြာသာဒ်စီးနင်း၍ တောင်ဘက် ဇင်းမယ် တံခါးမှဝင်၍ အနောက်ဘက်ကို လှည့်လည်ကြည့်ရှုပြီး နန်းတက်တော်မူခဲ့သည်။

ယင်းရထားတော်ကြီးကို ကျောက်သံပတ္တမြား နှစ်သောင်းကျော်ဖြင့် စီခြယ် ထားပြီး ရွှေအပြည့်ချထားတော်မူခဲ့သည်။ တစ်ချိန်တည်းမှာပင် မြို့ကိုလည်း ကမ္ဘောဇသာဒီဟု သမုတ်ခဲ့သည်။ ရွှေစည်းခုံ ဘုရား တွင် ကြေးချိန်ပိဿာ ၂၁ဝဝဝ ရှိသော ခေါင်းလောင်း ကြီးတစ်လုံး သွန်းလုပ်စေပြီး မိမိသည် ဧကရာဇ်ဘုရင် တစ်ပါးဖြစ်လာစေရန် မည်သို့ စွမ်းဆောင်ခဲ့သည်ကို ပါဠိ၊ မွန်၊ မြန်မာ ဘာသာဖြင့် ခေါင်းလောင်း စာရေးထိုးလှူဒါန်း ခဲ့သည်။

နန်းတော်တည်ဆောက်နေစဉ်အတွင်းမှာပင် ၁၅၆၈- ၁၅၆၉ ခုနှစ်တွင် ရန်သူတို့ပုန်ကန်မှုကြောင့် ယိုးဒယားသို့ မိမိကိုယ်တိုင်သွားရောက် တိုက်ခိုက်ရပြန်ပြီး နယ်စပ်မြို့လေးများကို ထပ်မံသိမ်းပိုက်ခဲ့သည်။ ထို့ကြောင့် ဘုရင့်နောင် သည် ၁၅၇၁ ခုနှစ် ဇွန်လ ၁ ရက်နေ့မှသာ မင်းနေပြည် တော် သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ၁၅၇၁ ခုနှစ် ဒီဇင်ဘာ လ ၄ ရက်နေ့မှသာလျှင် နန်းတော်အင်္ဂါရပ်နှင့် ပြည့်စုံ ရန် နောက်ဆုံးကျန်ရှိသော လွှတ်တော်ကြီးကို တည်ဆောက်နိုင်ခဲ့သည်။

၁၅၇၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့ တွင် လွှတ်တော်စတင်တက်နိုင်ခဲ့သည်။ ကမ္ဘောဇသာဒီ နန်းတော်ကြီးကို ပြည်တွင်းပြည်ပမငြိမ်သက်မှုများကြား မှ ငါးနှစ်တာအတွင်း ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့သည်။ နန်းသက် ၃၂ နှစ်၊ သက်တော် ၆၆ နှစ်အရွယ် ၁၅၈၁ ခုနှစ်တွင် နတ်ရွာစံခဲ့သည်။

ဘုရင့်နောင်ကွယ်လွန် ပြီးနောက် နန္ဒဘုရင်လက်ထက်တွင် ရခိုင်နှင့် တောင်ငူ ပူးပေါင်းတိုက်ခြင်းကိုခံရပြီး ၁၅၉၉ ခုနှစ်မှာ မီးရှို့ဖျက်ဆီး ခြင်းကို ခံခဲ့ရသည်။

ယခုအခါ ကျွန်ုပ်တို့ ဒုတိယမြန်မာနိုင်ငံတော် ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီးကို မျက်ဝါး ထင်ထင် ပြန်လည်မြင်တွေ့နိုင် ရန် ရှေးဟောင်းသုတေသနဦးစီးဌာနက ၁၉၉ဝ ခုနှစ်တွင် စတင်တူးဖော်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပြန်လည်တည်ဆောက် နိုင်ခဲ့သည်။

ယခုချိန်ထိတိုင် တည်ရှိနေသော သစ်လုံးတိုင်များတွင် အနုပညာမြောက် လှသော ရှေးခေတ် ပန်းပု အနုပညာများကိုလေ့လာနိုင်သည်။ ရထားပြာသာဒ် မည်သို့ တည်ဆောက်ထား သည်။ လွှတ်တော် မည်သို့တက်သည်။ ထို့ပြင် နန်းတွင်းရှေး လူတို့၏ အသုံးအဆောင်များကို ထပ်မံလေ့လာနိုင်ကြသည်။

ထို့ကြောင့် ရာဇဝင်နှင့် ဘုရား စေတီများပေါကြွယ်ဝသော မြန်မာတို့၏ ဒုတိယမြန်မာ နိုင်ငံဖြစ်သော ကမ္ဘောဇသာဒီရွှေနန်းတော်တည်ရှိရာ ရန်ကုန်မှ နှစ်နာရီမျှခရီးရှိသည့် ပဲခူး(ဟံသာဝတီမြို့)ကို အလည် တစ်ခေါက် သွားစေလိုပေသည်။

မိအိန္ဒြာ
ဘွဲ့လွန်ဒီပလိုမာ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှု
(ရန်ကုန်တက္ကသိုလ်)
ကြေးမုံသတင်းစာ

Leave a Reply