ျပတ္သားလွတဲ့ အေလာင္းမင္းတရား၏ မိဖုရားေခါင္ႀကီး ႏွင့္ ရွင္ဘုရင္ မျဖစ္ခဲ့ၾကတဲ့ သားေတာ္မ်ား

Posted on

ဦးေအာင္ေဇယ်ႏွင့္ မယ္ယြန္းစံသည္ ရြာသူႀကီးဘ၀ ကတည္းက မရွိအတူရွိအတူ လက္တြဲ၍ ဘဝကို ႐ုန္းကန္ ခဲ့ၾကေသာ ငယ္လင္ ငယ္မယားျဖစ္၏။ ဦးေအာင္ေဇယ်သည္ မင္းေလာင္း အျဖစ္ ေက်ာ္ၾကားၿပီး စစ္သည္ ရဲမက္မ်ား စုေဆာင္းေနေသာ အခ်ိန္ျဖစ္၏။

ေနာင္တြင္ အင္းဝကို သိမ္းပိုက္ႏုိင္ရန္ လူေထာက္လႊတ္ျခင္း၊ ကိုယ္တုိင္သြား၍ စံုစမ္းျခင္းျပဳေလ့ရွိ၏။ ထိုသို႔ ခရီးထြက္ရင္း စစ္ကိုင္းၿမိဳ႕တြင္မယားငယ္ တစ္ေယာက္ ရွိခဲ့ၿပီး ေနာင္ေသာအခါ မိဖုရားငယ္ တစ္ဦးျဖစ္လာ၏။

တစ္ႀကိမ္တြင္ စစ္ကိုင္းသို႔ ထြက္ခါနီး၌ မယ္ယြန္းစံက သူ႔အတြက္ ပိုးခါးစည္းႀကိဳး တစ္ေခ်ာင္း ဝယ္ယူ ခဲ့ရန္ မွာၾကားလိုက္၏။ အင္းဝသို႔ ကူး၍ ဝယ္မည္ျပဳေသာ အခါ မယားငယ္ကလည္း သူ႔အတြက္ တစ္ေခ်ာင္းမွာ၏။ ပိုးခါးစည္းႀကိဳးမွာ ရွားပါးခိုက္ျဖစ္၍ တစ္ေခ်ာင္းသာ ရရွိၿပီး ခ်ည္ခါးစည္းႀကိဳး တစ္ေခ်ာင္းႏွင့္ ႏွစ္ေခ်ာင္းဝယ္ခဲ့၏။

မယားငယ္က ပိုးခါးစည္းႀကိဳးကို ဦးစြာ ယူလုိက္၏။ ျပန္ေတာင္းယူ၍ မရေတာ့ဘဲ မုဆိုးဖိုသို႔ ျပန္ခဲ့၏။ မယ္ယြန္းစံက သူမွာေသာ ပိုးခါးစည္းႀကိဳး ရခဲ့သေလာဟုေမးရာ ဦးေအာင္ေဇယ်က ခ်ည္ခါးစည္း ႀကိဳးသာရသည္ဟု ထုတ္ေပး၏။

ထိုအခါ မယ္ယြန္းစံက အလြန္တိက်ေသာ မိန္းမပီပီ ‘‘ပိုးႀကိဳးမွာသည္ကို ခ်ည္ႀကိဳး ဝယ္ခဲ့ေလသည္။ က်ဳပ္ကို ခါးစည္းႀကိဳး တစ္ေခ်ာင္းမွ် မၾကည္ျဖဴၿပီေလာ’’ ဟု ဆုိ၏။

ဦးေအာင္ေဇယ်က သူသည္ ပိုးခါးစည္းႀကိဳး တစ္ေခ်ာင္းသာရၿပီး ၎တည္းခိုရာမွ ေဒသခံ မိန္းမတစ္ဦး ကလည္းမွာ၍ ေပးခဲ့ မိေၾကာင္း ေျပာဆုိရာ မယ္ယြန္းစံက ‘‘ကိုေအာင္ေဇယ် ရွင္သည္ သူလိုငါလို ဆင္းရဲသား ဘဝမွာပင္ ရွင့္အလို အတုိင္းျပဳမူ၏။ ေနာင္အထြတ္ အထိပ္သို႔ေရာက္ေသာ္ ဆုိဖြယ္ရာ ရွိအံ့နည္း။ ယေန႔မွ စ၍ ရွင္အရိပ္ကို ကြၽန္မ မခိုလႈႈံ’’ ဟု ျပတ္ျပတ္ သားသား ဆံုးျဖတ္ၿပီး သမီးမ်ားႏွင့္ ေဆြမ်ိဳးမ်ား ရွိရာ စည္ပုတၱရာၿမိဳ႕သို႔သြားေရာက္ကာ လယ္ယာလုပ္ငန္း လုပ္ကိုင္ စားေသာက္ေန၏။

ဦးေအာင္ေဇယ်သည္ ဘုရင္ျဖစ္ေသာအခါ မယ္ယြန္းစံကို ေဝါယာဥ္ႏွင့္ ပင့္ေခၚေစ၏။ မယ္ယြန္းစံကမလိုက္ သမီးေတာ္မ်ားကိုသာ ထည့္လိုက္၏။ ဦးေအာင္ေဇယ်အ ခက္ႀကံဳေန၏။

Photo : Kaung Lay
Photo : Kaung Lay

ထိုအခါ ဉာဏ္နီဉာဏ္နက္ထုတ္ၿပီး မယ္ယြန္းစံေနထိုင္ရာ စည္ပုတၱရာကို အျခားေသာ ၿမိဳ႕မ်ားထက္ အခြန္ဘ႑ာေငြတိုး၍ ေကာက္၏။ စည္ပုတၱရာ ျပည္သူတုိ႔ ဒုကၡအႀကီး အက်ယ္ ေရာက္ၿပီး မယ္ယြန္းစံအား စိတ္ေလွ်ာ့၍ ဦးေအာင္ေဇယ်ထံသြားရန္ အႀကိမ္ႀကိမ္တိုက္တြန္းၾကရ၏။

ဦးေအာင္ေဇယ်က ၿငိမ္ၿပီး ေစာင့္ေန၏။ မယ္ယြန္းစံသည္ ဦးေအာင္ေဇယ်ႀကိဳက္တတ္ေသာ မုန္႔ဆန္းကေလးမ်ားထုပ္၍ နန္းေတာ္သို႔ ေရာက္လာ၏။ ဦးေအာင္ေဇယ်က အလြန္ေပ်ာ္သြားၿပီး ‘‘ငါ့မိန္းမသည္ မုန္႔ဆန္းကို လက္ေဆာင္ျပဳၿပီး ေျမာက္နန္းကို လုရန္လာသည္ထင္၏’’ဟု ေထ့၏။

မယ္ယြန္းစံက ‘‘ကိုေအာင္ေဇယ် ရွင္၏ေျမာက္နန္းကို ရည္မွန္း၍ က်ဳပ္လာသည္မဟုတ္၊ စည္ပုတၱရာမွာ အခြန္မ်ားလြန္း၍ ျပည္သူတို႔ဆင္းရဲကုန္ၿပီ။ ဘုရင္ျဖစ္မွ မင္းက်င့္တရားကို ေမ့ေလ်ာ့ေနလွ်င္ ကဲ့ရဲ႕ဖြယ္ျဖစ္ေနၿပီ’’ဟု ညီလာခံ၌ပင္ ခပ္ျပတ္ျပတ္ေလွ်ာက္ထား၏။ ငယ္လင္ငယ္မယားမုိ႔ ဘုရင္ျဖစ္လည္း လံုးဝမေၾကာက္၊ မိဘုရားေခါင္ႀကီးအျဖစ္ နန္းစံေရး ကိုလည္း လံုးဝမက္ေမာမႈမရွိေသာ မယ္ယြန္းစံ၏ စိတ္ဓာတ္ကို အလြန္ခ်ီးက်ဴးမိ၏။

သာမန္အမ်ိဳးသမီးတစ္ဦးဆုိပါက လင္ျဖစ္သူ ရွင္ဘုရင္ႀကီးျဖစ္ၿပီဆုိလွ်င္ ဣေႁႏၵသိကၡာမရွိ အေခၚဆင့္သည္ကို မေစာင့္ဆုိင္းဘဲ ‘‘ကြၽန္မမွားပါတယ္ ကိုကိုေအာင္ေဇယ်ရယ္’’ဟု
ေျပာၿပီး နန္းေတာ္သို႔ ေျပးဝင္မွာ ေသခ်ာ၏။ မယ္ယြန္းစံကား လင္၏အမွားကို ျပတ္ျပတ္သားသား ေဝဖန္ရဲေသာ သတၱိရွိ၏။ ဦးေအာင္ေဇယ်အား ျပည္သူတုိ႔အေပၚ အခြန္ပိုမို မေကာက္ရန္အတြက္ အမိန္႔စာထုတ္ေပးရန္ ရဲရဲဝံ့ဝံ့ထပ္မံ ေတာင္းဆို၏။

အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ်သည္ အေလွ်ာ့ေပးလိုက္ရေလေတာ့၏။ ပိုးခါးစည္းႀကိဳးကို မယားငယ္အား ေပးလိုက္မိသည့္ တတိယျမန္မာ ႏုိင္ငံေတာ္တည္ေထာင္သူ သူရဲေကာင္းႀကီး အေလာင္းဘုရားသည္ သူ႔လိပ္ျပာသူမလံုဘဲ ရဲရဲေတာက္မယ္ယြန္းစံကို အေလွ်ာ့ေပးခဲ့ရသည့္ျဖစ္စဥ္က ျမန္မာအမ်ိဳးသမီးတုိ႔၏ လင္ေသာ၊ ဘုရင္ေသာ နားမလည္ မဟုတ္မခံေသာ သတၱိကုိပါ အထင္အရွားျပသလ်က္ ရွိေပသည္။

ျမန္မာရာဇဝင္တြင္ ဆံုးျဖတ္ခ်က္ျပတ္သားေသာ ျမန္မာအမ်ိဳးသမီးမ်ားစြာရွိသည့္အထဲမွ လူသိနည္းမည္ထင္ေသာ ဂႏၴဝင္ပံုရိပ္အခ်ိဳ႕ကို ေကာက္ႏုတ္တင္ျပျခင္း ျဖစ္ပါသည္။

ျမင့္မိုရ္ေဆြ
(တခ်ဳိ႔ေနရာမ်ားတြင္ မိဖုရားေခါင္ႀကီး၏ နာမည္ကို မယ္ယြန္းစံ ဟု မသုံးပဲ ခင္ယြန္းစံ ဟု သုံးသည္ကုိေတြ႔ရသည္)

ရွင္ဘုရင္ မျဖစ္ခဲ့ၾကတဲ့ အေလာင္းမင္းတရား၏ သားေတာ္မ်ား

အေလာင္းမင္းတရားႀကီးနဲ႔ မိဖုရားေခါင္ႀကီး ခင္ယြန္းစံ တို႔မွာ သားသမီး ၉ ဦးထြန္းကားခဲ့ပါတယ္။ သူတို႔ေတြကေတာ့ ေမာင္ေလာက္ ၊ ေမာင္ရႊ ၊ မယ္သာ ၊ေမာင္ပိုး ၊ မယ္ျမတ္လွ ၊ ေမာင္ဝိုင္း ၊ မယ္ေရႊအိမ္ ၊ ေမာင္စိုး ၊ ေမာင္ဘိုးရွင္ တို႔ပဲ ျဖစ္ၾကပါတယ္။

ဒီအထဲမွာ သမီးေတာ္ ၃ ပါး ကို ဖယ္လိုက္ရင္ သားေတာ္ ၆ ပါးက်န္ပါတယ္။ ဒီအထဲက ေမာင္ေလာက္(ေနာင္ေတာ္ႀကီးမင္း) ၊ ေမာင္ရြ(ဆင္ျဖဴရွင္မင္း) နဲ႔ ေမာင္ဝိုင္း(ဘိုးေတာ္ဘုရား) တို႔သာ ဘုရင္ေတြျဖစ္ခဲ့ပါတယ္။ က်န္တဲ့သားေတာ္ေတြေရာ ဘာျဖစ္သြားၾကပါသလဲ…

တကယ္ေတာ့ အေလာင္းမင္းတရားႀကီးမွာၾကားခဲ့တဲ့ ညီအစ္ကို ႀကီးစဥ္ငယ္လိုက္ နန္းတက္မယ္ဆိုရင္ ေမာင္ရြ(ဆင္ျဖဴရွင္မင္း) ၿပီးတာနဲ႔ နန္းတက္ရမယ့္သူဟာ ေမာင္ပိုးျဖစ္ပါတယ္။ ဒါေပမယ့္ ေမာင္ပိုး ဘုရင္မျဖစ္လိုက္ပါဘူး။ ဆင္ျဖဴရွင္မင္းက သားေတာ္ကို ထီးနန္းလႊဲေပးခဲ့တဲ့ အတြက္ေၾကာင့္ပါ။ သူတို႔ ၃ဦး အေၾကာင္းကို ေဖာ္ျပရေသာ္

Photo : Kaung Lay
Photo : Kaung Lay

ေမာင္ပိုး

ေမာင္ပိုးကို ၁၇၄၀ ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး အျမင့္မင္းသားႀကီးအျဖစ္သိၾကပါတယ္။ အေလာင္းမင္းတရားလက္ထက္မွာ အျမင့္ၿမိဳ႕ ၊ တလုပ္ၿမိဳ႕ေတြမွာ ၿမိဳ႕စားရာထူး ေပးအပ္ျခင္းခံခဲ့ရပါတယ္။ ဆင္ျဖဴရွင္လြန္ၿပီး သားေတာ္စဥ့္ကူးမင္း နန္းတက္ခ်ိန္မွာေတာ့ ေမာင္ပိုးကို မသင့္တဲ့အႀကံအစည္ႀကံတယ္ ဆိုၿပီး အျပစ္ေပး စီရင္ခံခဲ့ရပါတယ္။

ေမာင္စိုး

ေမာင္စိုးကို ၁၇၄၉ ခုႏွစ္ ဖြားျမင္ခဲ့ပါတယ္။ ပုခန္းႀကီးၿမိဳ႕ကို စားခဲ့ရတဲ့အတြက္ ပုခန္းမင္းသားႀကီးအျဖစ္ ထင္ရွားပါတယ္။ မင္းေပးတဲ့ဘြဲ႕အမည္ကေတာ့ သတိုးမင္းလွမင္းရဲေက်ာ္စြာပဲ ျဖစ္ပါတယ္။ ေနာက္ပုခန္း ၿမိဳ႕အျပင္ ကေလးၿမိဳ႕ပါ စားခဲ့ရပါတယ္။ ဘိုးေတာ္ဘုရားလက္ထက္မွာ တလုပ္ၿမိဳ႕ကို ထပ္မံခ်ီးျမင့္ခံခဲ့ရပါတယ္။ ၁၈၂၀ ခုႏွစ္မွာမင္းကြန္း အထက္ရွားေရာင္းရြာမွာ ကြယ္လြန္ခဲ့ပါတယ္။

ေမာင္ဘိုးရွင္

ေမာင္ဘိုးရွင္ဟာ အေလာင္းမင္းတရားႀကီးရဲ့ အငယ္ဆုံးသားျဖစ္ပါတယ္။ သူ႔ကို ၁၇၅၄ ခုႏွစ္ ရတနာသိဃၤနန္းေတာ္ထက္မွာ ဖြားျမင္ခဲ့ၿပီး ျမင္စိုင္းၿမိဳ႕ ပင္းတလဲၿမိဳ႕ေတြကိုစားခဲ့ရပါတယ္။ ပင္းတလဲမင္းသားလို႔ လူသိမ်ားၾကပါတယ္။ ဘိုးေတာ္ဘုရားထီးနန္းရေစဖို႔ ေဖာင္ကားစားေမာင္ေမာင္ကို ရြပ္ရြပ္ခၽြံခၽြံတိုက္ခိုက္ခဲ့သူလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ဘိုးေတာ္ဘုရားက ညီေတာ္ျဖစ္သူ ေမာင္ဘိုးရွင္ကို နန္းလ်ာထားမယ္ လို႔ ကတိျပဳခဲ့ပါတယ္။ တကယ္နန္းရတဲ့အခ်ိန္မွာေတာ့ ဘိုးေတာ္ဘုရား ကတိမတည္ခဲ့ပါဘူး။ ေမာင္ဘိုးရွင္ကို နန္းလ်ာမထားပဲ သားျဖစ္သူ အိမ္ေရွ႕မင္း ဦးေပၚကို နန္းလ်ာထားခဲ့ပါတယ္။ ေမာင္ဘိုးရွင္က ဒါကိုမေက်နပ္တဲ့အတြက္ ဘိုးေတာ္ဘုရားကို ေသနတ္နဲ႔ ေခ်ာင္းေျမာင္းၿပီးလုပ္ႀကံခဲ့ပါတယ္။

ဘိုးေတာ္ဘုရားကို မထိပဲ ေမာင္ဘိုးရွင္သာ အဖမ္းခံခဲ့ရပါတယ္။ ဘိုးေတာ္ဘုရားက ခြင့္လႊတ္ခဲ့ၿပီး အိမ္ေရွ႕မင္းရဲ့တပ္မွာ အမႈထမ္းေစခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္တစ္ႀကိမ္ ထီးနန္းလုဖို႔ ထပ္မံႀကိဳးပမ္းမႈနဲ႔ ၁၇၈၅ ဇူလိုင္လမွာ စီရင္ကြပ္မ်က္ခံခဲ့ရပါတယ္။

ဒါကေတာ့ အေလာင္းမင္းတရားႀကီးရဲ့ ဘုရင္မျဖစ္ခဲ့သူ သားေတာ္ေတြအေၾကာင္းပဲ ျဖစ္ပါတယ္။

Ref;
ရာဇဝင္ထဲက အျငင္းပြားစရာမ်ား – တင္နိုင္တိုး
ကုန္းေဘာင္ရွာပုံေတာ္ – ညဳိျမ


ပြတ်သားလှတဲ့ အလောင်းမင်းတရား၏ မိဖုရားခေါင်ကြီး နှင့် ရှင်ဘုရင် မဖြစ်ခဲ့ကြတဲ့ သားတော်များ

ဦးအောင်ဇေယျနှင့် မယ်ယွန်းစံသည် ရွာသူကြီးဘ၀ ကတည်းက မရှိအတူရှိအတူ လက်တွဲ၍ ဘဝကို ရုန်းကန် ခဲ့ကြသော ငယ်လင် ငယ်မယားဖြစ်၏။ ဦးအောင်ဇေယျသည် မင်းလောင်း အဖြစ် ကျော်ကြားပြီး စစ်သည် ရဲမက်များ စုဆောင်းနေသော အချိန်ဖြစ်၏။ နောင်တွင် အင်းဝကို သိမ်းပိုက်နိုင်ရန် လူထောက်လွှတ်ခြင်း၊ ကိုယ်တိုင်သွား၍ စုံစမ်းခြင်းပြုလေ့ရှိ၏။ ထိုသို့ ခရီးထွက်ရင်း စစ်ကိုင်းမြို့တွင်မယားငယ် တစ်ယောက် ရှိခဲ့ပြီး နောင်သောအခါ မိဖုရားငယ် တစ်ဦးဖြစ်လာ၏။

တစ်ကြိမ်တွင် စစ်ကိုင်းသို့ ထွက်ခါနီး၌ မယ်ယွန်းစံက သူ့အတွက် ပိုးခါးစည်းကြိုး တစ်ချောင်း ဝယ်ယူ ခဲ့ရန် မှာကြားလိုက်၏။ အင်းဝသို့ ကူး၍ ဝယ်မည်ပြုသော အခါ မယားငယ်ကလည်း သူ့အတွက် တစ်ချောင်းမှာ၏။ ပိုးခါးစည်းကြိုးမှာ ရှားပါးခိုက်ဖြစ်၍ တစ်ချောင်းသာ ရရှိပြီး ချည်ခါးစည်းကြိုး တစ်ချောင်းနှင့် နှစ်ချောင်းဝယ်ခဲ့၏။ မယားငယ်က ပိုးခါးစည်းကြိုးကို ဦးစွာ ယူလိုက်၏။ ပြန်တောင်းယူ၍ မရတော့ဘဲ မုဆိုးဖိုသို့ ပြန်ခဲ့၏။ မယ်ယွန်းစံက သူမှာသော ပိုးခါးစည်းကြိုး ရခဲ့သလောဟုမေးရာ ဦးအောင်ဇေယျက ချည်ခါးစည်း ကြိုးသာရသည်ဟု ထုတ်ပေး၏။

ထိုအခါ မယ်ယွန်းစံက အလွန်တိကျသော မိန်းမပီပီ ‘‘ပိုးကြိုးမှာသည်ကို ချည်ကြိုး ဝယ်ခဲ့လေသည်။ ကျုပ်ကို ခါးစည်းကြိုး တစ်ချောင်းမျှ မကြည်ဖြူပြီလော’’ ဟု ဆို၏။
ဦးအောင်ဇေယျက သူသည် ပိုးခါးစည်းကြိုး တစ်ချောင်းသာရပြီး ၎င်းတည်းခိုရာမှ ဒေသခံ မိန်းမတစ်ဦး ကလည်းမှာ၍ ပေးခဲ့ မိကြောင်း ပြောဆိုရာ မယ်ယွန်းစံက ‘‘ကိုအောင်ဇေယျ ရှင်သည် သူလိုငါလို ဆင်းရဲသား ဘဝမှာပင် ရှင့်အလို အတိုင်းပြုမူ၏။ နောင်အထွတ် အထိပ်သို့ရောက်သော် ဆိုဖွယ်ရာ ရှိအံ့နည်း။ ယနေ့မှ စ၍ ရှင်အရိပ်ကို ကျွန်မ မခိုလှုံ’’ ဟု ပြတ်ပြတ် သားသား ဆုံးဖြတ်ပြီး သမီးများနှင့် ဆွေမျိုးများ ရှိရာ စည်ပုတ္တရာမြို့သို့သွားရောက်ကာ လယ်ယာလုပ်ငန်း လုပ်ကိုင် စားသောက်နေ၏။

ဦးအောင်ဇေယျသည် ဘုရင်ဖြစ်သောအခါ မယ်ယွန်းစံကို ဝေါယာဉ်နှင့် ပင့်ခေါ်စေ၏။ မယ်ယွန်းစံကမလိုက် သမီးတော်များကိုသာ ထည့်လိုက်၏။ ဦးအောင်ဇေယျအ ခက်ကြုံနေ၏။ ထိုအခါ ဉာဏ်နီဉာဏ်နက်ထုတ်ပြီး မယ်ယွန်းစံနေထိုင်ရာ စည်ပုတ္တရာကို အခြားသော မြို့များထက် အခွန်ဘဏ္ဍာငွေတိုး၍ ကောက်၏။ စည်ပုတ္တရာ ပြည်သူတို့ ဒုက္ခအကြီး အကျယ် ရောက်ပြီး မယ်ယွန်းစံအား စိတ်လျှော့၍ ဦးအောင်ဇေယျထံသွားရန် အကြိမ်ကြိမ်တိုက်တွန်းကြရ၏။

ဦးအောင်ဇေယျက ငြိမ်ပြီး စောင့်နေ၏။ မယ်ယွန်းစံသည် ဦးအောင်ဇေယျကြိုက်တတ်သော မုန့်ဆန်းကလေးများထုပ်၍ နန်းတော်သို့ ရောက်လာ၏။ ဦးအောင်ဇေယျက အလွန်ပျော်သွားပြီး ‘‘ငါ့မိန်းမသည် မုန့်ဆန်းကို လက်ဆောင်ပြုပြီး မြောက်နန်းကို လုရန်လာသည်ထင်၏’’ဟု ထေ့၏။
မယ်ယွန်းစံက ‘‘ကိုအောင်ဇေယျ ရှင်၏မြောက်နန်းကို ရည်မှန်း၍ ကျုပ်လာသည်မဟုတ်၊ စည်ပုတ္တရာမှာ အခွန်များလွန်း၍ ပြည်သူတို့ဆင်းရဲကုန်ပြီ။ ဘုရင်ဖြစ်မှ မင်းကျင့်တရားကို မေ့လျော့နေလျှင် ကဲ့ရဲ့ဖွယ်ဖြစ်နေပြီ’’ဟု ညီလာခံ၌ပင် ခပ်ပြတ်ပြတ်လျှောက်ထား၏။ ငယ်လင်ငယ်မယားမို့ ဘုရင်ဖြစ်လည်း လုံးဝမကြောက်၊ မိဘုရားခေါင်ကြီးအဖြစ် နန်းစံရေး ကိုလည်း လုံးဝမက်မောမှုမရှိသော မယ်ယွန်းစံ၏ စိတ်ဓာတ်ကို အလွန်ချီးကျူးမိ၏။

သာမန်အမျိုးသမီးတစ်ဦးဆိုပါက လင်ဖြစ်သူ ရှင်ဘုရင်ကြီးဖြစ်ပြီဆိုလျှင် ဣန္ဒြေသိက္ခာမရှိ အခေါ်ဆင့်သည်ကို မစောင့်ဆိုင်းဘဲ ‘‘ကျွန်မမှားပါတယ် ကိုကိုအောင်ဇေယျရယ်’’ဟု
ပြောပြီး နန်းတော်သို့ ပြေးဝင်မှာ သေချာ၏။ မယ်ယွန်းစံကား လင်၏အမှားကို ပြတ်ပြတ်သားသား ဝေဖန်ရဲသော သတ္တိရှိ၏။ ဦးအောင်ဇေယျအား ပြည်သူတို့အပေါ် အခွန်ပိုမို မကောက်ရန်အတွက် အမိန့်စာထုတ်ပေးရန် ရဲရဲဝံ့ဝံ့ထပ်မံ တောင်းဆို၏။

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် အလျှော့ပေးလိုက်ရလေတော့၏။ ပိုးခါးစည်းကြိုးကို မယားငယ်အား ပေးလိုက်မိသည့် တတိယမြန်မာ နိုင်ငံတော်တည်ထောင်သူ သူရဲကောင်းကြီး အလောင်းဘုရားသည် သူ့လိပ်ပြာသူမလုံဘဲ ရဲရဲတောက်မယ်ယွန်းစံကို အလျှော့ပေးခဲ့ရသည့်ဖြစ်စဉ်က မြန်မာအမျိုးသမီးတို့၏ လင်သော၊ ဘုရင်သော နားမလည် မဟုတ်မခံသော သတ္တိကိုပါ အထင်အရှားပြသလျက် ရှိပေသည်။ မြန်မာရာဇဝင်တွင် ဆုံးဖြတ်ချက်ပြတ်သားသော မြန်မာအမျိုးသမီးများစွာရှိသည့်အထဲမှ လူသိနည်းမည်ထင်သော ဂန္ထဝင်ပုံရိပ်အချို့ကို ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်။

မြင့်မိုရ်ဆွေ
(တချို့နေရာများတွင် မိဖုရားခေါင်ကြီး၏ နာမည်ကို မယ်ယွန်းစံ ဟု မသုံးပဲ ခင်ယွန်းစံ ဟု သုံးသည်ကိုတွေ့ရသည်)

ရှင်ဘုရင် မဖြစ်ခဲ့ကြတဲ့ အလောင်းမင်းတရား၏ သားတော်များ

အလောင်းမင်းတရားကြီးနဲ့ မိဖုရားခေါင်ကြီး ခင်ယွန်းစံ တို့မှာ သားသမီး ၉ ဦးထွန်းကားခဲ့ပါတယ်။ သူတို့တွေကတော့ မောင်လောက် ၊ မောင်ရွှ ၊ မယ်သာ ၊မောင်ပိုး ၊ မယ်မြတ်လှ ၊ မောင်ဝိုင်း ၊ မယ်ရွှေအိမ် ၊ မောင်စိုး ၊ မောင်ဘိုးရှင် တို့ပဲ ဖြစ်ကြပါတယ်။ ဒီအထဲမှာ သမီးတော် ၃ ပါး ကို ဖယ်လိုက်ရင် သားတော် ၆ ပါးကျန်ပါတယ်။ ဒီအထဲက မောင်လောက်(နောင်တော်ကြီးမင်း) ၊ မောင်ရွ(ဆင်ဖြူရှင်မင်း) နဲ့ မောင်ဝိုင်း(ဘိုးတော်ဘုရား) တို့သာ ဘုရင်တွေဖြစ်ခဲ့ပါတယ်။ ကျန်တဲ့သားတော်တွေရော ဘာဖြစ်သွားကြပါသလဲ…

တကယ်တော့ အလောင်းမင်းတရားကြီးမှာကြားခဲ့တဲ့ ညီအစ်ကို ကြီးစဉ်ငယ်လိုက် နန်းတက်မယ်ဆိုရင် မောင်ရွ(ဆင်ဖြူရှင်မင်း) ပြီးတာနဲ့ နန်းတက်ရမယ့်သူဟာ မောင်ပိုးဖြစ်ပါတယ်။ ဒါပေမယ့် မောင်ပိုး ဘုရင်မဖြစ်လိုက်ပါဘူး။ ဆင်ဖြူရှင်မင်းက သားတော်ကို ထီးနန်းလွှဲပေးခဲ့တဲ့ အတွက်ကြောင့်ပါ။ သူတို့ ၃ဦး အကြောင်းကို ဖော်ပြရသော်

မောင်ပိုး
မောင်ပိုးကို ၁၇၄၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အမြင့်မင်းသားကြီးအဖြစ်သိကြပါတယ်။ အလောင်းမင်းတရားလက်ထက်မှာ အမြင့်မြို့ ၊ တလုပ်မြို့တွေမှာ မြို့စားရာထူး ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ဆင်ဖြူရှင်လွန်ပြီး သားတော်စဉ့်ကူးမင်း နန်းတက်ချိန်မှာတော့ မောင်ပိုးကို မသင့်တဲ့အကြံအစည်ကြံတယ် ဆိုပြီး အပြစ်ပေး စီရင်ခံခဲ့ရပါတယ်။

မောင်စိုး
မောင်စိုးကို ၁၇၄၉ ခုနှစ် ဖွားမြင်ခဲ့ပါတယ်။ ပုခန်းကြီးမြို့ကို စားခဲ့ရတဲ့အတွက် ပုခန်းမင်းသားကြီးအဖြစ် ထင်ရှားပါတယ်။ မင်းပေးတဲ့ဘွဲ့အမည်ကတော့ သတိုးမင်းလှမင်းရဲကျော်စွာပဲ ဖြစ်ပါတယ်။ နောက်ပုခန်း မြို့အပြင် ကလေးမြို့ပါ စားခဲ့ရပါတယ်။ ဘိုးတော်ဘုရားလက်ထက်မှာ တလုပ်မြို့ကို ထပ်မံချီးမြင့်ခံခဲ့ရပါတယ်။ ၁၈၂၀ ခုနှစ်မှာမင်းကွန်း အထက်ရှားရောင်းရွာမှာ ကွယ်လွန်ခဲ့ပါတယ်။

မောင်ဘိုးရှင်
မောင်ဘိုးရှင်ဟာ အလောင်းမင်းတရားကြီးရဲ့ အငယ်ဆုံးသားဖြစ်ပါတယ်။ သူ့ကို ၁၇၅၄ ခုနှစ် ရတနာသိင်္ဃနန်းတော်ထက်မှာ ဖွားမြင်ခဲ့ပြီး မြင်စိုင်းမြို့ ပင်းတလဲမြို့တွေကိုစားခဲ့ရပါတယ်။ ပင်းတလဲမင်းသားလို့ လူသိများကြပါတယ်။ ဘိုးတော်ဘုရားထီးနန်းရစေဖို့ ဖောင်ကားစားမောင်မောင်ကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘိုးတော်ဘုရားက ညီတော်ဖြစ်သူ မောင်ဘိုးရှင်ကို နန်းလျာထားမယ် လို့ ကတိပြုခဲ့ပါတယ်။ တကယ်နန်းရတဲ့အချိန်မှာတော့ ဘိုးတော်ဘုရား ကတိမတည်ခဲ့ပါဘူး။ မောင်ဘိုးရှင်ကို နန်းလျာမထားပဲ သားဖြစ်သူ အိမ်ရှေ့မင်း ဦးပေါ်ကို နန်းလျာထားခဲ့ပါတယ်။ မောင်ဘိုးရှင်က ဒါကိုမကျေနပ်တဲ့အတွက် ဘိုးတော်ဘုရားကို သေနတ်နဲ့ ချောင်းမြောင်းပြီးလုပ်ကြံခဲ့ပါတယ်။ ဘိုးတော်ဘုရားကို မထိပဲ မောင်ဘိုးရှင်သာ အဖမ်းခံခဲ့ရပါတယ်။ ဘိုးတော်ဘုရားက ခွင့်လွှတ်ခဲ့ပြီး အိမ်ရှေ့မင်းရဲ့တပ်မှာ အမှုထမ်းစေခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ထီးနန်းလုဖို့ ထပ်မံကြိုးပမ်းမှုနဲ့ ၁၇၈၅ ဇူလိုင်လမှာ စီရင်ကွပ်မျက်ခံခဲ့ရပါတယ်။

ဒါကတော့ အလောင်းမင်းတရားကြီးရဲ့ ဘုရင်မဖြစ်ခဲ့သူ သားတော်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Ref;
ရာဇဝင်ထဲက အငြင်းပွားစရာများ – တင်နိုင်တိုး
ကုန်းဘောင်ရှာပုံတော် – ညိုမြ

Leave a Reply