သင့္ရဲ႕ IQ ကုိၿမွင့္တင္ေပးမယ့္နည္းလမ္းေလး (၅) ခု

Posted on

လူတစ္ခ်ဳိ႕က IQ (intelligence quotient) ကုိ ၿပဳၿပင္လုိ႔မရႏုိင္ဘူး လုိ႔ အမွတ္မွားေနတတ္ႀကပါတယ္။

တကယ္ေတာ့ ဒီ IQ ဆုိတဲ့ဥာဏ္ရည္ ဥာဏ္ေသြးကုိ တုိးတက္လာေအာင္လုပ္ေဆာင္လုိ႔ရပါတယ္။

လုပ္လို႔ရတဲ့ လြယ္လြယ္ကူကူ နည္းလမ္းေလးတခ်ဳိ႕ကုိ သုတဇုန္ မိတ္ေဆြမ်ားအတြက္ ေဖာ္ျပခ်င္ပါတယ္။ IQ တုိးတက္ဖုိ႔လုပ္ေဆာင္သင့္တဲ့ နည္းလမ္းေလးေတြကေတာ့

၁။ အိပ္ယာမ၀င္မီ တစ္ေန႔တာလုပ္သမွ်ကုိ ၿပန္စဥ္းစားပါ ။

ေအာင္ၿမင္မႈကိုသြားရာလမ္းေႀကာင္းမွာ ဥာဏ္ရည္ဥာဏ္ေသြး ေကာင္းၿခင္းဟာလည္း လုိအပ္ခ်က္တစ္ရပ္ၿဖစ္ပါတယ္။

ဒါေႀကာင့္ ဥာဏ္ေကာင္းေစဖုိ႔ အိပ္ယာမ၀င္ခင္ ဦးေႏွာက္ကုိ အလုပ္ေပးသင့္ပါတယ္။ ဒီအခ်ိန္မွာ ဦးေႏွာက္ဟာႏုိးႀကား ေနတဲ့အတြက္ေႀကာင့္ပါ။

အိပ္ယာ၀င္ခါနီးမွာ တစ္ေန႔တာလုပ္ခဲ့သမွ်ကုိ စဥ္းစားၿခင္းအားၿဖင့္ သင္ဘယ္ေလာက္မွတ္မိလဲ ဆုိတာကုိစမ္းသပ္ႏိုင္ပါတယ္။

ဒီေလ့က်င့္ခန္းကို မႀကာခဏ ေလ့က်င့္ေပးၿခင္းအားၿဖင့္ သင့္ရဲ႕ဥာဏ္စြမ္းရည္ကုိ တျဖည္းျဖည္းတုိးတက္ ေစမွာအမွန္ပါပဲ။

၂။ စာဖတ္လွ်င္မွတ္မိေအာင္ဖတ္ပါ

စာမ်ားမ်ားဖတ္ၿခင္းဟာဗဟုသုတကုိတုိးတက္ေစရုံသာမက သင့္ရဲ႕ IQ ကုိလည္းၿမွင့္တင္ေပးႏုိင္ပါတယ္။

ဒါ ေႀကာင့္ေန႔စဥ္ စာဖတ္ေပးဖုိ႔လုိပါတယ္။ တစ္ေန႔ကုိ အနည္းဆုံးမိနစ္ (၃၀) ခန္႔အခ်ိန္ေပးၿပီးစာဖတ္ေပး သင့္ပါတယ္။

ဖတ္တဲ့ေနရာမွာ ၿမန္ၿမန္မဖတ္ပဲ ၿဖည္းၿဖည္းနဲ႔ မွတ္မိေအာင္ ဖတ္သင့္ပါတယ္။

ဒီလုိလုပ္ၿခင္းဟာလည္း သင့္ IQ တုိးတက္ ဖုိ႔ကူညီေပးပါတယ္။

၃။ စာေရးပါ

စာဖတ္ၿခင္းကဲ့သုိ႔ စာေရးၿခင္းဟာလည္းသင့္မွတ္ဥာဏ္ကုိ တုိးတက္ေစႏုိင္ပါတယ္။

ေန႔တုိင္းေန႔တုိင္းသင္ေရးခ်င္တာ ဒါမွမဟုတ္ သင္ႀကဳံ ခဲ့တဲ့အေႀကာင္းအရာေတြကုိခ်ေရးသင့္ပါတယ္။

ဒီလုိေရးတဲ့အခါမွာ သင့္ရဲ႕ဗဟုသုတနဲ႔ဦးေႏွာက္ကုိ အသုံးၿပဳၿပီးေရးရတာေႀကာင့္ သင့္ ဦးေႏွာက္ကုိအမွန္ပဲတုိးတက္ေစမွာၿဖစ္ပါတယ္။

၄။ ေလ့က်င့္ခန္း လုပ္ပါ

ေခြ်းထြက္ေစမယ့္ ကုိယ္လက္ေလ့က်င့္ခန္းေတြ ပုံမွန္ေလး လုပ္ေပးတာကလည္း မွတ္ဥာဏ္ကို တုိးတက္ေစပါတယ္။

အခ်ိန္မေပးႏုိင္တဲ့အတြက္ ေလ့က်င့္ခန္းေတြ တကူးတက မလုပ္ႏုိင္ရင္ေတာင္ ေန႔စဥ္ မိနစ္ ၃၀ခန္႔ ျဖည္းျဖည္းေျပးတာတုိ႔ လမ္းေလွ်ာက္တာ စတာေတြကို ျပဳလုပ္ေပးျခင္းအားျဖင့္ က်န္းမာရႊင္လန္းၿပီး မွတ္ဥာဏ္ကိုတုိးတက္ေစႏုိင္ပါတယ္။

ဒီလုိကုိယ္လက္လႈပ္ရွားျခင္းဟာ ဦးေႏွာက္က မွတ္သားမႈ နဲ႔ ဆုိင္တဲ့ အစိတ္အပုိင္းျဖစ္တဲ့ hippocampus ကို ဖြံ႔ၿဖဳိးေစပါတယ္။

၅။ တရားထိုင္ပါ

လူတစ္ေယာက္ဟာ စိတ္ဖိစီးမႈေတြ စိတ္ရႈပ္စရာေတြမ်ားလာတဲ့ အခါ လုပ္သေလာက္စိတ္မပါေတာ့ပဲ မွတ္ဥာဏ္လည္းက်ဆင္းလာတတ္ပါတယ္။

ဒီလုိအခါမ်ဳိးမွာ စိတ္ကုိထြက္ေပါက္ေပးသင့္ပါတယ္။ စိတ္ထြက္ေပါက္ေပးဖုိ႔အတြက္ တရားထုိင္ျခင္းဟာ အေကာင္းဆုံးပါပဲ။

ကုိယ့္စိတ္ထဲက အရာအားလုံးကို ေမ့ပစ္ၿပီး တိတ္ဆိတ္တဲ့ေနရာတစ္ခုမွာ ၁၅မိနစ္ခန္႔ တစ္ကုိယ္တည္း ေအးေအးေဆးေဆးထုိင္ႏုိင္ပါတယ္။

ဒီလုိပုံမွန္ အေလ့အက်င့္ေလး လုပ္ေပးျခင္းအားျဖင့္ စိတ္ဖိစီးမႈေတြကို သိသိသာသာေလွ်ာ့ခ်လာႏုိင္တဲ့အျပင္ သင့္ရဲ႕မွွတ္ဥာဏ္ကိုပါ တုိးတက္လာေစမွာပဲ ျဖစ္ပါတယ္။

အထက္ပါနည္း (၅) နည္းစလုံးမွာတူညီတာကေတာ့ ထပ္ခါထပ္ခါ ေလ့က်င့္ေပးၿခင္းပဲၿဖစ္ပါတယ္။

ကုိယ္ခႏၶာႀကံခုိင္မႈ႕ အတြက္ အထပ္ထပ္ေလ့က်င့္ေပးရသလုိ မွတ္ဥာဏ္ေကာင္းေစဖုိ႔အတြက္ လည္း ဒီနည္း (၅) နည္းနဲ႔အႀကိမ္ႀကိမ္ ေလ့က်င့္ေပးၿခင္းအားၿဖင့္သင့္ရဲ႕ IQ ကုိအမွန္တကယ္ပဲ ၿမွင့္တင့္ႏိုင္မွာၿဖစ္ပါတယ္။


သင့်ရဲ့ IQ ကိုမြှင့်တင်ပေးမယ့်နည်းလမ်းလေး (၅) ခု (unicode)

လူတစ်ချို့က IQ (intelligence quotient) ကို ပြုပြင်လို့မရနိုင်ဘူး လို့ အမှတ်မှားနေတတ်ကြပါတယ်။ တကယ်တော့ ဒီ IQ ဆိုတဲ့ဥာဏ်ရည် ဥာဏ်သွေးကို တိုးတက်လာအောင်လုပ်ဆောင်လို့ရပါတယ်။ လုပ်လို့ရတဲ့ လွယ်လွယ်ကူကူ နည်းလမ်းလေးတချို့ကို သုတဇုန် မိတ်ဆွေများအတွက် ဖော်ပြချင်ပါတယ်။ IQ တိုးတက်ဖို့လုပ်ဆောင်သင့်တဲ့ နည်းလမ်းလေးတွေကတော့

၁။ အိပ်ယာမဝင်မီ တစ်နေ့တာလုပ်သမျှကို ပြန်စဉ်းစားပါ ။

အောင်မြင်မှုကိုသွားရာလမ်းကြောင်းမှာ ဥာဏ်ရည်ဥာဏ်သွေး ကောင်းခြင်းဟာလည်း လိုအပ်ချက်တစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဥာဏ်ကောင်းစေဖို့ အိပ်ယာမဝင်ခင် ဦးနှောက်ကို အလုပ်ပေးသင့်ပါတယ်။ ဒီအချိန်မှာ ဦးနှောက်ဟာနိုးကြား နေတဲ့အတွက်ကြောင့်ပါ။ အိပ်ယာဝင်ခါနီးမှာ တစ်နေ့တာလုပ်ခဲ့သမျှကို စဉ်းစားခြင်းအားဖြင့် သင်ဘယ်လောက်မှတ်မိလဲ ဆိုတာကိုစမ်းသပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို မကြာခဏ လေ့ကျင့်ပေးခြင်းအားဖြင့် သင့်ရဲ့ဥာဏ်စွမ်းရည်ကို တဖြည်းဖြည်းတိုးတက် စေမှာအမှန်ပါပဲ။

၂။ စာဖတ်လျှင်မှတ်မိအောင်ဖတ်ပါ

စာများများဖတ်ခြင်းဟာဗဟုသုတကိုတိုးတက်စေရုံသာမက သင့်ရဲ့ IQ ကိုလည်းမြှင့်တင်ပေးနိုင်ပါတယ်။ ဒါ ကြောင့်နေ့စဉ် စာဖတ်ပေးဖို့လိုပါတယ်။ တစ်နေ့ကို အနည်းဆုံးမိနစ် (၃၀) ခန့်အချိန်ပေးပြီးစာဖတ်ပေး သင့်ပါတယ်။ ဖတ်တဲ့နေရာမှာ မြန်မြန်မဖတ်ပဲ ဖြည်းဖြည်းနဲ့ မှတ်မိအောင် ဖတ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာလည်း သင့် IQ တိုးတက် ဖို့ကူညီပေးပါတယ်။

၃။ စာရေးပါ

စာဖတ်ခြင်းကဲ့သို့ စာရေးခြင်းဟာလည်းသင့်မှတ်ဥာဏ်ကို တိုးတက်စေနိုင်ပါတယ်။ နေ့တိုင်းနေ့တိုင်းသင်ရေးချင်တာ ဒါမှမဟုတ် သင်ကြုံ ခဲ့တဲ့အကြောင်းအရာတွေကိုချရေးသင့်ပါတယ်။ ဒီလိုရေးတဲ့အခါမှာ သင့်ရဲ့ဗဟုသုတနဲ့ဦးနှောက်ကို အသုံးပြုပြီးရေးရတာကြောင့် သင့် ဦးနှောက်ကိုအမှန်ပဲတိုးတက်စေမှာဖြစ်ပါတယ်။

၄။ လေ့ကျင့်ခန်း လုပ်ပါ

ချွေးထွက်စေမယ့် ကိုယ်လက်လေ့ကျင့်ခန်းတွေ ပုံမှန်လေး လုပ်ပေးတာကလည်း မှတ်ဥာဏ်ကို တိုးတက်စေပါတယ်။ အချိန်မပေးနိုင်တဲ့အတွက် လေ့ကျင့်ခန်းတွေ တကူးတက မလုပ်နိုင်ရင်တောင် နေ့စဉ် မိနစ် ၃ဝခန့် ဖြည်းဖြည်းပြေးတာတို့ လမ်းလျှောက်တာ စတာတွေကို ပြုလုပ်ပေးခြင်းအားဖြင့် ကျန်းမာရွှင်လန်းပြီး မှတ်ဥာဏ်ကိုတိုးတက်စေနိုင်ပါတယ်။ ဒီလိုကိုယ်လက်လှုပ်ရှားခြင်းဟာ ဦးနှောက်က မှတ်သားမှု နဲ့ ဆိုင်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ hippocampus ကို ဖွံ့ဖြိုးစေပါတယ်။

၅။ တရားထိုင်ပါ

လူတစ်ယောက်ဟာ စိတ်ဖိစီးမှုတွေ စိတ်ရှုပ်စရာတွေများလာတဲ့ အခါ လုပ်သလောက်စိတ်မပါတော့ပဲ မှတ်ဥာဏ်လည်းကျဆင်းလာတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ စိတ်ကိုထွက်ပေါက်ပေးသင့်ပါတယ်။ စိတ်ထွက်ပေါက်ပေးဖို့အတွက် တရားထိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။ ကိုယ့်စိတ်ထဲက အရာအားလုံးကို မေ့ပစ်ပြီး တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ ၁၅မိနစ်ခန့် တစ်ကိုယ်တည်း အေးအေးဆေးဆေးထိုင်နိုင်ပါတယ်။ ဒီလိုပုံမှန် အလေ့အကျင့်လေး လုပ်ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုတွေကို သိသိသာသာလျှော့ချလာနိုင်တဲ့အပြင် သင့်ရဲ့မှတ်ဥာဏ်ကိုပါ တိုးတက်လာစေမှာပဲ ဖြစ်ပါတယ်။

အထက်ပါနည်း (၅) နည်းစလုံးမှာတူညီတာကတော့ ထပ်ခါထပ်ခါ လေ့ကျင့်ပေးခြင်းပဲဖြစ်ပါတယ်။ ကိုယ်ခန္ဓာကြံခိုင်မှု့ အတွက် အထပ်ထပ်လေ့ကျင့်ပေးရသလို မှတ်ဥာဏ်ကောင်းစေဖို့အတွက် လည်း ဒီနည်း (၅) နည်းနဲ့အကြိမ်ကြိမ် လေ့ကျင့်ပေးခြင်းအားဖြင့်
သင့်ရဲ့ IQ ကိုအမှန်တကယ်ပဲ မြှင့်တင့်နိုင်မှာဖြစ်ပါတယ်။

Leave a Reply