မုိေရွဒါယန္ မွ ျပည္သူအေပၚေစာ္ကားမိေသာ စစ္သားတစ္ဦး ထံသုိ႔ ေရးသည့္စာ

Posted on

Via : မိုေရွဒါယန္အစၥေရးသူရဲေကာင္း

မိုေ႐ွဒါယန္သည္ အစၥေရး လူငယ္ထုၾကားတြင္ “ဒ႑ာရီထဲက သူရဲေကာင္းႀကီး”လို အားက် ေလးစားၾကည္ညိဳစရာ ပုဂၢိဳလ္တစ္ဦး ျဖစ္သည္။ ျပည္သူတို႔ကလည္း သူ႔ကို ေလးစားၾကည္ညိဳၾကသည္။ အစၥေရး တပ္မေတာ္ထဲမွ တပ္သားေတြ တပ္ဖြဲ႕ေတြဆိုသည္ကေတာ့ အထူးေျပာစရာ မလိုေတာ့ပါ။ ေ႐ွ႕တန္းမွာ မိုေ႐ွဒါယန္၏ မ်က္ႏွာကို ခဏမွ် ျမင္လိုက္ရျခင္းသည္ စစ္သည္အင္အား တပ္ကူ တစ္သန္း ပို႔လိုက္သည္ထက္ ရဲေဘာ္တို႔၏ စိတ္ဓာတ္ကို ျမင့္တက္ေစႏိုင္စြမ္း ႐ွိသည္။

မိုေ႐ွဒါယန္သည္ စစ္စည္းကမ္းႏွင့္ ပတ္သက္လွ်င္ နည္းနည္းေလးမွ် ဟာကြက္မ႐ွိေအာင္ ၾကပ္မတ္ေပးသည္။

ျပည္သူႏွင့္ တပ္မေတာ္ ဆက္ဆံၾကရာဝယ္ စစ္သားတစ္ဦးအေနျဖင့္ ျပည္သူအေပၚ ဘယ္ေသာခါမွ ေစာ္ကား႐ိုင္းပ်မႈ မျပဳမိေစရန္ မိုေ႐ွဒါယန္ကိုယ္တိုင္ အထူးအေလးထား ဂ႐ုတစိုက္ ထိန္းေက်ာင္း ၾကပ္မတ္တတ္သည္။ အျဖစ္အပ်က္ တစ္ခုမွာ……

မိုေ႐ွဒါယန္ စစ္ဦးစီးခ်ဳပ္ လုပ္ခဲ့စဥ္က ျဖစ္သည္။ တစ္ေန႔တြင္ တိုင္တန္းစာတစ္ေစာင္ သူ႔စာပြဲေပၚ ေရာက္လာသည္။ တိုင္စာေရးသူက…..

“တစ္ေနတြင္ သူသည္ အေဝးေျပးကားလမ္းမႀကီးအတိုင္း ကားေမာင္းလာခဲ့ေၾကာင္း၊ ထိုသို႔ေမာင္းလာခဲ့ရာမွ လမ္းတစ္ေနရာ အေရာက္တြင္ တပ္ၾကပ္တစ္ေယာက္က သူ႔ကားကို လွမ္း၍ တားေၾကာင္း၊

သို႔ေပမယ့္ သူ၏ကားမွာ လမ္းမႀကီးအတိုင္း ေ႐ွ႕ဆက္သြားစရာ မ႐ွိေတာ့သျဖင့္ လမ္းမႀကီးေပၚမွ ခ်ိဳးေကြ႕ၿပီး အျခားတစ္ဘက္သို႔ သြားရန္ အခ်ိန္ႏွင့္ တိုက္ဆိုက္သြားေၾကာင္း၊ သို႔ျဖစ္ပါ၍ အဆိုပါ တပ္ၾကပ္ကို ကားရပ္ေပးရန္ မျဖစ္ႏိုင္ေၾကာင္း၊

မိမိသည္ ေ႐ွ႕ဆက္သြားစရာ႐ွိလွ်င္ ထိုတပ္ၾကပ္ကို ကားရပ္ေပး၍ တင္ေခၚသြားမည္ျဖစ္ေၾကာင္း၊ သို႔ေသာ္လည္း အဆိုပါတပ္ၾကပ္က သူ႔ကို ကားရပ္မေပးဘဲ ဆက္ေမာင္းသြားရေကာင္းလားဟု ဆိုကာ ေက်ာက္ခဲျဖင့္ ပစ္ေပါက္သျဖင့္ ကားမွန္ကြဲအက္သြားေၾကာင္း”ဟု ေရးသား ေဖာ္ျပထားေလသည္။

မိုေရွဒါယန္သည္ ထိုတိုင္ၾကားစာကို ဖတ္ၾကည့္ၿပီးေနာက္ ခ်က္ခ်င္းပင္ တပ္မေတာ္၏ အပတ္စဥ္ထုတ္ “ဘာမာနာေန”ဂ်ာနယ္မွ ေအာက္ပါအတိုင္း ေရးသားလိုက္ေလသည္။

အရပ္သားတစ္ဦး၏ ေမာ္ေတာ္ကားကို
ေက်ာက္ခဲျဖင့္ ပစ္ေပါက္ခဲ့ေသာ
အမည္မသိ စစ္သည္တစ္ဦးသို႔….

ရဲေဘာ္…..
“မင္းရဲ့ အမည္ကို ငါ မသိဘူး။ မင္းရဲ့ ကိုယ္ပိုင္အမွတ္ကိုလည္း ငါ မသိဘူး။ မင္းက ဘယ္တပ္ဖြဲ႕က ဆိုတာလည္း ငါ မသိဘူး။ ဒါေပမဲ့… မင္းဟာ တပ္ၾကပ္တစ္ေယာက္ ျဖစ္တယ္ဆိုတာေတာ့ ငါ သိထားတယ္။ ျပည္သူတစ္ေယာက္ရဲ့ ေမာ္ေတာ္ကားကို ေက်ာက္ခဲနဲ႔ ေပါက္ကာ ႐ိုင္းပ်စြာ ဆဲေရးေစာ္ကားမိတဲ့ မင္းရဲ့ အျပဳအမူအတြက္ မင္းရဲ့ အနီးကပ္ဆုံး တပ္မွဴးထံ အျမန္သြားၿပီး မင္းရဲ့ ရာထူးအဆင့္၊ အမွတ္တံဆိပ္မ်ားႏွင့္ ကိုယ္ပိုင္အမွတ္ကို ေဖာ္ျပၿပီး သြားေရာက္အပ္ႏွင္းလိုက္ပါ။ မင္းဟာ မင္းရဲ့ မိုက္မဲခဲ့တဲ့ အျပဳအမူအတြက္ ျပည္သူခ်စ္တဲ့ အစၥေရးတပ္မေတာ္သားအျဖစ္ ဆက္လက္အမႈထမ္းရန္ ထိုက္တန္၏/မထိုက္တန္၏ ဆိုသည္ႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ အာဏာပိုင္တို႔၏ အဆုံးအျဖတ္ကို ခံယူပါေလ”

ဗိုလ္ခ်ဳပ္ႀကီး မိုေ႐ွဒါယန္
စစ္ဦးစီးခ်ဳပ္

အထက္ေဖာ္ျပပါ မိုေ႐ွဒါယန္၏ စာကို အဆိုပါ တပ္ၾကသည္ ေတြ႕လွ်င္ေတြ႕ခ်င္း သူ၏ အရာ႐ွိထံ အျမန္သြား၍ အက်ိဳးအေၾကာင္း ေျပာျပဝန္ခံကာ မိုေ႐ွဒါယန္ မွာလိုက္သည့္အတိုင္း အဖမ္းခံလိုက္သည္။ မိုေ႐ွဒါယန္၏ ၾသဇာတိကၠမသည္ ဤမွ် ႀကီးမားလွ၏။ မိုေ႐ွဒါယန္၏ အမိန္႔ကို ဤမွ်ထိ နာခံ၏။ ေလးစား၏။


မိုရှေဒါယန် မှ ပြည်သူအပေါ်စော်ကားမိသော စစ်သားတစ်ဦး ထံသို့ ရေးသည့်စာ (unicode)

Via : မိုရှေဒါယန်အစ္စရေးသူရဲကောင်း

မိုရှေဒါယန်သည် အစ္စရေး လူငယ်ထုကြားတွင် “ဒဏ္ဍာရီထဲက သူရဲကောင်းကြီး”လို အားကျ လေးစားကြည်ညိုစရာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ပြည်သူတို့ကလည်း သူ့ကို လေးစားကြည်ညိုကြသည်။ အစ္စရေး တပ်မတော်ထဲမှ တပ်သားတွေ တပ်ဖွဲ့တွေဆိုသည်ကတော့ အထူးပြောစရာ မလိုတော့ပါ။ ရှေ့တန်းမှာ မိုရှေဒါယန်၏ မျက်နှာကို ခဏမျှ မြင်လိုက်ရခြင်းသည် စစ်သည်အင်အား တပ်ကူ တစ်သန်း ပို့လိုက်သည်ထက် ရဲဘော်တို့၏ စိတ်ဓာတ်ကို မြင့်တက်စေနိုင်စွမ်း ရှိသည်။

မိုရှေဒါယန်သည် စစ်စည်းကမ်းနှင့် ပတ်သက်လျှင် နည်းနည်းလေးမျှ ဟာကွက်မရှိအောင် ကြပ်မတ်ပေးသည်။

ပြည်သူနှင့် တပ်မတော် ဆက်ဆံကြရာဝယ် စစ်သားတစ်ဦးအနေဖြင့် ပြည်သူအပေါ် ဘယ်သောခါမှ စော်ကားရိုင်းပျမှု မပြုမိစေရန် မိုရှေဒါယန်ကိုယ်တိုင် အထူးအလေးထား ဂရုတစိုက် ထိန်းကျောင်း ကြပ်မတ်တတ်သည်။ အဖြစ်အပျက် တစ်ခုမှာ……

မိုရှေဒါယန် စစ်ဦးစီးချုပ် လုပ်ခဲ့စဉ်က ဖြစ်သည်။ တစ်နေ့တွင် တိုင်တန်းစာတစ်စောင် သူ့စာပွဲပေါ် ရောက်လာသည်။ တိုင်စာရေးသူက…..

“တစ်နေတွင် သူသည် အဝေးပြေးကားလမ်းမကြီးအတိုင်း ကားမောင်းလာခဲ့ကြောင်း၊ ထိုသို့မောင်းလာခဲ့ရာမှ လမ်းတစ်နေရာ အရောက်တွင် တပ်ကြပ်တစ်ယောက်က သူ့ကားကို လှမ်း၍ တားကြောင်း၊

သို့ပေမယ့် သူ၏ကားမှာ လမ်းမကြီးအတိုင်း ရှေ့ဆက်သွားစရာ မရှိတော့သဖြင့် လမ်းမကြီးပေါ်မှ ချိုးကွေ့ပြီး အခြားတစ်ဘက်သို့ သွားရန် အချိန်နှင့် တိုက်ဆိုက်သွားကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ တပ်ကြပ်ကို ကားရပ်ပေးရန် မဖြစ်နိုင်ကြောင်း၊

မိမိသည် ရှေ့ဆက်သွားစရာရှိလျှင် ထိုတပ်ကြပ်ကို ကားရပ်ပေး၍ တင်ခေါ်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါတပ်ကြပ်က သူ့ကို ကားရပ်မပေးဘဲ ဆက်မောင်းသွားရကောင်းလားဟု ဆိုကာ ကျောက်ခဲဖြင့် ပစ်ပေါက်သဖြင့် ကားမှန်ကွဲအက်သွားကြောင်း”ဟု ရေးသား ဖော်ပြထားလေသည်။

မိုရှေဒါယန်သည် ထိုတိုင်ကြားစာကို ဖတ်ကြည့်ပြီးနောက် ချက်ချင်းပင် တပ်မတော်၏ အပတ်စဉ်ထုတ် “ဘာမာနာနေ”ဂျာနယ်မှ အောက်ပါအတိုင်း ရေးသားလိုက်လေသည်။

အရပ်သားတစ်ဦး၏ မော်တော်ကားကို
ကျောက်ခဲဖြင့် ပစ်ပေါက်ခဲ့သော
အမည်မသိ စစ်သည်တစ်ဦးသို့….

ရဲဘော်…..
“မင်းရဲ့ အမည်ကို ငါ မသိဘူး။ မင်းရဲ့ ကိုယ်ပိုင်အမှတ်ကိုလည်း ငါ မသိဘူး။ မင်းက ဘယ်တပ်ဖွဲ့က ဆိုတာလည်း ငါ မသိဘူး။ ဒါပေမဲ့… မင်းဟာ တပ်ကြပ်တစ်ယောက် ဖြစ်တယ်ဆိုတာတော့ ငါ သိထားတယ်။ ပြည်သူတစ်ယောက်ရဲ့ မော်တော်ကားကို ကျောက်ခဲနဲ့ ပေါက်ကာ ရိုင်းပျစွာ ဆဲရေးစော်ကားမိတဲ့ မင်းရဲ့ အပြုအမူအတွက် မင်းရဲ့ အနီးကပ်ဆုံး တပ်မှူးထံ အမြန်သွားပြီး မင်းရဲ့ ရာထူးအဆင့်၊ အမှတ်တံဆိပ်များနှင့် ကိုယ်ပိုင်အမှတ်ကို ဖော်ပြပြီး သွားရောက်အပ်နှင်းလိုက်ပါ။ မင်းဟာ မင်းရဲ့ မိုက်မဲခဲ့တဲ့ အပြုအမူအတွက် ပြည်သူချစ်တဲ့ အစ္စရေးတပ်မတော်သားအဖြစ် ဆက်လက်အမှုထမ်းရန် ထိုက်တန်၏/မထိုက်တန်၏ ဆိုသည်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်တို့၏ အဆုံးအဖြတ်ကို ခံယူပါလေ”

ဗိုလ်ချုပ်ကြီး မိုရှေဒါယန်
စစ်ဦးစီးချုပ်

အထက်ဖော်ပြပါ မိုရှေဒါယန်၏ စာကို အဆိုပါ တပ်ကြသည် တွေ့လျှင်တွေ့ချင်း သူ၏ အရာရှိထံ အမြန်သွား၍ အကျိုးအကြောင်း ပြောပြဝန်ခံကာ မိုရှေဒါယန် မှာလိုက်သည့်အတိုင်း အဖမ်းခံလိုက်သည်။ မိုရှေဒါယန်၏ ဩဇာတိက္ကမသည် ဤမျှ ကြီးမားလှ၏။ မိုရှေဒါယန်၏ အမိန့်ကို ဤမျှထိ နာခံ၏။ လေးစား၏။

Leave a Reply