ဗုိလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္ အိႏၵိယေခါင္းေဆာင္ႀကီး ေနရူး

Posted on

ေနရူး သည္ အိႏၵိယၿပည္ႀကီး ၿဗိတိသွ်နယ္ခ်ဲ႕လက္ေအာက္မွ လြတ္လပ္ေရး အတြက္ အထူးခဲယဥ္းပင္ပမ္းစြာ ႀကဳိးစားခဲ့သူ ၊ မဟတၱမဂႏၵီႏွင့္ တန္းတူထင္ရွားသူ ၊ အိႏၵိယႏုိင္ငံ၏ ပထမဆုံး၀န္ႀကီးခ်ဳပ္ ဂ်၀ါဟာလ္လာ ေနရူး ၿဖစ္ေႀကာင္း အားလုံးသိၿပီး ၿဖစ္မွာပါ။ အိႏၵိယလြတ္လပ္ေရး သမုိင္းကုိ ေၿပာလွ်င္ ဂႏၵီႀကီး ႏွင့္ ေနရူး တုိ႔မွာ မပါမၿဖစ္။

သူတုိ႔ႏွစ္ဦးကုိ ဗုိလ္ခ်ဳပ္သည္ ေက်ာင္းသားကုိေအာင္ဆန္း ဘ၀ကပင္ အထူးေလးစား ႀကည္ညဳိခဲ့ပါတယ္။ သူတုိ႔၏ ႏုိင္ငံေရးလႈပ္ရွားမႈမ်ားကို မၿပတ္ေလ့လာသလုိ အဂၤလိပ္စာအေရးအသားေကာင္းမြန္လွေသာ ေနရူး၏ စာအုပ္မ်ားကုိ ဗုိလ္ခ်ဳပ္က အလြန္သေဘာက်ေႀကာင္း သိရပါတယ္။

ဗုိလ္ခ်ဳပ္ အဂၤလန္သြားေတာ့ ဗုိလ္ခ်ဳပ္ရဲ႕ ကုတ္အကၤ်ီကုိ ေနရူးခ်ဳပ္ေပးလုိက္ တာေတာ့ အားလုံးသိႀကမွာပါ။ သုိ႔ေသာ္ ဗုိလ္ခ်ဳပ္ႏွင့္ ေနရူးတုိ႔မွာ ဒုတိယကမာၻစစ္ႀကီး မၿဖစ္မီကပင္သိခဲ့ႀကၿပီးျဖစ္ပါတယ္။ ၁၉၃၇ ခုႏွစ္ က ဗမာႏုိင္ငံလုံးဆုိင္ရာ ၿပည္လုံးကြ်တ္ေက်ာင္းသား ညီလာခံႀကီးကုိ မႏၱေလးၿမဳိ႕မွာ က်င္းပခဲ့ပါတယ္။

ယင္းညီလာခံ မက်င္းပမီက ဗုိလ္ခ်ဳပ္ေအာင္ဆန္းသည္ ဗမာေက်ာင္းသားမ်ား၏ တက္ႀကြမႈ ၊ ရည္မွန္းခ်က္မ်ားကုိ ႏုိင္ငံၿခားသုိ႔တုိင္ေအာင္ က်ယ္ၿပန္႔စြာ သိရွိေစရန္ နာမည္ေက်ာ္ အိႏၵိယ ေခါင္းေဆာင္ႀကီး ေနရူး ကုိဖိတ္ႀကားရန္ စိတ္ကူးရခဲ့ပါတယ္။ လူခ်င္းလည္း မသိကြ်မ္းေသး ၊ ဆက္သြယ္မႈလည္း အလ်ဥ္းမရွိလင့္ ကစား ကုိေအာင္ဆန္းသည္ သူ႔ကုိယ္သူ ယုံႀကည္မႈ အၿပည့္ရွိသူၿဖစ္ရာ မစၥတာေနရူးအား မႏၱေလးညီလာခံသုိ႔ ႀကြေရာက္ ခ်ီးၿမွင့္ပါရန္ စာလွမ္းေရးၿပီး ဖိတ္ႀကားလုိက္ပါတယ္။

မစၥတာေနရူးကလည္း “ေအာင္ဆန္း”ဆုိသူ ေက်ာင္းသားေခါင္းေဆာင္ တစ္ေယာက္အေႀကာင္းကို သတင္းစာမ်ားမွ သိၿပီးၿဖစ္ရာ အနီးကပ္ေလ့လာလုိသၿဖင့္ ညီလာခံသုိ႔တက္ေရာက္ရန္ လက္ခံခဲ့ပါတယ္။ ကုိေအာင္ဆန္း၏ ဖိတ္ႀကားခ်က္ကုိ မစၥတာေနရူးလက္ခံၿပီး ညီလာခံသုိ႔ လာတက္မည့္ အေႀကာင္း သတင္းႀကားေသာအခါ ရန္ကုန္၊ ၿဗိတိသွ် ဘုရင္ခံ ႏွင့္ တကြ အစုိးရအဖြဲ႔၀န္ႀကီးမ်ားအားလုံး အံအားသင့္သြား ႀကပါတယ္။

အံအားသင့္မယ္ ဆုိလည္း သင့္စရာပါ။ လူခ်င္းလည္းမသိ ၊ အဆက္အသြယ္လည္း မရွိတဲ့ ေက်ာင္းသားတစ္ေယာက္ရဲ႕ ဖိတ္ေခၚတာကုိ ေနရူးလုိ ႏုိင္ငံေခါင္းေဆာင္ႀကီး တစ္ေယာက္က လုံး၀လာမယ္လုိ႔ မထင္ထားႀကလုိ႔ပါ။ သုိ႔ေသာ္လည္း အံအားသင့္ရုံမွ လြဲလုိ႔ ဘာမွမတတ္ႏုိင္ႀကေခ်။ အိႏၵိယ ႏွင့္ ဗမာႏွစ္ႏုိင္ငံလုံးဟာ ၿဗိတိသွ်အင္ပါယာ အတြင္းမွ ႏုိင္ငံမ်ားသာ ၿဖစ္၍ ပတ္စ္ပုိစ့္ ေခၚ ႏုိင္ငံကူးလက္မွတ္မလုိပဲ လြတ္လပ္စြာ သြားႏုိင္ခြင့္ ရွိတာေႀကာင့္ ေနရူးလာမည့္ အေရးကုိ မပိတ္ပင္ႏုိင္ပဲ အသာႀကည့္ေနရပါတယ္။

ဗုိလ္ခ်ဳပ္သည္ ညီလာခံ၌ မိန္႔ခြန္းကုိ ျမန္မာလုိေၿပာမည္ဆုိရင္ ေၿပာႏုိင္ေသာ္လည္း ကမာၻေက်ာ္အိႏၵိယေခါင္းေဆာင္ႀကီး မစၥတာေနရူး တက္ေရာက္သည့္အၿပင္ သူ၏လႈပ္ရွားမႈ မွန္သမွ် သတင္းလုိက္ယူေနေသာ “ရုိက္တာ” “ေအပီ” သတင္းဌာႀကီးမ်ားမွ သတင္းေထာက္မ်ားလည္း လာေရာက္သည့္အတြက္ အဂၤလိပ္လုိပင္ ေၿပာခဲ့ပါတယ္။

( ဗုိလ္ခ်ဳပ္ႏွင့္ပတ္သတ္၍ စိတ္၀င္စားဖြယ္အခ်က္မွာ ဗုိလ္ခ်ဳပ္သည္ အေရးႀကီးမိန္႔ခြန္းမ်ားကုိ သူကုိယ္တုိင္ အဂၤလိပ္ဘာသာၿဖင့္ ေရးသားထားၿပီး တကယ့္အစည္းအေ၀းတြင္ေတာ့ အဂၤလိပ္မိန္႔ခြန္း မူရင္းကုိ ဗမာလုိ တက္တန္းေၿပာသြားေလ့ ရွိၿခင္းပင္ )

ဗုိလ္ခ်ဳပ္ေအာင္ဆန္း၏ ေစ့စပ္ေၾကညက္လွေသာ အဂၤလိပ္စကားေၿပာမိန္႔ခြန္းေႀကာင့္ မစၥတာေနရူးႏွင့္ တကြ သတင္းေထာက္မ်ား ေကာင္းစြာနားလည္ သေဘာေပါက္ သြားႀကပါတယ္။ ဗုိလ္ခ်ဳပ္သည္ ညီလာခံအတြက္ အလုပ္မ်ားေနသည့္ ႀကားမွ ေနရူး ႏွင့္ ရင္းႏွီးပြင့္လင္းစြာ ေၿပာဆုိေဆြးေႏြးခဲ့ပါတယ္။ ကုိေအာင္ဆန္းကို အနီးကပ္ေလ့လာရင္း သုံးသပ္မွတ္ခ်က္ခ်ရာတြင္ “ေအာင္ဆန္း၏ အသိဥာဏ္ႏွင့္ ႏုိင္ငံေရးအေၿမာ္အၿမင္ ႀကီးမားမႈသည္ သူ၏ အသက္အရြယ္ႏွင့္ မလုိက္ေအာင္ပင္ ထူးခြ်န္ထက္ၿမက္သည္ ” ဟူ၍သတည္း ။

ထုိ႔ေနာက္ ၁၉၄၀ တြင္ အိႏၵိယၿပည္ “ရမ္းလား” ၿမဳိ႕၌က်င္းပေသာ ကြန္ဂရက္ ပါတီ ညီလာခံႀကီးသုိ႔ ကိုေအာင္ဆန္းအား အထူးဧည့္သည္ အၿဖစ္ဖိတ္ႀကားခဲ့ပါတယ္။ ထုိအခ်ိန္က ကုိေအာင္ဆန္းမွာ ေက်ာင္းသားေခါင္းေဆာင္ မဟုတ္ေတာ့။ တုိ႔ဗမာအစည္းအရုံး အေထြေထြအတြင္းေရးမွဴး သခင္ေအာင္ဆန္း ၿဖစ္ေနေပၿပီ ။

ကြန္ဂရက္ပါတီမွာ အိႏၵိယၿပည္ ၏ အင္အားအႀကီးမားဆုံး ပါတီတစ္ခုၿဖစ္သည့္ အၿပင္ ေနရူး ၊ ဂႏၵီ စေသာပုဂၢဳိလ္ႀကီးမ်ား ဦးေဆာင္မႈၿဖင့္ ကမာၻေက်ာ္ေအာင္ထင္ရွားသည့္ ပါတီတစ္ခုလည္း ၿဖစ္ပါတယ္။ ထုိညီလာခံႀကီးသုိ႔ သခင္ေအာင္ဆန္းတုိ႔ အဖြဲ႔သြားေရာက္ေလ့လာအၿပီး မစၥတာေနရူးက အၿခားမည္သည့္ေနရာ မ်ားကုိ သြားေလ့လာလုိပါေသးသနည္း ဟုေမးရာ သခင္ေအာင္ဆန္းမွာ မူမေနပဲ သူ႔ညဥ္အတုိင္း “အေနာက္ေၿမာက္နယ္ၿခားေဒသၿပည္နယ္ဖက္ သုိ႔ သြားေရာက္ေလ့လာခ်င္ပါတယ္” ဟု သြက္လက္စြာ ၿပန္ေၿဖလုိက္ ပါတယ္။

ထုိေနရာသုိ႔ သခင္ေအာင္ဆန္း သြားလုိၿခင္းမွာ အေႀကာင္းရွိပါတယ္။ ထုိေနရာတြင္ ထူးၿခားေသာ ႏုိင္ငံေရးေခါင္းေဆာင္ တစ္ေယာက္ရွိတဲ့ အတြက္ေႀကာင့္ပါ။ သူ႔ကုိ နယ္စပ္ဂႏၵီႀကီးလုိ႔ ေခၚပါတယ္။ ဂႏၵီႀကီး နဲ႔ မတူတဲ့အခ်က္ကေတာ့ ဂႏၵီႀကီးက ၿငိမ္းခ်မ္းေရးၿဖင့္ေတာ္လွန္ ၿပီး နယ္စပ္ဂႏၵီႀကီးကေတာ့ လက္နက္စြဲကိုင္ေတာ္လွန္ႏုိင္မွ ၿဖစ္မည္ဟု ယုံႀကည္ေနၿခင္းပါ။

ယင္းအခ်က္ကုိ ကုိေအာင္ဆန္း အထူးစိတ္၀င္ စားပါတယ္။ ေနာက္ဆုံး နယ္စပ္ဂႏၵီႀကီး ႏွင့္ ေတြ႔ဆုံေဆြးေႏြးခဲ့ရၿပီး နည္းစနစ္ ႏွင့္ သေဘာထားမ်ားကိုသိရွိကာ ကုိေအာင္ဆန္းအတြက္ အလြန္အက်ဳိးရွိခဲ့ပါတယ္။

ဗမာ့လြတ္လပ္ေရး ကိစၥေဆြးေႏြးရန္အတြက္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ေခါင္းေဆာင္တဲ့ ဗမာကုိယ္စားလွယ္အဖြဲ႔အား လန္ဒန္ၿမဳိ႕သုိ႔ ဇန္န၀ါရီလ ၁၀ ရက္ေန႔ မတုိင္ခင္ လာေရာက္ရန္ ၿဗိတိသွ်အစုိးရက ဖိတ္ႀကားခဲ့ပါတယ္။ သုိ႔ေသာ္ ဗုိလ္ခ်ဳပ္သည္ ၿဗိတိန္ႏုိင္ငံသုိ႔ တုိက္ရုိက္မသြားခဲ့ ။ သူ႔မိတ္ေဆြၿဖစ္သူ အိႏၵိယၿပည္မွ မစၥတာေနရူးထံသုိ႔ ခတၱ၀င္ကာ ေတြ႔ဆုံေဆြးေႏြးရင္း အႀကံဥာဏ္မ်ားေတာင္းခဲ့ပါတယ္။ ေနရူးကလည္း ဗုိလ္ခ်ဳပ္တုိ႔အား သူ၏ေနအိမ္မွာပင္ တည္းခုိေစၿပီး ၿဗိတိသွ်အစုိးရႏွင့္ ေတြ႔ဆုံရာတြင္ အသုံးၿပဳရမည့္ နည္းပရိယာယ္မ်ားကို အေသးစိတ္ အႀကံေပးခဲ့ပါတယ္။

မစၥတာေနရူး မွာ ဗမာၿပည္မွ “ေအာင္ဆန္း” အမည္ရွိ လူငယ္ေခါင္းေဆာင္ ၏ အရည္အေသြးထက္ၿမက္မႈကုိ သေဘာက်မိရာမွ အနာ ဂါတ္အတြက္ အားကုိးခ်င္ဟန္ တူပါတယ္။ ထုိအခ်ိန္က အေရွ႕ေတာင္ အာရွ ႏုိင္ငံအမ်ားစုမွာ ကုိလုိနီ ႏုိင္ငံမ်ားၿဖစ္ၿပီး လြတ္ေၿမာက္ေရးအတြက္ အထူးႀကဳိးပမ္းလ်က္ ရွိေနတဲ့အခ်ိန္ ၿဖစ္ပါတယ္။ သုိ႔ေသာ္ ထုိႏုိင္ငံမ်ားမွ ေခါင္းေဆာင္ပုိင္းကုိ ေနရူး သိပ္အားမရပါေခ်။

ဗီယက္နမ္ မွ လြတ္ေၿမာက္ေရးေခါင္းေဆာင္ “ဟုိခ်ီမင္း” ဆုိလွ်င္ အသက္အရြယ္ အားၿဖင့္ အုိမင္းရင့္ေရာ္ေနသလုိ ၊ အင္ဒုိနီးရွားမွ “ေဒါက္တာ ရွားရီးမား ” ဆုိလွ်င္လည္း အသက္ႀကီးရုံမက က်န္းမာေရး အေၿခအေနပါ သိပ္မေကာင္းပါေခ်။ ဒါေႀကာင့္လည္း အေရွ႕ေတာင္အာရွ ေဒသအတြက္ ငယ္ရြယ္ထက္ၿမက္တက္ႀကြေသာ ေခါင္းေဆာင္ ဟူ၍ ဗမာႏုိင္ငံမွ “ေအာင္ဆန္း” တစ္ေယာက္ကုိသာ မစၥတာေနရူးၿမင္မိၿခင္းပင္။

ထုိ႔ေႀကာင့္ပင္လွ်င္ ၁၉၄၇ ခုႏွစ္ ၊ ဇူလုိင္လ (၁၉) ရက္ေန႔က ဗမာႏုိင္ငံ လုပ္ႀကံမႈႀကီးအေႀကာင္းကို “ရုိက္တာ” ေႀကးနန္းသတင္းဌာနမွ တစ္ဆင့္ အိႏၵိယၿပည္ နယူးေဒလီၿမဳိ႕သုိ႔ ေန႔ခ်င္း ေရာက္သြားေသာအခါ ေခါင္းေဆာင္ ႀကီး မစၥတာေနရူးက “ေအာင္ဆန္းက်ဆုံးတာဟာ ဗမာႏုိင္ငံအတြက္သာ မဟုတ္။ အာရွႏုိင္ငံ အားလုံး အတြက္ အလြန္ထူးခြ်န္ထက္ၿမက္တဲ့ ေခါင္း ေဆာင္ေကာင္းတစ္ဦး ဆုံးရႈံးၿခင္း ၿဖစ္တယ္ ” ဟု ႏွေၿမာတသယူႀကဳံးမရၿဖစ္ လ်က္ မ်က္ရည္စက္လက္ၿဖင့္ မွတ္ခ်က္ခ်ခဲ့ၿခင္း ၿဖစ္ပါသတည္း..

ဗုိလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္ ေနရူးတုိ႔ ေတြ႔ဆုံစဥ္ ရွားပါးဗီဒီယုိဖုိင္

Ref:
ၿပည္ေထာင္စုဗိသုကာ ဗုိလ္ခ်ဳပ္ေအာင္ဆန္း – တကၠသုိလ္ေန၀င္း
#သုတဇုန္


ဗိုလ်ချုပ်အောင်ဆန်း နှင့် အိန္ဒိယခေါင်းဆောင်ကြီး နေရူး (unicode)

နေရူး သည် အိန္ဒိယပြည်ကြီး ဗြိတိသျှနယ်ချဲ့လက်အောက်မှ လွတ်လပ်ရေး အတွက် အထူးခဲယဉ်းပင်ပမ်းစွာ ကြိုးစားခဲ့သူ ၊ မဟတ္တမဂန္ဒီနှင့် တန်းတူထင်ရှားသူ ၊ အိန္ဒိယနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟာလ်လာ နေရူး ဖြစ်ကြောင်း အားလုံးသိပြီး ဖြစ်မှာပါ။ အိန္ဒိယလွတ်လပ်ရေး သမိုင်းကို ပြောလျှင် ဂန္ဒီကြီး နှင့် နေရူး တို့မှာ မပါမဖြစ်။ သူတို့နှစ်ဦးကို ဗိုလ်ချုပ်သည် ကျောင်းသားကိုအောင်ဆန်း ဘဝကပင် အထူးလေးစား ကြည်ညိုခဲ့ပါတယ်။ သူတို့၏ နိုင်ငံရေးလှုပ်ရှားမှုများကို မပြတ်လေ့လာသလို အင်္ဂလိပ်စာအရေးအသားကောင်းမွန်လှသော နေရူး၏ စာအုပ်များကို ဗိုလ်ချုပ်က အလွန်သဘောကျကြောင်း သိရပါတယ်။

ဗိုလ်ချုပ် အင်္ဂလန်သွားတော့ ဗိုလ်ချုပ်ရဲ့ ကုတ်အင်္ကျီကို နေရူးချုပ်ပေးလိုက် တာတော့ အားလုံးသိကြမှာပါ။ သို့သော် ဗိုလ်ချုပ်နှင့် နေရူးတို့မှာ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကပင်သိခဲ့ကြပြီးဖြစ်ပါတယ်။ ၁၉၃၇ ခုနှစ် က ဗမာနိုင်ငံလုံးဆိုင်ရာ ပြည်လုံးကျွတ်ကျောင်းသား ညီလာခံကြီးကို မန္တလေးမြို့မှာ ကျင်းပခဲ့ပါတယ်။ ယင်းညီလာခံ မကျင်းပမီက ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာကျောင်းသားများ၏ တက်ကြွမှု ၊ ရည်မှန်းချက်များကို နိုင်ငံခြားသို့တိုင်အောင် ကျယ်ပြန့်စွာ သိရှိစေရန် နာမည်ကျော် အိန္ဒိယ ခေါင်းဆောင်ကြီး နေရူး ကိုဖိတ်ကြားရန် စိတ်ကူးရခဲ့ပါတယ်။ လူချင်းလည်း မသိကျွမ်းသေး ၊ ဆက်သွယ်မှုလည်း အလျဉ်းမရှိလင့် ကစား ကိုအောင်ဆန်းသည် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိသူဖြစ်ရာ မစ္စတာနေရူးအား မန္တလေးညီလာခံသို့ ကြွရောက် ချီးမြှင့်ပါရန် စာလှမ်းရေးပြီး ဖိတ်ကြားလိုက်ပါတယ်။

မစ္စတာနေရူးကလည်း “အောင်ဆန်း”ဆိုသူ ကျောင်းသားခေါင်းဆောင် တစ်ယောက်အကြောင်းကို သတင်းစာများမှ သိပြီးဖြစ်ရာ အနီးကပ်လေ့လာလိုသဖြင့် ညီလာခံသို့တက်ရောက်ရန် လက်ခံခဲ့ပါတယ်။ ကိုအောင်ဆန်း၏ ဖိတ်ကြားချက်ကို မစ္စတာနေရူးလက်ခံပြီး ညီလာခံသို့ လာတက်မည့် အကြောင်း သတင်းကြားသောအခါ ရန်ကုန်၊ ဗြိတိသျှ ဘုရင်ခံ နှင့် တကွ အစိုးရအဖွဲ့ဝန်ကြီးများအားလုံး အံအားသင့်သွား ကြပါတယ်။

အံအားသင့်မယ် ဆိုလည်း သင့်စရာပါ။ လူချင်းလည်းမသိ ၊ အဆက်အသွယ်လည်း မရှိတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ဖိတ်ခေါ်တာကို နေရူးလို နိုင်ငံခေါင်းဆောင်ကြီး တစ်ယောက်က လုံးဝလာမယ်လို့ မထင်ထားကြလို့ပါ။ သို့သော်လည်း အံအားသင့်ရုံမှ လွဲလို့ ဘာမှမတတ်နိုင်ကြချေ။ အိန္ဒိယ နှင့် ဗမာနှစ်နိုင်ငံလုံးဟာ ဗြိတိသျှအင်ပါယာ အတွင်းမှ နိုင်ငံများသာ ဖြစ်၍ ပတ်စ်ပိုစ့် ခေါ် နိုင်ငံကူးလက်မှတ်မလိုပဲ လွတ်လပ်စွာ သွားနိုင်ခွင့် ရှိတာကြောင့် နေရူးလာမည့် အရေးကို မပိတ်ပင်နိုင်ပဲ အသာကြည့်နေရပါတယ်။

ဗိုလ်ချုပ်သည် ညီလာခံ၌ မိန့်ခွန်းကို မြန်မာလိုပြောမည်ဆိုရင် ပြောနိုင်သော်လည်း ကမ္ဘာကျော်အိန္ဒိယခေါင်းဆောင်ကြီး မစ္စတာနေရူး တက်ရောက်သည့်အပြင် သူ၏လှုပ်ရှားမှု မှန်သမျှ သတင်းလိုက်ယူနေသော “ရိုက်တာ” “အေပီ” သတင်းဌာကြီးများမှ သတင်းထောက်များလည်း လာရောက်သည့်အတွက် အင်္ဂလိပ်လိုပင် ပြောခဲ့ပါတယ်။
( ဗိုလ်ချုပ်နှင့်ပတ်သတ်၍ စိတ်ဝင်စားဖွယ်အချက်မှာ ဗိုလ်ချုပ်သည် အရေးကြီးမိန့်ခွန်းများကို သူကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပြီး တကယ့်အစည်းအဝေးတွင်တော့ အင်္ဂလိပ်မိန့်ခွန်း မူရင်းကို ဗမာလို တက်တန်းပြောသွားလေ့ ရှိခြင်းပင် )

ဗိုလ်ချုပ်အောင်ဆန်း၏ စေ့စပ်ကြေညက်လှသော အင်္ဂလိပ်စကားပြောမိန့်ခွန်းကြောင့် မစ္စတာနေရူးနှင့် တကွ သတင်းထောက်များ ကောင်းစွာနားလည် သဘောပေါက် သွားကြပါတယ်။ ဗိုလ်ချုပ်သည် ညီလာခံအတွက် အလုပ်များနေသည့် ကြားမှ နေရူး နှင့် ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ ကိုအောင်ဆန်းကို အနီးကပ်လေ့လာရင်း သုံးသပ်မှတ်ချက်ချရာတွင် “အောင်ဆန်း၏ အသိဥာဏ်နှင့် နိုင်ငံရေးအမြော်အမြင် ကြီးမားမှုသည်
သူ၏ အသက်အရွယ်နှင့် မလိုက်အောင်ပင် ထူးချွန်ထက်မြက်သည် ” ဟူ၍သတည်း ။

ထို့နောက် ၁၉၄၀ တွင် အိန္ဒိယပြည် “ရမ်းလား” မြို့၌ကျင်းပသော ကွန်ဂရက် ပါတီ ညီလာခံကြီးသို့ ကိုအောင်ဆန်းအား အထူးဧည့်သည် အဖြစ်ဖိတ်ကြားခဲ့ပါတယ်။ ထိုအချိန်က ကိုအောင်ဆန်းမှာ ကျောင်းသားခေါင်းဆောင် မဟုတ်တော့။ တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်း ဖြစ်နေပေပြီ ။ ကွန်ဂရက်ပါတီမှာ အိန္ဒိယပြည် ၏ အင်အားအကြီးမားဆုံး ပါတီတစ်ခုဖြစ်သည့် အပြင် နေရူး ၊ ဂန္ဒီ စသောပုဂ္ဂိုလ်ကြီးများ ဦးဆောင်မှုဖြင့် ကမ္ဘာကျော်အောင်ထင်ရှားသည့် ပါတီတစ်ခုလည်း ဖြစ်ပါတယ်။ ထိုညီလာခံကြီးသို့ သခင်အောင်ဆန်းတို့ အဖွဲ့သွားရောက်လေ့လာအပြီး မစ္စတာနေရူးက အခြားမည်သည့်နေရာ များကို သွားလေ့လာလိုပါသေးသနည်း ဟုမေးရာ သခင်အောင်ဆန်းမှာ မူမနေပဲ သူ့ညဉ်အတိုင်း “အနောက်မြောက်နယ်ခြားဒေသပြည်နယ်ဖက် သို့ သွားရောက်လေ့လာချင်ပါတယ်” ဟု သွက်လက်စွာ ပြန်ဖြေလိုက် ပါတယ်။

ထိုနေရာသို့ သခင်အောင်ဆန်း သွားလိုခြင်းမှာ အကြောင်းရှိပါတယ်။ ထိုနေရာတွင် ထူးခြားသော နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ရှိတဲ့ အတွက်ကြောင့်ပါ။ သူ့ကို နယ်စပ်ဂန္ဒီကြီးလို့ ခေါ်ပါတယ်။ ဂန္ဒီကြီး နဲ့ မတူတဲ့အချက်ကတော့ ဂန္ဒီကြီးက ငြိမ်းချမ်းရေးဖြင့်တော်လှန် ပြီး နယ်စပ်ဂန္ဒီကြီးကတော့ လက်နက်စွဲကိုင်တော်လှန်နိုင်မှ ဖြစ်မည်ဟု ယုံကြည်နေခြင်းပါ။ ယင်းအချက်ကို ကိုအောင်ဆန်း အထူးစိတ်ဝင် စားပါတယ်။ နောက်ဆုံး နယ်စပ်ဂန္ဒီကြီး နှင့် တွေ့ဆုံဆွေးနွေးခဲ့ရပြီး နည်းစနစ် နှင့် သဘောထားများကိုသိရှိကာ ကိုအောင်ဆန်းအတွက် အလွန်အကျိုးရှိခဲ့ပါတယ်။

ဗမာ့လွတ်လပ်ရေး ကိစ္စဆွေးနွေးရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဗမာကိုယ်စားလှယ်အဖွဲ့အား လန်ဒန်မြို့သို့ ဇန်နဝါရီလ ၁၀ ရက်နေ့ မတိုင်ခင် လာရောက်ရန် ဗြိတိသျှအစိုးရက ဖိတ်ကြားခဲ့ပါတယ်။ သို့သော် ဗိုလ်ချုပ်သည် ဗြိတိန်နိုင်ငံသို့ တိုက်ရိုက်မသွားခဲ့ ။ သူ့မိတ်ဆွေဖြစ်သူ အိန္ဒိယပြည်မှ မစ္စတာနေရူးထံသို့ ခတ္တဝင်ကာ တွေ့ဆုံဆွေးနွေးရင်း အကြံဥာဏ်များတောင်းခဲ့ပါတယ်။ နေရူးကလည်း ဗိုလ်ချုပ်တို့အား သူ၏နေအိမ်မှာပင် တည်းခိုစေပြီး ဗြိတိသျှအစိုးရနှင့် တွေ့ဆုံရာတွင် အသုံးပြုရမည့် နည်းပရိယာယ်များကို အသေးစိတ် အကြံပေးခဲ့ပါတယ်။

မစ္စတာနေရူး မှာ ဗမာပြည်မှ “အောင်ဆန်း” အမည်ရှိ လူငယ်ခေါင်းဆောင် ၏ အရည်အသွေးထက်မြက်မှုကို သဘောကျမိရာမှ အနာ ဂါတ်အတွက် အားကိုးချင်ဟန် တူပါတယ်။ ထိုအချိန်က အရှေ့တောင် အာရှ နိုင်ငံအများစုမှာ ကိုလိုနီ နိုင်ငံများဖြစ်ပြီး လွတ်မြောက်ရေးအတွက် အထူးကြိုးပမ်းလျက် ရှိနေတဲ့အချိန် ဖြစ်ပါတယ်။ သို့သော် ထိုနိုင်ငံများမှ ခေါင်းဆောင်ပိုင်းကို နေရူး သိပ်အားမရပါချေ။ ဗီယက်နမ် မှ လွတ်မြောက်ရေးခေါင်းဆောင် “ဟိုချီမင်း” ဆိုလျှင် အသက်အရွယ် အားဖြင့် အိုမင်းရင့်ရော်နေသလို ၊ အင်ဒိုနီးရှားမှ “ဒေါက်တာ ရှားရီးမား ” ဆိုလျှင်လည်း အသက်ကြီးရုံမက ကျန်းမာရေး အခြေအနေပါ သိပ်မကောင်းပါချေ။ ဒါကြောင့်လည်း အရှေ့တောင်အာရှ ဒေသအတွက် ငယ်ရွယ်ထက်မြက်တက်ကြွသော ခေါင်းဆောင် ဟူ၍ ဗမာနိုင်ငံမှ “အောင်ဆန်း” တစ်ယောက်ကိုသာ မစ္စတာနေရူးမြင်မိခြင်းပင်။

ထို့ကြောင့်ပင်လျှင် ၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ (၁၉) ရက်နေ့က ဗမာနိုင်ငံ လုပ်ကြံမှုကြီးအကြောင်းကို “ရိုက်တာ” ကြေးနန်းသတင်းဌာနမှ တစ်ဆင့် အိန္ဒိယပြည် နယူးဒေလီမြို့သို့ နေ့ချင်း ရောက်သွားသောအခါ ခေါင်းဆောင် ကြီး မစ္စတာနေရူးက “အောင်ဆန်းကျဆုံးတာဟာ ဗမာနိုင်ငံအတွက်သာ မဟုတ်။ အာရှနိုင်ငံ အားလုံး အတွက် အလွန်ထူးချွန်ထက်မြက်တဲ့ ခေါင်း ဆောင်ကောင်းတစ်ဦး ဆုံးရှုံးခြင်း ဖြစ်တယ် ” ဟု နှမြောတသယူကြုံးမရဖြစ် လျက် မျက်ရည်စက်လက်ဖြင့် မှတ်ချက်ချခဲ့ခြင်း ဖြစ်ပါသတည်း..

Ref:
ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း – တက္ကသိုလ်နေဝင်း
#သုတဇုန်

Leave a Reply