ေရခဲမွတ္ေအာက္ -၉ဒီဂရီမွာ ၃မုိင္ခရီးကုိ ျဖတ္ေက်ာ္ၿပီး ေက်ာင္းကုိအေရာက္လာခဲ့တဲ့ ၃တန္းေက်ာင္းသားေလး

Posted on

မ်က္ႏွာနီရဲၿပီး တစ္ေခါင္းလုံးႏွင္းေတြနဲ႔ စြတ္စြတ္ျဖဴေနတဲ့ ကေလးငယ္တစ္ေယာက္ရဲ႕ပုံေတြဟာ အခုရက္ပုိင္း ဆုိရွယ္မီဒီယာေပၚမွာ ပ်ံ႔ေနပါတယ္။

ဒီကေလးငယ္ကေလးကေတာ့ ယူနန္ျပည္နယ္ Zhuanshanbao မူလတန္းေက်ာင္းမွာ တက္ေရာက္ေနတဲ့ ၃တန္္းေက်ာင္းသားေလးပဲ ျဖစ္ပါတယ္။

သူမ်က္ႏွာနီၿပီး ဆံပင္ေတြဟာႏွင္းေတြနဲ႔ ျဖဴေဖြးေနရတဲ့အေၾကာင္းကေတာ့ သူဟာ ခ်မ္းေအးလြန္းတဲ့ ေရခဲမွတ္ေအာက္ -၉ဒီဂရီမွာ ၃မုိင္ခရီးကို ေလွ်ာက္ၿပီး ေက်ာင္းကိုလာခဲ့ရတဲ့အတြက္ ျဖစ္ပါတယ္။

ခ်မ္းေအးလြန္းတာေၾကာင့္ သူ႔ရဲ႕မ်က္ႏွာဟာ နီရဲေနတာျဖစ္ၿပီး လမ္းတစ္ေလွ်ာက္မွာ ႏွင္းေတြက်ေနတဲ့အတြက္ ေခါင္းက ျဖဴသြားရျခင္းျဖစ္ပါတယ္။

၈ႏွစ္အရြယ္ကေလးငယ္ ဟာ ဒီလုိရာသီဥတုမ်ဳိးကုိ ႀကံႀကံခံၿပီးလာရတဲ့အေၾကာင္းကေတာ့ အဲဒီေန႔ဟာ စာေမးပြဲႀကီးရဲ႕ ပထမဆုံးေန႔ ျဖစ္ေနလုိ႔ပါ။ ဒါေၾကာင့္ သူမေရာက္ေရာက္ေအာင္ လာခဲ့တာလုိ႔ ဆုိပါတယ္။

ဇြဲရွိလြန္းတဲ့ ေက်ာင္းသားေလးရဲ႕ ပုံရိပ္ေတြကုိ ေက်ာင္းအုပ္ဆရာႀကီး Fu Heng တရုတ္ဆုိရွယ္မီဒီယာျဖစ္တဲ့ Wiebo ေပၚေ၀မွ်ခဲ့ရာကေန ပ်ံ႕ႏွံ႔သြားခဲ့တာပဲျဖစ္ပါတယ္။

” အဲဒီေန႔က သူတုိ႔ရဲ႕ပထမဆုံး စာေမးပြဲေန႔ပါ။ ဒီေကာင္က မျပည့္စုံေပမယ့္ အတန္းထဲမွာေတာ့ လူခ်စ္လူခင္ေပါတယ္။ သူက ဒီအတန္းရဲ႕ လူရႊင္ေတာ္ေလ။ သူေရာက္လာတဲ့အခ်ိန္မွာ ရာသီဥတုဟာ အလြန္ေအးေနၿပီး အပူခ်ိန္က -၉ဒီဂရီျဖစ္ေနခဲ့တာပါ။

အေ၀းႀကီးကေန လာခဲ့ရတဲ့အတြက္ အတန္းထဲေရာက္တဲ့အခ်ိန္မွာ သူ႔ဆံပင္ဟာ ႏွင္းေတြခဲေနပါတယ္။ သူ႔ရဲ႕အတန္းေဖာ္ ၁၆ေယာက္က သူ႔ကိုၾကည့္ၿပီး အံၾသေနခ်ိန္မွာ သူက ဘာမွမျဖစ္သလုိ မ်က္ႏွာကိုေျပာင္စပ္စပ္လုပ္ျပေနေသးတဲ့အတြက္ အံၾသေနတဲ့သူ႔အတန္းေဖာ္ေတြအားလုံး ရယ္ကုန္ၾကပါတယ္။

ဒီေလာက္ခုိက္ခုိက္တုန္ေအာင္ခ်မ္းေနခ်ိန္မွာ တျခားသူေတြကို ရယ္ေမာေအာင္လုပ္ႏုိင္ေသးတယ္။ တကယ့္ေကာင္ပါပဲ” လုိ႔ ေက်ာင္းဆရာႀကီးက ဆုိပါတယ္။

ကေလးငယ္ရဲ႕နာမည္က ၀မ္ဖူမင္းလုိ႔ ေခၚၿပီး အဘြား ၊ အစ္မ ျဖစ္သူတုိ႔နဲ႔ အတူ အိမ္ငယ္ေလးတစ္လုံးမွာ ေနထုိင္သူပါ။ သူ႔ရဲ႕အိမ္ကေန ေက်ာင္းကုိေရာက္ေအာင္ ၁နာရီခြဲခန္႔ လမ္းေလွ်ာက္ရပါတယ္။ အေဖျဖစ္သူက ေရႊ႕ေျပာင္းအလုပ္သမား ျဖစ္ၿပီး အေမျဖစ္သူက အိမ္ကုိျပန္မလာေတာ့ဘူးလုိ႔ ဆုိပါတယ္။

မျပည့္မစုံ မိသားစုဘ၀ မွာ ဒီကေလးငယ္ဟာ တစ္ဖက္က ေက်ာင္းတက္ေနရင္းနဲ႔ အဖြားျဖစ္သူရဲ႕ လယ္အလုပ္ေတြကုိ ၀င္ကူေနရပါတယ္။ ဒါေၾကာင့္လည္း သူ႔ရဲ႕လက္ေတြဟာ အသမာတက္ေနရျခင္း ျဖစ္ပါတယ္။

သူအိမ္က ထြက္ေနခ်ိန္မွာ ရာသီဥတုေကာင္းတယ္လုိ႔ထင္ၿပီး အ၀တ္ေတြကုိ အထူႀကီးမ၀တ္ခဲ့ဘူးလုိ႔ သိရပါတယ္။ ဆရာႀကီးရဲ႕ မွ်ေ၀မႈေၾကာင့္ ကေလးငယ္ရဲ႕အေၾကာင္းကို ဆုိရွယ္မီဒီယာကေနတစ္ဆင့္ သိသြားၾကၿပီး အားမငယ္ဖုိ႔ ပညာကိုႀကဳိးစားသင္ဖုိ႔ အားေပးၾကပါတယ္။

ကေလးငယ္ေလးကို လည္း ေရခဲေကာင္ေလး လို႔ ခ်စ္စႏုိးနာမည္ေပးထားၾကပါတယ္။ ဆုိရွယ္မီဒီယာရဲ႕ ေကာင္းမႈေၾကာင့္ ဒီကေလးငယ္ကို ကရုဏာသက္သူမ်ားျပားခဲ့ၿပီး မၾကာခင္မွာပဲ သူ႔ရဲ႕ေက်ာင္းကို ေဒၚလာ ၁၅၀၀၀ ၊ အပူေပးကိရိယာ အခု ၂၀ နဲ႔ အေႏြးထည္ ၁၄၄စုံ လွဴဒါန္းလာခဲ့ၾကပါတယ္။


ရေခဲမှတ်အောက် -၉ဒီဂရီမှာ ၃မိုင်ခရီးကို ဖြတ်ကျော်ပြီး ကျောင်းကိုအရောက်လာခဲ့တဲ့ ၃တန်းကျောင်းသားလေး (unicode)

မျက်နှာနီရဲပြီး တစ်ခေါင်းလုံးနှင်းတွေနဲ့ စွတ်စွတ်ဖြူနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ပုံတွေဟာ အခုရက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေပါတယ်။ ဒီကလေးငယ်ကလေးကတော့ ယူနန်ပြည်နယ် Zhuanshanbao မူလတန်းကျောင်းမှာ တက်ရောက်နေတဲ့ ၃တန်းကျောင်းသားလေးပဲ ဖြစ်ပါတယ်။

သူမျက်နှာနီပြီး ဆံပင်တွေဟာနှင်းတွေနဲ့ ဖြူဖွေးနေရတဲ့အကြောင်းကတော့ သူဟာ ချမ်းအေးလွန်းတဲ့ ရေခဲမှတ်အောက် -၉ဒီဂရီမှာ ၃မိုင်ခရီးကို လျှောက်ပြီး ကျောင်းကိုလာခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။ ချမ်းအေးလွန်းတာကြောင့် သူ့ရဲ့မျက်နှာဟာ နီရဲနေတာဖြစ်ပြီး လမ်းတစ်လျှောက်မှာ နှင်းတွေကျနေတဲ့အတွက် ခေါင်းက ဖြူသွားရခြင်းဖြစ်ပါတယ်။ ၈နှစ်အရွယ်ကလေးငယ် ဟာ ဒီလိုရာသီဥတုမျိုးကို ကြံကြံခံပြီးလာရတဲ့အကြောင်းကတော့ အဲဒီနေ့ဟာ စာမေးပွဲကြီးရဲ့ ပထမဆုံးနေ့ ဖြစ်နေလို့ပါ။ ဒါကြောင့် သူမရောက်ရောက်အောင် လာခဲ့တာလို့ ဆိုပါတယ်။

ဇွဲရှိလွန်းတဲ့ ကျောင်းသားလေးရဲ့ ပုံရိပ်တွေကို ကျောင်းအုပ်ဆရာကြီး Fu Heng တရုတ်ဆိုရှယ်မီဒီယာဖြစ်တဲ့ Wiebo ပေါ်ဝေမျှခဲ့ရာကနေ ပျံ့နှံ့သွားခဲ့တာပဲဖြစ်ပါတယ်။
” အဲဒီနေ့က သူတို့ရဲ့ပထမဆုံး စာမေးပွဲနေ့ပါ။ ဒီကောင်က မပြည့်စုံပေမယ့် အတန်းထဲမှာတော့ လူချစ်လူခင်ပေါတယ်။ သူက ဒီအတန်းရဲ့ လူရွှင်တော်လေ။ သူရောက်လာတဲ့အချိန်မှာ ရာသီဥတုဟာ အလွန်အေးနေပြီး အပူချိန်က -၉ဒီဂရီဖြစ်နေခဲ့တာပါ။ အဝေးကြီးကနေ လာခဲ့ရတဲ့အတွက် အတန်းထဲရောက်တဲ့အချိန်မှာ သူ့ဆံပင်ဟာ နှင်းတွေခဲနေပါတယ်။ သူ့ရဲ့အတန်းဖော် ၁၆ယောက်က သူ့ကိုကြည့်ပြီး အံဩနေချိန်မှာ သူက ဘာမှမဖြစ်သလို မျက်နှာကိုပြောင်စပ်စပ်လုပ်ပြနေသေးတဲ့အတွက် အံဩနေတဲ့သူ့အတန်းဖော်တွေအားလုံး ရယ်ကုန်ကြပါတယ်။ ဒီလောက်ခိုက်ခိုက်တုန်အောင်ချမ်းနေချိန်မှာ တခြားသူတွေကို ရယ်မောအောင်လုပ်နိုင်သေးတယ်။ တကယ့်ကောင်ပါပဲ” လို့ ကျောင်းဆရာကြီးက ဆိုပါတယ်။

ကလေးငယ်ရဲ့နာမည်က ဝမ်ဖူမင်းလို့ ခေါ်ပြီး အဘွား ၊ အစ်မ ဖြစ်သူတို့နဲ့ အတူ အိမ်ငယ်လေးတစ်လုံးမှာ နေထိုင်သူပါ။ သူ့ရဲ့အိမ်ကနေ ကျောင်းကိုရောက်အောင် ၁နာရီခွဲခန့် လမ်းလျှောက်ရပါတယ်။ အဖေဖြစ်သူက ရွှေ့ပြောင်းအလုပ်သမား ဖြစ်ပြီး အမေဖြစ်သူက အိမ်ကိုပြန်မလာတော့ဘူးလို့ ဆိုပါတယ်။ မပြည့်မစုံ မိသားစုဘ၀ မှာ ဒီကလေးငယ်ဟာ တစ်ဖက်က ကျောင်းတက်နေရင်းနဲ့ အဖွားဖြစ်သူရဲ့ လယ်အလုပ်တွေကို ဝင်ကူနေရပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့လက်တွေဟာ အသမာတက်နေရခြင်း ဖြစ်ပါတယ်။

သူအိမ်က ထွက်နေချိန်မှာ ရာသီဥတုကောင်းတယ်လို့ထင်ပြီး အဝတ်တွေကို အထူကြီးမဝတ်ခဲ့ဘူးလို့ သိရပါတယ်။ ဆရာကြီးရဲ့ မျှဝေမှုကြောင့် ကလေးငယ်ရဲ့အကြောင်းကို ဆိုရှယ်မီဒီယာကနေတစ်ဆင့် သိသွားကြပြီး အားမငယ်ဖို့ ပညာကိုကြိုးစားသင်ဖို့ အားပေးကြပါတယ်။ ကလေးငယ်လေးကို လည်း ရေခဲကောင်လေး လို့ ချစ်စနိုးနာမည်ပေးထားကြပါတယ်။ ဆိုရှယ်မီဒီယာရဲ့ ကောင်းမှုကြောင့် ဒီကလေးငယ်ကို ကရုဏာသက်သူများပြားခဲ့ပြီး မကြာခင်မှာပဲ သူ့ရဲ့ကျောင်းကို ဒေါ်လာ ၁၅၀၀၀ ၊ အပူပေးကိရိယာ အခု ၂၀ နဲ့ အနွေးထည် ၁၄၄စုံ လှူဒါန်းလာခဲ့ကြပါတယ်။

Leave a Reply