• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ခေတ်သစ် ကမ္ဘာ့အံဖွယ် ၇ခု စာရင်းဝင် မာချူးပီချူးမြို့တော် အကြောင်းသိကောင်းစရာ

by Thutamm
July 29, 2019
1 min read
0
ခေတ်သစ် ကမ္ဘာ့အံဖွယ် ၇ခု စာရင်းဝင် မာချူးပီချူးမြို့တော် အကြောင်းသိကောင်းစရာ
Share on FacebookShare on Twitter

မာချူးပီချူးဟာ ပီရူးနိုင်ငံ Cusco ဒေသ အင်ဒီးစ်တောင်တန်းပေါ်မှာ တည်ရှိတဲ့ အင်ကာအင်ပါယာ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ပါတယ်။

Machu Picchu ကို အင်ကာအင်ပါယာအင်အားကြီးထွားချိန် ၁၄၅၀ လောက်မှာ တည်ဆောက်ခဲ့ပါတယ်။ စတင်တည်ဆောက်ပြီး နှစ်ပေါင်း ၁၀၀ကျော်အကြာ ၁၅၇၀ ခုနှစ် စပိန်တွေသိမ်းပိုက်ချိန်မှာ စွန့်ပစ်ခြင်းခံခဲ့ရပါတယ်။

ဒီမြို့တော်ကို ခရစ်နှစ် ၁၄၅၀ ဝန်းကျင်လောက်မှာ အင်ကာအင်ပါယာ ဧကရာဇ် Pachacuti (၁၄၃၈-၁၄၇၂) မှ Andes တောင်တန်းတွေပေါ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

လျှို့ဝှက်ဆန်းကြယ်တဲ့ မာချူးပီချူးမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၇၉၇၀ အမြင့်မှာ တည်ရှိနေပါတယ်။

အစပိုင်းမှာ ခံတပ်အဖြစ်တည်ဆောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ အင်ကာလူမျိုးတို့ရဲ့ မြို့တော် ဖြစ်လာပြီး လူပေါင်း ၁၂၀၀ ဝန်းကျင်လောက်နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အများအားဖြင့် လက်လုပ်လက်စား သမားတွေ မင်းမှုထမ်းတွေနဲ့ အစေခံတွေ နေထိုင်ကြတယ်။ ကလေးတွေနဲ့ မိန်းမတွေဟာ ယောကျ်ားတွေထက် ဦးရေ ပိုများတယ်။

အဓိက အသယ်မွေးဝမ်းကျောင်းအဖြစ် စိုက်ပျိုးရေးကို လုပ်ကိုင်ကြတယ် ။ အဓိက ထွက်ကုန်ကတော့ အာလူးနဲ့ ပြောင်းတို့ဖြစ်တယ်။

ယောကျ်ားတွေက လယ်အလုပ်ကို လုပ်ကိုင်ပြီး မိန်းမတွေကတော့ အိမ်မှာနေပြီး ရက်ကန်း ခတ်ခြင်း ၊ အိုးလုပ်ငန်းနဲ့ လက်လုပ်ပစ္စည်း များကို ပြုလုပ်ကြတယ်။

Machu Picchu မြို့ကို စိုက်ပျိုးရေးအပိုင်း၊ ဘာသာရေးအပိုင်း၊ လူနေထိုင်သည့်အပိုင်း စသဖြင့် အပိုင်းအပိုင်းလိုက် အံ့သြဖွယ် တည်ဆောက်ထားတာကိုေ တွ့ရပါတယ်။

လှေကားထစ်စိုက်ပျိုးနည်းနဲ့ တောင်စောင်းတွေပေါ်မှာ စိုက်ပျိုးရေးလုပ်ကိုင်ကြပြီး အောက်ဆုံးအပိုင်းမှာ လူနေအဆောက်အဦးများရှိပြီး အရေးအကြီးဆုံး ဘာသာရေးအဆောက်အဦးတွေကတော့တောင်ရဲ့ထိပ်ဆုံးအပိုင်းမှာ တည်ရှိပါတယ်။

အဆောက်အအုံစုစုပေါင်း ၁၅၀ကျော်ရှိပြီး ကျောက်တုံးတွေကိုထွင်းထုထားတဲ့ ကျောက်လှေကားပေါင်း ၁၀၀ခန့်ရှိပါတယ်။

တောင်ထိပ်မှ ကြည့်မယ်ဆိုရင် ဟိုးအောက်ဆုံးက စိမ်းစိုလှပတဲ့ Urubamba တောင်ကြားအလှကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အံ.သြဖွယ်တည်ဆောက်မှုပုံတွေနဲ့ Machu Picchu မြို့ မှာ ခရီးသွားတွေဟာ ထူခြားလှတဲ့ အိမ်တွေ၊ ဘုရားကျောင်းတွေ အပါအဝင် လှပတဲ့လှေကားထစ်စိုက်ပျိုးရေး စနစ်တွေကိုလည်း လေ့လာနိုင်တဲ့အပြင် လျှို့ဝှက်ဆန်းကြယ်လှတဲ့ Intihuatana ကျောက်တုံးကြီးကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

ကျောက်တုံးကြီးတွေရဲ့ မျက်နှာပြင်မှာ ဆောက်လုပ်ရေး အလုပ်သမားတွေရဲ့ အားပြုထားတဲ့ လက်ရာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ငလျှင်ဒါဏ်ကို ကောင်းစွာခံနိုင်ဖို့ကိုတော့ အင်ကာ ဗိသုကာတွေက စိတ်ကူးဆန်းဆန်းကြံဆထားခဲ့ပါတယ်။

အဆောက်အအုံတွေအားလုံးကို အင်္ဂတေမသုံးပဲ ကျောက်တုံးစွန်းချင်း ချိတ်ဆက်တဲ့နည်းပညာကို သုံးထားခဲ့တာပါ။

ဒီနည်းပညာကြောင့် ပြင်းထန်တဲ့ရွှေ့လျားမှုဖြစ်ချိန်မှာ အဆောက်အအုံတွေဟာ အလိုက်သင့်ရွှေ့လျားနေစေတယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။

နှစ်ပေါင်း ၆၂ နှစ်ကြာ တည်ရှိပြီးတဲ့နောက် Machu Picchu ရဲ့ သက်တမ်း ကုန်ဆုံးခဲ့တယ်။ လူဦးရေရဲ့ ငါးဆယ် ရာခိုင်နှုန်းက အရေပြားကူးစက်ရောဂါတစ်မျိုးကြောင့် ကပ်ဆိုက် သေဆုံးခဲ့ပြီး ကျန်လူများသည် စပိန်ကျူးကျော်သူတွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုကို ခံရပြီးတဲ့နောက်မှာ မြို့ကိုစွန့်ပစ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနောက်တော့ ဒီမြို့တော်ရှိနေခဲ့တာကို လူသိပ်မသိတော့ပဲ တစတစတိမ်မြုပ် သွားခဲ့ပါတယ်။

၁၉ရာစုရဲ့ ရှာဖွေသူတွေဟာလည်း ဝေးလံ မြင့်မားလှတဲ့ Machu Picchu ကို ဘယ်တော့မှ မရောက်ခဲ့တာကြောင့် နှစ်ပေါင်းများစွာ ပျောက်ဆုံးတဲ့ မြို့ကြီး အဖြစ်တည်ရှိနေခဲ့ပါတယ်။

၁၉၁၁ခုနှစ်မှာမှ Yale တက္ကသိုလ်က အမေရိကန်သမိုင်းပညာရှင် Hiram Bingham မှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Bingham ဟာ ဒီမြို့တော်ကို ရှာဖွေတွေ့ရှိဖို့ အချိန် ၄နှစ်ခန့်ကြာမြင့်ခဲ့ပြီး ဒေသခံတိုင်းရင်းသားတွေနဲ့အတူ ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

Machu Picchu မြို့ဟာ ၁၉၈၃ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ် ယူနက်စကိုမှတ်တမ်းဝင် ဖြစ်ခဲ့ပါတယ်။

အခြား အင်ကာမြို့တွေလို ကျူးကျော်သူတွေရဲ့ လုံးဝဖျက်စီးခြင်းမခံရတဲ့အကြောင်းကတော့ ဒီမြို့တော်ဟာ တော်ရုံနဲ့ ရှာဖွေမတွေ့နိုင်တဲ့ တောင်ထိပ်ပေါ်မှာ တည်ရှိနေလို့ဖြစ်ပါတယ်။

အင်ကာအင်ပါယာမြို့တွေအနက် အကောင်းပကတိကျန်ခဲ့တဲ့မြို့ဆိုလို့ မာချူးပီချူး တစ်မြို့ပဲ ရှိပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ခုနှစ်ခု စာရင်းဝင်ခဲ့ပါတယ်။

ကမ္ဘာ့အလှဆုံးနေရာတွေထဲက နေရာတစ်ခုအဖြစ်တည်ရှိနေပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်း သန်းနဲ့ချီပြီးလာရောက်လေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

Tags: world places
Next Post
ပင်လယ်ဓားပြလောက ၏ အအောင်မြင်ဆုံး အမျိုးသမီးပင်လယ်ဓားပြဗိုလ်

ပင်လယ်ဓားပြလောက ၏ အအောင်မြင်ဆုံး အမျိုးသမီးပင်လယ်ဓားပြဗိုလ်

Discussion about this post

Trending

ရှေးဟောင်းနံရံမှာ စာ ၃ လုံးရေးမိလို့ အမြင့်ဆုံးဒဏ်ငွေ ဒေါ်လာ ၁သိန်းကျော် အထိ ဆောင်ရတော့မယ့် သူတွေ
Amazing

ရှေးဟောင်းနံရံမှာ စာ ၃ လုံးရေးမိလို့ အမြင့်ဆုံးဒဏ်ငွေ ဒေါ်လာ ၁သိန်းကျော် အထိ ဆောင်ရတော့မယ့် သူတွေ

by Thutamm
December 6, 2019
ကမ္ဘာအကြီးဆုံး နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကြီး Belgorod
Knowledge

ကမ္ဘာအကြီးဆုံး နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကြီး Belgorod

by Thutamm
December 6, 2019
လမ်းမပေါ်က ဟိုတယ် (သို့) ဒေါ်လာ ၃သန်းတန် ဘတ်စ်ကား
Amazing

လမ်းမပေါ်က ဟိုတယ် (သို့) ဒေါ်လာ ၃သန်းတန် ဘတ်စ်ကား

by Thutamm
December 5, 2019
ယာဉ်ကြောပိတ်ဆို့လွန်းတာကို ဖြေရှင်းဖို့ ကိုယ်ပိုင်ရဟတ်ယာဉ်တည်ဆောက်ခဲ့သူ
Amazing

ယာဉ်ကြောပိတ်ဆို့လွန်းတာကို ဖြေရှင်းဖို့ ကိုယ်ပိုင်ရဟတ်ယာဉ်တည်ဆောက်ခဲ့သူ

by Thutamm
December 5, 2019
အီကွေဒေါနိုင်ငံ အကြောင်းသိကောင်းစရာ
Knowledge

အီကွေဒေါနိုင်ငံ အကြောင်းသိကောင်းစရာ

by Thutamm
December 4, 2019

သုတဇုန် ဆိုတာ

သုတဇုန်စာမျက်နှာသည် ထူးထူးဆန်းဆန်းအကြောင်းများ ၊ သုတရသ ဗဟုသုတများ ၊ ရှေးဟောင်းနှောင်းဖြစ်သမိုင်းများ ၊ အသုံးဝင်အချက်အလက်များ ၊ စိတ်ခွန်အားပေးစာစုများ စသည့်အကြောင်းအရာများကို သီးသန့် တင်ဆက်ပေးနေသော စာမျက်နှာဖြစ်ပါတယ်။ ဗဟုသုတအကြောင်းအရာများကို အလွယ်တကူ သိချင် ဖတ်ချင်သူမိတ်ဆွေများအတွက် ကြိုးစားတင်ဆက်ပေးနေပါတယ်။

Tags

amazing ancient knowledge animals buddhism buddhism monk chemistry cities countries facts feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places plants rivers science science knowledge Sport Sport people story successful tech thinking tips to know world actors world actress world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • no
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook
  • About Us
  • Contact Us
  • Home
  • Privacy Policy

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy