ပင္လယ္ဓားျပေလာက၌ ေအာင္ျမင္မႈ အရဆံုးေသာသူမွာ အမ်ိဳးသား မဟုတ္ဘဲ စီခိုင္ (Hsi Kai) ေခၚ (Ching Shih) ေခၚ က်န္႔ယိေစာင္ (1775-1884) အမည္႐ွိ အမ်ိဳးသမီးသာ ျဖစ္သည္။ သူသည္ ၁၈ ရာစု ကာလအတြင္း ပင္လယ္ဓားျပ ေလာက၌ သမိုင္းဝင္သည့္ တ႐ုတ္အမ်ိဳးသမီး တစ္ဦးပင္ ျဖစ္သည္။
စီခိုင္သည္ ပင္လယ္ဓားျပ သေဘၤာမ်ားစြာႏွင့္ သေဘၤာသား ေယာက်္ားမ်ားစြာအား အမိန္႔ေပးႏိုင္သူလည္း ျဖစ္သည္။ စီခိုင္၏ စိတ္ကူးအရ သူမ အသက္အရြယ္ ႀကီးရင့္လာခ်ိန္၌ စုေဆာင္းထားသည့္၊ လုရာပါ တိုက္ရာပါ ပစၥည္းမ်ားျဖင့္ ဇိမ္က်က်ေနသြားမည္ ျဖစ္သည္။ စီခိုင္သည္ တစ္ခ်ိန္က ပင္လယ္ဓားျပတို႔၏ အငယ္အေႏွာင္းအျဖစ္ ေနထိုင္ခဲ့ရၿပီး ဘဝအေျခအေနအရ ဇိမ္ခန္းတြင္ အလုပ္လုပ္ခဲ့ရသူ ျဖစ္သည္။
တစ္ေန႔တြင္ နာမည္ႀကီး ပင္လယ္ဓားျပေခါင္းေဆာင္ ခ်င္ရီ (Ching Yih) ႏွင့္ ဇိမ္ခန္းတြင္ ေတြ႔ဆံုခဲ့သည္။ သည္လိုႏွင့္ စီခိုင္သည္ ခ်င္ရီ၏ မယားငယ္ ျဖစ္လာခဲ့ရသည္။
စီခိုင္သည္ ပင္လယ္ဓားျပဘဝ မေရာက္မီကတည္းက ဉာဏ္ရည္ထက္ျမက္သူ၊ စကားေျပာေကာင္းသူ ျဖစ္ေသာေၾကာင့္ ပင္လယ္ဓားျပအဖြဲ႔ အခ်င္းခ်င္းအား စီးပြားေရးအရ ၾကားဝင္ေစ့ပ္ ညႇိႏိႈင္းေပးႏိုင္သူ ျဖစ္သည္။ ၎ျပင္ စည္းရံုးေျပာဆိုႏိုင္စြမ္း ႐ွိျခင္းေၾကာင့္ ပင္လယ္ဓားျပေခါင္းေဆာင္ ခ်င္ရီႏွင့္ လပ္ထပ္ၿပီး သူမအတြက္ ႐ွယ္ယာ ၅၀ ရာခိုင္ႏႈန္း ခံစားခြင့္ ရယူႏိုင္ခဲ့သည္။
၁၈၀၇ ခုႏွစ္၌ ခ်င္ရီ ကြယ္လြန္ေသာအခါ စီခိုင္က ခင္ပြန္းျဖစ္သူ၏ ပင္လယ္ဓားျပေလွမ်ား၊ သေဘၤာ မ်ားအား အေမြဆက္ခံသူအျဖစ္ ဆက္လက္ ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။ စီခိုင္သည္ ပင္လယ္ဓားျပသေဘၤာ တစ္ေထာင္ေက်ာ္မွ အဖြဲ႔ဝင္ ေယာက်္ား၊ မိန္းမ ၅ ေသာင္းေက်ာ္အား ထိန္းခ်ဳပ္၍ အမိန္႔ေပး ေစခိုင္းႏိုင္ခဲ့သည္။
စီခိုင္သည္ ပင္လယ္ဓားျပ ေလာက၏ အ႐ွင္သခင္မ ဘဝကိုပင္ မေက်နပ္ႏိုင္ေသးဘဲ တစ္ကမၻာလံုးအား ထိန္းခ်ဳပ္ႏိုင္သည့္ ၾသဇာအာဏာကိုပါ ပိုင္ဆိုင္ခ်င္လာသူ ျဖစ္သည္။ ထို႔ေၾကာင့္ ေတာင္တ႐ုတ္ပင္လယ္ ေဒသတစ္ခုလံုးအား ၾသဇာလႊမ္းမိုးထားႏိုင္ရန္ ပင္လယ္ကမ္းေျခ ရြာမ်ားအား တိုက္ခိုက္သိမ္းပိုက္၍ ရြာသူရြာသားမ်ားအား သူမ၏ လက္ေအာက္သို႔ ဝင္၍ ၾသဇာခံရန္ အမိန္႔ေပးခဲ့သည္။
၁၈၁၀ ခုႏွစ္တြင္ ၿဗိတိန္၊ ေပၚတူဂီ၊ တ႐ုတ္ တပ္ဖြဲ႔မ်ား ပူးေပါင္း၍ စီခိုင္၏ အင္အားခိုင္မာ ေတာင့္တင္းေသာ ပင္လယ္ဓားျပ တပ္ဖြဲ႔မ်ားအား အျမစ္ျပတ္ ေခ်မႈန္းရန္ ႀကိဳးစားခဲ့ၾကသည္။ တ႐ုတ္ဧကရာဇ္ အေနျဖင့္လည္း သူပုန္မ်ားအား အထူးလြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳ၍ ေနရပ္သို႔ ျပန္လာႏိုင္ရန္ စီစဥ္ေပးခဲ့သည္။
စီခိုင္သည္ ကန္တုန္ျပည္နယ္ အစိုးရ ဘုရင္ခံခ်ဳပ္ႏွင့္ ေဆြးေႏြးခြင့္ ရ႐ွိခဲ့သည္။ စီခိုင္၏ ညႇိႏိႈင္း ေျပာၾကားခ်က္တြင္ သူမႏွင့္ သူမအဖြဲ႔ဝင္ ပင္လယ္ဓားျပအားလံုး သေဘၤာမ်ား၊ လက္နက္မ်ား အားလံုးကို စြန္႔လႊတ္၍ အစိုးရသို႔ လႊဲေျပာင္းေပးမည္။
သို႔ေသာ္လည္း သူမႏွင့္ အဖြဲ႔ဝင္ ၁၇၀၀၀ (တစ္ေသာင္းခုနစ္ေထာင္) အတြက္ ဘဝတစ္သက္တာ ေအးခ်မ္းစြာျဖင့္ ရပ္တည္ႏိုင္ရန္ ဝွက္ထားသည့္ ရတနာမ်ားအား တရားဝင္ ခြင့္ျပဳေပးရမည္ဟု ပါ႐ွိသည္။
စီခိုင္သည္ တ႐ုတ္အစိုးရႏွင့္ ေစ့စပ္မႈ ေျပလည္ၿပီးေနာက္ပိုင္း ေနာက္ထပ္ ႏွစ္ေပါင္း ၃၀ ခန္႔ ခ်မ္းခ်မ္းသာသာ ေနထိုင္ၿပီး ၁၈၄၄ ခုနစ္ သူမအသက္ ၆၉ ႏွစ္ အရြယ္မွာ ကြယ္လြန္သြားခဲ့သည္။ ေတာင္တ႐ုတ္ပင္လယ္ ေဒသအတြင္း စီခိုင္၏ တစ္ခ်ိန္က ပံုရိပ္မ်ားအား ျပန္လည္ အမွတ္ရေနဆဲ ျဖစ္သည္။
စီခိုင္သည္ သူမ၏ ပင္လယ္ဓားျပအဖြဲ႔၀င္မ်ားအတြက္ စည္းကမ္းခ်က္မ်ားကုိ ထုတ္ထားသည္။ သူမ ခ်မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားအား ခ်ိဳးေဖာက္သူ မည္သူကိုမဆို ျပင္းထန္ရက္စက္စြာ အျပစ္ေပးတတ္သည္။ အလြန္ျပင္းထန္သည့္ စည္းကမ္းခ်က္မ်ားမွ တခ်ဳိ႕ကို ေဖာ္ျပရေသာ္
၁။ မိမိထက္ ရာထူးႀကီးသူ တစ္စံုတစ္ေယာက္က အမိန္႔ေပးသည္ကို မနာခံသည္ရွိေသာ္ ေခါင္းျဖတ္သတ္ေစ။
၂။ မိမိတို႔၏ ရိကၡာအေထာက္အပံ့အတြက္ ရေစရန္ အလို႔ငွာ ျပည္သူပိုင္ေငြေၾကး (သို႔မဟုတ္) ႏိုင္ငံပိုင္ ေငြေၾကးႏွင့္ ရြာသူရြာသားမ်ားဆီကေန လုယက္ျခင္း ခိုးယူျခင္း မျပဳလုပ္ရ။
၃။ သိမ္းယူရရွိခဲ့သည့္ ပစၥည္းမ်ားကို အဖြဲ႕အစည္းကို ျပန္အပ္ႏွံရမည္ ျဖစ္ၿပီး သေဘၤာအရာရွိက ရရွိခဲ့သည့္ ပစၥည္းမ်ားကို စာရင္းအင္းႏွင့္တကြ ေရတပ္ဖြဲ႕ေခါင္းေဆာင္ ထံကို တင္ရမည္။ ေရတပ္ဖြဲ႕ ေခါင္းေဆာင္ကမွ တဆင့္ ဓားျမတိုက္ခိုက္ခဲ့သည့္ မူလအဖြဲ႕ဝင္ကို ၂၀% ခြဲေပးၿပီး က်န္ပစၥည္းမ်ားကို အမ်ားပိုင္ရန္ပံုေငြအျဖစ္ အဖြဲ႕အစည္းကို ျပန္အပ္ရမည္။
၄။ အဆိုပါ ရန္ပံုေငြမွာ တိုက္ခိုက္ရင္း ေသဆံုးသြားသည့္ အဖြဲ႕ဝင္မ်ား၏ မိသားစုမ်ားကို ေထာက္ပံ့ေပးရန္ သေဘၤာအုပ္ေခါင္းေဆာင္က ရန္ပံုေငြထဲမွ သံုးစြဲႏိုင္ၿပီး တိုက္ခိုက္ရာတြင္ ရံႈးနိမ့္ခဲ့သည့္ သေဘၤာမ်ားကိုလည္း ျပန္လည္ တည္ေဆာက္ႏိုင္ရန္ ျပန္ဖြဲ႕စည္းႏိုင္ရန္ ကူညီရာတြင္ အသံုးျပဳျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ အလြဲသံုးစား လုပ္သူမ်ား ခိုးယူသူမ်ား ေခါင္းျဖတ္ေသဒဏ္ ေပးျခင္းခံရသည္။
၅။ ဖမ္းဆီးရမိထားတဲ့ ဓားစာခံ မိန္းမတစ္ေယာက္ကိုု ပင္လယ္ဓါးျမက အလိုုမတူဘဲ မုုဒိမ္းက်င့္ေသာ္ အဆ္ုိပါ ပင္လယ္ဓားျမကိုု ေခါင္းျဖတ္သတ္ေစ။
၆။ ဖမ္းဆီးရမိထားတဲ့ ဓါးစာခံ မိန္းမတစ္ေယာက္က ပင္လယ္ဓါးျမတစ္ေယာက္နဲ႕ အလိုုတူ အလိုုပါ လိင္ဆက္ဆံေသာ္၊ ပင္လယ္ဓားျမက္ို ေခါင္းျဖတ္ပစ္ၿပီး မိန္းမကိုေတာ့ အေျမာက္ဆံကို ေျခေထာက္မွာ တြဲခ်ည္ေစၿပီး ပင္လယ္ထဲ ပစ္ခ်ကာ သတ္ပစ္ေစ။
စသည္တုိ႔ျဖစ္သည္။
စီခိုင္၏ ပင္လယ္ဓားျပေလွ၊ သေဘၤာမ်ားတြင္ တ႐ုတ္ဝမ္းျပား ရြက္ေလွသေဘၤာ ၂၀၀ ေက်ာ္ ပါဝင္ၿပီး၊ သေဘၤာတစ္စင္းစီ၌ အေျမာက္ ၂၀ မွ ၃၀ အထိ တပ္ဆင္ထားသည္။ ၎ျပင္ ကမ္း႐ိုးတန္းသြား ေရယာဥ္ငယ္ေပါင္း ၈၀၀ ေက်ာ္ႏွင့္ ျမစ္ကူးေလွငယ္ ဒါဇင္ေပါင္းမ်ားစြာ ပါ႐ွိၾကသည္။
အေမရိကန္ ေရတပ္မွ တပ္ဖြဲ႔ဝင္ ငါးေသာင္းေက်ာ္အား အမိန္႔ေပး ေစခိုင္းေနခ်ိန္ အတြင္းမွာပင္ စီခိုင္ကလည္း သူ၏ ပင္လယ္ဓားျပ အဖြဲ႔ဝင္ ငါးေသာင္းေက်ာ္အား တစ္ၿပိဳင္နက္တည္း အမိန္႔ေပးႏိုင္ခဲ့သူ ျဖစ္သည္။
စီခိုင္၏ ပင္လယ္ဓားျပ တပ္ဖြဲ႔အား အေမရိကန္ တပ္ဖြဲ႔ႏွင့္ ႏိႈင္းယွဥ္ႏိုင္ရံုမက စပိန္ေရတပ္မေတာ္ႏွင့္ပါ အန္တုႏိႈင္းယွဥ္ႏိုင္ခဲ့သည္။ သူမ၏ အေၾကာင္းအား ဗီဒီယုိ ဇာတ္ကားေပါင္းမ်ားစြာ ရုိက္ကူးခဲ့ၿပီး ျဖစ္သည္။
#SwamHtet(天下第一)
သမုိင္းကေျပာေသာ အံ့ဖြယ္ဇာတ္လမ္း – ေအာင္လႈိင္
ပင်လယ်ဓားပြလောက ၏ အအောင်မြင်ဆုံး အမျိုးသမီးပင်လယ်ဓားပြဗိုလ် (unicode)
ပင်လယ်ဓားပြလောက၌ အောင်မြင်မှု အရဆုံးသောသူမှာ အမျိုးသား မဟုတ်ဘဲ စီခိုင် (Hsi Kai) ခေါ် (Ching Shih) ခေါ် ကျန့်ယိစောင် (1775-1884) အမည်ရှိ အမျိုးသမီးသာ ဖြစ်သည်။ သူသည် ၁၈ ရာစု ကာလအတွင်း ပင်လယ်ဓားပြ လောက၌ သမိုင်းဝင်သည့် တရုတ်အမျိုးသမီး တစ်ဦးပင် ဖြစ်သည်။
စီခိုင်သည် ပင်လယ်ဓားပြ သင်္ဘောများစွာနှင့် သင်္ဘောသား ယောက်ျားများစွာအား အမိန်႔ပေးနိုင်သူလည်း ဖြစ်သည်။ စီခိုင်၏ စိတ်ကူးအရ သူမ အသက်အရွယ် ကြီးရင့်လာချိန်၌ စုဆောင်းထားသည့်၊ လုရာပါ တိုက်ရာပါ ပစ္စည်းမ်ားဖြင့် ဇိမ်ကျကျနေသွားမည် ဖြစ်သည်။ စီခိုင်သည် တစ်ချိန်က ပင်လယ်ဓားပြတို့၏ အငယ်အနှောင်းအဖြစ် နေထိုင်ခဲ့ရပြီး ဘဝအခြေအနေအရ ဇိမ်ခန်းတွင် အလုပ်လုပ်ခဲ့ရသူ ဖြစ်သည်။
တစ်နေ့တွင် နာမည်ကြီး ပင်လယ်ဓားပြခေါင်းဆောင် ချင်ရီ (Ching Yih) နှင့် ဇိမ်ခန်းတွင် တွေ့ဆုံခဲ့သည်။ သည်လိုနှင့် စီခိုင်သည် ချင်ရီ၏ မယားငယ် ဖြစ်လာခဲ့ရသည်။ စီခိုင်သည် ပင်လယ်ဓားပြဘဝ မရောက်မီကတည်းက ဉာဏ်ရည်ထက်မြက်သူ၊ စကားပြောကောင်းသူ ဖြစ်သောကြောင့် ပင်လယ်ဓားပြအဖွဲ့ အချင်းချင်းအား စီးပွားရေးအရ ကြားဝင်စေ့ပ် ညှိနှိုင်းပေးနိုင်သူ ဖြစ်သည်။ ၎င်းပြင် စည်းရုံးပြောဆိုနိုင်စွမ်း ရှိခြင်းကြောင့် ပင်လယ်ဓားပြခေါင်းဆောင် ချင်ရီနှင့် လပ်ထပ်ပြီး သူမအတွက် ရှယ်ယာ ၅၀ ရာခိုင်နှုန်း ခံစားခွင့် ရယူနိုင်ခဲ့သည်။
၁၈၀၇ ခုနှစ်၌ ချင်ရီ ကွယ်လွန်သောအခါ စီခိုင်က ခင်ပွန်းဖြစ်သူ၏ ပင်လယ်ဓားပြလှေမ်ား၊ သင်္ဘော များအား အမွေဆက်ခံသူအဖြစ် ဆက်လက် ထိန်းချုပ်နိုင်ခဲ့သည်။ စီခိုင်သည် ပင်လယ်ဓားပြသင်္ဘော တစ်ထောင်ကျော်မှ အဖွဲ့ဝင် ယောက်ျား၊ မိန်းမ ၅ သောင်းကျော်အား ထိန်းချုပ်၍ အမိန်႔ပေး စေခိုင်းနိုင်ခဲ့သည်။
စီခိုင်သည် ပင်လယ်ဓားပြ လောက၏ အရှင်သခင်မ ဘဝကိုပင် မကျေနပ်နိုင်သေးဘဲ တစ်ကမ္ဘာလုံးအား ထိန်းချုပ်နိုင်သည့် ဩဇာအာဏာကိုပါ ပိုင်ဆိုင်ချင်လာသူ ဖြစ်သည်။ ထို့ကြောင့် တောင်တရုတ်ပင်လယ် ဒေသတစ်ခုလုံးအား ဩဇာလွှမ်းမိုးထားနိုင်ရန် ပင်လယ်ကမ်းခြေ ရွာများအား တိုက်ခိုက်သိမ်းပိုက်၍ ရွာသူရွာသားမ်ားအား သူမ၏ လက်အောက်သို့ ဝင်၍ ဩဇာခံရန် အမိန်႔ပေးခဲ့သည်။
၁၈၁၀ ခုနှစ်တွင် ဗြိတိန်၊ ပေါ်တူဂီ၊ တရုတ် တပ်ဖွဲ့မ်ား ပူးပေါင်း၍ စီခိုင်၏ အင်အားခိုင်မာ တောင့်တင်းသော ပင်လယ်ဓားပြ တပ်ဖွဲ့မ်ားအား အမြစ်ပြတ် ချေမှုန်းရန် ကြိုးစားခဲ့ကြသည်။ တရုတ်ဧကရာဇ် အနေဖြင့်လည်း သူပုန်များအား အထူးလွတ်ငြိမ်းချမ်းသာခွင့်ပြု၍ နေရပ်သို့ ပြန်လာနိုင်ရန် စီစဉ်ပေးခဲ့သည်။
စီခိုင်သည် ကန်တုန်ပြည်နယ် အစိုးရ ဘုရင်ခံချုပ်နှင့် ဆွေးနွေးခွင့် ရရှိခဲ့သည်။ စီခိုင်၏ ညှိနှိုင်း ပြောကြားချက်တွင် သူမနှင့် သူမအဖွဲ့ဝင် ပင်လယ်ဓားပြအားလုံး သင်္ဘောများ၊ လက်နက်များ အားလုံးကို စွန်႔လွှတ်၍ အစိုးရသို့ လွှဲပြောင်းပေးမည်။ သို့သော်လည်း သူမနှင့် အဖွဲ့ဝင် ၁၇၀၀၀ (တစ်သောင်းခုနစ်ထောင်) အတွက် ဘဝတစ်သက်တာ အေးချမ်းစွာဖြင့် ရပ်တည်နိုင်ရန် ဝှက်ထားသည့် ရတနာများအား တရားဝင် ခွင့်ပြုပေးရမည်ဟု ပါရှိသည်။
စီခိုင်သည် တရုတ်အစိုးရနှင့် စေ့စပ်မှု ပြေလည်ပြီးနောက်ပိုင်း နောက်ထပ် နှစ်ပေါင်း ၃၀ ခန်႔ ချမ်းချမ်းသာသာ နေထိုင်ပြီး ၁၈၄၄ ခုနစ် သူမအသက် ၆၉ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့သည်။ တောင်တရုတ်ပင်လယ် ဒေသအတွင်း စီခိုင်၏ တစ်ချိန်က ပုံရိပ်များအား ပြန်လည် အမှတ်ရနေဆဲ ဖြစ်သည်။
စီခိုင်သည် သူမ၏ ပင်လယ်ဓားပြအဖွဲ့ဝင်များအတွက် စည်းကမ်းချက်များကို ထုတ်ထားသည်။ သူမ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သူ မည်သူကိုမဆို ပြင်းထန်ရက်စက်စွာ အပြစ်ပေးတတ်သည်။ အလွန်ပြင်းထန်သည့် စည်းကမ်းချက်များမှ တချို့ကို ဖော်ပြရသော်
၁။ မိမိထက် ရာထူးကြီးသူ တစ်စုံတစ်ယောက်က အမိန့်ပေးသည်ကို မနာခံသည်ရှိသော် ခေါင်းဖြတ်သတ်စေ။
၂။ မိမိတို့၏ ရိက္ခာအထောက်အပံ့အတွက် ရစေရန် အလို့ငှာ ပြည်သူပိုင်ငွေကြေး (သို့မဟုတ်) နိုင်ငံပိုင် ငွေကြေးနှင့် ရွာသူရွာသားများဆီကနေ လုယက်ခြင်း ခိုးယူခြင်း မပြုလုပ်ရ။
၃။ သိမ်းယူရရှိခဲ့သည့် ပစ္စည်းများကို အဖွဲ့အစည်းကို ပြန်အပ်နှံရမည် ဖြစ်ပြီး သင်္ဘောအရာရှိက ရရှိခဲ့သည့် ပစ္စည်းများကို စာရင်းအင်းနှင့်တကွ ရေတပ်ဖွဲ့ခေါင်းဆောင် ထံကို တင်ရမည်။ ရေတပ်ဖွဲ့ ခေါင်းဆောင်ကမှ တဆင့် ဓားမြတိုက်ခိုက်ခဲ့သည့် မူလအဖွဲ့ဝင်ကို ၂၀% ခွဲပေးပြီး ကျန်ပစ္စည်းများကို အများပိုင်ရန်ပုံငွေအဖြစ် အဖွဲ့အစည်းကို ပြန်အပ်ရမည်။
၄။ အဆိုပါ ရန်ပုံငွေမှာ တိုက်ခိုက်ရင်း သေဆုံးသွားသည့် အဖွဲ့ဝင်များ၏ မိသားစုများကို ထောက်ပံ့ပေးရန် သင်္ဘောအုပ်ခေါင်းဆောင်က ရန်ပုံငွေထဲမှ သုံးစွဲနိုင်ပြီး တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့သည့် သင်္ဘောများကိုလည်း ပြန်လည် တည်ဆောက်နိုင်ရန် ပြန်ဖွဲ့စည်းနိုင်ရန် ကူညီရာတွင် အသုံးပြုခြင်း ဖြစ်သည်။ ထို့ကြောင့် အလွဲသုံးစား လုပ်သူများ ခိုးယူသူများ ခေါင်းဖြတ်သေဒဏ် ပေးခြင်းခံရသည်။
၅။ ဖမ်းဆီးရမိထားတဲ့ ဓားစာခံ မိန်းမတစ်ယောက်ကို ပင်လယ်ဓါးမြက အလိုမတူဘဲ မုဒိမ်းကျင့်သော် အဆ်ိုပါ ပင်လယ်ဓားမြကို ခေါင်းဖြတ်သတ်စေ။
၆။ ဖမ်းဆီးရမိထားတဲ့ ဓါးစာခံ မိန်းမတစ်ယောက်က ပင်လယ်ဓါးမြတစ်ယောက်နဲ့ အလိုတူ အလိုပါ လိင်ဆက်ဆံသော်၊ ပင်လယ်ဓားမြက်ို ခေါင်းဖြတ်ပစ်ပြီး မိန်းမကိုတော့ အမြောက်ဆံကို ခြေထောက်မှာ တွဲချည်စေပြီး ပင်လယ်ထဲ ပစ်ချကာ သတ်ပစ်စေ။
စသည်တို့ဖြစ်သည်။
စီခိုင်၏ ပင်လယ်ဓားပြလှေ၊ သင်္ဘောများတွင် တရုတ်ဝမ်းပြား ရွက်လှေသင်္ဘော ၂၀၀ ကျော် ပါဝင်ပြီး၊ သင်္ဘောတစ်စင်းစီ၌ အမြောက် ၂၀ မှ ၃၀ အထိ တပ်ဆင်ထားသည်။ ၎င်းပြင် ကမ်းရိုးတန်းသွား ရေယာဉ်ငယ်ပေါင်း ၈၀၀ ကျော်နှင့် မြစ်ကူးလှေငယ် ဒါဇင်ပေါင်းများစွာ ပါရှိကြသည်။
အမေရိကန် ရေတပ်မှ တပ်ဖွဲ့ဝင် ငါးသောင်းကျော်အား အမိန်႔ပေး စေခိုင်းနေချိန် အတွင်းမှာပင် စီခိုင်ကလည်း သူ၏ ပင်လယ်ဓားပြ အဖွဲ့ဝင် ငါးသောင်းကျော်အား တစ်ပြိုင်နက်တည်း အမိန်႔ပေးနိုင်ခဲ့သူ ဖြစ်သည်။
စီခိုင်၏ ပင်လယ်ဓားပြ တပ်ဖွဲ့အား အမေရိကန် တပ်ဖွဲ့နှင့် နှိုင်းယှဉ်နိုင်ရုံမက စပိန်ရေတပ်မတော်နှင့်ပါ အန်တုနှိုင်းယှဉ်နိုင်ခဲ့သည်။ သူမ၏ အကြောင်းအား ဗီဒီယို ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ဖြစ်သည်။
#SwamHtet(天下第一)
သမိုင်းကပြောသော အံ့ဖွယ်ဇာတ်လမ်း – အောင်လှိုင်