အလြဲႀကီးလြဲေနတဲ့ အယူအဆတစ္ခု (သုိ႔) ကုိယ့္ကုိယ္ကုိ သတ္ေသျခင္းနဲ႔ အဖန္ငါးရာ ငါးကမၻာ

Posted on

ေရးသားသူ – မနာပဒါယီ အရွင္ဝိစိတၱ

လြဲေနေသာ အယူအဆ တစ္ခုအေၾကာင္းကို သိေစလုိေသာ ဆႏၵျဖင့္ ျပန္လည္ေ၀မွ်ျခင္းျဖစ္ပါတယ္။

ဗုဒၶဘာသာ ျမန္မာအမ်ားရဲ႕ လဲြေနတတ္တဲ့ အလဲြေတြအေၾကာင္း စာေတြေရးေပးေနတာသိေတာ့ ဒကာတစ္ေယာက္က“အရွင္ဘုရား တပည့္ေတာ္တုိ႔ ျမန္မာေတြမွာ ကုိယ့္ကုိယ္ကုိ သတ္ေသရင္ အဖန္ငါးရာ ငါးကမၻာမွာ အဲဒီလုိပဲ သတ္ေသၿပီး ေသရတယ္ဆုိတာ ဟုတ္ပါသလားဘုရား၊ ဟုတ္တယ္ဆုိရင္ တပည့္ေတာ္ ဖတ္ဖူးတဲ့ စာအုပ္ထဲမွာ ရဟန္းတစ္ပါးဟာ ကုိယ့္လည္ပင္းကုိယ္ ဓားနဲလွီးၿပီး သတ္ေသသြားေပမယ့္ အဲဒီအခုိက္မွာ ရဟႏၲာ ျဖစ္သြားတယ္လုိ႔လည္း ဖတ္ဖူးပါတယ္၊ ရဟႏၲာျဖစ္သြားရင္ ေနာင္ဘဝ မရွိေတာ့ဘူး မဟုတ္လားဘုရား၊ ဒါဆုိရင္ ဒီအဖန္ငါးရာ ငါးကမၻာခံရတဲ့ကိစၥ တပည့္ေတာ္ ဘယ္လုိနားလည္ရမလဲ ဘုရား”လုိ႔ ေမးဖူးပါတယ္။

ဟုတ္ပါတယ္။ ဒီဒကာေျပာမွပဲ ဘုန္းဘုန္းအေတြးထဲမွာ ဒီအဖန္ငါးရာငါးကမၻာ ကိစၥနဲ႔ ပတ္သက္ၿပီး လဲြေနတဲ့ ျမန္မာေတြရဲ႕ အလဲြကုိ တင္ျပေပးဖုိ႔ စိတ္ကူးရခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ကုိယ့္ကုိယ္ကုိ သတ္ေသျခင္းနဲ႔ အဖန္ငါးရာငါးကမၻာအေၾကာင္းကုိ လဲြေနတတ္တဲ့ အလဲြတစ္ခုအျဖစ္ အခုလုိ တင္ျပျဖစ္တာ ျဖစ္ပါတယ္။

တကယ္ေတာ့ အဲဒီလုိ ကုိယ့္ကုိယ္ကုိ သတ္ေသရင္ ေနာင္ဘဝေတြမွာလည္း ဘဝေပါင္းငါးရာ တုိင္ေအာင္ အခုလုိပဲ သတ္ၿပီးေသရတယ္ဆုိတဲ့ အယူအဆဟာ အေတာ္ကုိလဲြေနတဲ့ အယူအဆ ျဖစ္ပါတယ္။ ဘုရားေဟာမဟုတ္သလုိ က်မ္းဂန္မွာပါတဲ့ အခ်က္လည္း မဟုတ္ပါဘူး။ ပိဋကတ္ေတာ္မွာလာတဲ့ ဇာတ္ေတာ္တစ္ခုေတာ့ ရွိပါတယ္။ အဲဒီဇာတ္ေတာ္က ဧကနိပါတ္ ၊ မတကဘတၱဇာတ္ ျဖစ္ပါတယ္။

ဒီဇာတ္ေတာ္မွာ ဒိသာပါေမာကၡ ဆရာႀကီးတစ္ဦးဟာ ေသသူကုိ ရည္စူးၿပီး ဆိတ္တစ္ေကာင္းကုိ သတ္ဖုိ႔ေရခ်ိဳးေပးခ်ိန္မွာ အဲဒီဆိတ္ဟာ တစ္ၿပိဳင္တည္းမွာ ရယ္လည္းရယ္ၿပီး ငုိလည္းငုိတယ္လုိ႔ ဆုိပါတယ္။ ဒါနဲ႔ ဆရာႀကီးက ဘာေၾကာင့္ရယ္လည္းရယ္၊ ငိုလည္းငုိတာလဲလုိ႔ ေမးေတာ့ ဆိတ္က “ကၽြႏ္ုပ္လည္း အတိတ္ဘတစ္ခုမွာ အခုဆရာႀကီးလုိပဲ ဆိတ္တစ္ေကာင္ကုိ လည္ျဖတ္သတ္ခဲ့မိလုိ႔ အဲဒီအကုသိုလ္ဝဋ္ေကၽြးဟာ ဒီဘဝအထိ ဘဝေပါင္း (၄၉၉)ဘဝတုိင္တုိင္ လည္ျဖတ္အသတ္ခံခဲ့ရေၾကာင္း၊ ဒီလုိဝဋ္ေကၽြးကုိ ေနာက္တစ္ဘပဲ ခံၿပီးရင္ ကုန္ဆုံးေတာ့မွာ ျဖစ္တာကုိေတြးၿပီး ဝမ္းသာလုိ႔ ရယ္ျခင္းျဖစ္ေၾကာင္းနဲ႔၊ ငုိတာကေတာ့ အခုအကၽြႏု္ပ္ကုိ သတ္မယ့္ဆရာႀကီးလည္း ကၽြႏု္ပ္လုိပဲ ဘဝေပါင္းငါးရာ အသတ္ခံရေတာ့မွာပါလားလုိ႔ ေတြးၿပီး စိတ္မေကာင္းျဖစ္မိတဲ့အတြက္ ငုိျခင္းျဖစ္ေၾကာင္း” ေျပာၾကားလုိက္ပါတယ္။

ဒီေတာ့မွ ဆရာႀကီးဟာ ေၾကာက္လန္႔ၿပီး ဆိတ္ကုိမသတ္ေတာ့ဘဲ လႊတ္လုိက္ပါတယ္။ ဒါေပမယ့္ အကုသိုလ္ဝဋ္ေကၽြးရွိတဲ့ ဆိတ္ဟာတစ္ေနရာမွာ မုိးႀကိဳးထိလြင့္လာတဲ့ ေက်ာက္ခ်က္ထိၿပီး လည္ပင္းျပတ္ကာ ေသသြားခဲ့ရပါတယ္။ ဝဋ္ေကၽြးပါလာေတာ့ တစ္ဦးမသတ္လည္း တစ္ခုခုနဲ႔ ေသသြားရတဲ့ သေဘာပဲ ျဖစ္ပါတယ္။

ဒီဇာတ္ေတာ္လာ အေၾကာင္းအရာကုိၾကည့္ရင္ ဆိတ္ဟာအတိတ္ဘဝ လူျဖစ္စဥ္က ဆိတ္တစ္ေကာင္ကုိ သတ္ခ့ဲမိတဲ့ ဝဋ္ေကၽြးေၾကာင့္ ဘဝေပါင္းငါးရာတုိင္ေအာင္ အသတ္ခံၿပီး ေသခဲ့ရတဲ့အျဖစ္ကုိ ေတြ႕ရမွာျဖစ္ပါတယ္။ ဒါဟာ ကုိယ့္ကုိယ္ကုိ သတ္ေသလုိ႔ အဖန္ငါးရာ၊ ဘဝငါးရာ ခံရတာ မဟုတ္ဘဲ သူမ်ားကုိ သတ္မိတဲ့ အကုသုိလ္ ဝဋ္ေကၽြးေၾကာင့္ ဘဝေပါင္းမ်ားစြာ အသတ္ခံရတဲ့ ဇာတ္ေတာ္လာ အေၾကာင္းအရာပဲ ျဖစ္ပါတယ္။
ဒီဇာတ္ေတာ္လာ အေၾကာင္းကုိ နားစြန္နားဖ်ား ၾကားမိရာက ကုိယ့္ကုိယ္ကုိ သတ္ေသရင္ အဖန္ငါးရာ ငါးကမၻာ ခံရတယ္ဆုိၿပီး ျမန္မာမ်ား အမွတ္လဲြေနတာ ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ ေသခ်ာတာကေတာ့ ကုိယ့္ကုိယ္ကုိ သတ္ေသတဲ့အတြက္ အဖန္ငါးရာ ငါးကမၻာအထိ အဲဒီလုိ ထပ္တူသတ္ေသရမယ္ဆုိတဲ့ အယူအဆဟာ လဲြေနတယ္ဆိုတာ အေသအခ်ာပဲ ျဖစ္ပါတယ္။

ဒီလုိေျပာေတာ့ ကိုယ့္ကုိယ္ကုိ သတ္ေသတာ အဖန္းငါးရာ ငါးကမၻာ ခံရတာမဟုတ္ဘူးဆုိၿပီး စိတ္ညစ္ညစ္နဲ႔ ကိုယ့္ကုိယ္သတ္ေသတာလည္း မလုပ္မိၾကဖုိ႔ လုိပါတယ္။ လူအေတာ္မ်ားမ်ားက မဟုတ္တာဆုိ သိပ္ၿပီးအတုယူတတ္တာ ဆုိေတာ့ သူမ်ားသတ္ေသတာေတြၾကည့္ၿပီး ကုိယ့္ကိုယ္သတ္ေသမိမွာစုိးလုိ႔ ေျပာရတာပါ။ ေသခ်ာစဥ္းစားရမွာက အဲဒီလုိ စိတ္ညစ္လုိ႔ ကုိယ့္ကုိယ္ကုိ သတ္ေသတဲ့ သူတစ္ေယာက္ရဲ႕ ေသခါနီး စိတ္အစဥ္ဟာ ဘယ္လုိမွ ေကာင္းတဲ့စိတ္အေတြး မျဖစ္ႏုိင္တဲ့အတြက္ ဒီစိတ္နဲ႔ကုိယ့္ကုိယ္ကုိ အဆုံးစီရင္လုိက္မယ္ဆုိရင္ ေကာင္းတဲ့ဘုံဘဝမွာ ျဖစ္ဖုိ႔ဆုိတာ မလြယ္လွပါဘူး။ ေသခါနီးမွာျဖစ္တဲ့ စိတ္အစဥ္ဟာ ေနာက္ဘဝမွာ အရင္အက်ိဳးေပးတာ ျဖစ္တဲ့အတြက္ ေသခါနီးစိတ္အစဥ္ဟာ အထူးသတိျပဳရမယ့္ အခ်က္ျဖစ္ပါတယ္။

ဒီေတာ့ကား သတ္ေသမႈနဲ႔ ပတ္သက္ၿပီး ကုိယ့္ကုိယ္ကုိ သတ္ေသတာနဲ႔ သူတပါးကုိ သတ္လိုက္တာမွာ ကုိယ့္ကုိယ္ကုိ သတ္ေသတဲ့အတြက္ ဘဝငါးရာ အဖန္ငါးရာ အဲဒီလုိပဲ သတ္ၿပီးေသရတယ္ဆုိတာ အေျခအျမစ္မရွိတဲ့ စကားျပစ္ေၾကာင္းနဲ႔၊ သူတပါးကုိ ကုိယ္ကသတ္တာဆုိရင္ေတာ့ သတ္တဲ့စိတ္ေစတနာအတုိင္း ဒီအကုသုိလ္ဝဋ္ေကၽြးကုိ ျပန္လည္ ေပးဆပ္ရတတ္ၿပီး အကုသိုလ္အျပစ္ သိပ္ႀကီးရင္ ဘဝေပါင္း ငါးရာအထိေတာင္ ခံရတတ္ေၾကာင္း သတိျပဳၾကရမွာ ျဖစ္ပါတယ္။

ကုိယ့္ကုိယ္ကုိ သတ္ေသမႈအပုိင္းမွာလည္း ခႏၶာကုိယ္ရဲ႕ အျပစ္ကုိျမင္ၿပီး ခႏၶာကုိယ္ကုိ ၿငီးေငြ႕လုိ႔ သတ္လုိက္တဲ့ အပုိင္းမွာ အျပစ္မရွိေပမယ့္ ေဒါသအေလ်ာက္ သတ္မိရင္ေတာ့ အျပစ္ျဖစ္တတ္ပါတယ္။ အျပစ္ျဖစ္တတ္တယ္ဆုိတာ ခုနေျပာသလုိ ေသခါနီး စိတ္အစဥ္ဟာ မေကာင္းႏုိင္တဲ့အတြက္ ေသၿပီးေနာက္ အပါယ္ဘုံဘဝေတြအထိ ေရာက္ေစႏုိင္တာျဖစ္လုိ႔ အျပစ္ျဖစ္တတ္တယ္လုိ႔ ဆုိျခင္းျဖစ္ပါတယ္။

ဗုဒၶလက္ထက္က ဝဂၢလိ အမည္ရွိတဲ့ မေထရ္တစ္ပါးဟာ ခႏၶာကုိယ္ကုိၿငီးေငြ႕ၿပီး ခႏၶာကုိယ္ရဲ႕ အျပစ္ကုိျမင္တဲ့အတြက္ ကုိယ့္လည္ပင္းကုိကုိယ္ ဓားနဲ႔ျဖတ္ၿပီး သတ္ခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ အဲဒီမေထရ္ဟာ ဒီအခုိက္မွာ ေဝဒနာကုိ ႐ႈလုိက္တဲ့အတြက္ ရဟႏၲာျဖစ္သြားတယ္လုိ႔ ခႏၶဝဂၢသံယုတ္ ပါဠိေတာ္ (၄၉)မွာ ေဖာ္ျပပါရွိပါတယ္။ ဒါကုိၾကည့္ျခင္းအားျဖင့္ ခႏၶာကုိယ္ရဲ႕ အျပစ္ကုိျမင္ၿပီး ကုိယ့္ကုိယ္ကုိ သတ္ေသတဲ့အပုိင္းမွာ ဒီလုိသတ္ေသလုိက္တဲ့အတြက္ အဖန္ငါးရာ ငါးကမၻာ ခံစရာမရွိေတာ့ဘူးဆုိတာ သတိျပဳႏုိင္မွာ ျဖစ္ပါတယ္။

ဆုိလုိတာက ျမန္မာအမ်ား အမွတ္မွားေနၾကတဲ့ ကုိယ့္ကုိယ္ကုိ သတ္ေသရင္ အဖန္ငါးရာ ငါးကမၻာ အဲဒီလုိပဲ ေသရတယ္ဆုိတဲ့ အယူအဆဟာ လဲြေနတဲ့ အယူအဆျဖစ္ေၾကာင္း၊ ကုိယ့္ကုိယ္ကုိ သတ္တဲ့ကံမဟုတ္ဘဲ သူမ်ားကုိ သတ္ခဲ့တဲ့ ပါဏာတိပါတ ကံမ်ိဳးကသာ ကုိယ္လုပ္ခဲ့တဲ့ အကုသုိလ္ကံ အႀကီးအေသးကုိလုိက္ၿပီး တစ္ခါတစ္ေလ ဘဝေပါင္းငါးရာအထိ ျပန္လည္ အသတ္ခံရတတ္ေၾကာင္း ဆုိလုိတာ ျဖစ္ပါတယ္။

ကိုယ့္ကုိယ္ကုိ သတ္ေသတဲ့အပုိင္းမွာ ပါဏာတိပါတကံ မေျမာက္တဲ့အတြက္ ပါဏာတိပါတကံကုိ က်ဴးလြန္တဲ့အျပစ္အတုိင္း ျပန္ခံရတာေတြ မရွိေပမယ့္ ေလာကဓံကုိ မခံႏုိင္လုိ႔ ကုိယ့္ကုိယ္ကုိ သတ္ေသတဲ့ သူတစ္ေယာက္ဟာ အေသမေကာင္းတဲ့အတြက္ ဘဝကူးလည္း မေကာင္းႏုိင္တာျဖစ္လုိ႔ ဒီလုိနည္းနဲ႔ ကုိယ့္ကုိယ္သတ္ေသတာလည္း လဲြေနတဲ့အလဲြတစ္ခု ျဖစ္ေၾကာင္း သိေစခ်င္တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ လဲြေနၾကတဲ့ အလဲြေတြထဲမွာ ကုိယ့္ကုိယ္ကုိ သတ္ေသရင္ အဖန္ငါးရာ ငါးကမၻာအဲဒီလုိပဲ သတ္ေသရတတ္တယ္ဆုိတဲ့ ျမန္မာေတြရဲ႕ အေျခအျမစ္မရွိတဲ့ အလဲြဟာလည္း နည္းနည္းေလးမဟုတ္ အမ်ားႀကီးကုိ လဲြေနတဲ့ အလဲြတစ္ခုသာ ျဖစ္တဲ့အတြက္ ဒီလုိအလဲြမ်ိဳးကုိ အစဥ္အဆက္ အ႐ုိးစဲြေနေအာင္ မလဲြမိၾကဖုိ႔နဲ႔ တကယ္သတ္ခ်င္ရင္ ကုိယ့္သႏၲာန္မွာ ရွိေနတဲ့ ကိေလသာေတြကုိသာ အၿပီးသတ္ႏုိင္ေအာင္ ႀကိဳးစားၾကဖုိ႔ အသိေပးတုိက္တြန္းရင္း လဲြေနတတ္တဲ့ အလဲြတစ္ခုအျဖစ္ အသိဝင္ကာ ျပဳျပင္ႏုိင္ဖုိ႔ ေစတနာထား ေမတၱာအားျဖင့္ အသိစကား ပါးလုိက္ရပါတယ္။

မနာပဒါယီ အရွင္ဝိစိတၱ


အလွဲကြီးလွဲနေတဲ့ အယူအဆတစ်ခု (သို့) ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာ ငါးကမ္ဘာ (unicode)

ရေးသားသူ – မနာပဒါယီ အရှင်ဝိစိတ္တ

လွဲနေသော အယူအဆ တစ်ခုအကြောင်းကို သိစေလိုသော ဆန္ဒဖြင့် ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ မြန်မာအများရဲ့ လွဲနေတတ်တဲ့ အလွဲတွေအကြောင်း စာတွေရေးပေးနေတာသိတော့ ဒကာတစ်ယောက်က“အရှင်ဘုရား တပည့်တော်တို့ မြန်မာတွေမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာမှာ အဲဒီလိုပဲ သတ်သေပြီး သေရတယ်ဆိုတာ ဟုတ်ပါသလားဘုရား၊ ဟုတ်တယ်ဆိုရင် တပည့်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ရဟန်းတစ်ပါးဟာ ကိုယ့်လည်ပင်းကိုယ် ဓားနဲလှီးပြီး သတ်သေသွားပေမယ့် အဲဒီအခိုက်မှာ ရဟန္တာ ဖြစ်သွားတယ်လို့လည်း ဖတ်ဖူးပါတယ်၊ ရဟန္တာဖြစ်သွားရင် နောင်ဘဝ မရှိတော့ဘူး မဟုတ်လားဘုရား၊ ဒါဆိုရင် ဒီအဖန်ငါးရာ ငါးကမ္ဘာခံရတဲ့ကိစ္စ တပည့်တော် ဘယ်လိုနားလည်ရမလဲ ဘုရား”လို့ မေးဖူးပါတယ်။

ဟုတ်ပါတယ်။ ဒီဒကာပြောမှပဲ ဘုန်းဘုန်းအတွေးထဲမှာ ဒီအဖန်ငါးရာငါးကမ္ဘာ ကိစ္စနဲ့ ပတ်သက်ပြီး လွဲနေတဲ့ မြန်မာတွေရဲ့ အလွဲကို တင်ပြပေးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာငါးကမ္ဘာအကြောင်းကို လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အခုလို တင်ပြဖြစ်တာ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီလို ကိုယ့်ကိုယ်ကို သတ်သေရင် နောင်ဘဝတွေမှာလည်း ဘဝပေါင်းငါးရာ တိုင်အောင် အခုလိုပဲ သတ်ပြီးသေရတယ်ဆိုတဲ့ အယူအဆဟာ အတော်ကိုလွဲနေတဲ့ အယူအဆ ဖြစ်ပါတယ်။ ဘုရားဟောမဟုတ်သလို ကျမ်းဂန်မှာပါတဲ့ အချက်လည်း မဟုတ်ပါဘူး။ ပိဋကတ်တော်မှာလာတဲ့ ဇာတ်တော်တစ်ခုတော့ ရှိပါတယ်။ အဲဒီဇာတ်တော်က ဧကနိပါတ် ၊ မတကဘတ္တဇာတ် ဖြစ်ပါတယ်။

ဒီဇာတ်တော်မှာ ဒိသာပါမောက္ခ ဆရာကြီးတစ်ဦးဟာ သေသူကို ရည်စူးပြီး ဆိတ်တစ်ကောင်းကို သတ်ဖို့ရေချိုးပေးချိန်မှာ အဲဒီဆိတ်ဟာ တစ်ပြိုင်တည်းမှာ ရယ်လည်းရယ်ပြီး ငိုလည်းငိုတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ဆရာကြီးက ဘာကြောင့်ရယ်လည်းရယ်၊ ငိုလည်းငိုတာလဲလို့ မေးတော့ ဆိတ်က “ကျွန်ုပ်လည်း အတိတ်ဘတစ်ခုမှာ အခုဆရာကြီးလိုပဲ ဆိတ်တစ်ကောင်ကို လည်ဖြတ်သတ်ခဲ့မိလို့ အဲဒီအကုသိုလ်ဝဋ်ကျွေးဟာ ဒီဘဝအထိ ဘဝပေါင်း (၄၉၉)ဘဝတိုင်တိုင် လည်ဖြတ်အသတ်ခံခဲ့ရကြောင်း၊ ဒီလိုဝဋ်ကျွေးကို နောက်တစ်ဘပဲ ခံပြီးရင် ကုန်ဆုံးတော့မှာ ဖြစ်တာကိုတွေးပြီး ဝမ်းသာလို့ ရယ်ခြင်းဖြစ်ကြောင်းနဲ့၊ ငိုတာကတော့ အခုအကျွန်ုပ်ကို သတ်မယ့်ဆရာကြီးလည်း ကျွန်ုပ်လိုပဲ ဘဝပေါင်းငါးရာ အသတ်ခံရတော့မှာပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ်မိတဲ့အတွက် ငိုခြင်းဖြစ်ကြောင်း” ပြောကြားလိုက်ပါတယ်။

ဒီတော့မှ ဆရာကြီးဟာ ကြောက်လန့်ပြီး ဆိတ်ကိုမသတ်တော့ဘဲ လွှတ်လိုက်ပါတယ်။ ဒါပေမယ့် အကုသိုလ်ဝဋ်ကျွေးရှိတဲ့ ဆိတ်ဟာတစ်နေရာမှာ မိုးကြိုးထိလွင့်လာတဲ့ ကျောက်ချက်ထိပြီး လည်ပင်းပြတ်ကာ သေသွားခဲ့ရပါတယ်။ ဝဋ်ကျွေးပါလာတော့ တစ်ဦးမသတ်လည်း တစ်ခုခုနဲ့ သေသွားရတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်လာ အကြောင်းအရာကိုကြည့်ရင် ဆိတ်ဟာအတိတ်ဘဝ လူဖြစ်စဉ်က ဆိတ်တစ်ကောင်ကို သတ်ခဲ့မိတဲ့ ဝဋ်ကျွေးကြောင့် ဘဝပေါင်းငါးရာတိုင်အောင် အသတ်ခံပြီး သေခဲ့ရတဲ့အဖြစ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို သတ်သေလို့ အဖန်ငါးရာ၊ ဘဝငါးရာ ခံရတာ မဟုတ်ဘဲ သူများကို သတ်မိတဲ့ အကုသိုလ် ဝဋ်ကျွေးကြောင့် ဘဝပေါင်းများစွာ အသတ်ခံရတဲ့ ဇာတ်တော်လာ အကြောင်းအရာပဲ ဖြစ်ပါတယ်။
ဒီဇာတ်တော်လာ အကြောင်းကို နားစွန်နားဖျား ကြားမိရာက ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်ဆိုပြီး မြန်မာများ အမှတ်လွဲနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာအထိ အဲဒီလို ထပ်တူသတ်သေရမယ်ဆိုတဲ့ အယူအဆဟာ လွဲနေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒီလိုပြောတော့ ကိုယ့်ကိုယ်ကို သတ်သေတာ အဖန်းငါးရာ ငါးကမ္ဘာ ခံရတာမဟုတ်ဘူးဆိုပြီး စိတ်ညစ်ညစ်နဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း မလုပ်မိကြဖို့ လိုပါတယ်။ လူအတော်များများက မဟုတ်တာဆို သိပ်ပြီးအတုယူတတ်တာ ဆိုတော့ သူများသတ်သေတာတွေကြည့်ပြီး ကိုယ့်ကိုယ်သတ်သေမိမှာစိုးလို့ ပြောရတာပါ။ သေချာစဉ်းစားရမှာက အဲဒီလို စိတ်ညစ်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ရဲ့ သေခါနီး စိတ်အစဉ်ဟာ ဘယ်လိုမှ ကောင်းတဲ့စိတ်အတွေး မဖြစ်နိုင်တဲ့အတွက် ဒီစိတ်နဲ့ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်ဆိုရင် ကောင်းတဲ့ဘုံဘဝမှာ ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ သေခါနီးမှာဖြစ်တဲ့ စိတ်အစဉ်ဟာ နောက်ဘဝမှာ အရင်အကျိုးပေးတာ ဖြစ်တဲ့အတွက် သေခါနီးစိတ်အစဉ်ဟာ အထူးသတိပြုရမယ့် အချက်ဖြစ်ပါတယ်။

ဒီတော့ကား သတ်သေမှုနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ သူတပါးကို သတ်လိုက်တာမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် ဘဝငါးရာ အဖန်ငါးရာ အဲဒီလိုပဲ သတ်ပြီးသေရတယ်ဆိုတာ အခြေအမြစ်မရှိတဲ့ စကားပြစ်ကြောင်းနဲ့၊ သူတပါးကို ကိုယ်ကသတ်တာဆိုရင်တော့ သတ်တဲ့စိတ်စေတနာအတိုင်း ဒီအကုသိုလ်ဝဋ်ကျွေးကို ပြန်လည် ပေးဆပ်ရတတ်ပြီး အကုသိုလ်အပြစ် သိပ်ကြီးရင် ဘဝပေါင်း ငါးရာအထိတောင် ခံရတတ်ကြောင်း သတိပြုကြရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို သတ်သေမှုအပိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ခန္ဓာကိုယ်ကို ငြီးငွေ့လို့ သတ်လိုက်တဲ့ အပိုင်းမှာ အပြစ်မရှိပေမယ့် ဒေါသအလျောက် သတ်မိရင်တော့ အပြစ်ဖြစ်တတ်ပါတယ်။ အပြစ်ဖြစ်တတ်တယ်ဆိုတာ ခုနပြောသလို သေခါနီး စိတ်အစဉ်ဟာ မကောင်းနိုင်တဲ့အတွက် သေပြီးနောက် အပါယ်ဘုံဘဝတွေအထိ ရောက်စေနိုင်တာဖြစ်လို့ အပြစ်ဖြစ်တတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဗုဒ္ဓလက်ထက်က ဝဂ္ဂလိ အမည်ရှိတဲ့ မထေရ်တစ်ပါးဟာ ခန္ဓာကိုယ်ကိုငြီးငွေ့ပြီး ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်တဲ့အတွက် ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့ဖြတ်ပြီး သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီမထေရ်ဟာ ဒီအခိုက်မှာ ဝေဒနာကို ရှုလိုက်တဲ့အတွက် ရဟန္တာဖြစ်သွားတယ်လို့ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် (၄၉)မှာ ဖော်ပြပါရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ဒီလိုသတ်သေလိုက်တဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာ ခံစရာမရှိတော့ဘူးဆိုတာ သတိပြုနိုင်မှာ ဖြစ်ပါတယ်။

ဆိုလိုတာက မြန်မာအများ အမှတ်မှားနေကြတဲ့ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ အဲဒီလိုပဲ သေရတယ်ဆိုတဲ့ အယူအဆဟာ လွဲနေတဲ့ အယူအဆဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို သတ်တဲ့ကံမဟုတ်ဘဲ သူများကို သတ်ခဲ့တဲ့ ပါဏာတိပါတ ကံမျိုးကသာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံ အကြီးအသေးကိုလိုက်ပြီး တစ်ခါတစ်လေ ဘဝပေါင်းငါးရာအထိ ပြန်လည် အသတ်ခံရတတ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ပါဏာတိပါတကံ မမြောက်တဲ့အတွက် ပါဏာတိပါတကံကို ကျူးလွန်တဲ့အပြစ်အတိုင်း ပြန်ခံရတာတွေ မရှိပေမယ့် လောကဓံကို မခံနိုင်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ဟာ အသေမကောင်းတဲ့အတွက် ဘဝကူးလည်း မကောင်းနိုင်တာဖြစ်လို့ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း လွဲနေတဲ့အလွဲတစ်ခု ဖြစ်ကြောင်း သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် လွဲနေကြတဲ့ အလွဲတွေထဲမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာအဲဒီလိုပဲ သတ်သေရတတ်တယ်ဆိုတဲ့ မြန်မာတွေရဲ့ အခြေအမြစ်မရှိတဲ့ အလွဲဟာလည်း နည်းနည်းလေးမဟုတ် အများကြီးကို လွဲနေတဲ့ အလွဲတစ်ခုသာ ဖြစ်တဲ့အတွက် ဒီလိုအလွဲမျိုးကို အစဉ်အဆက် အရိုးစွဲနေအောင် မလွဲမိကြဖို့နဲ့ တကယ်သတ်ချင်ရင် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကိလေသာတွေကိုသာ အပြီးသတ်နိုင်အောင် ကြိုးစားကြဖို့ အသိပေးတိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိဝင်ကာ ပြုပြင်နိုင်ဖို့ စေတနာထား မေတ္တာအားဖြင့် အသိစကား ပါးလိုက်ရပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ

Leave a Reply