သင့္အလုပ္ထဲမွာ မေပ်ာ္ရင္ ဒါေလးဖတ္ၾကည့္ပါ

Posted on

မူရင္းေရးသားသူ – ဗန္းေမာ္သိန္းေဖ

စကၤာပူမွာအလုပ္လုပ္ေနတဲ့ သူငယ္ခ်င္းတေယာက္ဟာ သူ႔အလုပ္နဲ႔ပတ္သက္ၿပီးအၿမဲညီးညဴေလ့ရွိတတ္တယ္။ အလုပ္ပါးေတာ့လည္း ပ်င္းလိုက္တာတဲ့။ အလုပ္မ်ားေတာ့လည္း ပင္ပန္းလိုက္တာတဲ့။

အထက္ကအုပ္ခ်ဳပ္သူကလည္း သူ႔ကိုအၿမဲတမ္းအျပစ္ရွာေလ့ရွိတယ္ စသျဖင့္ေပါ့။ အလုပ္သြားခ်င္စိတ္မရွိလို႔ သူဟာေနမေကာင္းျဖစ္တာ မဟုတ္ေပမဲ့လည္း မၾကာခနေဆးခြင့္(MC)ယူၿပီးအလုပ္နားေလ့ရွိတယ္။

အၿမဲညီးးေနတဲ့သူငယ္ခ်င္းကို တေန႔မွာဖတ္ဖူးတဲ့ ပံုျပင္ေလးတခုကို ေျပာျပပါတယ္။ ဒီပံုျပင္ေလးကိုတခ်ိဳ႕လဲၾကားဖူးမွာပါ။ ပံုျပင္ေလးက

လူတေယာက္ဟာ တေန႔မွာအေဆာက္အအံုတခုေဆာက္ေနတဲ့လုပ္ငန္းခြင္ထဲေရာက္သြားပါတယ္။ အဲဒီေနရာမွာေက်ာက္တံုးအႀကီးေတြကို ေဆာက္ေနတဲ့ အေဆာက္အအံုရဲ႔ နံရံမွာသံုးဖို႔ေက်ာက္တံုးေသးေတြရေအာင္ တူေတြနဲ႔စို႔ေတြနဲ႔ထုခြဲေနတဲ့ အလုပ္သမား၃ေယာက္ကိုေတြ႕တယ္။

ပထမလူကအလုပ္ထဲမွာစိတ္ေပ်ာ္ပံုမရပါဘူး။ တာဝန္ေက်ပဲေက်ာက္တံုးကိုထုခြဲရင္း အလုပ္ဆင္းအိမ္ျပန္ဖို႔ အခ်ိန္ဘယ္ေလာက္က်န္သလဲဆိုၿပီး အလုပ္ခြင္ကတိုင္ကပ္နာရီကိုမၾကာခနၾကည့္ေနတယ္။ ေစာေစာကလူက သူ႔ကိုဘာလုပ္ေနတာလဲလို႔ေမးၾကည့္တယ္။ သူက

“ဒီေသာက္ေက်ာက္တံုးႀကီးကို ခြဲေနရတာေပါ့ဗ်ာ။ ပိုက္ဆံရလို႔သာလုပ္ေနရတာ အကိ်ဳးလဲမရွိ ပင္ပန္းလိုက္တာလဲလြန္ေရာဗ်ာ။ တေနတေန႔အလုပ္ဆင္းမဲ့အခ်ိန္ပဲေမ်ာ္ေနရတယ္ဗ်ိဳ႕”တဲ့။

ဒုတိယလူကေတာ ေက်ာက္တံုးႀကီးကို ႀကိဳးစားပမ္းစားထုခြဲေနတယ္။ ဟိုလူက သူကိုလဲဘာလုပ္ေနတာလဲလို႔ေမးျပန္တယ္။ သူက”က်ေနာ္ဒီေက်ာက္တံုးႀကီးကေန ေက်ာက္တံုးအငယ္ေတြျဖစ္ေအာင္လုပ္ေနတာပါ။ ခြဲလို႔ရတဲ့ေက်ာက္တံုးေတြကို အခုေဆာက္ေနတဲ့အေဆာက္အအံုနံရံမွာ သံုးဖို႔ေပါ့ဗ်ာ”တဲ့။

တတိယလူက်ေတာ့ ေက်ာက္တံုးႀကီးကိုခြဲလိုက္တယ္။ ရလာတဲ့ ေက်ာက္တံုးေလးေတြကို ေသေသခ်ာခ်ာၾကည့္တယ္။ သူလိုခ်င္တဲ့အရြယ္ရေအာင္ ႀကိဳးစားပန္းစားထပ္ခြဲေနတယ္။ လိုခ်င္တဲ့အရြယ္နဲ႔ပံုစံရသြားရင္ အဲဒါေလးေတြၾကည့္ၿပီး သူဟာဝမ္းသာၾကည္ႏူးေနတယ္။ ေစာေစာကလူက ထံုးစံအတိုင္းသူ႔ကိုလဲ ဘာလုပ္ေနတာလဲေမးေတာ့ သူကခုလိုျပန္ေျဖတယ္။
“က်ေနာ္ ကမာၻေပၚမွာအလွဆံုးဟိုတယ္ႀကီးတခုေဆာက္ေနတာဗ်”တဲ့။

အလုပ္တမိ်ဳးထဲအတူတူလုပ္ၾကတဲ့အလုပ္သမား၃ေယာက္ဟာ အလုပ္ေပၚခံယူခ်က္စိတ္ဓါတ္(attitude)က်ေတာ့မတူၾကျပန္ဘူး။

ပထမလူဟာ သူ႔အတြက္အလုပ္သာလုပ္ေနရတာ စိတ္မပါဘူး။ သူ႔စိတ္ထဲမွာအခ်ိန္ျဖဳန္းေနတယ္။ ငရဲက်ေနတယ္လို႔ထင္ေနတယ္။ စိတ္မပါဘူး။ မတတ္သာလိုသာ ဒီအလုပ္ကိုလုပ္ေနရတာဆိုၿပီး စိတ္ဆင္းရဲေနတာေပါ့။

ဒုတိယလူကေတာ့ အလုပ္ကိုႀကိဳးစားပမ္းစားလုပ္ပါတယ္။ တေန႔အလုပ္တေန႔ၿပီးေအာင္ တာဝန္ေက်ပြန္ေအာင္လုပ္တယ္။ ဒါေပမဲ့ သူမွာအနာဂတ္အတြက္ ဘာေမ်ာ္မွန္းခ်က္မွမရွိဘူး။ စက္႐ုပ္တခုလိုပါပဲ။

တတိယလူက်ေတာ့ ေစာေစာကလူ၂ေယာက္လိုမဟုတ္ဖူး။ သူ႔အလုပ္ကိုအေကာင္းဆံုးျဖစ္ေအာင္လုပ္တယ္။ အလုပ္ကိုေကာင္းတာထက္ပိုေကာင္းေအာင္ အၿမဲႀကိဳးစားေနတယ္။

သူလုပ္လိုက္တဲေက်ာက္တံုးေလးေတြေၾကာင့္ မၾကာခင္မွာ ကမာၻေပၚမွာအလွပဆံုးဟိုတယ္ႀကီးေပၚေပါက္လာမယ္လို႔ယံုၾကည္ေနတယ္။ သူဟာ အနာဂတ္ကိုေတြးျမင္ၾကည့္တတ္သူပါ။ ဒါေၾကာင့္သူဟာအလုပ္ခြင္ထဲမွာ အၿမဲတမ္းစိတ္ဓါတ္တက္ႂကြလန္းဆန္းေနတယ္။

လူတိုင္းဟာ အသက္ရွင္ေနသေရြ႕ မိမိနဲ႔မိသားစုအတြက္ အလုပ္လုပ္ေနၾကရမွာပါ။ ကိုယ္ပိုင္အလုပ္ျဖစ္ျဖစ္ ဝန္ထမ္းဘဝနဲ႔ျဖစ္ျဖစ္ အလုပ္တခုေတာ့လုပ္ကိုလုပ္ေနၾကရမွာပါ။

အဲဒီေတာ့ ကိုယ့္အလုပ္အေပၚခံယူထားတဲ့attitudeဟာ ေစာေစာကေျပာတဲ့ အလုပ္သမား၃ေယာက္ထဲက ဘယ္နဲ႔တူေနသလဲဆိုတာ ကိုယ္တိုင္ပဲအသိဆံုးပါ။

မိမိလုပ္ေနတဲ့အလုပ္ထဲမွာ မေပ်ာ္ေနဘူးဆိုရင္ အလုပ္ထြက္လိုက္ၿပီး ေပ်ာ္မယ့္အလုပ္သစ္ရွာလိုက္ပါ။ အဲလိုမွလုပ္လို႔မရဘူးဆိုရင္ တတိယလူလိုအလုပ္အေပၚမွာ ထားတဲ့ခံယူခ်က္သေဘာထား(attitude)ကို ေျပာင္းလဲလိုက္ပါ။

မိမိလက္ရွိအလုပ္ကို စိတ္ဝင္းစားလာေအာင္ ငါဘယ္လိုလုပ္ရင္ေကာင္းမလဲ။ အလုပ္ေတြမ်ားမ်ားနဲ႔ျမန္ျမန္ၿပီေအာင္ ဘယ္လိုလုပ္ရမလဲ။ ငါ့အလုပ္ေၾကာင့္ ကုမၸဏီမွာ ဘာအက်ိဳးရွိသြားမလဲစတာေတြေပါ့။

တစ္ခုသိေစခ်င္တာက အလုပ္ထဲမေပ်ာ္တဲ့လူဟာ အိမ္ေထာင္ေရးအဆင္မေျပတတ္ဘူး။ အလုပ္ထဲကစိတ္မခ်မ္းသာမႈဟာ အိမ္ထဲကူးစက္တတ္တာကိုး။ စိတ္မခ်မ္းသာတဲ့လူဟာ အသက္လဲတိုတတ္ၾကပါတယ္။

ဗန္းေမာ္သိန္းေဖ


သင့်အလုပ်ထဲမှာမပျော်ရင် ဒါလေးဖတ်ကြည့်ပါ (unicode)

မူရင်းရေးသားသူ – ဗန်းမော်သိန်းဖေ

စင်္ကာပူမှာအလုပ်လုပ်နေတဲ့ သူငယ်ချင်းတယောက်ဟာ သူ့အလုပ်နဲ့ပတ်သက်ပြီးအမြဲညီးညူလေ့ရှိတတ်တယ်။ အလုပ်ပါးတော့လည်း ပျင်းလိုက်တာတဲ့။ အလုပ်များတော့လည်း ပင်ပန်းလိုက်တာတဲ့။ အထက်ကအုပ်ချုပ်သူကလည်း သူ့ကိုအမြဲတမ်းအပြစ်ရှာလေ့ရှိတယ် စသဖြင့်ပေါ့။ အလုပ်သွားချင်စိတ်မရှိလို့ သူဟာနေမကောင်းဖြစ်တာ မဟုတ်ပေမဲ့လည်း မကြာခနဆေးခွင့်(MC)ယူပြီးအလုပ်နားလေ့ရှိတယ်။

အမြဲညီးနေတဲ့သူငယ်ချင်းကို တနေ့မှာဖတ်ဖူးတဲ့ ပုံပြင်လေးတခုကို ပြောပြပါတယ်။ ဒီပုံပြင်လေးကိုတချို့လဲကြားဖူးမှာပါ။ ပုံပြင်လေးက

လူတယောက်ဟာ တနေ့မှာအဆောက်အအုံတခုဆောက်နေတဲ့လုပ်ငန်းခွင်ထဲရောက်သွားပါတယ်။ အဲဒီနေရာမှာကျောက်တုံးအကြီးတွေကို ဆောက်နေတဲ့ အဆောက်အအုံရဲ့ နံရံမှာသုံးဖို့ကျောက်တုံးသေးတွေရအောင် တူတွေနဲ့စို့တွေနဲ့ထုခွဲနေတဲ့ အလုပ်သမား၃ယောက်ကိုတွေ့တယ်။

ပထမလူကအလုပ်ထဲမှာစိတ်ပျော်ပုံမရပါဘူး။ တာဝန်ကျေပဲကျောက်တုံးကိုထုခွဲရင်း အလုပ်ဆင်းအိမ်ပြန်ဖို့ အချိန်ဘယ်လောက်ကျန်သလဲဆိုပြီး အလုပ်ခွင်ကတိုင်ကပ်နာရီကိုမကြာခနကြည့်နေတယ်။ စောစောကလူက သူ့ကိုဘာလုပ်နေတာလဲလို့မေးကြည့်တယ်။ သူက

“ဒီသောက်ကျောက်တုံးကြီးကို ခွဲနေရတာပေါ့ဗျာ။ ပိုက်ဆံရလို့သာလုပ်နေရတာ အကျိုးလဲမရှိ ပင်ပန်းလိုက်တာလဲလွန်ရောဗျာ။ တနေတနေ့အလုပ်ဆင်းမဲ့အချိန်ပဲမျော်နေရတယ်ဗျို့”တဲ့။

ဒုတိယလူကတော ကျောက်တုံးကြီးကို ကြိုးစားပမ်းစားထုခွဲနေတယ်။ ဟိုလူက သူကိုလဲဘာလုပ်နေတာလဲလို့မေးပြန်တယ်။ သူက”ကျနော်ဒီကျောက်တုံးကြီးကနေ ကျောက်တုံးအငယ်တွေဖြစ်အောင်လုပ်နေတာပါ။ ခွဲလို့ရတဲ့ကျောက်တုံးတွေကို အခုဆောက်နေတဲ့အဆောက်အအုံနံရံမှာ သုံးဖို့ပေါ့ဗျာ”တဲ့။

တတိယလူကျတော့ ကျောက်တုံးကြီးကိုခွဲလိုက်တယ်။ ရလာတဲ့ ကျောက်တုံးလေးတွေကို သေသေချာချာကြည့်တယ်။ သူလိုချင်တဲ့အရွယ်ရအောင် ကြိုးစားပန်းစားထပ်ခွဲနေတယ်။ လိုချင်တဲ့အရွယ်နဲ့ပုံစံရသွားရင် အဲဒါလေးတွေကြည့်ပြီး သူဟာဝမ်းသာကြည်နူးနေတယ်။ စောစောကလူက ထုံးစံအတိုင်းသူ့ကိုလဲ ဘာလုပ်နေတာလဲမေးတော့ သူကခုလိုပြန်ဖြေတယ်။
“ကျနော် ကမ္ဘာပေါ်မှာအလှဆုံးဟိုတယ်ကြီးတခုဆောက်နေတာဗျ”တဲ့။

အလုပ်တမျိုးထဲအတူတူလုပ်ကြတဲ့အလုပ်သမား၃ယောက်ဟာ အလုပ်ပေါ်ခံယူချက်စိတ်ဓါတ်(attitude)ကျတော့မတူကြပြန်ဘူး။

ပထမလူဟာ သူ့အတွက်အလုပ်သာလုပ်နေရတာ စိတ်မပါဘူး။ သူ့စိတ်ထဲမှာအချိန်ဖြုန်းနေတယ်။ ငရဲကျနေတယ်လို့ထင်နေတယ်။ စိတ်မပါဘူး။ မတတ်သာလိုသာ ဒီအလုပ်ကိုလုပ်နေရတာဆိုပြီး စိတ်ဆင်းရဲနေတာပေါ့။

ဒုတိယလူကတော့ အလုပ်ကိုကြိုးစားပမ်းစားလုပ်ပါတယ်။ တနေ့အလုပ်တနေ့ပြီးအောင် တာဝန်ကျေပွန်အောင်လုပ်တယ်။ ဒါပေမဲ့ သူမှာအနာဂတ်အတွက် ဘာမျော်မှန်းချက်မှမရှိဘူး။ စက်ရုပ်တခုလိုပါပဲ။

တတိယလူကျတော့ စောစောကလူ၂ယောက်လိုမဟုတ်ဖူး။ သူ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်တယ်။ အလုပ်ကိုကောင်းတာထက်ပိုကောင်းအောင် အမြဲကြိုးစားနေတယ်။ သူလုပ်လိုက်တဲကျောက်တုံးလေးတွေကြောင့် မကြာခင်မှာ ကမ္ဘာပေါ်မှာအလှပဆုံးဟိုတယ်ကြီးပေါ်ပေါက်လာမယ်လို့ယုံကြည်နေတယ်။ သူဟာ အနာဂတ်ကိုတွေးမြင်ကြည့်တတ်သူပါ။ ဒါကြောင့်သူဟာအလုပ်ခွင်ထဲမှာ အမြဲတမ်းစိတ်ဓါတ်တက်ကြွလန်းဆန်းနေတယ်။

လူတိုင်းဟာ အသက်ရှင်နေသရွေ့ မိမိနဲ့မိသားစုအတွက် အလုပ်လုပ်နေကြရမှာပါ။ ကိုယ်ပိုင်အလုပ်ဖြစ်ဖြစ် ဝန်ထမ်းဘဝနဲ့ဖြစ်ဖြစ် အလုပ်တခုတော့လုပ်ကိုလုပ်နေကြရမှာပါ။ အဲဒီတော့ ကိုယ့်အလုပ်အပေါ်ခံယူထားတဲ့attitudeဟာ စောစောကပြောတဲ့ အလုပ်သမား၃ယောက်ထဲက ဘယ်နဲ့တူနေသလဲဆိုတာ ကိုယ်တိုင်ပဲအသိဆုံးပါ။

မိမိလုပ်နေတဲ့အလုပ်ထဲမှာ မပျော်နေဘူးဆိုရင် အလုပ်ထွက်လိုက်ပြီး ပျော်မယ့်အလုပ်သစ်ရှာလိုက်ပါ။ အဲလိုမှလုပ်လို့မရဘူးဆိုရင် တတိယလူလိုအလုပ်အပေါ်မှာ ထားတဲ့ခံယူချက်သဘောထား(attitude)ကို ပြောင်းလဲလိုက်ပါ။ မိမိလက်ရှိအလုပ်ကို စိတ်ဝင်းစားလာအောင် ငါဘယ်လိုလုပ်ရင်ကောင်းမလဲ။ အလုပ်တွေများများနဲ့မြန်မြန်ပြီအောင် ဘယ်လိုလုပ်ရမလဲ။ ငါ့အလုပ်ကြောင့် ကုမ္ပဏီမှာ ဘာအကျိုးရှိသွားမလဲစတာတွေပေါ့။

တစ်ခုသိစေချင်တာက အလုပ်ထဲမပျော်တဲ့လူဟာ အိမ်ထောင်ရေးအဆင်မပြေတတ်ဘူး။ အလုပ်ထဲကစိတ်မချမ်းသာမှုဟာ အိမ်ထဲကူးစက်တတ်တာကိုး။ စိတ်မချမ်းသာတဲ့လူဟာ အသက်လဲတိုတတ်ကြပါတယ်။

ဗန်းမော်သိန်းဖေ

Leave a Reply