Finland ႏုိင္ငံပညာေရးမွ စိတ္၀င္စားဖြယ္ အတုယူစရာအခ်က္မ်ား

Posted on

မတတ္လၽွင္မတတ္ေၾကာင္းေျပာ အကူအညီေတာင္းရန္ဝန္မေလး

ဆရာအခ်င္းခ်င္းဟန္မလုပ္။ မသိလၽွင္ မတတ္လၽွင္မတတ္ေၾကာင္းေျပာၿပီး အကူအညီေတာင္းတတ္သည္။

အတန္းထဲတြင္ ႀကဳံေတြ႕ႏိုင္သည့္ အခက္အခဲမ်ားႏွင့္ စိန္ေခၚမႈမ်ားကို ပူးေပါင္းေျဖရွင္းတတ္သည္။

သူတို႔ဆရာ ေလာက၏ ခံယူခ်က္မွာ တစ္ဦးႏွင့္တစ္ဦး ပူးေပါင္းေဆာင္႐ြက္ရန္ျဖစ္ၿပီး ၿပိဳင္ဆိုင္ရန္မဟုတ္ျဖစ္သည္။

သို႔ျဖစ္ရာ ေက်ာင္းမ်ားတြင္ ဘာလုပ္ရမည္ကိုလည္း ေမးရန္ဝန္မေလး၊ ဘယ္လိုလုပ္ရမည္ကို ေဆြးေႏြးရန္လည္းမေၾကာက္၊ မိဘမ်ားကိုလည္း ဝိုင္းဝန္းကူညီရန္ အကူအညီေတာင္းတတ္သည္။

အျပင္ထြက္သင္ခ်င္လည္းသင္

ေက်ာင္းသားမ်ားကို စာသင္ခန္းထဲတြင္ ပိတ္ေလွာင္ထားျခင္းကို သူတို႔မႀကိဳက္။

ေလေကာင္းေလသန္႔ႏွင့္ အျမင္ သစ္မ်ားရေစရန္ အျပင္ထြက္ကာ စာသင္ေလ့ရွိသည္။ လယ္ကြင္းထဲသြားၾကသည္။

ျမစ္ေခ်ာင္းေတြေဘးသြားၾက သည္။ ေတာထဲလည္းသြား၊ ေဈးထဲလည္းသြား၊ ႐ြံ႕ထဲလည္းဆင္း၊ ႏွင္းေတာထဲလည္းဆင္းႏိုင္ေအာင္ ႀကိဳးစားၾက သည္။

သူတို႔မၾကာခဏ ေလ့လာေရးထြက္ေလ့ရွိၾကသည္။

ေက်ာင္းသင္ခန္းစာႏွင့္ သဘာဝဝန္းက်င္ကို ဆက္စပ္ ႏိုင္ရန္ႀကိဳးစားျခင္းသည္ သူတို႔ပညာေရး၏ လၽွိဳ႕ဝွက္ခ်က္ျဖစ္သည္။

တုတ္ေခ်ာင္း၊ ေက်ာက္တုံး၊ ျမက္ပင္မ်ား အားလုံးသည္ သူတို႔အတြက္ သင္နည္းလမ္းၫႊန္မ်ား ျဖစ္ေနတတ္သည္။

 

ကိုယ့္ေက်ာင္းသားအေၾကာင္း ေကာင္းေကာင္နားလည္

ဖင္လန္ႏိုင္ငံမွ ဆရာမ်ားသည္ သူတို႔တပည့္မ်ားအေၾကာင္း ေကာင္းေကာင္းသိႏိုင္ေစရန္ အခ်ိန္ေပးေလ့ရွိသည္။

ေက်ာင္းသားအေၾကာင္းသိမွ သင္ၾကားေရးထိေရာက္ႏိုင္သည္ဟု သူတို႔ယူဆခံယူထားသည္။

သူတို႔ ဘာေတြ ေတြးေနသနည္း၊ ဘာေၾကာင့္ ထိုသို႔ ေတြးၾကသနည္းဆိုသည့္အေၾကာင္း ေကာင္းစြာ သိျခင္းသည္ သူတို႔ကို မည္သို႔ ျပဳျပင္ေပးရမည္ဆိုသည့္အေကာင္းဆုံးအေျဖျဖစ္ေသာေၾကာင့္ တပည့္အေၾကာင္းသိေအာင္လုပ္ေလ့ရွိၾကသည္။

ကစားခ်ိန္မ်ားမ်ားေပး သူတို႔ပညာေရး

ဖင္လန္ႏိုင္ငံသည္ အျခားႏိုင္ငံမ်ားထက္ ကစားခ်ိန္ပိုေပးသည့္ ပညာေရးစနစ္ကိုက်င့္သုံးသည္။

ကစား၍ ရမွတ္ႏွင့္ အဆင့္ကို ထိခိုက္စရာမရွိ။ စာသင္လိုက္၊ နားလိုက္၊ ကစားလိုက္ မၾကာခဏလုပ္တတ္သည္။

စာမ်ား သင္ရန္အခ်ိန္မရေသာေၾကာင့္ ဖိသင္ေနၾကရသည္၊ အခ်ိန္ပိုေခၚသင္ေနရသည္ဆိုသည့္ ဆရာမ်ား ဆင္ျခင္စရာ ျဖစ္သည္။

 

ဖတ္စာအုပ္အျပင္ေဘာင္ ေက်ာ္သင္ႏိုင္ေအာင္ႀကိဳးစား

ဖင္လန္ႏိုင္ငံမွဆရာမ်ားကို ေက်ာင္းသုံးျပ႒ာန္းစာအုပ္မ်ားက မလႊမ္းမိုးႏိုင္ေပ။

ႀကိဳက္သည့္စာ ႀကိဳက္သည့္ သင္ေထာက္ကူမ်ားႏွင့္ သင္ႏိုင္သည္။

ကေလးမ်ားနားလည္ႏိုင္ေရး ဦးစားေပးသည္။

သူတို႔ေကာင္းေကာင္း သင္ႏိုင္ေရး ႀကိဳတင္ျပင္ဆင္ေတြးလာတတ္ၾကသည္။

စာအုပ္ေတြကို ေက်ာ္ထြက္ႏိုင္ေအာင္ ႀကိဳးစားျခင္းသည္ သူတို႔ပညာေရး၏ အားသာခ်က္ျဖစ္သည္။

ဆရာမ်ားပညာေရး အားေပး

ဆရာမ်ားကို သူတို႔ႏိုင္ငံက ဦးစားလည္းေပး၊ ေလးစားတန္ဖိုးလည္းထားသည္။

ဆရာမ်ားအတြက္ ဘဝတစ္ သက္တာ ပညာရွာႏိုင္ရန္ အခြင့္အလမ္းမ်ားေပးထားသည္။

ေက်ာင္းတြင္ တပည့္မ်ားထံ မည္သည့္ဆရာကို အႏွစ္ သက္ဆုံးလဲဟု ဆႏၵခံယူတတ္သည္။

မိဘေတြကလည္း သူတို႔ သားသမီးေတြ အႏွစ္သက္ဆုံးဆရာ ဆရာမမ်ားကို မဲေပးၾကသည္။

ပညာေရးတြင္ အုပ္ခ်ဳပ္သူမ်ားအႀကိဳက္၊ မိဘမ်ားအႀကိဳက္၊ ေက်ာင္းသားမ်ားအႀကိဳက္ဆုံးဆရာ သည္ အခြင့္အလမ္းအေကာင္းဆုံးလည္းျဖစ္တတ္သည္။

Via : ေမာကၡပညာေရးဂ်ာနယ္

————————————-

Finland နိုင်ငံပညာရေးမှ အတုယူစရာအချက်များ

မတတ်လျှင်မတတ်ကြောင်းပြော အကူအညီတောင်းရန်ဝန်မလေး

ဆရာအချင်းချင်းဟန်မလုပ်။ မသိလျှင် မတတ်လျှင်မတတ်ကြောင်းပြောပြီး အကူအညီတောင်းတတ်သည်။ အတန်းထဲတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းတတ်သည်။ သူတို့ဆရာ လောက၏ ခံယူချက်မှာ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပြီး ပြိုင်ဆိုင်ရန်မဟုတ်ဖြစ်သည်။ သို့ဖြစ်ရာ ကျောင်းများတွင် ဘာလုပ်ရမည်ကိုလည်း မေးရန်ဝန်မလေး၊ ဘယ်လိုလုပ်ရမည်ကို ဆွေးနွေးရန်လည်းမကြောက်၊ မိဘများကိုလည်း ဝိုင်းဝန်းကူညီရန် အကူအညီတောင်းတတ်သည်။

အပြင်ထွက်သင်ချင်လည်းသင်

ကျောင်းသားများကို စာသင်ခန်းထဲတွင် ပိတ်လှောင်ထားခြင်းကို သူတို့မကြိုက်။ လေကောင်းလေသန့်နှင့် အမြင် သစ်များရစေရန် အပြင်ထွက်ကာ စာသင်လေ့ရှိသည်။ လယ်ကွင်းထဲသွားကြသည်။ မြစ်ချောင်းတွေဘေးသွားကြ သည်။ တောထဲလည်းသွား၊ ဈေးထဲလည်းသွား၊ ရွံ့ထဲလည်းဆင်း၊ နှင်းတောထဲလည်းဆင်းနိုင်အောင် ကြိုးစားကြ သည်။ သူတို့မကြာခဏ လေ့လာရေးထွက်လေ့ရှိကြသည်။ ကျောင်းသင်ခန်းစာနှင့် သဘာဝဝန်းကျင်ကို ဆက်စပ် နိုင်ရန်ကြိုးစားခြင်းသည် သူတို့ပညာရေး၏ လျှို့ဝှက်ချက်ဖြစ်သည်။ တုတ်ချောင်း၊ ကျောက်တုံး၊ မြက်ပင်များ အားလုံးသည် သူတို့အတွက် သင်နည်းလမ်းညွှန်များ ဖြစ်နေတတ်သည်။

ကိုယ့်ကျောင်းသားအကြောင်း ကောင်းကောင်နားလည်

ဖင်လန်နိုင်ငံမှ ဆရာများသည် သူတို့တပည့်များအကြောင်း ကောင်းကောင်းသိနိုင်စေရန် အချိန်ပေးလေ့ရှိသည်။ ကျောင်းသားအကြောင်းသိမှ သင်ကြားရေးထိရောက်နိုင်သည်ဟု သူတို့ယူဆခံယူထားသည်။ သူတို့ ဘာတွေ တွေးနေသနည်း၊ ဘာကြောင့် ထိုသို့ တွေးကြသနည်းဆိုသည့်အကြောင်း ကောင်းစွာ သိခြင်းသည် သူတို့ကို မည်သို့ ပြုပြင်ပေးရမည်ဆိုသည့်အကောင်းဆုံးအဖြေဖြစ်သောကြောင့် တပည့်အကြောင်းသိအောင်လုပ်လေ့ရှိကြသည်။

ကစားချိန်များများပေး သူတို့ပညာရေး

ဖင်လန်နိုင်ငံသည် အခြားနိုင်ငံများထက် ကစားချိန်ပိုပေးသည့် ပညာရေးစနစ်ကိုကျင့်သုံးသည်။ ကစား၍ ရမှတ်နှင့် အဆင့်ကို ထိခိုက်စရာမရှိ။ စာသင်လိုက်၊ နားလိုက်၊ ကစားလိုက် မကြာခဏလုပ်တတ်သည်။ စာများ သင်ရန်အချိန်မရသောကြောင့် ဖိသင်နေကြရသည်၊ အချိန်ပိုခေါ်သင်နေရသည်ဆိုသည့် ဆရာများ ဆင်ခြင်စရာ ဖြစ်သည်။

ဖတ်စာအုပ်အပြင်ဘောင် ကျော်သင်နိုင်အောင်ကြိုးစား

ဖင်လန်နိုင်ငံမှဆရာများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များက မလွှမ်းမိုးနိုင်ပေ။ ကြိုက်သည့်စာ ကြိုက်သည့် သင်ထောက်ကူများနှင့် သင်နိုင်သည်။ ကလေးများနားလည်နိုင်ရေး ဦးစားပေးသည်။ သူတို့ကောင်းကောင်း သင်နိုင်ရေး ကြိုတင်ပြင်ဆင်တွေးလာတတ်ကြသည်။ စာအုပ်တွေကို ကျော်ထွက်နိုင်အောင် ကြိုးစားခြင်းသည် သူတို့ပညာရေး၏ အားသာချက်ဖြစ်သည်။

ဆရာများပညာရေး အားပေး

ဆရာများကို သူတို့နိုင်ငံက ဦးစားလည်းပေး၊ လေးစားတန်ဖိုးလည်းထားသည်။ ဆရာများအတွက် ဘဝတစ် သက်တာ ပညာရှာနိုင်ရန် အခွင့်အလမ်းများပေးထားသည်။ ကျောင်းတွင် တပည့်များထံ မည်သည့်ဆရာကို အနှစ် သက်ဆုံးလဲဟု ဆန္ဒခံယူတတ်သည်။ မိဘတွေကလည်း သူတို့ သားသမီးတွေ အနှစ်သက်ဆုံးဆရာ ဆရာမများကို မဲပေးကြသည်။ ပညာရေးတွင် အုပ်ချုပ်သူများအကြိုက်၊ မိဘများအကြိုက်၊ ကျောင်းသားများအကြိုက်ဆုံးဆရာ သည် အခွင့်အလမ်းအကောင်းဆုံးလည်းဖြစ်တတ်သည်။

Via : မောက္ခပညာရေးဂျာနယ်

Leave a Reply