B9T0R0 Dying Earth

ဗုဒၶဘာသာက်မ္းမ်ားအရ ကမာၻပ်က္ပုံအေၾကာင္း

Posted on

မူရင္းေရးသားသူ – အရွင္ဝိမဝံသ( နာလႏၵာ တကၠသုိလ္၊ အိႏၵိယနုိင္ငံ)

ျဖစ္ျဖစ္သမ်ွအရာဝတၳဳအစုစုသည္ တစ္ေန႔က်လွ်င္ ဧကန္မုခ်ပ်က္ရမည့္ အနိစၥတရားသာျဖစ္ပါတယ္။ ထုိ႔ေၾကာင့္သတၱဝါတုိ႔ ေနရာဤကမာၻေလာကၾကီးလည္း ထုိအနိစၥနယ္ပယ္မွာ ပါဝင္ေနတာျဖစ္လုိ႔ ခုိင္ၿမဲတည္တံ့ေနမွာမဟုတ္ပဲ တစ္ေန႔က်လ်ွင္ ဧကန္မုခ်ပ်က္ရမွာျဖစ္ပါတယ္။

ဗုဒၶဘာသာက်မ္းမ်ားအရ ကမာၻဘယ္လုိပ်က္သလဲ ဆုိတဲ့အေၾကာင္းကို သိခ်င္ေနတဲ့ မိတ္ေဆြမ်ားအတြက္ ရွာေဖြေ၀မွ်လုိက္ပါတယ္။

ကမာၻေလာကပ်က္ဖုိ႔ရာ အေၾကာင္းတရားသုံးမ်ဳိးရွိပါတယ္။
အဲဒါကဘာေတြလဲလုိ႔ဆုိေတာ့ –
မီးေၾကာင့္ပ်က္စီးျခင္း
ေရေၾကာင့္ပ်က္စီးျခင္း
ေလေၾကာင့္ပ်က္စီးျခင္း – တုိ႔ျဖစ္ပါတယ္။

မီးဖ်က္သည့္ ကမာၻ(၇)ကမာၻ၊
ေရဖ်က္သည့္ကမာၻ(၁)ကမာၻ၊
မီးဖ်က္သည့္ ကမာၻ(၇)ကမာၻ၊
ေရဖ်က္သည့္ကမာၻ(၁)ကမာၻ၊

ဤသုိ႔ေသာနည္းအားျဖင့္
မီးျဖင့္ဖ်က္ေသာကမာၻ(၅၆)ၾကိမ္ ၊
ေရျဖင့္ဖ်က္ေသာကမာၻ(၇)ၾကိမ္ ၊
ေပါင္းလုိက္ေတာ့(၆၃)ၾကိမ္ ၊
ထုိ႔ေနာက္(၆၄) ၾကိမ္ေျမာက္မွာေလျဖင့္ဖ်က္ေသာ ကမာၻျဖစ္ပါတယ္။

ဆုိလုိတာက မီးေၾကာင့္(၇)ၾကိမ္ပ်က္ျပီးလ်ွင္ ေရေၾကာင့္တစ္ၾကိမ္ပ်က္ပါတယ္။
ေနာက္မီးေၾကာင့္ (၇)ၾကိမ္ပ်က္ျပီးလ်ွင္ ေရေၾကာင့္ (၁)ႀကိမ္ပ်က္ျပန္တယ္။
အဲလုိနည္းနဲ႔ မီးေၾကာင့္(၅၆)ၾကိမ္၊ေရေၾကာင့္(၇)ၾကိမ္။ အားလုံးေပါင္းေတာ့(၆၃)ၾကိမ္၊
ထုိေနာက္(၆၄)ၾကိမ္ေျမာက္ေရာက္ရင္ ေလေၾကာင့္တစ္ၾကိမ္ပ်က္မယ္လုိ႔ဆုိလုိျဖင္းျဖစ္ပါတယ္။

ကမာၻပ်က္ျခင္းသုံးပါးမွာ မီးေၾကာင့္ပဌမစ်ာန္သုံးဘုံးပ်က္ပါတယ္။
ေရေၾကာင့္ ဒုတိယစ်ာန္သုံးဘုံပ်က္ပါတယ္။
ေလေၾကာင့္တတိယစ်ာန္သုံးဘုံးပ်က္ပါတယ္။

ဒီေနရာမွာ(၃၁)ဘုံကုိ ထည့္ေျပာဖုိ႔လုိပါတယ္။

ျဗဟၼာဘံု ႏွစ္ဆယ္

ျဗဟၼပါရိသဇၨာ၊ ျဗဟၼပုေရာဟိတာ၊ မဟာျဗဟၼာ ၊ (ရူပ ပထမစ်ာန္ ၃- ဘံု)
ပရိတၱာဘာ၊ အပၸမာဏာဘာ၊ အာဘႆရာ၊ (ရူပ ဒုတိယစ်ာန္ ၃- ဘံု)
ပရိတၱာသုဘာ၊ အပၸမာဏာသုဘာ၊ သုဘကိဏွာ၊ (ရူပ တတိယစ်ာန္ ၃- ဘံု)
ေ၀ဟပၹဳိလ္ ၊ အသညသတ္ ၊ အဝိဟာ ၊ အတပၸါ ၊သုဒႆာ၊ သုဒႆီ၊ အကနိ႒၊ (ရူပ စတုတၳစ်ာန္ ၇- ဘံု)
အာကာသာနဥၥာယတန၊ ၀ိညာဏဥစၥာယတန၊ အာကိဥၥာညာယတန၊ေနဝသညာနာသညာယတန (အရူပစ်ာန္ ၄- ဘံု)

နတ္ျပည္ ေျခာက္ထပ္
စတုမဟာရာဇ္ ၊ တာ၀တိ ံသာ ၊ ယာမာ ၊ တုသိတာ ၊ နိမၼာနရတိ ၊ ပရနိမၼိတ၀သ၀တီၱ

လူ႕ဘံု တစ္ဘံု
လူ႔ဘံု

အပါယ္ ေလးဘံု
ငရဲဘံု ၊ တိရစာၦန္ဘံု ၊ ၿပိတၱာဘံု ၊ အသူရကာယ္ဘံု။
– ဆုိျပီး ဗုဒၶဘာသာအရ (၃၁)ဘုံျဖစ္ပါတယ္။

မီးေၾကာင့္ပ်က္စီးရမည့္ ကမာၻၾကီးမွာ ပ်က္ခ်ိန္တန္လ်ွင္ ေရွ့ဦးစြာ ေန(၇)စင္းအနက္က ေန(၂)စင္းေပၚလာမွာပါ။

ရုိးရုိးသာမန္ေနက ေန႔အခါထြက္ျပီး၊အသစ္ျဖစ္ေပၚလာတဲ့ ေနက ညအခါဆက္လက္ထြက္ေပၚလာသျဖင့္ ညဥ့္အခါဟူ၍ပင္မရွိေတာ့ပါ။

ထုိေနအသစ္ရဲ့ပူေလာင္မွဳေၾကာင့္ ျမစ္ငယ္၊ေခ်ာင္းငယ္မ်ားမွာရွိတဲ့ ေရေတြခန္းေျခာက္လာပါတယ္။ အဲဒီေနာက္မွာ (၃)စင္းေျမာက္ေနထြက္လာမွာပါ။

အဲဒီေနေၾကာင့္ ေနေၾကာင့္ ျမစ္ၾကီးမ်ားမွာရွိေသာ ေရေတြခန္းေျခာက္လာမွာပါ။

ေနာက္(၄)စင္းေျမာက္ ေနအသစ္ထြက္ေပၚလာျပန္ေတာ့ ဟိမဝႏၱာအတြင္းမွာရွိတဲ့ အုိင္ၾကီး(၇)အုိင္မွ ေရမ်ားလည္းခန္းေျခာက္လာမွာပါ။

ေနာက္(၅)စင္းေျမာက္ေနအသစ္ထြက္ေပၚလာျပန္ေတာ့ သမုဒၵရာအတြင္းမွ ေရမ်ားခန္းေျခာက္မွာပါ။

ေနာက္(၆)စင္းေျမာက္ေနအသစ္ထြက္ေပၚလာျပန္ေတာ့ ကမာၻေလာကၾကီးအတြင္းမွာ အစုိဓာတ္ဟူသမ်ွမရွိေတာ့ပဲ ၊ေနာက္ဆုံး(၇)စင္းေျမာက္ေနထြက္လာျပန္ေတာ့ ဤကမာၻေလာကၾကီးႏွင့္တကြ ဤကမာၻေလာကမ်ဳိးတစ္သိန္းမ်ွ မီးဟုန္းဟုန္းေတာက္ေလာက္ေလာင္လ်ွက္ ကာလအေတာ္ၾကာလ်ွင္ ကမာၻေျမျပင္မွ ပထမစ်ာန္ ျဗဟၼာ့ဘုံတုိင္ေအာင္ မီးေတာက္မီးလ်ွံစြဲကာ ဟိမဝႏာၱေတာင္၊ျမင္းမုိရ္ေတာင္၊

စၾကာဝဠာေတာင္ၾကီးမ်ားႏွင့္တကြေငြ၊ေရႊ၊ရတနာ၊နီလာ၊ ျမသား၊အလြန္ၾကီးမားတဲ့ ဗိမာန္မ်ားလည္း မတိမ္းသာ မေရွာင္သာေလာင္စာခ်ည္းျဖစ္ရၾကရတယ္လုိ႔ဆုိပါတယ္။ မီးေလာင္စာမရွိ၍ မီးေတာက္မီးလ်ွံျငိမ္းလ်ွက္ ျပာအမွဳန္႔မ်ွ မက်န္ေတာ့မွ ကမာၻၾကီးပ်က္ျခင္းကိစၥျပီးတယ္လုိ႔ဆုိပါတယ္။

ေရဖ်က္တဲ့ အလွည့္နဲ႔ၾကဳံတဲ့အခါ၊ေရေၾကာင့္ပ်က္တဲ့ကမာၻအလွည့္မွာေတာ့ ဒီလုိဆုိထားတာေတြ့ရပါတယ္။ ေရဖ်က္ေသာကမာၻမွာ ဒုတိယစ်ာန္သုံးဘုံတုိင္ေအာင္ ဆားခဲကုိေရတြင္ခ်၍ ေၾကသကဲ့သုိ႔ ဒီကမာၻၾကီးလည္း အထက္ ဒုတိယစ်ာန္သုံးဘုံတုိင္ေအာင္ တစ္ျဖည္းျဖည္းပ်က္စီးသြားတယ္လုိ႔ဆုိထားပါတယ္။

ေလေၾကာင့္ပ်က္တဲ့ကမာၻမွာလည္း ေလမုန္တုိင္းက်လုိ႔ စိစိညက္ညက္ ေၾကမြသကဲ့သုိ႔ တတိယစ်ာန္သုံးဘုံတုိင္ေအာင္ စၾကဝဠာ ကုေဋတစ္သိန္းလုံး မုန္႔မုန္႔ညက္ညက္ေၾကေပ်ာက္တယ္လုိ႔ဆုိပါတယ္။ အက်ယ္ကုိဖတ္ခ်င္ရင္ ဝိသုဒၶိမဂ္ အဌကထာတြင္ဖတ္လုိ႔ရပါတယ္။

ဤသုိ႔ကမာၻေလာကၾကီးရဲ့ ပ်က္စီးေနရာ အခ်ိန္အခါသည္ ႏွစ္ေပါင္း မည္မ်ွၾကာသည္ဟု မခန္းမွန္းနုိင္ေလာက္ေအာင္ပင္ၾကာပါတယ္။

(၁၀)ႏွစ္တမ္းမွ တျဖည္းျဖည္းတက္၍ အသက္အသေခ်ၤယ်တမ္းသုိ႔ေရာက္၊ အဲဒီအသေခ်ၤယ်တမ္းမွ တျဖည္းျဖည္းဆုတ္၍ (၁၀)ႏွစ္တမ္းသုိ႔ေရာက္၊ဤတက္ကပ္၊ဆုတ္ကပ္ တစ္စုံကုိ အႏၱရကပ္(အၾကားကပ္)လုိ႔ေခၚပါတယ္။

ကမာၻေလာကၾကီး မီးေလာင္၍ ပ်က္စီးရာ ေနရာ အခ်ိန္အခါက ထုိအႏၱရကပ္ေပါင္း (၆၄)ကပ္ မွ်ၾကာပါတယ္။ ထုိ႔သုိ႔ ပ်က္စီးျပီးေနာက္ ကမာၻအသစ္မျဖစ္ခင္၊ ကမာၻသစ္မတည္ခင္ ပ်က္ေနတဲ့အခ်ိန္ကလည္း အႏၱရကပ္(၆၄)ကပ္ၾကာတယ္လုိ႔ဆုိပါတယ္။

ကမာၻပ်က္ေနတုန္းအခ်ိန္မွာ၊ ကမာၻအသစ္မျဖစ္ခင္အခ်ိန္မွာ သတၱဝါေတြက မီးမေလာင္တဲ့ အထက္ ျဗဟၼာျပည္ကုိေရာက္ေနတယ္လုိ႔ဆုိပါတယ္။

ဘာေၾကာင့္ေရာက္ရသလဲလုိ႔ဆုိေတာ့ ကမာၻမပ်က္ခင္ အႏွစ္တစ္သိန္းေလာက္ေစာျပီး နတ္မ်ားက “အႏွစ္တစ္သိန္းလြန္လ်ွင္ ကမာၻပ်က္လိမ့္မယ္ဆုိျပီးေၾကြးေၾကာ္ထားတဲ့အတြက္ေၾကာင့္ ၾကားၾကားသမ်ွေသာ သတၱဝါေတြက ေရွးကလုိ မေမ့မေလ်ာ့နုိင္ၾကေတာ့ပဲ ကုသုိလ္တရားမ်ားပြားမ်ားေနၾကျပီး ကမာၻပ်က္ခါနီးအခ်ိန္အခါေရာက္ေတာ့ အားလုံးပင္ျဗဟၼာျပည္ကုိေရာက္ဖုိ႔ရန္ စ်ာန္တရားမ်ားကုိရရွိၾကတယ္လုိ႔ဆုိပါတယ္။

ဒါေၾကာင့္ နိယတ မိစၦာဒိ႒ိ အယူရွိတဲ့ ပုဂၢဳိလ္မ်ားမွတစ္ပါး သတၱဝါဟူသမ်ွ တစ္ကမာၻလ်ွင္ တစ္ခါေတာ့ ျဗဟၼာ့ျပည္ကုိေရာက္ၾကတယ္လုိ႔ဆုိပါတယ္။

(နိယတ မိစၦာဒိ႒ိရွိတဲ့သူက) ပဥၥာနႏၵိယကံထုိက္တဲ့သူထက္အျပစ္ၾကီးပါတယ္။ ပဥၥာနႏၵိယကံထုိက္သူက ကမာၻပ်က္လ်ွင္ အျပစ္ေၾကေသာ္လည္း နိယတမိစၦာဒိ႒ိ ရွိသူကေတာ့ ကမာၻပ်က္လည္း ငရဲသက္တမ္းမကုန္ေသးလ်ွင္ အျခား မပ်က္တဲ့ကမာၻသုိ႔ေျပာင္းျပီးခံရတာပါ။

နိယတမိစၦာဒိ႒ိဆုိတာက ကုသုိလ္မရွိ၊အကုသုိလ္မရွိ။ကံဆုိတာမရွိ၊ကံရဲ့အက်ဳိးတရားဆုိတာမရွိ၊ သတၱဝါအသတ္ကုိသတ္လ်ွင္ လည္း သတ္တဲ့သူမခံပဲ ေသေစတတ္တဲ့ လက္နက္ပဲ ခံရတယ္ ။

ေရွးဘဝလည္းမရွိ၊ေနာက္ဘဝလည္းမရွိ စတဲ့အယူဝါဒေတြကုိ စြဲစြဲျမဲျမဲခံယူထားတဲ့ အယူဝါဒျဖစ္ပါတယ္။ အဲဒီအယူကုိယူတဲ့သူက မိစၦာအယူရွိတဲ့ပုဂၢဳိလ္ျဖစ္ပါတယ္။

အဲဒီပုဂၢဳိလ္သည္ ကမာၻပ်က္ေသာ္လည္း ငရဲသက္တန္း မေစ့ေသးလ်ွင္ အျခားကမာၻကုိေျပာင္းျပီးခံရတယ္လုိ႔ဆုိလုိတာပါ။ ဒါက ကမာၻပ်က္ပံုျဖစ္ပါတယ္။အားလုံးဗဟုသုတရေစလုိတာေၾကာင့္ေရးသားလုိက္ျခင္းပင္ျဖစ္ပါသည္။

ကုိးကား။ ။
အရွင္ဇနကာဘိဝံသ၏ကိုယ္က်င့္အဘိဓမၼာ
နဝဓုတဂၤါစာရမဟာေထရ္၏ ကမာၻ့ဂႏၳဝင္သာသနာ့သင္ခန္းစာက်မ္း
ဝိသုဒၶိမဂ္ အ႒ကထာက်မ္း


ဗုဒ္ဓဘာသာကျမ်းများအရ ကမ္ဘာပျက်ပုံအကြောင်း (unicode)

မူရင်းရေးသားသူ – အရှင်ဝိမဝံသ( နာလန္ဒာ တက္ကသိုလ်၊ အိန္ဒိယနိုင်ငံ)

ဖြစ်ဖြစ်သမျှအရာဝတ္ထုအစုစုသည် တစ်နေ့ကျလျှင် ဧကန်မုချပျက်ရမည့် အနိစ္စတရားသာဖြစ်ပါတယ်။ ထို့ကြောင့်သတ္တဝါတို့ နေရာဤကမ္ဘာလောကကြီးလည်း ထိုအနိစ္စနယ်ပယ်မှာ ပါဝင်နေတာဖြစ်လို့ ခိုင်မြဲတည်တံ့နေမှာမဟုတ်ပဲ တစ်နေ့ကျလျှင် ဧကန်မုချပျက်ရမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကျမ်းများအရ ကမ္ဘာဘယ်လိုပျက်သလဲ ဆိုတဲ့အကြောင်းကို သိချင်နေတဲ့ မိတ်ဆွေများအတွက် ရှာဖွေဝေမျှလိုက်ပါတယ်။

ကမ္ဘာလောကပျက်ဖို့ရာ အကြောင်းတရားသုံးမျိုးရှိပါတယ်။
အဲဒါကဘာတွေလဲလို့ဆိုတော့ –
မီးကြောင့်ပျက်စီးခြင်း
ရေကြောင့်ပျက်စီးခြင်း
လေကြောင့်ပျက်စီးခြင်း – တို့ဖြစ်ပါတယ်။

မီးဖျက်သည့် ကမ္ဘာ(၇)ကမ္ဘာ၊
ရေဖျက်သည့်ကမ္ဘာ(၁)ကမ္ဘာ၊
မီးဖျက်သည့် ကမ္ဘာ(၇)ကမ္ဘာ၊
ရေဖျက်သည့်ကမ္ဘာ(၁)ကမ္ဘာ၊

ဤသို့သောနည်းအားဖြင့်
မီးဖြင့်ဖျက်သောကမ္ဘာ(၅၆)ကြိမ် ၊
ရေဖြင့်ဖျက်သောကမ္ဘာ(၇)ကြိမ် ၊
ပေါင်းလိုက်တော့(၆၃)ကြိမ် ၊
ထို့နောက်(၆၄) ကြိမ်မြောက်မှာလေဖြင့်ဖျက်သော ကမ္ဘာဖြစ်ပါတယ်။

ဆိုလိုတာက မီးကြောင့်(၇)ကြိမ်ပျက်ပြီးလျှင် ရေကြောင့်တစ်ကြိမ်ပျက်ပါတယ်။
နောက်မီးကြောင့် (၇)ကြိမ်ပျက်ပြီးလျှင် ရေကြောင့် (၁)ကြိမ်ပျက်ပြန်တယ်။
အဲလိုနည်းနဲ့ မီးကြောင့်(၅၆)ကြိမ်၊ရေကြောင့်(၇)ကြိမ်။ အားလုံးပေါင်းတော့(၆၃)ကြိမ်၊
ထိုနောက်(၆၄)ကြိမ်မြောက်ရောက်ရင် လေကြောင့်တစ်ကြိမ်ပျက်မယ်လို့ဆိုလိုဖြင်းဖြစ်ပါတယ်။

ကမ္ဘာပျက်ခြင်းသုံးပါးမှာ မီးကြောင့်ပဌမဈာန်သုံးဘုံးပျက်ပါတယ်။
ရေကြောင့် ဒုတိယဈာန်သုံးဘုံပျက်ပါတယ်။
လေကြောင့်တတိယဈာန်သုံးဘုံးပျက်ပါတယ်။

ဒီနေရာမှာ(၃၁)ဘုံကို ထည့်ပြောဖို့လိုပါတယ်။

ဗြဟ္မာဘုံ နှစ်ဆယ်

ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ ၊ (ရူပ ပထမဈာန် ၃- ဘုံ)
ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ (ရူပ ဒုတိယဈာန် ၃- ဘုံ)
ပရိတ္တာသုဘာ၊ အပ္ပမာဏာသုဘာ၊ သုဘကိဏှာ၊ (ရူပ တတိယဈာန် ၃- ဘုံ)
ဝေဟပ္ဖိုလ် ၊ အသညသတ် ၊ အဝိဟာ ၊ အတပ္ပါ ၊သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ၊ (ရူပ စတုတ္ထဈာန် ၇- ဘုံ)
အာကာသာနဥ္စာယတန၊ ဝိညာဏဥစ္စာယတန၊ အာကိဥ္စာညာယတန၊နေဝသညာနာသညာယတန (အရူပဈာန် ၄- ဘုံ)

နတ်ပြည် ခြောက်ထပ်
စတုမဟာရာဇ် ၊ တာဝတိ ံသာ ၊ ယာမာ ၊ တုသိတာ ၊ နိမ္မာနရတိ ၊ ပရနိမ္မိတဝသဝတ္တီ

လူ့ဘုံ တစ်ဘုံ
လူ့ဘုံ

အပါယ် လေးဘုံ
ငရဲဘုံ ၊ တိရစ္ဆာန်ဘုံ ၊ ပြိတ္တာဘုံ ၊ အသူရကာယ်ဘုံ။
– ဆိုပြီး ဗုဒ္ဓဘာသာအရ (၃၁)ဘုံဖြစ်ပါတယ်။

မီးကြောင့်ပျက်စီးရမည့် ကမ္ဘာကြီးမှာ ပျက်ချိန်တန်လျှင် ရှေ့ဦးစွာ နေ(၇)စင်းအနက်က နေ(၂)စင်းပေါ်လာမှာပါ။ ရိုးရိုးသာမန်နေက နေ့အခါထွက်ပြီး၊အသစ်ဖြစ်ပေါ်လာတဲ့ နေက ညအခါဆက်လက်ထွက်ပေါ်လာသဖြင့် ညဉ့်အခါဟူ၍ပင်မရှိတော့ပါ။ ထိုနေအသစ်ရဲ့ပူလောင်မှုကြောင့် မြစ်ငယ်၊ချောင်းငယ်များမှာရှိတဲ့ ရေတွေခန်းခြောက်လာပါတယ်။ အဲဒီနောက်မှာ (၃)စင်းမြောက်နေထွက်လာမှာပါ။

အဲဒီနေကြောင့် နေကြောင့် မြစ်ကြီးများမှာရှိသော ရေတွေခန်းခြောက်လာမှာပါ။ နောက်(၄)စင်းမြောက် နေအသစ်ထွက်ပေါ်လာပြန်တော့ ဟိမဝန္တာအတွင်းမှာရှိတဲ့ အိုင်ကြီး(၇)အိုင်မှ ရေများလည်းခန်းခြောက်လာမှာပါ။ နောက်(၅)စင်းမြောက်နေအသစ်ထွက်ပေါ်လာပြန်တော့ သမုဒ္ဒရာအတွင်းမှ ရေများခန်းခြောက်မှာပါ။

နောက်(၆)စင်းမြောက်နေအသစ်ထွက်ပေါ်လာပြန်တော့ ကမ္ဘာလောကကြီးအတွင်းမှာ အစိုဓာတ်ဟူသမျှမရှိတော့ပဲ၊နောက်ဆုံး(၇)စင်းမြောက်နေထွက်လာပြန်တော့ ဤကမ္ဘာလောကကြီးနှင့်တကွ ဤကမ္ဘာလောကမျိုးတစ်သိန်းမျှ မီးဟုန်းဟုန်းတောက်လောက်လောင်လျှက် ကာလအတော်ကြာလျှင် ကမ္ဘာမြေပြင်မှ ပထမဈာန် ဗြဟ္မာ့ဘုံတိုင်အောင် မီးတောက်မီးလျှံစွဲကာ ဟိမဝန္တာတောင်၊မြင်းမိုရ်တောင်၊

စကြာဝဠာတောင်ကြီးများနှင့်တကွငွေ၊ရွှေ၊ရတနာ၊နီလာ၊ မြသား၊အလွန်ကြီးမားတဲ့ ဗိမာန်များလည်း မတိမ်းသာ မရှောင်သာလောင်စာချည်းဖြစ်ရကြရတယ်လို့ဆိုပါတယ်။ မီးလောင်စာမရှိ၍ မီးတောက်မီးလျှံငြိမ်းလျှက် ပြာအမှုန့်မျှ မကျန်တော့မှ ကမ္ဘာကြီးပျက်ခြင်းကိစ္စပြီးတယ်လို့ဆိုပါတယ်။

ရေဖျက်တဲ့ အလှည့်နဲ့ကြုံတဲ့အခါ၊ရေကြောင့်ပျက်တဲ့ကမ္ဘာအလှည့်မှာတော့ ဒီလိုဆိုထားတာတွေ့ရပါတယ်။ ရေဖျက်သောကမ္ဘာမှာ ဒုတိယဈာန်သုံးဘုံတိုင်အောင် ဆားခဲကိုရေတွင်ချ၍ ကြေသကဲ့သို့ ဒီကမ္ဘာကြီးလည်း အထက် ဒုတိယဈာန်သုံးဘုံတိုင်အောင် တစ်ဖြည်းဖြည်းပျက်စီးသွားတယ်လို့ဆိုထားပါတယ်။

လေကြောင့်ပျက်တဲ့ကမ္ဘာမှာလည်း လေမုန်တိုင်းကျလို့ စိစိညက်ညက် ကြေမွသကဲ့သို့ တတိယဈာန်သုံးဘုံတိုင်အောင် စကြဝဠာ ကုဋေတစ်သိန်းလုံး မုန့်မုန့်ညက်ညက်ကြေပျောက်တယ်လို့ဆိုပါတယ်။ အကျယ်ကိုဖတ်ချင်ရင် ဝိသုဒ္ဓိမဂ် အဌကထာတွင်ဖတ်လို့ရပါတယ်။

ဤသို့ကမ္ဘာလောကကြီးရဲ့ ပျက်စီးနေရာ အချိန်အခါသည် နှစ်ပေါင်း မည်မျှကြာသည်ဟု မခန်းမှန်းနိုင်လောက်အောင်ပင်ကြာပါတယ်။ (၁၀)နှစ်တမ်းမှ တဖြည်းဖြည်းတက်၍ အသက်အသင်္ချေယျတမ်းသို့ရောက်၊ အဲဒီအသင်္ချေယျတမ်းမှ တဖြည်းဖြည်းဆုတ်၍ (၁၀)နှစ်တမ်းသို့ရောက်၊ဤတက်ကပ်၊ဆုတ်ကပ် တစ်စုံကို အန္တရကပ်(အကြားကပ်)လို့ခေါ်ပါတယ်။

ကမ္ဘာလောကကြီး မီးလောင်၍ ပျက်စီးရာ နေရာ အချိန်အခါက ထိုအန္တရကပ်ပေါင်း (၆၄)ကပ် မျှကြာပါတယ်။ ထို့သို့ ပျက်စီးပြီးနောက် ကမ္ဘာအသစ်မဖြစ်ခင်၊ ကမ္ဘာသစ်မတည်ခင် ပျက်နေတဲ့အချိန်ကလည်း အန္တရကပ်(၆၄)ကပ်ကြာတယ်လို့ဆိုပါတယ်။

ကမ္ဘာပျက်နေတုန်းအချိန်မှာ၊ ကမ္ဘာအသစ်မဖြစ်ခင်အချိန်မှာ သတ္တဝါတွေက မီးမလောင်တဲ့ အထက် ဗြဟ္မာပြည်ကိုရောက်နေတယ်လို့ဆိုပါတယ်။ဘာကြောင့်ရောက်ရသလဲလို့ဆိုတော့ ကမ္ဘာမပျက်ခင် အနှစ်တစ်သိန်းလောက်စောပြီး နတ်များက “အနှစ်တစ်သိန်းလွန်လျှင် ကမ္ဘာပျက်လိမ့်မယ်ဆိုပြီးကြွေးကြော်ထားတဲ့အတွက်ကြောင့် ကြားကြားသမျှသော သတ္တဝါတွေက ရှေးကလို မမေ့မလျော့နိုင်ကြတော့ပဲ ကုသိုလ်တရားများပွားများနေကြပြီး ကမ္ဘာပျက်ခါနီးအချိန်အခါရောက်တော့ အားလုံးပင်ဗြဟ္မာပြည်ကိုရောက်ဖို့ရန် ဈာန်တရားများကိုရရှိကြတယ်လို့ဆိုပါတယ်။ဒါကြောင့် နိယတ မိစ္ဆာဒိဋ္ဌိ အယူရှိတဲ့ ပုဂ္ဂိုလ်များမှတစ်ပါး
သတ္တဝါဟူသမျှ တစ်ကမ္ဘာလျှင် တစ်ခါတော့ ဗြဟ္မာ့ပြည်ကိုရောက်ကြတယ်လို့ဆိုပါတယ်။

(နိယတ မိစ္ဆာဒိဋ္ဌိရှိတဲ့သူက) ပဥ္စာနန္ဒိယကံထိုက်တဲ့သူထက်အပြစ်ကြီးပါတယ်။ ပဥ္စာနန္ဒိယကံထိုက်သူက ကမ္ဘာပျက်လျှင် အပြစ်ကြေသော်လည်း နိယတမိစ္ဆာဒိဋ္ဌိ ရှိသူကတော့ ကမ္ဘာပျက်လည်း ငရဲသက်တမ်းမကုန်သေးလျှင် အခြား မပျက်တဲ့ကမ္ဘာသို့ပြောင်းပြီးခံရတာပါ။

နိယတမိစ္ဆာဒိဋ္ဌိဆိုတာက ကုသိုလ်မရှိ၊အကုသိုလ်မရှိ။ကံဆိုတာမရှိ၊ကံရဲ့အကျိုးတရားဆိုတာမရှိ၊ သတ္တဝါအသတ်ကိုသတ်လျှင် လည်း သတ်တဲ့သူမခံပဲ သေစေတတ်တဲ့ လက်နက်ပဲ ခံရတယ် ။ ရှေးဘဝလည်းမရှိ၊နောက်ဘဝလည်းမရှိ စတဲ့အယူဝါဒတွေကို စွဲစွဲမြဲမြဲခံယူထားတဲ့ အယူဝါဒဖြစ်ပါတယ်။ အဲဒီအယူကိုယူတဲ့သူက မိစ္ဆာအယူရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။

အဲဒီပုဂ္ဂိုလ်သည် ကမ္ဘာပျက်သော်လည်း ငရဲသက်တန်း မစေ့သေးလျှင် အခြားကမ္ဘာကိုပြောင်းပြီးခံရတယ်လို့ဆိုလိုတာပါ။ ဒါက ကမ္ဘာပျက်ပုံဖြစ်ပါတယ်။အားလုံးဗဟုသုတရစေလိုတာကြောင့်ရေးသားလိုက်ခြင်းပင်ဖြစ်ပါသည်။

ကိုးကား။ ။
အရှင်ဇနကာဘိဝံသ၏ကိုယ်ကျင့်အဘိဓမ္မာ
နဝဓုတင်္ဂါစာရမဟာထေရ်၏ ကမ္ဘာ့ဂန္ထဝင်သာသနာ့သင်ခန်းစာကျမ်း
ဝိသုဒ္ဓိမဂ် အဋ္ဌကထာကျမ်း

Leave a Reply