ဓားေရာင္လက္လက္ မယ္ဘယက္ (သုိ႔) ကုနး္ေဘာင္ေခတ္ အမ်ဳိးသမီးသူရဲေကာင္း

Posted on

မူရင္းေရးသားသူ – ပဥၥမံေၾကာင္(မင္းထက္ေက်ာ္စြာ)

မယ္ဘယက္သည္ ကုန္းေဘာင္ေခတ္ ေႏွာင္းပိုင္း ကာလတြင္ ေပၚေပါက္ခဲ့ေသာ အမ်ိဳးသမီးစစ္ဗိုလ္ တစ္ဦးျဖစ္သည္။ သူမသည္ ျမင္းစီးကြၽမ္းက်င္မႈႏွင့္ ဓားေရးကြၽမ္းက်င္မႈေၾကာင့္ နာမည္ႀကီးသူျဖစ္သည္။

မယ္ဘယက္သည္ ဘႀကီးေတာ္ စစ္ကိုင္းမင္း လက္ထက္တြင္ အမႈေတာ္ထမ္း ဗိုလ္တစ္ဦးျဖစ္ခဲ့ၿပီး နန္းမေတာ္မယ္ႏု အထိန္းေတာ္၏ ေခၽြးမ ျဖစ္သူ မယ္ခလုပ္ အား အမရပူရၿမိဳ႕ေျမာက္ဘက္က်ဳံးထိပ္တြင္ ျမင္းစီးခ်င္းထိုးကာ အႏိုင္ယူခဲ့သူ ျဖစ္ေၾကာင္း အမရပူရ ရာဇ၀င္တြင္ ေရးသားထားသည္။

ေတာင္သမန္အင္း အေရွ႕ေျမာက္ေထာင့္တြင္ တည္ရွိေသာ မယ္ဘယက္ကုန္း ဟူသည့္အရပ္သည္ ထိုေခတ္က သူမအား အပိုင္စားေပးခဲ့သည့္ နယ္ေျမ ျဖစ္သည္။

ပန္းခ်ီီၿမိတ္ဝင္းထိန္၏ မယ္ဘယက္ပန္းခ်ီ
ပန္းခ်ီီၿမိတ္ဝင္းထိန္၏ မယ္ဘယက္ပန္းခ်ီ

ဘႀကီးေတာ္စစ္ကိုင္းမင္းကို ညီေတာ္ သာယာဝတီမင္းက နန္းခ်ကာ အာဏာသိမ္းၿပီးေနာက္ စစ္ကိုင္းမင္းအား အက်ယ္ခ်ဳပ္ ခ်ထားရာေနရာႏွင့္ နန္းမေတာ္မယ္ႏုအား ေရခ်ကြပ္မ်က္သည့္ေနရာသည္ မယ္ဘယက္ကုန္း အနီးတြင္ ျဖစ္ေၾကာင္းလည္း သိရွိရသည္။

ဘႀကီးေတာ္မင္းလက္ထက္ ေအဒီ ၁၈၂၆ က တပ္ဗိုလ္တစ္ဦး ျဖစ္ခဲ့သူ မယ္ဘယက္၏ အမည္သည္ အႏွစ္ ေလးဆယ္ တိတိအၾကာ မင္းတုန္းမင္းလက္ထက္ ေအဒီ ၁၈၆၆ စစ္မွတ္တမ္းတြင္လည္း ျပန္လည္ပါဝင္လာသည္ကို အံ့ၾသဖြယ္ ေတြ႕ရွိရသည္။

ရတနာပံုၿမိဳ႕တည္ နန္းတည္ ၊ မင္းတုန္းမင္းတရားႀကီး လက္ထက္ သကၠရာဇ္ ၁၂၂၈ ခု (ေအဒီ ၁၈၆၆ ၾသဂုတ္လ) တြင္ သားေတာ္မ်ား ျဖစ္ေသာ ျမင္ကြန္းႏွင့္ ျမင္းခံုတိုင္ မင္းသားႏွစ္ပါး ထႂကြပုန္ကန္သည့္ အေရးအခင္း ေပၚေပါက္ခဲ့သည္။

(ထို အေရးအခင္းတြင္ အိမ္ေရွ႕စံ ကေနာင္ကိုယ္ေတာ္ႀကီး နတ္႐ြာစံခဲ့သျဖင့္ ကေနာင္ကိုယ္ေတာ္ႀကီး၏ သားေတာ္ ပန္းတိမ္းမင္းသားက မင္းတုန္းမင္းအေပၚ နားလည္မႈလြဲကာ ပုန္ကန္ျခားနားခဲ့သည္။)

ျမင္ကြန္း၊ ျမင္းခုန္တိုင္တို႔က ပုန္ကန္မႈ မေအာင္ျမင္သည့္ အခါ ေအာက္ျပည္သို႔ဆင္းကာ နယ္စြန္နယ္ဖ်ားကို ထိပါးသည္။

ပန္းတိမ္းကုိယ္ေတာ္ေလးက ေ႐ႊဘိုသို႔တက္ကာ လူသူစုရံုးသည္။

ထိုကဲ့သို႔ မင္းတုန္းမင္းႀကီးအတြက္ သားေတာ္မ်ား၏ ပုန္ကန္မႈမ်ားေၾကာင့္ အခက္ႀကံဳေနစဥ္ အမရပူရ ျမိဳ႕ဝန္ကေတာ္ေဟာင္း ျဖစ္ေသာ အသက္ ၄၀ ခန္႔ရွိ မုဆိုးမ မိနက္ႀကီး ဆိုသူကပါ လက္နက္လူသူ စုရံုးသည္။

မိနက္ႀကီးသည္ မင္းတုန္းမင္းကို စိတ္နာရသည့္ အေၾကာင္းရင္းမွာ ေအဒီ ၁၈၅၃ ခုႏွစ္ ပုဂံမင္းလက္ထက္ မင္းတုန္းမင္းႏွင့္ ကေနာင္မင္းသားတို႔ ပုန္ကန္သည့္အခါ မိနက္ႀကီး၏ လင္ေယာက်္ား အမရပူရၿမိဳ႕ဝန္ကို မင္းတုန္းကေနာင္ ညီေနာင္ႏွစ္ပါးက မတရားျပဳဖူးသည္ကို အစြဲျပဳ၍ ျဖစ္သည္ဟုဆိုသည္။

မိနက္ႀကီးသည္ ျမင္းစီး အလြန္က်င္လည္၍ အစြမ္းေကာင္း၏။

ျမင္းေျပးစဉ္တြင္ ရပ္၍စီးျခင္း ၊ ခုန္၍စီးျခင္း ၊ ေနာက္ျပန္စီးျခင္း ၊ ေျခတစ္ေခ်ာင္းေထာက္၍ စီးျခင္း ၊ ခါးညြတ္၍ စီးျခင္း ၊ ျမင္းေပၚမွ ဆင္း၍ ျမင္းႏွင့္အတူေျပးကာ မီေအာင္ ျပန္တက္ျခင္း စသည္ျဖင့္ အံ့ဩေလာက္ေအာင္ စီးနိုင္ေလသည္။

(တုတ္ၿပီး၊ ဓားၿပီးေစေသာ ကာယသိဒၶိလည္း ရွိသည္ဟူ၏။)

မိနက္ႀကီးသည္ တိုက္ပြဲဝင္သည့္အခါ တပ္တြင္ ဗိုလ္ျပဳ၍ ဆံပင္ကို ဖားလ်ားခ်လ်က္ ျမင္းစီး၍ ေရွ႕ကထြက္၏။

မင္းတုန္းမင္းႀကီး၏ ရတနာပံုတပ္သား တပ္ဗိုလ္မ်ားလည္း တစ္ဖက္က မိန္းမ ျဖစ္ေန၍ သနၿပီးလ်ွင္ ဖရိုဖရဲ ေနရာမက်ဘဲ တပ္မ်ားကို ျပန္ဆုတ္ရေလ့ရွိ၏။ (မိန္းမႏွင့္ဖက္ၿပိဳင္တိုက္ရမည္ကို မလိုလားေသာေၾကာင့္ ျဖစ္ဟန္တူသည္။

တပင္ေ႐ႊထီးလက္ထက္ ယိုးဒယားသို႔ စစ္ခ်ီရာ ယိုးဒယားမင္းမိဖုရားေခါင္ ျဗသီရိဆူရီယိုထိုင္းက ဥပရာဇာသဖြယ္ ဝတ္ဆင္၍ စီးခ်င္းရင္ဆိုင္သည္။ ထိုအခါ ျပည္မင္းသတိုးဓမၼရာဇာက တိုက္ခိုက္သျဖင့္ ဆူရီယိုထိုင္းသည္ ဆင္ဦးတြင္ပင္ အနိစၥေရာက္သည္။

တပင္ေ႐ႊထီးက “ဣတၴိယႏွင့္စီးခ်င္းထိုးရာသေလာ” ဟုဆိုကာ ျပည္မင္းအား ႏႈတ္ပစ္တင္ခဲ့သည္ဟုဆိုသည္။ စစ္ေျမျပင္တြင္ ေယာက်ာ္းခ်င္းသာ ဘုန္းလက္ရံုးခ်င္း ရင္ဆိုင္လိုစိတ္ကို ျမင္သာႏိုင္သည္။)

မိနက္ႀကီးႏွင့္ရင္ဆိုင္တိုင္း တပ္မ်ား လန္သည့္အေၾကာင္းကို မင္းတုန္းမင္းႀကီး သိေတာ္မူလွ်င္ မနၲေလးဘက္၌လည္း ထိုမိနက္ႀကီးကဲ့သို႔ပင္ က်င္လည္ အစြမ္းေကာင္းေသာ မယ္ဘယက္ ဆိုသူကို ဗိုလ္တင္၍ တိုက္ေစသည္။

မယ္ဘယက္ ဦးေဆာင္ေသာ ရတနာပံုတပ္သားတို႔လည္း ထိုအခါမွပင္ မိနက္ႀကီး ဦးေဆာင္ေသာ သူပုန္တပ္တို႔ကို ရဲရဲရင့္ရင့္ ရင္ဆုိင္တိုက္ခိုက္ၾကရာ မိနက္ႀကီးအေရးနိမ့္၍ သူပုန္မ်ား ကယိမ္းကပါး ဆုတ္ခြာရေလ၏ ဟူသတည္း။

ဘႀကီးေတာ္လက္ထက္ မယ္ဘယက္ႏွင့္ မင္းတုန္းမင္း လက္ထက္ မယ္ဘယက္သည္ တစ္ဦးတည္းေလာ၊ သို႔တည္းမဟုတ္ သီးျခားစီေလာကိုမူ ေဝခြဲရခက္လွသည္။ (မိမိအျမင္အရမူ သီးျခားစီျဖစ္ႏိုင္သည္ဟု ယူဆပါသည္။

ဘႀကီးေတာ္လက္ထက္က အသက္ႏွစ္ဆယ္ခန္႔ (ခန္႔မွန္း) အမ်ိဳးသမီးဗိုလ္ မယ္ဘယက္သည္ အႏွစ္ေလးဆယ္အၾကာ မင္းတုန္းမင္းလက္ထက္တြင္ အသက္ ေျခာက္ဆယ္ခန္႔ ရွိေနမည္ ျဖစ္ရာ သက္ႀကီးပိုင္းေရာက္ေနၿပီ ျဖစ္သည္။

ျမင္းစီး လွံထိုးရာတြင္ သြက္လက္ေတာ့မည္ မဟုတ္ေခ်။)

မယ္ဘယက္ကိုရည္စူးထားသည့္ရုပ္တု
မယ္ဘယက္ကိုရည္စူးထားသည့္ရုပ္တု

လြတ္လပ္ေရး ရၿပီးေခတ္ ေနာက္ပိုင္းတြင္ မယ္ဘယက္ အေၾကာင္း ရိုက္ကူးေသာ ရုပ္ရွင္မ်ား ေပၚေပါက္ခဲ့သည္။ မင္းသမီး ေဒၚခင္ယုေမ၊ မင္းသမီး ေဒၚစံရွားတင္ တို႔ ပါဝင္သရုပ္ေဆာင္ခဲ့သည္ ဟုဆိုသည္။

ကုန္းေဘာင္ေခတ္ မယ္ဘယက္ကိုပင္ ၿဗိတိသွ်နယ္ခ်ဲ့အား ေတာ္လွန္သူအျဖစ္ သရုပ္ေဖာ္ခဲ့ေသာ ျပဇာတ္မ်ားလည္း ရွိခဲ့သည္။

ယေန႔အခါတြင္ ရတနာပုံတကၠသိုလ္သို႔ သြားရာ လမ္းမၾကီး အေနာက္ဘက္၌ မယ္ဘယက္ကို ရည္စူး၍ တည္ထားေသာ ေစတီကို ေလ႔လာဖူးေတြ႔ႏိုင္ပါသည္။

ေရွးယခင္ကမူ လွည္းလမ္းမနံေဘး ေက်ာက္ေတာ္ၾကီး ဘုရားသို႔ သြားရာလမ္း၌ မယ္ဘယက္ သစ္သားတံတားငယ္ ရွိခဲ့ဖူးသည္ ဆို၏။ (ကတၱရာလမ္းအျဖစ္ ျပဳျပင္သည့္အခါ အဆိုပါ တံတား၏ ငုတ္တိုင္ငယ္မ်ားကို ျမင္ဖူးၾကသူမ်ား ရွိသည္ဆို၏။ ေနာက္ပိုင္းတြင္မူ နယ္ေျမခံမ်ား၏ ထင္းအလို႔ ငွာလည္းေကာင္း၊ အျခားအသုံးျပဳစရာေၾကာင့္ ေသာ္လည္းေကာင္း၊ ေရွးေဟာင္း သမိုင္းဝင္ သစ္ငုတ္တို တံတားအစိတ္အပိုင္းမ်ားကို ယူေဆာင္သြားၾကရာမွ ေပ်ာက္ကြယ္သြားသည္ကုိ သိရွိရပါသည္။)

ကုန္းေဘာင္ေခတ္ အမ်ိဳးသမီး သူရဲေကာင္း တစ္ဦးျဖစ္သူ မယ္ဘယက္အား လက္လွမ္းမီရာ အကိုးအကားမ်ားျဖင့္ စုစည္းေရးသားထားပါသည္။

မယ္ဘယက္ဘုရား၊ မယ္ဘယက္ကို ရည္စူးထားသည့္ ရုပ္တုႏွင့္ ပန္းခ်ီၿမိတ္ဝင္းထိန္၏ မယ္ဘယက္ ပန္းခ်ီကားတို႔ကိုလည္း တစ္ပါတည္း ပူးတြဲေဖာ္ျပလိုက္ပါသည္။

မယ္ဘယက္ဘုရား
မယ္ဘယက္ဘုရား

က်မ္းကိုး- ၁။ ဦးဖိုးက်ား၏ ျမန္မာ့ဂုဏ္ရည္ရာဇဝင္ ဖတ္စာ
၂။ ကို James Thu Ra ၏ မယ္ဘယက္အေၾကာင္း ကြင္းဆင္းေလ့လာေရးသားထားသည့္ စာစု


ဓားရောင်လက်လက် မယ်ဘယက် (unicode)

မူရင်းရေးသားသူ – ပဥ္စမံကြောင်(မင်းထက်ကျော်စွာ)

မယ်ဘယက်သည် ကုန်းဘောင်ခေတ် နှောင်းပိုင်း ကာလတွင် ပေါ်ပေါက်ခဲ့သော အမျိုးသမီးစစ်ဗိုလ် တစ်ဦးဖြစ်သည်။ သူမသည် မြင်းစီးကျွမ်းကျင်မှုနှင့် ဓားရေးကျွမ်းကျင်မှုကြောင့် နာမည်ကြီးသူဖြစ်သည်။

မယ်ဘယက်သည် ဘကြီးတော် စစ်ကိုင်းမင်း လက်ထက်တွင် အမှုတော်ထမ်း ဗိုလ်တစ်ဦးဖြစ်ခဲ့ပြီး နန်းမတော်မယ်နု အထိန်းတော်၏ ချွေးမ ဖြစ်သူ မယ်ခလုပ် အား အမရပူရမြို့မြောက်ဘက်ကျုံးထိပ်တွင် မြင်းစီးချင်းထိုးကာ အနိုင်ယူခဲ့သူ ဖြစ်ကြောင်း အမရပူရ ရာဇဝင်တွင် ရေးသားထားသည်။

တောင်သမန်အင်း အရှေ့မြောက်ထောင့်တွင် တည်ရှိသော မယ်ဘယက်ကုန်း ဟူသည့်အရပ်သည် ထိုခေတ်က သူမအား အပိုင်စားပေးခဲ့သည့် နယ်မြေ ဖြစ်သည်။

ဘကြီးတော်စစ်ကိုင်းမင်းကို ညီတော် သာယာဝတီမင်းက နန်းချကာ အာဏာသိမ်းပြီးနောက် စစ်ကိုင်းမင်းအား အကျယ်ချုပ် ချထားရာနေရာနှင့် နန်းမတော်မယ်နုအား ရေချကွပ်မျက်သည့်နေရာသည် မယ်ဘယက်ကုန်း အနီးတွင် ဖြစ်ကြောင်းလည်း သိရှိရသည်။

ဘကြီးတော်မင်းလက်ထက် အေဒီ ၁၈၂၆ က တပ်ဗိုလ်တစ်ဦး ဖြစ်ခဲ့သူ မယ်ဘယက်၏ အမည်သည် အနှစ် လေးဆယ် တိတိအကြာ မင်းတုန်းမင်းလက်ထက် အေဒီ ၁၈၆၆ စစ်မှတ်တမ်းတွင်လည်း ပြန်လည်ပါဝင်လာသည်ကို အံ့ဩဖွယ် တွေ့ရှိရသည်။

ရတနာပုံမြို့တည် နန်းတည် ၊ မင်းတုန်းမင်းတရားကြီး လက်ထက် သက္ကရာဇ် ၁၂၂၈ ခု (အေဒီ ၁၈၆၆ ဩဂုတ်လ) တွင် သားတော်များ ဖြစ်သော မြင်ကွန်းနှင့် မြင်းခုံတိုင် မင်းသားနှစ်ပါး ထကြွပုန်ကန်သည့် အရေးအခင်း ပေါ်ပေါက်ခဲ့သည်။ (ထို အရေးအခင်းတွင် အိမ်ရှေ့စံ ကနောင်ကိုယ်တော်ကြီး နတ်ရွာစံခဲ့သဖြင့် ကနောင်ကိုယ်တော်ကြီး၏ သားတော် ပန်းတိ်မ်းမင်းသားက မင်းတုန်းမင်းအပေါ် နားလည်မှုလွဲကာ ပုန်ကန်ခြားနားခဲ့သည်။)

မြင်ကွန်း၊ မြင်းခုန်တိုင်တို့က ပုန်ကန်မှု မအောင်မြင်သည့် အခါ အောက်ပြည်သို့ဆင်းကာ နယ်စွန်နယ်ဖျားကို ထိပါးသည်။ ပန်းတိမ်းကိုယ်တော်လေးက ရွှေဘိုသို့တက်ကာ လူသူစုရုံးသည်။ ထိုကဲ့သို့ မင်းတုန်းမင်းကြီးအတွက် သားတော်များ၏ ပုန်ကန်မှုများကြောင့် အခက်ကြုံနေစဉ် အမရပူရ မြို့ဝန်ကတော်ဟောင်း ဖြစ်သော အသက် ၄၀ ခန့်ရှိ မုဆိုးမ မိနက်ကြီး ဆိုသူကပါ လက်နက်လူသူ စုရုံးသည်။

မိနက်ကြီးသည် မင်းတုန်းမင်းကို စိတ်နာရသည့် အကြောင်းရင်းမှာ အေဒီ ၁၈၅၃ ခုနှစ် ပုဂံမင်းလက်ထက် မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့ ပုန်ကန်သည့်အခါ မိနက်ကြီး၏ လင်ယောက်ျား အမရပူရမြို့ဝန်ကို မင်းတုန်းကနောင် ညီနောင်နှစ်ပါးက မတရားပြုဖူးသည်ကို အစွဲပြု၍ ဖြစ်သည်ဟုဆိုသည်။

မိနက်ကြီးသည် မြင်းစီး အလွန်ကျင်လည်၍ အစွမ်းကောင်း၏။ မြင်းပြေးစဉ်တွင် ရပ်၍စီးခြင်း ၊ ခုန်၍စီးခြင်း ၊ နောက်ပြန်စီးခြင်း ၊ ခြေတစ်ချောင်းထောက်၍ စီးခြင်း ၊ ခါးညွတ်၍ စီးခြင်း ၊ မြင်းပေါ်မှ ဆင်း၍ မြင်းနှင့်အတူပြေးကာ မီအောင် ပြန်တက်ခြင်း စသည်ဖြင့် အံ့ဩလောက်အောင် စီးနိုင်လေသည်။ (တုတ်ပြီး၊ ဓားပြီးစေသော ကာယသိဒ္ဓိလည်း ရှိသည်ဟူ၏။)

မိနက်ကြီးသည် တိုက်ပွဲဝင်သည့်အခါ တပ်တွင် ဗိုလ်ပြု၍ ဆံပင်ကို ဖားလျားချလျက် မြင်းစီး၍ ရှေ့ကထွက်၏။ မင်းတုန်းမင်းကြီး၏ ရတနာပုံတပ်သား တပ်ဗိုလ်များလည်း တစ်ဖက်က မိန်းမ ဖြစ်နေ၍ သနပြီးလျှင် ဖရိုဖရဲ နေရာမကျဘဲ တပ်များကို ပြန်ဆုတ်ရလေ့ရှိ၏။ (မိန်းမနှင့်ဖက်ပြိုင်တိုက်ရမည်ကို မလိုလားသောကြောင့် ဖြစ်ဟန်တူသည်။ တပင်ရွှေထီးလက်ထက် ယိုးဒယားသို့ စစ်ချီရာ ယိုးဒယားမင်းမိဖုရားခေါင် ဗြသီရိဆူရီယိုထိုင်းက ဥပရာဇာသဖွယ် ဝတ်ဆင်၍ စီးချင်းရင်ဆိုင်သည်။ ထိုအခါ ပြည်မင်းသတိုးဓမ္မရာဇာက တိုက်ခိုက်သဖြင့် ဆူရီယိုထိုင်းသည် ဆင်ဦးတွင်ပင် အနိစ္စရောက်သည်။ တပင်ရွှေထီးက “ဣတ္ထိယနှင့်စီးချင်းထိုးရာသလော” ဟုဆိုကာ ပြည်မင်းအား နှုတ်ပစ်တင်ခဲ့သည်ဟုဆိုသည်။ စစ်မြေပြင်တွင် ယောက်ျားချင်းသာ ဘုန်းလက်ရုံးချင်း ရင်ဆိုင်လိုစိတ်ကို မြင်သာနိုင်သည်။)

မိနက်ကြီးနှင့်ရင်ဆိုင်တိုင်း တပ်များ လန်သည့်အကြောင်းကို မင်းတုန်းမင်းကြီး သိတော်မူလျှင် မန္တလေးဘက်၌လည်း ထိုမိနက်ကြီးကဲ့သို့ပင် ကျင်လည် အစွမ်းကောင်းသော မယ်ဘယက် ဆိုသူကို ဗိုလ်တင်၍ တိုက်စေသည်။ မယ်ဘယက် ဦးဆောင်သော ရတနာပုံတပ်သားတို့လည်း ထိုအခါမှပင် မိနက်ကြီး ဦးဆောင်သော သူပုန်တပ်တို့ကို ရဲရဲရင့်ရင့် ရင်ဆိုင်တိုက်ခိုက်ကြရာ မိနက်ကြီးအရေးနိမ့်၍ သူပုန်များ ကယိမ်းကပါး ဆုတ်ခွာရလေ၏ ဟူသတည်း။

ဘကြီးတော်လက်ထက် မယ်ဘယက်နှင့် မင်းတုန်းမင်း လက်ထက် မယ်ဘယက်သည် တစ်ဦးတည်းလော၊ သို့တည်းမဟုတ် သီးခြားစီလောကိုမူ ဝေခွဲရခက်လှသည်။ (မိမိအမြင်အရမူ သီးခြားစီဖြစ်နိုင်သည်ဟု ယူဆပါသည်။ ဘကြီးတော်လက်ထက်က အသက်နှစ်ဆယ်ခန့် (ခန့်မှန်း) အမျိုးသမီးဗိုလ် မယ်ဘယက်သည် အနှစ်လေးဆယ်အကြာ မင်းတုန်းမင်းလက်ထက်တွင် အသက် ခြောက်ဆယ်ခန့် ရှိနေမည် ဖြစ်ရာ သက်ကြီးပိုင်းရောက်နေပြီ ဖြစ်သည်။ မြင်းစီး လှံထိုးရာတွင် သွက်လက်တော့မည် မဟုတ်ချေ။)

လွတ်လပ်ရေး ရပြီးခေတ် နောက်ပိုင်းတွင် မယ်ဘယက် အကြောင်း ရိုက်ကူးသော ရုပ်ရှင်များ ပေါ်ပေါက်ခဲ့သည်။ မင်းသမီး ဒေါ်ခင်ယုမေ၊ မင်းသမီး ဒေါ်စံရှားတင် တို့ ပါဝင်သရုပ်ဆောင်ခဲ့သည် ဟုဆိုသည်။ ကုန်းဘောင်ခေတ် မယ်ဘယက်ကိုပင် ဗြိတိသျှနယ်ချဲ့အား တော်လှန်သူအဖြစ် သရုပ်ဖော်ခဲ့သော ပြဇာတ်များလည်း ရှိခဲ့သည်။

ယနေ့အခါတွင် ရတနာပုံတက္ကသိုလ်သို့ သွားရာ လမ်းမကြီး အနောက်ဘက်၌ မယ်ဘယက်ကို ရည်စူး၍ တည်ထားသော စေတီကို လေ့လာဖူးတွေ့နိုင်ပါသည်။ ရှေးယခင်ကမူ လှည်းလမ်းမနံဘေး ကျောက်တော်ကြီး ဘုရားသို့ သွားရာလမ်း၌ မယ်ဘယက် သစ်သားတံတားငယ် ရှိခဲ့ဖူးသည် ဆို၏။ (ကတ္တရာလမ်းအဖြစ် ပြုပြင်သည့်အခါ အဆိုပါ တံတား၏ ငုတ်တိုင်ငယ်များကို မြင်ဖူးကြသူများ ရှိသည်ဆို၏။ နောက်ပိုင်းတွင်မူ နယ်မြေခံများ၏ ထင်းအလို့ ငှာလည်းကောင်း၊ အခြားအသုံးပြုစရာကြောင့် သော်လည်းကောင်း၊ ရှေးဟောင်း သမိုင်းဝင် သစ်ငုတ်တို တံတားအစိတ်အပိုင်းများကို ယူဆောင်သွားကြရာမှ ပျောက်ကွယ်သွားသည်ကို သိရှိရပါသည်။)

ကုန်းဘောင်ခေတ် အမျိုးသမီး သူရဲကောင်း တစ်ဦးဖြစ်သူ မယ်ဘယက်အား လက်လှမ်းမီရာ အကိုးအကားများဖြင့် စုစည်းရေးသားထားပါသည်။ မယ်ဘယက်ဘုရား၊ မယ်ဘယက်ကို ရည်စူးထားသည့် ရုပ်တုနှင့် ပန်းချီမြိတ်ဝင်းထိန်၏ မယ်ဘယက် ပန်းချီကားတို့ကိုလည်း တစ်ပါတည်း ပူးတွဲဖော်ပြလိုက်ပါသည်။

ကျမ်းကိုး- ၁။ ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည်ရာဇဝင် ဖတ်စာ
၂။ ကို James Thu Ra ၏ မယ်ဘယက်အကြောင်း ကွင်းဆင်းလေ့လာရေးသားထားသည့် စာစု

Leave a Reply