တကယ့္စစ္ပြဲအတြင္းက စစ္သား၀က္၀ံႀကီး Voytek

Posted on

မူရင္းေရးသားသူ – SwamHtet(天下第一)

၁၉၄၂ ခုႏွစ္၊ အီရန္ႏိုင္ငံ ဒုတိယကမာၻစစ္အတြင္း

၁၉၄၂ ခုႏွစ္ အီရန္ႏိုင္ငံ စစ္ေျမျပင္မွာ ပိုလန္စစ္သားေတြက ဝက္ဝံေပါက္စေလး တစ္ေကာင္ကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ပိုလန္ တပ္မဟာ အမွတ္ (၂) မွ အေျမႇာက္တပ္ခြဲ အမွတ္ (၂၂) မွာ တာဝန္က်တဲ့ စစ္သားေတြပါပဲ။

ခိုကိုးရာမဲ့ ျဖစ္ေနတဲ့ ဝက္ဝံေပါက္စေလးကို စစ္သားေတြက ေမြးထားဖို႕ဆုံးျဖတ္လိုက္ပါတယ္။ ထိုဝက္ဝံေလးကို ပိုလန္ဘာသာ စကားနဲ႔ Wojtek လို႔ အမည္ေပးလိုက္ပါတယ္။ အဂၤလိပ္လို Voytek (ဗိြဳင္တက္ခ္) လို႔ အသံထြက္ပါတယ္။ ေပ်ာ္ရႊင္ေသာ စစ္သားလို႔ အဓိပၸါယ္ ရပါတယ္။

စေတြ႕တဲ့ အခ်ိန္မွာ ဝက္ဝံေလးက ငယ္လြန္းတာေၾကာင့္ အစာေကြ်းလို႔ မရဘဲ စစ္သားေတြခမ်ာ ဒုကၡေရာက္ပါတယ္။ ေနာက္ဆုံးမွာ စစ္သားေတြက ႏို႔ဆီကို ေရနဲ႔ေဖ်ာ္ၿပီး ေဗာ့ဒ္ကာ အရက္ပုလင္း အလြတ္ထဲ ထည့္တိုက္ၾကပါတယ္။

ေနာက္ပိုင္း ဝက္ဝံေလး Voytek ၾကီးလာတဲ့အခါ အသီးအႏွံ၊ marmalade၊ ပ်ားရည္နဲ႕ သၾကားရည္ စတာေတြကို တိုက္ေကြ်းၾကပါတယ္။ ဘီယာကေတာ့ Voytek အႀကိဳက္ဆုံး အစားအေသာက္ပါပဲ။ ဝက္ဝံေလးက လိမၼာရင္ ဆုခ်တဲ့အေနနဲ႔ စစ္သားေတြက ဘီယာတိုက္ၾကပါတယ္။ ေဆးလိပ္ေသာက္ရတာကို ႏွစ္သက္ၿပီး ေဆးလိပ္ေတြကို ဝါးစားရတာ ႀကိဳက္ပါေသးတယ္။

အီရန္ကေန ပါလက္စ္စတိုင္းကို ခ်ီတက္တဲ့ ခရီးစဥ္ရွည္ႀကီးအတြင္းမွာ ဝက္ဝံ Voytek ဟာ အမွတ္ (၂၂) တပ္ခြဲအတြင္း မသိသူမရွိ နာမည္ႀကီးလာပါတယ္။ သူက ညဘက္ေတြမွာ လူေတြနဲ႔အတူ မီးပုံနားမွာ ဝိုင္းဖြဲ႕ေလ့ရွိပါတယ္။ အိပ္ရင္လည္း စစ္သားေတြနဲ႔ အတူတူ ရြက္ဖ်င္တဲထဲမွာ အိပ္ပါတယ္။ Voytek က စစ္သားေတြနဲ႔ နပန္းလုံးရတာ ေပ်ာ္ပါတယ္။ သူ႔ကို ဘယ္သူမွ မႏိုင္လို႔ပါ။

စစ္သားေတြကိုလည္း အေလးျပဳ ၿပီး ႏႈတ္ဆက္တတ္ပါေသးတယ္။ စစ္ယာဥ္တန္းနဲ႔ ခ်ီတက္ၾကတဲ့အခါလည္း Voytek က ဂ်စ္ကားေရွ႕ခန္းကေန အခန္႔သားနဲ႔ လိုက္ပါတယ္။ လမ္းသြားလမ္းလာေတြ ျပည္သူေတြက ဝက္ဝံႀကီး ကားစီးလာတာ မထင္မွတ္ဘဲ ေတြ႕လိုက္ရတဲ့အခါ လန္႔ဖ်တ္ကုန္ၾကတာလည္း မဆန္းပါဘူး။

Voytek စစ္သားျဖစ္ျပီ

ဒါေပမယ့္ ပိုလန္စစ္သားေတြ ေတြ႕ၾကဳံ ရတဲ့ ျပႆန ာကေတာ့ ၿဗိတိန္ စစ္႒ာနခ်ဴ ပ္က ခ်မွတ္ထားတဲ့ စည္းမ်ဥ္းအရ စစ္တပ္ဝင္းအတြင္း အိမ္ေမြးတိရစာၦန္ေတြ ေခၚခြင့္မရွိတာေၾကာင့္ပါ။ အဲ့ဒီေတာ့ ပိုလန္စစ္သားေတြက Voytek ကို တပ္သားရာထူးနဲ႕ တရားဝင္ စာရင္းသြင္းေပးလိုက္ပါတယ္။

Voytek က တရားဝင္ စစ္သားျဖစ္ခဲ့ၿပီး ကိုယ္ပိုင္နံပါတ္ပါ ရရွိခဲ့ပါတယ္။ ၿဗိတိန္စစ္႒ာနခ်ဴ ပ္က တရားဝင္ထုတ္ျပန္တဲ့ စစ္သားစာရင္းမွာ Voytek ရဲ႕နာမည္ ပါဝင္ခ့ဲပါတယ္။

ေရွ႕တန္းစစ္မ်က္ႏွာက စစ္သားႀကီး Voytek

အီတလီႏိုင္ငံ၊ မြန္တီ ကက္စီႏို (Monte Cassino) ၿမိဳ႕က တိုက္ပြဲကေတာ့ ပိုလန္စစ္တပ္အတြက္ အၾကီးက်ယ္ဆုံး၊ အၾကမ္းတမ္းဆုံးနဲ႔ အေသအေပ်ာက္ အမ်ားဆုံးလို႔ ေျပာစမွတ္တြင္တဲ့ တိုက္ပြဲပါပဲ။ စစ္ေျမျပင္ရဲ႕ အေနာက္ပိုင္း၊ ေရွ႕တန္းစစ္မ်က္ႏွာမွာ ပိုလန္စစ္သားေတြက နာဇီဂ်ာမန္ လက္ေအာက္ခံ အီတလီခံတပ္ကို တက္သိမ္းရပါတယ္။

ထိုတိုက္ပြဲအတြင္းမွာ Voytek က ေပါင္တစ္ရာေက်ာ္ေလးတဲ့ က်ည္ဆံေသတၱာေတြ၊ အေျမႇာက္ဆံၾကီးေတြကို ထမ္းၿပီး က်ည္မိုး တေျဖာက္ေျဖာက္ ရြာေနတဲ့ ေ႐ွ႕တန္းအထိ အေခါက္ေခါက္ အခါခါ ပို႔ေပးခဲ့ပါတယ္။ Voytek က သူထမ္းတဲ့ ေသတၱာေတြ၊ အေျမႇာက္ဆံေတြကို တစ္ခုမွ ျပဳတ္မက်ေအာင္ ထမ္းခဲ့ပါတယ္။

Voytek ရဲ့ လုပ္ေဆာင္ခ်က္ေတြက အရမ္းကို ေလးစားစရာ ေကာင္းခဲ့တာေၾကာင့္ မြန္တီ ကက္စီႏို တိုက္ပြဲ အၿပီးမွာ အမွတ္ (၂၂) တပ္ခြဲရဲ႕ အမွတ္တံဆိပ္ကို Voytek က Howitzer အေျမႇာက္ဆံကို သယ္ေနတဲ့ပုံအျဖစ္ တရားဝင္ ေျပာင္းလိုက္ပါေတာ့တယ္။ Voytek ကိုလည္း တပ္သားမွ တပ္ၾကပ္အျဖစ္ ရာထူးတိုးေပးခဲ့ပါတယ္။

ဒုတိယကမာၻစစ္ အၿပီး

ဒုတိယကမာၻစစ္ အျပီး မွာ Voytek အပါအဝင္ အခ်ဳိ႕ေသာ ပိုလန္တပ္သားေတြကို စေကာ့တလန္ႏိုင္ငံ အီဒင္ဘာဂ္ (Edinburgh) ၿမိဳ႕မွာ ေျပာင္းလဲ ေနရာခ်ထားေပးလိုက္ပါတယ္။ Voytek ကေတာ့ သူ႕ဘဝရဲ႕ က်န္ရွိတဲ့ အခ်ိန္ေတြကို အီဒင္ဘာဂ္ တိရစာၦန္ရုံမွာပဲ ကုန္ဆုံးေစခဲ့ရပါတယ္။

တိရစၧာန္ရုံထဲက Voytek က ပိုလန္ဘာသာစကားကို ၾကားတိုင္း မတ္တပ္ရပ္ျပီး သူ႕ရဲ႕ ရဲေဘာ္ေတြကို လိုက္ရွာ ပါတယ္။ စစ္အတြင္းက Voytek နဲ႕အတူတိုက္ပြဲ ဝင္ခဲ့တဲ့ ရဲေဘာ္ေတြကလည္း Voytek ဆီ မၾကာခဏလာလည္ပါတယ္။ လာလည္တဲ့အခါ Voytek ရဲ့ ေလွာင္အိမ္ထဲကို စီးကရက္ေတြ ပစ္ေပးၾကပါတယ္။

တခ်ိဳ႕ ရဲေဘာ္ေတြဆို ေလွာင္အိမ္ထဲအထိ ခုန္ဆင္းျပီး အရင္တုန္းက အတိုင္းပဲ Voytek နဲ႔ နပန္းလုံးပါတယ္။ အရင္တုန္းကလိုပဲ Voytek ကို ဘယ္သူမွ မႏိုင္ၾကပါဘူး။

သူရဲေကာင္း Voytek

ရြပ္ရြပ္ခြ်န္ခြ်န္တိုက္ပြဲဝင္ခဲ့တဲ့ Voytek ကို ဒုတိယ ကမာၻစစ္ ရဲ႕ သူရဲေကာင္းတစ္ေယာက္ အေနနဲ႔ အသိမွတ္ျပဳခဲ့ၾကပါတယ္။ သူရဲေကာင္း Voytek ရဲ႕ အေၾကာင္းကို ကမၺည္း ေမာ္ကြန္းတင္ျပီး သူ႔ရဲ႕ပုံတူ ရုပ္တုေတြကို အီဒင္ဘာဂ္၊ ပိုလန္ႏိုင္ငံ၊ လန္ဒန္စစ္သမိုင္းျပတိုက္၊
ကေနဒါစစ္သမိုင္းျပတိုက္ေတြမွာ ယေန႔အခ်ိန္ထိ ေတြ႕ျမင္ႏိုင္ပါေသးတယ္။

ကြယ္လြန္ခ်ိန္

ဝက္ဝံစစ္သားႀကီး Voytek ကေတာ့ ၁၉၆၃ ခုႏွစ္ (အသက္ ၂၁) မွာ ကြယ္လြန္ခဲ့ပါတယ္။ ေသဆံုးခ်ိန္မွာ သူ႔ကိုယ္အေလးခ်ိန္ဟာ ေပါင္ ၅၅၀ ခန္႔ရွိၿပီး အရပ္အျမင့္ကေတာ့ ၆ ေပ နီးပါး ရွိပါတယ္။

Wojtek-The Bear That Went to War အမည္နဲ႔ ဝက္ဝံစစ္သားႀကီးအေၾကာင္း ဇာတ္ကားရိုက္ထားတာ ရွိပါတယ္။


တကယ့်စစ်ပွဲအတွင်းက စစ်သားဝက်ဝံကြီး Voytek (unicode)

မူရင်းရေးသားသူ – SwamHtet(天下第一)

၁၉၄၂ ခုနှစ်၊ အီရန်နိုင်ငံ ဒုတိယကမ္ဘာစစ်အတွင်း

၁၉၄၂ ခုနှစ် အီရန်နိုင်ငံ စစ်မြေပြင်မှာ ပိုလန်စစ်သားတွေက ဝက်ဝံပေါက်စလေး တစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပိုလန် တပ်မဟာ အမှတ် (၂) မှ အမြှောက်တပ်ခွဲ အမှတ် (၂၂) မှာ တာဝန်ကျတဲ့ စစ်သားတွေပါပဲ။

ခိုကိုးရာမဲ့ ဖြစ်နေတဲ့ ဝက်ဝံပေါက်စလေးကို စစ်သားတွေက မွေးထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ထိုဝက်ဝံလေးကို ပိုလန်ဘာသာ စကားနဲ့ Wojtek လို့ အမည်ပေးလိုက်ပါတယ်။ အင်္ဂလိပ်လို Voytek (ဗွိုင်တက်ခ်) လို့ အသံထွက်ပါတယ်။ ပျော်ရွှင်သော စစ်သားလို့ အဓိပ္ပါယ် ရပါတယ်။

စတွေ့တဲ့ အချိန်မှာ ဝက်ဝံလေးက ငယ်လွန်းတာကြောင့် အစာကျွေးလို့ မရဘဲ စစ်သားတွေခမျာ ဒုက္ခရောက်ပါတယ်။ နောက်ဆုံးမှာ စစ်သားတွေက နို့ဆီကို ရေနဲ့ဖျော်ပြီး ဗော့ဒ်ကာ အရက်ပုလင်း အလွတ်ထဲ ထည့်တိုက်ကြပါတယ်။

နောက်ပိုင်း ဝက်ဝံလေး Voytek ကြီးလာတဲ့အခါ အသီးအနှံ၊ marmalade၊ ပျားရည်နဲ့ သကြားရည် စတာတွေကို တိုက်ကျွေးကြပါတယ်။ ဘီယာကတော့ Voytek အကြိုက်ဆုံး အစားအသောက်ပါပဲ။ ဝက်ဝံလေးက လိမ္မာရင် ဆုချတဲ့အနေနဲ့ စစ်သားတွေက ဘီယာတိုက်ကြပါတယ်။ ဆေးလိပ်သောက်ရတာကို နှစ်သက်ပြီး ဆေးလိပ်တွေကို ဝါးစားရတာ ကြိုက်ပါသေးတယ်။

အီရန်ကနေ ပါလက်စ်စတိုင်းကို ချီတက်တဲ့ ခရီးစဉ်ရှည်ကြီးအတွင်းမှာ ဝက်ဝံ Voytek ဟာ အမှတ် (၂၂) တပ်ခွဲအတွင်း မသိသူမရှိ နာမည်ကြီးလာပါတယ်။ သူက ညဘက်တွေမှာ လူတွေနဲ့အတူ မီးပုံနားမှာ ဝိုင်းဖွဲ့လေ့ရှိပါတယ်။ အိပ်ရင်လည်း စစ်သားတွေနဲ့ အတူတူ ရွက်ဖျင်တဲထဲမှာ အိပ်ပါတယ်။ Voytek က စစ်သားတွေနဲ့ နပန်းလုံးရတာ ပျော်ပါတယ်။ သူ့ကို ဘယ်သူမှ မနိုင်လို့ပါ။

စစ်သားတွေကိုလည်း အလေးပြု ပြီး နှုတ်ဆက်တတ်ပါသေးတယ်။ စစ်ယာဉ်တန်းနဲ့ ချီတက်ကြတဲ့အခါလည်း Voytek က ဂျစ်ကားရှေ့ခန်းကနေ အခန့်သားနဲ့ လိုက်ပါတယ်။ လမ်းသွားလမ်းလာတွေ ပြည်သူတွေက ဝက်ဝံကြီး ကားစီးလာတာ မထင်မှတ်ဘဲ တွေ့လိုက်ရတဲ့အခါ လန့်ဖျတ်ကုန်ကြတာလည်း မဆန်းပါဘူး။

Voytek စစ်သားဖြစ်ပြီ

ဒါပေမယ့် ပိုလန်စစ်သားတွေ တွေ့ကြုံ ရတဲ့ ပြဿန ာကတော့ ဗြိတိန် စစ်ဋ္ဌာနချူ ပ်က ချမှတ်ထားတဲ့ စည်းမျဉ်းအရ စစ်တပ်ဝင်းအတွင်း အိမ်မွေးတိရစ္ဆာန်တွေ ခေါ်ခွင့်မရှိတာကြောင့်ပါ။ အဲ့ဒီတော့ ပိုလန်စစ်သားတွေက Voytek ကို တပ်သားရာထူးနဲ့ တရားဝင် စာရင်းသွင်းပေးလိုက်ပါတယ်။

Voytek က တရားဝင် စစ်သားဖြစ်ခဲ့ပြီး ကိုယ်ပိုင်နံပါတ်ပါ ရရှိခဲ့ပါတယ်။ ဗြိတိန်စစ်ဋ္ဌာနချူ ပ်က တရားဝင်ထုတ်ပြန်တဲ့ စစ်သားစာရင်းမှာ Voytek ရဲ့နာမည် ပါဝင်ခဲ့ပါတယ်။

ရှေ့တန်းစစ်မျက်နှာက စစ်သားကြီး Voytek

အီတလီနိုင်ငံ၊ မွန်တီ ကက်စီနို (Monte Cassino) မြို့က တိုက်ပွဲကတော့ ပိုလန်စစ်တပ်အတွက် အကြီးကျယ်ဆုံး၊ အကြမ်းတမ်းဆုံးနဲ့ အသေအပျောက် အများဆုံးလို့ ပြောစမှတ်တွင်တဲ့ တိုက်ပွဲပါပဲ။ စစ်မြေပြင်ရဲ့ အနောက်ပိုင်း၊ ရှေ့တန်းစစ်မျက်နှာမှာ ပိုလန်စစ်သားတွေက နာဇီဂျာမန် လက်အောက်ခံ အီတလီခံတပ်ကို တက်သိမ်းရပါတယ်။

ထိုတိုက်ပွဲအတွင်းမှာ Voytek က ပေါင်တစ်ရာကျော်လေးတဲ့ ကျည်ဆံသေတ္တာတွေ၊ အမြှောက်ဆံကြီးတွေကို ထမ်းပြီး ကျည်မိုး တဖြောက်ဖြောက် ရွာနေတဲ့ ရှေ့တန်းအထိ အခေါက်ခေါက် အခါခါ ပို့ပေးခဲ့ပါတယ်။ Voytek က သူထမ်းတဲ့ သေတ္တာတွေ၊ အမြှောက်ဆံတွေကို တစ်ခုမှ ပြုတ်မကျအောင် ထမ်းခဲ့ပါတယ်။

Voytek ရဲ့ လုပ်ဆောင်ချက်တွေက အရမ်းကို လေးစားစရာ ကောင်းခဲ့တာကြောင့် မွန်တီ ကက်စီနို တိုက်ပွဲ အပြီးမှာ အမှတ် (၂၂) တပ်ခွဲရဲ့ အမှတ်တံဆိပ်ကို Voytek က Howitzer အမြှောက်ဆံကို သယ်နေတဲ့ပုံအဖြစ် တရားဝင် ပြောင်းလိုက်ပါတော့တယ်။ Voytek ကိုလည်း တပ်သားမှ တပ်ကြပ်အဖြစ် ရာထူးတိုးပေးခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ် အပြီး

ဒုတိယကမ္ဘာစစ် အပြီး မှာ Voytek အပါအဝင် အချို့သော ပိုလန်တပ်သားတွေကို စကော့တလန်နိုင်ငံ အီဒင်ဘာဂ် (Edinburgh) မြို့မှာ ပြောင်းလဲ နေရာချထားပေးလိုက်ပါတယ်။ Voytek ကတော့ သူ့ဘဝရဲ့ ကျန်ရှိတဲ့ အချိန်တွေကို အီဒင်ဘာဂ် တိရစ္ဆာန်ရုံမှာပဲ ကုန်ဆုံးစေခဲ့ရပါတယ်။

တိရစ္ဆာန်ရုံထဲက Voytek က ပိုလန်ဘာသာစကားကို ကြားတိုင်း မတ်တပ်ရပ်ပြီး သူ့ရဲ့ ရဲဘော်တွေကို လိုက်ရှာ ပါတယ်။ စစ်အတွင်းက Voytek နဲ့အတူတိုက်ပွဲ ဝင်ခဲ့တဲ့ ရဲဘော်တွေကလည်း Voytek ဆီ မကြာခဏလာလည်ပါတယ်။ လာလည်တဲ့အခါ Voytek ရဲ့ လှောင်အိမ်ထဲကို စီးကရက်တွေ ပစ်ပေးကြပါတယ်။

တချို့ ရဲဘော်တွေဆို လှောင်အိမ်ထဲအထိ ခုန်ဆင်းပြီး အရင်တုန်းက အတိုင်းပဲ Voytek နဲ့ နပန်းလုံးပါတယ်။ အရင်တုန်းကလိုပဲ Voytek ကို ဘယ်သူမှ မနိုင်ကြပါဘူး။

သူရဲကောင်း Voytek

ရွပ်ရွပ်ချွန်ချွန်တိုက်ပွဲဝင်ခဲ့တဲ့ Voytek ကို ဒုတိယ ကမ္ဘာစစ် ရဲ့ သူရဲကောင်းတစ်ယောက် အနေနဲ့ အသိမှတ်ပြုခဲ့ကြပါတယ်။ သူရဲကောင်း Voytek ရဲ့ အကြောင်းကို ကမ္ဗည်း မော်ကွန်းတင်ပြီး သူ့ရဲ့ပုံတူ ရုပ်တုတွေကို အီဒင်ဘာဂ်၊ ပိုလန်နိုင်ငံ၊ လန်ဒန်စစ်သမိုင်းပြတိုက်၊
ကနေဒါစစ်သမိုင်းပြတိုက်တွေမှာ ယနေ့အချိန်ထိ တွေ့မြင်နိုင်ပါသေးတယ်။

ကွယ်လွန်ချိန်

ဝက်ဝံစစ်သားကြီး Voytek ကတော့ ၁၉၆၃ ခုနှစ် (အသက် ၂၁) မှာ ကွယ်လွန်ခဲ့ပါတယ်။ သေဆုံးချိန်မှာ သူ့ကိုယ်အလေးချိန်ဟာ ပေါင် ၅၅၀ ခန့်ရှိပြီး အရပ်အမြင့်ကတော့ ၆ ပေ နီးပါး ရှိပါတယ်။

Wojtek-The Bear That Went to War အမည်နဲ့ ဝက်ဝံစစ်သားကြီးအကြောင်း ဇာတ်ကားရိုက်ထားတာ ရှိပါတယ်။

Leave a Reply