ကမၻာ့အ႐ွားပါးဆံုး ျမန္​မာ့​ေက်ာက္​မ်က္​ (သုိ႔) “ပိန္​းႏိုက္​”

Posted on

Post By Ko Kyel Sin(ဗဟုသုတၾကယ္စင္ဂ႐ု)

ျမန္​မာႏိုင္​ငံတြင္​သာ ထြက္​သည္​့ ကမၻာ့အ႐ွားပါးဆံုး ျမန္​မာ့​ေက်ာက္​မ်က္​မွာ ပိန္​းႏိုက္​ (Painite) ျဖစ္​ပါသည္​။ ပိန္​းႏိုက္​​ေက်ာက္​မ်ားကို ႐ွာ​ေဖြစု​ေဆာင္း စီးပြားျဖစ္​လာခဲ့​ေသာ မစၥတာလာဆင္​ (Bill Larson)၏ မွတ္​တမ္​းကို တင္​ျပပါမည္​။

၁၉၇၀ ျပည္​့ႏွစ္​က ကြၽန္​​ေတာ္​ ၿဗိတိသ်ွ သဘာဝသမိုင္​းျပတိုက္​သို႔ ပထမဦးဆံုးအႀကိမ္​ ဝင္​​ေရာက္​ခဲ့သည္​။ တာဝန္​က်အရာ႐ွိ ​ေဒါက္​တာ ပီတာ (Dr. Peter Embrey) က မစၥတာပိန္​း (A. C. D Pain) စု​ေဆာင္​းထား​ေသာ ျမန္​မာ့ပတၱျမား အပါအဝင္​ ၁ ဒသမ ၇ ဂရမ္​ ႏွင္​့ ၂ ဒသမ ၁ ဂရမ္​သာ႐ွိ​ေသာ အနီရင္​့​ေရာင္​႐ွိ ​ေက်ာက္​အ႐ိုင္​းႏွစ္​ခုကို ျပၿပီး ပိန္​းႏိုက္​​ေက်ာက္​ဟု ​ေခၚ​ေၾကာင္​း၊ ကမၻာတြင္​ ႏွစ္​ပြင္​့သာ ​ေတြ႔ရ​ေသး​ေၾကာင္​း ​ေျပာခဲ့ပါသည္​။ ၁၉၅၄ ခုႏွစ္​မွ စတင္​ ​ေတြ႔႐ွိခဲ့​ေသာ မစၥတာပိန္​း (မိုးကုတ္​အ​ေခၚ ဗိုလ္​ပိန္​း)ကို ဂုဏ္​ျပဳမွည္​့​ေခၚထားျခင္​း ျဖစ္​​ေၾကာင္​း ႐ွင္​းျပခဲ့ပါသည္​။

၁၉၉၃ ခုႏွစ္​တြင္​ ​ေဒါက္​တာဂူဗလင္​ (Dr. E. Giibelin)က ရတနာ​ေျမ မိုးကုတ္​သို႔ အတူသြားရန္​ ဖိတ္​ၾကားခဲ့ပါသည္​။ ထိုအခ်ိန္​တြင္​ တတိယ​ေက်ာက္​တစ္​ပြင္​့ကို အ​ေမရိကန္​ ​ေက်ာက္​မ်က္​အတတ္​ပညာဌာန G.I.A – Gemological Institute of America ကို ၁၉၇၉ ခုႏွစ္​တြင္​ မစၥတာစြဘိုဒါ (Ed. Swoboda)က လႉဒါန္​းၿပီးျဖစ္​၍ ကမၻာတြင္​ ပိန္​းႏိုက္​​ေက်ာက္​ သံုးပြင္​့ ႐ွိလာ​ေသာ ကာလ ျဖစ္​ပါသည္​။

၁၉၉၅ ခုႏွစ္​တြင္​ ကြၽန္​​ေတာ္​ မိုးကုတ္​သို႔ ဒုတိယအႀကိမ္​ သြားခဲ့ပါသည္​။ ကြၽန္​​ေတာ္​ လိုက္​႐ွာ​ေန​ေသာ ပိန္​းႏိုက္​​ေက်ာက္​ကို ဓာတ္​ပံု႐ိုက္​ကာ မိုးအမာႏႈန္​း ၈ ​ေလာက္​႐ွိသည္​ကို ရြာသားမ်ားအား ႐ွင္​းျပခဲ့သည္​။ မစၥတာပိန္​း စတင္​​ေတြ႔႐ွိ​ေသာ အံုးကိုင္​း​ေက်းရြာအနီး၌ အထူးသျဖင္​့ ႐ွာ​ေဖြ​ေစခဲ့သည္​။ ၁၀ ႏွစ္​အတြင္​း ကြၽန္​​ေတာ္​ မိုးကုတ္​သို႔ အ​ေခါက္​ ၂၀ ခန္​႔ သြား​ေသာ္​လည္​း ပိန္​းႏိုက္​​ေက်ာက္​ တစ္​ပြင္​့မ်ွ မရ႐ွိခဲ့ပါ။

၂၀၀၁ ခုႏွစ္​တြင္​ ​ပိန္​းႏိုက္​​ေက်ာက္​ဟု ဆို​ေသာ ၅၅ ဂရမ္​႐ွိ​ ေက်ာက္​အ႐ိုင္​း တစ္​ပြင္​့ ကြၽန္​​ေတာ္​့ထံ ​ေရာက္​လာသည္​။ ျပင္​ပအသြင္​အျပင္​ ၾကည္​့ရသည္​မွာ ပိန္​းႏိုက္​​ေက်ာက္​ႏွင္​့ တူသျဖင္​့ ဝယ္​ခဲ့သည္​။ ႏွစ္​ ၃၀ ခန္​႔ မိတ္​​ေဆြျဖစ္​​ေသာ ပညာ႐ွင္​ ​ေဒါက္​တာ႐ိုစမင္​ (Dr. G. Rossmen)ထံ ​ေပးပို႔ခဲ့ရာတြင္​ “ခင္​ဗ်ားရဲ႕ ​ေက်ာက္​ထဲမွာ ကယ္​လ္​ဆီယမ္​၊ ဇာလြန္​နီယမ္​ႏွင္​့ ဘိုဂြန္​ဓာတ္​​ေတြ ​ေတြ႔ရတယ္​”ဟု ပညာ႐ွင္​ဆန္​ဆန္​ ​ေျပာခဲ့သည္​။ ကြၽန္​​ေတာ္​၏ ​ေက်ာက္​သည္​ ကြၽန္​​ေတာ္​႐ွာ​ေန​ေသာ ပိန္​းႏိုက္​​ေက်ာက္​ပင္​ ျဖစ္​​ေန​ေလသည္​။

ႏွစ္​ ၃၀ ​ေက်ာ္​ ၾကာခဲ့ၿပီး ​ေငြမ်ားစြာ အကုန္​အက်ခံ ႐ွာ​ေဖြၿပီး​ေနာက္​ ကမၻာ့စတုတၳ​ေျမာက္​ ​ေက်ာက္​ကို ကြၽန္​​ေတာ္​ ရ႐ွိခဲ့ၿပီျဖစ္​သည္​။ ထိိုႏွစ္​၌ပင္​ မိတ္​​ေဆြႀကီး ​ေဒါက္​တာ႐ိုးစမင္​၊ အ​ေမရိကန္​ သဘာဝသမိုင္​းျပတိုက္​မွ ​ေဒါက္​တာဟာ႐ို (Dr. G. Harlow) တို႔ႏွင္​့အတူ မိုးကုတ္​ကိုသြားရန္​ စီစဥ္​ခဲ့ၾကသည္​။ သို႔​ေသာ္​ ကြၽန္​​ေတာ္​တို႔ကို သြားခြင္​့မျပဳခဲ့ပါ။

​ေဒါက္​တာ႐ိုစမင္​ကမူ ပညာ႐ွိပီပီ ​ေက်ာက္​အျဖဳန္​း တစ္​ထုပ္​​ေလာက္​ ရ​ေအာင္​ဝယ္​ခဲ့သည္​။ ၿပီး​ေနာက္​ အ​ေမရိကန္​သို႔ ျပန္​လာၿပီး စမ္​းၾကည္​့လိုက္​​ေတာ့မွ အထဲမွ ႏွစ္​ပြင္​့မွာ ပိန္​းႏိုက္​​ေက်ာက္​မ်ား ျဖစ္​​ေနသည္​ကို ​ေတြ႔ရသည္​။ ၎မွာ မူလ​ေက်ာက္​ကို စတင္​​ေတြ႔႐ွိခဲ့ရာ ​ေဒသမွ မိုင္​ရာခ်ီ ​ေဝးကြာသည္​့ ​ေဒသတြင္​ ပထမဦးစြာ ​ေတြ႔႐ွိခဲ့ျခင္​း ျဖစ္​သည္​။ ျမန္​မာတစ္​ဦးကို ထို​ေဒသသို႔ ထပ္​မံ​ေစလႊတ္​ၿပီး စု​ေဆာင္​း​ေစရာ ပိန္​းႏိုက္​​ေက်ာက္​ အပိုင္​းအစငယ္​မ်ားကို ထပ္​မံ​ေတြ႔႐ွိရျပန္​ပါသည္​။

၂၀၀၅ ခုႏွစ္​တြင္​ ပိန္​းႏိုက္​​ေက်ာက္​ ျဖစ္​ပြား​ေစခဲ့​ေသာ ဘူမိျဖစ္​စဥ္​ကို သု​ေတသီတို႔ သိ႐ွိလာသည္​။ ျမန္​မာလူငယ္​အခ်ိဳ႕၏ ကူညီမႈ​ေၾကာင္​့ မိုးကုတ္​ၿမိဳ႕ အ​ေနာက္​ဘက္​ ၁၀ မိုင္​ခန္​႔ကြာ​ေသာ ဝက္​လူး​ေဒသႏွင္​့ သူရိယ​ေတာင္​ ​ေဒသမ်ားမွာလည္း ထပ္​မံ​ေတြ႔႐ွိလာျပန္​ပါသည္​။ ကမၻာ့အ႐ွားပါးဆံုး ​ေက်ာက္​မ်က္​ကို အမ်ားဆံုး ပိုင္​ဆိုင္​သူမွာ ကြၽန္​​ေတာ္​ ျဖစ္​လာပါသည္​။ ရသမ်ွမ်ားကို စိတ္​ဝင္​စား​ေသာ လူမ်ားထံ (အထူးသျဖင္​့) စမစ္​ဆိုနီယမ္​ႏွင္​့ အ​ေမရိကန္​ျပတိုက္​သို႔ ​ေရာင္​းခ်ခဲ့ပါသည္​။

Bill Larson ​ေရးသား​ေသာ Painite Come to Pala ကို မွီျငမ္​း​ေဖာ္​ျပအပ္​ပါသည္​။
ဦးျမင္​့​ေဝ (ႀကိဳ႕ပင္​​ေကာက္​)


ကမ္ဘာ့အရှားပါးဆုံး မြန်​မာ့​ကျောက်​မျက်​ (သို့) “ပိန်​းနိုက်​” (unicode)

Post By Ko Kyel Sin

မြန်​မာနိုင်​ငံတွင်​သာ ထွက်​သည်​့ ကမ္ဘာ့အရှားပါးဆုံး မြန်​မာ့​ကျောက်​မျက်​မှာ ပိန်​းနိုက်​ (Painite) ဖြစ်​ပါသည်​။ ပိန်​းနိုက်​​ကျောက်​များကို ရှာ​ဖွေစု​ဆောင်း စီးပွားဖြစ်​လာခဲ့​သော မစ္စတာလာဆင်​ (Bill Larson)၏ မှတ်​တမ်​းကို တင်​ပြပါမည်​။

၁၉၇၀ ပြည်​့နှစ်​က ကျွန်​​တော်​ ဗြိတိသျှ သဘာဝသမိုင်​းပြတိုက်​သို့ ပထမဦးဆုံးအကြိမ်​ ဝင်​​ရောက်​ခဲ့သည်​။ တာဝန်​ကျအရာရှိ ​ဒေါက်​တာ ပီတာ (Dr. Peter Embrey) က မစ္စတာပိန်​း (A. C. D Pain) စု​ဆောင်​းထား​သော မြန်​မာ့ပတ္တမြား အပါအဝင်​ ၁ ဒသမ ၇ ဂရမ်​ နှင်​့ ၂ ဒသမ ၁ ဂရမ်​သာရှိ​သော အနီရင်​့​ရောင်​ရှိ ​ကျောက်​အရိုင်​းနှစ်​ခုကို ပြပြီး ပိန်​းနိုက်​​ကျောက်​ဟု ​ခေါ်​ကြောင်​း၊ ကမ္ဘာတွင်​ နှစ်​ပွင်​့သာ ​တွေ့ရ​သေး​ကြောင်​း ​ပြောခဲ့ပါသည်​။ ၁၉၅၄ ခုနှစ်​မှ စတင်​ ​တွေ့ရှိခဲ့​သော မစ္စတာပိန်​း (မိုးကုတ်​အ​ခေါ် ဗိုလ်​ပိန်​း)ကို ဂုဏ်​ပြုမှည်​့​ခေါ်ထားခြင်​း ဖြစ်​​ကြောင်​း ရှင်​းပြခဲ့ပါသည်​။

၁၉၉၃ ခုနှစ်​တွင်​ ​ဒေါက်​တာဂူဗလင်​ (Dr. E. Giibelin)က ရတနာ​မြေ မိုးကုတ်​သို့ အတူသွားရန်​ ဖိတ်​ကြားခဲ့ပါသည်​။ ထိုအချိန်​တွင်​ တတိယ​ကျောက်​တစ်​ပွင်​့ကို အ​မေရိကန်​ ​ကျောက်​မျက်​အတတ်​ပညာဌာန G.I.A – Gemological Institute of America ကို ၁၉၇၉ ခုနှစ်​တွင်​ မစ္စတာစွဘိုဒါ (Ed. Swoboda)က လှူဒါန်​းပြီးဖြစ်​၍ ကမ္ဘာတွင်​ ပိန်​းနိုက်​​ကျောက်​ သုံးပွင်​့ ရှိလာ​သော ကာလ ဖြစ်​ပါသည်​။

၁၉၉၅ ခုနှစ်​တွင်​ ကျွန်​​တော်​ မိုးကုတ်​သို့ ဒုတိယအကြိမ်​ သွားခဲ့ပါသည်​။ ကျွန်​​တော်​ လိုက်​ရှာ​နေ​သော ပိန်​းနိုက်​​ကျောက်​ကို ဓာတ်​ပုံရိုက်​ကာ မိုးအမာနှုန်​း ၈ ​လောက်​ရှိသည်​ကို ရွာသားများအား ရှင်​းပြခဲ့သည်​။ မစ္စတာပိန်​း စတင်​​တွေ့ရှိ​သော အုံးကိုင်​း​ကျေးရွာအနီး၌ အထူးသဖြင်​့ ရှာ​ဖွေ​စေခဲ့သည်​။ ၁၀ နှစ်​အတွင်​း ကျွန်​​တော်​ မိုးကုတ်​သို့ အ​ခေါက်​ ၂၀ ခန်​႔ သွား​သော်​လည်​း ပိန်​းနိုက်​​ကျောက်​ တစ်​ပွင်​့မျှ မရရှိခဲ့ပါ။

၂၀၀၁ ခုနှစ်​တွင်​ ​ပိန်​းနိုက်​​ကျောက်​ဟု ဆို​သော ၅၅ ဂရမ်​ရှိ​ ကျောက်​အရိုင်​း တစ်​ပွင်​့ ကျွန်​​တော်​့ထံ ​ရောက်​လာသည်​။ ပြင်​ပအသွင်​အပြင်​ ကြည်​့ရသည်​မှာ ပိန်​းနိုက်​​ကျောက်​နှင်​့ တူသဖြင်​့ ဝယ်​ခဲ့သည်​။ နှစ်​ ၃၀ ခန်​႔ မိတ်​​ဆွေဖြစ်​​သော ပညာရှင်​ ​ဒေါက်​တာရိုစမင်​ (Dr. G. Rossmen)ထံ ​ပေးပို့ခဲ့ရာတွင်​ “ခင်​ဗျားရဲ့ ​ကျောက်​ထဲမှာ ကယ်​လ်​ဆီယမ်​၊ ဇာလွန်​နီယမ်​နှင်​့ ဘိုဂွန်​ဓာတ်​​တွေ ​တွေ့ရတယ်​”ဟု ပညာရှင်​ဆန်​ဆန်​ ​ပြောခဲ့သည်​။ ကျွန်​​တော်​၏ ​ကျောက်​သည်​ ကျွန်​​တော်​ရှာ​နေ​သော ပိန်​းနိုက်​​ကျောက်​ပင်​ ဖြစ်​​နေ​လေသည်​။

နှစ်​ ၃၀ ​ကျော်​ ကြာခဲ့ပြီး ​ငွေများစွာ အကုန်​အကျခံ ရှာ​ဖွေပြီး​နောက်​ ကမ္ဘာ့စတုတ္ထ​မြောက်​ ​ကျောက်​ကို ကျွန်​​တော်​ ရရှိခဲ့ပြီဖြစ်​သည်​။ ထိုနှစ်​၌ပင်​ မိတ်​​ဆွေကြီး ​ဒေါက်​တာရိုးစမင်​၊ အ​မေရိကန်​ သဘာဝသမိုင်​းပြတိုက်​မှ ​ဒေါက်​တာဟာရို (Dr. G. Harlow) တို့နှင်​့အတူ မိုးကုတ်​ကိုသွားရန်​ စီစဉ်​ခဲ့ကြသည်​။ သို့​သော်​ ကျွန်​​တော်​တို့ကို သွားခွင်​့မပြုခဲ့ပါ။

​ဒေါက်​တာရိုစမင်​ကမူ ပညာရှိပီပီ ​ကျောက်​အဖြုန်​း တစ်​ထုပ်​​လောက်​ ရ​အောင်​ဝယ်​ခဲ့သည်​။ ပြီး​နောက်​ အ​မေရိကန်​သို့ ပြန်​လာပြီး စမ်​းကြည်​့လိုက်​​တော့မှ အထဲမှ နှစ်​ပွင်​့မှာ ပိန်​းနိုက်​​ကျောက်​များ ဖြစ်​​နေသည်​ကို ​တွေ့ရသည်​။ ၎င်းမှာ မူလ​ကျောက်​ကို စတင်​​တွေ့ရှိခဲ့ရာ ​ဒေသမှ မိုင်​ရာချီ ​ဝေးကွာသည်​့ ​ဒေသတွင်​ ပထမဦးစွာ ​တွေ့ရှိခဲ့ခြင်​း ဖြစ်​သည်​။ မြန်​မာတစ်​ဦးကို ထို​ဒေသသို့ ထပ်​မံ​စေလွှတ်​ပြီး စု​ဆောင်​း​စေရာ ပိန်​းနိုက်​​ကျောက်​ အပိုင်​းအစငယ်​များကို ထပ်​မံ​တွေ့ရှိရပြန်​ပါသည်​။

၂၀၀၅ ခုနှစ်​တွင်​ ပိန်​းနိုက်​​ကျောက်​ ဖြစ်​ပွား​စေခဲ့​သော ဘူမိဖြစ်​စဉ်​ကို သု​တေသီတို့ သိရှိလာသည်​။ မြန်​မာလူငယ်​အချို့၏ ကူညီမှု​ကြောင်​့ မိုးကုတ်​မြို့ အ​နောက်​ဘက်​ ၁၀ မိုင်​ခန်​႔ကွာ​သော ဝက်​လူး​ဒေသနှင်​့ သူရိယ​တောင်​ ​ဒေသများမှာလည်း ထပ်​မံ​တွေ့ရှိလာပြန်​ပါသည်​။ ကမ္ဘာ့အရှားပါးဆုံး ​ကျောက်​မျက်​ကို အများဆုံး ပိုင်​ဆိုင်​သူမှာ ကျွန်​​တော်​ ဖြစ်​လာပါသည်​။ ရသမျှများကို စိတ်​ဝင်​စား​သော လူများထံ (အထူးသဖြင်​့) စမစ်​ဆိုနီယမ်​နှင်​့ အ​မေရိကန်​ပြတိုက်​သို့ ​ရောင်​းချခဲ့ပါသည်​။

Bill Larson ​ရေးသား​သော Painite Come to Pala ကို မှီငြမ်​း​ဖော်​ပြအပ်​ပါသည်​။
ဦးမြင်​့​ဝေ (ကြို့ပင်​​ကောက်​)

Leave a Reply