ျမန္မာ့ပထမဆံုး ကာကြယ္ေရးဦးစီးခ်ဳပ္ (သို႔မဟုတ္) အေမ့ခံလူသားဗုိလ္မွဴးႀကီးေလးေပ

Posted on

မူရင္းေရးသားသူ –  စိုးသူေအာင္(mizzima journal)

ျမန္မာ့တပ္မေတာ္မွာ ပထမဆံုး တပ္မ​ေတာ္​ ကာကြယ္ေရးဦးစီးခ်ဳပ္ ျဖစ္​ခဲ့တဲ့ ဗိုလ္ခ်ဳပ္စမစ္ဒြန္း ကြယ္လြန္တာဟာ အခုဆို ၃၈ ႏွစ္ ရွိပါၿပီ။ သူသာ အခုခ်ိန္ထိ အသက္ရွိေနမယ္ဆိုရင္ အသက္ ၁၁၁ ႏွစ္ရွိမွာလည္း ျဖစ္ပါတယ္။

၁၉၀၆ ခုႏွစ္၊ ႏို၀င္ဘာ ၁၁ ရက္မွာ ဗိုလ္ခ်ဳပ္ စမစ္ဒြန္းကို ဧရာ၀တီတိုင္း ျမစ္၀ကၽြန္းေပၚေဒသမွာရွိတဲ႔ က်ံဳေပ်ာ္ၿမိဳ႕နယ္၊ အင္းရဲကၽြန္းရြာ ေမြးဖြားခဲ့တာ ျဖစ္တယ္လို႔ ေျမးျဖစ္သူက ဆိုပါတယ္။

ဒါေပမယ့္ အမွားနည္းနည္း ျဖစ္ခဲ႔တာေၾကာင့္ ကေလာၿမိဳ႕နယ္၊ ခရစ္ယာန္သခ်ဳိင္းမွာရိွတဲ့ သူ႕ရဲ႕အုတ္ဂူမွာေတာ့ ႏို၀င္ဘာ ၈ ရက္ေန႔လို႔ပဲ ေတြ႕ႏိုင္မွာပါ။

အခုဆိုရင္ ဗိုလ္ခ်ဳပ္ စမစ္ဒြန္းရဲ႕ အုတ္ဂူနာမည္ေတြ၊ မွတ္တမ္းေတြပ်က္ၿပီး ေဆးျပယ္ေနတာေၾကာင့္ သူ႔မိသားစု၀င္ေတြက လြန္ခဲ႔တဲ႔ရက္ပိုင္းက ျပဳျပင္ခဲ႔ရပါေသးတယ္။

အုတ္ဂူကေတာ့ ၂၀၁၇ ခု မတ္လ ၂၃ ရက္ေန႔က စျပင္တာျဖစ္ၿပီး ၂၉ ရက္ေန႔က ျပဳျပင္မႈ ၿပီးစီးခဲ႔ပါတယ္။ ျပဳျပင္ၿပီး ​ေနာက္​တစ္​ရက္​မွာ ေအာက္​​ေမ့သတိရပြဲ လုပ္​ခဲ့ပါ​ေသးတယ္​။

၁၉၄၆ ခုႏွစ္၊ လန္ဒန္ၿမိဳ႕ ဒုတိယ ကမၻာစစ္ ေအာင္ပြဲ အထိမ္းအမွတ္ စစ္ေရးျပ အခမ္းအနားမွာ ဖီးမာရွယ္ ဝီလွ်ံဆလင္းမ္နဲ႕ ဗိုလ္မႉးႀကီး စမစ္ဒြန္းတို႔ စကားလက္ဆုံက်​ေနၾကတယ္။

ျမန္မာနိုင္ငံကို ဂ်ပန္ေတြဆီကေန ျပန္လည္ သိမ္းပိုက္စဥ္က အိႏၵိယ-ၿဗိတိသွ် တပ္ဖြဲ႕ေတြရဲ႕ တပ္မႉးႀကီး ျဖစ္ခဲ့တဲဲ့ ဆလင္းမ္ဟာ သူ႕အနီးက သတင္းေထာက္ေတြဘက္ လွည့္ၿပီး “ဒါ အရပ္ေလးေပပဲ ရွိတဲ့ ဗိုလ္မႉးႀကီး ဒြန္းေလ” ဟု ဆိုကာ ေနာက္ေျပာင္ၿပီး မိတ္ဆက္ေပးလိုက္တယ္။ အဲဒီကစၿပီး စမစ္ဒြန္းကို ဗိုလ္မႉးႀကီး ေလးေပလို႔ လူေတြက ေခၚၾကေတာ့တယ္။

လူေကာင္ေသးေသးနဲ႔ အဲဒီ့ ကရင္ အမ်ိဳးသားႀကီးဟာ အိႏၵိယ စစ္တကၠသိုလ္ရဲ႕ ပထမဆုံး အပတ္စဥ္ သင္တန္းမွာ အေတာ္ဆုံး လုိ႔ အသိအမွတ္ျပဳ ခံရသူျဖစ္ခဲ့ၿပီး ပထမဆံုး ဂုဏ္ထူးေဆာင္ ဓါးဆုကို ရရွိခဲ့ပါတယ္။

အဲဒီ့​ေနာက္ပိုင္း ဒုတိယကမၻာစစ္အတြင္း ဂ်ပန္လက္ေအာက္က ဧရာဝတီျမစ္ဝကြၽန္းေပၚ ေဒသကို ေလထီးနဲ႕ ခုန္ဆင္းၿပီး ေဒသခံ ကရင္ေျပာက္က်ား တပ္ဖြဲ႔​ေတြကို ဦးေဆာင္ခဲ့တယ္။

ဗိုလ္မႉးႀကီး စမစ္ဒြန္းဟာ ျမန္မာ့ လြတ္လပ္ေရး ႀကိဳးပမ္းမႈ အေစာပိုင္း ကာလမွာ အဓိက အခန္းက ပါဝင္ခဲ့တယ္။ စမစ္ဒြန္းကို တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ အျဖစ္ ခန႔္အပ္ခဲ့ၿပီး ဗိုလ္ခ်ဳပ္ အဆင့္ ရာထူးတိုးျမႇင့္ ခန႔္ထားခဲ့တယ္။

အဲဒါဟာ လူမ်ိဳးေပါင္းစုံ ပါဝင္တဲ့ အနာဂတ္ ျပည္ေထာင္စု ျမန္မာနိုင္ငံမွာ တိုင္းရင္းသား လူမ်ိဳးစုေတြနဲ႕ ဗမာေတြ အၾကား ယုံၾကည္မႈ တည္ေဆာက္တဲ့ ေျခလွမ္းတစ္​ခု ျဖစ္ပါတယ္။

သူဟာ သမၼတစပ္ေရႊသိုက္ လက္ထက္ ၁၉၄၇-၄၈ ခုႏွစ္ ကာလမွာ လြတ္လပ္ေရးရၿပီးကာစ တပ္မေတာ္ကို ဦးေဆာင္ဖို႔ ကရင္ (ခရစ္ယာန္) တစ္ဦးျဖစ္တဲ႔ ဗုိလ္ခ်ဳပ္စမစ္ဒြန္းဟာ စစ္ဦးစီးခ်ဳပ္အျဖစ္ ေျပာင္းလဲ တာဝန္ယူခဲ႔ရပါတယ္။

ဒါဟာ လြတ္လပ္ေရးရၿပီးကာစ ျမန္မာႏိုင္ငံရဲ႕ တိုင္းရင္းသားစည္းလံုး ညီညႊတ္မႈကို ေဖာ္ေဆာင္ျပေနတဲ႔ ျဖစ္ရပ္တစ္ခုလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ ၁၉၄၉ ခုႏွစ္ ကရင္လူမ်ိဳးေတြ ကိုယ္ပိုင္လြတ္လပ္ေရးအတြက္ စတင္တိုက္ခိုက္မႈေတြ ျဖစ္လာတဲ႔အခါမွာေတာ့ ဗိုလ္ခ်ဳပ္စမစ္ဒြန္း တစ္​ျဖစ္လဲ ဗိုလ္မွဴးႀကီး ေလးေပဟာ တာ၀န္က အနားယူခဲ႔ရပါတယ္။

သူရာထူးကေန ၃ႏွစ္ခန္႔ တာ၀န္ထမ္းေဆာင္ၿပီးတဲ႔ေနာက္ ၁၉၄၉ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာေတာ့ ရာထူးလက္ခံရယူခဲ့သူဟာ ဗုိလ္ခ်ဳပ္ေနဝင္းပဲ ျဖစ္ပါတယ္။

အနားယူၿပီး ေနာက္ပိုင္းမွာေတာ့ သူဟာ ရွမ္းျပည္နယ္ က​ေလာၿမိဳ႕မွာ ဥယ်ာဥ္စိုက္ပ်ိဳးၿပီး စာေရး၊ စာဖတ္တဲ႔အလုပ္နဲ႔ ျငိမ္းၿငိမ္းခ်မ္းခ်မ္း ေနထိုင္ရင္း ၁၉၇၉ ခုႏွစ္ ဇန္န၀ါရီ ၃၀ ရက္မွာ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။

သူမေသခင္ တစ္ႏွစ္အလိုမွာ ေရးခဲ႔တဲ႔ ဗို္လ္မွဴးၾကီးေလးေပ၏ အမွတ္တရမ်ားလို႔ အဓိပၸါယ္ရတဲ့ “Memoirs of the Four-foot Colonel” ဆိုတဲ႔ သူ႔အတၳဳပၸတိၱစာအုပ္ကို ကြယ္လြန္ၿပီး တစ္ႏွစ္အၾကာမွာ Southeast Asia program, Cornell University က အဂၤလိပ္လို ႐ိုက္ႏွိပ္ထုတ္ေ၀ခဲ႔ပါတယ္။

အဲ႔ဒီေနာက္မွာေတာ့ ဦးတင္ဦး(က်ဴရွင္) က ျမန္မာဘာသာ ျပန္ခဲ့ပါေသးတယ္။ ဒါေပမယ့္ လူသိမ်ားတဲ႔ စာအုပ္တစ္ခုေတာ့ မျဖစ္ခဲ႔ပါဘူး။ သမိုင္းကို အေထာက္အကူျပဳႏိုင္တဲ့ အဲ႔ဒီစာအုပ္ကိုပဲ ေမလအတြင္းမွာ ျမန္မာဘာသာနဲ႔ ထပ္ၿပီး ထုတ္ေ၀ႏိုင္ဖ႔ို လုပ္ေနတယ္လို႔ သိရပါေသးတယ္။

ႏိုင္ငံရဲ႕ လြတ္လပ္ေရးကို ရယူေပးခဲ႔တဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ျမန္မာတစ္ျပည္လံုး ခ်စ္ခင္ေလးစားၾကပါတယ္။

ဒါေပမယ့္ ဗိုလ္ခ်ဳပ္နဲ႔အတူ တိုက္ပြဲ၀င္ခဲ႔ၿပီး ျမန္မာ့ ပထမဆံုး ကာကြယ္ေရးဦးစီးခ်ဳပ္တာ၀န္ကို ထမ္းေဆာင္ခဲ႔တဲ႔ သူ႔ကိုေတာ့ သိရွိတဲ႔သူ သိပ္မ်ားမ်ားစားစား မရွိၾကေတာ့ပါဘူး။ အဘိုးျဖစ္သူနဲ႔ ပတ္သက္ျပီး ေျမးျဖစ္သူ ဦးစစိုးမွန္က အခုလိုပဲ ေျပာပါတယ္​။

“သိတဲ႔သူ နည္းတာေပါ့ေနာ္ ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း​ေတာင္ ႏွစ္ေတာ္ေတာ္မ်ားမ်ား ေပ်ာက္သြားေသးတယ္ သိလား။ ကၽြန္ေတာ္တို႔အဘိုးက်​ေတာ့လည္း ကရင္လူမ်ိဳးလည္း ျဖစ္တယ္။ အေၾကာင္းအမ်ိဳးမ်ဳိးေၾကာင့္ေပါ့ေနာ္။ အေမ့ခံ ျဖစ္သြားတာေပါ့ ”

Via:
ျမန္မာ့ပထမဆံုး ကာကြယ္ေရးဦးစီးခ်ဳပ္ (သို႔မဟုတ္) အေမ့ခံလူသားတစ္ဦး – စိုးသူေအာင္(mizzima journal)
၆၄ ႏွစ္ေျမာက္ တပ္မေတာ္ေန႕ (ေတာ္လွန္ေရးေန႕) အထိမ္းအမွတ္ ဧရာဝတီ မဂၢဇင္း၊


မြန်မာ့ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် (သို့မဟုတ်) အမေ့ခံလူသားဗိုလ်မှူးကြီးလေးပေ (unicode)

မြန်မာ့တပ်မတော်မှာ ပထမဆုံး တပ်မ​တော်​ ကာကွယ်ရေးဦးစီးချုပ် ဖြစ်​ခဲ့တဲ့ ဗိုလ်ချုပ်စမစ်ဒွန်း ကွယ်လွန်တာဟာ အခုဆို ၃၈ နှစ် ရှိပါပြီ။ သူသာ အခုချိန်ထိ အသက်ရှိနေမယ်ဆိုရင် အသက် ၁၁၁ နှစ်ရှိမှာလည်း ဖြစ်ပါတယ်။

၁၉၀၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှာ ဗိုလ်ချုပ် စမစ်ဒွန်းကို ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းရွာ မွေးဖွားခဲ့တာ ဖြစ်တယ်လို့ မြေးဖြစ်သူက ဆိုပါတယ်။ ဒါပေမယ့် အမှားနည်းနည်း ဖြစ်ခဲ့တာကြောင့် ကလောမြို့နယ်၊ ခရစ်ယာန်သချိုင်းမှာရှိတဲ့ သူ့ရဲ့အုတ်ဂူမှာတော့ နိုဝင်ဘာ ၈ ရက်နေ့လို့ပဲ တွေ့နိုင်မှာပါ။

အခုဆိုရင် ဗိုလ်ချုပ် စမစ်ဒွန်းရဲ့ အုတ်ဂူနာမည်တွေ၊ မှတ်တမ်းတွေပျက်ပြီး ဆေးပြယ်နေတာကြောင့် သူ့မိသားစုဝင်တွေက လွန်ခဲ့တဲ့ရက်ပိုင်းက ပြုပြင်ခဲ့ရပါသေးတယ်။ အုတ်ဂူကတော့ ၂၀၁၇ ခု မတ်လ ၂၃ ရက်နေ့က စပြင်တာဖြစ်ပြီး ၂၉ ရက်နေ့က ပြုပြင်မှု ပြီးစီးခဲ့ပါတယ်။ ပြုပြင်ပြီး ​နောက်​တစ်​ရက်​မှာ အောက်​​မေ့သတိရပွဲ လုပ်​ခဲ့ပါ​သေးတယ်​။

၁၉၄၆ ခုနှစ်၊ လန်ဒန်မြို့ ဒုတိယ ကမ္ဘာစစ် အောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားမှာ ဖီးမာရှယ် ဝီလျှံဆလင်းမ်နဲ့ ဗိုလ်မှူးကြီး စမစ်ဒွန်းတို့ စကားလက်ဆုံကျ​နေကြတယ်။ မြန်မာနိုင်ငံကို ဂျပန်တွေဆီကနေ ပြန်လည် သိမ်းပိုက်စဉ်က အိန္ဒိယ-ဗြိတိသျှ တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ဖြစ်ခဲ့တဲ့ ဆလင်းမ်ဟာ သူ့အနီးက သတင်းထောက်တွေဘက် လှည့်ပြီး “ဒါ အရပ်လေးပေပဲ ရှိတဲ့ ဗိုလ်မှူးကြီး ဒွန်းလေ” ဟု ဆိုကာ နောက်ပြောင်ပြီး မိတ်ဆက်ပေးလိုက်တယ်။ အဲဒီကစပြီး စမစ်ဒွန်းကို ဗိုလ်မှူးကြီး လေးပေလို့ လူတွေက ခေါ်ကြတော့တယ်။

လူကောင်သေးသေးနဲ့ အဲဒီ့ ကရင် အမျိုးသားကြီးဟာ အိန္ဒိယ စစ်တက္ကသိုလ်ရဲ့ ပထမဆုံး အပတ်စဉ် သင်တန်းမှာ အတော်ဆုံး လို့ အသိအမှတ်ပြု ခံရသူဖြစ်ခဲ့ပြီး ပထမဆုံး ဂုဏ်ထူးဆောင် ဓါးဆုကို ရရှိခဲ့ပါတယ်။ အဲဒီ့​နောက်ပိုင်း ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်အောက်က ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသကို လေထီးနဲ့ ခုန်ဆင်းပြီး ဒေသခံ ကရင်ပြောက်ကျား တပ်ဖွဲ့​တွေကို ဦးဆောင်ခဲ့တယ်။

ဗိုလ်မှူးကြီး စမစ်ဒွန်းဟာ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်း ကာလမှာ အဓိက အခန်းက ပါဝင်ခဲ့တယ်။ စမစ်ဒွန်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ် အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့တယ်။ အဲဒါဟာ လူမျိုးပေါင်းစုံ ပါဝင်တဲ့ အနာဂတ် ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဗမာတွေ အကြား ယုံကြည်မှု တည်ဆောက်တဲ့ ခြေလှမ်းတစ်​ခု ဖြစ်ပါတယ်။

သူဟာ သမ္မတစပ်ရွှေသိုက် လက်ထက် ၁၉၄၇-၄၈ ခုနှစ် ကာလမှာ လွတ်လပ်ရေးရပြီးကာစ တပ်မတော်ကို ဦးဆောင်ဖို့ ကရင် (ခရစ်ယာန်) တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်စမစ်ဒွန်းဟာ စစ်ဦးစီးချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ရပါတယ်။ ဒါဟာ လွတ်လပ်ရေးရပြီးကာစ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစည်းလုံး ညီညွှတ်မှုကို ဖော်ဆောင်ပြနေတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၄၉ ခုနှစ် ကရင်လူမျိုးတွေ ကိုယ်ပိုင်လွတ်လပ်ရေးအတွက် စတင်တိုက်ခိုက်မှုတွေ ဖြစ်လာတဲ့အခါမှာတော့ ဗိုလ်ချုပ်စမစ်ဒွန်း တစ်​ဖြစ်လဲ ဗိုလ်မှူးကြီး လေးပေဟာ တာဝန်က အနားယူခဲ့ရပါတယ်။ သူရာထူးကနေ ၃နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ၁၉၄၉ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ရာထူးလက်ခံရယူခဲ့သူဟာ ဗိုလ်ချုပ်နေဝင်းပဲ ဖြစ်ပါတယ်။

အနားယူပြီး နောက်ပိုင်းမှာတော့ သူဟာ ရှမ်းပြည်နယ် က​လောမြို့မှာ ဥယျာဉ်စိုက်ပျိုးပြီး စာရေး၊ စာဖတ်တဲ့အလုပ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရင်း ၁၉၇၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

သူမသေခင် တစ်နှစ်အလိုမှာ ရေးခဲ့တဲ့ ဗ်ိုလ်မှူးကြီးလေးပေ၏ အမှတ်တရများလို့ အဓိပ္ပါယ်ရတဲ့ “Memoirs of the Four-foot Colonel” ဆိုတဲ့ သူ့အတ္ထုပ္ပတ္တိစာအုပ်ကို ကွယ်လွန်ပြီး တစ်နှစ်အကြာမှာ Southeast Asia program, Cornell University က အင်္ဂလိပ်လို ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဦးတင်ဦး(ကျူရှင်) က မြန်မာဘာသာ ပြန်ခဲ့ပါသေးတယ်။ ဒါပေမယ့် လူသိများတဲ့ စာအုပ်တစ်ခုတော့ မဖြစ်ခဲ့ပါဘူး။ သမိုင်းကို အထောက်အကူပြုနိုင်တဲ့ အဲ့ဒီစာအုပ်ကိုပဲ မေလအတွင်းမှာ မြန်မာဘာသာနဲ့ ထပ်ပြီး ထုတ်ဝေနိုင်ဖို့ လုပ်နေတယ်လို့ သိရပါသေးတယ်။

နိုင်ငံရဲ့ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာတစ်ပြည်လုံး ချစ်ခင်လေးစားကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်နဲ့အတူ တိုက်ပွဲဝင်ခဲ့ပြီး မြန်မာ့ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သူ့ကိုတော့ သိရှိတဲ့သူ သိပ်များများစားစား မရှိကြတော့ပါဘူး။ အဘိုးဖြစ်သူနဲ့ ပတ်သက်ပြီး မြေးဖြစ်သူ ဦးစစိုးမှန်က အခုလိုပဲ ပြောပါတယ်​။

“သိတဲ့သူ နည်းတာပေါ့နော် ။ ဗိုလ်ချုပ်အောင်ဆန်း​တောင် နှစ်တော်တော်များများ ပျောက်သွားသေးတယ် သိလား။ ကျွန်တော်တို့အဘိုးကျ​တော့လည်း ကရင်လူမျိုးလည်း ဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်။ အမေ့ခံ ဖြစ်သွားတာပေါ့ ”

Via:
မြန်မာ့ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် (သို့မဟုတ်) အမေ့ခံလူသားတစ်ဦး – စိုးသူအောင်
၆၄ နှစ်မြောက် တပ်မတော်နေ့ (တော်လှန်ရေးနေ့) အထိမ်းအမှတ် ဧရာဝတီ မဂ္ဂဇင်း၊

Leave a Reply