ကေလးမ်ားအတြက္ အေကာင္းဆံုး Website မ်ား

Posted on

ကေလးေတြကို ပညာေပးဖို႔ ကေလးေတြၾကည့္သင့္တဲ့ Website ေတြကို လူႀကီးေတြလည္း သိထားဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ ကေလးေတြ ပညာေရးနွင့္ အသိဉာဏ္ဖြံ႔ၿဖိဳးေစခ်င္ရင္ သူတို႔ေလးေတြကို ဒီ Website ေတြကို ရင္းႏွီးေစသင့္ပါတယ္။

1.Curious World (https://www.curiousworld.com/)

Curious World ဆိုတာ KG အဆင့္ေလာက္ကေလးေတြအတြက္ အထူးအစီအစဥ္ေတြ လုပ္ေပးထားတဲ့ Website ျဖစ္ပါတယ္။ ကေလးငယ္ေတြကို သခၤ်ာနဲ႔ စာဖတ္စြမ္းရည္ တိုးတက္ေအာင္ ပ်ိဳးေထာင္ႏိုင္ပါတယ္။ ကေလးေတြကို လူမႈေပါင္းသင္းဆက္ဆံေရး တိုးတက္ေအာင္လည္း လုပ္ေပးလိမ့္မယ္။ ကေလးေတြရဲ႕ အသက္အရြယ္ အပိုင္းအျခားအလိုက္ ေလ့လာႏိုင္တဲ့ အဆင့္ေတြ ခြဲျခားေပးထားတယ္။

2.PBS Kids (http://pbskids.org/)

ကေလးေတြကို အြန္လိုင္းနဲ႔ ရင္းႏွီးေအာင္ အေကာင္းဆံုး လုပ္ေဆာင္ေပးနိုင္တဲ့ Website ျဖစ္ပါတယ္။ Peg+Cat ဆိုတဲ့ အစီအစဥ္ေလးနဲ႔ မိတ္ေဆြ သူငယ္ခ်င္းေတြရႏိုင္တယ္။ ဂိမ္းေတြကိုလည္း အသက္အရြယ္ အလိုက္ ေရြးခ်ယ္ကစားခိုင္းလို႔ရတယ္။ ဖတ္စရာ မွတ္စရာေတြကိုလည္း စာၾကည့္တိုက္တစ္ခုအသြင္ အသံုးျပဳ ႏိုင္ေအာင္ ထည့္ေပးထားတယ္။

3.National Geography Kids (http://kids.nationalgeographic.com/)

ကုိယ့္ကေလးက ပင္ဂြင္းငွက္ေပါက္ေလးေတြကို ဘယ္လိုေခၚသလဲလို႔ ေမးလာခဲ့ရင္ အေျဖခက္ေနပါသလား။ ဒီ Website မွာ ကေလးေတြ ေစာင့္ၾကည့္ၿပီး သေဘာက်ေစႏိုင္မယ့္ ဗီဒီယို အစီအစဥ္ေတြအမ်ားႀကီး ရွိတယ္။ အဲဒီ ကေလးအစီအစဥ္ေတြကေန သိခ်င္တာေတြကို ေျဖေပးနိုင္ပါလိမ့္မယ္။ ဂိမ္းေတြ၊ တိရစၦာန္ေတြအေၾကာင္း၊ သဘာဝအေၾကာင္း၊ ကမၻာအေၾကာင္း ကေလးေတြကို အမ်ားႀကီး ေျပာခိုင္းလို႔ရတယ္။ မသိေသးတာ အေတာ္ မ်ားမ်ားကို အဲဒီအထဲေရာက္ရင္ ရွင္းျပႏိုင္လိမ့္မယ္။

4.ABCmouse.com (https://www.abcmouse.com/)

အသက္ ၂ နွစ္ကေန ၇ နွစ္အထိ ကေလးေတြ ေလ့လာဖို႔ အေကာင္းဆံုး Website တစ္ခုျဖစ္ပါတယ္။ စာအုပ္ေတြကို ေလ့လာခ်င္သလား၊ ဖတ္ျပေစခ်င္သလား၊ နားေထာင္ေစခ်င္သလား၊ သီခ်င္းေတြ နားေထာင္ဖို႔နဲ႔ ဂိမ္းေတြ ကစားဖို႔ ပညာရွင္ႀကီးေတြ ျပဳစုေပးထားတဲ့ အေကာင္းဆံုး Website တစ္ခုျဖစ္ပါတယ္။ ကေလး တစ္ေယာက္ သင္ယူေလ့လာမႈ ဘယ္ေလာက္အဆင့္ကို ေရာက္ေနၿပီလဲဆိုတာကို မိဘေတြက ျပန္ၿပီးေတာ့ စစ္ေဆးနိုင္တယ္။ တစ္လ အလကားသံုးၿပီးရင္ တစ္လကို ၇ ဒသမ ၉၅ ေဒၚလာေပးမွ ဆက္သံုးလို႔ရတယ္။

5.Funbrain (http://www.funbrain.com/)

မူႀကိဳအရြယ္ ကေလးေတြအတြက္ ေလ့လာဖို႔ အေကာင္းဆံုး Website ျဖစ္ပါတယ္။ Grade 8 အဆင့္အထိကို ေလ့လာစရာေတြ စီစဥ္ေပးထားတယ္။ သခၤ်ာ၊ စာဖတ္၊ စာေရးစတဲ့ အေရး အဖတ္ အတြက္ သံုးမ်ိဳးကို အေကာင္းဆံုး ေလ့က်င့္ေပးတဲ့ Website တစ္ခုျဖစ္တယ္။ Math Baseball နဲ႔ Grammer Gorillas ဆိုတဲ့ ဂိမ္း ေတြကေတာ့ ကေလးေတြ သေဘာက်မွာ က်ိန္းေသတယ္။

6.Babytv.com (https://www.babytv.com/)

၂၄ နာရီစလံုး တီဗီပ႐ိုဂရမ္ေတြကို လႊင့္တင္ေပးထားတယ္။ ပညာေရးအစီအစဥ္ေတြပါသလို ကေလးေတြကို ဂိမ္းေတြ ကစားခိုင္းထားတဲ့ အစီအစဥ္ေတြလည္းရွိတယ္။ သီခ်င္းေတြ နားေထာင္ခ်င္တဲ့ ကေလးေတြလည္း သေဘာက်လိမ့္မယ္။

7.Agnitus.com (http://www.agnitus.com/)

ကေလးေတြကို သူတို႔နဲ႔ မရင္းႏွီး အကၽြမ္းမဝင္ေသးတဲ့ ပစၥည္းေလးေတြအေၾကာင္း ရွင္းျပေပးတယ္။ ကေလးေတြဟာ ပစၥည္းတစ္ခုရဲ႕ အရြယ္အစား၊ အေရာင္၊ အေခၚအေဝၚ၊ အသံထြက္ေတြကို လက္ေလးနဲ႔ ထိလိုက္တာနဲ႔ ေဖာ္ျပေပးတယ္။ သင္ယူဖို႔ အေကာင္းဆံုး Website ျဖစ္ပါတယ္။

8.FarFaria (https://www.farfaria.com/)

ကေလးေတြကို ပံုျပင္ေျပာျပဖို႔ ပ်င္းေနတဲ့ မိဘေတြအတြက္ တက္ဘလက္ေလးတစ္လံုးေလာက္ရွိရင္ အလုပ္ ျဖစ္ပါတယ္။ အိပ္ယာဝင္ခ်ိန္မွာ ကေလးေတြအနား ခ်ထားေပးလိုက္႐ံုနဲ႔ သူတို႔ နားေထာင္ခ်င္တဲ့ ပံုျပင္ေလး ေတြ ေျပာျပပါလိမ့္မယ္။ အဂၤလိပ္လိုပဲျဖစ္ပါတယ္။

9.BrainPOP (https://www.brainpop.com/)

အ႐ုပ္ကေလးေတြကို အထူးျပဳလုပ္ထားတဲ့ animation ေတြက အိမ္မွာသာမက ေက်ာင္းေတြမွာပါ အသံုးဝင္ ထိေရာက္ေစနိုင္ပါတယ္။ သမိုင္းဆိုင္ရာ အခ်က္အလက္ေတြ၊ စေတာ့ေဈးကြက္အေၾကာင္း အေျခခံေတြကို ပံုေလးေတြ animation ေတြနဲ႔ စိတ္ဝင္စားဖြယ္ ရွင္းျပလိမ့္မယ္။

10. Spatulatta (http://www.spatulatta.com/)

မီးဖိုေခ်ာင္ထဲက ပစၥည္းေလးေတြရဲ႕ အေခၚအေဝၚ အသံုးအစြဲေတြကို ေဖာ္ျပထားပါတယ္။ ကေလးေတြကို မီးဖိုေခ်ာင္အေၾကာင္းအျပင္ ခ်က္ျပဳတ္ဖို႔ ျပင္ဆင္နည္းေတြကိုပါ စနစ္တက် သင္ၾကားေပးပါလိမ့္မယ္။ အိမ္တြင္းမႈ အေၾကာင္း သိေစခ်င္ရင္ ကေလးေတြကို အေျခခံကစၿပီး သင္ေပးနိုင္ပါတယ္။

Via : ေမာကၡပညာေရးမဂၢဇင္း


ကလေးများအတွက် အကောင်းဆုံး Website များ (unicode)

ကလေးတွေကို ပညာပေးဖို့ ကလေးတွေကြည့်သင့်တဲ့ Website တွေကို လူကြီးတွေလည်း သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကလေးတွေ ပညာရေးနှင့် အသိဉာဏ်ဖွံ့ဖြိုးစေချင်ရင် သူတို့လေးတွေကို ဒီ Website တွေကို ရင်းနှီးစေသင့်ပါတယ်။

1.Curious World (https://www.curiousworld.com/)

Curious World ဆိုတာ KG အဆင့်လောက်ကလေးတွေအတွက် အထူးအစီအစဉ်တွေ လုပ်ပေးထားတဲ့ Website ဖြစ်ပါတယ်။ ကလေးငယ်တွေကို သင်္ချာနဲ့ စာဖတ်စွမ်းရည် တိုးတက်အောင် ပျိုးထောင်နိုင်ပါတယ်။ ကလေးတွေကို လူမှုပေါင်းသင်းဆက်ဆံရေး တိုးတက်အောင်လည်း လုပ်ပေးလိမ့်မယ်။ ကလေးတွေရဲ့ အသက်အရွယ် အပိုင်းအခြားအလိုက် လေ့လာနိုင်တဲ့ အဆင့်တွေ ခွဲခြားပေးထားတယ်။

2.PBS Kids (http://pbskids.org/)

ကလေးတွေကို အွန်လိုင်းနဲ့ ရင်းနှီးအောင် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်တဲ့ Website ဖြစ်ပါတယ်။ Peg+Cat ဆိုတဲ့ အစီအစဉ်လေးနဲ့ မိတ်ဆွေ သူငယ်ချင်းတွေရနိုင်တယ်။ ဂိမ်းတွေကိုလည်း အသက်အရွယ် အလိုက် ရွေးချယ်ကစားခိုင်းလို့ရတယ်။ ဖတ်စရာ မှတ်စရာတွေကိုလည်း စာကြည့်တိုက်တစ်ခုအသွင် အသုံးပြု နိုင်အောင် ထည့်ပေးထားတယ်။

3.National Geography Kids (http://kids.nationalgeographic.com/)

ကိုယ့်ကလေးက ပင်ဂွင်းငှက်ပေါက်လေးတွေကို ဘယ်လိုခေါ်သလဲလို့ မေးလာခဲ့ရင် အဖြေခက်နေပါသလား။ ဒီ Website မှာ ကလေးတွေ စောင့်ကြည့်ပြီး သဘောကျစေနိုင်မယ့် ဗီဒီယို အစီအစဉ်တွေအများကြီး ရှိတယ်။ အဲဒီ ကလေးအစီအစဉ်တွေကနေ သိချင်တာတွေကို ဖြေပေးနိုင်ပါလိမ့်မယ်။ ဂိမ်းတွေ၊ တိရစ္ဆာန်တွေအကြောင်း၊ သဘာဝအကြောင်း၊ ကမ္ဘာအကြောင်း ကလေးတွေကို အများကြီး ပြောခိုင်းလို့ရတယ်။ မသိသေးတာ အတော် များများကို အဲဒီအထဲရောက်ရင် ရှင်းပြနိုင်လိမ့်မယ်။

4.ABCmouse.com (https://www.abcmouse.com/)

အသက် ၂ နှစ်ကနေ ၇ နှစ်အထိ ကလေးတွေ လေ့လာဖို့ အကောင်းဆုံး Website တစ်ခုဖြစ်ပါတယ်။ စာအုပ်တွေကို လေ့လာချင်သလား၊ ဖတ်ပြစေချင်သလား၊ နားထောင်စေချင်သလား၊ သီချင်းတွေ နားထောင်ဖို့နဲ့ ဂိမ်းတွေ ကစားဖို့ ပညာရှင်ကြီးတွေ ပြုစုပေးထားတဲ့ အကောင်းဆုံး Website တစ်ခုဖြစ်ပါတယ်။ ကလေး တစ်ယောက် သင်ယူလေ့လာမှု ဘယ်လောက်အဆင့်ကို ရောက်နေပြီလဲဆိုတာကို မိဘတွေက ပြန်ပြီးတော့ စစ်ဆေးနိုင်တယ်။ တစ်လ အလကားသုံးပြီးရင် တစ်လကို ၇ ဒသမ ၉၅ ဒေါ်လာပေးမှ ဆက်သုံးလို့ရတယ်။

5.Funbrain (http://www.funbrain.com/)

မူကြိုအရွယ် ကလေးတွေအတွက် လေ့လာဖို့ အကောင်းဆုံး Website ဖြစ်ပါတယ်။ Grade 8 အဆင့်အထိကို လေ့လာစရာတွေ စီစဉ်ပေးထားတယ်။ သင်္ချာ၊ စာဖတ်၊ စာရေးစတဲ့ အရေး အဖတ် အတွက် သုံးမျိုးကို အကောင်းဆုံး လေ့ကျင့်ပေးတဲ့ Website တစ်ခုဖြစ်တယ်။ Math Baseball နဲ့ Grammer Gorillas ဆိုတဲ့ ဂိမ်း တွေကတော့ ကလေးတွေ သဘောကျမှာ ကျိန်းသေတယ်။

6.Babytv.com (https://www.babytv.com/)

၂၄ နာရီစလုံး တီဗီပရိုဂရမ်တွေကို လွှင့်တင်ပေးထားတယ်။ ပညာရေးအစီအစဉ်တွေပါသလို ကလေးတွေကို ဂိမ်းတွေ ကစားခိုင်းထားတဲ့ အစီအစဉ်တွေလည်းရှိတယ်။ သီချင်းတွေ နားထောင်ချင်တဲ့ ကလေးတွေလည်း သဘောကျလိမ့်မယ်။

7.Agnitus.com (http://www.agnitus.com/)

ကလေးတွေကို သူတို့နဲ့ မရင်းနှီး အကျွမ်းမဝင်သေးတဲ့ ပစ္စည်းလေးတွေအကြောင်း ရှင်းပြပေးတယ်။ ကလေးတွေဟာ ပစ္စည်းတစ်ခုရဲ့ အရွယ်အစား၊ အရောင်၊ အခေါ်အဝေါ်၊ အသံထွက်တွေကို လက်လေးနဲ့ ထိလိုက်တာနဲ့ ဖော်ပြပေးတယ်။ သင်ယူဖို့ အကောင်းဆုံး Website ဖြစ်ပါတယ်။

8.FarFaria (https://www.farfaria.com/)

ကလေးတွေကို ပုံပြင်ပြောပြဖို့ ပျင်းနေတဲ့ မိဘတွေအတွက် တက်ဘလက်လေးတစ်လုံးလောက်ရှိရင် အလုပ် ဖြစ်ပါတယ်။ အိပ်ယာဝင်ချိန်မှာ ကလေးတွေအနား ချထားပေးလိုက်ရုံနဲ့ သူတို့ နားထောင်ချင်တဲ့ ပုံပြင်လေး တွေ ပြောပြပါလိမ့်မယ်။ အင်္ဂလိပ်လိုပဲဖြစ်ပါတယ်။

9.BrainPOP (https://www.brainpop.com/)

အရုပ်ကလေးတွေကို အထူးပြုလုပ်ထားတဲ့ animation တွေက အိမ်မှာသာမက ကျောင်းတွေမှာပါ အသုံးဝင် ထိရောက်စေနိုင်ပါတယ်။ သမိုင်းဆိုင်ရာ အချက်အလက်တွေ၊ စတော့ဈေးကွက်အကြောင်း အခြေခံတွေကို ပုံလေးတွေ animation တွေနဲ့ စိတ်ဝင်စားဖွယ် ရှင်းပြလိမ့်မယ်။

10. Spatulatta (http://www.spatulatta.com/)

မီးဖိုချောင်ထဲက ပစ္စည်းလေးတွေရဲ့ အခေါ်အဝေါ် အသုံးအစွဲတွေကို ဖော်ပြထားပါတယ်။ ကလေးတွေကို မီးဖိုချောင်အကြောင်းအပြင် ချက်ပြုတ်ဖို့ ပြင်ဆင်နည်းတွေကိုပါ စနစ်တကျ သင်ကြားပေးပါလိမ့်မယ်။ အိမ်တွင်းမှု အကြောင်း သိစေချင်ရင် ကလေးတွေကို အခြေခံကစပြီး သင်ပေးနိုင်ပါတယ်။

Via : မောက္ခပညာရေးမဂ္ဂဇင်း

Leave a Reply