ျမန္မာျပည္မွ ထူးျခားေသာ ျမစ္ (၇)စင္း

Posted on

(၁) ဧရာဝတီ ျမစ္

ဧရာဝတီ ျမစ္ဝွမ္းသည္ (၄၁၃, ၆၇၄) စတုရန္းကီလိုမီတာ က်ယ္ဝန္းၿပီး ျမန္မာႏိုင္ငံ စုစုေပါင္း အက်ယ္အဝန္း၏ (၆၁) ရာခိုင္ႏႈန္းကို လႊမ္းျခံဳထားပါသည္။ တိုင္းျပည္၏ အေရးအႀကီးဆံုး ကူးသန္းေရာင္းဝယ္ေရး ေရေၾကာင္းလမ္းျဖစ္သည့္ဧရာဝတီျမစ္သည္ ျမစ္ေၾကာင္းအလ်ားမုိင္ေပါင္း ၁၃၅၀ နီးပါး ရွည္လွ်ားပါသည္။

ျမန္မာ့ သမိုင္းတစ္ေလၽွာက္တြင္ ဧရာဝတီျမစ္သည္ အေရးပါသည့္ အခန္းမွ ပါဝင္ခဲ့သည္။ ပုဂံေခတ္မွစကာ ေနာက္ဆုံး ကုန္းေဘာင္ေခတ္တိုင္ ေခတ္အဆက္ဆက္တြင္ အေရးပါသည့္ စစ္ေရး၊ ႏိုင္ငံေရး၊ စီးပြားေရး တို႔တြင္ အသုံးခ်ခဲ့ၾကသည္။ မြန္-ျမန္မာစစ္ပြဲမ်ားဟု ထင္ရွားသည့္ အင္းဝ-ဟံသာဝတီ အႏွစ္ေလးဆယ္စစ္ ကာလမ်ားအတြင္းတြင္ ဧရာဝတီျမစ္သည္ အဓိက စစ္ခ်ီတက္ရာလမ္းေၾကာင္းႀကီးျဖစ္ခဲ့သည္။ ဧရာဝတီျမစ္ကမ္းေပၚရွိ ျပည္ၿမိဳ႕သည္လည္း ႏွစ္ဖက္စစ္ရင္ဆိုင္ရာ ေရွ႕တန္းစစ္မ်က္ႏွာျဖစ္ခဲ့သည္။ ဘုရင့္ေနာင္လက္ထက္တြင္လည္း အထက္ျမန္မာႏိုင္ငံတလႊား ဆန္တိုက္ခိုက္ရာတြင္ စစ္ခ်ီလမ္းေၾကာင္းအျဖစ္ ဧရာဝတီျမစ္ကို အဓိကအားျဖင့္ အသုံးျပဳခဲ့ျပန္သည္။

ထို႔အတူ ေညာင္ရမ္းေခတ္ဦးမင္းမ်ားျဖစ္ၾကသည့္ အေနာက္ဖက္လြန္မင္း ႏွင့္ သာလြန္မင္းတို႔လည္း ဧရာဝတီျမစ္ကို စုန္ဆန္သြားလာခဲ့ၾကသည္။ ကုန္းေဘာင္ေခတ္တစ္ေလၽွာက္လုံးတြင္လည္း ရန္သူအဂၤလိပ္တို႔ကို ခုခံရာတြင္ ျမစ္႐ိုးတစ္ေလ်ာက္ ခံတပ္မ်ား တည္ေဆာက္ခဲ့ၾကရာ မင္းလွခံတပ္ႏွင့္ အင္းဝခံတပ္တို႔မွာ နာမည္ေက်ာ္သည္။

ထူးျခားထင္ရွားသည့္ အခ်က္မွာ ဧရာ၀တီျမစ္ႀကီး တစ္ေလွ်ာက္တြင္ တေကာင္း၊ သေရေခတၱရာ၊ ပုဂံ၊ ျမင္စိုင္း၊ စစ္ကိုင္း၊ အင္း၀ စသည္႕ႃမန္မာ့သမိုင္း၊ ျမန္မာ့ယဥ္ေက်းမႈတို႕ ေပၚထြန္းခဲ့ၿပီး ျမန္မာ့ ယဥ္ေက်းမႈမ်ား ထြန္းကားလာခဲ့သည္ကို ေတြ႕ရသည့္အတြက္ ႃမန္မာ့သမိုင္း၊ ျမန္မာ့ယဥ္ေက်းမႈ ဆိုသည္မွာ ဧရာ၀တီသမိုင္း၊ ဧရာ၀တီယဥ္ေက်းမႈဟုေျပာလို႔ရပါသည္။

(၂) ခ်င္းတြင္း ျမစ္

ခ်င္းတြင္းျမစ္ သည္ ဧရာဝတီျမစ္၏ အႀကီးဆုံးေသာ ျမစ္လက္တက္ျဖစ္သည္။ သလႅာဝတီျမစ္ ဟုလည္း ျမန္မာ စာေပတြင္ ေရးသားသည္။ ခ်င္းတြင္းျမစ္သည္ ကခ်င္ျပည္နယ္ရွိ က်ယ္၀န္းသည့္ ဟူးေကာင္းခ်ဳိင့္၀ွမ္း လြင္ျပင္တြင္ ျမစ္ဖ်ားခံၿပီး တႏိုင္း၊ တျဗဲ၊ တ၀မ္၊ တရြန္ျမစ္မ်ား စုဆံု၍ ခ်င္းတြင္းျမစ္ ျဖစ္ေပၚ လာပါသည္။ခ်င္းတြင္းျမစ္ကို အိႏၵိယရွိ မဏိပူရျပည္နယ္တြင္ ႏိုင္းထိျမစ္ ဟုေခၚၾကသည္။ ေျမာက္မွေတာင္သို႔ စီးဆင္းသည့္ ခ်င္းတြင္းျမစ္သည္ မိုင္ေပါင္း ၇၅၀ ထိရွည္လ်ားကာ ျမန္မာႏိုင္ငံ၏ အဓိကျမစ္ႀကီးျဖစ္သည့္ ဧရာဝတီျမစ္အတြင္းသို႔ ျမင္းၿခံၿမိဳ႕အနီးတြင္ စီးဝင္သည္။

ျမန္မာႏိုင္ငံ၏ နာမည္ေက်ာ္ ေက်ာက္စိမ္းတြင္းမ်ားသည္လည္း ဥရုေခ်ာင္းဖ်ားတြင္ တည္ရွိေနၾကပါသည္။
ထူးျခားထင္ရွားသည့္ အခ်က္မွာခ်င္းတြင္းျမစ္ သည္လူအထိအေတြ႔နည္းေသးေသာ ထမံသီ ေဘးမဲ့ေတာႏွင့္ ဟူးေကာင္းခ်ဳိင့္၀ွမ္း က်ားေဘးမဲ့ေတာမ်ားကို ျဖတ္သန္းစီး ဆင္းေနျပီး ဤက်ားေဘးမဲ့ ေတာသည္ ကမၻာေပၚတြင္ အႀကီးဆံုး က်ားေဘးမဲ့ေတာလည္း ျဖစ္ပါသည္။
ထို႔အျပင္ အျခား သားရိုင္းတိရိစၧာန္မ်ား ျဖစ္ၾကသည့္ ရွားပါးေပ်ာက္ကြယ္ေတာ့မည္ျဖစ္ေသာ မ်ဳိးစိတ္မ်ား၊ က်ားမ်ား၊ ဆင္မ်ား၊ ျမန္မာ ႏိုင္ငံတြင္သာ ရွိသည့္ အခြံမာလိပ္မ်ဳိးမ်ား အတြက္ ခိုလႈံေနထိုင္ရာ ေဒသတခုလည္း ျဖစ္ပါသည္။

သမိုင္းမွတ္တမ္းမ်ားအရ ျမန္မာမင္းမ်ားသည္ ခ်င္းတြင္းျမစ္ကို အသုံျပဳမႈနည္းပါးခဲ့သည္။ သို႔ေသာ္ ေညာင္ရမ္းေခတ္၏ ေနာက္ဆုံးကာလမ်ားတြင္ မဏိပူရမွ ကသည္းမ်ား ျမန္မာႏိုင္ငံကို က်ဴးေက်ာ္ ဝင္ေရာက္လာရာတြင္ ခ်င္းတြင္းျမစ္ကို အသုံးခ်ခဲ့ၾကေၾကာင္း အေထာက္အထားမ်ားအရ သိရွိရပါသည္။ ကသည္းတို႔သည္ ဘာသာေရးယုံၾကည္ခ်က္ျဖစ္ ဧရာဝတီျမစ္ ထိက်ဴးေက်ာ္လာျခင္းျဖစ္သည္။ ထိုသို႔က်ဴးေက်ာ္ရာတြင္ အင္းဝတစ္ဖက္ကမ္း စစ္ကိုင္း အထိပင္ေရာက္ရွိခဲ့သည္ဟု ဆိုသည္။

ဒုတိယကမၻာစစ္အတြင္းတြင္လည္း ဂ်ပန္တပ္မ်ား အိႏၵိယသို႔ ခ်ီတက္ရာတြင္လည္းေကာင္း၊ မဟာမိတ္တပ္မ်ား ဂ်ပန္တို႔ကို ေနာက္မွလိုက္လံတိုက္ခိုက္၍ ျမန္မာႏိုင္ငံတြင္းသို႔ ျပန္ဝင္ေရာက္ရာတြင္လည္းေကာင္း ခ်င္းတြင္းျမစ္ကို အသုံျပဳခဲ့ၾကသည္။ မဟာမိတ္တပ္မ်ားျပန္လည္ ထိုးစစ္ဆင္ရန္အတြက္ ခ်င္းတြင္းျမစ္ေရႀကီးခ်ိန္ျဖစ္သည္ မိုးကာလကို မဟာမိတ္တပ္မႈးျဖစ္သည့္ ဗိုလ္ခ်ဳပ္စတီးဝဲလ္က ေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရွိရသည္။

(၃) သံလြင္ျမစ္

သံလြင္ျမစ္သည္ ျမန္မာႏိုင္ငံ၏အရွည္ဆုံးျမစ္ျဖစ္႐ုံမက ကမၻာေပၚ၌ ႐ႈခင္းအသာယာဆုံးႏွင့္ ေရစီးအၾကမ္းဆုံးျမစ္တစ္ျမစ္ျဖစ္သည္။ ပင္လယ္ေရမ်က္ႏွာျပင္ထပ္ မီတာ ၄,၀၀၀ ေက်ာ္ျမင့္သည့္ ဟိမဝႏၲာေတာင္ေပၚရွိ တိဘက္ေဒသ ကုန္းျမင့္မ်ားမွ စတင္ျမစ္ဖ်ားခံစီးဆင္းသည္။

ဤျမစ္သည္ တ႐ုတ္ႏိုင္ငံရွိ ယူနန္ျပည္နယ္၏ ေတာင္တန္းထူထပ္သည့္ေဒသ မ်ားကိုလည္းေကာင္း၊ ျမန္မာႏိုင္ငံရွိ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ ႏွင့္ မြန္ျပည္နယ္တို႔ကိုလည္းေကာင္း၊ ထိုင္းႏိုင္ငံ၏ တစ္စိတ္တစ္ေဒသ (ျမန္မာႏိုင္ငံ ႏွင့္ ထိုင္းႏိုင္ငံ၏ နယ္နိမိတ္အျဖစ္ ကီလိုမီတာေပါင္း ၁၂၀ ေက်ာ္ ဆက္လက္စီးဆင္း) ကိုလည္းေကာင္း ျဖတ္သန္း၍ ျမန္မာႏိုင္ငံ၊ မြန္ျပည္နယ္၏ၿမိဳ႕ေတာ္ ေမာ္လၿမိဳင္ၿမိဳ႕ အနီး မုတၱမပင္လယ္ေကြ႕၌ ဘဂၤလားပင္လယ္ေအာ္(အက္ဒမန္ပင္လယ္)အတြင္းသို႔ စီးဝင္သည္။

စုစုေပါင္း အရွည္သည္ ၁၇၄၉ မိုင္ (၂,၈၁၅ ကီလိုမီတာ)ရွိေသာ္လည္း ျမန္မာႏိုင္ငံအတြင္း၌မူမိုင္ ၆၅ဝ သာရွိသည္။ ႏိုင္ငံတကာကို ျဖတ္သန္းစီးဆင္းခဲ့သည့္ ျမစ္တစင္းျဖစ္ၿပီး အေရွ႕ေတာင္အာရွေဒသတြင္ မဲေခါင္ျမစ္ၿပီးလၽွင္ ဒုတိယအရွည္လ်ားဆုံး ျဖစ္သည္။ ထို႔အျပင္ အေရွ႕ေတာင္အာရွေဒသတြင္ ဆည္တာတမံပိတ္ဆို႔ျခင္းခံရျခင္း မရွိေသးဘဲ လြတ္လပ္စြာစီးဆင္းေနသည့္ အရွည္ဆုံး ျမစ္တစ္စင္းလည္း ျဖစ္သည္။

သံလြင္ျမစ္ဝွမ္းေဒသသည္ ေတာ႐ိုင္းတိရိစၧာန္မ်ားႏွင့္ ငါးမ်ိဳးမ်ားသာ ႂကြယ္ဝစုံလင္ျခင္း မဟုတ္ဘဲ၊ ထိုင္း-ျမန္မာနယ္စပ္ သံလြင္ျမစ္ ျဖတ္သန္းရာ ေဒသသည္ ကမၻာ၏ ကၽြန္းသစ္အႂကြယ္ဝဆုံး ေဒသအျဖစ္လည္း ေဂဟေဗဒပညာရွင္မ်ားက သတ္မွတ္ေျပာဆိုၾကပါသည္။ ဤေဒသရွိ ကၽြန္းေတာမ်ားမွာ ျမစ္စီးဆင္းရာ ေဒသတေလၽွာက္တြင္ ထူထဲစြာ ေပါက္ေရာက္ၾကၿပီး အေရွ႕ေတာင္အာရွ အျခားေဒသမ်ားရွိ ကၽြန္းေတာမ်ားႏွင့္ပင္ ျခားနာမႈ ရွိပါသည္။ အျခားေဒသမ်ားတြင္ ကၽြန္းေတာမ်ား ေပါက္ေရာက္ပုံမွာ က်ိဳးႀကဲႏိုင္လွသည္ဟု ဆိုပါသည္။ ျမစ္၏ အထက္ပိုင္းႏွင့္ ေအာက္ပိုင္းရွိ ဤကၽြန္းေတာမ်ားသည္ တည္ေဆာက္ရန္ လ်ာထားသည့္ တာဆန္းဆည္ေၾကာင့္ ပ်က္စီးဖြယ္ရွိေနၿပီး၊ ရွမ္းျပည္နယ္အတြင္း ေနာက္ဆုံးက်န္ရွိေတာ့သည့္ သစ္ေတာေနရာမ်ားလည္း ျဖစ္ပါသည္။

သံလြင္ျမစ္သည္ ကမၻာေပၚတြင္ လူမ်ဳိးကြဲမ်ား အမ်ား ဆံုး စုစည္းမွီတင္းေနထိုင္ေနသည့္ ျမစ္တစင္းလည္း ျဖစ္ပါသည္။
ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံ နယ္နိမိတ္ရွိ သံလြင္ျမစ္ဝွမ္းသည္ သမိုင္းအရ အေရးပါသည့္ ေဒသလည္း ျဖစ္သည္။ ေက်ာက္ျဖစ္႐ုပ္ႂကြင္း သမိုင္းပညာရွင္မ်ားက ဤေဒသတြင္ သမိုင္းမတင္မီ ႐ုပ္ႂကြင္းမ်ား ေတြ႕ရွိရၿပီး၊ အေရွ႕ေတာင္အာရွေဒသတြင္ လူစတင္ဖြံ႕ၿဖိဳးသည့္ မူလအေထာက္အထားလည္း ျဖစ္သည္ဟု ဆိုၾကသည္။ လူသိမ်ားသည့္ ဤသို႔ေက်ာက္ျဖစ္႐ုပ္ႂကြင္း အေထာက္အထား အမ်ားဆုံးေတြ႕ရွိရသည့္ေနရာကို ဝိဉာဥ္ဂူ (Spirit Cave) ဟု ေခၚၾကၿပီး ထိုင္းႏိုင္ငံ၊ မဲေဟာင္ေဆာင္ ေဒသ ေတာင္တန္းမ်ားေပၚတြင္ တည္ရွိသည္။

(၄) စစ္ေတာင္းျမစ္

စစ္ေတာင္းျမစ္သည္ ရွမ္းကုန္းေျမျမင့္အစြန္းမွ ျမစ္ဖ်ားခံစီးဆင္းလာၿပီး ေတာင္ဖက္သို႔ ၂၆၁ မိုင္ (၄၂၀ ကီလိုမီတာ) အရွည္ စီးဆင္းလာၿပီး ဘဂၤလားပင္လယ္အတြင္းသို႔ မုတၱမပင္လယ္ေကြ႔၌ စီးဆင္း ေပါင္းစပ္သြားပါသည္။
ထူးျခားထင္ရွားသည့္အခ်က္မွာစစ္ေတာင္းျမစ္တြင္ ၂၅ မိုင္ (၄၀ ကီလိုမီတာ) ခရီးကို တႏွစ္ပတ္လုံး ေရလမ္းခရီးသြားလာႏိုင္ၿပီး မိုင္ေပါင္း ၅၅ (၉၀ ကီလိုမီတာ) ခရီးကို တႏွစ္တြင္ ၃-လၾကာမၽွ ေရလမ္းခရီး သြားလာႏိုင္ပါသည္။ ေရစီးသန္၍ ႏုန္းေျမပို႔ခ်မႈနည္းပါးေသာေၾကာင့္ စစ္ေတာင္းျမစ္သည္ စိုက္ပ်ိဳးေရးကို ေကာင္းစြာအေထာက္အကူမေပးႏိုင္ေပ။ သို႔ေသာ္ ပဲခူး႐ိုးမမွ ထြက္ရွိေသာ သစ္လုံးမ်ားကို ေမၽွာခ်တင္ပို႔ရာတြင္ အသုံးခ်ၾကသည္

သြားလာဆက္သြယ္ေရး လြယ္ကူေစရန္ စစ္ေတာင္းျမစ္ႏွင့္ ပဲခူးျမစ္ကို ဆက္သြယ္ေဖာက္လုပ္ထားသည့္ တူးေျမာင္းရွိသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံအလယ္ပိုင္းႏွင့္ အေရွ႕ဖက္ကရင္ျပည္နယ္၊ မြန္ျပည္နယ္မ်ားႏွင့္ ဆက္သြယ္သြားလာေရးအတြက္ တည္ေဆာက္ထားသည့္ စစ္ေတာင္းတံတားလည္းရွိသည္။

(၅) မဲေခါင္ ျမစ္

မဲေခါင္ျမစ္သည္ အရွည္ ၄,၈၀၀ ကီလိုမီတာ ရွိျပီး ျမန္မာႏိုင္ငံ၏ ရွမ္းျပည္နယ္ႏွင့္ လာအိုႏိုင္ငံ အၾကားတြင္ မဲေခါင္ျမစ္သည္ နယ္နိမိတ္အျဖစ္ ကီလိုမီတာ ၂၃၄ အရွည္ ျဖတ္သန္း စီးဆင္းပါသည္။ မဲေခါင္ျမစ္ ျဖတ္သန္းစီးဆင္းရာ ျမန္မာႏိုင္ငံ၏ ေတာင္တန္းမ်ားေပၚ၌ ဌာေနတိုင္းရင္းသား ၂၂,၀၀၀ ခန္႔ မွီတင္းေနထိုင္ လွ်က္ ရွိ ျပီး အခါ၊ ရွမ္း၊ လားဟူ၊ လြယ္လ (ဆမ္ေတာင္)၊ တရုတ္ႏွင့္ အင္း တိုင္းရင္းသားမ်ား ေနထိုင္လွ်က္ ရွိသည္။ ျမန္မာ-ထိုင္း- လာအို ၃-ႏိုင္ငံ ေပါင္းဆံုရာ “ေရႊႀတိဂံ ေဒသ”ကို ျဖတ္သန္းပါသည္။


ထူးျခားထင္ရွားသည့္ အခ်က္မွာ ေရွးရိုးရာပံုျပင္မ်ားအရ ေရွးဦးလားဟူ လူမ်ဳိးမ်ားသည္ ဤျမစ္ဖ်ားခံရာ ေဒသမွ ဆင္းသက္လာၾကသည္ဟု ဆိုၾကၿပီး၊ ရိုးရာ သီခ်င္းမ်ား၊ ပံုျပင္မ်ားက ဤျမစ္ကို ကိုးကား၍ ေဖာ္ျပေျပာဆိုေလ့ ရွိ ၾကပါသည္။

(၆) ဂစၧပနဒီ(သုိ႔) ကုလားတန္ျမစ္

ကုလားတန္ျမစ္သည္ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕ ေသလာဂီရိေမာရပၸတၱေတာင္၏အေရွ႕ဘက္တြင္တည္ရွိပါသည္။ ဤျမစ္သည္ ေပ(၈၀၀၀)ခန္႔ျမင့္ေသာ ခ်င္းျပည္နယ္ လူရွည္ေတာင္တန္းႏွင့္ အိႏၵိယႏိုင္ငံ ခ်င္လတိတလန္ ေတာင္ကုန္းမ်ားမွ ျမစ္ဖ်ားခံ စီးဆင္းလာပါသည္။ ေဒသခံျပည္သူမ်ားက အရပ္အေခၚ ကုလားတန္ျမစ္ ဟုေခၚသည္။ စာေပမ်ားတြင္ ဂစၧပနဒီ(ေခၚ)ကုလားတန္ျမစ္ဟု ေတြ႕ရသည္။ ယခင္က ေဒသခံျပည္သူမ်ားသည္လမ္းပန္းဆက္သြယ္ေရးအျဖစ္ ကုလားတန္ျမစ္ကို ေရလမ္းခရီးအျဖစ္ အားျပဳၾကရသည္။

ကုလားတန္ျမစ္သည္ ရခိုင္ျပည္နယ္၏ အရွည္ဆုံးႏွင့္ အသုံးအဝင္ဆုံးျမစ္ေၾကာင္း တစ္သြယ္ျဖစ္ပါသည္။ ထူးျခားထင္ရွားသည့္အခ်က္မွာ ခ်င္းျပည္နယ္ ေျမာက္ပိုင္းမွ ထေရာဘာ(တီအိုရီဘာ)အမည္ျဖင့္ စီးဆင္းလာသည့္ျမစ္ျဖစ္ၿပီး အိႏၵိယႏိုင္ငံ ႏွင့္ ျမန္မာႏိုင္ငံတို႔၏ နယ္ျခားျမစ္လည္းျဖစ္ပါသည္။

ကုလားတန္ျမစ္သည္ ရခိုင္ျပည္နယ္၏ အ႐ွည္ဆံုးႏွင့္ အသံုးအဝင္ဆံုးျမစ္ေၾကာင္း တစ္သြယ္ ျဖစ္ပါသည္။

(၇)ေရႊလီ ျမစ္

ေရႊလီျမစ္သည္ တရုတ္နိုင္ငံ၊ ယူနန္ျပည္နယ္မွပင္ စတင္ျမစ္ဖ်ားခံ စီးဆင္းလာၿပီး ရွမ္းျပည္နယ္ ေျမာက္ပိုင္းကို ျဖတ္သန္းလာကာ တေကာင္းၿမိဳ႕ေျမာက္ဖက္ ကီလိုမီတာ၆၀ခန႔္ အကြာ ကသာၿမိဳ႕ ေတာင္ဖက္ရွိ အင္းရြာအနီးတြင္ ဧရာဝတီျမစ္ႏွင့္ ေပါင္းဆုံသည္။
ေ႐ႊလီျမစ္ကို ရွမ္းျပည္နယ္တြင္နမ့္ေမာင္း၊ တ႐ုတ္ႏိုင္ငံတြင္ ၏ ေ႐ြ႕လိက်န္း (Rui Li Jiang)ဟုေခၚၾကသည္။ ျမစ္၏အစပိုင္းေနရာအခ်ိဳ႕သည္ တ႐ုတ္-ျမန္မာနယ္နိမိတ္မ်ဥ္းအျဖစ္ စီးဆင္းသည္။

ထူးျခားထင္ရွားသည့္အခ်က္မွာ ေရႊလီျမစ္သည္ တိုင္အႏြယ္မ်ားဟုလည္းေခၚသည့္ ျမန္မာနိုင္ငံတြင္းရွိ ရွမ္းလူမ်ိဳးမ်ားႏွင့္ ႀကီးမားေသာ ဆက္ႏြယ္မွုရွိပါသည္။ ရွားပါးစာရင္းဝင္ ေရေနငွက္မ်ိဳးစိတ္မ်ားကို ေရႊလီျမစ္အတြင္း ေတြ႕ရွိရသည္႔အျပင္ ဧရာဝတီ လင္းပိုင္မ်ားကိုလည္း ရံဖန္ရံခါေတြ႕ရေလ့ရွိပါသည္။

ေ႐ႊလီျမစ္သည္ တိုင္အႏြယ္မ်ားဟုလည္းေခၚသည့္ ျမန္မာႏိုင္ငံတြင္းရွိ ရွမ္းလူမ်ိဳးမ်ား ႏွင့္ ႀကီးမားေသာ ဆက္ႏြယ္မႈရွိသည္။ ေမာဝ္ရွမ္းတို႔သည္ ပုဂံေခတ္ဦးတည္းကပင္ ေ႐ႊလီျမစ္မွတစ္ဆင့္ ျမန္မာႏိုင္ငံ အလယ္ပိုင္းရပ္ဝန္းေဒသမ်ားကို ထိုးေဖာက္ဝင္ေရာက္ရန္ ႀကိဳးပမ္းခဲ့ၾကၿပီး ပုဂံမွ အေနာ္ရထာမင္း၏ ဟန္႔တားမႈေၾကာင့္ မူလေနရာမ်ားသို႔ ျပန္လည္ေရာက္ရွိသြားခဲ့ၾကသည္။ ကုန္းေဘာင္ေခတ္ ဆင္ျဖဴရွင္မင္းလက္ထက္တြင္ျဖစ္ပြားခဲ့သည့္ တ႐ုတ္-ျမန္မာစစ္ပြဲမ်ားတြင္လည္း ေ႐ႊလီျမစ္သည္ ျမန္မာတို႔၏ နယ္ခ်ဲ႕တြန္းလွန္ေရးသမိုင္းတြင္ ပါဝင္ခဲ့ျပန္သည္။

မွတ္ခ်က္။ ။ မွတ္စုစာအုပ္ ႏွင့္ ျမန္မာ့စြယု္စုံက်မ္းမွ ထင္ရွားသည့္ အခ်က္အလက္မ်ားကို ေကာက္ႏုတ္ထားပါသည္။


မြန်မာပြည်မှ ထူးခြားသော မြစ် (၇)စင်း (unicode)

(၁) ဧရာဝတီ မြစ်
ဧရာဝတီ မြစ်ဝှမ်းသည် (၄၁၃, ၆၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး မြန်မာနိုင်ငံ စုစုပေါင်း အကျယ်အဝန်း၏ (၆၁) ရာခိုင်နှုန်းကို လွှမ်းခြုံထားပါသည်။ တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းဖြစ်သည့်ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျားမိုင်ပေါင်း ၁၃၅၀ နီးပါး ရှည်လျှားပါသည်။

မြန်မာ့ သမိုင်းတစ်လျှောက်တွင် ဧရာဝတီမြစ်သည် အရေးပါသည့် အခန်းမှ ပါဝင်ခဲ့သည်။ ပုဂံခေတ်မှစကာ နောက်ဆုံး ကုန်းဘောင်ခေတ်တိုင် ခေတ်အဆက်ဆက်တွင် အရေးပါသည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး တို့တွင် အသုံးချခဲ့ကြသည်။ မွန်-မြန်မာစစ်ပွဲများဟု ထင်ရှားသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကာလများအတွင်းတွင် ဧရာဝတီမြစ်သည် အဓိက စစ်ချီတက်ရာလမ်းကြောင်းကြီးဖြစ်ခဲ့သည်။ ဧရာဝတီမြစ်ကမ်းပေါ်ရှိ ပြည်မြို့သည်လည်း နှစ်ဖက်စစ်ရင်ဆိုင်ရာ ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့သည်။ ဘုရင့်နောင်လက်ထက်တွင်လည်း အထက်မြန်မာနိုင်ငံတလွှား ဆန်တိုက်ခိုက်ရာတွင် စစ်ချီလမ်းကြောင်းအဖြစ် ဧရာဝတီမြစ်ကို အဓိကအားဖြင့် အသုံးပြုခဲ့ပြန်သည်။

ထို့အတူ ညောင်ရမ်းခေတ်ဦးမင်းများဖြစ်ကြသည့် အနောက်ဖက်လွန်မင်း နှင့် သာလွန်မင်းတို့လည်း ဧရာဝတီမြစ်ကို စုန်ဆန်သွားလာခဲ့ကြသည်။ ကုန်းဘောင်ခေတ်တစ်လျှောက်လုံးတွင်လည်း ရန်သူအင်္ဂလိပ်တို့ကို ခုခံရာတွင် မြစ်ရိုးတစ်လျောက် ခံတပ်များ တည်ဆောက်ခဲ့ကြရာ မင်းလှခံတပ်နှင့် အင်းဝခံတပ်တို့မှာ နာမည်ကျော်သည်။

ထူးခြားထင်ရှားသည့် အချက်မှာ ဧရာဝတီမြစ်ကြီး တစ်လျှောက်တွင် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ အင်း၀ စသည့်မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုတို့ ပေါ်ထွန်းခဲ့ပြီး မြန်မာ့ ယဉ်ကျေးမှုများ ထွန်းကားလာခဲ့သည်ကို တွေ့ရသည့်အတွက် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု ဆိုသည်မှာ ဧရာဝတီသမိုင်း၊ ဧရာဝတီယဉ်ကျေးမှုဟုပြောလို့ရပါသည်။

(၂) ချင်းတွင်း မြစ်

ချင်းတွင်းမြစ် သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ သလ္လာဝတီမြစ် ဟုလည်း မြန်မာ စာပေတွင် ရေးသားသည်။ ချင်းတွင်းမြစ်သည် ကချင်ပြည်နယ်ရှိ ကျယ်ဝန်းသည့် ဟူးကောင်းချိုင့်ဝှမ်း လွင်ပြင်တွင် မြစ်ဖျားခံပြီး တနိုင်း၊ တဗြဲ၊ တဝမ်၊ တရွန်မြစ်များ စုဆုံ၍ ချင်းတွင်းမြစ် ဖြစ်ပေါ် လာပါသည်။ချင်းတွင်းမြစ်ကို အိန္ဒိယရှိ မဏိပူရပြည်နယ်တွင် နိုင်းထိမြစ် ဟုခေါ်ကြသည်။ မြောက်မှတောင်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ ထိရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်သည်။

မြန်မာနိုင်ငံ၏ နာမည်ကျော် ကျောက်စိမ်းတွင်းများသည်လည်း ဥရုချောင်းဖျားတွင် တည်ရှိနေကြပါသည်။
ထူးခြားထင်ရှားသည့် အချက်မှာချင်းတွင်းမြစ် သည်လူအထိအတွေ့နည်းသေးသော ထမံသီ ဘေးမဲ့တောနှင့် ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောများကို ဖြတ်သန်းစီး ဆင်းနေပြီး ဤကျားဘေးမဲ့ တောသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျားဘေးမဲ့တောလည်း ဖြစ်ပါသည်။
ထို့အပြင် အခြား သားရိုင်းတိရိစ္ဆာန်များ ဖြစ်ကြသည့် ရှားပါးပျောက်ကွယ်တော့မည်ဖြစ်သော မျိုးစိတ်များ၊ ကျားများ၊ ဆင်များ၊ မြန်မာ နိုင်ငံတွင်သာ ရှိသည့် အခွံမာလိပ်မျိုးများ အတွက် ခိုလှုံနေထိုင်ရာ ဒေသတခုလည်း ဖြစ်ပါသည်။

သမိုင်းမှတ်တမ်းများအရ မြန်မာမင်းများသည် ချင်းတွင်းမြစ်ကို အသုံပြုမှုနည်းပါးခဲ့သည်။ သို့သော် ညောင်ရမ်းခေတ်၏ နောက်ဆုံးကာလများတွင် မဏိပူရမှ ကသည်းများ မြန်မာနိုင်ငံကို ကျူးကျော် ဝင်ရောက်လာရာတွင် ချင်းတွင်းမြစ်ကို အသုံးချခဲ့ကြကြောင်း အထောက်အထားများအရ သိရှိရပါသည်။ ကသည်းတို့သည် ဘာသာရေးယုံကြည်ချက်ဖြစ် ဧရာဝတီမြစ် ထိကျူးကျော်လာခြင်းဖြစ်သည်။ ထိုသို့ကျူးကျော်ရာတွင် အင်းဝတစ်ဖက်ကမ်း စစ်ကိုင်း အထိပင်ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင်လည်း ဂျပန်တပ်များ အိန္ဒိယသို့ ချီတက်ရာတွင်လည်းကောင်း၊ မဟာမိတ်တပ်များ ဂျပန်တို့ကို နောက်မှလိုက်လံတိုက်ခိုက်၍ မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်ရောက်ရာတွင်လည်းကောင်း ချင်းတွင်းမြစ်ကို အသုံပြုခဲ့ကြသည်။ မဟာမိတ်တပ်များပြန်လည် ထိုးစစ်ဆင်ရန်အတွက် ချင်းတွင်းမြစ်ရေကြီးချိန်ဖြစ်သည် မိုးကာလကို မဟာမိတ်တပ်မှုးဖြစ်သည့် ဗိုလ်ချုပ်စတီးဝဲလ်က ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။

(၃) သံလွင်မြစ်

သံလွင်မြစ်သည် မြန်မာနိုင်ငံ၏အရှည်ဆုံးမြစ်ဖြစ်ရုံမက ကမ္ဘာပေါ်၌ ရှုခင်းအသာယာဆုံးနှင့် ရေစီးအကြမ်းဆုံးမြစ်တစ်မြစ်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထပ် မီတာ ၄,၀၀၀ ကျော်မြင့်သည့် ဟိမဝန္တာတောင်ပေါ်ရှိ တိဘက်ဒေသ ကုန်းမြင့်များမှ စတင်မြစ်ဖျားခံစီးဆင်းသည်။ ဤမြစ်သည် တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ်၏ တောင်တန်းထူထပ်သည့်ဒေသ များကိုလည်းကောင်း၊ မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၏ တစ်စိတ်တစ်ဒေသ (မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ၏ နယ်နိမိတ်အဖြစ် ကီလိုမီတာပေါင်း ၁၂၀ ကျော် ဆက်လက်စီးဆင်း) ကိုလည်းကောင်း ဖြတ်သန်း၍ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့ အနီး မုတ္တမပင်လယ်ကွေ့၌ ဘင်္ဂလားပင်လယ်အော်(အက်ဒမန်ပင်လယ်)အတွင်းသို့ စီးဝင်သည်။

စုစုပေါင်း အရှည်သည် ၁၇၄၉ မိုင် (၂,၈၁၅ ကီလိုမီတာ)ရှိသော်လည်း မြန်မာနိုင်ငံအတွင်း၌မူမိုင် ၆၅ဝ သာရှိသည်။ နိုင်ငံတကာကို ဖြတ်သန်းစီးဆင်းခဲ့သည့် မြစ်တစင်းဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် မဲခေါင်မြစ်ပြီးလျှင် ဒုတိယအရှည်လျားဆုံး ဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှဒေသတွင် ဆည်တာတမံပိတ်ဆို့ခြင်းခံရခြင်း မရှိသေးဘဲ လွတ်လပ်စွာစီးဆင်းနေသည့် အရှည်ဆုံး မြစ်တစ်စင်းလည်း ဖြစ်သည်။

သံလွင်မြစ်ဝှမ်းဒေသသည် တောရိုင်းတိရိစ္ဆာန်များနှင့် ငါးမျိုးများသာ ကြွယ်ဝစုံလင်ခြင်း မဟုတ်ဘဲ၊ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ် ဖြတ်သန်းရာ ဒေသသည် ကမ္ဘာ၏ ကျွန်းသစ်အကြွယ်ဝဆုံး ဒေသအဖြစ်လည်း ဂေဟဗေဒပညာရှင်များက သတ်မှတ်ပြောဆိုကြပါသည်။ ဤဒေသရှိ ကျွန်းတောများမှာ မြစ်စီးဆင်းရာ ဒေသတလျှောက်တွင် ထူထဲစွာ ပေါက်ရောက်ကြပြီး အရှေ့တောင်အာရှ အခြားဒေသများရှိ ကျွန်းတောများနှင့်ပင် ခြားနာမှု ရှိပါသည်။ အခြားဒေသများတွင် ကျွန်းတောများ ပေါက်ရောက်ပုံမှာ ကျိုးကြဲနိုင်လှသည်ဟု ဆိုပါသည်။ မြစ်၏ အထက်ပိုင်းနှင့် အောက်ပိုင်းရှိ ဤကျွန်းတောများသည် တည်ဆောက်ရန် လျာထားသည့် တာဆန်းဆည်ကြောင့် ပျက်စီးဖွယ်ရှိနေပြီး၊ ရှမ်းပြည်နယ်အတွင်း နောက်ဆုံးကျန်ရှိတော့သည့် သစ်တောနေရာများလည်း ဖြစ်ပါသည်။

သံလွင်မြစ်သည် ကမ္ဘာပေါ်တွင် လူမျိုးကွဲများ အများ ဆုံး စုစည်းမှီတင်းနေထိုင်နေသည့် မြစ်တစင်းလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်နိမိတ်ရှိ သံလွင်မြစ်ဝှမ်းသည် သမိုင်းအရ အရေးပါသည့် ဒေသလည်း ဖြစ်သည်။ ကျောက်ဖြစ်ရုပ်ကြွင်း သမိုင်းပညာရှင်များက ဤဒေသတွင် သမိုင်းမတင်မီ ရုပ်ကြွင်းများ တွေ့ရှိရပြီး၊ အရှေ့တောင်အာရှဒေသတွင် လူစတင်ဖွံ့ဖြိုးသည့် မူလအထောက်အထားလည်း ဖြစ်သည်ဟု ဆိုကြသည်။ လူသိများသည့် ဤသို့ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထား အများဆုံးတွေ့ရှိရသည့်နေရာကို ဝိဉာဉ်ဂူ (Spirit Cave) ဟု ခေါ်ကြပြီး ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် ဒေသ တောင်တန်းများပေါ်တွင် တည်ရှိသည်။

(၄) စစ်တောင်းမြစ်
စစ်တောင်းမြစ်သည် ရှမ်းကုန်းမြေမြင့်အစွန်းမှ မြစ်ဖျားခံစီးဆင်းလာပြီး တောင်ဖက်သို့ ၂၆၁ မိုင် (၄၂၀ ကီလိုမီတာ) အရှည် စီးဆင်းလာပြီး ဘင်္ဂလားပင်လယ်အတွင်းသို့ မုတ္တမပင်လယ်ကွေ့၌ စီးဆင်း ပေါင်းစပ်သွားပါသည်။
ထူးခြားထင်ရှားသည့်အချက်မှာစစ်တောင်းမြစ်တွင် ၂၅ မိုင် (၄၀ ကီလိုမီတာ) ခရီးကို တနှစ်ပတ်လုံး ရေလမ်းခရီးသွားလာနိုင်ပြီး မိုင်ပေါင်း ၅၅ (၉၀ ကီလိုမီတာ) ခရီးကို တနှစ်တွင် ၃-လကြာမျှ ရေလမ်းခရီး သွားလာနိုင်ပါသည်။ ရေစီးသန်၍ နုန်းမြေပို့ချမှုနည်းပါးသောကြောင့် စစ်တောင်းမြစ်သည် စိုက်ပျိုးရေးကို ကောင်းစွာအထောက်အကူမပေးနိုင်ပေ။ သို့သော် ပဲခူးရိုးမမှ ထွက်ရှိသော သစ်လုံးများကို မျှောချတင်ပို့ရာတွင် အသုံးချကြသည်

သွားလာဆက်သွယ်ရေး လွယ်ကူစေရန် စစ်တောင်းမြစ်နှင့် ပဲခူးမြစ်ကို ဆက်သွယ်ဖောက်လုပ်ထားသည့် တူးမြောင်းရှိသည်။ ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အရှေ့ဖက်ကရင်ပြည်နယ်၊ မွန်ပြည်နယ်များနှင့် ဆက်သွယ်သွားလာရေးအတွက် တည်ဆောက်ထားသည့် စစ်တောင်းတံတားလည်းရှိသည်။

(၅) မဲခေါင် မြစ်
မဲခေါင်မြစ်သည် အရှည် ၄,၈၀၀ ကီလိုမီတာ ရှိပြီး မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံ အကြားတွင် မဲခေါင်မြစ်သည် နယ်နိမိတ်အဖြစ် ကီလိုမီတာ ၂၃၄ အရှည် ဖြတ်သန်း စီးဆင်းပါသည်။ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာနိုင်ငံ၏ တောင်တန်းများပေါ်၌ ဌာနေတိုင်းရင်းသား ၂၂,၀၀၀ ခန့် မှီတင်းနေထိုင် လျှက် ရှိ ပြီး အခါ၊ ရှမ်း၊ လားဟူ၊ လွယ်လ (ဆမ်တောင်)၊ တရုတ်နှင့် အင်း တိုင်းရင်းသားများ နေထိုင်လျှက် ရှိသည်။ မြန်မာ-ထိုင်း- လာအို ၃-နိုင်ငံ ပေါင်းဆုံရာ “ရွှေတြိဂံ ဒေသ”ကို ဖြတ်သန်းပါသည်။
ထူးခြားထင်ရှားသည့် အချက်မှာ ရှေးရိုးရာပုံပြင်များအရ ရှေးဦးလားဟူ လူမျိုးများသည် ဤမြစ်ဖျားခံရာ ဒေသမှ ဆင်းသက်လာကြသည်ဟု ဆိုကြပြီး၊ ရိုးရာ သီချင်းများ၊ ပုံပြင်များက ဤမြစ်ကို ကိုးကား၍ ဖော်ပြပြောဆိုလေ့ ရှိ ကြပါသည်။

(၆) ဂစ္ဆပနဒီ(သို့) ကုလားတန်မြစ်

ကုလားတန်မြစ်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ သေလာဂီရိမောရပ္ပတ္တတောင်၏အရှေ့ဘက်တွင်တည်ရှိပါသည်။ ဤမြစ်သည် ပေ(၈၀၀၀)ခန့်မြင့်သော ချင်းပြည်နယ် လူရှည်တောင်တန်းနှင့် အိန္ဒိယနိုင်ငံ ချင်လတိတလန် တောင်ကုန်းများမှ မြစ်ဖျားခံ စီးဆင်းလာပါသည်။ ဒေသခံပြည်သူများက အရပ်အခေါ် ကုလားတန်မြစ် ဟုခေါ်သည်။ စာပေများတွင် ဂစ္ဆပနဒီ(ခေါ်)ကုလားတန်မြစ်ဟု တွေ့ရသည်။ ယခင်က ဒေသခံပြည်သူများသည်လမ်းပန်းဆက်သွယ်ရေးအဖြစ် ကုလားတန်မြစ်ကို ရေလမ်းခရီးအဖြစ် အားပြုကြရသည်။

ကုလားတန်မြစ်သည် ရခိုင်ပြည်နယ်၏ အရှည်ဆုံးနှင့် အသုံးအဝင်ဆုံးမြစ်ကြောင်း တစ်သွယ်ဖြစ်ပါသည်။ ထူးခြားထင်ရှားသည့်အချက်မှာ ချင်းပြည်နယ် မြောက်ပိုင်းမှ ထရောဘာ(တီအိုရီဘာ)အမည်ဖြင့် စီးဆင်းလာသည့်မြစ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံတို့၏ နယ်ခြားမြစ်လည်းဖြစ်ပါသည်။

ကုလားတန်မြစ်သည် ရခိုင်ပြည်နယ်၏ အရှည်ဆုံးနှင့် အသုံးအဝင်ဆုံးမြစ်ကြောင်း တစ်သွယ် ဖြစ်ပါသည်။

(၇)ရွှေလီ မြစ်

ရွှေလီမြစ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှပင် စတင်မြစ်ဖျားခံ စီးဆင်းလာပြီး ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်သန်းလာကာ တကောင်းမြို့မြောက်ဖက် ကီလိုမီတာ၆ဝခန့် အကွာ ကသာမြို့ တောင်ဖက်ရှိ အင်းရွာအနီးတွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံသည်။
ရွှေလီမြစ်ကို ရှမ်းပြည်နယ်တွင်နမ့်မောင်း၊ တရုတ်နိုင်ငံတွင် ၏ ရွေ့လိကျန်း (Rui Li Jiang)ဟုခေါ်ကြသည်။ မြစ်၏အစပိုင်းနေရာအချို့သည် တရုတ်-မြန်မာနယ်နိမိတ်မျဉ်းအဖြစ် စီးဆင်းသည်။

ထူးခြားထင်ရှားသည့်အချက်မှာ ရွှေလီမြစ်သည် တိုင်အနွယ်များဟုလည်းခေါ်သည့် မြန်မာနိုင်ငံတွင်းရှိ ရှမ်းလူမျိုးများနှင့် ကြီးမားသော ဆက်နွယ်မှုရှိပါသည်။ ရှားပါးစာရင်းဝင် ရေနေငှက်မျိုးစိတ်များကို ရွှေလီမြစ်အတွင်း တွေ့ရှိရသည့်အပြင် ဧရာဝတီ လင်းပိုင်များကိုလည်း ရံဖန်ရံခါတွေ့ရလေ့ရှိပါသည်။

ရွှေလီမြစ်သည် တိုင်အနွယ်များဟုလည်းခေါ်သည့် မြန်မာနိုင်ငံတွင်းရှိ ရှမ်းလူမျိုးများ နှင့် ကြီးမားသော ဆက်နွယ်မှုရှိသည်။ မောဝ်ရှမ်းတို့သည် ပုဂံခေတ်ဦးတည်းကပင် ရွှေလီမြစ်မှတစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်းရပ်ဝန်းဒေသများကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြပြီး ပုဂံမှ အနော်ရထာမင်း၏ ဟန့်တားမှုကြောင့် မူလနေရာများသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြသည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက်တွင်ဖြစ်ပွားခဲ့သည့် တရုတ်-မြန်မာစစ်ပွဲများတွင်လည်း ရွှေလီမြစ်သည် မြန်မာတို့၏ နယ်ချဲ့တွန်းလှန်ရေးသမိုင်းတွင် ပါဝင်ခဲ့ပြန်သည်။

မှတ်ချက်။။ မှတ်စုစာအုပ် နှင့် မြန်မာ့စွယ်ုစုံကျမ်းမှ ထင်ရှားသည့် အချက်အလက်များကို ကောက်နုတ်ထားပါသည်။

Leave a Reply