လုံး၀ဖုံးပစ္ကာ ကြန္ကရစ္လမ္းမတည္ေဆာက္ခံရၿပီးေနာက္မွ ျပန္လည္ဆယ္ယူခဲ့တဲ့ ကုိရီးယား ဆုိးလ္ၿမဳိ႕လယ္က Cheonggye ေခ်ာင္း

Posted on

ကိုရီးယားႏုိင္ငံဆုိးလ္ၿမဳိ႕လယ္မွာ ရွိခဲ့တဲ့ Cheonggye ေခ်ာင္းဟာ တစ္ခ်ိန္ကေတာ့ ပုံမွန္ေခ်ာင္းတစ္ခုျဖစ္ၿပီး ျပည္သူမ်ားေရအဓိကရရွိတဲ့ေနရာျဖစ္ပါတယ္။

ဒါေပမယ့္ ၁၉၅၀ ၀န္းက်င္ ကုိရီးယားမွာ စက္မႈလုပ္ငန္းမ်ားတုိးတက္လာတဲ့အခါ စက္ရုံထြက္စြန္႔ပစ္ပစၥည္းမ်ားေၾကာင့္ ေခ်ာင္းညစ္ညမ္းခဲ့ၿပီးသုံးလုိ႔မရေတာ့အထိျဖစ္ခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ ေခ်ာင္းကုိ လုံး၀ဖုိ႔ပစ္လုိက္ၿပီး ကြန္ကရစ္လမ္းမႀကီးတည္ေဆာက္လုိက္ပါတယ္။ အဲဒီေနာက္ေတာ့ အဲဒီေနရာအေပၚကေန မုိးပ်ံအေ၀းေျပးလမ္းႀကီးကို တည္ေဆာက္ခဲ့ပါတယ္။

စိမ္းလန္းမႈမရွိေတာ့တဲ့ၿမဳိ႕လယ္ မွာေနတဲ့သူမ်ားဟာ အေ၀းေျပးလမ္းေၾကာင့္ အေႏွာင့္အယွက္ျဖစ္ရသလုိ ၊ ေလထု နဲ႔ ေရညစ္ညမ္းမႈေၾကာင့္ က်န္းမာေရးထိခုိက္မႈမ်ားပါ ရွိလာခဲ့တဲ့အျပင္ စီးပြားေရးလည္းသိသိသာသာ က်ဆင္းခဲ့ရပါတယ္။

ဆုိးလ္ၿမဳိ႕ေတာ္၀န္ Lee Myung-bak ဟာ ပညာရွင္မ်ားနဲ႔ အဖြဲ႔အစည္းတစ္ခုဖြဲ႔စည္းၿပီး အေျဖရွာၾကတဲ့အခါ မူလစမ္းေခ်ာင္းကိုျပန္ေဖာ္သင့္တယ္ဆုိတဲ့ အေျဖကုိရပါတယ္။

၂၀၀၃ ခုႏွစ္ကစလုိ႔ အစီအစဥ္ကုိ အေကာင္အထည္ေဖာ္ခဲ့ၿပီး ၂၀၀၅ခုႏွစ္မွာေတာ့ စမ္းေခ်ာင္းကို ျပန္လည္ဆယ္ယူဖြင့္လွစ္ႏုိင္ခဲ့ပါတယ္။

စမ္းေခ်ာင္းတစ္ေလွ်ာက္မွာ အပင္မ်ားစုိက္ပ်ဳိးၿပီး အနီးကပန္းၿခံကုိပါ ျပည္သူေတြအပန္းေျဖဖုိ႔အတြက္ ဖြင့္လွစ္ေပးခဲ့ပါတယ္။

ၿဖဳိခ်ပစ္လုိက္တဲ့ လမ္းေတြကို အျခားေနရာမွာ အစားထုိးလုိက္ၿပီး ဘတ္စ္ကားလမ္းေတြအစား ေျမေအာက္ရထားစနစ္ကုိ ပုိမုိသုံးစြဲေစခဲ့ပါတယ္။

ရလဒ္အေနနဲ႔ကေတာ့ သန္႔ရွင္းလတ္ဆတ္တဲ့ ပတ္၀န္းက်င္ျပန္လည္ရရွိလာတာေၾကာင့္ က်န္းမာေရးထိခုိက္မႈမ်ားမရွိေတာ့သလုိ ၊ ၿမဳိ႔ျပရဲ႕အပူခ်ိန္ကုိလည္း က်ဆင္းေစခဲ့ၿပီး စီးပြားေရးလည္းျပန္လည္တုိးတက္ခဲ့ပါတယ္။

စမ္းေခ်ာင္းဆယ္ယူေရးစီမံကိန္းအတြက္ အခ်ိန္ ၂ႏွစ္ေက်ာ္ယူခဲ့ရၿပီး ကုန္က်စရိတ္အေနနဲ႔ ေဒၚလာ ၂၈၁သန္း ခန္႔ ကုန္က်ခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ ဆုိးလ္ရဲ႕ အထင္ကရေနရာတစ္ခုျဖစ္လာခဲ့ၿပီး လစဥ္ လူသန္းနဲ႔ခ်ီလာေရာက္တဲ့ေနရာ တစ္ခုလည္းျဖစ္လာပါတယ္။

 


လုံးဝဖုံးပစ်ကာ ကွန်ကရစ်လမ်းမတည်ဆောက်ခံရပြီးနောက်မှ ပြန်လည်ဆယ်ယူခဲ့တဲ့ ကိုရီးယား ဆိုးလ်မြို့လယ်က Cheonggye ချောင်း (unicode)

ကိုရီးယားနိုင်ငံဆိုးလ်မြို့လယ်မှာ ရှိခဲ့တဲ့ Cheonggye ချောင်းဟာ တစ်ချိန်ကတော့ ပုံမှန်ချောင်းတစ်ခုဖြစ်ပြီး ပြည်သူများရေအဓိကရရှိတဲ့နေရာဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၅၀ ဝန်းကျင် ကိုရီးယားမှာ စက်မှုလုပ်ငန်းများတိုးတက်လာတဲ့အခါ စက်ရုံထွက်စွန့်ပစ်ပစ္စည်းများကြောင့် ချောင်းညစ်ညမ်းခဲ့ပြီးသုံးလို့မရတော့အထိဖြစ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ချောင်းကို လုံးဝဖို့ပစ်လိုက်ပြီး ကွန်ကရစ်လမ်းမကြီးတည်ဆောက်လိုက်ပါတယ်။ အဲဒီနောက်တော့ အဲဒီနေရာအပေါ်ကနေ မိုးပျံအဝေးပြေးလမ်းကြီးကို တည်ဆောက်ခဲ့ပါတယ်။

စိမ်းလန်းမှုမရှိတော့တဲ့မြို့လယ် မှာနေတဲ့သူများဟာ အဝေးပြေးလမ်းကြောင့် အနှောင့်အယှက်ဖြစ်ရသလို ၊ လေထု နဲ့ ရေညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်မှုများပါ ရှိလာခဲ့တဲ့အပြင် စီးပွားရေးလည်းသိသိသာသာ ကျဆင်းခဲ့ရပါတယ်။

ဆိုးလ်မြို့တော်ဝန် Lee Myung-bak ဟာ ပညာရှင်များနဲ့ အဖွဲ့အစည်းတစ်ခုဖွဲ့စည်းပြီး အဖြေရှာကြတဲ့အခါ မူလစမ်းချောင်းကိုပြန်ဖော်သင့်တယ်ဆိုတဲ့ အဖြေကိုရပါတယ်။

၂၀၀၃ ခုနှစ်ကစလို့ အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပြီး ၂၀၀၅ခုနှစ်မှာတော့ စမ်းချောင်းကို ပြန်လည်ဆယ်ယူဖွင့်လှစ်နိုင်ခဲ့ပါတယ်။

စမ်းချောင်းတစ်လျှောက်မှာ အပင်များစိုက်ပျိုးပြီး အနီးကပန်းခြံကိုပါ ပြည်သူတွေအပန်းဖြေဖို့အတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဖြိုချပစ်လိုက်တဲ့ လမ်းတွေကို အခြားနေရာမှာ အစားထိုးလိုက်ပြီး ဘတ်စ်ကားလမ်းတွေအစား မြေအောက်ရထားစနစ်ကို ပိုမိုသုံးစွဲစေခဲ့ပါတယ်။

ရလဒ်အနေနဲ့ကတော့ သန့်ရှင်းလတ်ဆတ်တဲ့ ပတ်ဝန်းကျင်ပြန်လည်ရရှိလာတာကြောင့် ကျန်းမာရေးထိခိုက်မှုများမရှိတော့သလို ၊ မြို့ပြရဲ့အပူချိန်ကိုလည်း ကျဆင်းစေခဲ့ပြီး စီးပွားရေးလည်းပြန်လည်တိုးတက်ခဲ့ပါတယ်။

စမ်းချောင်းဆယ်ယူရေးစီမံကိန်းအတွက် အချိန် ၂နှစ်ကျော်ယူခဲ့ရပြီး ကုန်ကျစရိတ်အနေနဲ့ ဒေါ်လာ ၂၈၁သန်း ခန့် ကုန်ကျခဲ့ပါတယ်။

အခုအချိန်မှာတော့ ဆိုးလ်ရဲ့ အထင်ကရနေရာတစ်ခုဖြစ်လာခဲ့ပြီး လစဉ် လူသန်းနဲ့ချီလာရောက်တဲ့နေရာ တစ်ခုလည်းဖြစ်လာပါတယ်။

Leave a Reply