ေရွးေဟာင္း အီဂ်စ္ရာဇ၀င္ထဲက အႏူးဘစ္ ဆုိတာ

Posted on

မူရင္း ေရးသားသူ – Honey Soe

မံမီ စီရင္သူမ်ားထဲမွ ေခြးအ ပံုသြင္​႐ွိတဲ့ အီဂ်စ္​ နတ္ဘုရား အႏူးဘစ္ဟာ ငရဲကို ပို႔ေဆာင္ခံရမယ့္ ေသသူရဲ႕ဝိဉာဥ္ကို စီးနင္းၿပီး လားရာကို အေရာက္ ပို႔ေပးတဲ့ နတ္ ျဖစ္ပါတယ္။ အႏူးဘစ္ဆုိတာ အေလာင္းကို မပုပ္သိုးေအာင္ ေဆးစိမ္တဲ့ အခါမွာ ပသခံရတဲ့ နတ္တစ္ပါးျဖစ္ပါတယ္။

Osiris ရဲ႕ အေလာင္းကို မပုပ္သိုးေအာင္ စီရင္ၿပီးေနာက္ ဒုတိယအႀကိမ္ ႐ွင္သန္ထေျမာက္ေအာင္ အႏူးဘစ္က ျပဳလုပ္ေပးခဲ့ပါတယ္။ အဲဒီ ေနာက္မွာေတာ့ Osiris က အႏူးဘစ္ကို နတ္ဘုရားအျဖစ္ သတ္​မွတ္ေပးျပီး ကိုးကြယ္ေစခဲ့ပါတယ္။ သူဟာ Osiris ရဲ႕ေျမးေတာ္ Nephthys ရဲ႕ သားေတာ္​ ျဖစ္ပါတယ္။

အႏူးဘစ္ရဲ႕ ပံုသဏၭာန္ကို ေ႐ွးေခတ္ ဘုရင္နဲ႔ ဘုရားမ်ား ကိုင္ေဆာင္တဲ့ အာဏာစီရင္ခြင့္ရ ေတာင္ေဝွးကို ကိုင္ထားတဲ့ ေခြးအ,​ေခါင္းနဲ႔ လူကိုယ္အျဖစ္ သ႐ုပ္ေဖာ္ျပပါတယ္။

တခ်ိဳ႕​ေဒသ​ေတြမွာ​ေတာ့ တံက်င္ လွ်ိဳခံထားရလို႔ ေသြးတစ္​စက္စက္ ယိုက်ေနတဲ့ အျဖဴ အနက္စပ္ ႏြားထီးကို စီးတဲ့ နတ္အျဖစ္လည္​း ပံုေဖာ္တတ္ပါတယ္။ (အဲဒီ့ ႏြားစီးတာကေတာ့ ဘာအဓိပၸါယ္မွန္း မသိၾကပါ။)

အေလာင္းမ်ားကို ​ေဆးစိမ္​တဲ့​ ​ေနရာမွာ အႏူးဘစ္က အထူးႀကီးၾကပ္သူ ျဖစ္ပါတယ္။ အႏူးဘစ္မွာ အေရးႀကီးတဲ့ တာဝန္ (၃) ခု ႐ွိပါတယ္။

( ၁) ရြတ္ဖတ္သူရဲ႕ အဟန္႔ထဲကို မံမီအဟုန္ထည့္ေပးရျခင္း၊
( ၂) ႏႈတ္ခပတ္ေတာ္ ဟျခင္း အခမ္းအနားကို စီရင္ရျခင္း၊
( ၃) ဝိဉာဥ္ကို ေကာင္းကင္ဘံု အမွာကမ္းတဲ့ကြင္းျပင္ျဖစ္ေစ၊ ငရဲကိုျဖစ္ေစ ပို႔ေပးရျခင္း
-တို႔ ျဖစ္ပါတယ္။

အေရးအႀကီးဆံုးကေတာ့ အႏူးဘစ္ဟာ ေသၿပီးသူတို႔ရဲ႕ အမွန္တရားနဲ႔ တမလြန္ကို ႀကီးၾကပ္ရျခင္းပဲ ျဖစ္ပါတယ္။

စီရင္ေဆးစိမ္ထားတဲ့ အေလာင္းနားမွာ အေမႊးနံ႔သာမ်ား၊ သစ္ေမႊးနဲ႔ အျခားသဘာဝ အေမႊးနံ႔ထြက္တဲ့ အရာေတြ ထားျခင္းဟာ ေသသူဝိဉာဥ္ကို စိတ္အာရံုေထြျပားၿပီး သူသြားရမယ့္ ေနရာကို ေမ့ေစတယ္လို႔ ေ႐ွးေခတ္​ အီဂ်စ္မ်ားက ယံုၾကည္ၾကပါတယ္။

အႏူးဘစ္က အဲဒီ့လို ​ေမ့မသြားေအာင္ အထူးၾကပ္မတ္ရတဲ့ နတ္ဘုရား ျဖစ္ပါတယ္။

အႏူးဘစ္ရဲ႕ တာဝန္ဟာ ေသၿပီးသူရဲ႕ ဝိဉာဥ္နဲ႔သာ ဆိုင္ပါတယ္။ ႐ွင္သန္သူမ်ား အေနနဲ႔ အႏူးဘစ္ ႐ွိေၾကာင္းကို မံမီ စီရင္ေနခ်ိန္မွာပဲ ခံစားရမွာျဖစ္ၿပီး ျမင္ႏိုင္စြမ္း မ႐ွိၾကပါဘူး။ ​

ေသသူတို႔၏ ဝိဉာဥ္​​ေတြကို သူတို႔ ျပဳခဲ့ၾကတဲ့ ​ေကာင္​းမႈ မ​ေကာင္​းမႈ အက်ိဳး အျပစ္​​ေတြအတြက္​ စီရင္​ျခင္​းခံရဖို႔ တရား စစ္​​ေဆး​တဲ့ နတ္​တရားသူႀကီး Osiris ရဲ႕ မ်က္​​ေမွာက္​ သစၥာမ႑ိဳင္​ ခန္​းမႀကီးထဲကို အႏူးဘစ္​က ​ေခၚ​ေဆာင္​သြားရပါတယ္​။

အဲဒီ့မွာ ​ေသသူရဲ႕ ဝိဉာဥ္​က မိမိရဲ႕ ​ေကာင္​းမႈ မ​ေကာင္​းမႈ​ေတြကို ​ေလ်ွာက္​ထားၿပီးတဲ့အခါ အႏူးဘစ္​က ​ေသသူရဲ႕ အသည္​းႏွလံုးကို ငွက္​ကုလားအုတ္​ အ​ေမြးနဲ႔ ခ်ိန္​ခြင္​ကို ကိုင္​ၿပီး ခ်ိန္​ရပါတယ္​။

အသည္​းႏွလံုးက ​ေကာင္​းမႈတန္​ခိုး​ေၾကာင္​့ ​ေပါ့ပါး​ေနရင္​၊ ခ်ိန္​ခြင္​မွာ အ​ေလးစီးၿပီး ​ေစာင္​းမသြားရင္​ ဉာဏ္​ပညာနတ္​ ​Thoth က မွတ္​တမ္​းတင္​ၿပီး Osiris ထံ အစီရင္​ခံကာ Osiris က အမတ သုခဘံုထဲကို ဝင္​ခြင္​့ျပဳပါတယ္​။

ခ်ိန္​ခြင္​က ​ေသသူမွာ အျပစ္​​ေလးလံ​ေၾကာင္​း ​ေဖာ္​ျပရင္​​ေတာ့ အဲဒီ့အျပစ္​အတြက္​ ​ေပးဆပ္​ရပါတယ္​။

အခ်ိဳ႕ အယူအဆ​ေတြအရ အဲဒီ့ မ​ေကာင္​းမႈ ျပဳခဲ့သူရဲ႕ ဝိဉာဥ္​ကို ထူးဆန္​းတဲ့ သတၱ၀ါႀကီး Devouress က ဖ်က္​ဆီးပစ္​တယ္​လို႔ ဆိုပါတယ္​။ Devouress ဆိုတာက မိ​ေက်ာင္​း​ေခါင္​း၊ မိ​ေက်ာင္​းပါးစပ္​နဲ႔၊ ​ေ႐ွ႕ပိုင္​းက ျခ​ေသၤ့ကိုယ္​၊ ​ဖင္​ပိုင္​းက ​ေရျမင္​းကိုယ္​ ႐ွိၿပီး Osiris တရားစီရင္​တဲ့နားမွာ ဆာ​ေလာင္​မြတ္​သိပ္​စြာ ​ေစာင္​့​ေန​ေလ့႐ွိပါတယ္​။

အျပစ္​စီရင္​ခံရသူ​ေတြကို ခုန္​အုပ္​ၿပီး ကိုက္​စားတတ္​ပါတယ္​။

အျခား အယူအဆ အရက​ေတာ့ အျပစ္​႐ွိသူရဲ႕ ဝိဉာဥ္​ဟာ ငရဲကို ပစ္​ခ်ခံရၿပီး ငရဲမွာ အျပင္​းအထန္​ ႏွိပ္​စက္​ခံၾကရပါတယ္​။

Edited by Ko Kyel Sin (ဗဟုသုတၾကယ္​စင္​ ဂ႐ု)


ရှေးဟောင်း အီဂျစ်ရာဇဝင်ထဲက အနူးဘစ် ဆိုတာ (unicode)

မူရင်း ရေးသားသူ – Honey Soe

မံမီ စီရင်သူများထဲမှ ခွေးအ ပုံသွင်​ရှိတဲ့ အီဂျစ်​ နတ်ဘုရား အနူးဘစ်ဟာ ငရဲကို ပို့ဆောင်ခံရမယ့် သေသူရဲ့ဝိဉာဉ်ကို စီးနင်းပြီး လားရာကို အရောက် ပို့ပေးတဲ့ နတ် ဖြစ်ပါတယ်။ အနူးဘစ်ဆိုတာ အလောင်းကို မပုပ်သိုးအောင် ဆေးစိမ်တဲ့ အခါမှာ ပသခံရတဲ့ နတ်တစ်ပါးဖြစ်ပါတယ်။

Osiris ရဲ့ အလောင်းကို မပုပ်သိုးအောင် စီရင်ပြီးနောက် ဒုတိယအကြိမ် ရှင်သန်ထမြောက်အောင် အနူးဘစ်က ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ Osiris က အနူးဘစ်ကို နတ်ဘုရားအဖြစ် သတ်​မှတ်ပေးပြီး ကိုးကွယ်စေခဲ့ပါတယ်။ သူဟာ Osiris ရဲ့မြေးတော် Nephthys ရဲ့ သားတော်​ ဖြစ်ပါတယ်။

အနူးဘစ်ရဲ့ ပုံသဏ္ဌာန်ကို ရှေးခေတ် ဘုရင်နဲ့ ဘုရားများ ကိုင်ဆောင်တဲ့ အာဏာစီရင်ခွင့်ရ တောင်ဝှေးကို ကိုင်ထားတဲ့ ခွေးအ,​ခေါင်းနဲ့ လူကိုယ်အဖြစ် သရုပ်ဖော်ပြပါတယ်။

တချို့​ဒေသ​တွေမှာ​တော့ တံကျင် လျှိုခံထားရလို့ သွေးတစ်​စက်စက် ယိုကျနေတဲ့ အဖြူ အနက်စပ် နွားထီးကို စီးတဲ့ နတ်အဖြစ်လည်​း ပုံဖော်တတ်ပါတယ်။ (အဲဒီ့ နွားစီးတာကတော့ ဘာအဓိပ္ပါယ်မှန်း မသိကြပါ။)

အလောင်းများကို ​ဆေးစိမ်​တဲ့​ ​နေရာမှာ အနူးဘစ်က အထူးကြီးကြပ်သူ ဖြစ်ပါတယ်။ အနူးဘစ်မှာ အရေးကြီးတဲ့ တာဝန် (၃) ခု ရှိပါတယ်။

( ၁) ရွတ်ဖတ်သူရဲ့ အဟန့်ထဲကို မံမီအဟုန်ထည့်ပေးရခြင်း၊
( ၂) နှုတ်ခပတ်တော် ဟခြင်း အခမ်းအနားကို စီရင်ရခြင်း၊
( ၃) ဝိဉာဉ်ကို ကောင်းကင်ဘုံ အမှာကမ်းတဲ့ကွင်းပြင်ဖြစ်စေ၊ ငရဲကိုဖြစ်စေ ပို့ပေးရခြင်း
-တို့ ဖြစ်ပါတယ်။

အရေးအကြီးဆုံးကတော့ အနူးဘစ်ဟာ သေပြီးသူတို့ရဲ့ အမှန်တရားနဲ့ တမလွန်ကို ကြီးကြပ်ရခြင်းပဲ ဖြစ်ပါတယ်။

စီရင်ဆေးစိမ်ထားတဲ့ အလောင်းနားမှာ အမွှေးနံ့သာများ၊ သစ်မွှေးနဲ့ အခြားသဘာဝ အမွှေးနံ့ထွက်တဲ့ အရာတွေ ထားခြင်းဟာ သေသူဝိဉာဉ်ကို စိတ်အာရုံထွေပြားပြီး သူသွားရမယ့် နေရာကို မေ့စေတယ်လို့ ရှေးခေတ်​ အီဂျစ်များက ယုံကြည်ကြပါတယ်။

အနူးဘစ်က အဲဒီ့လို ​မေ့မသွားအောင် အထူးကြပ်မတ်ရတဲ့ နတ်ဘုရား ဖြစ်ပါတယ်။

အနူးဘစ်ရဲ့ တာဝန်ဟာ သေပြီးသူရဲ့ ဝိဉာဉ်နဲ့သာ ဆိုင်ပါတယ်။ ရှင်သန်သူများ အနေနဲ့ အနူးဘစ် ရှိကြောင်းကို မံမီ စီရင်နေချိန်မှာပဲ ခံစားရမှာဖြစ်ပြီး မြင်နိုင်စွမ်း မရှိကြပါဘူး။ ​

သေသူတို့၏ ဝိဉာဉ်​​တွေကို သူတို့ ပြုခဲ့ကြတဲ့ ​ကောင်​းမှု မ​ကောင်​းမှု အကျိုး အပြစ်​​တွေအတွက်​ စီရင်​ခြင်​းခံရဖို့ တရား စစ်​​ဆေး​တဲ့ နတ်​တရားသူကြီး Osiris ရဲ့ မျက်​​မှောက်​ သစ္စာမဏ္ဍိုင်​ ခန်​းမကြီးထဲကို အနူးဘစ်​က ​ခေါ်​ဆောင်​သွားရပါတယ်​။

အဲဒီ့မှာ ​သေသူရဲ့ ဝိဉာဉ်​က မိမိရဲ့ ​ကောင်​းမှု မ​ကောင်​းမှု​တွေကို ​လျှောက်​ထားပြီးတဲ့အခါ အနူးဘစ်​က ​သေသူရဲ့ အသည်​းနှလုံးကို ငှက်​ကုလားအုတ်​ အ​မွေးနဲ့ ချိန်​ခွင်​ကို ကိုင်​ပြီး ချိန်​ရပါတယ်​။

အသည်​းနှလုံးက ​ကောင်​းမှုတန်​ခိုး​ကြောင်​့ ​ပေါ့ပါး​နေရင်​၊ ချိန်​ခွင်​မှာ အ​လေးစီးပြီး ​စောင်​းမသွားရင်​ ဉာဏ်​ပညာနတ်​ ​Thoth က မှတ်​တမ်​းတင်​ပြီး Osiris ထံ အစီရင်​ခံကာ Osiris က အမတ သုခဘုံထဲကို ဝင်​ခွင်​့ပြုပါတယ်​။

ချိန်​ခွင်​က ​သေသူမှာ အပြစ်​​လေးလံ​ကြောင်​း ​ဖော်​ပြရင်​​တော့ အဲဒီ့အပြစ်​အတွက်​ ​ပေးဆပ်​ရပါတယ်​။

အချို့ အယူအဆ​တွေအရ အဲဒီ့ မ​ကောင်​းမှု ပြုခဲ့သူရဲ့ ဝိဉာဉ်​ကို ထူးဆန်​းတဲ့ သတ္တဝါကြီး Devouress က ဖျက်​ဆီးပစ်​တယ်​လို့ ဆိုပါတယ်​။ Devouress ဆိုတာက မိ​ကျောင်​း​ခေါင်​း၊ မိ​ကျောင်​းပါးစပ်​နဲ့၊ ​ရှေ့ပိုင်​းက ခြ​င်္သေ့ကိုယ်​၊ ​ဖင်​ပိုင်​းက ​ရေမြင်​းကိုယ်​ ရှိပြီး Osiris တရားစီရင်​တဲ့နားမှာ ဆာ​လောင်​မွတ်​သိပ်​စွာ ​စောင်​့​နေ​လေ့ရှိပါတယ်​။

အပြစ်​စီရင်​ခံရသူ​တွေကို ခုန်​အုပ်​ပြီး ကိုက်​စားတတ်​ပါတယ်​။

အခြား အယူအဆ အရက​တော့ အပြစ်​ရှိသူရဲ့ ဝိဉာဉ်​ဟာ ငရဲကို ပစ်​ချခံရပြီး ငရဲမှာ အပြင်​းအထန်​ နှိပ်​စက်​ခံကြရပါတယ်​။

Edited by Ko Kyel Sin (ဗဟုသုတကြယ်​စင်​ ဂရု)

Leave a Reply