အစားအစာေတြနဲ႔ အတူ အေခါင္းေတြပါ ထည့္လွဴတဲ့ ထူးထူးျခားျခားအလွဴ

Posted on

အဖြဲ႔တစ္ဖြဲ႔ဟာ အဘုိးအဘြားတခ်ဳိ႕ကုိ စားစရာေတြအျပင္ အေခါင္းေတြကုိပါ လွဴဒါးေနတဲ့ပုံေတြဟာ ဆုိရွယ္မီဒီယာေတြေပၚမွာ ပ်ံ႕ႏွံ႔လွ်က္ရွိပါတယ္။

ဘယ္မွာျဖစ္တာလဲလုိ႔ ရွာေဖြၾကည့္တဲ့အခါမွာေတာ့ ဒီျဖစ္စဥ္ဟာ ကေမာၻဒီးယားႏုိင္ငံ Kampong Thom ျပည္နယ္မွာျဖစ္ခဲ့တာျဖစ္ပါတယ္။

ျပည္နယ္အစုိးရက ဒီျဖစ္စဥ္ကို စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ Vital Water Company ဟာ Wat Andout Borey အရပ္က အဖုိးအဖြား ၂၀၀ ေက်ာ္ကုိ အလွဴအတန္းျပဳလုပ္ရင္း အေခါင္းေတြပါ ထည့္သြင္းလွဴခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။

ဒီအစီအစဥ္ကို ျပဳလုပ္ခဲ့သူကေတာ့ ကုမၸဏီသူေဌးႀကီးရဲ႕ ဇနီးျဖစ္ၿပီး ခင္ပြန္းျဖစ္သူေမြးေန႔အတြက္ ထူးထူးျခားျခားအလွဴအေနနဲ႔ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

သူမရဲ႕ မိတ္ေဆြေတြက အေခါင္းေတြမပါပဲ ဒီအတုိင္းလွဴဖုိ႔ေျပာခဲ့ေပမယ့္ သူမကေတာ့ သူမရဲ႕အစီအစဥ္ကို ေနာက္မဆုတ္ပဲ အေကာင္အထည္ေဖာ္ခဲ့တာျဖစ္ပါတယ္။

သူမဘာေၾကာင့္ ဒီအလွဴလုပ္သလဲ ဆုိတာကို တိတိက်က်မသိရေပမယ့္ အလွဴကိုလက္ခံတဲ့ အဖုိးအဖြားေတြမ်က္ႏွာမွာေတာ့ အစားအစာေတြအတြက္ ၀မ္းသာရမလုိ အေခါင္းလွဴတဲ့အတြက္၀မ္းနည္းရမလုိ အမူအရာေတြျဖစ္ေနၾကပါတယ္။

ဇနီးျဖစ္သူရဲ႕ အလွဴအတြက္ သူေဌးႀကီးကေတာ့ “ဒီေန႔ ကြ်န္ေတာ့္ရဲ႕ေမြးေန႔ဆုိတာကို ကြ်န္ေတာ္ေမ့ေနတယ္ဗ်။ မေမ့တဲ့သူတစ္ဦးကေတာ့ ကြ်န္ေတာ့မိန္းမပါ။

သူဟာ ကြ်န္ေတာ့္ေမြးေန႔မွာ ကြ်န္ေတာ္ႀကီးျပင္းခဲ့ရာ Wat Andout Borey က ခ်ဳိ႕တဲ့ႏြမ္းပါးတဲ့ အဘုိးအဘြား ၂၄၀ ကို အစားအစာေတြနဲ႔ အေခါင္းေတြလွဴခဲ့ပါတယ္။

အေခါင္းလွဴတာကေတာ့ ထူးဆန္းေပမယ့္ ကြ်န္ေတာ္တုိ႔ဟာ တစ္ေန႔ေန႔တခ်ိန္ခ်ိန္မွာေသၾကမွာပဲေလ။ ဒီလုိေသၾကတဲ့အခါမွာ အေခါင္းမ၀ယ္ႏုိင္မွာ မပူရေတာ့ဘူးေပါ့။

ဘာပဲျဖစ္ျဖစ္ ထူးဆန္းတဲ့လက္ေဆာင္ေပးတဲ့ ကြ်န္ေတာ့မိန္းမကုိ ေက်းဇူးတင္ပါတယ္” လုိ႔ ဆုိပါတယ္။

ဒီထူးျခားတဲ့ အလွဴအတြက္ ဆုိရွယ္နက္၀ဘ္ေတြေပၚမွာေတာ့ ထုံးစံအတုိင္း အမ်ဳိးမ်ဳိးထင္ျမင္ခ်က္ေတြေပးၾကပါတယ္။

ေသျခင္းတရားကုိ နီးနီးကပ္ကပ္ျမင္ရၿပီး သံေ၀ဂ ရႏုိင္တာေၾကာင့္ ပိုၿပီးကုသိုလ္ရတယ္ လုိ႔ ဆုိသူေတြက ဆိုသလုိ ၊ အဘုိးအဘြားေတြကို စိတ္ဓာတ္က်ၿပီး ျမန္ျမန္ေသေအာင္ လုပ္ေနတာ ၊ မလုပ္သင့္ပါဘူး လုိ႔ ဆုိသူေတြကလည္း ဆုိၾကပါတယ္။

ဘာပဲျဖစ္ျဖစ္ ကေမာၻဒီးယားသူေဌးႀကီးရဲ႕ ေမြးေန႔အလွဴဟာ ထူးထူးဆန္းဆန္း အလွဴတစ္ခုျဖစ္ခဲ့မွာေတာ့ အမွန္ပါပဲ။

Ref:
www.camnews.org


အစားအစာတွေနဲ့ အတူ အခေါင်းတွေပါ ထည့်လှူတဲ့အလှူ (unicode)

အဖွဲ့တစ်ဖွဲ့ဟာ အဘိုးအဘွားတချို့ကို စားစရာတွေအပြင် အခေါင်းတွေကိုပါ လှူဒါးနေတဲ့ပုံတွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။ ဘယ်မှာဖြစ်တာလဲလို့ ရှာဖွေကြည့်တဲ့အခါမှာတော့ ဒီဖြစ်စဉ်ဟာ ကမ္ဘောဒီးယားနိုင်ငံ Kampong Thom ပြည်နယ်မှာဖြစ်ခဲ့တာဖြစ်ပါတယ်။ ပြည်နယ်အစိုးရက ဒီဖြစ်စဉ်ကို စစ်ဆေးကြည့်တဲ့အခါမှာတော့ Vital Water Company ဟာ Wat Andout Borey အရပ်က အဖိုးအဖွား ၂၀၀ ကျော်ကို အလှူအတန်းပြုလုပ်ရင်း အခေါင်းတွေပါ ထည့်သွင်းလှူခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ဒီအစီအစဉ်ကို ပြုလုပ်ခဲ့သူကတော့ ကုမ္ပဏီသူဌေးကြီးရဲ့ ဇနီးဖြစ်ပြီး ခင်ပွန်းဖြစ်သူမွေးနေ့အတွက် ထူးထူးခြားခြားအလှူအနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မိတ်ဆွေတွေက အခေါင်းတွေမပါပဲ ဒီအတိုင်းလှူဖို့ပြောခဲ့ပေမယ့် သူမကတော့ သူမရဲ့အစီအစဉ်ကို နောက်မဆုတ်ပဲ အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ သူမဘာကြောင့် ဒီအလှူလုပ်သလဲ ဆိုတာကို တိတိကျကျမသိရပေမယ့် အလှူကိုလက်ခံတဲ့ အဖိုးအဖွားတွေမျက်နှာမှာတော့ အစားအစာတွေအတွက် ဝမ်းသာရမလို အခေါင်းလှူတဲ့အတွက်ဝမ်းနည်းရမလို အမူအရာတွေဖြစ်နေကြပါတယ်။

ဇနီးဖြစ်သူရဲ့ အလှူအတွက် သူဌေးကြီးကတော့ “ဒီနေ့ ကျွန်တော့်ရဲ့မွေးနေ့ဆိုတာကို ကျွန်တော်မေ့နေတယ်ဗျ။ မမေ့တဲ့သူတစ်ဦးကတော့ ကျွန်တော့မိန်းမပါ။ သူဟာ ကျွန်တော့်မွေးနေ့မှာ ကျွန်တော်ကြီးပြင်းခဲ့ရာ Wat Andout Borey က ချို့တဲ့နွမ်းပါးတဲ့ အဘိုးအဘွား ၂၄၀ ကို အစားအစာတွေနဲ့ အခေါင်းတွေလှူခဲ့ပါတယ်။ အခေါင်းလှူတာကတော့ ထူးဆန်းပေမယ့် ကျွန်တော်တို့ဟာ တစ်နေ့နေ့တချိန်ချိန်မှာသေကြမှာပဲလေ။ ဒီလိုသေကြတဲ့အခါမှာ အခေါင်းမဝယ်နိုင်မှာ မပူရတော့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ထူးဆန်းတဲ့လက်ဆောင်ပေးတဲ့ ကျွန်တော့မိန်းမကို ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။

ဒီထူးခြားတဲ့ အလှူအတွက် ဆိုရှယ်နက်ဝဘ်တွေပေါ်မှာတော့ ထုံးစံအတိုင်း အမျိုးမျိုးထင်မြင်ချက်တွေပေးကြပါတယ်။ သေခြင်းတရားကို နီးနီးကပ်ကပ်မြင်ရပြီး သံဝေဂ ရနိုင်တာကြောင့် ပိုပြီးကုသိုလ်ရတယ် လို့ ဆိုသူတွေက ဆိုသလို ၊ အဘိုးအဘွားတွေကို စိတ်ဓာတ်ကျပြီး မြန်မြန်သေအောင် လုပ်နေတာ ၊ မလုပ်သင့်ပါဘူး လို့ ဆိုသူတွေကလည်း ဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘောဒီးယားသူဌေးကြီးရဲ့ မွေးနေ့အလှူဟာ ထူးထူးဆန်းဆန်း အလှူတစ်ခုဖြစ်ခဲ့မှာတော့ အမှန်ပါပဲ။

Ref:
www.camnews.org

Leave a Reply