သဲကႏၲာရေျမေခြး (သို႔မဟုတ္) ဖီးမာရွယ္လ္ အာဝင္ ရြန္းမဲလ္

Posted on

မူရင္း ေရးသားသူ – Swam Htet

သဲကႏၲာရ ေျမေခြးဟု လူသိမ်ားခဲ့သည့္ ဖီးမာရွယ္ ရြန္းမဲလ္သည္ ဒုတိယကမၻာစစ္ႀကီး အတြင္း၌ သူ အုပ္ခ်ဴပ္ ကြပ္ကဲသည့္ ဂ်ာမန္ စစ္ေၾကာင္းမ်ား ႏွင့္အတူ သူႏွင့္ တိုက္ ခိုက္ခဲ့ေသာ ရန္သူမ်ား၏ ေလးစားသမႈ အျပဳခံခဲ့ရေသာ ဂ်ာမန္ စစ္သားေကာင္း တစ္ဦး ျဖစ္​ေပသည္​။ ပထမကမၻာစစ္ႀကီး အတြင္း အီတလီ ေရွ႕တန္း စစ္မ်က္ႏွာ၌ သူ၏ ရဲဝံ့စြန္႔စားေသာ လုပ္ရပ္မ်ားေၾကာင့္ ရြန္းမဲလ္သည္ ပိုလာမဲရစ္ ဟုေခၚေသာ ဆုတံဆိပ္ ခ်ီးျမွင့္ျခင္း ခံခဲ့ရသည့္ အရာရွိတစ္ဦးလည္း ျဖစ္သည္။

ဒုတိယကမာၻစစ္မီးႀကီး တဟုန္းဟုန္း ေတာက္ေလာင္လာေသာ အခ်ိန္ ၁၉၄၀ ခုႏွစ္တြင္​ ျပင္သစ္ကို က်ဴးေက်ာ္ ဝင္ေရာက္ေသာအခါ ရြန္းမဲလ္သည္ အမွတ္ (၇) တင့္ကား တပ္မွဴး အျဖစ္ ထင္ရွား ေက်ာ္ၾကားခဲ့သည္။ ေျမာက္အာဖရိကတြင္ ဂ်ာမန္တပ္မ်ား ႏွင့္ အီတလီတပ္မ်ားကို ဦးေဆာင္ တိုက္ပြဲဝင္ခဲ့ျခင္းသည္ ရြန္းမဲလ္အား ထူးခၽြန္မႈ အရွိဆံုးေသာ တပ္မွဴးမ်ားထဲမွ တစ္ဦးအျဖစ္သို႔ ေရာက္ရွိေစခဲ့သည့္အျပင္ သဲကႏၲာရ ေျမေခြး ဆိုေသာ ဘြဲ႕ထူး ဂုဏ္ထူးကိုလည္း ရရွိေစခဲ့၏။

ရြန္းမဲလ္အား သဲကႏာၱရ စစ္ဆင္ေရးတြင္ ကၽြမ္းက်င္လိမၼာမႈ အရွိဆံုးေသာ တပ္မွဴ း တစ္ဦးအျဖစ္ သတ္မွတ္ခဲ့ၾကသည့္အျပင္ ၾကင္နာတတ္ေသာ၊ စစ္သားေကာင္း ပီသေသာ အရာရွိတစ္ဦး အျဖစ္လည္း သတ္မွတ္ခဲ့ၾကျပန္သည္။ ရြမ္​းမဲလ္​သည္​ နာဇီစစ္တပ္ဘက္မွ စစ္ရာဇဝတ္မႈျဖင့္ စြပ္စြဲျခင္း မခံခဲ့ရသည့္ တစ္​ဦးတည္​း​ေသာ စစ္ဗိုလ္ခ်ဴပ္ႀကီးလည္း ျဖစ္သည့္အျပင္ နာဇီ စစ္ဗိုလ္ခ်ဴပ္မ်ားထဲတြင္ မဟာမိတ္တို႔ ျပတိုက္၌ အမွတ္တရ အခန္​းျဖင္​့ ဂုဏ္ျပဳျခင္း ခံခဲ့ရေသာ တစ္​ဦးတည္​း​ေသာ နာဇီ ဗိုလ္ခ်ဴပ္လည္း ျဖစ္သည္။

ထို႔ျပင္ အာဖရိကစစ္ဆင္ေရးတြင္ အဖမ္းဆီးခံခဲ့ရေသာ မဟာမိတ္ စစ္သားမ်ားကိုလည္း လူသားခ်င္း စာနာ ေထာက္ထားစြာ ဆက္ဆံခဲ့သူအျဖစ္ ထင္ရွားခဲ့သူလည္း ျဖစ္သည္။ ဖမ္းဆီးရမိေသာ ဂ်ဴး လူမ်ဴိး စစ္သားမ်ား၊ အရပ္သားမ်ားအား သတ္ျဖတ္ဖို႔ အမိန္႔ေပးရန္ အတြက္ လ်စ္လ်ဴ ရႈခဲ့သူလည္း ျဖစ္သည္။

“ရြန္းမဲလ္ ၏ ငယ္စဥ္ဘဝ”

ရြန္းမဲလ္ ကို ၁၈၉၁ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၅) ရက္ေန ႔တြင္ ဂ်ာမနီႏိုင္ငံ ေတာင္ပိုင္း၌ ေမြးဖြားခဲ့သည္။ ဖခင္ျဖစ္သူမွာ ပေရာ္ဖက္ဆာတစ္ဦး ျဖစ္ၿပီး ရြန္းမဲလ္သည္ ေမြးခ်င္း ေလးေယာက္ ထဲတြင္ ဒုတိယေျမာက္ ျဖစ္သည္။ ဖခင္ျဖစ္သူမွာ ငယ္ရြယ္စဥ္ အခ်ိန္က အေျမာက္တပ္တြင္ အမႈထမ္းခဲ့ၿပီး အေဖျဖစ္သူ၏ ဆႏၵကို လိုက္ေလ်ာသည့္ အေနျဖင့္ အသက္ (၁၈) ႏွစ္တြင္ ရြန္းမဲလ္သည္ အင္ဂ်င္နီယာ တစ္ဦး ျဖစ္ရန္ မူရင္းဆႏၵကို ပယ္ေဖ်ာက္ၿပီး တပ္ထဲသို႔ ဝင္ေရာက္ခဲ့ျခင္း ျဖစ္သည္။

၁၉၁၁ ခုႏွစ္တြင္ စစ္ေက်ာင္းမွ ဘြဲ႕ရခဲ့ၿပီးသည့္ေနာက္ ဗိုလ္အျဖစ္ ခန္႔အပ္ျခင္း ခံခဲ့ရသည္။ ယင္းအခ်ိန္၌ ရြန္းမဲလ္သည္ အမ်ိဳးသမီး တစ္ဦး ႏွင့္ ၿငိစြန္းခဲ့ၿပီး သမီးတစ္ဦး ထြန္းကားခဲ့သည္။ အဆိုပါ အမ်ိဳးသမီးႏွင့္ ျပတ္စဲသြားၿပီးေနာက္ အနာဂတ္တြင္ သူ၏ ဘဝၾကင္ေဖာ္ ျဖစ္လာမည့္ အမ်ိဳးသမီးတစ္ဦးအား ေတြ႕ဆံုခဲ့ၿပီးေနာက္ ၁၉၁၆ ခုႏွစ္တြင္ လက္ထပ္ခဲ့ၿပီး ၁၂ ႏွစ္ အၾကာတြင္ သား ေယာက်ာ္းေလး တစ္ဦး ထြန္းကားခဲ့သည္။ ရြန္းမဲလ္ သမီးျဖစ္သူ၏ မိခင္မွာ ကြယ္လြန္သြားခဲ့သျဖင့္ သမီးျဖစ္သူအား သူ၏ ဘဝ တစ္ေလွ်ာက္လံုး ၾကည့္ရႈ​ေစာင့္ေရွာက္ခဲ့၏။

သဲကႏၲာရ စစ္ဆင္ေရးတြင္ ရိုက္ကူးထားေသာ မ်ားျပားလွစြာေသာ ဓာတ္ပံုမ်ားထဲ၌ သမီးျဖစ္သူမွ ျပဳလုပ္ေပးထားသည့္ အကြက္ေဖၚထားေသာ လည္စည္းပုဝါကို စည္းထားသည့္ ရြန္းမဲလ္ကုိ ေတြ႕ရေလ့ရွိသည္။ ရြန္းမဲလ္၏ သားျဖစ္သူမွာ ေနာင္တြင္ စတုဂတ္ၿမိဳ႕ေတာ္ဝန္ ျဖစ္လာခဲ့သည္။

“ရြန္းမဲလ္ ႏွင့္ ပထမကမာၻစစ္ႀကီး”

ပထမကမ႓ာစစ္ႀကီး စတင္ေသာအခါ ရြန္းမဲလ္သည္ ျပင္သစ္၊ ရိုေမးနီးယား ႏွင့္ အီတလီႏိုင္ငံမ်ားတြင္ တိုက္ပြဲဝင္ခဲ့ၿပီး သူ၏ ေျပာင္ေျမာက္ေသာ သတၱိ၊ ျမန္ဆန္လွသည့္ နည္းဗ်ဴဟာ ဆံုးျဖတ္ခ်က္မ်ားႏွင့္ ရန္သူမ်ား ကေမာက္ကမ ျဖစ္ေနခ်ိန္ကို အက်ဴိးရွိရွိ အသံုးခ်တတ္မႈမ်ားေၾကာင့္ ေအာင္ျမင္မႈမ်ား ရရွိခဲ့သည္။ ၁၉၁၄ ခုႏွစ္တြင္ 2nd Class Iron Cross ႏွင့္ ၁၉၁၅ ခုႏွစ္တြင္ 1st Class Iron Cross ဆုမ်ား ခ်ီးျမွင့္ျခင္း ခံခဲ့ရသည္။

ရြန္းမဲလ္သည္ ကာပိုရက္တို တိုက္ပြဲတြင္ ထူးခြ်န္စြာ တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ ၁၉၁၈ ခုႏွစ္တြင္ ဂ်ာမနီ ႏိုင္ငံ၏ အျမင့္ဆံုး သူရဲေကာင္းဘြဲ႕ ျဖစ္သည့္ ပိုလာမဲရစ္ ဆုတံဆိပ္ကို ခ်ီးျမွင့္ျခင္း ခံခဲ့ရၿပီး အဲလ္ပ္ ေတာင္တန္းႀကီး၏ အေရွ႕ေျမာက္ဘက္ရွိ Isonzo ျမစ္တြင္ ျဖစ္ပြားခဲ့သည့္ စစ္ပြဲ၌ သူကိုယ္တိုင္ ဦးေဆာင္ တိုက္ခိုက္ခဲ့မႈေၾကာင့္ ျဖစ္သည္။

အဆိုပါ တိုက္ပြဲတြင္ ရြန္းမဲလ္၏ တပ္၌ အေသအေပ်ာက္ လြန္စြာ နည္းပါးလွသည္။ (၆) ေယာက္သာ က်ဆံုးခဲ့ၿပီး အေယာက္ (၃၀) သာ ဒဏ္ရာရခဲ့ေသာ္လည္း ရန္သူဘက္မွ အရာရွိ (၁၅၀) ႏွင့္ တပ္သား (၉၀၀၀) ေက်ာ္ ဖမ္းဆီးရမိခဲ့ၿပီး အေျမာက္ ႏွင့္ လက္နက္ ပစၥည္းေပါင္း (၈၁) ခုကို သိမ္းပိုက္ရရွိခဲ့သည္။

ပထမကမာၻစစ္ႀကီးအတြင္း၌ ရြန္းမဲလ္မွာ သံုးႀကိမ္တိတိ ဒဏ္ရာ ရရွိခဲ့သည္။

ပထမကမာၻစစ္ႀကီး ၿပီးသည့္ေနာက္ဝယ္ ရြန္းမဲလ္သည္ ေတာင္ပိုင္း ဂ်ာမန္တစ္ဦး ျဖစ္သည့္အေလ်ာက္ ပစားေပးျခင္း မခံရဘဲ စစ္ႀကီး ျပီးဆံုးသြားေသာအခါ သာမန္ ရာထူးျဖင့္ ေခ်ာင္ထိုးခံလိုက္ရသျဖင့္ စစ္ေက်ာင္းတြင္ ၁၉၂၉ ခုႏွစ္မွ ၁၉၃၃ ခုႏွစ္အထိ သရုပ္ျပတစ္ဦးအျဖစ္​ တာဝန္ထမ္းေဆာင္ခဲ့၏။ ထိုအခ်ိန္တြင္ ၾကည္းတပ္ သင္တန္းအတြက္ အရာရွိလက္စြဲ စာအုပ္ တစ္အုပ္ကို ေရးသားျပဳစုခဲ့ၿပီး ကိုယ္ပိုင္အခ်ိန္၌လည္း ၾကည္းတပ္ စစ္ဆင္ေရး အမည္ရေသာ စာအုပ္တစ္အုပ္ကုိ ေရးသားခဲ့၏။

ယင္းစာအုပ္ထဲတြင္ ပထမကမာၻစစ္ႀကီးအတြင္း သူပါဝင္ ပတ္သက္ခဲ့ရသည့္ အမ်ိဳးမ်ိဳး​ေသာ တိုက္ပြဲမ်ားအေၾကာင္းကို သူ၏ ထင္ျမင္ခ်က္မ်ားျဖင့္ ေပါင္းစပ္ၿပီး ေရးသားထားျခင္း ျဖစ္သည္။ စစ္အတြင္းက ​ေရးသားထားခဲ့သည့္ ရြန္းမဲလ္၏ ေန႔စဥ္မွတ္တမ္း စာအုပ္သည္လည္း စစ္ဖက္ဆိုင္ရာ သင္ရိုးညြန္းတမ္း အျဖစ္ အဆင့္ျမင့္စြာ အသိအမွတ္ျပဳ ခံရသည့္အျပင္ ၎စာအုပ္အား ဟစ္တလာကိုယ္တိုင္ စိတ္ဝင္စားမႈ အျပည့္အဝျဖင့္ ဖတ္ရႈၿပီး အတည္ျပဳေပးခဲ့သည္။

၁၉၃၅ ခုႏွစ္တြင္ ဟစ္တလာလူငယ္ဟု အမည္ေပးထားသည့္ နာဇီပါတီ သစၥာေတာ္ခံမ်ားက လည္ပတ္ေနသည့္ ႏိုင္ငံေရး အဖြဲ႕အစည္းတစ္ခုတြင္ ရြန္းမဲလ္အား တာဝန္ေပးအပ္ျခင္း ခံရသည္။

၁၉၃၈ ခုႏွစ္တြင္ ဗိုလ္မွဴးႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ေနေသာ ရြန္းမဲလ္သည္ စစ္အကယ္ဒမီတြင္ တာဝန္ေပးအပ္ျခင္း ခံရျပန္သည္။ အဆိုပါ ​ေနရာ၌ တာဝန္ထမ္းေဆာင္ၿပီး မၾကာခင္မွာပင္ ရြန္းမဲလ္အား ဟစ္တလာ၏ သက္ေတာ္ေစာင့္ တပ္ရင္းကို ႀကီးၾကပ္ကြပ္ကဲရန္ ဟစ္တလာ ကိုယ္တုိင္ ေမတၱာရပ္ခံခဲ့ျခင္းေၾကာင့္ ေျပာင္းေရြႊ႕တာဝန္ထမ္းေဆာင္ခဲ့ရသည္။ ၎တပ္ရင္း၏ တာဝန္မွာ ဂ်ာမနီျပင္ပသို႔ ဟစ္တလာ ခရီးသြားတိုင္း လံုျခံဳေရးတာဝန္ ယူေပးရျခင္းပင္ ျဖစ္သည္။

“ဒုတိယကမာၻစစ္ႀကီး ႏွင့္ ရြန္းမဲလ္”

၁၉၃၉ ခုႏွစ္တြင္ ပိုလန္သို႔ က်ဴ းေက်ာ္ တိုက္ခိုက္ေသာအခါ၌ ရြန္းမဲလ္သည္ တပ္မွဴးအျဖစ္ စီမံ ကြပ္ကဲခဲ့ၿပီး ဟစ္တလာႏွင့္လည္း ထိေတြ႕မႈ မ်ားလာခဲ့သည္။ ဂ်ာမန္တို႔က ပိုလန္အား က်ဴး​ေက်ာ္ျခင္း ႏွင့္အတူ ျပင္သစ္ႏွင့္ အဂၤလန္တို႔ကလည္း ဂ်ာမနီအား စစ္ေၾကညာခဲ့သည္။

ပိုလန္ကို သိမ္းပိုက္ၿပီးသည့္ေနာက္တြင္ ရြန္းမဲလ္သည္ ပံုမွန္ၾကည္းတပ္ကို ကြပ္ကဲလိုေၾကာင္း ေဖာ္ထုတ္ ​ေတာင္းဆိုခဲ့သျဖင့္ ဟစ္တလာက “မင္းကို ပန္ဇာတပ္မ တစ္ခုေပးဖို႔ စီစဥ္ေပးမယ္” ဟု ဆိုကာ ၁၉၄၀ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ အမွတ္ (၇) တင့္ကားတပ္ကို ရြန္းမဲလ္၏ ကြပ္ကဲမႈ​ေအာက္သို႔ ထားရွိခဲ့သည္။

ယႏၲရားတပ္မ်ားကို ကိုင္တြယ္ကြပ္ကဲမႈျပဳရန္ သင္တန္း ၃ လ တက္ၿပီးေနာက္ ၁၉၄၀ ခုႏွစ္၊ ေမလတြင္ ျပင္သစ္သို႔ က်ဴးေက်ာ္တိုက္ခိုက္ေသာအခါ ရြန္းမဲလ္၏ တင့္ကားတပ္သည္ လူသိမ်ားလာခဲ့သည္။ အဘယ္ေၾကာင့္ဆိုေသာ္ လ်င္ျမန္ေသာ တိုက္ခိုက္မႈႏွင့္ ေရွ႕သို႔ ျမန္ ဆန္စြာ ခ်ီတက္ႏိုင္ခဲ့ျခင္းတို႔ေၾကာင့္ ရြန္းမဲလ္၏ တင့္ကားတပ္သည္ မၾကာခဏ ဆိုသလိုပင္ ဂ်ာမန္စစ္ဘက္ ထိပ္တန္း​ ေခါင္းေဆာင္မ်ားႏွင့္ အဆက္အသြယ္​ ျပတ္္ေတာက္သြားေလ့ရွိသည္။

မွတ္တမ္းတင္ထားသည့္ ယံုၾကည္ဖြယ္ရာရွိသည့္ မွတ္တမ္းမ်ားအရ တင့္ကားမ်ား တစ္ေန႔တာ ခ်ီတက္ေလ့ရွိေသာ ခရီး အကြာအေဝးမွာ မိုင္ေပါင္း (၂၀၀) နီးပါးခန္႔ပင္​ ျဖစ္​သည္​။ ရြန္းမဲလ္၏ တိုက္ခုိက္နည္း ဗ်ဴ ဟာအေပၚတြင္ အေကာင္းျမင္ လက္ခံသူမ်ား ရွိခဲ့သလို အဆိုးျမင္ ​ေဝဖန္သူမ်ားလည္း ​ေပၚထြက္ခဲ့၏ ။

ရြန္းမဲလ္၏ ဥေရာပစစ္ေျမျပင္ ေအာင္ျမင္မႈမ်ားေၾကာင့္ ဗိုလ္ခ်ဴပ္အဆင့္သို႔ ရာထူးတုိးျမွင့္ ေပးျခင္း ခံခဲ့ရၿပီး ၁၉၄၁ ခုႏွစ္ အ​ေစာပိုင္းတြင္ ၿဗိတိသွ် ဓနသဟာယ ႏိုင္ငံမ်ားမွ တပ္မ်ားေၾကာင့္ အႀကီးအက်ယ္ အရွံဳးႏွင့္ ရင္ဆိုင္ေနရေသာ အီတလီ စစ္ေၾကာင္းမ်ားကို တပ္ကူေပးရန္အတြက္ ရြန္းမဲလ္အား အာဖရိက ေျမာက္ပိုင္းရွိ လစ္ဗ်ားႏိုင္ငံသို႔ ေစလႊတ္ျခင္း ခံရသည္။

ေျမာက္အာဖရိက သဲကႏၲာရ တိုက္ပြဲမ်ားေၾကာင့္ ၿဗိတိသွ် ဂ်ာနယ္လစ္မ်ားက ရြန္းမဲလ္အား သဲကႏၲာရ ေျမေခြး ဆိုေသာ နာမည္ကို ေပးခဲ့ၾကသည္။

ေျမာက္အာဖရိက စစ္ဆင္ေရးတြင္ ရြန္းမဲလ္သည္ ဂ်ာမန္တပ္မ်ားႏွင့္ အီတလီတပ္မ်ားအား ကြပ္ကဲ၍ တိုက္ပြဲေပါင္း (၉) ခုကို ေအာင္ျမင္စြာ တိုက္ခိုက္ခဲ့ၿပီး မဟာမိတ္ တပ္မ်ားအား ထိတ္​လန္႔ေစခဲ့သည္။ သူ၏ ဂါဇလာတိုဘရပ္ တိုက္ပြဲတြင္ ထူးခြ်န္ေျပာင္ေျမာက္ေသာ နည္းဗ်ဴ ဟာေၾကာင့္ ဖီးမာရွယ္ ဟူ​ေသာ ဗိုလ္ခ်ဴပ္ႀကီး အဆင့္အထိ တိုးျမႇင္​့​ေပးျခင္း ခံခဲ့ရသည္။

သဲကႏၲာရအတြင္း သဲမုန္တိုင္းမ်ား တိုက္ခတ္ေနသည့္ အခါမ်ိဳးႏွင္​့ ညအေမွာင္ထုတို႔သည္ ရြန္းမဲလ္အဖို႔ သူ၏ တပ္အား ကြယ္ေဖ်ာက္ရန္အတြက္ အသံုးျပဳေလ့ရွိသည့္ အရာမ်ားပင္​ ျဖစ္​သည္​။

ဌာနခ်ဳဴပ္မွ အခ်ိန္ၾကာျမင့္စြာ ေပ်ာက္ေနတတ္ေလ့ရွိသျဖင့္ က်န္ရစ္ခဲ့ေသာ လက္ေထာက္ တပ္မမွဴးမွာ ရြန္းမဲလ္အား ဦးစြာတုိင္ပင္ရန္ မလိုဘဲ ကိုယ္ပိုင္ ဆံုးျဖတ္​ခ်က္​ ခ်ႏိုင္​​ေအာင္ စီမံထားခဲ့သည္။

တစ္​ခါတစ္​ရံ ရြန္းမဲလ္ ​ေရာက္ရွိေနေသာ ေနရာႏွင့္ သူ၏ ဌာနခ်ဳပ္မွာ မုိင္(၂၅၀)ခန္႔ပင္ ကြာေဝးေနတတ္သည္။

သို႔ေသာ္ ဟစ္တလာသည္ ဆိုဗီယက္အား တိုက္ခိုက္ေနသည့္ အခ်ိန္ျဖစ္သည့္အျပင္ အာဖရိက စစ္ေျမျပင္အား စိတ္မဝင္စားသည့္အတြက္ ရြန္းမဲလ္ မွာ ေထာက္ပံ့​ေရး ျပႆနာမ်ားျဖင့္ ရင္ဆိုင္ေနရေလ့ရွိသည္။ အဆိုးဆံုးမွာ မဟာမိတ္တပ္ဘက္မွ အာလာမိန္း တိုက္ပြဲတြင္ တန္ျပန္ထိုးစစ္ ဆင္ေနခ်ိန္တြင္ ေထာက္ပံ့မႈအား လံုေလာက္စြာ မေပးႏိုင္ခဲ့မႈေၾကာင့္ ရြန္းမဲလ္၏ တပ္မ်ားမွာ ေမာင့္ဂိုမာရီ တပ္မ်ားကို ရံႈးနိမ့္ခဲ့ရသည္။

သူကိုယ္တိုင္လည္း က်န္းမာ​ေရး မေကာင္းသျဖင့္ ဂ်ာမနီသို႔ ျပန္သြားခဲ့ရၿပီးေနာက္ ဟစ္တလာက သူ႔အား ေနာ္မန္ဒီ ကမ္းေျခ ကာကြယ္ေရးအတြက္ တာဝန္ေပးခဲ့သည္။

စစ္သမိုင္းပညာရွင္မ်ား အဆိုအရ အကယ္၍ ဟစ္တလာသာ အာဖရိက စစ္ေျမျပင္အတြက္ ေထာက္ပံ့​ေရးကို လံုေလာက္စြာ ေပးခဲ့မည္ဆိုပါက ဒုတိယကမၻာစစ္တြင္ ဂ်ာမန္​တို႔ အႏိုင္ရလိမ့္မည္​ဟု ယူဆခဲ့ၾကသည္။

ထို႔ေနာက္ ေနာ္မန္ဒီ ကမ္းေျခကို မဟာမိတ္တပ္မ်ား ထိုးစစ္ဆင္လာေသာအခါ ရြန္းမဲလ္တပ္မ်ားက ခုခံတိုက္ခိုက္ခဲ့ၾကၿပီး ညေနပိုင္းတြင္​ ရြန္းမဲလ္သည္ တပ္မ်ားကို စစ္ေဆးေနခ်ိန္၌ မဟာမိတ္ေလတပ္မွ ရြန္းမဲလ္၏ ကားကို ပစ္ခတ္ခဲ့သျဖင့္ ဒဏ္ရာျပင္းထန္စြာ ရရွိခဲ့သည္။

ေနာ္မန္ဒီကမ္းေျခ ကာကြယ္ေရးအတြက္ ခံတပ္မ်ား တည္ေဆာက္ရာတြင္လည္း ဖမ္းဆီးရမိေသာ စစ္သံု႔ပန္းမ်ားကို တည္ေဆာက္ေရးတြင္ မခိုင္းေစခဲ့ဘဲ သံု႔ပန္းေပၚလစီအတိုင္း ထားခဲ့သည့္အျပင္ ျပင္သစ္ဂ်ဴ းမ်ားကို သတ္ပစ္ရန္ ဟစ္တလာ အမိန္႔ေပးခဲ့သည္ကိုလည္း ျငင္းဆန္ခဲ့ေၾကာင္း ေနာက္ပိုင္းတြင္ သိရွိလာခဲ့သည္။

“ရြန္းမဲလ္၏ ဘဝနိဂံုး”

ၿဗိတိန္ဝန္ႀကီးခ်ဴပ္ျဖစ္သူ ဝင္စတန္ခ်ာခ်ီ၊ႏွင့္ ဘားနဒ္ေမာင့္ဂိုမာရီ အပါအဝင္ အျခား အထင္ကရ ေခါင္းေဆာင္မ်ားက ရြန္းမဲလ္အား ရန္သူပင္​ ျဖစ္​​ေသာ္​လည္း ေလးစားခဲ့ၾကသည္။

ရြန္းမဲလ္မွာ ဟစ္တလာ ႏွစ္ၿခိဳက္ သ​ေဘာက်သည့္ လက္ေရြးစင္ ဗိုလ္ခ်ဴပ္မ်ား စာရင္းတြင္ ပါရွိခဲ့သည္။ ထို႔အတူ မဟာမိတ္တို႔ဘက္မွ အစီအစဥ္ခ်ၿပီး လုပ္ၾကံသတ္ျဖတ္ရန္အတြက္ ျပဳလုပ္ထားေသာ စာရင္းထဲတြင္ ရြန္းမဲလ္၏ အမည္လည္း ပါဝင္ခဲ့ၿပီး ဒုတိယကမၻာစစ္အတြင္း ရြန္းမဲလ္အား လုပ္ႀကံ သတ္ျဖတ္ရန္အတြက္ အနည္းဆံုး ႏွစ္ႀကိမ္တိိုင္တိုင္ မဟာမိတ္တို႔ဘက္မွ ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္မႈ မရရွိခဲ့ေပ။

“ဂ်ာမန္ အဓိပတိ ဟစ္တလာအား လုပ္ႀကံမႈ”

ဟစ္တလာအား ဆန္႔က်င္မႈမ်ားသည္ ကြန္ဆာေဗးတစ္ပါတီ ႏွင့္ စစ္တပ္အတြင္း၌ အျမဲတမ္း ဆိုသလိုပင္ ရွိေနခဲ့သည္။ ဆိုဗီယက္သို႔ က်ဴ းေက်ာ္မႈ က််ဆံုးခဲ့ျခင္းႏွင့္အတူ ဆန္႔က်င္မႈမ်ားသည္လည္း ျပန္လည္ စတင္လာခဲ့သည္။ ၁၉၄၄ ခုႏွစ္ အ​ေစာပိုင္းတြင္ ရြန္းမဲလ္၏ အရင္းႏွီးဆံုး သူငယ္ခ်င္းျဖစ္သူ သံုးဦးမွ ရြန္းမဲလ္အား ဟစ္တလာကို လုပ္ႀကံရန္ ပူးေပါင္းၾကံစည္မႈ အတြင္းသို႔ ပါဝင္လာေအာင္ စတင္ ႀကိဳးပမ္းခဲ့သည္။

ဂ်ာမနီအား ကယ္ဆယ္ရန္ဆိုေသာ အေျခအေန တစ္ရပ္ကို ရြန္းမဲလ္ မွ လက္ခံခဲ့ေသာ္လည္း ဟစ္တလာအား လုပ္ႀကံသတ္ျဖတ္ရန္ အစီအစဥ္ကိုမူ ဆန္႔က်င္ခဲ့သည္။ ဟစ္တလာအား လုပ္ႀကံလိုက္လွ်င္ ဂ်ာမနီႏွင့္ ၾသစႀတီးယားတြင္ ျပည္တြင္းစစ္မီး ေတာက္ေလာင္လာေအာင္ အစပ်ဴ ိးေပးလိုက္သလို ရွိမည္ဟု ရြန္းမဲလ္က ယံုၾကည္ျခင္းေၾကာင့္ပင္ ျဖစ္သည္။ လုပ္ႀကံမည့္အစား ဟစ္တလာအား ဖမ္းဆီးၿပီး ခံုရုံးတင္ရန္ ရြန္းမဲလ္မွ တိုက္တြန္းခဲ့သည္။

ဇူလိုင္လ (၂၀) ရက္ေန႔တြင္ ဟစ္တလာအား လုပ္ႀကံသည့္ ဗံုးခြဲတိုက္ခိုက္မႈ က်ဆံုးခဲ့ၿပီးသည့္ေနာက္ လုပ္ႀကံမႈတြင္ ပါဝင္သူ အမ်ားအျပား ဖမ္းဆီးခံခဲ့ရၿပီး ရြန္းမဲလ္၏ နာမည္ကိုလည္း ဆြဲထည့္ခဲ့သည္။ ထိုအခ်ိန္တြင္ ရြန္းမဲလ္မွာ ေနာ္မန္ဒီတိုက္ပြဲမွ ရရွိခဲ့ေသာ ဒဏ္ရာမ်ားေၾကာင့္ အိမ္တြင္ အနားယူေနခ်ိန္လည္း ျဖစ္သည္။ သို႔ေသာ္ ဂတ္စတာပိုမွ လုပ္ႀကံမႈတြင္ ပါဝင္သူမ်ားကို စစ္ေဆးေသာအခါ ရြန္းမဲလ္ ပါဝင္ေၾကာင္း ဝန္ခံခဲ့ျခင္း၊ အကယ္၍ လုပ္ႀကံမႈ ေအာင္ျမင္ခဲ့ပါက ရြန္းမဲလ္အား ေခါင္းေဆာင္ ေနရာတြင္ လ်ာထားျခင္းႏွင့္ ျပင္သစ္ႏိုင္ငံရွိ နာဇီပါတီမွ တာဝန္ရွိသူမ်ားက ရြန္းမဲလ္သည္ နာဇီပါတီအေပၚ က်ယ္က်ယ္ျပန္႔ျပန္႔ႏွင့္ အထင္အျမင္ေသးစြာ ေဝဖန္ေနသည္ဟု သတင္းေပးပို႔မႈမ်ားသည္ ရြန္းမဲလ္အား အဆင္းကို ဘီးတပ္ေပးသလို ျဖစ္ေနခဲ့သည္။

“ရြန္းမဲလ္ ေသဆံုးျခင္း”

စစ္ခံုးရုံးဖြဲ႕၍ လုပ္ႀကံမႈတြင္ ပါဝင္သူမ်ားအား စစ္ေဆးၿပီး ေသဒဏ္မ်ားကို ညတြင္းခ်င္း ေပးခဲ့ၿပီး အခ်ိဳ႕ကို ေထာင္ခ်ခဲ့သည္။ ထိုအခ်ိန္ ျဖစ္ပ်က္ေနသမွ်ကုိ အိမ္တြင္ ေနထိုင္ေနေသာ ရြန္းမဲလ္မွာ လံုးဝ မသိရွိခဲ့ေသးေပ။ ဟစ္တလာမွာ ရြန္းမဲလ္အား အျခားသူမ်ားနည္းတူ ခံုရံုးဖြဲ႕၍ ေသဒဏ္ေပးရန္ မျဖစ္ေၾကာင္း စဥ္းစားမိသျဖင့္ ရြန္းမဲလ္အား မိမိကိုယ္ကို အဆံုးစီရင္ခြင့္ ေပးလိုက္ရန္ ဆံုးျဖတ္ခ်က္ခ်ခဲ့သည္။

ဟစ္တလာ၏ ဌာနခ်ဳပ္မွ ဗိုလ္ခ်ဴ ပ္ႏွစ္ဦးသည္ ရြန္းမဲလ္၏ အိမ္သို႔ ၁၉၄၄ ခုႏွစ္၊ ေအာက္တိုဘာလ (၁၄) ရက္ေန႔တြင္ ေရာက္ရွိလာခဲ့ၿပီး သူ႔အား တင္ထားေသာ စြဲခ်က္မ်ားကို ရြန္းမဲလ္အား အသိေပး အေၾကာင္းၾကားခဲ့ၿပီး လူထုခံုရုံး အတင္ခံမည္ သို႔မဟုတ္ မိမိကိုယ္ကို သတ္ေသမည္ ဆိုသည့္ လမ္းႏွစ္သြယ္ အနက္မွ တစ္ခုကို ​ေရြးခ်ယ္ေစခဲ့သည္။

လူထုခံုရံုး အတင္ခံရလွ်င္ သူ၏ လက္ေအာက္ငယ္သားမ်ားပါ အဖမ္းခံရၿပီး မိသားစုမွာလည္​း ျပစ္ဒဏ္ စီရင္ခံရၿပီးေနာက္ အသတ္ခံရေပမည္။

ဒုတိယတစ္ခုကို ေရြးခ်ယ္ခဲ့လွ်င္ အစိုးရသည္ သူ၏ မိသားစုအား အၿငိမ္းစား ပင္စာလစာ အျပည့္အဝ ေပးအပ္ရန္ႏွင့္ သူ၏ စ်ာပနကို ႏိုင္ငံ​ေတာ္ အခမ္းအနားျဖင့္ သူရဲေကာင္းတစ္ဦး ေသဆံုးသကဲ့သို႔ ျပဳလုပ္ေပးမည္ဟုလည္း ဟစ္တလာက ေျပာၾကားခဲ့သည္။

ဟစ္တလာ လႊြတ္လိုက္သူမ်ားက ဆိုင္ယာႏိုက္ အဆိပ္ေဆးေတာင့္ တစ္ေတာင့္ကိုလည္း တစ္ပါတည္း ယူေဆာင္လာခဲ့သည္။ ရြန္းမဲလ္သည္ မိနစ္အနည္းငယ္ တစ္ကိုယ္တည္း စဥ္းစားၿပီးသည့္ေနာက္ သူ၏ ဘဝကို အဆံုးသတ္ရန္ ေရြးခ်ယ္ထားၿပီးေၾကာင္း ေၾကညာခဲ့ၿပီး သူ၏ ဆံုးျဖတ္ခ်က္ကို ဇနီးႏွင့္ သားျဖစ္သူတို ႔အား ရွင္းျပခဲ့သည္။

ထို႔ေနာက္ ရြန္းမဲလ္အား ကားျဖင့္ ေခၚေဆာင္သြားခဲ့ၿပီး ဆိုင္ယာႏိုက္ အဆိပ္ေသာက္၍ မိမိကိုယ္ကို အဆံုးစီရင္သြားခဲ့ၿပီးေနာက္ သူ၏ဘဝကို အသက္ (၅၂) ႏွစ္​ အရြယ္တြင္ နိဂံုးခ်ဳပ္ခဲ့သည္။ ႏုရင္ဘတ္​ ခံုရံုးတြင္ စစ္ေဆးစဥ္က အဆံုးစီရင္စဥ္ လိုက္ပါခဲ့ေသာ ဗိုလ္ခ်ဴပ္ ၂ ဦး၏ ေျပာၾကားခ်က္အရ လမ္းခရီးတြင္ အဆိပ္ေတာင့္ကို ကိုက္၍ သတ္ေသသြားခဲ့သည္ဟု ေျပာၾကားခဲ့ေသာ္လည္း ေနာင္အခါတြင္ ေသခ်ာေစရန္ ေသနတ္ျဖင့္ ဦးေခါင္းကို ပစ္ခတ္ခဲ့သည္ဟုလည္း သတင္းမ်ား ထြက္ေပၚလာခဲ့သည္။

အမွန္တကယ္ေတာ့ ဟစ္တလာသည္ အမ်ဴ ိးသား သူရဲေကာင္းသဖြယ္​ ျဖစ္​လာသည္​့ ရြန္းမဲလ္အား ေၾကာက္ရြံ႕လာသျဖင့္ တိတ္တဆိတ္ ဖယ္ရွားလိုသည့္ အတြက္ေၾကာင့္ ရြန္းမဲလ္အား အဆိပ္ေသာက္၍ ကုိယ့္ကိုကိုယ္ အဆံုးစီရင္ရန္ အေျခအေနသို႔ တြန္းပို႔ခဲ့ျခင္းပင္​ ျဖစ္​သည္​။

ထိုစဥ္က တရားဝင္ေအာင္ လုပ္ႀကံထားသည့္ ဇာတ္လမ္းမ်ားတြင္ ရြန္းမဲလ္သည္ ႏွလံုးေရာဂါ ခံစားရသျဖင့္ (သို႔) ေနာ္မန္ဒီ ကမ္းတက္တိုက္ပြဲတြင္ သူစီးနင္းလာေသာ ကားကုိ မဟာမိတ္တို႔ဘက္မွ စပစ္ဖိုင္းယား ေလယာဥ္ပ်ံ တစ္စင္း​ေပၚမွ စက္ေသနတ္ျဖင့္ ပစ္ခတ္ခဲ့စဥ္က ရရွိထားသည့္ ဒဏ္ရာမ်ားေၾကာင့္ ေသဆံုးသြားေၾကာင္း ေဖာ္ျပခဲ့သည္။

ရြန္းမဲလ္၏ စ်ာပနကို ဟစ္တလာကိုယ္တိုင္ မတက္ေရာက္ခဲ့ဘဲ သူ၏ကိုယ္စား ဖီးမာရွယ္လ္ တစ္ဦးအား ေစလႊတ္ခဲ့၏။ နာဇီတို႔သည္ ရြန္းမဲလ္၏ အေလာင္းတြင္ နာဇီအလံမ်ားျဖင့္ ခမ္းနားစြာ တန္ဆာဆင္ ေပးခဲ့ၾကသည္။

ရြန္းမဲလ္ ​ေသဆံုးရျခင္း၏ အေၾကာင္းအရင္း အမွန္ကို ၁၉၄၅ ခုႏွစ္၊ ဧၿပီလတြင္ ရြန္းမဲလ္၏ ဇနီးျဖစ္သူထံမွ မဟာမိတ္တို႔က အေၾကာင္းအရင္း အလံုးစံုကို သိရွိခဲ့ၾကသည္။ ထိုအခါတြင္ မဟာမိတ္တို႔ဘက္မွလည္း ရြန္းမဲလ္၏ ဘဝဇာတ္သိမ္းကို ပို၍ သနားလာခဲ့ၾကသည္။

စစ္ႀကီး ၿပီးဆံုးသြားခဲ့ၿပီးေနာက္ ဟစ္တလာအား လုပ္ႀကံမႈတြင္ ရြန္းမဲလ္ ပါဝင္ ပတ္သက္ခဲ့သည္ကို သိရွိခဲ့ေသာအခါ၌ ရြန္းမဲလ္၏ ေၾကကြဲစရာ ဘဝဇာတ္သိမ္းကို မဟာမိတ္ႏိုင္ငံမ်ားမွလည္း စာအုပ္မ်ား၊ အမွတ္တရ အထိမ္​းအမွတ္မ်ားျဖင့္ ဂုဏ္ျပဳထားရွိခဲ့ၾက​ေလသည္။

Swam Htet


သဲကန္တာရမြေခွေး (သို့မဟုတ်) ဖီးမာရှယ်လ် အာဝင် ရွန်းမဲလ် (unicode)

မူရင်း ရေးသားသူ – Swam Htet

သဲကန္တာရ မြေခွေးဟု လူသိများခဲ့သည့် ဖီးမာရှယ် ရွန်းမဲလ်သည် ဒုတိယကမ္ဘာစစ်ကြီး အတွင်း၌ သူ အုပ်ချူပ် ကွပ်ကဲသည့် ဂျာမန် စစ်ကြောင်းများ နှင့်အတူ သူနှင့် တိုက် ခိုက်ခဲ့သော ရန်သူများ၏ လေးစားသမှု အပြုခံခဲ့ရသော ဂျာမန် စစ်သားကောင်း တစ်ဦး ဖြစ်​ပေသည်​။ ပထမကမ္ဘာစစ်ကြီး အတွင်း အီတလီ ရှေ့တန်း စစ်မျက်နှာ၌ သူ၏ ရဲဝံ့စွန့်စားသော လုပ်ရပ်များကြောင့် ရွန်းမဲလ်သည် ပိုလာမဲရစ် ဟုခေါ်သော ဆုတံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရသည့် အရာရှိတစ်ဦးလည်း ဖြစ်သည်။

ဒုတိယကမ္ဘာစစ်မီးကြီး တဟုန်းဟုန်း တောက်လောင်လာသော အချိန် ၁၉၄၀ ခုနှစ်တွင်​ ပြင်သစ်ကို ကျူးကျော် ဝင်ရောက်သောအခါ ရွန်းမဲလ်သည် အမှတ် (၇) တင့်ကား တပ်မှူး အဖြစ် ထင်ရှား ကျော်ကြားခဲ့သည်။ မြောက်အာဖရိကတွင် ဂျာမန်တပ်များ နှင့် အီတလီတပ်များကို ဦးဆောင် တိုက်ပွဲဝင်ခဲ့ခြင်းသည် ရွန်းမဲလ်အား ထူးချွန်မှု အရှိဆုံးသော တပ်မှူးများထဲမှ တစ်ဦးအဖြစ်သို့ ရောက်ရှိစေခဲ့သည့်အပြင် သဲကန္တာရ မြေခွေး ဆိုသော ဘွဲ့ထူး ဂုဏ်ထူးကိုလည်း ရရှိစေခဲ့၏။

ရွန်းမဲလ်အား သဲကန္တာရ စစ်ဆင်ရေးတွင် ကျွမ်းကျင်လိမ္မာမှု အရှိဆုံးသော တပ်မှူ း တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြသည့်အပြင် ကြင်နာတတ်သော၊ စစ်သားကောင်း ပီသသော အရာရှိတစ်ဦး အဖြစ်လည်း သတ်မှတ်ခဲ့ကြပြန်သည်။ ရွမ်​းမဲလ်​သည်​ နာဇီစစ်တပ်ဘက်မှ စစ်ရာဇဝတ်မှုဖြင့် စွပ်စွဲခြင်း မခံခဲ့ရသည့် တစ်​ဦးတည်​း​သော စစ်ဗိုလ်ချူပ်ကြီးလည်း ဖြစ်သည့်အပြင် နာဇီ စစ်ဗိုလ်ချူပ်များထဲတွင် မဟာမိတ်တို့ ပြတိုက်၌ အမှတ်တရ အခန်​းဖြင်​့ ဂုဏ်ပြုခြင်း ခံခဲ့ရသော တစ်​ဦးတည်​း​သော နာဇီ ဗိုလ်ချူပ်လည်း ဖြစ်သည်။

ထို့ပြင် အာဖရိကစစ်ဆင်ရေးတွင် အဖမ်းဆီးခံခဲ့ရသော မဟာမိတ် စစ်သားများကိုလည်း လူသားချင်း စာနာ ထောက်ထားစွာ ဆက်ဆံခဲ့သူအဖြစ် ထင်ရှားခဲ့သူလည်း ဖြစ်သည်။ ဖမ်းဆီးရမိသော ဂျူး လူမျိူး စစ်သားများ၊ အရပ်သားများအား သတ်ဖြတ်ဖို့ အမိန့်ပေးရန် အတွက် လျစ်လျူ ရှုခဲ့သူလည်း ဖြစ်သည်။

“ရွန်းမဲလ် ၏ ငယ်စဉ်ဘဝ”

ရွန်းမဲလ် ကို ၁၈၉၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ဂျာမနီနိုင်ငံ တောင်ပိုင်း၌ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ ပရော်ဖက်ဆာတစ်ဦး ဖြစ်ပြီး ရွန်းမဲလ်သည် မွေးချင်း လေးယောက် ထဲတွင် ဒုတိယမြောက် ဖြစ်သည်။ ဖခင်ဖြစ်သူမှာ ငယ်ရွယ်စဉ် အချိန်က အမြောက်တပ်တွင် အမှုထမ်းခဲ့ပြီး အဖေဖြစ်သူ၏ ဆန္ဒကို လိုက်လျောသည့် အနေဖြင့် အသက် (၁၈) နှစ်တွင် ရွန်းမဲလ်သည် အင်ဂျင်နီယာ တစ်ဦး ဖြစ်ရန် မူရင်းဆန္ဒကို ပယ်ဖျောက်ပြီး တပ်ထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

၁၉၁၁ ခုနှစ်တွင် စစ်ကျောင်းမှ ဘွဲ့ရခဲ့ပြီးသည့်နောက် ဗိုလ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ယင်းအချိန်၌ ရွန်းမဲလ်သည် အမျိုးသမီး တစ်ဦး နှင့် ငြိစွန်းခဲ့ပြီး သမီးတစ်ဦး ထွန်းကားခဲ့သည်။ အဆိုပါ အမျိုးသမီးနှင့် ပြတ်စဲသွားပြီးနောက် အနာဂတ်တွင် သူ၏ ဘဝကြင်ဖော် ဖြစ်လာမည့် အမျိုးသမီးတစ်ဦးအား တွေ့ဆုံခဲ့ပြီးနောက် ၁၉၁၆ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ၁၂ နှစ် အကြာတွင် သား ယောက်ျားလေး တစ်ဦး ထွန်းကားခဲ့သည်။ ရွန်းမဲလ် သမီးဖြစ်သူ၏ မိခင်မှာ ကွယ်လွန်သွားခဲ့သဖြင့် သမီးဖြစ်သူအား သူ၏ ဘဝ တစ်လျှောက်လုံး ကြည့်ရှု​စောင့်ရှောက်ခဲ့၏။

သဲကန္တာရ စစ်ဆင်ရေးတွင် ရိုက်ကူးထားသော များပြားလှစွာသော ဓာတ်ပုံများထဲ၌ သမီးဖြစ်သူမှ ပြုလုပ်ပေးထားသည့် အကွက်ဖေါ်ထားသော လည်စည်းပုဝါကို စည်းထားသည့် ရွန်းမဲလ်ကို တွေ့ရလေ့ရှိသည်။ ရွန်းမဲလ်၏ သားဖြစ်သူမှာ နောင်တွင် စတုဂတ်မြို့တော်ဝန် ဖြစ်လာခဲ့သည်။

“ရွန်းမဲလ် နှင့် ပထမကမ္ဘာစစ်ကြီး”

ပထမကမ႓ာစစ်ကြီး စတင်သောအခါ ရွန်းမဲလ်သည် ပြင်သစ်၊ ရိုမေးနီးယား နှင့် အီတလီနိုင်ငံများတွင် တိုက်ပွဲဝင်ခဲ့ပြီး သူ၏ ပြောင်မြောက်သော သတ္တိ၊ မြန်ဆန်လှသည့် နည်းဗျူဟာ ဆုံးဖြတ်ချက်များနှင့် ရန်သူများ ကမောက်ကမ ဖြစ်နေချိန်ကို အကျိူးရှိရှိ အသုံးချတတ်မှုများကြောင့် အောင်မြင်မှုများ ရရှိခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် 2nd Class Iron Cross နှင့် ၁၉၁၅ ခုနှစ်တွင် 1st Class Iron Cross ဆုများ ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ရွန်းမဲလ်သည် ကာပိုရက်တို တိုက်ပွဲတွင် ထူးချွန်စွာ တိုက်ခိုက်ခဲ့ခြင်းကြောင့် ၁၉၁၈ ခုနှစ်တွင် ဂျာမနီ နိုင်ငံ၏ အမြင့်ဆုံး သူရဲကောင်းဘွဲ့ ဖြစ်သည့် ပိုလာမဲရစ် ဆုတံဆိပ်ကို ချီးမြှင့်ခြင်း ခံခဲ့ရပြီး အဲလ်ပ် တောင်တန်းကြီး၏ အရှေ့မြောက်ဘက်ရှိ Isonzo မြစ်တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲ၌ သူကိုယ်တိုင် ဦးဆောင် တိုက်ခိုက်ခဲ့မှုကြောင့် ဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် ရွန်းမဲလ်၏ တပ်၌ အသေအပျောက် လွန်စွာ နည်းပါးလှသည်။ (၆) ယောက်သာ ကျဆုံးခဲ့ပြီး အယောက် (၃၀) သာ ဒဏ်ရာရခဲ့သော်လည်း ရန်သူဘက်မှ အရာရှိ (၁၅၀) နှင့် တပ်သား (၉၀၀၀) ကျော် ဖမ်းဆီးရမိခဲ့ပြီး အမြောက် နှင့် လက်နက် ပစ္စည်းပေါင်း (၈၁) ခုကို သိမ်းပိုက်ရရှိခဲ့သည်။

ပထမကမ္ဘာစစ်ကြီးအတွင်း၌ ရွန်းမဲလ်မှာ သုံးကြိမ်တိတိ ဒဏ်ရာ ရရှိခဲ့သည်။

ပထမကမ္ဘာစစ်ကြီး ပြီးသည့်နောက်ဝယ် ရွန်းမဲလ်သည် တောင်ပိုင်း ဂျာမန်တစ်ဦး ဖြစ်သည့်အလျောက် ပစားပေးခြင်း မခံရဘဲ စစ်ကြီး ပြီးဆုံးသွားသောအခါ သာမန် ရာထူးဖြင့် ချောင်ထိုးခံလိုက်ရသဖြင့် စစ်ကျောင်းတွင် ၁၉၂၉ ခုနှစ်မှ ၁၉၃၃ ခုနှစ်အထိ သရုပ်ပြတစ်ဦးအဖြစ်​ တာဝန်ထမ်းဆောင်ခဲ့၏။ ထိုအချိန်တွင် ကြည်းတပ် သင်တန်းအတွက် အရာရှိလက်စွဲ စာအုပ် တစ်အုပ်ကို ရေးသားပြုစုခဲ့ပြီး ကိုယ်ပိုင်အချိန်၌လည်း ကြည်းတပ် စစ်ဆင်ရေး အမည်ရသော စာအုပ်တစ်အုပ်ကို ရေးသားခဲ့၏။

ယင်းစာအုပ်ထဲတွင် ပထမကမ္ဘာစစ်ကြီးအတွင်း သူပါဝင် ပတ်သက်ခဲ့ရသည့် အမျိုးမျိုး​သော တိုက်ပွဲများအကြောင်းကို သူ၏ ထင်မြင်ချက်များဖြင့် ပေါင်းစပ်ပြီး ရေးသားထားခြင်း ဖြစ်သည်။ စစ်အတွင်းက ​ရေးသားထားခဲ့သည့် ရွန်းမဲလ်၏ နေ့စဉ်မှတ်တမ်း စာအုပ်သည်လည်း စစ်ဖက်ဆိုင်ရာ သင်ရိုးညွန်းတမ်း အဖြစ် အဆင့်မြင့်စွာ အသိအမှတ်ပြု ခံရသည့်အပြင် ၎င်းစာအုပ်အား ဟစ်တလာကိုယ်တိုင် စိတ်ဝင်စားမှု အပြည့်အဝဖြင့် ဖတ်ရှုပြီး အတည်ပြုပေးခဲ့သည်။

၁၉၃၅ ခုနှစ်တွင် ဟစ်တလာလူငယ်ဟု အမည်ပေးထားသည့် နာဇီပါတီ သစ္စာတော်ခံများက လည်ပတ်နေသည့် နိုင်ငံရေး အဖွဲ့အစည်းတစ်ခုတွင် ရွန်းမဲလ်အား တာဝန်ပေးအပ်ခြင်း ခံရသည်။

၁၉၃၈ ခုနှစ်တွင် ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ရွန်းမဲလ်သည် စစ်အကယ်ဒမီတွင် တာဝန်ပေးအပ်ခြင်း ခံရပြန်သည်။ အဆိုပါ ​နေရာ၌ တာဝန်ထမ်းဆောင်ပြီး မကြာခင်မှာပင် ရွန်းမဲလ်အား ဟစ်တလာ၏ သက်တော်စောင့် တပ်ရင်းကို ကြီးကြပ်ကွပ်ကဲရန် ဟစ်တလာ ကိုယ်တိုင် မေတ္တာရပ်ခံခဲ့ခြင်းကြောင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၎င်းတပ်ရင်း၏ တာဝန်မှာ ဂျာမနီပြင်ပသို့ ဟစ်တလာ ခရီးသွားတိုင်း လုံခြုံရေးတာဝန် ယူပေးရခြင်းပင် ဖြစ်သည်။

“ဒုတိယကမ္ဘာစစ်ကြီး နှင့် ရွန်းမဲလ်”

၁၉၃၉ ခုနှစ်တွင် ပိုလန်သို့ ကျူ းကျော် တိုက်ခိုက်သောအခါ၌ ရွန်းမဲလ်သည် တပ်မှူးအဖြစ် စီမံ ကွပ်ကဲခဲ့ပြီး ဟစ်တလာနှင့်လည်း ထိတွေ့မှု များလာခဲ့သည်။ ဂျာမန်တို့က ပိုလန်အား ကျူး​ကျော်ခြင်း နှင့်အတူ ပြင်သစ်နှင့် အင်္ဂလန်တို့ကလည်း ဂျာမနီအား စစ်ကြေညာခဲ့သည်။

ပိုလန်ကို သိမ်းပိုက်ပြီးသည့်နောက်တွင် ရွန်းမဲလ်သည် ပုံမှန်ကြည်းတပ်ကို ကွပ်ကဲလိုကြောင်း ဖော်ထုတ် ​တောင်းဆိုခဲ့သဖြင့် ဟစ်တလာက “မင်းကို ပန်ဇာတပ်မ တစ်ခုပေးဖို့ စီစဉ်ပေးမယ်” ဟု ဆိုကာ ၁၉၄၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမှတ် (၇) တင့်ကားတပ်ကို ရွန်းမဲလ်၏ ကွပ်ကဲမှု​အောက်သို့ ထားရှိခဲ့သည်။

ယန္တရားတပ်များကို ကိုင်တွယ်ကွပ်ကဲမှုပြုရန် သင်တန်း ၃ လ တက်ပြီးနောက် ၁၉၄၀ ခုနှစ်၊ မေလတွင် ပြင်သစ်သို့ ကျူးကျော်တိုက်ခိုက်သောအခါ ရွန်းမဲလ်၏ တင့်ကားတပ်သည် လူသိများလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လျင်မြန်သော တိုက်ခိုက်မှုနှင့် ရှေ့သို့ မြန် ဆန်စွာ ချီတက်နိုင်ခဲ့ခြင်းတို့ကြောင့် ရွန်းမဲလ်၏ တင့်ကားတပ်သည် မကြာခဏ ဆိုသလိုပင် ဂျာမန်စစ်ဘက် ထိပ်တန်း​ ခေါင်းဆောင်များနှင့် အဆက်အသွယ်​ ပြတ်တောက်သွားလေ့ရှိသည်။

မှတ်တမ်းတင်ထားသည့် ယုံကြည်ဖွယ်ရာရှိသည့် မှတ်တမ်းများအရ တင့်ကားများ တစ်နေ့တာ ချီတက်လေ့ရှိသော ခရီး အကွာအဝေးမှာ မိုင်ပေါင်း (၂၀၀) နီးပါးခန့်ပင်​ ဖြစ်​သည်​။ ရွန်းမဲလ်၏ တိုက်ခိုက်နည်း ဗျူ ဟာအပေါ်တွင် အကောင်းမြင် လက်ခံသူများ ရှိခဲ့သလို အဆိုးမြင် ​ဝေဖန်သူများလည်း ​ပေါ်ထွက်ခဲ့၏ ။

ရွန်းမဲလ်၏ ဥရောပစစ်မြေပြင် အောင်မြင်မှုများကြောင့် ဗိုလ်ချူပ်အဆင့်သို့ ရာထူးတိုးမြှင့် ပေးခြင်း ခံခဲ့ရပြီး ၁၉၄၁ ခုနှစ် အ​စောပိုင်းတွင် ဗြိတိသျှ ဓနသဟာယ နိုင်ငံများမှ တပ်များကြောင့် အကြီးအကျယ် အရှုံးနှင့် ရင်ဆိုင်နေရသော အီတလီ စစ်ကြောင်းများကို တပ်ကူပေးရန်အတွက် ရွန်းမဲလ်အား အာဖရိက မြောက်ပိုင်းရှိ လစ်ဗျားနိုင်ငံသို့ စေလွှတ်ခြင်း ခံရသည်။

မြောက်အာဖရိက သဲကန္တာရ တိုက်ပွဲများကြောင့် ဗြိတိသျှ ဂျာနယ်လစ်များက ရွန်းမဲလ်အား သဲကန္တာရ မြေခွေး ဆိုသော နာမည်ကို ပေးခဲ့ကြသည်။

မြောက်အာဖရိက စစ်ဆင်ရေးတွင် ရွန်းမဲလ်သည် ဂျာမန်တပ်များနှင့် အီတလီတပ်များအား ကွပ်ကဲ၍ တိုက်ပွဲပေါင်း (၉) ခုကို အောင်မြင်စွာ တိုက်ခိုက်ခဲ့ပြီး မဟာမိတ် တပ်များအား ထိတ်​လန့်စေခဲ့သည်။ သူ၏ ဂါဇလာတိုဘရပ် တိုက်ပွဲတွင် ထူးချွန်ပြောင်မြောက်သော နည်းဗျူ ဟာကြောင့် ဖီးမာရှယ် ဟူ​သော ဗိုလ်ချူပ်ကြီး အဆင့်အထိ တိုးမြှင်​့​ပေးခြင်း ခံခဲ့ရသည်။

သဲကန္တာရအတွင်း သဲမုန်တိုင်းများ တိုက်ခတ်နေသည့် အခါမျိုးနှင်​့ ညအမှောင်ထုတို့သည် ရွန်းမဲလ်အဖို့ သူ၏ တပ်အား ကွယ်ဖျောက်ရန်အတွက် အသုံးပြုလေ့ရှိသည့် အရာများပင်​ ဖြစ်​သည်​။

ဌာနချူပ်မှ အချိန်ကြာမြင့်စွာ ပျောက်နေတတ်လေ့ရှိသဖြင့် ကျန်ရစ်ခဲ့သော လက်ထောက် တပ်မမှူးမှာ ရွန်းမဲလ်အား ဦးစွာတိုင်ပင်ရန် မလိုဘဲ ကိုယ်ပိုင် ဆုံးဖြတ်​ချက်​ ချနိုင်​​အောင် စီမံထားခဲ့သည်။

တစ်​ခါတစ်​ရံ ရွန်းမဲလ် ​ရောက်ရှိနေသော နေရာနှင့် သူ၏ ဌာနချုပ်မှာ မိုင်(၂၅၀)ခန့်ပင် ကွာဝေးနေတတ်သည်။

သို့သော် ဟစ်တလာသည် ဆိုဗီယက်အား တိုက်ခိုက်နေသည့် အချိန်ဖြစ်သည့်အပြင် အာဖရိက စစ်မြေပြင်အား စိတ်မဝင်စားသည့်အတွက် ရွန်းမဲလ် မှာ ထောက်ပံ့​ရေး ပြဿနာများဖြင့် ရင်ဆိုင်နေရလေ့ရှိသည်။ အဆိုးဆုံးမှာ မဟာမိတ်တပ်ဘက်မှ အာလာမိန်း တိုက်ပွဲတွင် တန်ပြန်ထိုးစစ် ဆင်နေချိန်တွင် ထောက်ပံ့မှုအား လုံလောက်စွာ မပေးနိုင်ခဲ့မှုကြောင့် ရွန်းမဲလ်၏ တပ်များမှာ မောင့်ဂိုမာရီ တပ်များကို ရှုံးနိမ့်ခဲ့ရသည်။

သူကိုယ်တိုင်လည်း ကျန်းမာ​ရေး မကောင်းသဖြင့် ဂျာမနီသို့ ပြန်သွားခဲ့ရပြီးနောက် ဟစ်တလာက သူ့အား နော်မန်ဒီ ကမ်းခြေ ကာကွယ်ရေးအတွက် တာဝန်ပေးခဲ့သည်။

စစ်သမိုင်းပညာရှင်များ အဆိုအရ အကယ်၍ ဟစ်တလာသာ အာဖရိက စစ်မြေပြင်အတွက် ထောက်ပံ့​ရေးကို လုံလောက်စွာ ပေးခဲ့မည်ဆိုပါက ဒုတိယကမ္ဘာစစ်တွင် ဂျာမန်​တို့ အနိုင်ရလိမ့်မည်​ဟု ယူဆခဲ့ကြသည်။

ထို့နောက် နော်မန်ဒီ ကမ်းခြေကို မဟာမိတ်တပ်များ ထိုးစစ်ဆင်လာသောအခါ ရွန်းမဲလ်တပ်များက ခုခံတိုက်ခိုက်ခဲ့ကြပြီး ညနေပိုင်းတွင်​ ရွန်းမဲလ်သည် တပ်များကို စစ်ဆေးနေချိန်၌ မဟာမိတ်လေတပ်မှ ရွန်းမဲလ်၏ ကားကို ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

နော်မန်ဒီကမ်းခြေ ကာကွယ်ရေးအတွက် ခံတပ်များ တည်ဆောက်ရာတွင်လည်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို တည်ဆောက်ရေးတွင် မခိုင်းစေခဲ့ဘဲ သုံ့ပန်းပေါ်လစီအတိုင်း ထားခဲ့သည့်အပြင် ပြင်သစ်ဂျူ းများကို သတ်ပစ်ရန် ဟစ်တလာ အမိန့်ပေးခဲ့သည်ကိုလည်း ငြင်းဆန်ခဲ့ကြောင်း နောက်ပိုင်းတွင် သိရှိလာခဲ့သည်။

“ရွန်းမဲလ်၏ ဘဝနိဂုံး”

ဗြိတိန်ဝန်ကြီးချူပ်ဖြစ်သူ ဝင်စတန်ချာချီ၊နှင့် ဘားနဒ်မောင့်ဂိုမာရီ အပါအဝင် အခြား အထင်ကရ ခေါင်းဆောင်များက ရွန်းမဲလ်အား ရန်သူပင်​ ဖြစ်​​သော်​လည်း လေးစားခဲ့ကြသည်။

ရွန်းမဲလ်မှာ ဟစ်တလာ နှစ်ခြိုက် သ​ဘောကျသည့် လက်ရွေးစင် ဗိုလ်ချူပ်များ စာရင်းတွင် ပါရှိခဲ့သည်။ ထို့အတူ မဟာမိတ်တို့ဘက်မှ အစီအစဉ်ချပြီး လုပ်ကြံသတ်ဖြတ်ရန်အတွက် ပြုလုပ်ထားသော စာရင်းထဲတွင် ရွန်းမဲလ်၏ အမည်လည်း ပါဝင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ရွန်းမဲလ်အား လုပ်ကြံ သတ်ဖြတ်ရန်အတွက် အနည်းဆုံး နှစ်ကြိမ်တိုင်တိုင် မဟာမိတ်တို့ဘက်မှ ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

“ဂျာမန် အဓိပတိ ဟစ်တလာအား လုပ်ကြံမှု”

ဟစ်တလာအား ဆန့်ကျင်မှုများသည် ကွန်ဆာဗေးတစ်ပါတီ နှင့် စစ်တပ်အတွင်း၌ အမြဲတမ်း ဆိုသလိုပင် ရှိနေခဲ့သည်။ ဆိုဗီယက်သို့ ကျူ းကျော်မှု ကျဆုံးခဲ့ခြင်းနှင့်အတူ ဆန့်ကျင်မှုများသည်လည်း ပြန်လည် စတင်လာခဲ့သည်။ ၁၉၄၄ ခုနှစ် အ​စောပိုင်းတွင် ရွန်းမဲလ်၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ သုံးဦးမှ ရွန်းမဲလ်အား ဟစ်တလာကို လုပ်ကြံရန် ပူးပေါင်းကြံစည်မှု အတွင်းသို့ ပါဝင်လာအောင် စတင် ကြိုးပမ်းခဲ့သည်။

ဂျာမနီအား ကယ်ဆယ်ရန်ဆိုသော အခြေအနေ တစ်ရပ်ကို ရွန်းမဲလ် မှ လက်ခံခဲ့သော်လည်း ဟစ်တလာအား လုပ်ကြံသတ်ဖြတ်ရန် အစီအစဉ်ကိုမူ ဆန့်ကျင်ခဲ့သည်။ ဟစ်တလာအား လုပ်ကြံလိုက်လျှင် ဂျာမနီနှင့် ဩစတြီးယားတွင် ပြည်တွင်းစစ်မီး တောက်လောင်လာအောင် အစပျူ ိးပေးလိုက်သလို ရှိမည်ဟု ရွန်းမဲလ်က ယုံကြည်ခြင်းကြောင့်ပင် ဖြစ်သည်။ လုပ်ကြံမည့်အစား ဟစ်တလာအား ဖမ်းဆီးပြီး ခုံရုံးတင်ရန် ရွန်းမဲလ်မှ တိုက်တွန်းခဲ့သည်။

ဇူလိုင်လ (၂၀) ရက်နေ့တွင် ဟစ်တလာအား လုပ်ကြံသည့် ဗုံးခွဲတိုက်ခိုက်မှု ကျဆုံးခဲ့ပြီးသည့်နောက် လုပ်ကြံမှုတွင် ပါဝင်သူ အများအပြား ဖမ်းဆီးခံခဲ့ရပြီး ရွန်းမဲလ်၏ နာမည်ကိုလည်း ဆွဲထည့်ခဲ့သည်။ ထိုအချိန်တွင် ရွန်းမဲလ်မှာ နော်မန်ဒီတိုက်ပွဲမှ ရရှိခဲ့သော ဒဏ်ရာများကြောင့် အိမ်တွင် အနားယူနေချိန်လည်း ဖြစ်သည်။ သို့သော် ဂတ်စတာပိုမှ လုပ်ကြံမှုတွင် ပါဝင်သူများကို စစ်ဆေးသောအခါ ရွန်းမဲလ် ပါဝင်ကြောင်း ဝန်ခံခဲ့ခြင်း၊ အကယ်၍ လုပ်ကြံမှု အောင်မြင်ခဲ့ပါက ရွန်းမဲလ်အား ခေါင်းဆောင် နေရာတွင် လျာထားခြင်းနှင့် ပြင်သစ်နိုင်ငံရှိ နာဇီပါတီမှ တာဝန်ရှိသူများက ရွန်းမဲလ်သည် နာဇီပါတီအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် အထင်အမြင်သေးစွာ ဝေဖန်နေသည်ဟု သတင်းပေးပို့မှုများသည် ရွန်းမဲလ်အား အဆင်းကို ဘီးတပ်ပေးသလို ဖြစ်နေခဲ့သည်။

“ရွန်းမဲလ် သေဆုံးခြင်း”

စစ်ခုံးရုံးဖွဲ့၍ လုပ်ကြံမှုတွင် ပါဝင်သူများအား စစ်ဆေးပြီး သေဒဏ်များကို ညတွင်းချင်း ပေးခဲ့ပြီး အချို့ကို ထောင်ချခဲ့သည်။ ထိုအချိန် ဖြစ်ပျက်နေသမျှကို အိမ်တွင် နေထိုင်နေသော ရွန်းမဲလ်မှာ လုံးဝ မသိရှိခဲ့သေးပေ။ ဟစ်တလာမှာ ရွန်းမဲလ်အား အခြားသူများနည်းတူ ခုံရုံးဖွဲ့၍ သေဒဏ်ပေးရန် မဖြစ်ကြောင်း စဉ်းစားမိသဖြင့် ရွန်းမဲလ်အား မိမိကိုယ်ကို အဆုံးစီရင်ခွင့် ပေးလိုက်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

ဟစ်တလာ၏ ဌာနချုပ်မှ ဗိုလ်ချူ ပ်နှစ်ဦးသည် ရွန်းမဲလ်၏ အိမ်သို့ ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး သူ့အား တင်ထားသော စွဲချက်များကို ရွန်းမဲလ်အား အသိပေး အကြောင်းကြားခဲ့ပြီး လူထုခုံရုံး အတင်ခံမည် သို့မဟုတ် မိမိကိုယ်ကို သတ်သေမည် ဆိုသည့် လမ်းနှစ်သွယ် အနက်မှ တစ်ခုကို ​ရွေးချယ်စေခဲ့သည်။

လူထုခုံရုံး အတင်ခံရလျှင် သူ၏ လက်အောက်ငယ်သားများပါ အဖမ်းခံရပြီး မိသားစုမှာလည်​း ပြစ်ဒဏ် စီရင်ခံရပြီးနောက် အသတ်ခံရပေမည်။

ဒုတိယတစ်ခုကို ရွေးချယ်ခဲ့လျှင် အစိုးရသည် သူ၏ မိသားစုအား အငြိမ်းစား ပင်စာလစာ အပြည့်အဝ ပေးအပ်ရန်နှင့် သူ၏ ဈာပနကို နိုင်ငံ​တော် အခမ်းအနားဖြင့် သူရဲကောင်းတစ်ဦး သေဆုံးသကဲ့သို့ ပြုလုပ်ပေးမည်ဟုလည်း ဟစ်တလာက ပြောကြားခဲ့သည်။

ဟစ်တလာ လွတ်လိုက်သူများက ဆိုင်ယာနိုက် အဆိပ်ဆေးတောင့် တစ်တောင့်ကိုလည်း တစ်ပါတည်း ယူဆောင်လာခဲ့သည်။ ရွန်းမဲလ်သည် မိနစ်အနည်းငယ် တစ်ကိုယ်တည်း စဉ်းစားပြီးသည့်နောက် သူ၏ ဘဝကို အဆုံးသတ်ရန် ရွေးချယ်ထားပြီးကြောင်း ကြေညာခဲ့ပြီး သူ၏ ဆုံးဖြတ်ချက်ကို ဇနီးနှင့် သားဖြစ်သူတို့အား ရှင်းပြခဲ့သည်။

ထို့နောက် ရွန်းမဲလ်အား ကားဖြင့် ခေါ်ဆောင်သွားခဲ့ပြီး ဆိုင်ယာနိုက် အဆိပ်သောက်၍ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပြီးနောက် သူ၏ဘဝကို အသက် (၅၂) နှစ်​ အရွယ်တွင် နိဂုံးချုပ်ခဲ့သည်။ နုရင်ဘတ်​ ခုံရုံးတွင် စစ်ဆေးစဉ်က အဆုံးစီရင်စဉ် လိုက်ပါခဲ့သော ဗိုလ်ချူပ် ၂ ဦး၏ ပြောကြားချက်အရ လမ်းခရီးတွင် အဆိပ်တောင့်ကို ကိုက်၍ သတ်သေသွားခဲ့သည်ဟု ပြောကြားခဲ့သော်လည်း နောင်အခါတွင် သေချာစေရန် သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်ခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အမှန်တကယ်တော့ ဟစ်တလာသည် အမျူ ိးသား သူရဲကောင်းသဖွယ်​ ဖြစ်​လာသည်​့ ရွန်းမဲလ်အား ကြောက်ရွံ့လာသဖြင့် တိတ်တဆိတ် ဖယ်ရှားလိုသည့် အတွက်ကြောင့် ရွန်းမဲလ်အား အဆိပ်သောက်၍ ကိုယ့်ကိုကိုယ် အဆုံးစီရင်ရန် အခြေအနေသို့ တွန်းပို့ခဲ့ခြင်းပင်​ ဖြစ်​သည်​။

ထိုစဉ်က တရားဝင်အောင် လုပ်ကြံထားသည့် ဇာတ်လမ်းများတွင် ရွန်းမဲလ်သည် နှလုံးရောဂါ ခံစားရသဖြင့် (သို့) နော်မန်ဒီ ကမ်းတက်တိုက်ပွဲတွင် သူစီးနင်းလာသော ကားကို မဟာမိတ်တို့ဘက်မှ စပစ်ဖိုင်းယား လေယာဉ်ပျံ တစ်စင်း​ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့စဉ်က ရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း ဖော်ပြခဲ့သည်။

ရွန်းမဲလ်၏ ဈာပနကို ဟစ်တလာကိုယ်တိုင် မတက်ရောက်ခဲ့ဘဲ သူ၏ကိုယ်စား ဖီးမာရှယ်လ် တစ်ဦးအား စေလွှတ်ခဲ့၏။ နာဇီတို့သည် ရွန်းမဲလ်၏ အလောင်းတွင် နာဇီအလံများဖြင့် ခမ်းနားစွာ တန်ဆာဆင် ပေးခဲ့ကြသည်။

ရွန်းမဲလ် ​သေဆုံးရခြင်း၏ အကြောင်းအရင်း အမှန်ကို ၁၉၄၅ ခုနှစ်၊ ဧပြီလတွင် ရွန်းမဲလ်၏ ဇနီးဖြစ်သူထံမှ မဟာမိတ်တို့က အကြောင်းအရင်း အလုံးစုံကို သိရှိခဲ့ကြသည်။ ထိုအခါတွင် မဟာမိတ်တို့ဘက်မှလည်း ရွန်းမဲလ်၏ ဘဝဇာတ်သိမ်းကို ပို၍ သနားလာခဲ့ကြသည်။

စစ်ကြီး ပြီးဆုံးသွားခဲ့ပြီးနောက် ဟစ်တလာအား လုပ်ကြံမှုတွင် ရွန်းမဲလ် ပါဝင် ပတ်သက်ခဲ့သည်ကို သိရှိခဲ့သောအခါ၌ ရွန်းမဲလ်၏ ကြေကွဲစရာ ဘဝဇာတ်သိမ်းကို မဟာမိတ်နိုင်ငံများမှလည်း စာအုပ်များ၊ အမှတ်တရ အထိမ်​းအမှတ်များဖြင့် ဂုဏ်ပြုထားရှိခဲ့ကြ​လေသည်။

SwamHtet

Leave a Reply