ဗန္ေမာ္ဆရာေတာ္မွ မင္းတုန္းမင္းႀကီးအား မိန္႔ၾကားခဲ့သည့္ သံုးခြန္းေသာစကား

Posted on

မင္းတုန္းမင္းႀကီးသည္ ဗန္းေမာ္ဆရာေတာ္ကုိ နန္းေတာ္သုိ႔ မၾကာမၾကာပင့္ၿပီး ဆြမ္းကပ္ေလ့ရွိသည္။

“ဆရာေတာ္ဘုရား၊ တပည့္ေတာ္လည္း ေႁခြရံသင္းပင္းမ်ားစြာႏွင့္ ထီးနန္းစည္းစိမ္ကုိ ခံစားေနရမယ့္ အရြယ္ဟုိင္းလုိ႔ ဇရာပုိင္း ေရာက္လာသည့္အတုိင္း ေလာကီနယ္က ထြက္ၿပီး ေလာကုတၱရာနယ္ထဲ ေရာက္ႏုိင္မယ့္ တရားထူးေလးမ်ားရွာၿပီး ေဟာပါဦးဘုရား” ဟု မင္းတုန္းမင္းႀကီးက ဗန္းေမာ္ ဆရာေတာ္အား ေလွ်ာက္ထားေလသည္။

ထုိအခါ ဗန္းေမာ္ဆရာေတာ္က မင္းတုန္းမင္းႀကီးအား

“ဒကာေတာ္ ေရေျမ့ရွင္ ေလွ်ာက္ထားတဲ့ အႀကိမ္ေပါင္းလည္း မ်ားလွၿပီ၊ ေဟာရတဲ့တရားလည္း မ်ားလွၿပီ၊ ကဲ……ဒီတစ္ခါ ဥပမာေပးကာ ေဟာရဦးမွာေပါ့” ဟု မိန္႔ေတာ္မူၿပီး ေအာက္ပါပုံျပင္တစ္ခုကုိ ထုတ္ေဆာင္၍ ေဟာၾကားေတာ္မူေလသည္။

ေရွးအခါက ရြာတစ္ရြာတြင္ အိမ္ေထာင္ဦးစီးတစ္ေယာက္မွာ သားေကၽြးမႈမယားေကၽြးမႈ ျပဳလုပ္ေနရာ၊ ဘာပညာမွလည္း တတ္ကၽြမ္းနားလည္မႈမရွိ၍ အခက္အခဲေတြ႕ေနရသလုိ မယားလုပ္သူကလည္း “သားကေလးကလည္း ႀကီးလာၿပီ၊ ရွင္ျပဳရေတာ့မယ္၊ စီးပြားဥစၥာကလည္း လုံးပါးပါးေနတယ္၊ ေတာ္ ဒီအတုိင္းေနလုိ႔ မျဖစ္ဘူး၊ တစ္ခုခုလုပ္မွ ျဖစ္မယ္” ဟု လင္သားအေပၚမွာ ဆူပူႀကိမ္းေမာင္းေလသည္။

လင္ျဖစ္သူသည္ စိတ္ညစ္ညစ္ျဖင့္ ရွိစုမဲ့စု ေငြကေလးမ်ားစုေဆာင္းၿပီး အသျပာ ၃ဝဝိ ပုိက္၍ မယား ေကၽြးမႈသားေကၽြးမႈအတြက္ အရပ္တစ္ပါးသုိ႔ ပညာသင္ရန္ ထြက္ခဲ့ေလသည္။

သုိ႔ႏွင့္ တစ္ရြာဝင္ တစ္ရြာထြက္ ပညာရွာထြက္ခဲ့ရာ သုံးႏွစ္ေက်ာ္အခ်ိန္အထိ ဘာပညာမွမရေသးဘဲ ရွိေနခဲ့သည္။ ေနာက္ဆုံး ပညာရႏုိင္သည့္ေနရာ ရွာေဖြစူးစမ္းရာ ဒိႆပါေမာကၡ ဆရာႀကီးထံ ေရာက္ သြားေလသည္။

ဆရာႀကီးက ဤပုဂၢိဳလ္၏ ၾကန္အင္လကၡဏာကုိ ၾကည့္၍တစ္ေၾကာင္း၊ အသက္အရြယ္ေထာက္၍ တစ္ေၾကာင္း၊ အခ်ိန္တုိစနစ္ႏွင့္ ပညာသင္ေပးမွ ျဖစ္မည္ဟု ၾကံစည္ေတြးေတာၿပီး ေအာက္ပါစကား သုံးခြန္းကုိ သင္ၾကားေပးေလသည္။

ဒိႆပါေမာကၡ ဆရာႀကီးသည္ ထုိပညာမဲ့ တပည့္အားၾကည့္ကာ “မင္းမွာ ဉာဏ္ပူေဇာ္ခ အသျပာပါရဲ႕ လား” ဟု ေမးေလသည္။

“ဟုတ္ကဲ့ ဆရာႀကီး၊ ရွိစုမဲ့စုကေလး စုလာတဲ့ အသျပာ ၃ဝဝိ ေတာ့ပါ ပါတယ္ ဆရာႀကီး”

“ကဲ-၃ဝဝိနဲ႔ တန္ေအာင္ေတာ့ ပညာေပးရေသးတာေပါ့ကြာ၊ စကားသုံးခြန္း သင္ေပးမယ္၊ နားစုိက္ ေထာင္ေနာ္” ဟုေျပာၿပီး ေအာက္ပါစကား သုံးခြန္းကုိသင္ၾကားေပးေလသည္။

(၁) ကုလားေသ ကုလားေမာ မအိပ္ရာ

ေပးကဲြ႕ ေငြတစ္ရာ။

ဟု သင္ေပးရာ “ဟုတ္ကဲ့ ဆရာႀကီး” ဟု ေျပာေျပာဆုိဆုိ အိတ္ထဲက အသျပာ ၁ဝဝိ ကုိ ထုတ္ေပး ေလသည္။ ထုိ႔ေနာက္ ဆရာႀကီးက…..

(၂) ေရခ်ဳိးဆိပ္မွာ မခ်ဳိးရာ ေပးကဲြ႕ ေငြတစ္ရာ။

ဟု ဆရာႀကီးက သင္ေပးျပန္ရာ “ဟုတ္ကဲ့ပါဆရာႀကီး” ဟု ေျပာေျပာဆုိဆုိ အိတ္ထဲက ေငြတစ္ရာကို ထုတ္ေပးျပန္သည္။

(၃) မစူးစမ္း မဆင္ျခင္ မျပဳရာ ေပးကဲြ႕ ေငြတစ္ရာ။

ဟု သင္ေပးျပန္ေလသည္။

ထုိအခါ ပညာမဲ့တပည့္က ပညာရ၍ အားရေက်နပ္စြာျဖင့္ အိတ္ထဲက်န္ေနသည့္ ေငြတစ္ရာကုိထုတ္၍ ပူေဇာ္လုိက္သည္။ ပညာမဲ့တပည့္သည္ ပညာရ၍ အားရဝမ္းသာႏွင့္ ဆရာႀကီးအား ျပန္ရန္ကန္ေတာ့ ရာ ဆရာႀကီးက “မင္းအဲဒီသုံးခြန္းေသာစကားကုိ ၿမဲၿမဲသာမွတ္ထား” ဟု ေျပာၿပီး ျပန္လႊတ္လုိက္ေလ သည္။

လမ္းခုလတ္ ရြာတစ္ရြာတြင္ ေနကလည္း ဝင္သြားၿပီျဖစ္၍ အခ်ိန္မရသည္ႏွင့္ ထုိရြာအနီးရွိ ဇရပ္ တစ္ေဆာင္ေပၚသုိ႔ တက္ေရာက္တည္းခုိၿပီး အိပ္မည္ဟု ၾကံစည္ေလသည္။

ဆရာႀကီး သင္ေပးလုိက္ေသာ စကားမ်ားကုိ စိတ္ထဲတြင္ေတြးေတာမိၿပီး ခရီးကလည္း ပန္းလာသည္ ျဖစ္၍ အနည္းငယ္သက္သာ႐ုံမွ် မွိန္း၍သာ ေနေလသည္။

သန္းေခါင္ေက်ာ္ အခ်ိန္တြင္ ဇရပ္ေပၚရွိ လူသားစား ဘီလူးမတစ္ေကာင္သည္ ထုိလူသားအား စားမည္ အျပဳတြင္-

အိပ္မေပ်ာ္ေသးေသာ လူသားက ဘီလူးမ၏လက္ကုိတအားဆဲြ၍ ေက်ာကုိေထာင္းထုေတာ့သည္။ ဘီလူးမသည္ အပဲြပဲြႏႊဲလာၿပီး သည္တစ္ပဲြၾကမွ ခံလုိက္ရျခင္းျဖစ္၍ ေၾကာက္အားလန္႔အားႏွင့္ “အသက္ခ်မ္းသာေပးပါ၊ ေဟာဒီ ေရႊသုံးပိႆာယူပါ” ဟု ေတာင္းပန္ေျပာဆုိမွ ဘီလူးမကုိ လႊတ္လုိက္ ေလသည္။ ထုိသူသည္ မုိးစင္စင္လင္းသည္အထိ မအိပ္ေတာ့ေပ၊

ဤတြင္ ထုိလူသည္ ဆရာႀကီး သင္ေပးလုိက္သည့္ “ကုလားေသကုလားေမာ မအိပ္ရာ” ဟူေသာ စကား အလြန္မွန္ကန္ေၾကာင္း သေဘာေပါက္ၿပီး ေရႊသုံးပိႆာပုိက္၍ ေနာက္တစ္ေန႔တြင္ ခရီးဆက္ခဲ့ ေလသည္။

လမ္းခုလတ္ ျမစ္ကမ္းပါးအနီး ေရခ်ဳိးဆိပ္သုိ႔ေရာက္လွ်င္ ေရခ်ဳိးရန္စိတ္ကူးထားေလသည္။ လူအမ်ား ေရခ်ဳိးရာ ေရဆိပ္ျဖစ္၍ ေရခ်ဳိးသူေတြ ႐ႈပ္ေထြးေနသည္ကုိလည္း ေတြ႕ရျပန္သည္။ ထုိအခါ ဆရာႀကီး မွာလုိက္သည့္ “ေရခ်ဳိးဆိပ္မွာ မခ်ဳိးရာ” ဟူ ေသာစကားကုိ ေျပး၍ သတိရမိျပန္သည္။ ထုိ႔ေၾကာင့္ ထုိလူေပါမ်ားသည့္ ေရဆိပ္တြင္ ေရမခ်ဳိးေတာ့ဘဲ အျခားလူမရွိသည့္ ျမစ္အထက္ဘက္သုိ႔ သြားေရာက္ ၿပီး ေရခ်ဳိးေလသည္။ ေရခ်ဳိးအၿပီး အိမ္သုိ႔အျမန္ေရာက္ခ်င္ေဇာႏွင့္ အဝတ္လဲ ခပ္သုတ္သုတ္ ခရီးဆက္ ခဲ့သည္။ ခရီးအေတာ္လွမ္းလွမ္းေရာက္သြားမွ ေရခ်ဳိးသည့္ေနရာတြင္ ေရႊသုံးပိႆာက်န္ခဲ့ေၾကာင္း သိရေတာ့သည္။ ဤတြင္ကပ်ာကသီေျပး၍ ေရခ်ဳိးသည့္ေနရာျပန္ၾကည့္ရာ ေရႊသုံးပိႆာမွာ ေနရာ မပ်က္ဘဲေတြ႕ရသည္။ “ေရခ်ဳိးဆိပ္မွာ ေရမခ်ဳိးရာ” ဟူေသာ ဆရာ့စကား အလြန္မွန္ေၾကာင္း ေတြ႕ရျပန္သည္။

ဆရာႀကီး သင္ေပးလုိက္သည့္ စကားမ်ားကုိ အၿမဲႏွလုံးသြင္း၍ အိမ္သုိ႔အျမန္ေရာက္ရန္ ခရီးဆက္ခဲ့ျပန္ သည္။ အိမ္ဝင္းအနီးသုိ႔ ေရာက္ခဲ့ေပၿပီ။ မယားအလွကုိ ေရႊစမ်ား ျပခ်င္ေန၍ အိမ္ေပၚသုိ႔ လွမ္းၾကည့္ ရာ၊ အခန္းတြင္းဝယ္ ခ်စ္မယားသည္ ကာလသား လူငယ္တစ္ေယာက္ႏွင့္ အတူတဲြအိပ္ေနသည္ကုိ ျမင္လုိက္ရာ၊ ႐ုတ္တရက္ ေဒါသ ျဖစ္သြားကာ တုတ္ကုိဆဲြ၍ ႐ုိက္မည္ျပဳလုိက္သည္။

ဤတြင္ ထုိသူသည္ ဆရာႀကီးသင္ေပးလုိက္သည့္ “မစူးစမ္း မဆင္ျခင္ မျပဳရာ” ဟူေသာ စကားကုိ သြား၍ သတိရျပန္သည္။ ေနာက္ဆုံး စုံစမ္းေမးၾကည့္ေတာ့မွ ၁၃ ႏွစ္အရြယ္ေရာက္ေနၿပီျဖစ္ေသာ သူ၏သားမွန္းသိရေလ၏။

ဒကာေတာ္ေရေျမ့ရွင္လည္း စကားသံုးခြန္းမိန္႔ၾကားလိုရမယ္ဆိုရင္ “အနိစၥ၊ ဒုကၡ၊ အနတၱတည္းဟူေသာ လကၡဏာေရးသုံးပါးကုိ ပြားမ်ားၿပီးသာေနပါ” ဟု ဗန္းေမာ္ဆရာေတာ္က မင္းတုန္းမင္းႀကီးအား မိန္႔ၾကားေျပာဆိုေလရာ မင္းတရားႀကီးမွာ မ်ားစြာေက်နပ္သြားေလေတာ့သည္။

Via : ေမာကၡ ပညာေရးမဂၢဇင္း


ဗန်မော်ဆရာတော်မှ မင်းတုန်းမင်းကြီးအား မိန့်ကြားခဲ့သည့် သုံးခွန်းသောစကား (unicode)

မင်းတုန်းမင်းကြီးသည် ဗန်းမော်ဆရာတော်ကို နန်းတော်သို့ မကြာမကြာပင့်ပြီး ဆွမ်းကပ်လေ့ရှိသည်။

“ဆရာတော်ဘုရား၊ တပည့်တော်လည်း ခြွေရံသင်းပင်းများစွာနှင့် ထီးနန်းစည်းစိမ်ကို ခံစားနေရမယ့် အရွယ်ဟိုင်းလို့ ဇရာပိုင်း ရောက်လာသည့်အတိုင်း လောကီနယ်က ထွက်ပြီး လောကုတ္တရာနယ်ထဲ ရောက်နိုင်မယ့် တရားထူးလေးများရှာပြီး ဟောပါဦးဘုရား” ဟု မင်းတုန်းမင်းကြီးက ဗန်းမော် ဆရာတော်အား လျှောက်ထားလေသည်။

ထိုအခါ ဗန်းမော်ဆရာတော်က မင်းတုန်းမင်းကြီးအား

“ဒကာတော် ရေမြေ့ရှင် လျှောက်ထားတဲ့ အကြိမ်ပေါင်းလည်း များလှပြီ၊ ဟောရတဲ့တရားလည်း များလှပြီ၊ ကဲ……ဒီတစ်ခါ ဥပမာပေးကာ ဟောရဦးမှာပေါ့” ဟု မိန့်တော်မူပြီး အောက်ပါပုံပြင်တစ်ခုကို ထုတ်ဆောင်၍ ဟောကြားတော်မူလေသည်။

ရှေးအခါက ရွာတစ်ရွာတွင် အိမ်ထောင်ဦးစီးတစ်ယောက်မှာ သားကျွေးမှုမယားကျွေးမှု ပြုလုပ်နေရာ၊ ဘာပညာမှလည်း တတ်ကျွမ်းနားလည်မှုမရှိ၍ အခက်အခဲတွေ့နေရသလို မယားလုပ်သူကလည်း “သားကလေးကလည်း ကြီးလာပြီ၊ ရှင်ပြုရတော့မယ်၊ စီးပွားဥစ္စာကလည်း လုံးပါးပါးနေတယ်၊ တော် ဒီအတိုင်းနေလို့ မဖြစ်ဘူး၊ တစ်ခုခုလုပ်မှ ဖြစ်မယ်” ဟု လင်သားအပေါ်မှာ ဆူပူကြိမ်းမောင်းလေသည်။

လင်ဖြစ်သူသည် စိတ်ညစ်ညစ်ဖြင့် ရှိစုမဲ့စု ငွေကလေးများစုဆောင်းပြီး အသပြာ ၃ဝဝိ ပိုက်၍ မယား ကျွေးမှုသားကျွေးမှုအတွက် အရပ်တစ်ပါးသို့ ပညာသင်ရန် ထွက်ခဲ့လေသည်။

သို့နှင့် တစ်ရွာဝင် တစ်ရွာထွက် ပညာရှာထွက်ခဲ့ရာ သုံးနှစ်ကျော်အချိန်အထိ ဘာပညာမှမရသေးဘဲ ရှိနေခဲ့သည်။ နောက်ဆုံး ပညာရနိုင်သည့်နေရာ ရှာဖွေစူးစမ်းရာ ဒိဿပါမောက္ခ ဆရာကြီးထံ ရောက် သွားလေသည်။

ဆရာကြီးက ဤပုဂ္ဂိုလ်၏ ကြန်အင်လက္ခဏာကို ကြည့်၍တစ်ကြောင်း၊ အသက်အရွယ်ထောက်၍ တစ်ကြောင်း၊ အချိန်တိုစနစ်နှင့် ပညာသင်ပေးမှ ဖြစ်မည်ဟု ကြံစည်တွေးတောပြီး အောက်ပါစကား သုံးခွန်းကို သင်ကြားပေးလေသည်။

ဒိဿပါမောက္ခ ဆရာကြီးသည် ထိုပညာမဲ့ တပည့်အားကြည့်ကာ “မင်းမှာ ဉာဏ်ပူဇော်ခ အသပြာပါရဲ့ လား” ဟု မေးလေသည်။

“ဟုတ်ကဲ့ ဆရာကြီး၊ ရှိစုမဲ့စုကလေး စုလာတဲ့ အသပြာ ၃ဝဝိ တော့ပါ ပါတယ် ဆရာကြီး”

“ကဲ-၃ဝဝိနဲ့ တန်အောင်တော့ ပညာပေးရသေးတာပေါ့ကွာ၊ စကားသုံးခွန်း သင်ပေးမယ်၊ နားစိုက် ထောင်နော်” ဟုပြောပြီး အောက်ပါစကား သုံးခွန်းကိုသင်ကြားပေးလေသည်။

(၁) ကုလားသေ ကုလားမော မအိပ်ရာ

ပေးကွဲ့ ငွေတစ်ရာ။

ဟု သင်ပေးရာ “ဟုတ်ကဲ့ ဆရာကြီး” ဟု ပြောပြောဆိုဆို အိတ်ထဲက အသပြာ ၁ဝဝိ ကို ထုတ်ပေး လေသည်။ ထို့နောက် ဆရာကြီးက…..

(၂) ရေချိုးဆိပ်မှာ မချိုးရာ ပေးကွဲ့ ငွေတစ်ရာ။

ဟု ဆရာကြီးက သင်ပေးပြန်ရာ “ဟုတ်ကဲ့ပါဆရာကြီး” ဟု ပြောပြောဆိုဆို အိတ်ထဲက ငွေတစ်ရာကို ထုတ်ပေးပြန်သည်။

(၃) မစူးစမ်း မဆင်ခြင် မပြုရာ ပေးကွဲ့ ငွေတစ်ရာ။

ဟု သင်ပေးပြန်လေသည်။

ထိုအခါ ပညာမဲ့တပည့်က ပညာရ၍ အားရကျေနပ်စွာဖြင့် အိတ်ထဲကျန်နေသည့် ငွေတစ်ရာကိုထုတ်၍ ပူဇော်လိုက်သည်။ ပညာမဲ့တပည့်သည် ပညာရ၍ အားရဝမ်းသာနှင့် ဆရာကြီးအား ပြန်ရန်ကန်တော့ ရာ ဆရာကြီးက “မင်းအဲဒီသုံးခွန်းသောစကားကို မြဲမြဲသာမှတ်ထား” ဟု ပြောပြီး ပြန်လွှတ်လိုက်လေ သည်။

လမ်းခုလတ် ရွာတစ်ရွာတွင် နေကလည်း ဝင်သွားပြီဖြစ်၍ အချိန်မရသည်နှင့် ထိုရွာအနီးရှိ ဇရပ် တစ်ဆောင်ပေါ်သို့ တက်ရောက်တည်းခိုပြီး အိပ်မည်ဟု ကြံစည်လေသည်။

ဆရာကြီး သင်ပေးလိုက်သော စကားများကို စိတ်ထဲတွင်တွေးတောမိပြီး ခရီးကလည်း ပန်းလာသည် ဖြစ်၍ အနည်းငယ်သက်သာရုံမျှ မှိန်း၍သာ နေလေသည်။

သန်းခေါင်ကျော် အချိန်တွင် ဇရပ်ပေါ်ရှိ လူသားစား ဘီလူးမတစ်ကောင်သည် ထိုလူသားအား စားမည် အပြုတွင်-

အိပ်မပျော်သေးသော လူသားက ဘီလူးမ၏လက်ကိုတအားဆွဲ၍ ကျောကိုထောင်းထုတော့သည်။ ဘီလူးမသည် အပွဲပွဲနွှဲလာပြီး သည်တစ်ပွဲကြမှ ခံလိုက်ရခြင်းဖြစ်၍ ကြောက်အားလန့်အားနှင့် “အသက်ချမ်းသာပေးပါ၊ ဟောဒီ ရွှေသုံးပိဿာယူပါ” ဟု တောင်းပန်ပြောဆိုမှ ဘီလူးမကို လွှတ်လိုက် လေသည်။ ထိုသူသည် မိုးစင်စင်လင်းသည်အထိ မအိပ်တော့ပေ၊

ဤတွင် ထိုလူသည် ဆရာကြီး သင်ပေးလိုက်သည့် “ကုလားသေကုလားမော မအိပ်ရာ” ဟူသော စကား အလွန်မှန်ကန်ကြောင်း သဘောပေါက်ပြီး ရွှေသုံးပိဿာပိုက်၍ နောက်တစ်နေ့တွင် ခရီးဆက်ခဲ့ လေသည်။

လမ်းခုလတ် မြစ်ကမ်းပါးအနီး ရေချိုးဆိပ်သို့ရောက်လျှင် ရေချိုးရန်စိတ်ကူးထားလေသည်။ လူအများ ရေချိုးရာ ရေဆိပ်ဖြစ်၍ ရေချိုးသူတွေ ရှုပ်ထွေးနေသည်ကိုလည်း တွေ့ရပြန်သည်။ ထိုအခါ ဆရာကြီး မှာလိုက်သည့် “ရေချိုးဆိပ်မှာ မချိုးရာ” ဟူ သောစကားကို ပြေး၍ သတိရမိပြန်သည်။ ထို့ကြောင့် ထိုလူပေါများသည့် ရေဆိပ်တွင် ရေမချိုးတော့ဘဲ အခြားလူမရှိသည့် မြစ်အထက်ဘက်သို့ သွားရောက် ပြီး ရေချိုးလေသည်။ ရေချိုးအပြီး အိမ်သို့အမြန်ရောက်ချင်ဇောနှင့် အဝတ်လဲ ခပ်သုတ်သုတ် ခရီးဆက် ခဲ့သည်။ ခရီးအတော်လှမ်းလှမ်းရောက်သွားမှ ရေချိုးသည့်နေရာတွင် ရွှေသုံးပိဿာကျန်ခဲ့ကြောင်း သိရတော့သည်။ ဤတွင်ကပျာကသီပြေး၍ ရေချိုးသည့်နေရာပြန်ကြည့်ရာ ရွှေသုံးပိဿာမှာ နေရာ မပျက်ဘဲတွေ့ရသည်။ “ရေချိုးဆိပ်မှာ ရေမချိုးရာ” ဟူသော ဆရာ့စကား အလွန်မှန်ကြောင်း တွေ့ရပြန်သည်။

ဆရာကြီး သင်ပေးလိုက်သည့် စကားများကို အမြဲနှလုံးသွင်း၍ အိမ်သို့အမြန်ရောက်ရန် ခရီးဆက်ခဲ့ပြန် သည်။ အိမ်ဝင်းအနီးသို့ ရောက်ခဲ့ပေပြီ။ မယားအလှကို ရွှေစများ ပြချင်နေ၍ အိမ်ပေါ်သို့ လှမ်းကြည့် ရာ၊ အခန်းတွင်းဝယ် ချစ်မယားသည် ကာလသား လူငယ်တစ်ယောက်နှင့် အတူတွဲအိပ်နေသည်ကို မြင်လိုက်ရာ၊ ရုတ်တရက် ဒေါသ ဖြစ်သွားကာ တုတ်ကိုဆွဲ၍ ရိုက်မည်ပြုလိုက်သည်။

ဤတွင် ထိုသူသည် ဆရာကြီးသင်ပေးလိုက်သည့် “မစူးစမ်း မဆင်ခြင် မပြုရာ” ဟူသော စကားကို သွား၍ သတိရပြန်သည်။ နောက်ဆုံး စုံစမ်းမေးကြည့်တော့မှ ၁၃ နှစ်အရွယ်ရောက်နေပြီဖြစ်သော သူ၏သားမှန်းသိရလေ၏။

ဒကာတော်ရေမြေ့ရှင်လည်း စကားသုံးခွန်းမိန့်ကြားလိုရမယ်ဆိုရင် “အနိစ္စ၊ ဒုက္ခ၊ အနတ္တတည်းဟူသော လက္ခဏာရေးသုံးပါးကို ပွားများပြီးသာနေပါ” ဟု ဗန်းမော်ဆရာတော်က မင်းတုန်းမင်းကြီးအား မိန့်ကြားပြောဆိုလေရာ မင်းတရားကြီးမှာ များစွာကျေနပ်သွားလေတော့သည်။

Via : မောက္ခ ပညာရေးမဂ္ဂဇင်း

Leave a Reply