ဟစ္တလာ ႏွင္႔ နာဇီ အက္စ္အက္စ္ တပ္ဖြဲ႕တို႔ ၏ ေမွာ္အတတ္ အသံုးျပဳမႈမ်ား

Posted on

မူရင္းေရးသားသူ – Eaint Myat Chel

နာဇီ အဖြဲ႕ဝင္မ်ား ဟာ အျမဲတမ္း သဘာဝလြန္ ျဖစ္ရပ္မ်ားကို အၿမဲ အစဥ္တစိုက္ ေလ႔လာခဲ့ၾကၿပီး ဟစ္တလာ ကိုယ္တိုင္ ကလည္း အမ်ိဳးမ်ိဳးေသာ လွ်ိဳ႕ဝွက္နက္နဲတဲ႔ ေမွာ္ဝိဇၨာ ဂမ႓ီရ အတတ္ ပညာရပ္မ်ား ႏွင္႔ ေမွာ္ေရွ႕ျဖစ္အေဟာ အမ်ိဳးမ်ိဳး ကို အလြန္ အမင္း ယုံၾကည္သူ ျဖစ္ပါတယ္။ ဟစ္တလာ ဟာ နာဇီ အက္စ္အက္စ္ အႀကီးအကဲ ဟိန္းနရစ္ ဟင္းမလား – Heinrich Himmler ကို သခင္ေရရႈ႕၏ ေနာက္ဆံုး ညစာ စားပြဲတြင္ အသံုးျပဳခဲ႔ေသာ သန႔္စင္ေသာ ေသာက္ေတာ္ ေရခြက္ – Holy Grail ကို သုေတသနျပဳ ရွာေဖြဖို႔ အမိန္႔ေပးခဲ႔ ပါတယ္။

ဟိန္းနရစ္ ဟင္းမလား ဟာ အလယ္ေခတ္ မိစၧာ အယူဝါဒ ကိုးကြယ္မူ႕မ်ားကို အလြန္တရာ စိတ္ဝင္စာ ေၾကာင္း နဲ႕ပတ္သက္ၿပီးေတာ႔ လူေျပာမ်ား ခဲ့ပါတယ္။

ဟင္းမလား ဟာ စုန္းကေဝမ်ား ႏွင္႔ စုန္းကေဝတို႔ ရဲ႕ သက္ေသ အေထာက္အထားမ်ား ကို ရွာေဖြရန္ နဲ႔ ဂ်ဴး လူမ်ိဳးတို႔အား မ်ိဳးသုဥ္းေပ်ာက္ကြယ္ သြားရန္ အမဲဖ်က္ဖို႕ အတြက္ အက္စ္အက္စ္ အဖြဲ႕ ဌာနခြဲ တစ္ခု ကို ထူေထာင္ခဲ႔ ပါတယ္။

ဒီအေၾကာင္း ဟာ ေၾကာက္မက္ဘြယ္ ေကာင္းေအာင္ လုပ္ၾကံ ၿပီး ေျပာခဲ႔တဲ႔ လုပ္ဇတ္ တစ္ခု မဟုတ္ပါဘူ နာဇီ အက္စ္အက္စ္ အဖြဲ႕ရဲ႕ စုန္းကေဝ ႒ာန ဟာ အမွန္တကယ္ ရွိခဲ႔တာ ျဖစ္ပါတယ္။

ဟင္းမလား တည္ေထာင္ခဲ့တဲ့ အဆိုပါ ဌာနခြဲရွိ အဖြဲ႕ဝင္မ်ား ဟာ ဒုတိယ ကမ႓ာစစ္ အတြင္း ပညာရွင္ အမ်ိဳးသမီးမ်ား လို႕သူတို႕က နာမည္ေပးထားတဲ႔ စုန္းပညာရွင္မ်ား ကို အေရွ႕ ဥေရာပ တစ္ခြင္ ပိုက္စိပ္တိုက္ လိုက္ရွာခဲ႔ ပါတယ္။ ထို႔ေနာက္ အဆိုပါ စုန္းကေဝ မ်ားကို ဂ်ဴးလူမ်ိဳးမ်ား အား ေျခရာခံ လိုက္လံေႏွာက္ယွက္ဖို႕ႏွင္႔ ရန္သူတို႕၏ အေထာက္ အထားမ်ား ရွာေဖြေပးဖို႕အတြက္လို႕ဆိုပါတယ္။

နာဇီတို ႔က သူတို ႔ရွာေဖြေနခဲ့တဲ႔ စုန္းကေဝမ်ားဟာ ဂ်ာမန္ေသြးေႏွာတယ္ လို႕ယုံၾကည္ ၾကၿပီး ၎တို႔၏ လူမ်ိဳးေရး မုန္းတီးမႈ႕မ်ား ကို အေၾကာင္းျပၿပီး ဂ်ဴး လူမ်ိဳးမ်ား မ်ိဳးသုဥ္း ေပ်ာက္ကြယ္ေရး အတြက္လည္း တစ္ဖက္တစ္လမ္း က အသံုခ်ခဲ႔ ၾကပါတယ္။

သမိုင္းပညာရွင္ အဲရစ္ ခါလန္ဒါ – Eric Kurlander ဟာ ယခင္ ကတည္းက သူ၏ စာအုပ္တြင္ “ ဟစ္တလာ ၏ Monsters မ်ား သို႔မဟုတ္ တတိယ ႐ိုက္ခ်္ ၏ သဘာဝလြန္ ျဖစ္ရပ္ သမိုင္းေၾကာင္း တစ္ခု ” – Hitler’s Monsters: A Supernatural History of the Third Reich ဆိုၿပီး နာဇီတို႕၏ စိတ္မခ်မ္းေျမ႕ဖြယ္ အယူသီးမႈ႕မ်ားကို နက္နက္နဲနဲ ေရးသား ေဖာ္ျပခဲ႔ပါတယ္။

အဆိုပါ စာအုပ္ထဲတြင္ နာဇီမ်ား ရဲ႕လြဲမွားေသာ အသိဟာ Wacky အယူဝါဒ World Ice သီအိုရီ ကေန လာၿပီး အဲ႔ဒါကို ေနာက္ပိုင္းတြင္ ဟစ္တလာ က ပါတီရဲ႕ စၾကာဝ႒ာေဗဒ – Cosmology အျဖစ္ ေမြးစား အသံုးျပဳခဲ႔တယ္ လို႕ဆိုပါတယ္။

ကမၻာ့ျဖစ္တည္မႈ႕အခင္းအက်င္း ကို ယုံၾကည္သူမ်ား က “အာရိယန္” လူသား ဟာ အျခား လူသားမ်ား ကဲ႔သို႕တျဖည္းျဖည္း တိုးတက္ေျပာင္းလဲလို႔ မရ အာကာသ ရွိ နတ္ဘုရား ကသာ သေႏၶတည္ ေပးၿပီး ဖန္းတီးႏိုင္တယ္ လို႕ အခိုင္အမာ ေျပာဆို ၾကတယ္။

ေဂ်းဇက္ ဟာ အာရိယန္ အႏြယ္ ျဖစ္ၿပီး ဂ်ာမန္မ်ား ဟာ အဆိုပါ အျမင့္ျမတ္ဆံုးေသာ ေသြးေႏွာတဲ႔ အတြက္ နာဇီတို႔ ဟာလည္း သူတို႔ ကို သူတို႕အာရိယန္မ်ား ျဖစ္တယ္ လို႕ လက္ခံ ယံုၾကည္ၾက ပါတယ္။ ထို႕ေနာက္ အဆိုပါ သေဘာတရားကို သဘာဝလြန္ သီအိုရီ တစ္ခုအျဖစ္ ဆက္လက္ ခ်ဲ႕ထြင္ခဲ႔ ၾက ပါတယ္ ။

႐ုေဒါဖ္ ဟက္စ္ – Deputy Fuehrer Rudolf Hess က သူနဲ ႔အတူ နာဇီ အင္ပါယာ တည္ေထာင္မႈ႕မွာ ႀကီးမားတဲ႔ အခန္းက႑မွ ပါဝင္ခဲ့သည္႔ ေဗဒင္ဆရာ ကိုလည္း သူ႕ဇာတာခြင္ ဆြဲေပးဖို႔ ကိုယ္ေရးအရာရွိ ေဗဒင္ဆရာ တစ္ေယာက္ အျဖစ္ ခန္႔အပ္ခဲ႔ ပါတယ္။

ဟစ္တလာ၏ ဝင္ရိုးတန္း မဟာမိတ္ႀကီး ျဖစ္တဲ႔ မူဆိုလီနီ ဖမ္းဆီးခံခဲ့ရခ်ိန္ နာဇီေတြဟာ မူဆိုလီနီ ကို ကယ္တင္ဖို႔ ႏွင့္ မူဆိုလီနီ ကို ဖမ္းထားတဲ႔ေနရာ ကို ေျခရာခံ သိရွိႏိုင္ဖို နကၡတ္ေဗဒ၊ တာေရာ႔ နဲ႕ ေမွာ္ပညာရွင္ အေယာက္ ၄၀ ပါဝင္တဲ႔ အဖြဲ႕တစ္ခု ကို ဖြဲစည္း လုပ္ေဆာင္ေစခဲ ႔ပါတယ္။

ဝါဒေရးရာ ဦးစီးခ်ဳပ္ ဂ်ိဳးစပဗ္ ဂိုလ္ဘဲ ဟာလည္း အယူသီးသူ တစ္ေယာက္ျဖစ္ပါတယ္။ သူသည္ ျပင္သစ္ ေရွ႕ျဖစ္ေဟာဆရာၾကီး ေနာ္စတာဒမပ္စ္ – Nostradamus ရဲ႕ ေဟာကိန္း ကို အရင္ဆံုး ဖတ္ၿပီးမွာ႔ သာ ျဗိတိန္တို႔ စစ္ ရႈံးနိမ္႔ခါ နီးၿပီ ျဖစ္ေၾကာင္း သူ ႔၏ ခန႔္မွန္းခ်က္ အဆိုကို ယုံၾကည္စိတ္ခ်စြာ ေထာက္ျပခဲ႔ ပါတယ္ ။

ဟစ္တလာ ၏ ႐ိုက္ခ်္ – Reich သက္တမ္း ကာလ တစ္ေလၽွာက္လုံး ဂ်ာမန္ ေရတပ္ ကပၸတိန္မ်ား အတြက္ ၿဗိတိန္ စစ္သေဘၤာမ်ား ကို ရွာေဖြရန္ “ေမွာ္” ခ်ိန္သီး သုံးစြဲျခင္း အတတ္ အပါဝင္ အျခား ဂမ႓ီရဆိုင္ရာ အတတ္ပညာမ်ားကို ေလ့လာခဲ့ၾက ပါတယ္။

ဂ်ာမန္တို႕ဟာ အဆိုပါ ေမွာ္ခ်ိန္သီး ကို ေျမပုံတစ္ခု ေပၚမွာ တြဲလဲခ်ိတ္ ကိုင္ထားခ်ိန္ ထူးျခား ျပင္းထန္စြာ လႈပ္ရွားတဲ႔ အရိပ္လကၡဏာ ျပမယ္ဆိုပါ က ၿဗိတိသၽွ စစ္သေဘာၤ တစ္စင္းဟာ သူတို႕ ေရာက္ရွိေနတဲ႔ ေရျပင္ အနီးမွာ ပုန္းကြယ္ၿပီး ေစာင္႔ေနတယ္ လို႔ ယုံၾကည္ေပသည္။ ထိုအခ်ိန္ က ၿဗိတိသွ် တို႕ဟာ ေရဒါ နည္းပညာကို ပိုင္ဆိုင္ထားၿပီ ျဖစ္ပါတယ္။

ဒုတိယ ကမ႓ာစစ္ ကာလ နာဇီ သိပၸံပညာရွင္မ်ား အခိုင္အမာ ေျပာဆိုခဲ႔ေသာ လေပၚတြင္ အေျခစိုက္ စခန္း ဖြင့္လွစ္မည္ ဆိုတဲ႔ ေျပာၾကားခ်က္မ်ားကို ထိုအခ်ိန္က အဓိပၸါယ္ မရွိတဲ႔ လကၡဏာရပ္ တစ္ခု အျဖစ္သာ သတ္မွတ္ခဲ့ၾက ၿပီး ………………

ဂက္စတာပို ေခါင္းေဆာင္ ဟိန္းနရစ္ ဟင္းမလား ရဲ႕ မိစၧာ တစ္ေကာင္ အစီအမံျဖင္႔ ေရာင္စံုျခည္ထိုး ေဘရြတ္ ပန္ခ်ီကား ကို ခိုးယူဖို႕ ဆိုတာလည္း လုပ္ဇတ္ တစ္ခုသာ ျဖစ္ေၾကာင္း ထို အခ်ိန္က ေျပာၾကားခဲ႔ ၾကပါတယ္ ………….. ။

Ref: How Hitlar’s evil nazi were obsessed with the occult By George Harrison

EΛIɴт MYΛт CнEʟ


ဟစ်တလာ နှင့် နာဇီ အက်စ်အက်စ် တပ်ဖွဲ့တို့ ၏ မှော်အတတ် အသုံးပြုမှု့များ (unicode)

မူရင်းရေးသားသူ – Eaint Myat Chel

နာဇီ အဖွဲ့ဝင်များ ဟာ အမြဲတမ်း သဘာဝလွန် ဖြစ်ရပ်များကို အမြဲ အစဉ်တစိုက် လေ့လာခဲ့ကြပြီး ဟစ်တလာ ကိုယ်တိုင် ကလည်း အမျိုးမျိုးသော လျှို့ဝှက်နက်နဲတဲ့ မှော်ဝိဇ္ဇာ ဂမ႓ီရ အတတ် ပညာရပ်များ နှင့် မှော်ရှေ့ဖြစ်အဟော အမျိုးမျိုး ကို အလွန် အမင်း ယုံကြည်သူ ဖြစ်ပါတယ်။ ဟစ်တလာ ဟာ နာဇီ အက်စ်အက်စ် အကြီးအကဲ ဟိန်းနရစ် ဟင်းမလား – Heinrich Himmler ကို သခင်ရေရှု့၏ နောက်ဆုံး ညစာ စားပွဲတွင် အသုံးပြုခဲ့သော သန့်စင်သော သောက်တော် ရေခွက် – Holy Grail ကို သုတေသနပြု ရှာဖွေဖို့ အမိန့်ပေးခဲ့ ပါတယ်။

ဟိန်းနရစ် ဟင်းမလား ဟာ အလယ်ခေတ် မိစ္ဆာ အယူဝါဒ ကိုးကွယ်မူ့များကို အလွန်တရာ စိတ်ဝင်စာ ကြောင်း နဲ့ပတ်သက်ပြီးတော့ လူပြောများ ခဲ့ပါတယ်။

ဟင်းမလား ဟာ စုန်းကဝေများ နှင့် စုန်းကဝေတို့ ရဲ့ သက်သေ အထောက်အထားများ ကို ရှာဖွေရန် နဲ့ ဂျူး လူမျိုးတို့အား မျိုးသုဉ်းပျောက်ကွယ် သွားရန် အမဲဖျက်ဖို့ အတွက် အက်စ်အက်စ် အဖွဲ့ ဌာနခွဲ တစ်ခု ကို ထူထောင်ခဲ့ ပါတယ်။

ဒီအကြောင်း ဟာ ကြောက်မက်ဘွယ် ကောင်းအောင် လုပ်ကြံ ပြီး ပြောခဲ့တဲ့ လုပ်ဇတ် တစ်ခု မဟုတ်ပါဘူ နာဇီ အက်စ်အက်စ် အဖွဲ့ရဲ့ စုန်းကဝေ ဋ္ဌာန ဟာ အမှန်တကယ် ရှိခဲ့တာ ဖြစ်ပါတယ်။

ဟင်းမလား တည်ထောင်ခဲ့တဲ့ အဆိုပါ ဌာနခွဲရှိ အဖွဲ့ဝင်များ ဟာ ဒုတိယ ကမ႓ာစစ် အတွင်း ပညာရှင် အမျိုးသမီးများ လို့သူတို့က နာမည်ပေးထားတဲ့ စုန်းပညာရှင်များ ကို အရှေ့ ဥရောပ တစ်ခွင် ပိုက်စိပ်တိုက် လိုက်ရှာခဲ့ ပါတယ်။ ထို့နောက် အဆိုပါ စုန်းကဝေ များကို ဂျူးလူမျိုးများ အား ခြေရာခံ လိုက်လံနှောက်ယှက်ဖို့နှင့် ရန်သူတို့၏ အထောက် အထားများ ရှာဖွေပေးဖို့အတွက်လို့ဆိုပါတယ်။

နာဇီတို့က သူတို့ရှာဖွေနေခဲ့တဲ့ စုန်းကဝေများဟာ ဂျာမန်သွေးနှောတယ် လို့ယုံကြည် ကြပြီး ၎င်းတို့၏ လူမျိုးရေး မုန်းတီးမှု့များ ကို အကြောင်းပြပြီး ဂျူး လူမျိုးများ မျိုးသုဉ်း ပျောက်ကွယ်ရေး အတွက်လည်း တစ်ဖက်တစ်လမ်း က အသုံချခဲ့ ကြပါတယ်။

သမိုင်းပညာရှင် အဲရစ် ခါလန်ဒါ – Eric Kurlander ဟာ ယခင် ကတည်းက သူ၏ စာအုပ်တွင် “ ဟစ်တလာ ၏ Monsters များ သို့မဟုတ် တတိယ ရိုက်ခ်ျ ၏ သဘာဝလွန် ဖြစ်ရပ် သမိုင်းကြောင်း တစ်ခု ” – Hitler’s Monsters: A Supernatural History of the Third Reich ဆိုပြီး နာဇီတို့၏ စိတ်မချမ်းမြေ့ဖွယ် အယူသီးမှု့များကို နက်နက်နဲနဲ ရေးသား ဖော်ပြခဲ့ပါတယ်။

အဆိုပါ စာအုပ်ထဲတွင် နာဇီများ ရဲ့လွဲမှားသော အသိဟာ Wacky အယူဝါဒ World Ice သီအိုရီ ကနေ လာပြီး အဲ့ဒါကို နောက်ပိုင်းတွင် ဟစ်တလာ က ပါတီရဲ့ စကြာဝဋ္ဌာဗေဒ – Cosmology အဖြစ် မွေးစား အသုံးပြုခဲ့တယ် လို့ဆိုပါတယ်။

ကမ္ဘာ့ဖြစ်တည်မှု့အခင်းအကျင်း ကို ယုံကြည်သူများ က “အာရိယန်” လူသား ဟာ အခြား လူသားများ ကဲ့သို့တဖြည်းဖြည်း တိုးတက်ပြောင်းလဲလို့ မရ အာကာသ ရှိ နတ်ဘုရား ကသာ သန္ဓေတည် ပေးပြီး ဖန်းတီးနိုင်တယ် လို့ အခိုင်အမာ ပြောဆို ကြတယ်။

ဂျေးဇက် ဟာ အာရိယန် အနွယ် ဖြစ်ပြီး ဂျာမန်များ ဟာ အဆိုပါ အမြင့်မြတ်ဆုံးသော သွေးနှောတဲ့ အတွက် နာဇီတို့ ဟာလည်း သူတို့ ကို သူတို့အာရိယန်များ ဖြစ်တယ် လို့ လက်ခံ ယုံကြည်ကြ ပါတယ်။ ထို့နောက် အဆိုပါ သဘောတရားကို သဘာဝလွန် သီအိုရီ တစ်ခုအဖြစ် ဆက်လက် ချဲ့ထွင်ခဲ့ ကြ ပါတယ် ။

ရုဒေါဖ် ဟက်စ် – Deputy Fuehrer Rudolf Hess က သူနဲ့အတူ နာဇီ အင်ပါယာ တည်ထောင်မှု့မှာ ကြီးမားတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ဗေဒင်ဆရာ ကိုလည်း သူ့ဇာတာခွင် ဆွဲပေးဖို့ ကိုယ်ရေးအရာရှိ ဗေဒင်ဆရာ တစ်ယောက် အဖြစ် ခန့်အပ်ခဲ့ ပါတယ်။

ဟစ်တလာ၏ ဝင်ရိုးတန်း မဟာမိတ်ကြီး ဖြစ်တဲ့ မူဆိုလီနီ ဖမ်းဆီးခံခဲ့ရချိန် နာဇီတွေဟာ မူဆိုလီနီ ကို ကယ်တင်ဖို့ နှင့် မူဆိုလီနီ ကို ဖမ်းထားတဲ့နေရာ ကို ခြေရာခံ သိရှိနိုင်ဖို နက္ခတ်ဗေဒ၊ တာရော့ နဲ့ မှော်ပညာရှင် အယောက် ၄၀ ပါဝင်တဲ့ အဖွဲ့တစ်ခု ကို ဖွဲစည်း လုပ်ဆောင်စေခဲ့ပါတယ်။

ဝါဒရေးရာ ဦးစီးချုပ် ဂျိုးစပဗ် ဂိုလ်ဘဲ ဟာလည်း အယူသီးသူ တစ်ယောက်ဖြစ်ပါတယ်။ သူသည် ပြင်သစ် ရှေ့ဖြစ်ဟောဆရာကြီး နော်စတာဒမပ်စ် – Nostradamus ရဲ့ ဟောကိန်း ကို အရင်ဆုံး ဖတ်ပြီးမှာ့ သာ ဗြိတိန်တို့ စစ် ရှုံးနိမ့်ခါ နီးပြီ ဖြစ်ကြောင်း သူ့၏ ခန့်မှန်းချက် အဆိုကို ယုံကြည်စိတ်ချစွာ ထောက်ပြခဲ့ ပါတယ် ။

ဟစ်တလာ ၏ ရိုက်ခ်ျ – Reich သက်တမ်း ကာလ တစ်လျှောက်လုံး ဂျာမန် ရေတပ် ကပ္ပတိန်များ အတွက် ဗြိတိန် စစ်သင်္ဘောများ ကို ရှာဖွေရန် “မှော်” ချိန်သီး သုံးစွဲခြင်း အတတ် အပါဝင် အခြား ဂမ႓ီရဆိုင်ရာ အတတ်ပညာများကို လေ့လာခဲ့ကြ ပါတယ်။

ဂျာမန်တို့ဟာ အဆိုပါ မှော်ချိန်သီး ကို မြေပုံတစ်ခု ပေါ်မှာ တွဲလဲချိတ် ကိုင်ထားချိန် ထူးခြား ပြင်းထန်စွာ လှုပ်ရှားတဲ့ အရိပ်လက္ခဏာ ပြမယ်ဆိုပါ က ဗြိတိသျှ စစ်သဘောၤ တစ်စင်းဟာ သူတို့ ရောက်ရှိနေတဲ့ ရေပြင် အနီးမှာ ပုန်းကွယ်ပြီး စောင့်နေတယ် လို့ ယုံကြည်ပေသည်။ ထိုအချိန် က ဗြိတိသျှ တို့ဟာ ရေဒါ နည်းပညာကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

ဒုတိယ ကမ႓ာစစ် ကာလ နာဇီ သိပ္ပံပညာရှင်များ အခိုင်အမာ ပြောဆိုခဲ့သော လပေါ်တွင် အခြေစိုက် စခန်း ဖွင့်လှစ်မည် ဆိုတဲ့ ပြောကြားချက်များကို ထိုအချိန်က အဓိပ္ပါယ် မရှိတဲ့ လက္ခဏာရပ် တစ်ခု အဖြစ်သာ သတ်မှတ်ခဲ့ကြ ပြီး ………………

ဂက်စတာပို ခေါင်းဆောင် ဟိန်းနရစ် ဟင်းမလား ရဲ့ မိစ္ဆာ တစ်ကောင် အစီအမံဖြင့် ရောင်စုံခြည်ထိုး ဘေရွတ် ပန်ချီကား ကို ခိုးယူဖို့ ဆိုတာလည်း လုပ်ဇတ် တစ်ခုသာ ဖြစ်ကြောင်း ထို အချိန်က ပြောကြားခဲ့ ကြပါတယ် ………….. ။

Ref: How Hitlar’s evil nazi were obsessed with the occult By George Harrison

EΛIɴт MYΛт CнEʟ

Leave a Reply