လက္နက္ႏိုင္ငံေတာ္မရွိတဲ့ ဧကရာဇ္ (သုိ႔) ဘုရင့္ေနာင္ရဲ႕ ေက်ာက္စာမွတ္တမ္း

Posted on

ရွင္းလင္းေျပာျပစရာ အမ်ားႀကီးေနာ္။ အခ်ိန္ကာလတိုတိုမွာ ေနာင္အၾကာႀကီး အက်ိဳး အျပစ္ခံရမယ့္ အေၾကာင္းအရာေတြကေတာ့ အစုလိုက္အၿပဳံလိုက္ တိုးေနတယ္။ ျမန္မာအမ်ား က ဗုဒၶသာသနာဟာ အႏွစ္ငါးေထာင္တည္မယ္လို႔ ယုံတယ္။ ဒါေပမယ့္ စဥ္းစားၾကည့္စမ္းပါ။ သာသနာ အဓြန္႔ရွည္ေအာင္လုပ္ဖို႔ လူအား ေငြအား အမ်ားႀကီးလိုတယ္။

ဒါေပမယ့္ ဘာပဲေျပာေျပာ တခုခုကို တကယ္ယုံၾကည္ၿပီး လုပ္ခ်င္ၾကၿပီဆိုရင္ ဟိုလိုတမ်ိဳးလုပ္၊ ဒီလိုတမ်ိဳး လုပ္နဲ႔ ပန္းတိုင္ကို ဆိုက္သြားတာပါပဲ။ အဲဒီအားကို ငါက အသုံးခ်ရမွာလို႔ ငါယူဆၿပီးသား၊ လူစြမ္းေကာင္းဆိုရင္ အေျပာမပိုင္ဘူး။ ဒါေပမယ့္ သူက အစြမ္းထက္တဲ့ ဧရာမပုဂၢိဳလ္ႀကီး ျဖစ္လာတတ္ပါတယ္။ ငါ့ကိုယ္ငါ သီရိပရဝမမဟာရာဇာဓိရာဇ (ဘုန္းက်က္သေရႀကီးတဲ့ တရားေစာင့္တဲ့ မင္းတကာ့မင္း) လို႔ ဆိုတယ္။

အခု ငါ ဘယ္လို မင္းတကာ့မင္း ျဖစ္လာတယ္ ဆိုတာ ေျပာမယ္။ ငါ့ ပတ္လည္မွာ မင္းေသးမင္းေျမႇာင္ေတြ အမ်ားႀကီး ရွိေနတယ္။ သူတို႔ကို တဦးခ်င္းခြဲၿပီး ၿဖိဳလွဲဖို႔ လြယ္ပါတယ္။ သာသနာ ၂၀၉၄၊ သကၠရာဇ္ ၉၁၂၊ ခရစ္ႏွစ္ ၁၅၅၀ အဲဒီတုန္းက ငါ ေကတုမတီ (ေတာင္ငူ) ကို သြားၿပီးတိုက္တယ္။ ၁၁ ဇန္နဝါရီ ၁၅၅၁ မွာ ေတာင္ငူကို ငါရတယ္။ ၿမိဳ႕သိမ္းတယ္ဆိုရင္ ဘာေတြျဖစ္မလဲ မင္းတို႔ ေတြးၾကည့္စမ္း။ ငါေျပာပါမယ္ကြာ၊ ဘုရားအို၊ ေက်ာင္းအိုကို ျပင္တယ္ကြာ၊ အသစ္လည္း ထပ္ေဆာက္တယ္၊ ဗုဒၶရွင္ေတာ္ျမတ္ ဘုရားတရားေတာ္ကို ျပန္႔ပြါးေအာင္ ေျပာမယ္ ေဟာမယ္၊ ေဒသအလိုက္ ဘယ္ေရာက္ေရာက္ အဲဒီမွာ သူ႕ေနရာနဲ႔သူ ေခါင္းေဆာင္ဆိုတဲ့ လူေတြရွိတယ္။ ဒီလူေတြက လူပါး လူနပ္ေတြ၊ ငါ့ဆီဝင္လာၿပီး အသက္မေသ စည္းစိမ္မပ်က္ ဆက္လက္အမႈထမ္းလိုပါ သတဲ့၊ ငါ ဘာလုပ္ရမယ္ဆိုတာ သူတို႔က လာေျပာတာေလ။ ၿမိဳ႕ဝန္ကို ၿမိဳ႕ဝန္ဆက္ခန္႔၊ ေစာ္ဘြားကို ေစာ္ဘြားပဲ ဆက္ေနပါေစ၊ ငါ့ကို ဘဝရွင္မင္းတရားႀကီးတဲ့၊ ဒါ သူတို႔ ေခၚတာ၊ ကဲ မလြယ္ဘူးလား။ ေနာက္ ျပည္ၿမိဳ႕ကို ၃၀ ဩဂုတ္ ၁၅၅၁ မွာ ငါတိုက္ယူျပန္တယ္။ ငါ့ နာမည္နဲ႔ အဲဒီၿမိဳ႕မွာ ေကာင္းမႈေတြ အထပ္ထပ္ သူတို႔က လုပ္ေပးၾကတယ္။

ငါကေတာ့ လူအင္အားနဲ႔ လက္နက္အင္အားထပ္ျဖည့္ၿပီး ဟံသာဝတီ (ဗဂိုး) ကို ၁၂ မတ္ ၁၅၅၂ မွာ သြားတိုက္တယ္။ တဘက္ရန္သူ မင္းဆိုတဲ့လူက ဆင္စီးၿပီး ထြက္လာတယ္။ သူနဲ႔ ဆင္စီးခ်င္း တေယာက္ခ်င္း စစ္ထိုးဝံ့မလားတဲ့။ ငါ့ဆင္ ဥေပါသထက သူ႕ဆင္ရဲ႕ အစြယ္ေတြကို ခ်ိဳးပစ္ႏိုင္တယ္။ အဲဒါ ၿပီးေတာ့ ပင္လယ္ဝမွာ ဒီေရတက္တာ မင္းျမင္ဖူးတယ္ မဟုတ္လား၊ ငါ့ စစ္သားေတြက သူ႕ၿမိဳ႕တြင္းကို ဒီေရတက္သလို ေရာက္သြားၾကပါတယ္။ ဒါနဲ႔ ဆက္တိုက္ ေကာင္းမႈေတြ အမ်ားႀကီး လုပ္ျဖစ္တယ္။ နန္းမေရွ႕မွာ ေခါင္းေလာင္းဆြဲထားၿပီး နစ္နာခ်က္ တခုခုရွိသူတိုင္း အတားအဆီးမရွိ ဒီ ေခါင္းေလာင္း ထိုးခြင့္ေပးထားတယ္။ (ေခါင္းေလာင္းသံၾကားရင္ ဘာဒုကၡ လဲလို႔ ေမးၿပီး မျဖစ္ျဖစ္ေအာင္ ျပႆနာကို ေျဖရွင္းေပးပါတယ္။) တိုက္ေရး ခိုက္ေရးေတြ ေခတၱျဖစ္ျဖစ္ အားလုံးရပ္ခိုင္းလိုက္တယ္။ ၿပီးေတာ့ မိဖုရားႀကီး လက္ဆြဲၿပီး ၁၂ ဇန္နဝါရီ ၁၅၅၄ မွာ ငါတို႔ ဘိသိက္ခံတယ္။ ငါလည္း သာသနာ႔ဒါယကာႀကီး ျဖစ္ၿပီေပါ့။

ငါ့ကို ေျပာၾကတယ္။ ဗုဒၶကို ယုံၾကည္တဲ့ ေဒသအမ်ားႀကီးမွာ အုပ္ခ်ဳပ္တဲ့မင္းက ဗုဒၶရဲ႕ အဆုံးအမကို မနာယူၾကဘူးတဲ့။ ဒီကိစၥကို ငါ ဘယ္လိုေျဖရွင္းသလဲဆိုေတာ့ ငါ့မွာ ရွိသမၽွ ေရအား ၾကည္းအား အကုန္စု႐ုံးၿပီး ေျမာက္အရပ္နဲ႔ အေရွ႕ေျမာက္အရပ္ကို ခ်ီတက္ခဲ့တယ္။ အဝကို ၂၂ ဇန္နဝါရီ ၁၅၅၅ မွာ သိမ္းလိုက္ႏိုင္တယ္။ ငါ့ကို ရက္စက္ၾကမ္းၾကဳတ္ၿပီး အသတ္အျဖတ္ပဲ လုံ႔လျပဳေနတယ္လို႔ အားလုံးက ထင္ေနၾကၿပီ မဟုတ္လား။ အေသ အေပ်ာက္က နည္းႏိုင္သမၽွ နည္းေအာင္ စီစဥ္ခဲ့ပါတယ္။ ငါတို႔ လုပ္ရည္ကိုင္ရည္ ထက္ျမက္ တာကို လူသိမ်ားလာေတာ့ ၿမိဳ႕တၿမိဳ႕ကို ငါတို႔ ခ်ဥ္းကပ္တာနဲ႔ နည္းနည္းေလာက္ ဟန္ေရးျပ တိုက္ခိုက္လိုက္႐ုံနဲ႔ (ဒါမွမဟုတ္) လုံးဝမတိုက္ရဘဲနဲ႔ လက္နက္ခ် အညံ့ခံၾကတယ္။

ရွင္းရွင္းေျပာေတာ့ ငါတို႔ကလည္း သိပ္ၿပီး ေၾကာက္စရာ ေကာင္းေလာက္ေအာင္ အားႀကီးတယ္၊ အားသာတယ္ မဆိုႏိုင္သလို သူတို႔ကလည္း သိပ္ညံ့တယ္၊ သိပ္ဖ်င္းတယ္။ တို႔ ေစ့ေစ့ၾကည့္တာကိုပဲ မခံရဲဘူးဆိုတာမ်ိဳး မဟုတ္ပါ။ ငါက စစ္ေခါင္းေဆာင္အေနနဲ႔ ေအာင္ျမင္တယ္ဆိုတဲ့ ဂုဏ္သတင္းေတာ့ ရွိပါရဲ႕၊ သတၱိေရာ၊ ဇြဲလုံ႔လေရာ မေခဘူးေလ၊ ၿမိဳ႕ေတြ ဝန္းက်င္က စိုက္ခင္းပ်ိဳးခင္းေတြ ဖ်က္တယ္၊ စစ္မၾကာခဏ တိုက္ေနရတဲ့ေပါ့။ စစ္အၿမဲတိုက္ ေနၾကရင္ ငတ္သထက္ ငတ္ၾကမယ္၊ ဘယ္ၿမိဳ႕မွ တို႔က အျပင္က အၾကာႀကီး ဝိုင္းပိတ္ဆို႔ထား တာကို မခံႏိုင္ပါ။ ျမန္ျမန္ စစ္ေအးစကားေျပာၿပီး အသနားခံလိုက္ၾကတယ္။ ေစာေစာက ေျပာသလို ငါ့ကို သခင္အျဖစ္ လက္ခံလိုက္ၾကတယ္။ အရင္က ရတဲ့ ရာထူးဂုဏ္ထူး ဥစၥာစီးပြါး မဆုတ္ယုတ္ရင္ ၿပီးစတမ္းေပါ့။ ငါကလည္း ေပးတဲ့ကတိသစၥာတည္ေအာင္ ထိန္းပါတယ္။

စစ္ေအာင္သူေတြဟာ ေလာဘမသတ္ႏိုင္ဘဲ ရသမၽွ ႏိုင္သမၽွ ႏွိပ္စက္လုပ္ၾကတဲ့ အထဲမွာ ငါမပါဘူး။ တခါက သူပုန္ ရာနဲ႔ေထာင္နဲ႔ ရွိသမၽွကို ကပ္နဲ႔ေလွာင္ၿပီး အစာေရစာ မေပးဘဲ မီးတိုက္သတ္ဖို႔ ထားတယ္။ ဆရာေတာ္ သံဃာေတာ္ေတြ ႂကြလာၿပီး သူတို႔ ဒကာေတြကို ေ႐ြးႏႈတ္ၿပီး ေခၚသြားခြင့္လည္းျပဳေရာ တကယ့္အႀကီးအကဲ ထိပ္တန္းေခါင္းေဆာင္ေတြပဲ က်န္ေတာ့တယ္။ အဲဒီေတာ့ တို႔မွာလည္း သတ္ရတဲ့လူ ေလ်ာ့သြားတာ ေကာင္းတာေပါ့။ အဝမင္း၊ အမတ္နဲ႔ ေနာက္လိုက္ေတြက ငါတို႔ဆီမွာ သစၥာေရ လာေသာက္ၿပီး ငါတို႔ တပ္သားျဖစ္လာေတာ့ ငါတို႔အဖို႔လည္း ဆက္လက္ နယ္ပယ္သိမ္းသြင္းဖို႔ ခြန္အားျပည့္သြားျပန္ တယ္။ ဒီလိုပဲ ပေဒသရာဇ္တိုင္းႏိုင္ငံေတြမွာ လုပ္ၿမဲပါ။

ကုလား (ဥေရာပ) ေၾကးစားတပ္ကို ေတာ့ ဒီလိုမထင္နဲ႔ေလ။ သူတို႔ကိုလည္း သာသနာေျမကလြဲရင္ ႀကိဳက္တာကို ႀကိဳက္သ ေလာက္ယူလို႔ ခြင့္ေပးထားပါတယ္။ ငါကလည္း ေနရာသစ္ကို သိမ္းၿပီးရင္ ေက်ာင္းဘုရား ျပဳျပင္မယ္၊ ေစတီကို ေ႐ြးခ်ယ္လို႔ စီစဥ္ၿမဲ ျဖစ္ပါတယ္။ အဲဒီလိုနဲ႔ တစတစ မြန္ေဒသ ျမန္မာေဒသေတြက ေစတီေတြမွာ ေ႐ႊတဝင္းဝင္းနဲ႔ ေ႐ႊႏိုင္ငံ ျဖစ္လာပါတယ္။ ရဟန္းေတြ ကလည္း ဝိနည္းေတာ္ကို ေလးေလးစားစား လိုက္နာက်င့္သုံးတာကို ေတြ႕ရတယ္။ လူေတြကလည္း ဗုဒၶသာသနာဝင္ေတြလို႔ ဆိုရေလာက္ေအာင္ အေနအထိုင္ ႏူးညံ့သိမ္ေမြ႕ လာတယ္။ သူသူငါငါ စိတ္ခ်မ္းသာ ကိုယ္ခ်မ္းသာ ရွိၾကပါတယ္။

သီရိလကၤာမွာ ဗုဒၶသာသနာ ေမွးမွိန္ေနတယ္လို႔ ငါၾကားရေတာ့ ႐ုတ္တရက္ သိပ္စိတ္ထိခိုက္ သြားတယ္။ ပိဋိကတ္တစုံနဲ႔ က်မ္းတတ္ဆရာေတာ္တခ်ိဳ႕ကို ေစလႊတ္ပါတယ္။ ဒီလို က်မ္းတတ္ပုဂၢိဳလ္ေတြအျပင္ လက္သမားဆရာ ပန္းခ်ီဆရာေတြလည္း ထည့္လိုက္ေသး တယ္။ ဟိုမွာ ေက်ာင္းေဆာက္ၿပီး လွပတင့္တယ္ေအာင္ ေဆးေရးေ႐ႊခ် လုပ္ခိုင္းလိုက္ပါတယ္။ လိုသမၽွ ပစၥည္းကိရိယာေတြလည္း သယ္ေဆာင္သြားခိုင္းပါတယ္။ တကယ့္ကို ငါက သူတို႔အေပၚမွာ စိတ္ေကာင္း ေစတနာေကာင္းထားကို သိေအာင္၊ သူတို႔ အေျခအေနေကာင္း လာေအာင္ ဆႏၵရွိတာကို ထင္ရွားေအာင္ ငါ့ဆံေတာ္နဲ႔ မိဖုရားႀကီးဆံေတာ္ကို ျဖတ္ၿပီး တံျမက္လုပ္ၿပီး စြယ္ေတာ္တိုက္မွာ ဖုန္လွည္းဖို႔ ေပးလိုက္ပါတယ္။ ငါေစလႊတ္တဲ့အဖြဲ႕ဟာ ေအာင္ပြဲရလို႔ ျပန္လာၿပီး ဟိုက စြယ္ေတာ္တုတဆူလည္း လက္ေဆာင္ေပးဆက္ လိုက္ပါေသး တယ္။

ေန႔စဥ္ ငါ့ဘာသာ ငါေမးတဲ့ ေမးခြန္းကေတာ့ ငါဘယ္ကိုသြားၿပီး ဗုဒၶသာသနာ ျပဳခြင့္ရမလဲဆိုတဲ့ ေမးခြန္းျဖစ္ပါတယ္။ မိဖုရားႀကီးကိုပါ ေခၚခဲ့ၿပီး ငါတို႔ ေဖာင္ေတာ္နဲ႔ အညာကို ဆန္တယ္။ ခမ္းႀကီးနားႀကီး သြားတာေပါ့။ စစ္အဂၤါခင္းက်င္းၿပီး စစ္တိုက္ဖို႔လည္း ပါတယ္။ အဝကို ၂၄ ဒီဇင္ဘာ ၁၅၅၆ မွာ ေရာက္တယ္၊ ၈ ဇန္နဝါရီ ၁၅၅၇ မွာ ခရီးဆက္တယ္၊ ပတၱျမားေျမျဖစ္တဲ့ မိုးမိတ္နဲ႔ သီေပါက ၁၀ ဇန္နဝါရီ ၁၅၅၇ မွာ အညံ့ခံတယ္။ မိုးမိတ္ရဲ႕ အေနာက္ေျမာက္မွာ ေစတီတဆူတည္ဖို႔ ၈ ေဖေဖာ္ဝါရီ ၁၅၅၇ မွာ ဘုရား အုတ္ျမစ္ခ်တယ္။ ၁၀ ေဖေဖာ္ဝါရီ ၁၅၅၇ မွာ ဌာပနာတိုက္ပိတ္တယ္။ လယ္ထြက္စပါး တႏွစ္တင္း ၆၀၀ ကို သာသနာ႔အေထာက္ အပ့ံျဖစ္ဖို႔ လႉတယ္။

ဘုရားတည္တယ္ဆိုတာ ကူဘုရားပါ၊ အထြက္အဝင္အတြက္ ကူ ေလးမ်က္ႏွာစလုံး အသုံးျပဳလို႔ ရပါတယ္။ ရတနာေစတီလို႔ သမုတ္ပါတယ္။ ေစတီကိုရံၿပီး ဘုန္းေတာ္ႀကီး ေက်ာင္းေလးေက်ာင္း ေဆာက္တယ္။ သီေပါမွာ ေစတီတဆူ ထပ္ေဆာက္ပါတယ္။ ေစာ္ဘြား ႀကီးရဲ႕ ေျမးေတာ္ကို ၁၀ ေဖေဖာ္ဝါရီ ၁၅၅၇ မွာ အခမ္းအနားနဲ႔ သီေပါေစာ္ဘြားအသစ္ ခန္႔တယ္။ အုပ္ခ်ဳပ္ေရးမွာ လိုအပ္သမၽွကို ၫႊန္ၾကားမွာထားၿပီး ၁၇ ေဖေဖာ္ဝါရီ ၁၅၅၇ မွာ မိုးမိတ္က ျပန္ခဲ့တယ္။ ဧရာဝတီကို ထီးခ်ိဳင့္က ေဖာင္ေတာ္နဲ႔ ၂၀ ေဖေဖာ္ဝါရီ ၁၅၅၇ မွာ ကူးပါတယ္။ ၂၈ မတ္ ၁၅၅၇ မွာ ၾကည္းေၾကာင္း ေျမာက္ဘက္ကို ဆက္လက္ခ်ီတက္လို႔ မိုးၫွင္းက ၂၈ မတ္ ၁၅၅၇ မွာ အညံ့ခံတယ္။ မိုးေကာင္းက ၂၆ မတ္ ၁၅၅၇ မွာ အညံ့ခံပါတယ္။ ပေဒသရာဇ္ေတြနဲ႔ ေတြ႕တဲ့အခါ ငါလုပ္ေနက် ထုံးစံအတိုင္း သူတို႔မူလေနရာ မွာပဲ ေစာ္ဘြားျပန္ခန္႔တယ္။ ဒီေတာ့ မိုးေကာင္းေစာ္ဘြားလည္း ဆက္ၿပီး မိုးေကာင္းေစာ္ဘြား ျဖစ္တယ္။

အဲဒီလိုလုပ္ရတာ စြန္႔လုပ္ရတာ ျဖစ္လို႔ ၾကားရသူတိုင္း အံ့ဩၾကတယ္။ မိုးေကာင္း၊ မိုးၫွင္း၊ ကေလး ေစာ္ဘြားေတြကို ဘယ္လိုအုပ္ခ်ဳပ္မွ ေအာင္ျမင္တယ္ဆိုတာကို လမ္းၫႊန္ သင္ၾကားၿပီး ရွမ္းနယ္ေတြျဖစ္တဲ့ မိုးေကာင္း၊ မိုးၫွင္း နဲ႔ မိုးမိတ္၊ သီေပါနယ္ေတြမွာ အႀကီးအကဲ ေသရင္ အရွင္သခင္နဲ႔အတူ ကၽြန္ က်ားမေတြ သတ္ၿပီး သၿဂႋဳဟ္တဲ့ အစဥ္အလာတခုကို တားျမစ္ပိတ္ပင္ခဲ့တယ္။ လုံးလုံးရပ္စဲေစပါတယ္။ အျပန္ခရီးကို ၉ ဧၿပီ ၁၅၅၇ မွာ စတင္ထြက္ခဲ့တယ္။ ပုဂံမွာ ဝင္ၿပီး ေ႐ႊစည္းခုံကို ေ႐ႊခ်တယ္။ အခ်ိန္ပိႆာ ၂၁၀၀၀ (၇၆၆၅၀ ေပါင္) ရွိတဲ့ ေၾကးေခါင္းေလာင္းကို ၂၃ ေမ ၁၅၅၇ မွာ သြန္းေလာင္းေစတယ္။ ဧကရာဇ္ပိုင္နက္မရခင္ ဧကရာဇ္ျဖစ္တဲ့ ငါဟာ အခုလို စြမ္းေဆာင္ခဲ့ ပုံ ေခါင္းေလာင္းမွာ ေရးသားမွတ္တမ္းတင္ေစတယ္။

အၫႊန္း။ ။ မြန္ဘာသာနဲ႔ ေရးထိုးထားတဲ့ ေ႐ႊစည္းခုံေခါင္းေလာင္းစာ။ (မြန္ေက်ာက္စာၫြန္႔ေပါင္း၊ ခ်စ္သိန္း ၁၉၆၅၊ စာ ၁၀၅-၁၀၈)
ဆရာႀကီး ေဒါက္တာသန္းထြန္း စာစုမ်ား


လက်နက်နိုင်ငံတော်မရှိတဲ့ ဧကရာဇ် (သို့) ဘုရင့်နောင်ရဲ့ ကျောက်စာမှတ်တမ်း (unicode)

ရှင်းလင်းပြောပြစရာ အများကြီးနော်။ အချိန်ကာလတိုတိုမှာ နောင်အကြာကြီး အကျိုး အပြစ်ခံရမယ့် အကြောင်းအရာတွေကတော့ အစုလိုက်အပြုံလိုက် တိုးနေတယ်။ မြန်မာအများ က ဗုဒ္ဓသာသနာဟာ အနှစ်ငါးထောင်တည်မယ်လို့ ယုံတယ်။ ဒါပေမယ့် စဉ်းစားကြည့်စမ်းပါ။ သာသနာ အဓွန့်ရှည်အောင်လုပ်ဖို့ လူအား ငွေအား အများကြီးလိုတယ်။

ဒါပေမယ့် ဘာပဲပြောပြော တခုခုကို တကယ်ယုံကြည်ပြီး လုပ်ချင်ကြပြီဆိုရင် ဟိုလိုတမျိုးလုပ်၊ ဒီလိုတမျိုး လုပ်နဲ့ ပန်းတိုင်ကို ဆိုက်သွားတာပါပဲ။ အဲဒီအားကို ငါက အသုံးချရမှာလို့ ငါယူဆပြီးသား၊ လူစွမ်းကောင်းဆိုရင် အပြောမပိုင်ဘူး။ ဒါပေမယ့် သူက အစွမ်းထက်တဲ့ ဧရာမပုဂ္ဂိုလ်ကြီး ဖြစ်လာတတ်ပါတယ်။ ငါ့ကိုယ်ငါ သီရိပရဝမမဟာရာဇာဓိရာဇ (ဘုန်းကျက်သရေကြီးတဲ့ တရားစောင့်တဲ့ မင်းတကာ့မင်း) လို့ ဆိုတယ်။

အခု ငါ ဘယ်လို မင်းတကာ့မင်း ဖြစ်လာတယ် ဆိုတာ ပြောမယ်။ ငါ့ ပတ်လည်မှာ မင်းသေးမင်းမြှောင်တွေ အများကြီး ရှိနေတယ်။ သူတို့ကို တဦးချင်းခွဲပြီး ဖြိုလှဲဖို့ လွယ်ပါတယ်။ သာသနာ ၂၀၉၄၊ သက္ကရာဇ် ၉၁၂၊ ခရစ်နှစ် ၁၅၅၀ အဲဒီတုန်းက ငါ ကေတုမတီ (တောင်ငူ) ကို သွားပြီးတိုက်တယ်။ ၁၁ ဇန်နဝါရီ ၁၅၅၁ မှာ တောင်ငူကို ငါရတယ်။ မြို့သိမ်းတယ်ဆိုရင် ဘာတွေဖြစ်မလဲ မင်းတို့ တွေးကြည့်စမ်း။ ငါပြောပါမယ်ကွာ၊ ဘုရားအို၊ ကျောင်းအိုကို ပြင်တယ်ကွာ၊ အသစ်လည်း ထပ်ဆောက်တယ်၊ ဗုဒ္ဓရှင်တော်မြတ် ဘုရားတရားတော်ကို ပြန့်ပွါးအောင် ပြောမယ် ဟောမယ်၊ ဒေသအလိုက် ဘယ်ရောက်ရောက် အဲဒီမှာ သူ့နေရာနဲ့သူ ခေါင်းဆောင်ဆိုတဲ့ လူတွေရှိတယ်။ ဒီလူတွေက လူပါး လူနပ်တွေ၊ ငါ့ဆီဝင်လာပြီး အသက်မသေ စည်းစိမ်မပျက် ဆက်လက်အမှုထမ်းလိုပါ သတဲ့၊ ငါ ဘာလုပ်ရမယ်ဆိုတာ သူတို့က လာပြောတာလေ။ မြို့ဝန်ကို မြို့ဝန်ဆက်ခန့်၊ စော်ဘွားကို စော်ဘွားပဲ ဆက်နေပါစေ၊ ငါ့ကို ဘဝရှင်မင်းတရားကြီးတဲ့၊ ဒါ သူတို့ ခေါ်တာ၊ ကဲ မလွယ်ဘူးလား။ နောက် ပြည်မြို့ကို ၃၀ ဩဂုတ် ၁၅၅၁ မှာ ငါတိုက်ယူပြန်တယ်။ ငါ့ နာမည်နဲ့ အဲဒီမြို့မှာ ကောင်းမှုတွေ အထပ်ထပ် သူတို့က လုပ်ပေးကြတယ်။

ငါကတော့ လူအင်အားနဲ့ လက်နက်အင်အားထပ်ဖြည့်ပြီး ဟံသာဝတီ (ဗဂိုး) ကို ၁၂ မတ် ၁၅၅၂ မှာ သွားတိုက်တယ်။ တဘက်ရန်သူ မင်းဆိုတဲ့လူက ဆင်စီးပြီး ထွက်လာတယ်။ သူနဲ့ ဆင်စီးချင်း တယောက်ချင်း စစ်ထိုးဝံ့မလားတဲ့။ ငါ့ဆင် ဥပေါသထက သူ့ဆင်ရဲ့ အစွယ်တွေကို ချိုးပစ်နိုင်တယ်။ အဲဒါ ပြီးတော့ ပင်လယ်ဝမှာ ဒီရေတက်တာ မင်းမြင်ဖူးတယ် မဟုတ်လား၊ ငါ့ စစ်သားတွေက သူ့မြို့တွင်းကို ဒီရေတက်သလို ရောက်သွားကြပါတယ်။ ဒါနဲ့ ဆက်တိုက် ကောင်းမှုတွေ အများကြီး လုပ်ဖြစ်တယ်။ နန်းမရှေ့မှာ ခေါင်းလောင်းဆွဲထားပြီး နစ်နာချက် တခုခုရှိသူတိုင်း အတားအဆီးမရှိ ဒီ ခေါင်းလောင်း ထိုးခွင့်ပေးထားတယ်။ (ခေါင်းလောင်းသံကြားရင် ဘာဒုက္ခ လဲလို့ မေးပြီး မဖြစ်ဖြစ်အောင် ပြဿနာကို ဖြေရှင်းပေးပါတယ်။) တိုက်ရေး ခိုက်ရေးတွေ ခေတ္တဖြစ်ဖြစ် အားလုံးရပ်ခိုင်းလိုက်တယ်။ ပြီးတော့ မိဖုရားကြီး လက်ဆွဲပြီး ၁၂ ဇန်နဝါရီ ၁၅၅၄ မှာ ငါတို့ ဘိသိက်ခံတယ်။ ငါလည်း သာသနာ့ဒါယကာကြီး ဖြစ်ပြီပေါ့။

ငါ့ကို ပြောကြတယ်။ ဗုဒ္ဓကို ယုံကြည်တဲ့ ဒေသအများကြီးမှာ အုပ်ချုပ်တဲ့မင်းက ဗုဒ္ဓရဲ့ အဆုံးအမကို မနာယူကြဘူးတဲ့။ ဒီကိစ္စကို ငါ ဘယ်လိုဖြေရှင်းသလဲဆိုတော့ ငါ့မှာ ရှိသမျှ ရေအား ကြည်းအား အကုန်စုရုံးပြီး မြောက်အရပ်နဲ့ အရှေ့မြောက်အရပ်ကို ချီတက်ခဲ့တယ်။ အဝကို ၂၂ ဇန်နဝါရီ ၁၅၅၅ မှာ သိမ်းလိုက်နိုင်တယ်။ ငါ့ကို ရက်စက်ကြမ်းကြုတ်ပြီး အသတ်အဖြတ်ပဲ လုံ့လပြုနေတယ်လို့ အားလုံးက ထင်နေကြပြီ မဟုတ်လား။ အသေ အပျောက်က နည်းနိုင်သမျှ နည်းအောင် စီစဉ်ခဲ့ပါတယ်။ ငါတို့ လုပ်ရည်ကိုင်ရည် ထက်မြက် တာကို လူသိများလာတော့ မြို့တမြို့ကို ငါတို့ ချဉ်းကပ်တာနဲ့ နည်းနည်းလောက် ဟန်ရေးပြ တိုက်ခိုက်လိုက်ရုံနဲ့ (ဒါမှမဟုတ်) လုံးဝမတိုက်ရဘဲနဲ့ လက်နက်ချ အညံ့ခံကြတယ်။

ရှင်းရှင်းပြောတော့ ငါတို့ကလည်း သိပ်ပြီး ကြောက်စရာ ကောင်းလောက်အောင် အားကြီးတယ်၊ အားသာတယ် မဆိုနိုင်သလို သူတို့ကလည်း သိပ်ညံ့တယ်၊ သိပ်ဖျင်းတယ်။ တို့ စေ့စေ့ကြည့်တာကိုပဲ မခံရဲဘူးဆိုတာမျိုး မဟုတ်ပါ။ ငါက စစ်ခေါင်းဆောင်အနေနဲ့ အောင်မြင်တယ်ဆိုတဲ့ ဂုဏ်သတင်းတော့ ရှိပါရဲ့၊ သတ္တိရော၊ ဇွဲလုံ့လရော မခေဘူးလေ၊ မြို့တွေ ဝန်းကျင်က စိုက်ခင်းပျိုးခင်းတွေ ဖျက်တယ်၊ စစ်မကြာခဏ တိုက်နေရတဲ့ပေါ့။ စစ်အမြဲတိုက် နေကြရင် ငတ်သထက် ငတ်ကြမယ်၊ ဘယ်မြို့မှ တို့က အပြင်က အကြာကြီး ဝိုင်းပိတ်ဆို့ထား တာကို မခံနိုင်ပါ။ မြန်မြန် စစ်အေးစကားပြောပြီး အသနားခံလိုက်ကြတယ်။ စောစောက ပြောသလို ငါ့ကို သခင်အဖြစ် လက်ခံလိုက်ကြတယ်။ အရင်က ရတဲ့ ရာထူးဂုဏ်ထူး ဥစ္စာစီးပွါး မဆုတ်ယုတ်ရင် ပြီးစတမ်းပေါ့။ ငါကလည်း ပေးတဲ့ကတိသစ္စာတည်အောင် ထိန်းပါတယ်။

စစ်အောင်သူတွေဟာ လောဘမသတ်နိုင်ဘဲ ရသမျှ နိုင်သမျှ နှိပ်စက်လုပ်ကြတဲ့ အထဲမှာ ငါမပါဘူး။ တခါက သူပုန် ရာနဲ့ထောင်နဲ့ ရှိသမျှကို ကပ်နဲ့လှောင်ပြီး အစာရေစာ မပေးဘဲ မီးတိုက်သတ်ဖို့ ထားတယ်။ ဆရာတော် သံဃာတော်တွေ ကြွလာပြီး သူတို့ ဒကာတွေကို ရွေးနှုတ်ပြီး ခေါ်သွားခွင့်လည်းပြုရော တကယ့်အကြီးအကဲ ထိပ်တန်းခေါင်းဆောင်တွေပဲ ကျန်တော့တယ်။ အဲဒီတော့ တို့မှာလည်း သတ်ရတဲ့လူ လျော့သွားတာ ကောင်းတာပေါ့။ အဝမင်း၊ အမတ်နဲ့ နောက်လိုက်တွေက ငါတို့ဆီမှာ သစ္စာရေ လာသောက်ပြီး ငါတို့ တပ်သားဖြစ်လာတော့ ငါတို့အဖို့လည်း ဆက်လက် နယ်ပယ်သိမ်းသွင်းဖို့ ခွန်အားပြည့်သွားပြန် တယ်။ ဒီလိုပဲ ပဒေသရာဇ်တိုင်းနိုင်ငံတွေမှာ လုပ်မြဲပါ။

ကုလား (ဥရောပ) ကြေးစားတပ်ကို တော့ ဒီလိုမထင်နဲ့လေ။ သူတို့ကိုလည်း သာသနာမြေကလွဲရင် ကြိုက်တာကို ကြိုက်သ လောက်ယူလို့ ခွင့်ပေးထားပါတယ်။ ငါကလည်း နေရာသစ်ကို သိမ်းပြီးရင် ကျောင်းဘုရား ပြုပြင်မယ်၊ စေတီကို ရွေးချယ်လို့ စီစဉ်မြဲ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစတစ မွန်ဒေသ မြန်မာဒေသတွေက စေတီတွေမှာ ရွှေတဝင်းဝင်းနဲ့ ရွှေနိုင်ငံ ဖြစ်လာပါတယ်။ ရဟန်းတွေ ကလည်း ဝိနည်းတော်ကို လေးလေးစားစား လိုက်နာကျင့်သုံးတာကို တွေ့ရတယ်။ လူတွေကလည်း ဗုဒ္ဓသာသနာဝင်တွေလို့ ဆိုရလောက်အောင် အနေအထိုင် နူးညံ့သိမ်မွေ့ လာတယ်။ သူသူငါငါ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြပါတယ်။

သီရိလင်္ကာမှာ ဗုဒ္ဓသာသနာ မှေးမှိန်နေတယ်လို့ ငါကြားရတော့ ရုတ်တရက် သိပ်စိတ်ထိခိုက် သွားတယ်။ ပိဋိကတ်တစုံနဲ့ ကျမ်းတတ်ဆရာတော်တချို့ကို စေလွှတ်ပါတယ်။ ဒီလို ကျမ်းတတ်ပုဂ္ဂိုလ်တွေအပြင် လက်သမားဆရာ ပန်းချီဆရာတွေလည်း ထည့်လိုက်သေး တယ်။ ဟိုမှာ ကျောင်းဆောက်ပြီး လှပတင့်တယ်အောင် ဆေးရေးရွှေချ လုပ်ခိုင်းလိုက်ပါတယ်။ လိုသမျှ ပစ္စည်းကိရိယာတွေလည်း သယ်ဆောင်သွားခိုင်းပါတယ်။ တကယ့်ကို ငါက သူတို့အပေါ်မှာ စိတ်ကောင်း စေတနာကောင်းထားကို သိအောင်၊ သူတို့ အခြေအနေကောင်း လာအောင် ဆန္ဒရှိတာကို ထင်ရှားအောင် ငါ့ဆံတော်နဲ့ မိဖုရားကြီးဆံတော်ကို ဖြတ်ပြီး တံမြက်လုပ်ပြီး စွယ်တော်တိုက်မှာ ဖုန်လှည်းဖို့ ပေးလိုက်ပါတယ်။ ငါစေလွှတ်တဲ့အဖွဲ့ဟာ အောင်ပွဲရလို့ ပြန်လာပြီး ဟိုက စွယ်တော်တုတဆူလည်း လက်ဆောင်ပေးဆက် လိုက်ပါသေး တယ်။

နေ့စဉ် ငါ့ဘာသာ ငါမေးတဲ့ မေးခွန်းကတော့ ငါဘယ်ကိုသွားပြီး ဗုဒ္ဓသာသနာ ပြုခွင့်ရမလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ မိဖုရားကြီးကိုပါ ခေါ်ခဲ့ပြီး ငါတို့ ဖောင်တော်နဲ့ အညာကို ဆန်တယ်။ ခမ်းကြီးနားကြီး သွားတာပေါ့။ စစ်အင်္ဂါခင်းကျင်းပြီး စစ်တိုက်ဖို့လည်း ပါတယ်။ အဝကို ၂၄ ဒီဇင်ဘာ ၁၅၅၆ မှာ ရောက်တယ်၊ ၈ ဇန်နဝါရီ ၁၅၅၇ မှာ ခရီးဆက်တယ်၊ ပတ္တမြားမြေဖြစ်တဲ့ မိုးမိတ်နဲ့ သီပေါက ၁၀ ဇန်နဝါရီ ၁၅၅၇ မှာ အညံ့ခံတယ်။ မိုးမိတ်ရဲ့ အနောက်မြောက်မှာ စေတီတဆူတည်ဖို့ ၈ ဖေဖော်ဝါရီ ၁၅၅၇ မှာ ဘုရား အုတ်မြစ်ချတယ်။ ၁၀ ဖေဖော်ဝါရီ ၁၅၅၇ မှာ ဌာပနာတိုက်ပိတ်တယ်။ လယ်ထွက်စပါး တနှစ်တင်း ၆၀၀ ကို သာသနာ့အထောက် အပံ့ဖြစ်ဖို့ လှူတယ်။

ဘုရားတည်တယ်ဆိုတာ ကူဘုရားပါ၊ အထွက်အဝင်အတွက် ကူ လေးမျက်နှာစလုံး အသုံးပြုလို့ ရပါတယ်။ ရတနာစေတီလို့ သမုတ်ပါတယ်။ စေတီကိုရံပြီး ဘုန်းတော်ကြီး ကျောင်းလေးကျောင်း ဆောက်တယ်။ သီပေါမှာ စေတီတဆူ ထပ်ဆောက်ပါတယ်။ စော်ဘွား ကြီးရဲ့ မြေးတော်ကို ၁၀ ဖေဖော်ဝါရီ ၁၅၅၇ မှာ အခမ်းအနားနဲ့ သီပေါစော်ဘွားအသစ် ခန့်တယ်။ အုပ်ချုပ်ရေးမှာ လိုအပ်သမျှကို ညွှန်ကြားမှာထားပြီး ၁၇ ဖေဖော်ဝါရီ ၁၅၅၇ မှာ မိုးမိတ်က ပြန်ခဲ့တယ်။ ဧရာဝတီကို ထီးချိုင့်က ဖောင်တော်နဲ့ ၂၀ ဖေဖော်ဝါရီ ၁၅၅၇ မှာ ကူးပါတယ်။ ၂၈ မတ် ၁၅၅၇ မှာ ကြည်းကြောင်း မြောက်ဘက်ကို ဆက်လက်ချီတက်လို့ မိုးညှင်းက ၂၈ မတ် ၁၅၅၇ မှာ အညံ့ခံတယ်။ မိုးကောင်းက ၂၆ မတ် ၁၅၅၇ မှာ အညံ့ခံပါတယ်။ ပဒေသရာဇ်တွေနဲ့ တွေ့တဲ့အခါ ငါလုပ်နေကျ ထုံးစံအတိုင်း သူတို့မူလနေရာ မှာပဲ စော်ဘွားပြန်ခန့်တယ်။ ဒီတော့ မိုးကောင်းစော်ဘွားလည်း ဆက်ပြီး မိုးကောင်းစော်ဘွား ဖြစ်တယ်။

အဲဒီလိုလုပ်ရတာ စွန့်လုပ်ရတာ ဖြစ်လို့ ကြားရသူတိုင်း အံ့ဩကြတယ်။ မိုးကောင်း၊ မိုးညှင်း၊ ကလေး စော်ဘွားတွေကို ဘယ်လိုအုပ်ချုပ်မှ အောင်မြင်တယ်ဆိုတာကို လမ်းညွှန် သင်ကြားပြီး ရှမ်းနယ်တွေဖြစ်တဲ့ မိုးကောင်း၊ မိုးညှင်း နဲ့ မိုးမိတ်၊ သီပေါနယ်တွေမှာ အကြီးအကဲ သေရင် အရှင်သခင်နဲ့အတူ ကျွန် ကျားမတွေ သတ်ပြီး သင်္ဂြိုဟ်တဲ့ အစဉ်အလာတခုကို တားမြစ်ပိတ်ပင်ခဲ့တယ်။ လုံးလုံးရပ်စဲစေပါတယ်။ အပြန်ခရီးကို ၉ ဧပြီ ၁၅၅၇ မှာ စတင်ထွက်ခဲ့တယ်။ ပုဂံမှာ ဝင်ပြီး ရွှေစည်းခုံကို ရွှေချတယ်။ အချိန်ပိဿာ ၂၁၀၀၀ (၇၆၆၅၀ ပေါင်) ရှိတဲ့ ကြေးခေါင်းလောင်းကို ၂၃ မေ ၁၅၅၇ မှာ သွန်းလောင်းစေတယ်။ ဧကရာဇ်ပိုင်နက်မရခင် ဧကရာဇ်ဖြစ်တဲ့ ငါဟာ အခုလို စွမ်းဆောင်ခဲ့ ပုံ ခေါင်းလောင်းမှာ ရေးသားမှတ်တမ်းတင်စေတယ်။

အညွှန်း။ ။ မွန်ဘာသာနဲ့ ရေးထိုးထားတဲ့ ရွှေစည်းခုံခေါင်းလောင်းစာ။ (မွန်ကျောက်စာညွန့်ပေါင်း၊ ချစ်သိန်း ၁၉၆၅၊ စာ ၁၀၅-၁၀၈)
ဆရာကြီး ဒေါက်တာသန်းထွန်း စာစုများ

Leave a Reply