လင္ကြန္းဘ၀ရဲ႕ အႀကီးမားဆုံး ဒုကၡ(သုိ႔) ေမရီေတာ့ဒ္

Posted on


“ကြ်န္ေတာ္အိမ္ေထာင္ျပဳလုိက္တယ္ဆုိတဲ့ သတင္းကလြဲလုိ႔ အျခားသတင္းထူးမရွိပါဘူး။ အဲဒါကလဲ ကြ်န္ေတာ့အတြက္ေတာ့ အလြန္႔အလြန္ကုိ အံၾသဖြယ္ေကာင္းတဲ့ကိစၥ လုိ႔ ဆုိရမွာပါ”

ဒါကေတာ့ အလုပ္ကိစၥနဲ႔ ပတ္သတ္တဲ့စာတစ္ေစာင္ အဆုံးမွာ အိမ္ေထာင္ေရးနဲ႔ ပတ္သတ္လုိ႔ လင္ကြန္းေရးခဲ့တဲ့ စာေလးပါ။ ခ်ီကာဂုိသမုိင္းသုေတသီ အသင္းက ထိန္းသိမ္းထားတဲ့ စာေလးေပါ့။ လင္ကြန္းဟာ အိမ္ေထာင္ေရးနဲ႔ ပတ္သတ္လုိ႔ ဆုိးဆုိး၀ါး၀ါးႀကဳံေတြ႔ရေပမယ့္ ဘယ္ေတာ့မွ စာထဲမွာထည့္ေရးေလ့မရွိပါဘူး။

လင္ကြန္းနဲ႔ ႏွစ္ေပါင္း ၂၀နီးပါးတြဲဖက္လုပ္ကုိင္ခဲ့တဲ့မိတ္ေဆြျဖစ္သူ ဟာဒန္ကလည္း “ကြ်န္ေတာ္တုိ႔တြဲလုပ္ခဲ့တဲ့ ႏွစ္ေပါင္း၂၀အတြင္းမွာ သူဟာ တစ္စက္ကေလးမွ စိတ္ခ်မ္းသာေပ်ာ္ရႊင္ရတဲ့ ေနရက္ရယ္လုိ႔ မေတြ႔ဖူးပါဘူး။” လုိ႔ ဆုိပါတယ္။

လင္ကြန္းအထၳဳပတၱိကုိ ၃ႏွစ္ၾကာ ျပဳစုခဲ့တဲ့ ေဒးလ္ကာနယ္ဂ်ီကလည္း “လင္ကြန္းရဲ႕ဘ၀မွာ အႀကီးမားဆုံးဒုုကၡ ၊ ေၾကကြဲဖြယ္အျဖစ္ဆုိးကေတာ့ သူ႔ရဲ႕အိမ္ေထာင္ေရးပါပဲ”
လုိ႔ေကာက္ခ်က္ခ်ခဲ့ျပန္ပါတယ္။

လင္ကြန္း နဲ႔ ေမရီေတာ့ဒ္တုိ႔ ေစ့စပ္ေၾကာင္းလမ္းၿပီးလုိ႔ မၾကာခင္မွာပဲ သူတုိ႔ႏွစ္ေယာက္ဟာ အရာရာမွာ လုံး၀ဆန္႔က်င္ဘက္ေတြျဖစ္ေနတယ္။ ၀ါသနာ ၊ အက်င့္စရုိက္ ၊ အေလ့အက်င့္ ၊ အလုိဆႏၵေတြဟာလည္း ဆန္႔က်င္ဘက္ ျပဒါးတစ္လမ္း သံတစ္လမ္းေပါ့။

လင္ကြန္းအေနနဲ႔က တစ္သက္တာလုံးမွာ တစ္ႏွစ္ျပည့္ေအာင္ ေက်ာင္းမေနဖူးတဲ့သူ။ ေမရီေတာ့ဒ္ကေတာ့ ျပည္နယ္ရဲ႕အေတာ္ဆုံးသူေတြထဲမွာ ထိပ္ဆုံးကတစ္ေယာက္၊ စစ္ဗုိလ္ခ်ဳပ္ေတြ ၊ ဘုရင္ခံေတြ ၊ သူေဌးႀကီးေတြ အသုိင္းအ၀ုိင္းထဲကလူ ။ လင္ကြန္း ဘယ္ေလာက္ဆင္းရဲသလဲ ဆုိတာကေတာ့ အားလုံးသိၿပီးတဲ့အတုိင္းပါ။ စာအုပ္မ၀ယ္ႏုိင္လုိ႔ ငွားဖတ္ဖုိ႔ မုိင္ေပါင္းမ်ားစြာကို လမ္းေလွ်ာက္ခဲ့ရသူပါ။

ေမရီေတာ့ဒ္က အ၀တ္အစား ၊ ပြဲလမ္းသဘင္ အရမ္းႏွစ္သက္တယ္၊ လင္ကြန္းကေတာ့ ရုိးတယ္ ေအးတယ္ ပကာသနေတြကုိ စိတ္မ၀င္စားဘူး။ သူ႔ကုိယ္သူေတာင္ ဂရုမစုိက္တတ္တဲ့သူ။ စားေသာက္တဲ့အခါမွာလည္း ေမရီေတာ့ဒ္က လင္ကြန္းကိုသင္ေပးခဲ့ရတယ္။

ဆင္းဆင္းရဲရဲႀကီးျပင္းခဲ့တဲ့ လင္ကြန္းက ဒါေတြကို နားမလည္ခဲ့ဘူးေလ။ ေမရီေတာ့ဒ္က မာနႀကီးတယ္ ၊ လင္ကြန္းက ႏွိမ္ခ်တယ္ ၊ ဘယ္သူမဆုိတန္းတူသေဘာထားဆက္ဆံတယ္။ ဒီလုိမတူညီမႈေတြေၾကာင့္လည္း လင္ကြန္းက လက္မထပ္ေတာ့ဖုိ႔အတြက္ သူမထံစာေရးၿပီး သူငယ္ခ်င္း စပိဒ္ကုိေပးခုိင္းခဲ့တယ္။ စပိဒ္က စာကုိဆုတ္ၿဖဲၿပီး လင္ကြန္းကို ေမရီေတာ့ဒ္ထံ သြားေတြ႔ခုိင္းခဲ့တယ္။

လင္ကြန္း ေမရီေတာ့ဒ္ကို သြားေတြ႔ၿပီး လက္ထပ္ဖုိ႔မျဖစ္ႏုိင္ေတာ့ဘူးေျပာေတာ့ ေမရီေတာ့ဒ္ဟာ ရႈိက္ႀကီးတငင္နဲ႔ ငိုတယ္။ ဒီလုိဆုိေတာ့လည္း လင္ကြန္းအသည္းက မမာ၊ ေပြ႔ဖက္ေမႊးၾကဴရင္းနဲ႔ ေျဖသိမ့္စကားဆုိခဲ့တယ္။ ေမရီေတာ့ဒ္ဟာ လင္ကြန္းကို ခ်စ္ေတာ့ခ်စ္ေပမယ့္ အျပဳအမႈေတြကေတာ့ ဆန္႔က်င္ဘက္ေတြ။ လက္ထပ္မယ့္ေန႔ေရာက္ေတာ့ လင္ကြန္းေပၚမလာခဲ့ဘူး။

ဒီအေၾကာင္းကို ေမရီေတာ့ဒ္ဘက္ကလူေတြက လင္ကြန္းရူးသြားၿပီလုိ႔ ေျပာၾကေပမယ့္ ေယာက်ၤားေလာင္းျဖစ္သူကို ဒီလုိေျပာတဲ့အေပၚ ေမရီေတာ့ဒ္က အေရးေတာင္မစုိက္ခဲ့ပါဘူး။ တကယ္ေတာ့ လင္ကြန္းဟာ လူေရာစိတ္ပါ ေနမေကာင္းျဖစ္ေနတာပါ။

သူငယ္ခ်င္းေတြကိုေတာ့ သူ႔ကုိယ္သူ သတ္ေသခ်င္တယ္ လုိ႔ ေျပာခဲ့တာေၾကာင့္ သူငယ္ခ်င္းေတြက လင္ကြန္းရဲ႕ဓားကိုယူထားခဲ့ရတယ္။ သူ စိတ္ဆင္းရဲရတဲ့အေၾကာင္း နဲ႔ ပတ္သတ္လုိ႔ လင္ကြန္းေရးခဲ့တဲ့ စာတစ္ေစာင္မွာ ဒီလုိေရးခဲ့ပါတယ္။

“အခု အခ်ိန္မွာ ကြ်န္ေတာ္ဟာ အသက္ရွင္ေနတဲ့ လူသားေတြထဲမွာ စိတ္အဆင္းရဲဆုံးလူပါ ၊ ကြ်န္ေတာ့္ဆီက စိတ္ဆင္းရဲမႈေတြကို အျခားသူေတြဆီ အညီအမွ်ခြဲေပးမယ္ဆုိရင္ စိတ္ခ်မ္းသာတဲ့ လူဆုိလုိ႔ ရွိေတာ့မွာေတာင္ မဟုတ္ဘူး။ အေျခအေနေတြဒီထက္ ေကာင္းလာစရာမရွိေတာ့ဘူးဆုိတာ ကြ်န္ေတာ္သိတယ္။ ဒီအတုိင္း ဒီလုိပဲ ဆက္ေနဖုိ႔ဆုိတာကလဲ မျဖစ္ႏုိင္ဘူးေပါ့။ ကြ်န္ေတာ္ေသလုိက္တာကမွ ပုိေကာင္းဦးမယ္ ထင္ပါတယ္”

အဲဒီေနာက္ေတာ့ လင္ကြန္းဟာ ၂ႏွစ္ၾကာေအာင္ ေမရီေတာ့ဒ္နဲ႔ အဆက္အသြယ္မလုပ္ပဲေနခဲ့တယ္။ ဒါေပမယ့္ ေအာင္သြယ္နဲ႔ ေမရီေတာ့ဒ္တုိ႔က လင္ကြန္းဟာ ေမရီေတာ့ဒ္ကုိလက္ထပ္ဖုိ႔ တာ၀န္ရွိတယ္လုိ႔ အတန္တန္ေျပာဆုိ တုိက္တြန္းၾကတဲ့အတြက္ ေနာက္ဆုံးမွာေတာ့ ေမရီေတာ့ဒ္ကုိ လက္ထပ္ခဲ့ပါတယ္။ လင္ကြန္းတုိ႔ လင္မယားလက္ထပ္ခါစ က အေျခအေနတစ္ခုကို အသိတစ္ေယာက္က ေျပာျပခဲ့ပါတယ္။

“အဲဒီေန႔ နံနက္ပုိင္းက လင္ကြန္းတုိ႔လင္မယားဟာ အျခားဧည့္သည္ေတြနဲ႔ အတူ မနက္စာစားေနၾကတုန္း လင္ကြန္းက တစ္ခုခုေျပာလုိက္တယ္ ၊ ဘာေျပာလုိက္လဲဆုိတာ မသိေပမယ့္ ေမရီေတာ့ဒ္ စိတ္ဆုိးသြားၿပီး လင္ကြန္းရဲ႕မ်က္ႏွာကို သူစိမ္းဧည့္သည္ေတြေရွ႕မွာ ေသာက္ေနတဲ့ေကာ္ဖီနဲ႔ ပက္ပစ္လုိက္တယ္။ ဘယ္ေလာက္စိတ္ဆိုးစရာျမင္ကြင္းလဲ ။ လင္ကြန္းကေတာ့ ဘာမွမတုံ႔ျပန္ခဲ့ဘူး။ မေနႏုိင္တဲ့ တည္းခုိခန္းပုိင္ရွင္က အ၀တ္ယူၿပီး လင္ကြန္းကို သုတ္ေပးခဲ့ရတယ္”

ေမရီေတာ့ဒ္က သမၼတႀကီးလင္ကြန္းအား ဘာမွ ဂ်ီတိုက္စရာမရွိလွ်င္ “ရွင္ဟာ… နားရြက္ကလည္း ႀကီးေနေသးရဲ႕၊ ႏွာေခါင္းကလည္း ေကာက္၊ ေအာက္ႏႈတ္ခမ္းႀကီးကလည္း တြဲက်ၿပီး ကုိယ္လံုးကုိယ္ေပါက္ဟာ ႐ွဴနာ႐ိႈက္ကုန္းသည္နဲ႔ တူတယ္။ လက္ေတြ၊ ေျခေတြက သိပ္ႀကီးၿပီး ေခါင္းကလည္း သိပ္ေသးတာပဲ” စသည့္ စကားမ်ားျဖင့္ ဂ်ီတိုက္ေနတတ္ျပန္ပါတယ္။

အစဥ္သျဖင့္ က်ယ္ေလာင္ေသာအသံျဖင့္ ေဒါသတႀကီး အၿမဲတမ္း ႀကိမ္းေမာင္းေနတတ္တယ္။ မစၥက္လင္ကြန္းသည္ ေဒါသထြက္လာပါက ေအာ္ဟစ္ဆူပူ႐ံုသာမက မၾကာခဏ ကုိယ္ထိလက္ေရာက္ က်ဴးလြန္တတ္ပါတယ္။ ဒါေၾကာင့္လည္း လင္ကြန္းသည္ ေရွ႕ေနလုိက္ရာမွာ တစ္ႏွစ္တြင္ ေျခာက္လေလာက္ အိမ္သို႔ျပန္မလာဘဲ ဟိုတယ္မ်ားတြင္ ျဖစ္သလိုတည္းကာ ေနခဲ့တာပဲျဖစ္ပါတယ္။

ေမရီေတာ့ဒ္ဟာ လင္ကြန္းအေပၚမွာ ဆုိးဆုိး၀ါး၀ါးျပဳမႈခဲ့တာေတြ ၊ အၿမဲစိတ္ဒုကၡေပးခဲ့တာေတြဟာ သူတုိ႔လင္မယားသက္တမ္းတစ္ေလွ်ာက္မွာ အႀကိမ္ေပါင္းမ်ားစြာ ျဖစ္ခဲ့ဖူးပါတယ္။ လင္ကြန္းကေတာ့ အံ့ဖြယ္လူသားအလား သည္းခံႏုိင္ခဲ့ပါတယ္။ ဒီအတြက္လည္း သူ႔ရဲ႕မိန္းမျဖစ္သူကုိ အရမ္းဆုိးတဲ့သူလုိ႔ ေျပာဖုိ႔ ဆႏၵမေစာပါနဲ႔ဦး။

ေမရီေတာ့ဒ္ဟာ ေစာေစာပုိင္းတည္းက စိတ္သိပ္မွန္ပုံမရေတာ့ပါဘူး။ ဘာလုိ႔လဲဆုိေတာ့ ေနာက္ပုိင္းမွာ သူမဟာ သြက္သြက္ခါေအာင္ ရူးသြားလုိ႔ပါပဲ။ အစကတည္းက သူမရဲ႕ စိတ္ေတြဟာ ေဖာက္ျပန္ၿပီး ရူးသြပ္ေတာ့မယ့္ဆဲဆဲျဖစ္ေနခဲ့ပါတယ္။

လင္ကြန္းအေၾကာင္း ကြ်န္ေတာ္သိသမွ်အေၾကာင္းေတြထဲက အေလးစားဆုံး ႏွစ္လုိဖြယ္အေကာင္းဆုံးအခ်က္ကေတာ့ လင္ကြန္းဟာ တစ္စက္ကေလးမွ မသာယာတဲ့ အိမ္ေထာင္ေရးကို ႏွစ္ေပါင္း ၂၃ႏွစ္ၾကာေအာင္ သည္းခံခဲ့တာပါပဲ။ ဒီလုိ စိတ္ခ်မ္းမသာတဲ့အေျခအေနမွာ တစ္သက္လုံးေနခဲ့တဲ့သူဟာ သမုိင္းတြင္တဲ့လူတစ္ေယာက္ ျဖစ္ေအာင္စြမ္းေဆာင္ႏုိင္ခဲ့ပါေသးတယ္။

ဇနီးနဲ႔ပတ္သတ္လုိ႔ နာက်ည္းခက္ထန္မႈေတြမရွိဘူး။ အာဃာဏေတြ အမ်က္ေဒါသေတြ မထားခဲ့ဘူး။ အဲဒီအေၾကာင္းေတြကုိ ဘယ္သူ႔မွကို တစ္ခြန္းတစ္ေလေတာင္ ဖြင့္မဟခဲ့ဘူး။

(အခုလုိသိခဲ့ရတာကလည္း နီးစပ္တဲ့ အသုိင္းအ၀ုိင္းေတြဆီက အျဖစ္အပ်က္ေတြကုိ စုစည္းေလ့လာၿပီးမွ သိခဲ့ရတာပါ)။ ႀကီးျမတ္လွတဲ့ သည္းခံမႈေတြ ခြင့္လႊတ္မႈေတြနဲ႔ ဇနီးျဖစ္သူရဲ႕ ခ်စ္ဒုကၡေတြကုိ ႏွစ္ေပါင္းမ်ားစြာ ခံစားသြားရွာခဲ့ရတယ္။

ကိုးကား
#သုတဇုန္
ေဒးကာနယ္ဂ်ီရဲ႕ စာအုပ္ကို ဆရာ ေမာင္သိန္းလြင္ဘာသာျပန္ထားတဲ့ မေက်ာ္ၾကားေသာျဖစ္ရပ္မ်ား စာအုပ္မွ


လင်ကွန်းဘဝရဲ့ အကြီးမားဆုံး ဒုက္ခ(သို့) မေရီတော့ဒ် (unicode)

“ကျွန်တော်အိမ်ထောင်ပြုလိုက်တယ်ဆိုတဲ့ သတင်းကလွဲလို့ အခြားသတင်းထူးမရှိပါဘူး။ အဲဒါကလဲ ကျွန်တော့အတွက်တော့ အလွန့်အလွန်ကို အံဩဖွယ်ကောင်းတဲ့ကိစ္စ လို့ ဆိုရမှာပါ”
ဒါကတော့ အလုပ်ကိစ္စနဲ့ ပတ်သတ်တဲ့စာတစ်စောင် အဆုံးမှာ အိမ်ထောင်ရေးနဲ့ ပတ်သတ်လို့လင်ကွန်းရေးခဲ့တဲ့ စာလေးပါ။ ချီကာဂိုသမိုင်းသုတေသီ အသင်းက ထိန်းသိမ်းထားတဲ့ စာလေးပေါ့။ လင်ကွန်းဟာ အိမ်ထောင်ရေးနဲ့ ပတ်သတ်လို့ ဆိုးဆိုးဝါးဝါးကြုံတွေ့ရပေမယ့် ဘယ်တော့မှ စာထဲမှာထည့်ရေးလေ့မရှိပါဘူး။

လင်ကွန်းနဲ့ နှစ်ပေါင်း ၂ဝနီးပါးတွဲဖက်လုပ်ကိုင်ခဲ့တဲ့မိတ်ဆွေဖြစ်သူ ဟာဒန်ကလည်း “ကျွန်တော်တို့တွဲလုပ်ခဲ့တဲ့ နှစ်ပေါင်း၂ဝအတွင်းမှာ သူဟာ တစ်စက်ကလေးမှ စိတ်ချမ်းသာပျော်ရွှင်ရတဲ့ နေရက်ရယ်လို့ မတွေ့ဖူးပါဘူး။” လို့ ဆိုပါတယ်။ လင်ကွန်းအထ္ထုပတ္တိကို ၃နှစ်ကြာ ပြုစုခဲ့တဲ့ ဒေးလ်ကာနယ်ဂျီကလည်း “လင်ကွန်းရဲ့ဘဝမှာ အကြီးမားဆုံးဒုက္ခ ၊ ကြေကွဲဖွယ်အဖြစ်ဆိုးကတော့ သူ့ရဲ့အိမ်ထောင်ရေးပါပဲ”
လို့ကောက်ချက်ချခဲ့ပြန်ပါတယ်။

လင်ကွန်း နဲ့ မေရီတော့ဒ်တို့ စေ့စပ်ကြောင်းလမ်းပြီးလို့ မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ အရာရာမှာ လုံးဝဆန့်ကျင်ဘက်တွေဖြစ်နေတယ်။ ဝါသနာ ၊ အကျင့်စရိုက် ၊ အလေ့အကျင့် ၊ အလိုဆန္ဒတွေဟာလည်း ဆန့်ကျင်ဘက် ပြဒါးတစ်လမ်း သံတစ်လမ်းပေါ့။ လင်ကွန်းအနေနဲ့က တစ်သက်တာလုံးမှာ တစ်နှစ်ပြည့်အောင် ကျောင်းမနေဖူးတဲ့သူ။ မေရီတော့ဒ်ကတော့ ပြည်နယ်ရဲ့အတော်ဆုံးသူတွေထဲမှာ ထိပ်ဆုံးကတစ်ယောက်၊ စစ်ဗိုလ်ချုပ်တွေ ၊ ဘုရင်ခံတွေ ၊ သူဌေးကြီးတွေ အသိုင်းအဝိုင်းထဲကလူ ။ လင်ကွန်း ဘယ်လောက်ဆင်းရဲသလဲ ဆိုတာကတော့ အားလုံးသိပြီးတဲ့အတိုင်းပါ။ စာအုပ်မဝယ်နိုင်လို့ ငှားဖတ်ဖို့ မိုင်ပေါင်းများစွာကို လမ်းလျှောက်ခဲ့ရသူပါ။

မေရီတော့ဒ်က အဝတ်အစား ၊ ပွဲလမ်းသဘင် အရမ်းနှစ်သက်တယ်၊ လင်ကွန်းကတော့ ရိုးတယ် အေးတယ် ပကာသနတွေကို စိတ်မဝင်စားဘူး။ သူ့ကိုယ်သူတောင် ဂရုမစိုက်တတ်တဲ့သူ။ စားသောက်တဲ့အခါမှာလည်း မေရီတော့ဒ်က လင်ကွန်းကိုသင်ပေးခဲ့ရတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းခဲ့တဲ့ လင်ကွန်းက ဒါတွေကို နားမလည်ခဲ့ဘူးလေ။ မေရီတော့ဒ်က မာနကြီးတယ် ၊ လင်ကွန်းက နှိမ်ချတယ် ၊ ဘယ်သူမဆိုတန်းတူသဘောထားဆက်ဆံတယ်။ ဒီလိုမတူညီမှုတွေကြောင့်လည်း လင်ကွန်းက လက်မထပ်တော့ဖို့အတွက် သူမထံစာရေးပြီး သူငယ်ချင်း စပိဒ်ကိုပေးခိုင်းခဲ့တယ်။ စပိဒ်က စာကိုဆုတ်ဖြဲပြီး လင်ကွန်းကို မေရီတော့ဒ်ထံ သွားတွေ့ခိုင်းခဲ့တယ်။

လင်ကွန်း မေရီတော့ဒ်ကို သွားတွေ့ပြီး လက်ထပ်ဖို့မဖြစ်နိုင်တော့ဘူးပြောတော့ မေရီတော့ဒ်ဟာ ရှိုက်ကြီးတငင်နဲ့ ငိုတယ်။ ဒီလိုဆိုတော့လည်း လင်ကွန်းအသည်းက မမာ၊ ပွေ့ဖက်မွှေးကြူရင်းနဲ့ ဖြေသိမ့်စကားဆိုခဲ့တယ်။ မေရီတော့ဒ်ဟာ လင်ကွန်းကို ချစ်တော့ချစ်ပေမယ့် အပြုအမှုတွေကတော့ ဆန့်ကျင်ဘက်တွေ။ လက်ထပ်မယ့်နေ့ရောက်တော့ လင်ကွန်းပေါ်မလာခဲ့ဘူး။ ဒီအကြောင်းကို မေရီတော့ဒ်ဘက်ကလူတွေက လင်ကွန်းရူးသွားပြီလို့ ပြောကြပေမယ့် ယောင်္ကျားလောင်းဖြစ်သူကို ဒီလိုပြောတဲ့အပေါ် မေရီတော့ဒ်က အရေးတောင်မစိုက်ခဲ့ပါဘူး။ တကယ်တော့ လင်ကွန်းဟာ လူရောစိတ်ပါ နေမကောင်းဖြစ်နေတာပါ။ သူငယ်ချင်းတွေကိုတော့ သူ့ကိုယ်သူ သတ်သေချင်တယ် လို့ ပြောခဲ့တာကြောင့် သူငယ်ချင်းတွေက လင်ကွန်းရဲ့ဓားကိုယူထားခဲ့ရတယ်။ သူ စိတ်ဆင်းရဲရတဲ့အကြောင်း နဲ့ ပတ်သတ်လို့ လင်ကွန်းရေးခဲ့တဲ့ စာတစ်စောင်မှာ ဒီလိုရေးခဲ့ပါတယ်။

“အခု အချိန်မှာ ကျွန်တော်ဟာ အသက်ရှင်နေတဲ့ လူသားတွေထဲမှာ စိတ်အဆင်းရဲဆုံးလူပါ ၊ ကျွန်တော့်ဆီက စိတ်ဆင်းရဲမှုတွေကို အခြားသူတွေဆီ အညီအမျှခွဲပေးမယ်ဆိုရင် စိတ်ချမ်းသာတဲ့ လူဆိုလို့ ရှိတော့မှာတောင် မဟုတ်ဘူး။ အခြေအနေတွေဒီထက် ကောင်းလာစရာမရှိတော့ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒီအတိုင်း ဒီလိုပဲ ဆက်နေဖို့ဆိုတာကလဲ မဖြစ်နိုင်ဘူးပေါ့။ ကျွန်တော်သေလိုက်တာကမှ ပိုကောင်းဦးမယ် ထင်ပါတယ်”

အဲဒီနောက်တော့ လင်ကွန်းဟာ ၂နှစ်ကြာအောင် မေရီတော့ဒ်နဲ့ အဆက်အသွယ်မလုပ်ပဲနေခဲ့တယ်။ ဒါပေမယ့် အောင်သွယ်နဲ့ မေရီတော့ဒ်တို့က လင်ကွန်းဟာ မေရီတော့ဒ်ကိုလက်ထပ်ဖို့ တာဝန်ရှိတယ်လို့ အတန်တန်ပြောဆို တိုက်တွန်းကြတဲ့အတွက် နောက်ဆုံးမှာတော့ မေရီတော့ဒ်ကို လက်ထပ်ခဲ့ပါတယ်။ လင်ကွန်းတို့ လင်မယားလက်ထပ်ခါစ က အခြေအနေတစ်ခုကို အသိတစ်ယောက်က ပြောပြခဲ့ပါတယ်။
“အဲဒီနေ့ နံနက်ပိုင်းက လင်ကွန်းတို့လင်မယားဟာ အခြားဧည့်သည်တွေနဲ့ အတူ မနက်စာစားနေကြတုန်း လင်ကွန်းက တစ်ခုခုပြောလိုက်တယ် ၊ ဘာပြောလိုက်လဲဆိုတာ မသိပေမယ့် မေရီတော့ဒ် စိတ်ဆိုးသွားပြီး လင်ကွန်းရဲ့မျက်နှာကို သူစိမ်းဧည့်သည်တွေရှေ့မှာ သောက်နေတဲ့ကော်ဖီနဲ့ ပက်ပစ်လိုက်တယ်။ ဘယ်လောက်စိတ်ဆိုးစရာမြင်ကွင်းလဲ ။ လင်ကွန်းကတော့ ဘာမှမတုံ့ပြန်ခဲ့ဘူး။ မနေနိုင်တဲ့ တည်းခိုခန်းပိုင်ရှင်က အဝတ်ယူပြီး လင်ကွန်းကို သုတ်ပေးခဲ့ရတယ်”

မေရီတော့ဒ်က သမ္မတကြီးလင်ကွန်းအား ဘာမှ ဂျီတိုက်စရာမရှိလျှင် “ရှင်ဟာ… နားရွက်ကလည်း ကြီးနေသေးရဲ့၊ နှာခေါင်းကလည်း ကောက်၊ အောက်နှုတ်ခမ်းကြီးကလည်း တွဲကျပြီး ကိုယ်လုံးကိုယ်ပေါက်ဟာ ရှူနာရှိုက်ကုန်းသည်နဲ့ တူတယ်။ လက်တွေ၊ ခြေတွေက သိပ်ကြီးပြီး ခေါင်းကလည်း သိပ်သေးတာပဲ” စသည့် စကားများဖြင့် ဂျီတိုက်နေတတ်ပြန်ပါတယ်။ အစဉ်သဖြင့် ကျယ်လောင်သောအသံဖြင့် ဒေါသတကြီး အမြဲတမ်း ကြိမ်းမောင်းနေတတ်တယ်။ မစ္စက်လင်ကွန်းသည် ဒေါသထွက်လာပါက အော်ဟစ်ဆူပူရုံသာမက မကြာခဏ ကိုယ်ထိလက်ရောက် ကျူးလွန်တတ်ပါတယ်။ ဒါကြောင့်လည်း လင်ကွန်းသည် ရှေ့နေလိုက်ရာမှာ တစ်နှစ်တွင် ခြောက်လလောက် အိမ်သို့ပြန်မလာဘဲ ဟိုတယ်များတွင် ဖြစ်သလိုတည်းကာ နေခဲ့တာပဲဖြစ်ပါတယ်။

မေရီတော့ဒ်ဟာ လင်ကွန်းအပေါ်မှာ ဆိုးဆိုးဝါးဝါးပြုမှုခဲ့တာတွေ ၊ အမြဲစိတ်ဒုက္ခပေးခဲ့တာတွေဟာ သူတို့လင်မယားသက်တမ်းတစ်လျှောက်မှာ အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ဖူးပါတယ်။ လင်ကွန်းကတော့ အံ့ဖွယ်လူသားအလား သည်းခံနိုင်ခဲ့ပါတယ်။ ဒီအတွက်လည်း သူ့ရဲ့မိန်းမဖြစ်သူကို အရမ်းဆိုးတဲ့သူလို့ ပြောဖို့ ဆန္ဒမစောပါနဲ့ဦး။ မေရီတော့ဒ်ဟာ စောစောပိုင်းတည်းက စိတ်သိပ်မှန်ပုံမရတော့ပါဘူး။ ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာ သူမဟာ သွက်သွက်ခါအောင် ရူးသွားလို့ပါပဲ။ အစကတည်းက သူမရဲ့ စိတ်တွေဟာ ဖောက်ပြန်ပြီး ရူးသွပ်တော့မယ့်ဆဲဆဲဖြစ်နေခဲ့ပါတယ်။

လင်ကွန်းအကြောင်း ကျွန်တော်သိသမျှအကြောင်းတွေထဲက အလေးစားဆုံး နှစ်လိုဖွယ်အကောင်းဆုံးအချက်ကတော့ လင်ကွန်းဟာ တစ်စက်ကလေးမှ မသာယာတဲ့ အိမ်ထောင်ရေးကို နှစ်ပေါင်း ၂၃နှစ်ကြာအောင် သည်းခံခဲ့တာပါပဲ။ ဒီလို စိတ်ချမ်းမသာတဲ့အခြေအနေမှာ တစ်သက်လုံးနေခဲ့တဲ့သူဟာ သမိုင်းတွင်တဲ့လူတစ်ယောက် ဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ပါသေးတယ်။ ဇနီးနဲ့ပတ်သတ်လို့ နာကျည်းခက်ထန်မှုတွေမရှိဘူး။ အာဃာဏတွေ အမျက်ဒေါသတွေ မထားခဲ့ဘူး။ အဲဒီအကြောင်းတွေကို ဘယ်သူ့မှကို တစ်ခွန်းတစ်လေတောင် ဖွင့်မဟခဲ့ဘူး။(အခုလိုသိခဲ့ရတာကလည်း နီးစပ်တဲ့ အသိုင်းအဝိုင်းတွေဆီက အဖြစ်အပျက်တွေကို စုစည်းလေ့လာပြီးမှ သိခဲ့ရတာပါ)။ ကြီးမြတ်လှတဲ့ သည်းခံမှုတွေ ခွင့်လွှတ်မှုတွေနဲ့ ဇနီးဖြစ်သူရဲ့ ချစ်ဒုက္ခတွေကို နှစ်ပေါင်းများစွာ ခံစားသွားရှာခဲ့ရတယ်။

ကိုးကား
#သုတဇုန်
ဒေးကာနယ်ဂျီရဲ့ စာအုပ်ကို ဆရာ မောင်သိန်းလွင်ဘာသာပြန်ထားတဲ့ မကျော်ကြားသောဖြစ်ရပ်များ စာအုပ်မှ

Leave a Reply