ေက်ာက္ေခတ္ အေၾကာင္းသိေကာင္းစရာ

Posted on

(ေက်ာက္ေခတ္အေၾကာင္း သိခ်င္ေနသူမ်ားအတြက္ ရွာေဖြေ၀မွ်လုိက္ပါတယ္)

ေက်ာက္ေခတ္

ေက်ာက္ေခတ္ ဆိုသည္မွာ ရွည္လ်ားေသာ သမိုင္းမတင္မီကာလတစ္ခုျဖစ္ၿပီး လူသားတို႔သည္ လက္နက္ကိရိယာ တန္ဆာပလာမ်ား ျပဳလုပ္ရန္အတြက္ ေက်ာက္ဆိုင္ေက်ာက္ခဲမ်ား ကို အဓိကထား၍ အသုံးခ်ေသာ အခ်ိန္ကာလကိုေခၚသည္။

ထိုေခတ္ထိုအခါက လူသားမ်ားသည္ ေက်ာက္စရစ္ခဲအမ်ိဳးမ်ိဳးကို အသုံးျပဳ၍ ကရိယာ တန္ဆာပလာမ်ား ျပဳလုပ္ၾကသည္။ ဥပမာအားျဖင့္ မီးခတ္ေက်ာက္ႏွင့္ chert ေက်ာက္မ်ားကို ပုံေဖာ္၍ (ပုံထြင္း၍) ျဖတ္ေတာက္ေသာ ကိရိယာမ်ားႏွင့္ လက္နက္မ်ား ျပဳလုပ္ၾကၿပီး မီးေတာင္ေခ်ာ္နက္ ႏွင့္ သဲေက်ာက္တို႔ကို ေက်ာက္ဆုံအစရွိသည့္ ေအာက္ခံေက်ာက္ကိရိယာမ်ားအျဖစ္ ျပဳလုပ္ၾကသည္။

သစ္သား၊ အရိုး၊ ခ႐ုခြံ၊ ခ်ိဳ ႏွင့္ အျခားပစၥည္းမ်ားကိုလည္း က်ယ္ျပန႔္စြာ အသုံးျပဳၾကသည္။ ေနာက္ပိုင္းက်ေသာ အခ်ိန္ကာလမ်ားတြင္ အနည္အႏွစ္မ်ား ( ရႊံ့ႏွင့္တူေသာ အရာမ်ား) ကို သုံး၍ ေျမထည္အိုးမ်ားျပဳလုပ္ၾကသည္။ သံသတၱဳ နည္းပညာ ႏွင့္ ပတ္သက္ေသာ ဆက္တိုက္ျဖစ္သည့္တီထြင္မႈမ်ားသည္ ေနာက္ပိုင္း ေၾကးနီေခတ္ (Chalcolithic) ၊ ေၾကးေခတ္ ႏွင့္ သံေခတ္တို႔၏ သြင္ျပင္လကၡဏာမ်ား ျဖစ္ၾကသည္။

ဤအခ်ိန္ကာလသည္ လူ၏ ဆင့္ကဲျဖစ္ေပၚတိုးတက္မႈတြင္ ပထမဆုံး နည္းပညာကို က်ယ္ျပန႔္စြာ အသုံးျပဳျခင္းမ်ား ႏွင့္ အေရွ႕အာဖရိကရွိ ဆာဗားနားမွာ တကမၻာလုံးသို႔ လူသား တို႔ပ်ံ႕ႏွံ့သြားျခင္းတို႔ ပါဝင္ေနသည္။ ေက်ာက္ေခတ္သည္ စိုက္ပ်ိဳးေမြးျမဴေရး တိုးတက္လာျခင္း ၊ အခ်ိဳ႕ေသာ သတၱဝါမ်ားကို ယဥ္ပါးေအာင္ ေမြးျမဴလာျခင္း၊ ေၾကးနီရိုင္းမ်ားကို အရည္က်ိဳ၍ သံျဖစ္ေအာင္ ျပဳလုပ္ျခင္းတို႔ျဖင့္ ၿပီးဆုံးခဲ့သည္။ ထိုကာလတြင္ လူတို႔သည္ ထုံးစံ သမိုင္းေရးသားျခင္း (သမိုင္းမွတ္တမ္းတင္ျခင္း) အမႈ ကို မျပဳၾကေသးသျဖင့္ သမိုင္းမတင္မီေခတ္ဟု ေခၚသည္။

ေက်ာက္ေခတ္ဆိုသည့္ အသုံးအႏႈန္းကို ေရွးေဟာင္းသုေတသနပညာရွင္တို႔က သတၱဳကို အသုံးမျပဳမီ ရွည္လ်ားေသာ အခ်ိန္ကာလကို ရည္ညႊန္းေခၚဆိုေလ့ရွိၿပီး ထိုေခတ္အခါက ေက်ာက္ျဖင့္ ျပဳလုပ္ေသာ ကိရိယာမ်ားမွာ အျခားႏုေသာ ပစၥည္းမ်ားျဖင့္ ျပဳလုပ္ထားေသာ ကိရိယာမ်ားထက္ ပို၍ မ်ားျပားစြာ က်န္ရစ္ခဲ့ေသာေၾကာင့္ ျဖစ္သည္။ ထိုကာလသည္ ေခတ္သုံးေခတ္ပိုင္းျခားထားေသာ အခ်ိန္ကာလမွ ပထမဆုံးေခတ္ျဖစ္သည္။ ေက်ာက္ေခတ္ကို ေက်ာက္ေခတ္ဦးပိုင္း ႏွင့္ ေက်ာက္ေခတ္ေႏွာင္းပိုင္း ဟူ၍ ပိုင္းျခားျခင္းကို ၁၈၅၉ ခုႏွစ္တြင္ ဂ်န္ ဂ်က္ေကာ့ဘ္ ေဝါဆာ (Jens Jacob Worsaae) မွ သူ၏ ၁၈၅၁ ခုႏွစ္တြင္ စတင္ခဲ့သည့္ ဒိန္းမတ္တို႔ႏွင့္ ဆိုင္ေသာ လူတို႔အေျခခ်ေနထိုင္မႈႏွင့္ပတ္သက္သည့္ေတြ႕ရွိခ်က္မ်ားကို အေျခခံ၍ တင္ျပခဲ့သည္။

ယေန႔တိုင္ အသုံးျပဳေနၾကဆဲျဖစ္ေသာ ေက်ာက္ေခတ္ေဟာင္း (Palaeolithic)၊ ေက်ာက္ေခတ္လယ္ (Mesolithic) ႏွင့္ ေက်ာက္ေခတ္သစ္ (Neolithic) ဟူ၍ ထပ္ဆင့္ပိုင္းျခားျခင္းကို ဇြန္လပ္ေဘာက္ (John Lubbock) က ၁၈၆၅ ခုႏွစ္တြင္ထုတ္ေဝခဲ့သည့္ သမိုင္းမတင္မီကာလ (Pre-historic Times) ဟူေသာ ဂႏၴဝင္ စာရင္းဝင္ စာအုပ္တြင္ စတင္ခဲ့သည္။ ထိုအခ်ိန္ကာလ ၃ ခုကို ထပ္မံ၍ အစိတ္အပိုင္း ပိုင္းျခားၾကသည္။ လက္ေတြ႕တြင္မူ ထိုသို႔ေခတ္ကာလ ေျပာင္းလဲမႈမွာ ေဒသ (ယဥ္ေက်းမႈ) ေပၚမူတည္၍ တေနရာႏွင့္ တေနရာ အႀကီးအက်ယ္ ကြဲျပားျခားနားၾကသည္။

လက္ေတြ႕တြင္မူ လူသားတို႔သည္ သံေခတ္မ်ားတြင္ပင္ ေနရာေဒသ အသစ္မ်ားသို႔ ဆက္လက္၍ ပ်ံ႕ႏွံ့သြားခဲ့သည္။ ထို႔ေၾကာင့္ ေက်ာက္ေခတ္ကာလမ်ား ဟု ရည္ညႊန္းျခင္းထက္ ေက်ာက္ေခတ္ကာလတစ္ခုဟု ရည္ညႊန္းျခင္းက ပို၍ ေလ်ာ္ကန္သင့္ျမတ္သည္။ ယေန႔ေခတ္လူတို႔ သုံးႏႈန္းၾကသည့္ အသုံးအႏႈန္းမ်ားအရ ေက်ာက္ေခတ္ဆိုသည့္ စကားလုံးသည္ အျငင္းပြားဖြယ္ရာ စကားလုံးပင္ျဖစ္သည္။ မႏုႆေဗဒ ပညာရွင္မ်ား အသင္းက ထိုအသုံးအႏႈန္းကို အားမေပးေပ။

ဤအခ်ိန္ကာလ ႏွင့္ ပတ္သတ္ေသာ အခ်ိန္မွာ ေလ့လာေသာ ေနရာေဒသေပၚမူတည္၍ မေရရာမေသခ်ာျခင္း၊ အျငင္းပြားဖြယ္ျဖစ္ျခင္း ႏွင့္ ကြဲျပားျခားနားျခင္းတို႔ရွိသည္။ ေက်ာက္ေခတ္ကာလသည္ လူသားတို႔အားလုံးႏွင့္ သက္ဆိုင္ေသာ ေယဘူယ်ဟူ၍ ေျပာနိုင္ေသာ္လည္း အခ်ိဳ႕ေသာ အစုအဖြဲ႕မ်ားမွာ သတၱဳေလာဟာစပ္ျခင္းဆိုင္ရာအတတ္ပညာကို ရွာေဖြေတြ႕ရွိခဲ့ျခင္း မရွိပဲ နည္းပညာအရ တိုးတက္သည့္ အျခားယဥ္ေက်းမႈမ်ားႏွင့္ ေတြ႕ဆုံသည့္အခ်ိန္အထိ ေက်ာက္ေခတ္တြင္ပင္ ရွိေနခဲ့သည္။

သို႔ေသာ္လည္း ေယဘူယ်အားျဖင့္ ဤအခ်ိန္ကာလသည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃သန္းေက်ာ္ခန႔္တြင္ လူတို႔ႏွင့္ မ်ိဳးႏြယ္တူမ်ား အာဖရိကတြင္ လူသားတို႔ကကိရိယာတန္ဆာပလာမ်ား စတင္ျပဳလုပ္ျခင္းမွ စတင္ခဲ့သည္ဟုယုံၾကည္ၾကသည္။ australopithecines ဟုေခၚေသာ ေရွးေဟာင္းလူအမ်ိဳးအစားမ်ားမွာ ေက်ာက္ကိရိယာမ်ားကို အသုံးျပဳေလ့မရွိပဲ Paranthropus robustus လူအမ်ိဳးအစားမ်ားကသာ တီထြင္ခဲ့သည္ဟု ယူဆၾကသည္။ သို႔ေသာ္ သူတို႔၏ က်န္ရစ္ခဲ့ေသာ အႂကြင္းအက်န္မ်ားကိုေလ့လာျခင္းကို ထိုအခ်ိန္ကာလကိုေလ့လာသည့္ ေရွးေဟာင္းသုေတသနပညာရွင္မ်ားက ဆက္၍ ျပဳလုပ္ဆဲပင္ျဖစ္သည္။

ျမန္မာ့သမိုင္းပညာရွင္ ေဒါက္တာသန္းထြန္းက ျမန္မာ့ေက်ာက္ေခတ္ကာလကို အေစာဆုံးအားျဖင့္ လြန္ခဲ့ေသာအႏွစ္၅၅၀၀၀၀မွစတင္ခဲ့မည္ဟု ခန႔္မွန္းခဲ့သည္။ အဂ္လန္နိုင္ငံမွေရွးေဟာင္းသုေတသီ အဲလစ္စဘက္သ္မိုးကမူ ထိုင္းနိုင္ငံမွ ေက်ာက္ေခတ္ေဒသမ်ားႏွင့္ ႏွိုင္းယွဥ္ၿပီး အရင္အႏွစ္၇၅၀၀၀၀ကစတင္ခဲ့သည္ဟု ခန႔္မွန္းခဲ့ေလသည္။ ေတာင္ႀကီးခရိုင္ ေရငံၿမိဳ႕နယ္ ေညာင္ၾကတ္-ေရပုတ္သြားျမဲလမ္းေဘးရွိ ဗဒလင္းဂူ၌ ေက်ာက္ေခတ္ လူသားမ်ား၏လက္ရာနံရံပန္းခ်ီမ်ားအား ၁၉၆ဝႏွစ္မ်ားအေတာအတြင္း ဘူမိေဗဒပညာရွင္ ဦးခင္ေမာင္ေက်ာ္က စတင္ေတြ႕ရွိခဲ့သည္။

ထိုေက်ာက္ဂူမွ ျမန္မာ့ေက်ာက္ေခတ္ကာလႏွင့္သက္ဆိုင္ေသာ အေထာက္အထား အခ်က္အလက္ အသစ္မ်ားကို ရရွိခဲ့ျပန္သည္။ အဆိုပါေက်ာက္ဂူမွ ေက်ာက္လက္နက္မ်ားကို ရာႏွင့္ခ်ီၿပီးတူးေဖာ္ ရရွိခဲ့ပါသည္။ ေလ့လာရန္အတြက္ ေကာင္းမြန္ေသာနမူနာေလးရာခန႔္ကိုသာ ဌာနခ်ဳပ္သို႔ယူေဆာင္ခဲ့ၿပီး က်န္ရွိသည့္ေက်ာက္ လက္နက္မ်ားကို ထိုဂူ၏ အနီးနားဝန္းက်င္တြင္ ျပန္လည္ျမႇပ္ႏွံခဲ့သည္။ ေက်ာက္နံရံတြင္ ပန္းခ်ီဆြဲရာ၌ ေျမနီကို ပန္းခ်ီေဆးအျဖစ္အသုံးျပဳခဲ့ၾကသည္။ နံရံပန္းခ်ီကားမ်ားမွာ လက္ဝါးႏွစ္ဖက္ဟု ယူဆရေသာပုံ၊ ေနဟုယူဆထားေသာပုံႏွင့္ တိရစၧာန္ပုံမ်ားျဖစ္ၾကသည္။

ထိုပုံမ်ားအားလုံးအား လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၃၀၀ဝ ႏွင့္ ၁၀၀၀ဝ ၾကားေနထိုင္သြားၾကေသာ ေက်ာက္ေခတ္လူသားမ်ား၏ လက္ရာမ်ား ျဖစ္မည္ဟု ခန႔္မွန္းထားသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုတူးေဖာ္ေရးမွ ရရွိေသာ အရိုးႏွင့္မီးေသြးခဲအပိုင္းအစမ်ားကို ေရဒီယိုကာဗြန္၁၄နည္းျဖင့္ ဓါတ္ခြဲစမ္းသပ္ျခင္း၊ အရိုးအတြင္းမွ ခ်ဥ္ဆီအႂကြင္းအက်န္ကို ဓါတ္ခြဲစမ္းသပ္ျခင္းျဖင့္ ထိုေခတ္ကာလက ျပဒါးလင္းဂူတြင္ အေစာဆုံးကာလလူေနထိုင္ခဲ့မႈမွာ လြန္ခဲ့ေသာ အႏွစ္၁၃၀၀၀မွ စတင္ခဲ့သည္ဟူ ေယဘုယ်ဆိုနိုင္ပါသည္။

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၆၀ဝ ဝ၀ဝ မွ ၁၂၀၀ဝ ၾကားအား ေက်ာက္ေဟာင္းေခတ္ ေက်ာက္ေခတ္ေဟာင္းဟုလည္းေကာင္း၊ ႏွစ္ေပါင္း ၁၂၀၀ဝ မွ ၉၀၀ဝ ၾကားအား ေက်ာက္လယ္ဟုလည္းေကာင္း၊ ႏွစ္ေပါင္း ၉၀၀ဝ မွ ၅၀၀ဝၾကားအား ေက်ာက္သစ္ေခတ္ေက်ာက္ေခတ္သစ္ဟုလည္းေကာင္း ေခၚေဝၚသတ္မွတ္ခဲ့ၾကသည္။ သို႔ေသာ္ ထိုအေခၚအေဝၚမ်ားမွာ အေနာက္ အာရွေဒသအတြက္သာျဖစ္၍ အျခားေနရာေဒသမ်ားအတြက္မူ သီးျခားႏွစ္အပိုင္းအျခားမ်ားလည္း ရွိမည္ဟု ယူဆထားၾကသည္။

ျမန္မာနိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွ နိုင္ငံမ်ားအတြက္မူ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၆၀၀၀၀ဝ မွ ၄၂၀၀ဝ ထိအား ေက်ာက္ေခတ္ကာလဟုေခၚသင့္၍ ႏွစ္ေပါင္း ၄၂၀၀ဝ မွ ၂၂၀၀ဝ ထိကာလအား သစ္သား ကာလဟုေခၚသင့္ေၾကာင္း အေရွ႕ေတာင္အာရွသမိုင္းမတင္မီေခတ္ကာလပညာရွင္ အေမရိကန္လူမ်ိဳး ဒဘလ်ဴဂ်ီစိုလ္းဟိမ္းက တင္ျပခဲ့သည္။ ထိုအယူအဆကို ျမန္မာ့သမိုင္းပညာရွင္ေဒါက္တာသန္းထြန္းက ေယဘုယ်အားျဖင့္ လက္ခံထားသည္ကို ယင္း၏ စာအုပ္စာတမ္းမ်ားတြင္ အထင္အရွားေတြ႕ျမင္နိုင္ပါသည္။

ထိုသစ္သားကာလ၌ ေရွးေက်ာက္ေခတ္ လူသားမ်ားသည္ သစ္၊ဝါး ႏွင့္ ေက်ာက္လက္နက္ကိရိယာမ်ားအားေပါင္းစပ္၍ အသုံးျပဳလာတတ္ၾကသည္။ သို႔ေသာ္ရာသီဥတု တိုက္စားေသာဒဏ္ေၾကာင့္ သစ္ႏွင့္ေပါင္းစပ္ထားေသာ ေက်ာက္လက္နက္ အနည္းငယ္မၽွသာ အေထာက္အထားျဖစ္ က်န္ရစ္ခဲ့သည္။ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၂၀၀ဝ မွ ၁၁၀၀ဝ ထိကာလအား ေဒသစြဲကာလဟု ေခၚသင့္ေၾကာင္းလည္း ပညာရွင္မ်ားက လက္ခံခဲ့ၾကသည္။ ထိုေခတ္ကာလ၌ လူတို႔သည္ မိမိတို႔၏ ေဒသအတြင္းတြင္သာေန၍ အျခားမ်ိဳးႏြယ္စုမ်ားႏွင့္ အဆက္ျဖတ္ထားေသာေၾကာင့္ျဖစ္သည္ဟု ယူဆရေသာ္လည္း အဆိုပါအခ်က္ကို ျငင္းခ်က္ထုတ္နိုင္ေသာ ေရွးေဟာင္းသုေတသနဆိုင္ရာ အေထာက္အထားမ်ားကို ေတြ႕ရွိလာရၿပီျဖစ္သည္။

ထိုေခတ္ကာလတြင္ လူတို႔သည္ စိုက္ပ်ိဳးေရးလုပ္ငန္းအား အနည္းငယ္လုပ္ကိုင္လာၾကသည္။ ေက်ာက္လက္နက္ကိရိယာမ်ားအားလည္း အနည္းငယ္ေခ်ာေအာင္ ေသြးတတ္လာၾကသည္။ အိုးမ်ားအားလည္း စတင္ျပဳလုပ္လာၾကသည္။ သို႔ေသာ္ဂူအတြင္း၌သာ ဆက္လက္ေနထိုင္သူမ်ားရွိသလို လြင္ျပင္ေဒသမ်ားတြင္ေနထိုင္သူမ်ားကလည္း အမဲလိုက္ျခင္း၊ အစားအစာစုေဆာင္းျခင္းမ်ားကို ကိုပင္ ဆက္လက္လုပ္ကိုင္ခဲ့ၾကသည္။

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၀၀၀ဝ ေလာက္မွစတင္ကာ ေျမဩဇာေကာင္းေသာ လြင္ျပင္မ်ားတြင္ ေက်ာက္ေခတ္လူသားမ်ားသည္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးမ်ားကို ျပဳလုပ္လာၾကသည္။ ထိုအခ်ိန္မွစတင္၍ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားအားေကာင္းလာၿပီး ေရွးဦး သမိုင္းကာလအထိ ယဥ္ေက်းမႈမ်ားတိုးတက္လာခဲ့သည္။ ဤသည္တို႔မွာ ျမန္မာနိုင္ငံ ႏွင့္သက္ဆိုင္ဆီေလ်ာ္ေသာ ေက်ာက္ေခတ္ကာလ အပိုင္းအျခားမ်ားျဖစ္သည္။

Ref;
#သုတဇုန္
ျမန္မာ့စြယ္စုံက်မ္း
အသစ္ျမင္ျမန္မာသမုိင္း – ေဒါက္တာသန္းထြန္း

———————–

ကျောက်ခေတ် အကြောင်းသိကောင်းစရာ (unicode)

(ကျောက်ခေတ်အကြောင်း သိချင်နေသူများအတွက် ရှာဖွေဝေမျှလိုက်ပါတယ်)

ကျောက်ခေတ်

ကျောက်ခေတ် ဆိုသည်မှာ ရှည်လျားသော သမိုင်းမတင်မီကာလတစ်ခုဖြစ်ပြီး လူသားတို့သည် လက်နက်ကိရိယာ တန်ဆာပလာများ ပြုလုပ်ရန်အတွက် ကျောက်ဆိုင်ကျောက်ခဲများ ကို အဓိကထား၍ အသုံးချသော အချိန်ကာလကိုခေါ်သည်။

ထိုခေတ်ထိုအခါက လူသားများသည် ကျောက်စရစ်ခဲအမျိုးမျိုးကို အသုံးပြု၍ ကရိယာ တန်ဆာပလာများ ပြုလုပ်ကြသည်။ ဥပမာအားဖြင့် မီးခတ်ကျောက်နှင့် chert ကျောက်များကို ပုံဖော်၍ (ပုံထွင်း၍) ဖြတ်တောက်သော ကိရိယာများနှင့် လက်နက်များ ပြုလုပ်ကြပြီး မီးတောင်ချော်နက် နှင့် သဲကျောက်တို့ကို ကျောက်ဆုံအစရှိသည့် အောက်ခံကျောက်ကိရိယာများအဖြစ် ပြုလုပ်ကြသည်။ သစ်သား၊ အရိုး၊ ခရုခွံ၊ ချို နှင့် အခြားပစ္စည်းများကိုလည်း ကျယ်ပြန့်စွာ အသုံးပြုကြသည်။ နောက်ပိုင်းကျသော အချိန်ကာလများတွင် အနည်အနှစ်များ ( ရွှံ့နှင့်တူသော အရာများ) ကို သုံး၍ မြေထည်အိုးများပြုလုပ်ကြသည်။ သံသတ္တု နည်းပညာ နှင့် ပတ်သက်သော ဆက်တိုက်ဖြစ်သည့်တီထွင်မှုများသည် နောက်ပိုင်း ကြေးနီခေတ် (Chalcolithic) ၊ ကြေးခေတ် နှင့် သံခေတ်တို့၏ သွင်ပြင်လက္ခဏာများ ဖြစ်ကြသည်။

ဤအချိန်ကာလသည် လူ၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုတွင် ပထမဆုံး နည်းပညာကို ကျယ်ပြန့်စွာ အသုံးပြုခြင်းများ နှင့် အရှေ့အာဖရိကရှိ ဆာဗားနားမှာ တကမ္ဘာလုံးသို့ လူသား တို့ပျံ့နှံ့သွားခြင်းတို့ ပါဝင်နေသည်။ ကျောက်ခေတ်သည် စိုက်ပျိုးမွေးမြူရေး တိုးတက်လာခြင်း ၊ အချို့သော သတ္တဝါများကို ယဉ်ပါးအောင် မွေးမြူလာခြင်း၊ ကြေးနီရိုင်းများကို အရည်ကျို၍ သံဖြစ်အောင် ပြုလုပ်ခြင်းတို့ဖြင့် ပြီးဆုံးခဲ့သည်။ ထိုကာလတွင် လူတို့သည် ထုံးစံ သမိုင်းရေးသားခြင်း (သမိုင်းမှတ်တမ်းတင်ခြင်း) အမှု ကို မပြုကြသေးသဖြင့် သမိုင်းမတင်မီခေတ်ဟု ခေါ်သည်။

ကျောက်ခေတ်ဆိုသည့် အသုံးအနှုန်းကို ရှေးဟောင်းသုတေသနပညာရှင်တို့က သတ္တုကို အသုံးမပြုမီ ရှည်လျားသော အချိန်ကာလကို ရည်ညွှန်းခေါ်ဆိုလေ့ရှိပြီး ထိုခေတ်အခါက ကျောက်ဖြင့် ပြုလုပ်သော ကိရိယာများမှာ အခြားနုသော ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကိရိယာများထက် ပို၍ များပြားစွာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုကာလသည် ခေတ်သုံးခေတ်ပိုင်းခြားထားသော အချိန်ကာလမှ ပထမဆုံးခေတ်ဖြစ်သည်။ ကျောက်ခေတ်ကို ကျောက်ခေတ်ဦးပိုင်း နှင့် ကျောက်ခေတ်နှောင်းပိုင်း ဟူ၍ ပိုင်းခြားခြင်းကို ၁၈၅၉ ခုနှစ်တွင် ဂျန် ဂျက်ကော့ဘ် ဝေါဆာ (Jens Jacob Worsaae) မှ သူ၏ ၁၈၅၁ ခုနှစ်တွင် စတင်ခဲ့သည့် ဒိန်းမတ်တို့နှင့် ဆိုင်သော လူတို့အခြေချနေထိုင်မှုနှင့်ပတ်သက်သည့်တွေ့ရှိချက်များကို အခြေခံ၍ တင်ပြခဲ့သည်။

ယနေ့တိုင် အသုံးပြုနေကြဆဲဖြစ်သော ကျောက်ခေတ်ဟောင်း (Palaeolithic)၊ ကျောက်ခေတ်လယ် (Mesolithic) နှင့် ကျောက်ခေတ်သစ် (Neolithic) ဟူ၍ ထပ်ဆင့်ပိုင်းခြားခြင်းကို ဇွန်လပ်ဘောက် (John Lubbock) က ၁၈၆၅ ခုနှစ်တွင်ထုတ်ဝေခဲ့သည့် သမိုင်းမတင်မီကာလ (Pre-historic Times) ဟူသော ဂန္ထဝင် စာရင်းဝင် စာအုပ်တွင် စတင်ခဲ့သည်။ ထိုအချိန်ကာလ ၃ ခုကို ထပ်မံ၍ အစိတ်အပိုင်း ပိုင်းခြားကြသည်။ လက်တွေ့တွင်မူ ထိုသို့ခေတ်ကာလ ပြောင်းလဲမှုမှာ ဒေသ (ယဉ်ကျေးမှု) ပေါ်မူတည်၍ တနေရာနှင့် တနေရာ အကြီးအကျယ် ကွဲပြားခြားနားကြသည်။

လက်တွေ့တွင်မူ လူသားတို့သည် သံခေတ်များတွင်ပင် နေရာဒေသ အသစ်များသို့ ဆက်လက်၍ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် ကျောက်ခေတ်ကာလများ ဟု ရည်ညွှန်းခြင်းထက် ကျောက်ခေတ်ကာလတစ်ခုဟု ရည်ညွှန်းခြင်းက ပို၍ လျော်ကန်သင့်မြတ်သည်။ ယနေ့ခေတ်လူတို့ သုံးနှုန်းကြသည့် အသုံးအနှုန်းများအရ ကျောက်ခေတ်ဆိုသည့် စကားလုံးသည် အငြင်းပွားဖွယ်ရာ စကားလုံးပင်ဖြစ်သည်။ မနုဿဗေဒ ပညာရှင်များ အသင်းက ထိုအသုံးအနှုန်းကို အားမပေးပေ။

ဤအချိန်ကာလ နှင့် ပတ်သတ်သော အချိန်မှာ လေ့လာသော နေရာဒေသပေါ်မူတည်၍ မရေရာမသေချာခြင်း၊ အငြင်းပွားဖွယ်ဖြစ်ခြင်း နှင့် ကွဲပြားခြားနားခြင်းတို့ရှိသည်။ ကျောက်ခေတ်ကာလသည် လူသားတို့အားလုံးနှင့် သက်ဆိုင်သော ယေဘူယျဟူ၍ ပြောနိုင်သော်လည်း အချို့သော အစုအဖွဲ့များမှာ သတ္တုလောဟာစပ်ခြင်းဆိုင်ရာအတတ်ပညာကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပဲ နည်းပညာအရ တိုးတက်သည့် အခြားယဉ်ကျေးမှုများနှင့် တွေ့ဆုံသည့်အချိန်အထိ ကျောက်ခေတ်တွင်ပင် ရှိနေခဲ့သည်။

သို့သော်လည်း ယေဘူယျအားဖြင့် ဤအချိန်ကာလသည် လွန်ခဲ့သော နှစ်ပေါင်း ၃သန်းကျော်ခန့်တွင် လူတို့နှင့် မျိုးနွယ်တူများ အာဖရိကတွင် လူသားတို့ကကိရိယာတန်ဆာပလာများ စတင်ပြုလုပ်ခြင်းမှ စတင်ခဲ့သည်ဟုယုံကြည်ကြသည်။ australopithecines ဟုခေါ်သော ရှေးဟောင်းလူအမျိုးအစားများမှာ ကျောက်ကိရိယာများကို အသုံးပြုလေ့မရှိပဲ Paranthropus robustus လူအမျိုးအစားများကသာ တီထွင်ခဲ့သည်ဟု ယူဆကြသည်။ သို့သော် သူတို့၏ ကျန်ရစ်ခဲ့သော အကြွင်းအကျန်များကိုလေ့လာခြင်းကို ထိုအချိန်ကာလကိုလေ့လာသည့် ရှေးဟောင်းသုတေသနပညာရှင်များက ဆက်၍ ပြုလုပ်ဆဲပင်ဖြစ်သည်။

မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက မြန်မာ့ကျောက်ခေတ်ကာလကို အစောဆုံးအားဖြင့် လွန်ခဲ့သောအနှစ်၅၅၀၀၀ဝမှစတင်ခဲ့မည်ဟု ခန့်မှန်းခဲ့သည်။ အဂ်လန်နိုင်ငံမှရှေးဟောင်းသုတေသီ အဲလစ်စဘက်သ်မိုးကမူ ထိုင်းနိုင်ငံမှ ကျောက်ခေတ်ဒေသများနှင့် နှိုင်းယှဉ်ပြီး အရင်အနှစ်၇၅၀၀၀ဝကစတင်ခဲ့သည်ဟု ခန့်မှန်းခဲ့လေသည်။ တောင်ကြီးခရိုင် ရေငံမြို့နယ် ညောင်ကြတ်-ရေပုတ်သွားမြဲလမ်းဘေးရှိ ဗဒလင်းဂူ၌ ကျောက်ခေတ် လူသားများ၏လက်ရာနံရံပန်းချီများအား ၁၉၆ဝနှစ်များအတောအတွင်း ဘူမိဗေဒပညာရှင် ဦးခင်မောင်ကျော်က စတင်တွေ့ရှိခဲ့သည်။

ထိုကျောက်ဂူမှ မြန်မာ့ကျောက်ခေတ်ကာလနှင့်သက်ဆိုင်သော အထောက်အထား အချက်အလက် အသစ်များကို ရရှိခဲ့ပြန်သည်။ အဆိုပါကျောက်ဂူမှ ကျောက်လက်နက်များကို ရာနှင့်ချီပြီးတူးဖော် ရရှိခဲ့ပါသည်။ လေ့လာရန်အတွက် ကောင်းမွန်သောနမူနာလေးရာခန့်ကိုသာ ဌာနချုပ်သို့ယူဆောင်ခဲ့ပြီး ကျန်ရှိသည့်ကျောက် လက်နက်များကို ထိုဂူ၏ အနီးနားဝန်းကျင်တွင် ပြန်လည်မြှပ်နှံခဲ့သည်။ ကျောက်နံရံတွင် ပန်းချီဆွဲရာ၌ မြေနီကို ပန်းချီဆေးအဖြစ်အသုံးပြုခဲ့ကြသည်။ နံရံပန်းချီကားများမှာ လက်ဝါးနှစ်ဖက်ဟု ယူဆရသောပုံ၊ နေဟုယူဆထားသောပုံနှင့် တိရစ္ဆာန်ပုံများဖြစ်ကြသည်။

ထိုပုံများအားလုံးအား လွန်ခဲ့သော နှစ်ပေါင်း ၁၃၀ဝဝ နှင့် ၁၀၀ဝဝ ကြားနေထိုင်သွားကြသော ကျောက်ခေတ်လူသားများ၏ လက်ရာများ ဖြစ်မည်ဟု ခန့်မှန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုတူးဖော်ရေးမှ ရရှိသော အရိုးနှင့်မီးသွေးခဲအပိုင်းအစများကို ရေဒီယိုကာဗွန်၁၄နည်းဖြင့် ဓါတ်ခွဲစမ်းသပ်ခြင်း၊ အရိုးအတွင်းမှ ချဉ်ဆီအကြွင်းအကျန်ကို ဓါတ်ခွဲစမ်းသပ်ခြင်းဖြင့် ထိုခေတ်ကာလက ပြဒါးလင်းဂူတွင် အစောဆုံးကာလလူနေထိုင်ခဲ့မှုမှာ လွန်ခဲ့သော အနှစ်၁၃၀၀ဝမှ စတင်ခဲ့သည်ဟူ ယေဘုယျဆိုနိုင်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၆ဝဝ ဝဝဝ မှ ၁၂၀ဝဝ ကြားအား ကျောက်ဟောင်းခေတ် ကျောက်ခေတ်ဟောင်းဟုလည်းကောင်း၊ နှစ်ပေါင်း ၁၂၀ဝဝ မှ ၉၀ဝဝ ကြားအား ကျောက်လယ်ဟုလည်းကောင်း၊ နှစ်ပေါင်း ၉၀ဝဝ မှ ၅၀ဝဝကြားအား ကျောက်သစ်ခေတ်ကျောက်ခေတ်သစ်ဟုလည်းကောင်း ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်။ သို့သော် ထိုအခေါ်အဝေါ်များမှာ အနောက် အာရှဒေသအတွက်သာဖြစ်၍ အခြားနေရာဒေသများအတွက်မူ သီးခြားနှစ်အပိုင်းအခြားများလည်း ရှိမည်ဟု ယူဆထားကြသည်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအတွက်မူ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ဝဝ မှ ၄၂၀ဝဝ ထိအား ကျောက်ခေတ်ကာလဟုခေါ်သင့်၍ နှစ်ပေါင်း ၄၂၀ဝဝ မှ ၂၂၀ဝဝ ထိကာလအား သစ်သား ကာလဟုခေါ်သင့်ကြောင်း အရှေ့တောင်အာရှသမိုင်းမတင်မီခေတ်ကာလပညာရှင် အမေရိကန်လူမျိုး ဒဘလျူဂျီစိုလ်းဟိမ်းက တင်ပြခဲ့သည်။ ထိုအယူအဆကို မြန်မာ့သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းက ယေဘုယျအားဖြင့် လက်ခံထားသည်ကို ယင်း၏ စာအုပ်စာတမ်းများတွင် အထင်အရှားတွေ့မြင်နိုင်ပါသည်။

ထိုသစ်သားကာလ၌ ရှေးကျောက်ခေတ် လူသားများသည် သစ်၊ဝါး နှင့် ကျောက်လက်နက်ကိရိယာများအားပေါင်းစပ်၍ အသုံးပြုလာတတ်ကြသည်။ သို့သော်ရာသီဥတု တိုက်စားသောဒဏ်ကြောင့် သစ်နှင့်ပေါင်းစပ်ထားသော ကျောက်လက်နက် အနည်းငယ်မျှသာ အထောက်အထားဖြစ် ကျန်ရစ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၂၀ဝဝ မှ ၁၁၀ဝဝ ထိကာလအား ဒေသစွဲကာလဟု ခေါ်သင့်ကြောင်းလည်း ပညာရှင်များက လက်ခံခဲ့ကြသည်။ ထိုခေတ်ကာလ၌ လူတို့သည် မိမိတို့၏ ဒေသအတွင်းတွင်သာနေ၍ အခြားမျိုးနွယ်စုများနှင့် အဆက်ဖြတ်ထားသောကြောင့်ဖြစ်သည်ဟု ယူဆရသော်လည်း အဆိုပါအချက်ကို ငြင်းချက်ထုတ်နိုင်သော ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို တွေ့ရှိလာရပြီဖြစ်သည်။

ထိုခေတ်ကာလတွင် လူတို့သည် စိုက်ပျိုးရေးလုပ်ငန်းအား အနည်းငယ်လုပ်ကိုင်လာကြသည်။ ကျောက်လက်နက်ကိရိယာများအားလည်း အနည်းငယ်ချောအောင် သွေးတတ်လာကြသည်။ အိုးများအားလည်း စတင်ပြုလုပ်လာကြသည်။ သို့သော်ဂူအတွင်း၌သာ ဆက်လက်နေထိုင်သူများရှိသလို လွင်ပြင်ဒေသများတွင်နေထိုင်သူများကလည်း အမဲလိုက်ခြင်း၊ အစားအစာစုဆောင်းခြင်းများကို ကိုပင် ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ဝဝ လောက်မှစတင်ကာ မြေဩဇာကောင်းသော လွင်ပြင်များတွင် ကျောက်ခေတ်လူသားများသည် စိုက်ပျိုးရေး၊ မွေးမြူရေးများကို ပြုလုပ်လာကြသည်။ ထိုအချိန်မှစတင်၍ စိုက်ပျိုးရေးလုပ်ငန်းများအားကောင်းလာပြီး ရှေးဦး သမိုင်းကာလအထိ ယဉ်ကျေးမှုများတိုးတက်လာခဲ့သည်။ ဤသည်တို့မှာ မြန်မာနိုင်ငံ နှင့်သက်ဆိုင်ဆီလျော်သော ကျောက်ခေတ်ကာလ အပိုင်းအခြားများဖြစ်သည်။

Ref;
#သုတဇုန်
မြန်မာ့စွယ်စုံကျမ်း
အသစ်မြင်မြန်မာသမိုင်း – ဒေါက်တာသန်းထွန်း

Leave a Reply