စြယ္စံုရ စြမ္းအားရွင္ ေယာင္ဇန္ႏွင့္ ေတြ႕ဆံုျခင္း

Posted on

မူရင္း ေရးသားသူ – သိဒၶိ ( ေအာ္လံ)

ကြၽန္ေတာ္ ေယာင္ဇန္နဲ႔ ပတ္သက္ၿပီး ဦးစြာ ေဆြးေႏြးပါရေစ။

ေယာင္ဇန္ဆုိတာ လွပၿ႔ပီး အျပစ္ကင္းစင္တဲ့ အမ်ိဳးသမီးတစ္ဦးပါ။ ၁၉၉၁ခုႏွစ္မွာ တန္ဂူျပည္နယ္ တီယန္က်င္းၿမိဳ႕မွာ ေနတဲ့ေယာင္ဇန္ဆီက ဖိတ္ေခၚစာတစ္ေစာင္ ရတယ္။ ကြၽန္ေတာ္က သူ႕အေဖရဲ႕ သူငယ္ခ်င္း တစ္ေယာက္ပါ။ ကြၽန္ေတာ္ သူ႕အိမ္ကုိ သြားေတာ့ အိမ္ကေန ဇြန္းတစ္ေခ်ာင္းယူလာခဲ့တယ္။ ဒီဇြန္းက အေတာ္ေလးကုိ မာတယ္။ သ႐ုပ္ျပပဲြ လုပ္တဲ့အခါက်ရင္ ကြၽန္ေတာ့္ဇြန္းနဲ႔ လုပ္ခုိင္းမယ္ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ပါ။ ေနာက္ၿပီး ဟုိတယ္ေဆးဆုိင္ကေနၿပီး ေဆးအျဖဴပုလင္းတစ္လံုး၀ယ္ လာခဲ့ေသးတယ္။ ဒီေဆးက ေယာင္ရမ္းကုိက္ခဲ့တာေတြကို ေပ်ာက္တဲ့ေဆးပါ။ ဒါလည္း ေယာင္ဇန္ကို သ႐ုပ္ျပခုိင္းမယ္ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ပါပဲ။

ဒါေပမဲ့ သူ႕အေဖေယာင္၀န္ဂ်ီက သေဘာမတူခဲ့ဘူး။ အေၾကင္းကေတာ့ ဒီေဆးေတြဟာ ေယာင္ရမ္းတာေတြ ေပ်ာက္တဲ့ေဆးမုိ႔လုိ႔ဆုိၿပီး တျခားေဆး သံုးခုိင္းတယ္။ မေတာ္လုိ႔ ဒီေဆးေတြဟာ ေယာင္ဇန္ရဲ႕ ၀မ္းဗုိက္ထဲ ေရာက္သြားရင္ ျပႆနာရွိႏုိင္တယ္ဆုိၿပီး ေပးမသံုးဘူး။တ႐ုတ္ျပည္မွာ ဒီလုိစြမ္းရည္သ႐ုပ္ျပပဲြလုပ္တဲ့အခါ တစ္ခ်ိဳ႕ေဆးေတြဟာ သ႐ုပ္ျပသူရဲ႕ ၀မ္းဗုိက္ထဲကုိ ေရာက္သြားတတ္တယ္။ ဒါေၾကာင့္မုိ႔ ေပး မသံုးတာပါ။

ေဆးပုလင္းထဲက ေဆးမ်ား အျပင္ထုတ္ျပျခင္း

အဲဒါနဲ႔ ကြၽန္ေတာ္လည္း သူ႕အႀကံေပးတဲ့အတုိင္း ေဆးဆုိင္သြားၿပီး တ႐ုတ္ျပည္ျဖစ္ ဗီတာမင္ေဆးေတာင့္တစ္ပုလင္းပဲ သြား၀ယ္ လုိက္တယ္။ ကြၽန္ေတာ္ေဆးဆုိင္ကေန ျပန္လာေတာ့ ပထမဆံုး ပုလင္းထဲက ေဆးေတာင့္ေတြကို အျပင္ထြက္ေအာင္လုပ္မယ့္သ႐ုပ္ျပပဲြကို အရင္ လုပ္ဖုိ႔ စီစဥ္ၾကတယ္။ ပုလင္းအဖံုးက ေသေသခ်ာခ်ာကို ပိတ္ထားတာ။ တ႐ုတ္ျပည္မွာက ေဆးပုလင္းေတြကုိ ပ်ားဖေယာင္းနဲ႔ အုပ္ထားသလုိ ပုလင္းလည္ပင္းကို လွည့္ဖြင့္ရေသးတယ္။

ေယာင္ဇန္ဟာ ပုလင္းကို ယူၿပီး ေသခ်ာစူးစုိက္တယ္။ ပုလင္းကိုလည္း အသာေလး ခါၾကည့္ေသးတယ္။ ၁၂မိနစ္ေလာက္ ၾကာတဲ့အခ်ိန္ မွာေတာ့ ပုလင္းထဲက ေဆးေတာင့္ ရွစ္ခုဟာ စားပဲြေပၚကုိ ဘယ္လုိကေန ဘယ္လုိေရာက္သြားမွန္း မသိ ေရာက္ေနတာကုိ ေတြ႕လုိက္ရတယ္။ ပုလင္းကေတာ့ ေသေသခ်ာခ်ာကို ပိတ္လ်က္သား ရွိေနတုန္းပဲ။ ပုလင္းကို ဖြင့္ထားတဲ့လကၡဏာ ဘာမွ မေတြ႕ရဘူး။ ဒါေပမဲ့ ပုလင္းထဲက ေဆး ေတာင့္ ရွစ္ခုကေတာ့ စားပဲြေပၚမွာ တင္လ်က္သား ေတြ႕ရတယ္။ ကြၽန္ေတာ္တုိ႔အားလံုး အံအားသင့္သြားၾကတယ္။ ကြၽန္ေတာ္တုိ႔ ေသခ်ာၾကည့္ေန လ်က္သားနဲ႔ ဘယ္ကေန ဘယ္လုိေရာက္သြားမွန္းကို မသိရတာ။ စားပဲြေပၚေဆးေတာင့္ေတြ က်သြားတဲ့ အသံဖြဖြေလးၾကားေတာ့မွသာ ေဆးေတာင့္ ေတြ အျပင္ေရာက္ေနမွန္း သိရတာ။

ေဆးေတာင့္ေတြ စားပဲြေပၚေရာက္သြားတဲ့အခ်ိန္မွာ ေယာင္ဇန္က ၿပံဳးၿပီး `ေတာ္ၿပီ´ လုိ႔ ေျပာတယ္။ သုေတသီေတြအခ်င္းခ်င္း ဘယ္အခ်ိန္က ေဆးေတာင့္ေတြ ထြက္သြားလဲဆုိတာကို ေမးေနသံ ကြၽန္ေတာ္ၾကားရတယ္။ ဒီလုိ စြမ္းရည္ျပတဲ့သူေတြဟာ စြမ္းရည္ျပၿပီးသြားၿပီး စိတ္ပင္ပန္း၊လူပင္ပန္းျဖစ္ၾကရတယ္။ တစ္ခါတရံမွာ နဖူးကေန ေခြၽးဒီးဒီးေတာင္ က်လာတတ္ေသးတယ္။ ကြၽန္ေတာ္တုိ႔ စကားေျပာေနတုန္းမွာ သူ႕အေဖက သတင္းမီဒီယာေတြနဲ႔ ျပည္သူက ေယာင္ဇန္ရဲ႕ စြမ္းရည္နဲ႔ပတ္သက္ၿပီး ဘယ္လုိကေန ဘယ္လုိလူသိသြားသလဲဆုိတာကို ေျပာျပေနတယ္။

ေယာင္ဇန္ဆုိၿပီး စတင္ထင္ရွားလာပံု

၁၉၉၀ျပည့္ႏွစ္ ဇူလုိင္ ၂ရက္ေန႔တုန္းက တီယန္က်င္းက အလယ္တန္းေက်ာင္းမွာ ေယာင္ဇန္တုိ႔ဟာ စာေမးပဲြတစ္ခု ေျဖၾကတယ္။ ေယာင္ဇန္ဟာ ေမးခြန္းေတြကုိ အာ႐ံုစူးစုိက္ၿပီး ေျဖေနတုန္း သူ႕ေနာက္ေက်ာကေန မီးခုိးေတြ ထြက္လာတယ္။ ခ်က္ျခင္းပဲ ၾကည့္လုိက္ေတာ့ သူ႕အက်ႌေနာက္ေက်ာမွာ မီးေပါက္ရာ ႏွစ္ခုကို ေတြ႕လုိက္ရတယ္။ တျခားေက်ာင္းသားေတြနဲ႔ ဆရာေတြအားလံုး ဒီျမင္ကြင္းကို သံမိႈႏွက္သလုိ စဲြေနေအာင္ ျမင္ခဲ့ၾကတယ္။ ဒီျဖစ္ရပ္ျဖစ္ပြားၿပီးတဲ့ေနာက္မွာေတာ့ ေက်ာင္းဟာ ေဒသတြင္း ပညာေရးမွဴး႐ံုးကုိ အေၾကာင္းၾကားလုိက္တယ္။ သတင္း ဟာ ျပန္႔ႏွံ႔သြားၿပီးတဲ့ေနာက္မွာ တီယန္က်င္းက ` ေရနံဂ်ာနယ္´က သတင္းေထာက္တစ္ေယာက္ဟာ ခ်က္ျခင္းပဲ ေပါက္ခ်လာၿပီး အင္တာဗ်ဴး ေတာ့တယ္။

ေယာင္ဇန္ရဲ႕ အေဖ ေယာင္၀န္ဂ်ီဟာ တီယန္က်င္းက ဘုိဟုိင္းေရနံေကာ္ပေရးရွင္းက အင္ဂ်င္နီယာတစ္ေယာက္ပါ။ ေယာင္ဇန္ရဲ႕ အေမလည္း အဲဒီကုမၸဏီက ေဆးခန္းေဒါက္တာတစ္ေယာက္ပါ။

ေယာင္ဇန္ရဲ႕ စြမ္းအင္ဟာ ထြက္ေပၚလာခဲ့ၿပီးတဲ့ေနာက္ပုိင္းမွာ ဆယ္ရက္တစ္ႀကိမ္ ေယာင္ဇန္ဟာ လွ်ပ္စစ္ဓာတ္လႊတ္ေလ့ရွိသလုိ မီးေလာင္ေစႏုိင္တာကိုလည္း ေယာင္ဇန္ရဲ႕ မိဘေတြဟာ ေတြ႕ရွိခဲ့တယ္။ ထူးျခားတာက ေယာင္ဇန္ ဒီလုိေတြ မလုပ္ခင္ ေယာင္ဇန္ရဲ႕ မ်က္ခမ္း သားေတြဟာ မည္းနက္လာတယ္။ တစ္ႀကိမ္ဆုိ သူ႕မ်က္ခမ္းသားေတြဟာ လံုးလံုးလ်ားလ်ား မည္းသြားခဲ့ၿပီး ယုန္ေလးတစ္ေကာင္ကုိ လက္နဲ႔ပုတ္ လုိက္တဲ့အခ်ိန္မွာ ယုန္ဟာ ဆန္႔ငင္ဆန္႔ငင္ျဖစ္ၿပီး ေသသြားခဲ့တယ္။ေယာင္ဇန္ဟာ အဲဒီတုန္းက အေတာ္ေလးစိတ္ထိခုိက္ခဲ့ရတယ္။

တစ္ႀကိမ္မွာေတာ့ စာရြက္အလြတ္ေပၚမွာ လက္တင္လုိက္တဲ့အခါ တ႐ုတ္အကၡရာယုန္ဟာ ေပၚလာခဲ့ၿပီး ေလာင္ကြၽမ္းသြားခဲ့တယ္။ ေနာက္တစ္ႀကိမ္မွာေတာ့ တ႐ုတ္ရဲ႕ ယင္နဲ႔ယန္စက္၀ုိင္းဟာ ေပၚလာခဲ့ၿပီး ေလာင္ကြၽမ္းခဲ့တယ္။ ဒီပံုေတြဟာ ေယာင္ဇန္ရဲ႕ အေတြးကေန ေပၚလာ ခဲ့ၿပီး ေလာင္ကြၽမ္းေစခဲ့တာလားဆုိတာကိုေတာ့ ကြၽန္ေတာ္တုိ႔ဟာ ထင္ေၾကးသာ ေပးႏုိင္ပါေတာ့တယ္။

ဇြန္းကို ခ်ိဳးျပျခင္း

ေနာက္ထပ္စမ္းသပ္မႈတစ္ခုကေတာ့ ဇြန္းကို ခ်ိဳးျပဖုိ႔ လုပ္ၾကတာပါပဲ။ ေယာင္ဇန္ ဇြန္းကို ခ်ိဳးျပတာ ကြၽန္ေတာ္ျမင္ဖူးတယ္။ က်ိဳးတဲ့အသံ ေတာင္ ၾကားလုိက္ရေသးတယ္။ ဒီလုိနဲ႔ ကြၽန္ေတာ္ယူလာတဲ့ ဇြန္းကုိ ေပးလုိက္တယ္။ ဒါနဲ႔ ကြၽန္ေတာ့္ဇြန္းက အေတာ္ေလးကို မာတယ္။ ေယာင္ ဇန္ဟာ သူ႕စိတ္စြမ္းအားနဲ႔ ဇြန္းကို ခ်ိဳးဖုိ႔ ႀကိဳးစားေပမယ့္ မက်ိဳးခဲ့ဘူး။ ဒါေပမဲ့ ေကြးသြားခဲ့တယ္။ ပုိအံအားသင့္ဖုိ႔ ေကာင္းတာက မေကြးသြားခင္ တစ္ေနရာကို ေရာက္သြားတာပါပဲ။ ျဖစ္ပံုက ဒီလုိဗ်။

ပ်ံသန္းျခင္း

ကြၽန္ေတာ္တုိ႔အားလံုး ဇြန္းကို ေသခ်ာၾကည့္ေနေပမယ့္ အခ်ိန္ အေတာ္ၾကာတဲ့အထိ ဘာမွ မျဖစ္လာခဲ့ဘူး။ ၾကည့္ရတာ ေယာင္ဇန္အဖုိ႔ အေတာ္ေလးအားစုိက္ေနရပံုပဲ။ အဲဒါနဲ႔ ကြၽန္ေတာ္လည္း ခဏေလာက္နားမယ္ဆုိၿပီး လုပ္တယ္။ တျခားအေၾကာင္းေတြ ေျပာၾကတယ္။ သိပ္မၾကာ လုိက္ေသးခင္မွာပဲ ဇြန္းကုိ လက္ဖက္ရည္စားပြဲခံုေပၚ တင္ထားတာ ေပ်ာက္သြားေၾကာင္း သူ႕အေဖက သတိထားမိလုိ႔ ေျပာေတာ့ ကြၽန္ေတာ္တုိ႔ အားလံုး ျပန္ရွာတဲ့အခါမွာ အခန္းထျက တစ္ေနရာမွာ ဇြန္းဟာ ေကြးလ်က္သား ျပန္ေတြ႕ရတယ္။

ကြၽန္ေတာ့္အေတြ႕အႀကံဳ႕အရ ေျပာရရင္ စိတ္စြမ္းအားေတြနဲ႔ ပတ္သက္တဲ့ကိစၥေတြမွာ တစ္စံုတစ္ခုကို စူးစုိက္ေနရင္ ဘာမွ မျဖစ္လာ ဘူး။ ဒါေပမဲ့ အခ်ိန္နည္းနည္းေလးေလာက္ အားေလွ်ာ့လုိက္တဲ့အခါက်ရင္ ကုိယ္စူးစုိက္ၾကည့္ေနတဲ့ပစၥည္းဟာ တစ္ေနရာကို ေရာက္သြားေလ့ရွိ တယ္။ အဲဒီလုိ စူးစုိက္မႈအားေလွ်ာ့တဲ့အခ်ိန္ကလည္း တကယ့္နည္းနည္းမွ နည္းနည္းေလးပဲ။ မိုက္ခ႐ုိစကၠန္႔၊ နာႏုိစကၠန္႔ေလာက္သာသာမွ်ပဲ။ တ႐ုတ္သုေတသီေတြကေတာ့ ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး`ေစာင့္ၾကည့္လုိ႔ မရႏုိင္တဲ့ ပ်ံသန္းမႈ´ လုိ႔ ကင္ပြန္းတပ္ထားၾကတယ္။ ပ်ံသန္းသြားတဲ့ ပစၥည္းရဲ႕ လႈပ္ရွားမႈကုိ ကြၽန္ေတာ္တုိ႔ရဲ႕ သာမန္မ်က္လံုးနဲ႔ ၾကည့္လို႔ မရႏုိင္ဘူး။

ပန္းမ်ား ပြင့္ေစျခင္း

ေယာင္ဇန္ရဲ႕ မိဘေတြက ကြၽန္ေတာ့္ကို ေျပာျပေသးတယ္။ ေယာင္ဇန္ဟာ ဖူးပြင့္စျပဳေနတဲ့ ပန္းေတြကုိလည္း ခ်က္ျခင္းဖူးပြင့္လာေအာင္ လုပ္ႏုိင္ေသးတယ္တဲ့။ ဒီလုိနဲ႔ ေနာက္တစ္ေန႔မနက္မွာ သူ႕အေဖနဲ႔ကြၽန္ေတာ္ရယ္၊ ေယာင္ဇန္တုိ႔ရယ္ဟာ အနီးနားက ပန္းၿခံထဲသြားၿပီး ဖူးစျပဳေနတဲ့ ႏွင္းဆီပန္းေတြနဲ႔တျခားပန္းေတြကုိ ယူလာၿပီး စမ္းသပ္ၾကတယ္။

ေယာင္ဇန္ဟာ ပန္းကို လက္ထဲမွာ အုပ္လုိက္ၿပီး စူးစုိက္ၾကည့္တယ္။ ၿပီးေတာ့ သူ႕ေခါင္းေဘးကုိ ယူၿပီး လႈပ္တယ္။ လႈပ္ၿပီး သိပ္မၾကာ ခင္မွာပဲ `ပန္းေတြ ပြင့္သြားၿပီ´ ဆုိၿပီး သူ႕လက္ကုိ ျဖန္႔ျပလုိက္တယ္။

တကယ္ပဲ ..အခုနခူးလာတုန္းက ဖူးစျပဳေနတဲ့ပန္းေတြဟာ ပြင့္ေနခဲ့တယ္။ ႏွစ္ႀကိမ္ေျမာက္လုပ္ျပၿပီးတဲ့အခ်ိန္မွာ ကြၽန္ေတာ္က အႀကံေပးတယ္။ ကြၽန္ေတာ့္ရဲ႕ ခ်ီကုိ သူ႕လက္ထဲ ထည့္ေပးမယ္။ ပန္းေတြကို ျမန္ျမန္ပြင့္ေအာင္ လုပ္ၾကည့္ပါလားဆုိၿပီး။ သူကလည္း သေဘာတူတာနဲ႔ ကြၽန္ေတာ္ဟာ လက္ထဲကို ခ်ီသြင္းလုိက္တယ္။ ၿပီးေတာ့ သူ႕ေခါင္းေပၚမွာ တင္ၿပီး လႊတ္ ေပးလုိက္တယ္။ အခုနကထက္ ေဆာလ်င္စြာနဲ႔ ပန္းေတြဟာ ပြင့္အာလာခဲ့တယ္။ သူကုိယ္တုိင္ကလည္း ကြၽန္ေတာ္ သူ႕ကုိ ခ်ီလႊတ္တဲ့အခါမွာ ပန္းေတြ လြယ္ကူစြာနဲ႔ ပြင့္လာေၾကာင္း ေျပာျပတယ္။ဒီအျဖစ္အပ်က္ကို ၾကည့္ေနတဲ့ သူ႕အေမက ကြၽန္ေတာ့္ကို ေမးတယ္။ ကြၽန္ေတာ္ဟာ ခ်ီ ကိုေလ့က်င့္ခဲ့တာ ႏွစ္ေပါင္း ၂၀ ရွိပါၿပီ။ ကြၽန္ေတာ့္ရဲ႕ ခ်ီကုိ တစ္ပါးသူကို လႊတ္ေပးႏုိင္တယ္။ သူ႕အေမက သူ႕ကုိ ျပပါဆုိတာနဲ႔ သူ႕အေမလက္ ဖ၀ါးထဲကို ခ်ီဓာတ္လႊတ္တယ္။ လက္ဖ၀ါးဟာ လွ်ပ္စီးေၾကာင္းတစ္ခု စီးေနသလုိမ်ိဳး စီးၿပီး တစ္ကုိယ္လံုးကို စီးဆင္းသြားေၾကာင္း ခံစားရတာကိုျပန္ေျပာျပတယ္။

ပုလင္းထဲကေဆး ျပန္ထုတ္ျပျခင္း

အဲဒါနဲ႔ ကြၽန္ေတာ္လည္း ၀ယ္လာခဲ့တဲ့ ေယာင္ရမ္းေပ်ာက္ေဆးပုလင္းကုိ ျပန္လုပ္ပါလားဆုိၿပီး ေျပာတယ္။ သူ႕အေဖကေတာ့ အင္တင္ တင္နဲ႔မုိ႔ ကြၽန္ေတာ္က ရွင္းျပရတယ္။ ဒီေန႔မွ ပန္းပြင့္ေတြကုိ သူ႕စြမ္းအားနဲ႔ပြင့္ေစခဲ့တဲ့အျပင္ ကြၽန္ေတာ့္ရဲ႕ ခ်ီကိုလည္း ပို႔လႊတ္ထားတာမုိ႔ သူ႕ရဲ႕ စြမ္းအင္ဟာ ထိပ္ဆံုးကို ေရာက္ရွိေနေၾကာင္း အမွားအယြင္းမရွိႏုိင္ေၾကာင္း ေျပာေတာ့ ေၾကာင္းက်ိဳးသင့္ေနတာမုိ႔ သူ႕အေဖဟာ သေဘာ တူလုိက္တယ္။

ေယာင္ဇန္ဟာ ေဆးပုလင္းကို ယူၿပီး အသာေလး လႈပ္လုိက္တယ္။ ၿပီးေတာ့ ေဆးပုလင္းကို ပြတ္လွိမ့္လုိက္ေသးတယ္။ ေသခ်ာအာ႐ံု စုိက္ေနတုန္းမွာပဲ ႐ုတ္တရက္ ေဆးပုလင္းထဲက ေဆးအျဖဴ ၁၁ ေတာင့္ဟာ အျပင္ကို ထြက္လာေတာ့တယ္။ တစ္လံုးကေတာ့ ေၾကမြေနတယ္။ ကြၽန္ေတာ္တုိ႔ဟာ ဒီေၾကမြေနတဲ့ ေဆးေတာင့္ကို ၾကည့္ေနမိတယ္။ ဘာလုိ႔ တစ္ေတာင့္တည္းဟာ ေၾကမြေနရသလဲေပ့ါ။ စားပဲြေပၚ က်လာလုိ႔ ေၾကမြသြားသလား၊ ဘာလုိ႔ တစ္ေတာင့္တည္းဟာ ေၾကမြေနရသလဲ။ ကြၽန္ေတာ္တုိ႔အတြက္ေတာ့ ေမးခြန္းေတြဟာ တန္းစီေနပါေတာ့တယ္။

မီးစြမ္းအား

ေယာင္ဇန္ရဲ႕ မီးစြမ္းအားကလည္း အေတာ္ေလးျပင္းထန္ေၾကာင္းၾကားသိထားရေတာ့ သူ႕ရဲ႕ မီးအစြမ္းကိုလည္း ၾကည့္ခ်င္မိတယ္။ ဒါေပမဲ့ သူ႕အေမကေတာ့ ေယာင္ဇန္ရဲ႕ မီးစြမ္းအားကို ခ်ိဳးႏွိမ္ထားခုိင္းခဲ့တာ လေပါင္းအေတာ္ၾကာေနၿပီမုိ႔ ျပန္မစေစခ်င္ေၾကာင္း ေျပာတယ္။ သူ႕အေမက `တကယ္လုိ႔ မီးေလာင္ေစတဲ့စြမ္းအားဟာ ဆက္ၿပီး ထြက္ေပၚေနမယ္ဆုိရင္ သူ႕အ၀တ္အစားအားလံုး မီးေလာင္ကြၽမ္းသြားလိမ့္မယ္။ အဲဒီအတြက္ ထိန္းသိမ္းခက စရိတ္ႀကီးတာမုိ႔ အဆင္မေျပဘူး´ ဆုိၿပီး ကန္႔ကြက္တယ္။ အထူးသျဖင့္ သူတန္ဖုိးထားတဲ့ အ၀တ္အစားတစ္စံု မီးေလာင္ ကြၽမ္းသြားခဲ့ရတာကုိ ႏွေမွ်ာမဆံုး ျဖစ္ေနခဲ့တာမုိ႔ပါ။


.
မီးစြမ္းအား စတင္ေတြ႕ရွိတဲ့ေန႔

ေယာင္ဇန္ရဲ႕ မီးစြမ္းအားကုိ ၁၉၈၉ခုႏွစ္ ဒီဇင္ဘာ ၇ရက္ေန႔မွာ စတင္ၿပီး ေတြ႕ရွိခဲ့တယ္။ အဲဒီအခ်ိန္တုန္းက ေယာင္ဇန္ရဲ႕ အိပ္ယာခင္း ဟာ မီးေလာင္ကြၽမ္းသြားခဲ့ရတယ္။ အဲဒီေနာက္ပုိင္း မၾကာခဏဆုိသလုိ သူ႕အက်ႌေတြ၊ ေျခအိပ္ေတြ၊ ေဘာင္းဘီေတြ၊ အိပ္ယာခင္းေတြ၊ လက္အိပ္ေတြနဲ႔ တျခားအ၀တ္အထည္ေတြမွာ မီးေလာင္ေပါက္ေတြ ျဖစ္လာခဲ့တယ္။ မီးေလာင္ေပါက္ေတြဟာ မ်ားေသာအားျဖင့္ တစ္စင္တီမီတာ ကေန ဆယ္စင္တီမီတာအထိ က်ယ္တယ္။ မ်ားေသာအားျဖင့္ ေအာက္ပုိင္းေတြနဲ႔ေနာက္ပုိင္းေတြမွာ ေပါက္ေလ့ရွိတယ္။ တစ္ခုထူးဆန္းတာကေတာ့ အတြင္းခံအ၀တ္အစားေတြမွာေတာ့ ေပါက္ျခင္း မရွိဘူး။ မီးေလာင္ဒဏ္ရာနဲ႔ တျခားနာက်င္မႈကိုမွ ခံစားရျခင္း မရွိဘူး။

ဒါနဲ႔ ကြၽန္ေတာ္က `သူ႕ရဲ႕ မီးေလာင္ေစႏုိင္တဲ့စြမ္းအားကုိ ဘယ္သူက ခ်ိဳးႏွိမ္ေစခဲ့တာလဲ´ လုိ႔ ေမးေတာ့ အာကာသသိပၸံဆုိင္ရာ Aerospace Medico Engineering တကၠသုိလ္က လူတစ္ေယာက္က လာၿပီး ေျပာခဲ့တာပါလုိ႔ ေျဖတယ္။ နာမည္ကိုေတာ့ မေျပာျပဘူး။ ဒါေပမဲ့ ဘယ္သူမွန္းေတာ့ ေနာက္ပုိင္းမွာ ကြၽန္ေတာ္သိခြင့္ရလာခဲ့ပါတယ္။

ေယာင္ဇန္က အဲဒီလူဟာ ပေရာ္ဖက္ဆာ ေဆာင္ေကာင္ဇီလုိ႔ ဖြင့္ ေျပာျပခဲ့တယ္။ ပေရာ္ဖက္ဆာ ေဆာင္ေကာင္ဇီဟာ ေဘဂ်င္းတကၠသုိလ္မွာလည္း ပေရာ္ဖက္ဆာအျဖစ္ လုပ္ကုိင္တဲ့ ပညာရွင္တစ္ေယာက္ပါပဲ။ ေယာင္ေကာင္ဖီက ယန္ဇီကို မီးမေလာင္ေအာင္ ဘယ္လုိခ်ိဳးႏွိမ္ရမလဲဆုိတာကုိ သင္ေပးခဲ့တယ္။

(ေယာင္ေကာင္ဇီဟာ စိတ္၀င္စားဖြယ္ရာ ေကာင္းတဲ့သူျဖစ္ၿပီး သူ႕အေၾကာင္းကိုေတာ့ အခါအခြင့္သင့္ရင္ ဆက္လက္ေဖာ္ျပေပးခ်င္ပါတယ္)

ေရနံေၾကာရွာႏုိင္လား

ေယာင္ဇန္ရဲ႕ အေဖဟာ ေရနံကုမၸဏီက အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ေၾကာင္း အထက္မွာ ဆုိခဲ့ၿပီးပါၿပီ။ ဒီေရနံကုမၸဏီဟာ တ႐ုတ္ျပည္ မွာ နာမည္ႀကီးကုမၸဏီတစ္ခုလည္း ျဖစ္ပါတယ္။ ေယာင္ဇီဟာ ေျမေအာက္က ေရနံေၾကာေတြကုိ ရွာႏုိင္သလားဆုိၿပီး ေရနံကုမၸဏီက အဖဲြ႕တစ္ဖဲြ႕ ဟာ ၁၉၉၄ခုႏွစ္မွာ စမ္းသပ္ခဲ့ပါေတာ့တယ္။ ေယာင္ဇန္ဟာ ေျမေအာက္က ေရနံအျပင္ ေရေၾကာကိုပါ ရွာေဖြျပႏုိင္ခဲ့တယ္။

ထြင္းေဖာက္မ်က္လံုးပုိင္ရွင္

ေယာင္ဇန္ဟာ စိတ္ၾကည္လင္ေနတဲ့အခ်ိန္ဆုိရင္ လူေတြရဲ႕ ခႏၶာကုိယ္ကို ထြင္းေဖာက္ၿပီးေတာ့လည္း ျမင္ႏုိင္ေသးတယ္။
ကုိယ္၀န္ေဆာင္ ထားတဲ့သူဆုိရင္ သေႏၶသားဟာ ေယာက္်ားလား၊ မိန္းမလားဆုိတာကို ျမင္ႏုိင္သလုိ ကုိယ္တြင္းမွာ ရွိတဲ့ အႀကိတ္အခဲ၊အလံုးေတြကိုလည္း ျမင္ႏုိင္ ေသးတယ္။

လွ်ိဳ႕၀ွက္ေသာမိန္းမသည္ ဘယ္သူနည္း

ေယာင္ဇန္လုိ ပန္းေတြ ပြင့္လာေအာင္ လုပ္ႏုိင္တဲ့သူေတြက တ႐ုတ္ျပည္မွာ အမ်ားႀကီးပါ။ ကြၽန္ေတာ့္သူငယ္ခ်င္းေတြထဲမွာေတာင္ ရွိေသးတယ္။ တစ္ခ်ိဳ႕က ေယာင္ဇန္ထက္ ပိုၿပီးေတာ့ စြမ္းအားႀကီးတယ္။ ပန္းေတြကို မ်ားမ်ားစားစား ပြင့္ႏုိင္ေအာင္ လုပ္ႏုိင္တယ္။ ကြၽန္ေတာ့္ သူငယ္ခ်င္း ဖူေဆာင္ရွန္ဆုိရင္ လူေထာင္ေပါင္းမ်ားစြာေရွ႕မွာ ဖူးစျပဳေနတဲ့ပန္းေတြကို နာရီ၀က္အတြင္း ပြင့္လာေအာင္ လုပ္ႏုိင္ခဲ့တယ္။ ဒါေပမဲ့ ဖူရွန္ဟာ အျမင့္ဆံုးစြမ္းအားရွင္ မဟုတ္ေသးဘူး။ ေနာက္ထပ္တစ္ေယာက္ရွိေသးတယ္။ သူကေတာ့ အမည္မသိ လွ်ိဳ႕၀ွက္လြန္းတဲ့ မိန္းမပါပဲ။ အပုိင္း(၁)မွာ ဆုိခဲ့တဲ့ မိန္းမပါ။

ဒီအမ်ိဳးသမီးဟာ ေယာင္ဇန္လုိလည္း ေခါင္းေပၚတင္စရာ မလုိဘူး။ အာ႐ံုစူးစုိက္စရာလည္း မလုိဘူး။ ပန္းပြင့္ေပါင္း ေထာင္ေပါင္းမ်ားစြာကို လက္ေလး တစ္ခ်က္ယမ္းၿပီး `မင္းတုိ႔အားလံုးကုိ ပြင့္အာေစခ်င္တယ္´လုိ႔ ဆုိလုိက္တာနဲ႔ ခ်က္ျခင္းကို ပန္းေတြဟာ ပြင့္လာ ပါေတာ့တယ္။

ေယာင္ဇန္ဟာ ကြၽန္ေတာ့္ကို သူရဲ႕ ထူးျခားျဖစ္စဥ္ေတြအတြက္ သူ႕ဒုိင္ယာရီထဲက စာမ်က္ႏွာတစ္ခ်ိဳ႕ကို ကြၽန္ေတာ့္ဆီ ပို႔ေပးခဲ့ေသးတယ္။ အဲဒီထဲမွာ ေန႔စဲြအလုိက္ သူ႕ရဲ႕ ထူးျခားျဖစ္စဥ္ေတြကို ေရးသားထားတယ္။ေယာင္ဇန္ဟာ ငယ္ရြယ္ႏုပ်ိဳသူမုိ႔ ေရွ႕ဆက္ၿပီး ထူးျခားတဲ့စြမ္းအင္ေတြ ဆက္ၿပီး ထြက္လာဖုိ႔ ရွိတယ္။ သူ႕အေဖကေတာ့ သူ႕ကို အေမရိကားေခၚသြားၿပီး သိပၸံနည္းက် စမ္းသပ္ေလ့လာမႈေတြ လုပ္ဦးမယ္လုိ႔ သိရတယ္။ ေယာင္ဇန္အေၾကာင္းနဲ႔ ပတ္သက္ၿပီး တစ္ခ်ိဳ႕အေၾကာင္းအရာေတြကို ရွည္လ်ားတာမုိ႔ ခ်န္လွပ္ထားခဲ့ပါတယ္။

အားလံုးကုိ
ေလးစားစြာျဖင့္

#သိဒၶိ


စွယ်စုံရ စွမ်းအားရှင် ယောင်ဇန်နှင့် တွေ့ဆုံခြင်း (unicode)

မူရင်း ရေးသားသူ – သိဒ္ဓိ ( အော်လံ)

ကျွန်တော် ယောင်ဇန်နဲ့ ပတ်သက်ပြီး ဦးစွာ ဆွေးနွေးပါရစေ။

ယောင်ဇန်ဆိုတာ လှပၿ႔ပီး အပြစ်ကင်းစင်တဲ့ အမျိုးသမီးတစ်ဦးပါ။ ၁၉၉၁ခုနှစ်မှာ တန်ဂူပြည်နယ် တီယန်ကျင်းမြို့မှာ နေတဲ့ယောင်ဇန်ဆီက ဖိတ်ခေါ်စာတစ်စောင် ရတယ်။ ကျွန်တော်က သူ့အဖေရဲ့ သူငယ်ချင်း တစ်ယောက်ပါ။ ကျွန်တော် သူ့အိမ်ကို သွားတော့ အိမ်ကနေ ဇွန်းတစ်ချောင်းယူလာခဲ့တယ်။ ဒီဇွန်းက အတော်လေးကို မာတယ်။ သရုပ်ပြပွဲ လုပ်တဲ့အခါကျရင် ကျွန်တော့်ဇွန်းနဲ့ လုပ်ခိုင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ နောက်ပြီး ဟိုတယ်ဆေးဆိုင်ကနေပြီး ဆေးအဖြူပုလင်းတစ်လုံးဝယ် လာခဲ့သေးတယ်။ ဒီဆေးက ယောင်ရမ်းကိုက်ခဲ့တာတွေကို ပျောက်တဲ့ဆေးပါ။ ဒါလည်း ယောင်ဇန်ကို သရုပ်ပြခိုင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ။

ဒါပေမဲ့ သူ့အဖေယောင်ဝန်ဂျီက သဘောမတူခဲ့ဘူး။ အကြေင်းကတော့ ဒီဆေးတွေဟာ ယောင်ရမ်းတာတွေ ပျောက်တဲ့ဆေးမို့လို့ဆိုပြီး တခြားဆေး သုံးခိုင်းတယ်။ မတော်လို့ ဒီဆေးတွေဟာ ယောင်ဇန်ရဲ့ ဝမ်းဗိုက်ထဲ ရောက်သွားရင် ပြဿနာရှိနိုင်တယ်ဆိုပြီး ပေးမသုံးဘူး။တရုတ်ပြည်မှာ ဒီလိုစွမ်းရည်သရုပ်ပြပွဲလုပ်တဲ့အခါ တစ်ချို့ဆေးတွေဟာ သရုပ်ပြသူရဲ့ ဝမ်းဗိုက်ထဲကို ရောက်သွားတတ်တယ်။ ဒါကြောင့်မို့ ပေး မသုံးတာပါ။

ဆေးပုလင်းထဲက ဆေးများ အပြင်ထုတ်ပြခြင်း

အဲဒါနဲ့ ကျွန်တော်လည်း သူ့အကြံပေးတဲ့အတိုင်း ဆေးဆိုင်သွားပြီး တရုတ်ပြည်ဖြစ် ဗီတာမင်ဆေးတောင့်တစ်ပုလင်းပဲ သွားဝယ် လိုက်တယ်။ ကျွန်တော်ဆေးဆိုင်ကနေ ပြန်လာတော့ ပထမဆုံး ပုလင်းထဲက ဆေးတောင့်တွေကို အပြင်ထွက်အောင်လုပ်မယ့်သရုပ်ပြပွဲကို အရင် လုပ်ဖို့ စီစဉ်ကြတယ်။ ပုလင်းအဖုံးက သေသေချာချာကို ပိတ်ထားတာ။ တရုတ်ပြည်မှာက ဆေးပုလင်းတွေကို ပျားဖယောင်းနဲ့ အုပ်ထားသလို ပုလင်းလည်ပင်းကို လှည့်ဖွင့်ရသေးတယ်။

ယောင်ဇန်ဟာ ပုလင်းကို ယူပြီး သေချာစူးစိုက်တယ်။ ပုလင်းကိုလည်း အသာလေး ခါကြည့်သေးတယ်။ ၁၂မိနစ်လောက် ကြာတဲ့အချိန် မှာတော့ ပုလင်းထဲက ဆေးတောင့် ရှစ်ခုဟာ စားပွဲပေါ်ကို ဘယ်လိုကနေ ဘယ်လိုရောက်သွားမှန်း မသိ ရောက်နေတာကို တွေ့လိုက်ရတယ်။ ပုလင်းကတော့ သေသေချာချာကို ပိတ်လျက်သား ရှိနေတုန်းပဲ။ ပုလင်းကို ဖွင့်ထားတဲ့လက္ခဏာ ဘာမှ မတွေ့ရဘူး။ ဒါပေမဲ့ ပုလင်းထဲက ဆေး တောင့် ရှစ်ခုကတော့ စားပွဲပေါ်မှာ တင်လျက်သား တွေ့ရတယ်။ ကျွန်တော်တို့အားလုံး အံအားသင့်သွားကြတယ်။ ကျွန်တော်တို့ သေချာကြည့်နေ လျက်သားနဲ့ ဘယ်ကနေ ဘယ်လိုရောက်သွားမှန်းကို မသိရတာ။ စားပွဲပေါ်ဆေးတောင့်တွေ ကျသွားတဲ့ အသံဖွဖွလေးကြားတော့မှသာ ဆေးတောင့် တွေ အပြင်ရောက်နေမှန်း သိရတာ။

ဆေးတောင့်တွေ စားပွဲပေါ်ရောက်သွားတဲ့အချိန်မှာ ယောင်ဇန်က ပြုံးပြီး `တော်ပြီ´ လို့ ပြောတယ်။ သုတေသီတွေအချင်းချင်း ဘယ်အချိန်က ဆေးတောင့်တွေ ထွက်သွားလဲဆိုတာကို မေးနေသံ ကျွန်တော်ကြားရတယ်။ ဒီလို စွမ်းရည်ပြတဲ့သူတွေဟာ စွမ်းရည်ပြပြီးသွားပြီး စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်ကြရတယ်။ တစ်ခါတရံမှာ နဖူးကနေ ချွေးဒီးဒီးတောင် ကျလာတတ်သေးတယ်။ ကျွန်တော်တို့ စကားပြောနေတုန်းမှာ သူ့အဖေက သတင်းမီဒီယာတွေနဲ့ ပြည်သူက ယောင်ဇန်ရဲ့ စွမ်းရည်နဲ့ပတ်သက်ပြီး ဘယ်လိုကနေ ဘယ်လိုလူသိသွားသလဲဆိုတာကို ပြောပြနေတယ်။

ယောင်ဇန်ဆိုပြီး စတင်ထင်ရှားလာပုံ

၁၉၉၀ပြည့်နှစ် ဇူလိုင် ၂ရက်နေ့တုန်းက တီယန်ကျင်းက အလယ်တန်းကျောင်းမှာ ယောင်ဇန်တို့ဟာ စာမေးပွဲတစ်ခု ဖြေကြတယ်။ ယောင်ဇန်ဟာ မေးခွန်းတွေကို အာရုံစူးစိုက်ပြီး ဖြေနေတုန်း သူ့နောက်ကျောကနေ မီးခိုးတွေ ထွက်လာတယ်။ ချက်ခြင်းပဲ ကြည့်လိုက်တော့ သူ့အင်္ကျီနောက်ကျောမှာ မီးပေါက်ရာ နှစ်ခုကို တွေ့လိုက်ရတယ်။ တခြားကျောင်းသားတွေနဲ့ ဆရာတွေအားလုံး ဒီမြင်ကွင်းကို သံမှိုနှက်သလို စွဲနေအောင် မြင်ခဲ့ကြတယ်။ ဒီဖြစ်ရပ်ဖြစ်ပွားပြီးတဲ့နောက်မှာတော့ ကျောင်းဟာ ဒေသတွင်း ပညာရေးမှူးရုံးကို အကြောင်းကြားလိုက်တယ်။ သတင်း ဟာ ပြန့်နှံ့သွားပြီးတဲ့နောက်မှာ တီယန်ကျင်းက ` ရေနံဂျာနယ်´က သတင်းထောက်တစ်ယောက်ဟာ ချက်ခြင်းပဲ ပေါက်ချလာပြီး အင်တာဗျူး တော့တယ်။

ယောင်ဇန်ရဲ့ အဖေ ယောင်ဝန်ဂျီဟာ တီယန်ကျင်းက ဘိုဟိုင်းရေနံကော်ပရေးရှင်းက အင်ဂျင်နီယာတစ်ယောက်ပါ။ ယောင်ဇန်ရဲ့ အမေလည်း အဲဒီကုမ္ပဏီက ဆေးခန်းဒေါက်တာတစ်ယောက်ပါ။

ယောင်ဇန်ရဲ့ စွမ်းအင်ဟာ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဆယ်ရက်တစ်ကြိမ် ယောင်ဇန်ဟာ လျှပ်စစ်ဓာတ်လွှတ်လေ့ရှိသလို မီးလောင်စေနိုင်တာကိုလည်း ယောင်ဇန်ရဲ့ မိဘတွေဟာ တွေ့ရှိခဲ့တယ်။ ထူးခြားတာက ယောင်ဇန် ဒီလိုတွေ မလုပ်ခင် ယောင်ဇန်ရဲ့ မျက်ခမ်း သားတွေဟာ မည်းနက်လာတယ်။ တစ်ကြိမ်ဆို သူ့မျက်ခမ်းသားတွေဟာ လုံးလုံးလျားလျား မည်းသွားခဲ့ပြီး ယုန်လေးတစ်ကောင်ကို လက်နဲ့ပုတ် လိုက်တဲ့အချိန်မှာ ယုန်ဟာ ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး သေသွားခဲ့တယ်။ယောင်ဇန်ဟာ အဲဒီတုန်းက အတော်လေးစိတ်ထိခိုက်ခဲ့ရတယ်။

တစ်ကြိမ်မှာတော့ စာရွက်အလွတ်ပေါ်မှာ လက်တင်လိုက်တဲ့အခါ တရုတ်အက္ခရာယုန်ဟာ ပေါ်လာခဲ့ပြီး လောင်ကျွမ်းသွားခဲ့တယ်။ နောက်တစ်ကြိမ်မှာတော့ တရုတ်ရဲ့ ယင်နဲ့ယန်စက်ဝိုင်းဟာ ပေါ်လာခဲ့ပြီး လောင်ကျွမ်းခဲ့တယ်။ ဒီပုံတွေဟာ ယောင်ဇန်ရဲ့ အတွေးကနေ ပေါ်လာ ခဲ့ပြီး လောင်ကျွမ်းစေခဲ့တာလားဆိုတာကိုတော့ ကျွန်တော်တို့ဟာ ထင်ကြေးသာ ပေးနိုင်ပါတော့တယ်။

ဇွန်းကို ချိုးပြခြင်း

နောက်ထပ်စမ်းသပ်မှုတစ်ခုကတော့ ဇွန်းကို ချိုးပြဖို့ လုပ်ကြတာပါပဲ။ ယောင်ဇန် ဇွန်းကို ချိုးပြတာ ကျွန်တော်မြင်ဖူးတယ်။ ကျိုးတဲ့အသံ တောင် ကြားလိုက်ရသေးတယ်။ ဒီလိုနဲ့ ကျွန်တော်ယူလာတဲ့ ဇွန်းကို ပေးလိုက်တယ်။ ဒါနဲ့ ကျွန်တော့်ဇွန်းက အတော်လေးကို မာတယ်။ ယောင် ဇန်ဟာ သူ့စိတ်စွမ်းအားနဲ့ ဇွန်းကို ချိုးဖို့ ကြိုးစားပေမယ့် မကျိုးခဲ့ဘူး။ ဒါပေမဲ့ ကွေးသွားခဲ့တယ်။ ပိုအံအားသင့်ဖို့ ကောင်းတာက မကွေးသွားခင် တစ်နေရာကို ရောက်သွားတာပါပဲ။ ဖြစ်ပုံက ဒီလိုဗျ။

ပျံသန်းခြင်း

ကျွန်တော်တို့အားလုံး ဇွန်းကို သေချာကြည့်နေပေမယ့် အချိန် အတော်ကြာတဲ့အထိ ဘာမှ မဖြစ်လာခဲ့ဘူး။ ကြည့်ရတာ ယောင်ဇန်အဖို့ အတော်လေးအားစိုက်နေရပုံပဲ။ အဲဒါနဲ့ ကျွန်တော်လည်း ခဏလောက်နားမယ်ဆိုပြီး လုပ်တယ်။ တခြားအကြောင်းတွေ ပြောကြတယ်။ သိပ်မကြာ လိုက်သေးခင်မှာပဲ ဇွန်းကို လက်ဖက်ရည်စားပွဲခုံပေါ် တင်ထားတာ ပျောက်သွားကြောင်း သူ့အဖေက သတိထားမိလို့ ပြောတော့ ကျွန်တော်တို့ အားလုံး ပြန်ရှာတဲ့အခါမှာ အခန်းထကြ တစ်နေရာမှာ ဇွန်းဟာ ကွေးလျက်သား ပြန်တွေ့ရတယ်။

ကျွန်တော့်အတွေ့အကြုံ့အရ ပြောရရင် စိတ်စွမ်းအားတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ တစ်စုံတစ်ခုကို စူးစိုက်နေရင် ဘာမှ မဖြစ်လာ ဘူး။ ဒါပေမဲ့ အချိန်နည်းနည်းလေးလောက် အားလျှော့လိုက်တဲ့အခါကျရင် ကိုယ်စူးစိုက်ကြည့်နေတဲ့ပစ္စည်းဟာ တစ်နေရာကို ရောက်သွားလေ့ရှိ တယ်။ အဲဒီလို စူးစိုက်မှုအားလျှော့တဲ့အချိန်ကလည်း တကယ့်နည်းနည်းမှ နည်းနည်းလေးပဲ။ မိုက်ခရိုစက္ကန့်၊ နာနိုစက္ကန့်လောက်သာသာမျှပဲ။ တရုတ်သုတေသီတွေကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး`စောင့်ကြည့်လို့ မရနိုင်တဲ့ ပျံသန်းမှု´ လို့ ကင်ပွန်းတပ်ထားကြတယ်။ ပျံသန်းသွားတဲ့ ပစ္စည်းရဲ့ လှုပ်ရှားမှုကို ကျွန်တော်တို့ရဲ့ သာမန်မျက်လုံးနဲ့ ကြည့်လို့ မရနိုင်ဘူး။

ပန်းများ ပွင့်စေခြင်း

ယောင်ဇန်ရဲ့ မိဘတွေက ကျွန်တော့်ကို ပြောပြသေးတယ်။ ယောင်ဇန်ဟာ ဖူးပွင့်စပြုနေတဲ့ ပန်းတွေကိုလည်း ချက်ခြင်းဖူးပွင့်လာအောင် လုပ်နိုင်သေးတယ်တဲ့။ ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာ သူ့အဖေနဲ့ကျွန်တော်ရယ်၊ ယောင်ဇန်တို့ရယ်ဟာ အနီးနားက ပန်းခြံထဲသွားပြီး ဖူးစပြုနေတဲ့ နှင်းဆီပန်းတွေနဲ့တခြားပန်းတွေကို ယူလာပြီး စမ်းသပ်ကြတယ်။

ယောင်ဇန်ဟာ ပန်းကို လက်ထဲမှာ အုပ်လိုက်ပြီး စူးစိုက်ကြည့်တယ်။ ပြီးတော့ သူ့ခေါင်းဘေးကို ယူပြီး လှုပ်တယ်။ လှုပ်ပြီး သိပ်မကြာ ခင်မှာပဲ `ပန်းတွေ ပွင့်သွားပြီ´ ဆိုပြီး သူ့လက်ကို ဖြန့်ပြလိုက်တယ်။

တကယ်ပဲ ..အခုနခူးလာတုန်းက ဖူးစပြုနေတဲ့ပန်းတွေဟာ ပွင့်နေခဲ့တယ်။ နှစ်ကြိမ်မြောက်လုပ်ပြပြီးတဲ့အချိန်မှာ ကျွန်တော်က အကြံပေးတယ်။ ကျွန်တော့်ရဲ့ ချီကို သူ့လက်ထဲ ထည့်ပေးမယ်။ ပန်းတွေကို မြန်မြန်ပွင့်အောင် လုပ်ကြည့်ပါလားဆိုပြီး။ သူကလည်း သဘောတူတာနဲ့ ကျွန်တော်ဟာ လက်ထဲကို ချီသွင်းလိုက်တယ်။ ပြီးတော့ သူ့ခေါင်းပေါ်မှာ တင်ပြီး လွှတ် ပေးလိုက်တယ်။ အခုနကထက် ဆောလျင်စွာနဲ့ ပန်းတွေဟာ ပွင့်အာလာခဲ့တယ်။ သူကိုယ်တိုင်ကလည်း ကျွန်တော် သူ့ကို ချီလွှတ်တဲ့အခါမှာ ပန်းတွေ လွယ်ကူစွာနဲ့ ပွင့်လာကြောင်း ပြောပြတယ်။ဒီအဖြစ်အပျက်ကို ကြည့်နေတဲ့ သူ့အမေက ကျွန်တော့်ကို မေးတယ်။ ကျွန်တော်ဟာ ချီ ကိုလေ့ကျင့်ခဲ့တာ နှစ်ပေါင်း ၂၀ ရှိပါပြီ။ ကျွန်တော့်ရဲ့ ချီကို တစ်ပါးသူကို လွှတ်ပေးနိုင်တယ်။ သူ့အမေက သူ့ကို ပြပါဆိုတာနဲ့ သူ့အမေလက် ဖဝါးထဲကို ချီဓာတ်လွှတ်တယ်။ လက်ဖဝါးဟာ လျှပ်စီးကြောင်းတစ်ခု စီးနေသလိုမျိုး စီးပြီး တစ်ကိုယ်လုံးကို စီးဆင်းသွားကြောင်း ခံစားရတာကိုပြန်ပြောပြတယ်။

ပုလင်းထဲကဆေး ပြန်ထုတ်ပြခြင်း

အဲဒါနဲ့ ကျွန်တော်လည်း ဝယ်လာခဲ့တဲ့ ယောင်ရမ်းပျောက်ဆေးပုလင်းကို ပြန်လုပ်ပါလားဆိုပြီး ပြောတယ်။ သူ့အဖေကတော့ အင်တင် တင်နဲ့မို့ ကျွန်တော်က ရှင်းပြရတယ်။ ဒီနေ့မှ ပန်းပွင့်တွေကို သူ့စွမ်းအားနဲ့ပွင့်စေခဲ့တဲ့အပြင် ကျွန်တော့်ရဲ့ ချီကိုလည်း ပို့လွှတ်ထားတာမို့ သူ့ရဲ့ စွမ်းအင်ဟာ ထိပ်ဆုံးကို ရောက်ရှိနေကြောင်း အမှားအယွင်းမရှိနိုင်ကြောင်း ပြောတော့ ကြောင်းကျိုးသင့်နေတာမို့ သူ့အဖေဟာ သဘော တူလိုက်တယ်။

ယောင်ဇန်ဟာ ဆေးပုလင်းကို ယူပြီး အသာလေး လှုပ်လိုက်တယ်။ ပြီးတော့ ဆေးပုလင်းကို ပွတ်လှိမ့်လိုက်သေးတယ်။ သေချာအာရုံ စိုက်နေတုန်းမှာပဲ ရုတ်တရက် ဆေးပုလင်းထဲက ဆေးအဖြူ ၁၁ တောင့်ဟာ အပြင်ကို ထွက်လာတော့တယ်။ တစ်လုံးကတော့ ကြေမွနေတယ်။ ကျွန်တော်တို့ဟာ ဒီကြေမွနေတဲ့ ဆေးတောင့်ကို ကြည့်နေမိတယ်။ ဘာလို့ တစ်တောင့်တည်းဟာ ကြေမွနေရသလဲပေါ့။ စားပွဲပေါ် ကျလာလို့ ကြေမွသွားသလား၊ ဘာလို့ တစ်တောင့်တည်းဟာ ကြေမွနေရသလဲ။ ကျွန်တော်တို့အတွက်တော့ မေးခွန်းတွေဟာ တန်းစီနေပါတော့တယ်။

မီးစွမ်းအား

ယောင်ဇန်ရဲ့ မီးစွမ်းအားကလည်း အတော်လေးပြင်းထန်ကြောင်းကြားသိထားရတော့ သူ့ရဲ့ မီးအစွမ်းကိုလည်း ကြည့်ချင်မိတယ်။ ဒါပေမဲ့ သူ့အမေကတော့ ယောင်ဇန်ရဲ့ မီးစွမ်းအားကို ချိုးနှိမ်ထားခိုင်းခဲ့တာ လပေါင်းအတော်ကြာနေပြီမို့ ပြန်မစစေချင်ကြောင်း ပြောတယ်။ သူ့အမေက `တကယ်လို့ မီးလောင်စေတဲ့စွမ်းအားဟာ ဆက်ပြီး ထွက်ပေါ်နေမယ်ဆိုရင် သူ့အဝတ်အစားအားလုံး မီးလောင်ကျွမ်းသွားလိမ့်မယ်။ အဲဒီအတွက် ထိန်းသိမ်းခက စရိတ်ကြီးတာမို့ အဆင်မပြေဘူး´ ဆိုပြီး ကန့်ကွက်တယ်။ အထူးသဖြင့် သူတန်ဖိုးထားတဲ့ အဝတ်အစားတစ်စုံ မီးလောင် ကျွမ်းသွားခဲ့ရတာကို နှမျှောမဆုံး ဖြစ်နေခဲ့တာမို့ပါ။
.
မီးစွမ်းအား စတင်တွေ့ရှိတဲ့နေ့

ယောင်ဇန်ရဲ့ မီးစွမ်းအားကို ၁၉၈၉ခုနှစ် ဒီဇင်ဘာ ၇ရက်နေ့မှာ စတင်ပြီး တွေ့ရှိခဲ့တယ်။ အဲဒီအချိန်တုန်းက ယောင်ဇန်ရဲ့ အိပ်ယာခင်း ဟာ မီးလောင်ကျွမ်းသွားခဲ့ရတယ်။ အဲဒီနောက်ပိုင်း မကြာခဏဆိုသလို သူ့အင်္ကျီတွေ၊ ခြေအိပ်တွေ၊ ဘောင်းဘီတွေ၊ အိပ်ယာခင်းတွေ၊ လက်အိပ်တွေနဲ့ တခြားအဝတ်အထည်တွေမှာ မီးလောင်ပေါက်တွေ ဖြစ်လာခဲ့တယ်။ မီးလောင်ပေါက်တွေဟာ များသောအားဖြင့် တစ်စင်တီမီတာ ကနေ ဆယ်စင်တီမီတာအထိ ကျယ်တယ်။ များသောအားဖြင့် အောက်ပိုင်းတွေနဲ့နောက်ပိုင်းတွေမှာ ပေါက်လေ့ရှိတယ်။ တစ်ခုထူးဆန်းတာကတော့ အတွင်းခံအဝတ်အစားတွေမှာတော့ ပေါက်ခြင်း မရှိဘူး။ မီးလောင်ဒဏ်ရာနဲ့ တခြားနာကျင်မှုကိုမှ ခံစားရခြင်း မရှိဘူး။

ဒါနဲ့ ကျွန်တော်က `သူ့ရဲ့ မီးလောင်စေနိုင်တဲ့စွမ်းအားကို ဘယ်သူက ချိုးနှိမ်စေခဲ့တာလဲ´ လို့ မေးတော့ အာကာသသိပ္ပံဆိုင်ရာ Aerospace Medico Engineering တက္ကသိုလ်က လူတစ်ယောက်က လာပြီး ပြောခဲ့တာပါလို့ ဖြေတယ်။ နာမည်ကိုတော့ မပြောပြဘူး။ ဒါပေမဲ့ ဘယ်သူမှန်းတော့ နောက်ပိုင်းမှာ ကျွန်တော်သိခွင့်ရလာခဲ့ပါတယ်။

ယောင်ဇန်က အဲဒီလူဟာ ပရော်ဖက်ဆာ ဆောင်ကောင်ဇီလို့ ဖွင့် ပြောပြခဲ့တယ်။ ပရော်ဖက်ဆာ ဆောင်ကောင်ဇီဟာ ဘေဂျင်းတက္ကသိုလ်မှာလည်း ပရော်ဖက်ဆာအဖြစ် လုပ်ကိုင်တဲ့ ပညာရှင်တစ်ယောက်ပါပဲ။ ယောင်ကောင်ဖီက ယန်ဇီကို မီးမလောင်အောင် ဘယ်လိုချိုးနှိမ်ရမလဲဆိုတာကို သင်ပေးခဲ့တယ်။

(ယောင်ကောင်ဇီဟာ စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့သူဖြစ်ပြီး သူ့အကြောင်းကိုတော့ အခါအခွင့်သင့်ရင် ဆက်လက်ဖော်ပြပေးချင်ပါတယ်)

ရေနံကြောရှာနိုင်လား

ယောင်ဇန်ရဲ့ အဖေဟာ ရေနံကုမ္ပဏီက အင်ဂျင်နီယာတစ်ယောက်ဖြစ်ကြောင်း အထက်မှာ ဆိုခဲ့ပြီးပါပြီ။ ဒီရေနံကုမ္ပဏီဟာ တရုတ်ပြည် မှာ နာမည်ကြီးကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ ယောင်ဇီဟာ မြေအောက်က ရေနံကြောတွေကို ရှာနိုင်သလားဆိုပြီး ရေနံကုမ္ပဏီက အဖွဲ့တစ်ဖွဲ့ ဟာ ၁၉၉၄ခုနှစ်မှာ စမ်းသပ်ခဲ့ပါတော့တယ်။ ယောင်ဇန်ဟာ မြေအောက်က ရေနံအပြင် ရေကြောကိုပါ ရှာဖွေပြနိုင်ခဲ့တယ်။

ထွင်းဖောက်မျက်လုံးပိုင်ရှင်

ယောင်ဇန်ဟာ စိတ်ကြည်လင်နေတဲ့အချိန်ဆိုရင် လူတွေရဲ့ ခန္ဓာကိုယ်ကို ထွင်းဖောက်ပြီးတော့လည်း မြင်နိုင်သေးတယ်။
ကိုယ်ဝန်ဆောင် ထားတဲ့သူဆိုရင် သန္ဓေသားဟာ ယောက်ျားလား၊ မိန်းမလားဆိုတာကို မြင်နိုင်သလို ကိုယ်တွင်းမှာ ရှိတဲ့ အကြိတ်အခဲ၊အလုံးတွေကိုလည်း မြင်နိုင် သေးတယ်။

လျှို့ဝှက်သောမိန်းမသည် ဘယ်သူနည်း

ယောင်ဇန်လို ပန်းတွေ ပွင့်လာအောင် လုပ်နိုင်တဲ့သူတွေက တရုတ်ပြည်မှာ အများကြီးပါ။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာတောင် ရှိသေးတယ်။ တစ်ချို့က ယောင်ဇန်ထက် ပိုပြီးတော့ စွမ်းအားကြီးတယ်။ ပန်းတွေကို များများစားစား ပွင့်နိုင်အောင် လုပ်နိုင်တယ်။ ကျွန်တော့် သူငယ်ချင်း ဖူဆောင်ရှန်ဆိုရင် လူထောင်ပေါင်းများစွာရှေ့မှာ ဖူးစပြုနေတဲ့ပန်းတွေကို နာရီဝက်အတွင်း ပွင့်လာအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဖူရှန်ဟာ အမြင့်ဆုံးစွမ်းအားရှင် မဟုတ်သေးဘူး။ နောက်ထပ်တစ်ယောက်ရှိသေးတယ်။ သူကတော့ အမည်မသိ လျှို့ဝှက်လွန်းတဲ့ မိန်းမပါပဲ။ အပိုင်း(၁)မှာ ဆိုခဲ့တဲ့ မိန်းမပါ။

ဒီအမျိုးသမီးဟာ ယောင်ဇန်လိုလည်း ခေါင်းပေါ်တင်စရာ မလိုဘူး။ အာရုံစူးစိုက်စရာလည်း မလိုဘူး။ ပန်းပွင့်ပေါင်း ထောင်ပေါင်းများစွာကို လက်လေး တစ်ချက်ယမ်းပြီး `မင်းတို့အားလုံးကို ပွင့်အာစေချင်တယ်´လို့ ဆိုလိုက်တာနဲ့ ချက်ခြင်းကို ပန်းတွေဟာ ပွင့်လာ ပါတော့တယ်။

ယောင်ဇန်ဟာ ကျွန်တော့်ကို သူရဲ့ ထူးခြားဖြစ်စဉ်တွေအတွက် သူ့ဒိုင်ယာရီထဲက စာမျက်နှာတစ်ချို့ကို ကျွန်တော့်ဆီ ပို့ပေးခဲ့သေးတယ်။ အဲဒီထဲမှာ နေ့စွဲအလိုက် သူ့ရဲ့ ထူးခြားဖြစ်စဉ်တွေကို ရေးသားထားတယ်။ယောင်ဇန်ဟာ ငယ်ရွယ်နုပျိုသူမို့ ရှေ့ဆက်ပြီး ထူးခြားတဲ့စွမ်းအင်တွေ ဆက်ပြီး ထွက်လာဖို့ ရှိတယ်။ သူ့အဖေကတော့ သူ့ကို အမေရိကားခေါ်သွားပြီး သိပ္ပံနည်းကျ စမ်းသပ်လေ့လာမှုတွေ လုပ်ဦးမယ်လို့ သိရတယ်။ ယောင်ဇန်အကြောင်းနဲ့ ပတ်သက်ပြီး တစ်ချို့အကြောင်းအရာတွေကို ရှည်လျားတာမို့ ချန်လှပ်ထားခဲ့ပါတယ်။

အားလုံးကို
လေးစားစွာဖြင့်

#သိဒ္ဓိ

Leave a Reply