စြန္႔ပစ္ေနရာမ်ားရဲ႕ အႏွစ္ ၅၀ေက်ာ္ ကြာျခားမႈပုံရိပ္မ်ား

Posted on

ဓာတ္ပုံဆရာတစ္ေယာက္ျဖစ္တဲ့ Pablo Iglesias Maurer ဟာ ၁၉၆၀ခုႏွစ္က ပုိစ့္စကတ္ပုံတစ္ပုံကိုၾကည့္ရင္း စိတ္ကူးတစ္ခုရခဲ့ပါတယ္။ ဒါကေတာ့ အဲဒီေနရာဟာ အခုဘယ္လုိပုံျဖစ္ေနမလဲ ဆုိတာကို သိခ်င္တာပါပဲ။ သူ႔ရဲ႕အဲဒီစိတ္ကူးကေန ေနရာမ်ားရဲ႕ ၁၉၆၀ခုႏွစ္ နဲ႔ ယေန႔အေျခအေနကြာျခားခ်က္ေတြကို ရုိက္ကူးထားတဲ့ Abandoned States ဆုိတဲ့ဓာတ္ပုံေတြျဖစ္လာခဲ့ပါတယ္။

ပုိစ့္စကတ္ပုံရဲ႕ေခါင္းစဥ္နာမည္ကေတာ့ How to Run A Successful Golf Course ျဖစ္ေပမယ့္ အဲဒီေနရာကိုေရာက္တဲ့အခါမွာေတာ့ Penn Hills အပန္းေျဖစခန္းရဲ႕ပုိင္နက္ျဖစ္ေနၿပီး ဓာတ္ပုံထဲကေနရာေတြဟာ စြန္႔ပစ္ေနရာေတြျဖစ္ေနခဲ့့ပါၿပီ။ Pablo ဟာ အဲဒီေနရာကုိ ၁၉၆၀ ခုႏွစ္ ပိုစ့္ကတ္ပုံေတြထဲကအတုိင္းနဲ႔ ထပ္တူနီးပါးျမင္ကြင္းတူေအာင္ အခ်ိန္မ်ားစြာေပးၿပီး ရုိက္ယူခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ သူဟာ ႏွစ္ေပါင္း ၆၀နီးပါးကြာျခားတဲ့ ေနရာတစ္ခုရဲ႕ ျခားနားခ်က္ကုိ ယွဥ္ၿပီးျမင္လုိက္ရပါေတာ့တယ္။

အဲဒီေနာက္ေတာ့ သူဟာ ဒီလုိမ်ဳိးကြာျခားတဲ့ ပုံရိပ္ေတြကုိ ရုိက္ခ်င္ေသးတာေၾကာင့္ အြန္လုိင္းအေရာင္းအ၀ယ္၀ဘ္ဆုိဒ္တစ္ခုျဖစ္တဲ့ Ebay ကေန ပုိစ့္ကတ္ပုံေပါင္း ၆၀ခန္႔ကို ရွာေဖြ၀ယ္ယူခဲ့ပါတယ္။ ရလာတဲ့ ပုိစ့္စကတ္ေတြထဲက ေနရာေတြကို အျပင္မွာေရာက္ေအာင္သြားခဲ့ၿပီး ပုိစ့္စကတ္ထဲက ျမင္ကြင္းအတုိင္းပဲ ဓာတ္ပုံေတြရုိက္ယူႏုိင္ခဲ့ပါတယ္။ သူ႔ရဲ႕ Abandoned States ဓာတ္ပုံစီးရီးကို အြန္လုိင္းေပၚတင္လုိက္တဲ့အခါမွာေတာ့ လူေပါင္းမ်ားစြာဟာ သူ႔ရဲ႕ဓာတ္ပုံေတြကုိ စိတ္၀င္တစားၾကည့္ရႈ႕ခဲ့ၾကပါတယ္။ စိတ္၀င္စားတဲ့ သုတဇုန္မိတ္ေဆြမ်ား သူရုိက္ကူးထားတဲ့ ဓာတ္ပုံတခ်ဳိ႕ကို ၾကည့္ခ်င္ရင္ ေအာက္မွာၾကည့္ရႈ႕ႏုိင္ပါတယ္။

 

 


စွန့်ပစ်နေရာများရဲ့ အနှစ် ၅၀ကျော် ကွာခြားမှုပုံရိပ်များ (unicode)

ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ Pablo Iglesias Maurer ဟာ ၁၉၆ဝခုနှစ်က ပိုစ့်စကတ်ပုံတစ်ပုံကိုကြည့်ရင်း စိတ်ကူးတစ်ခုရခဲ့ပါတယ်။ ဒါကတော့ အဲဒီနေရာဟာ အခုဘယ်လိုပုံဖြစ်နေမလဲ ဆိုတာကို သိချင်တာပါပဲ။ သူ့ရဲ့အဲဒီစိတ်ကူးကနေ နေရာများရဲ့ ၁၉၆ဝခုနှစ် နဲ့ ယနေ့အခြေအနေကွာခြားချက်တွေကို ရိုက်ကူးထားတဲ့ Abandoned States ဆိုတဲ့ဓာတ်ပုံတွေဖြစ်လာခဲ့ပါတယ်။

ပိုစ့်စကတ်ပုံရဲ့ခေါင်းစဉ်နာမည်ကတော့ How to Run A Successful Golf Course ဖြစ်ပေမယ့် အဲဒီနေရာကိုရောက်တဲ့အခါမှာတော့ Penn Hills အပန်းဖြေစခန်းရဲ့ပိုင်နက်ဖြစ်နေပြီး ဓာတ်ပုံထဲကနေရာတွေဟာ စွန့်ပစ်နေရာတွေဖြစ်နေခဲ့ပါပြီ။ Pablo ဟာ အဲဒီနေရာကို ၁၉၆၀ ခုနှစ် ပိုစ့်ကတ်ပုံတွေထဲကအတိုင်းနဲ့ ထပ်တူနီးပါးမြင်ကွင်းတူအောင် အချိန်များစွာပေးပြီး ရိုက်ယူခဲ့ပါတယ်။ အဲဒီနောက်တော့ သူဟာ နှစ်ပေါင်း ၆ဝနီးပါးကွာခြားတဲ့ နေရာတစ်ခုရဲ့ ခြားနားချက်ကို ယှဉ်ပြီးမြင်လိုက်ရပါတော့တယ်။

အဲဒီနောက်တော့ သူဟာ ဒီလိုမျိုးကွာခြားတဲ့ ပုံရိပ်တွေကို ရိုက်ချင်သေးတာကြောင့် အွန်လိုင်းအရောင်းအဝယ်ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Ebay ကနေ ပိုစ့်ကတ်ပုံပေါင်း ၆ဝခန့်ကို ရှာဖွေဝယ်ယူခဲ့ပါတယ်။ ရလာတဲ့ ပိုစ့်စကတ်တွေထဲက နေရာတွေကို အပြင်မှာရောက်အောင်သွားခဲ့ပြီး ပိုစ့်စကတ်ထဲက မြင်ကွင်းအတိုင်းပဲ ဓာတ်ပုံတွေရိုက်ယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ Abandoned States ဓာတ်ပုံစီးရီးကို အွန်လိုင်းပေါ်တင်လိုက်တဲ့အခါမှာတော့ လူပေါင်းများစွာဟာ သူ့ရဲ့ဓာတ်ပုံတွေကို စိတ်ဝင်တစားကြည့်ရှု့ခဲ့ကြပါတယ်။ စိတ်ဝင်စားတဲ့ သုတဇုန်မိတ်ဆွေများ သူရိုက်ကူးထားတဲ့ ဓာတ်ပုံတချို့ကို ကြည့်ချင်ရင် အောက်မှာကြည့်ရှု့နိုင်ပါတယ်။

Leave a Reply