ကမာၻမွာ အဆင့္ ၆ ၊ အာရွမွွာ အဆင့္ ၁ ရခဲ့တဲ့ ကမာၻ႔စက္ရုပ္ၿပဳိင္ပြဲကျမန္မာလူငယ္မ်ား

Posted on

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္တြင္ ဇူလိုင္ ၁၆ ရက္ မွ ၁၈ ရက္အထိ က်င္းပခဲ့သည့္ (First Global Challenge 2017 Robotics Competition) ၿပိဳင္ပြဲတြင္ ကမၻာ့ႏိုင္ငံေပါင္း ၁၅၇ ႏိုင္ငံမွ ၿပိဳင္ပြဲဝင္ အသင္းေပါင္း ၁၆၃ သင္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ျမန္မာႏိုင္ငံက အဆင့္ ၆ ေနရာတြင္ ရပ္တည္ႏိုင္ခဲ့သည္။ အဆိုပါၿပိဳင္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကသည့္ ေမာင္ေဝယ်ာေအာင္ (ရန္ကုန္နည္းပညာတကၠသိုလ္၊ စတုတၴႏွစ္)၊ မယုဇနဝင္း (သတင္းအခ်က္အလက္ႏွင့္ နည္းပညာတကၠသိုလ္၊ စတုတၴႏွစ္)၊ ေမာင္ေဝယံထြန္း (GoetheInstitute Thailand)၊ မေမျပည့္စံုေက်ာ္ (သတင္းအခ်က္အလက္ႏွင့္နည္းပညာတကၠသိုလ္၊ တတိယႏွစ္)၊ ေမာင္ဘုန္းသီဟေက်ာ္ (ရန္ကုန္နည္းပညာတကၠသိုလ္၊ စတုတၴႏွစ္)၊ ေမာင္ေက်ာ္ဇေဇာ္ (ILBC) ထူးခြၽန္လူငယ္ ေက်ာင္းသား ေက်ာင္းသူမ်ားကို ေတြ႕ဆံုေမးျမန္းခဲ့သည္-

ေမး။ ။ သြားေရာက္ခဲ့တဲ့ ႏိုင္ငံနဲ႔ ၿပိဳင္ပြဲအေၾကာင္းကို သိခ်င္ပါတယ္။

မယုဇနဝင္း ။ ။ ကြၽန္မတုိ႔က အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီမွာ က်င္းပတဲ့First Global Challenge 2017 Robotics Competition ၿပိဳင္ပြဲကို ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ပါတယ္၊ အဲဒီၿပိဳင္ပြဲမွာ ႏိုင္ငံေပါင္း ၁၅၇ ႏိုင္ငံမွာ အသင္း ၁၆၃ သင္း ထြက္ပါတယ္၊ ကိုယ့္ႏိုင္ငံမွာ စက္႐ုပ္ ေတြကို ကိုယ့္ဘာသာလုပ္လာၿပီး ၿပိဳင္ရတာျဖစ္ပါတယ္၊ အဲဒီ ၿပိဳင္ပြဲမွာ အဆင့္ ၆ ေနရာ ရရွိခဲ့တာျဖစ္ပါတယ္။

ေမး။ ။ အခုအဖြဲ႕မွာ ေက်ာင္းေတြလည္း မတူၾကဘူး ဆိုေတာ့ ဘယ္လိုေတြ စုစည္းျဖစ္တယ္၊ ဘယ္အဖြဲ႕အစည္း က ေရြးခ်ယ္ေခၚယူတယ္ဆိုတာကိုလည္း ေျပာျပေပးပါဦး။

မယုဇနဝင္း ။ ။ ကြၽန္မတုိ႔ကို ဖန္တီးရာဆိုတဲ့ နည္းပညာကုမၸဏီက ဒီၿပိဳင္ပြဲရွိတယ္္္ဆိုတဲ့အေၾကာင္းကို ေက်ာင္းေတြျဖစ္တဲ့YTU၊ UIT စတဲ့ နည္းပညာ တကၠသိုလ္ေတြမွာ ေၾကာ္ျငာေတြကပ္တယ္၊ ေလွ်ာက္ၾကဖုိ႔ လုိက္ၿပီး ေဟာေျပာတယ္၊ အဲဒါကို ေလွ်ာက္လုိက္ၿပီး အင္တာဗ်ဴးေျဖရပါတယ္၊ အဲဒီကတစ္ဆင့္ ေရြးခ်ယ္ခံရၿပီး အခုလို အသင္းတစ္သင္းအျဖစ္ စုစည္းျဖစ္ၾကတာပါ။

ေမး။ ။အသင္းတစ္သင္းျဖစ္လာၿပီး သြားေရာက္ယွဥ္ၿပိဳင္ ဖုိ႔အတြက္ ဘယ္လိုေတြ ျပင္ဆင္ခဲ့ရတယ္ ဆုိုတာကိုလည္း သိခ်င္ပါတယ္။

ေမာင္ေဝယံထြန္း ။ ။ ကြၽန္ေတာ္တို႔ကုိ ဖန္တီးရာ နည္းပညာကုမၸဏီက အဆင့္ဆင့္ေရြးခ်ယ္ၿပီးတဲ့ေနာက္ မွာ ကြၽန္ေတာ္တုိ႔ ခုနစ္ေယာက္က အသင္းတစ္သင္း အျဖစ္ ေပါင္းသြားၾကပါတယ္။ စက္႐ုပ္ (Robot)ကို စၿပီး တည္ေဆာက္ဖုိ႔ အခ်ိန္တစ္လခြဲကေန ႏွစ္လအထိရတယ္။ ကြၽန္ေတာ္တုိ႔ကို စက္႐ုပ္ေဆာက္ဖုိ႔ (Robot Kits Box) တစ္ခုကို အေမရိကန္ကေန ပို႔ေပးပါတယ္၊ စက္႐ုပ္ မတည္ေဆာက္ခင္ ပို႔လိုက္တဲ့ ပစၥည္းေတြက အသင္းသား ေတြအတြက္ အသစ္အဆန္းျဖစ္ေနပါတယ္၊ ဒီပစၥည္းေတြ နဲ႔ ရင္းႏွီးလာဖုိ႔ စက္႐ုပ္အေသးေလး ပံုစံငယ္တစ္ခု ကြၽန္ေတာ္တို႔ တည္ေဆာက္ရပါတယ္၊ သစ္သားဝယ္ ျဖတ္ေတာက္ၿပီး တကယ့္ၿပိဳင္ရမယ္field မ်ဳိး တည္ေဆာက္ ခဲ့ၾကပါတယ္။

ဒါေပမယ့္ ပစၥည္းေတြက ကြၽန္ေတာ္တို႔နဲ႔ စိမ္းေနတဲ့ အတြက္ အဲဒီပစၥည္းတစ္ခုခ်င္းစီအေၾကာင္းကို ပါလာတဲ့ လမ္းၫႊန္စာအုပ္ (Guide Book)ေတြကတစ္ဆင့္ေရာ အြန္လုိင္းကေနပါ ေလ့လာခဲ့ၾကတယ္၊ ပံုစံငယ္ကုိလည္း အႀကိမ္ႀကိမ္ စမ္းသပ္ေဆာင္ရြက္ၾကည့္ခဲ့ၾကၿပီး တကယ့္ စက္႐ုပ္တည္ေဆာက္ဖုိ႔ ျဖစ္လာခဲ့ၾကတာပါ။

ေမာင္ေဝယ်ာေအာင္ ။ ။ ကြၽန္ေတာ္တို႔ အသင္းတစ္ခု ျဖစ္လာၿပီးတဲ့ေနာက္မွာ Hardware သမားနဲ႔Software သမားဆိုၿပီိး အသင္းကို ခြဲလိုက္ပါတယ္၊ ကြၽန္ေတာ္ကHardwareအပုိင္းမွာပါတယ္၊Hardwareေဆာက္တဲ့ ေနရာမွာ ကြၽန္ေတာ္တုိ႔ စက္႐ုပ္ပံုစံငယ္ ေဆာက္ၿပီးသြား ၿပီ၊ စမ္းသပ္မႈေတြလည္း လုပ္ၿပီးသြားၿပီ၊ ဂိမ္းဒီဇိုင္းမွာ အကိုက္ညီဆံုး၊ အထိေရာက္ဆံုး ဘယ္လုိေဆာက္လို႔ရမလဲ၊ ဘယ္လုိဝင္ၿပိဳင္ၾကမလဲဆိုၿပီး Hardwareသမားေတြ တုိင္ပင္ၾကတယ္၊ ဒီဇုိင္းေတြ အမ်ဳိးမ်ဳိးထြက္လာတာကို ဒီဇိုင္းတစ္ခုခ်င္းစီကို တည္ေဆာက္ၾကည့္တယ္၊ စမ္းသပ္ ၾကည့္တယ္၊ ဒီဇိုင္းတစ္ခုက အဆင္မေျပရင္ ေနာက္ဒီဇိုင္း တစ္ခုကို ေျပာင္းတည္ေဆာက္ၾကည့္ၾကတယ္၊ အဲဒီလို ဒီဇိုင္းတစ္ခုစီကို ေဆာက္ရင္း၊ ေဆာက္ရင္းနဲ႔ အခုလို ေတြ႕ေနရတဲ့အဆင့္ကို ေရာက္လာတယ္၊ ေနာက္ဆံုး အဆင့္ေရာက္လာတဲ့ ဒီဇိုင္းကုိလည္း ကြၽန္ေတာ္တို႔ ၿပိဳင္ပြဲ ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ကိုက္ညီေအာင္ အႀကိမ္ႀကိမ္ စမ္းသပ္ၿပီးမွ သြားၿပိဳင္ခဲ့ၾကတာပါ။ စက္႐ုပ္ (Robot)ကို တည္ေဆာက္ေနတဲ့ အဆင့္တိုင္းမွာလည္းSoftwareသမားနဲ႔ ညႇိႏိႈင္းၿပီးေတာ့ တစ္ဆင့္ခ်င္း သြားခဲ့ၾကပါ တယ္။

ေမး။ ။Software ပုိင္း တာဝန္ယူမႈအပိုင္းကုိလည္း ရွင္းျပေပးပါဦး။

ေမာင္ဘုန္းသီဟေက်ာ္ ။ ။Hardware ပိုင္း ၿပီးသြားေတာ့ ကြၽန္ေတာ္တို႔ ွသ္အတေမန သမားေတြကလည္း Software သမားနဲ႔ အတူတူတြဲၿပီး လုပ္ေဆာင္ရပါတယ္၊Softwareမွာ Java နဲ႔Block Programmingဆိုၿပီိး ႏွစ္မ်ဳိးခြဲေပးထားပါတယ္၊ ကြၽန္ေတာ္တုိ႔ကေတာ့Block Programming နဲ႔ပဲ ဝင္ၿပိဳင္ခဲ့ပါတယ္၊ အီလက္ထရြန္နစ္ ပိုင္းကိုလည္း ေသခ်ာျပင္ဆင္ရတယ္၊Hardwareမွာ လိုအပ္တဲ့ ေနရာေတြကိုလည္းSoftware က ျပင္ဆင္ရ တယ္၊Software မွာ လိုတာေတြကိုလည္းHardware နဲ႔ ညႇိၿပီးျပင္ဆင္ခဲ့ပါတယ္၊ စက္႐ုပ္ (Robot) ကုိ ကြၽန္ေတာ္တို႔ ဒီမွာ ခဏ ခဏေလ့က်င့္တယ္၊ ၿပီးေတာ့ ဝါရွင္တန္ဒီစီကုိ သြားတယ္၊ ဟုိေရာက္တဲ့အခါမွာ မၿပိဳင္ ခင္ ကြၽန္ေတာ္တို႔ကို ေလ့က်င့္ဖို႔ဆုိၿပီး ႏွစ္ရက္ အခ်ိန္ေပးပါ တယ္။ အဲဒီလို ေလ့က်င့္ခ်ိန္ၿပီးမွာ စက္႐ုပ္ (Robot )နဲ႔ ျပန္ၿပီး ေလ့က်င့္ၾကည့္တဲ့အခါမွာ လိုအပ္တာေတြ ရွိေန တယ္၊ Errorေတြကို ႏွစ္ရက္အတြင္းမွာ ျပန္ၿပီး ျပင္ဆင္ ခဲ့ရတယ္။

ေမး။ ။ ဘယ္လို ယွဥ္ၿပိဳင္ခဲ့ရတယ္ဆုိတာကိုလည္း ေျပာျပေပးပါဦး။

ေမာင္ေက်ာ္ဇေဇာ္ ။ ။ အသင္း ၁၆၃ သင္းလံုးကို တူညီတဲ့ စက္႐ုပ္ (Robot) အစိတ္အပိုင္းေလးေတြ ေပးပါ တယ္။ အသင္းတစ္သင္းစီက ကုိယ့္စဥ္းစားပံု၊ စဥ္းစား နည္းနဲ႔ ကုိယ္ႀကိဳက္သလို ဆက္စပ္ၿပီး တည္ေဆာက္ခဲ့တာ ျဖစ္ပါတယ္။ ၿပိဳင္ပြဲေရာက္တဲ့အခါမွာေတာ့ ၁၆၃ သင္း စလံုးက ၁၆၃ မ်ဳိးပံုစံနဲ႔ စက္႐ုပ္ေတြ တည္ေဆာက္တာကုိ ေတြ႕ရတယ္။ ကြၽန္ေတာ္တုိ႔ ၿပိဳင္ခဲ့ရတာကေတာ့ ေရေကာင္းေရသန္႔ ရရွိေရးဆုိတဲ့ ေခါင္းစဥ္ေအာက္မွာ ၿပိဳင္ခဲ့ရတာျဖစ္ပါတယ္။ ေရသန္႔နဲ႔ ေရဆိုးကုိ ခြဲျခားတဲ့ စနစ္ကိုမူတည္ၿပီး ဂိမ္းကို တည္ေဆာက္ထားတာ ျဖစ္ပါ တယ္။ သူတို႔ သတ္မွတ္ထားတာက ေရသန္႔ဆိုရင္ ေဘာလံုး အျပာ သတ္မွတ္ထားၿပီး ေရဆုိးဆိုရင္ ေဘာလံုးလိေမၼာ္ ဆိုၿပီး သတ္မွတ္ေပးထားပါတယ္၊ ေဘာလံုးအျပာကုိ သန္႔စင္တဲ့ water reserve ထဲကို ထည့္ရမယ္၊ ေဘာလံုး လိေမၼာ္ကို ျပန္ၿပီးဓာတ္ခြဲခန္းလုပ္မယ့္စင္ သတ္မွတ္ေပး ထားတဲ့laboratory အထဲကို ထည့္ေပးရပါတယ္၊ ကြၽန္ေတာ္တုိ႔ အဲဒီဂိမ္းအတိုင္း စက္႐ုပ္ကုိ တည္ေဆာက္ရပါ တယ္၊ ကြၽန္ေတာ္တုိ႔စက္႐ုပ္က ေဘာလံုးအျပာ၊ လိေမၼာ္ ေတြ အကုန္လံုးကို သိမ္းႏိုင္ပါတယ္၊ သန္႔စင္တဲ့ေရရရွိဖုိ႔ အျပာနဲ႔ လိေမၼာ္ေဘာလံုးကိုလည္း သတ္သတ္စီခြဲႏိုင္တယ္၊ သူတို႔ရဲ႕ ၿပိဳင္္ပြဲစည္းကမ္းက ၿပိဳင္ပြဲၿပီးခါနီးအခ်ိန္မွာ ၿပိဳင္ပြဲ တစ္ခုလံုးကို ေရလႊမ္းလိုက္မယ္လို႔ ေျပာပါတယ္၊ အဲဒီလို ေရလႊမ္းတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ စက္႐ုပ္က ေျမျပင္မွာ ရွိေနလို႔ မရပါဘူး၊ ေျမျပင္မွာရွိေနရင္ ေရျမဳပ္သြားမွာ ျဖစ္တဲ့အတြက္ ေဘးမွာရွိတဲ့ ဘားတန္းမွာ ခိုထားရပါတယ္၊ အဲဒါေတြ အကုန္လုပ္ႏိုင္ရင္ ကြၽန္ေတာ္တို႔ အမွတ္အျပည့္ ရပါတယ္။

ေမာင္ဘုန္းသီဟေက်ာ္ ။ ။ ၿပိဳင္ပြဲကို ႏွစ္ရက္ ၿပိဳင္ ခဲ့ရပါတယ္၊ ပထမတစ္ရက္မွာ သံုးပြဲ ၿပိဳင္ပါတယ္၊ ႏွစ္ပြဲ ႏိုင္တယ္၊ တစ္ပြဲ႐ႈံးတယ္၊ ေနာက္တစ္ရက္မွာ သံုးပြဲၿပိဳင္ရ တယ္၊ သံုးပြဲႏိုင္တယ္၊ အမွတ္ေတြလည္း အေတာ္မ်ား သြားတယ္၊ အသင္း ၁၆၃ သင္းမွာ အဆင့္ ၆ ေနရာကို ခ်ိတ္ႏိုင္ခဲ့ပါတယ္။

ေမး။ ။ ၿပိဳင္ပြဲအေတြ႕အႀကံဳနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေျပာျပေပးပါဦး။

ေမာင္ေက်ာ္ဇေဇာ္ ။ ။ တခ်ဳိ႕က ေဘာလံုးပစ္တာ၊ တခ်ဳိ႕က ေဘာလံုးသယ္တာ၊ အမ်ဳိးမ်ဳိးတည္ေဆာက္ ပံုေတြကုိၾကည့္ၿပီး ကြၽန္ေတာ္တုိ႔ ဗဟုသုတရရွိပါတယ္၊ တခ်ဳိ႕ႏိုင္ငံေတြက သူတို႔ ဘယ္လုိတည္ေဆာက္ခဲ့ရတယ္ ဆိုတာ ဗီဒီယိုမွတ္တမ္းေတြ၊ စာအုပ္ေတြနဲ႔ ေျပာတဲ့အတြက္ ကြၽန္ေတာ္တုိ႔ ပိုၿပီးေတာ့ ေလ့လာသိရွိခဲ့ရပါတယ္၊ ၿပိဳင္ပြဲ မွာ စိတ္လႈပ္ရွားစရာေကာင္းတာကေတာ့ ၿပိဳင္ပြဲမစခင္ မိနစ္ ၂ဝ ေလာက္အလိုမွာ ဘယ္လုိ ကစားကြက္ေတြထား မယ္၊ ကိုယ့္စက္႐ုပ္ကေတာ့ ဘယ္အပိုင္းေတြမွာ အားသာ ခ်က္ရွိတယ္၊ ကုိယ္ရဲ႕ မဟာမိတ္အသင္းကေတာ့ ဘယ္လို အားနည္းခ်က္ေတြ ရွိတယ္ဆိုတာကို ေဆြးေႏြးတယ္၊ အေကာင္းဆံုးပံုစံနဲ႔ အခ်င္းခ်င္း ျဖည့္စြက္ၿပီး ၿပိဳင္ခဲ့တာ ျဖစ္ပါတယ္၊ အခ်င္းခ်င္းပူးေပါင္းေဆာင္ရြက္မႈ ေကာင္းတဲ့ အတြက္ ၿပိဳင္ပြဲမွာ အမွတ္ေတြမ်ားၿပီး အႏိုင္ရခဲ့တာ ျဖစ္ပါ တယ္။

ေမာင္ေက်ာ္ဇေဇာ္ ။ ။ ၿပိဳင္ပြဲမွာ ေျခာက္ပြဲ ၿပိဳင္ခဲ့ရတယ္၊ ကြၽန္ေတာ္စက္႐ုပ္ကုိ ကုိယ္တိုင္ထိန္းၿပီးေတာ့ ေမာင္းခဲ့ရပါ တယ္၊ မၿပိဳင္ခင္ ဟိုဘက္သံုးသင္း၊ ဒီဘက္သံုးသင္း ကြင္းထဲ ကို ဆင္းၿပီး ငါးမိနစ္ေလာက္ကို ေနရတယ္၊ အဲဒီအခ်ိန္မွာ စိတ္ေတြလႈပ္ရွားၿပီး လက္ေတြကလည္း တုန္ေနတယ္၊ ၾကာလာေတာ့ တျဖည္းျဖည္း ျပန္ၿပီးအဆင္ေျပလာပါတယ္။ အဲဒီ ရင္ေတြခုန္ေနတဲ့ အေတြ႕အႀကံဳကေတာ့ အခုထိ မေမ့ႏိုင္ပါဘူး၊ အခက္အခဲကေတာ့ အခုမွစၿပီး စီစဥ္တဲ့ ပြဲမ်ဳိးလည္းျဖစ္လုိ႔ ကြၽန္ေတာ္တုိ႔စက္႐ုပ္က ၿပိဳင္ေနရင္းနဲ႔ ၾကားထဲမွာ Connection ေပ်ာက္ေပ်ာက္သြားပါတယ္၊ အဲဒါကုိ သူတို႔ Technical Team က ျပန္ေျဖရွင္းေပးပါ တယ္၊ အဲလို Error ေလးေတြရွိလို႔ တခ်ဳိ႕အမွတ္ေတြ ေလ်ာ့ခဲ့ပါတယ္။

ေမး။ ။ ၿပိဳင္ပြဲမွာ ဘယ္ႏိုင္ငံေတြက ဆုေတြရခဲ့တာ လဲ။

ေမာင္ေဝယံထြန္း ။ ။ ကြၽန္တာ္တို႔ ျမန္မာအသင္းက ေလးပြဲကစားၿပီးတဲ့အခ်ိန္မွာ ကမၻာ့အဆင့္ ၁ မွာ ရပ္ေန တာ၊ က်န္တဲ့ႏွစ္ပြဲမွာ သူမ်ားေတြက ကြၽန္ေတာ္တို႔ထက္ အမွတ္က ပိုေက်ာ္သြားလို႔သာ အဆင့္ ၆ ရသြားတာ၊ ပြဲၿပီး သြားေတာ့ အဆင့္ေတြကုိ ထုတ္လုိက္တဲ့အခါ ကြၽန္ေတာ္ တို႔ ျမန္မာအသင္းရဲ႕ အထက္အသင္းေတြက အကုန္ ဥေရာပအသင္းေတြခ်ည္းပဲ၊ အဆင့္ ၁ ဆိုရင္ ဥေရာပတိုက္ တစ္ခုလံုးကို ကုိယ္စားျပဳတဲ့ အသင္းကရတယ္၊ ဒုတိယ ဆိုရင္လည္း ပိုလန္၊ တတိယက အာေမးနီးယား၊ စတုတၳ ဆိုရင္ အစၥေရး၊ ပၪၥမက စက္မႈအင္အားႀကီးႏိုင္ငံျဖစ္တဲ့ ဂ်ာမနီ၊ ကြၽန္ေတာ္တို႔ ျမန္မာက အဆင့္ ၆၊ အာရွတိုက္ တစ္တိုက္လံုးမွာ အဆင့္ ၁ ေနရာကေနတယ္၊ ကြၽန္ေတာ္ တို႔ရဲ႕ အိမ္နီးခ်င္းႏိုင္ငံေတြ၊ စက္မႈဆိုရင္ အင္အားႀကီးႏိုင္ငံ ေတြ ျဖစ္တဲ့ တ႐ုတ္၊ စင္ကာပူတုိ႔ဆုိရင္လည္း ကြၽန္ေတာ္တုိ႔ ေအာက္မွာပဲရွိခဲ့တယ္၊ ဒါက ေနာက္ထပ္ၿပိဳင္မယ့္ လူငယ္ ေတြအတြက္ အားတစ္ခုလို႔ ကြၽန္ေတာ္ထင္တယ္၊ ကြၽန္ေတာ္တို႔က စင္ကာပူႏိုင္ငံေလာက္ မတိုးတက္ဘူး၊ စက္မႈပညာကို နားမလည္ဘူးလို႔ထင္ရင္ မွားေနတယ္လို႔ ေျပာလို႔ရတယ္။

ေမး။ ။ ေနာက္ႏွစ္ၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္မယ့္ ညီငယ္၊ ညီမငယ္ေတြကို ေျပာခ်င္တာရွိရင္လည္း ေျပာျပ ေပးပါဦး။

ေမာင္ေဝယံထြန္း ။ ။ ေနာက္ႏွစ္မွာ ၿပိဳင္ပြဲဝင္မယ့္ ညီငယ္၊ ညီမငယ္ေတြကို ေျပာခ်င္တာက ကြၽန္ေတာ္တို႔က ပထမဆံုးအႀကိမ္ဆိုေတာ့ အေတာ့္ကို အသစ္အဆန္းေတြ ႀကံဳခဲ့ရတယ္။ ကြၽန္ေတာ္တို႔ အခုလုိ အေတြ႕အႀကံဳေတြ ျပန္လည္မွ်ေဝတာကလည္း ေနာက္တစ္ႀကိမ္ သြားၿပိဳင္မယ့္ ညီငယ္ ညီမငယ္ေတြ အခက္အခဲ မရွိေစခ်င္လို႔ပါ၊ ဒီအဖြဲ႕ကေနလည္း ေနာက္ႏွစ္သြားၿပိဳင္မယ့္ အဖြဲ႕ေတြလည္း ထြက္လာမယ္လို႔ ေမွ်ာ္လင့္ပါတယ္၊ အဓိက ေျပာခ်င္တာ က ကြၽန္ေတာ္တုိ႔ ေက်ာင္းသားေတြဟာ အာဆီယံမွာ နိမ့္က်တယ္လို႔ေတာင္ ခံစားစရာမလိုေတာ့ပါဘူး၊ ကြၽန္ေတာ္ တို႔က အာရွမွာ နံပါတ္တစ္ ရခဲ့တာပါ၊ အဲဒီလိုစိတ္ဓာတ္ေတြ နဲ႔ ေနာင္ႏွစ္မွာလည္း ကမၻာမွာ ျမန္မာ့အလံကို လႊင့္ေပးဖုိ႔ ေတာင္းဆုိခ်င္ပါတယ္။

ကြၽန္ေတာ္တုိ႔ဆိုရင္ မ်က္စိ ျမင္တယ္၊ နားက ၾကားရ တယ္၊ အားလံုးအဆင္ေျပတယ္၊ အဲဒီလို အေျခအေနမ်ဳိးနဲ႔ ကြၽန္ေတာ္တုိ႔က သြားၿပိဳင္ခြင့္ရတာေပါ့၊ အဲဒီမွာ ကြၽန္ေတာ္ ေတြ႕ခဲ့တာက ႏိုင္ငံတစ္ႏိုင္ငံက ညီအစ္ကုိ ႏွစ္ေယာက္က လာၿပိဳင္တယ္၊ ဒါေပမယ့္ ႏွစ္ေယာက္စလံုးက ဆြံ႕အ နားမၾကားျဖစ္ေနတယ္၊ သူတို႔က အဲဒီလို စိတ္ဓာတ္နဲ႔ လာၿပိဳင္တာ၊ အမ်ားနည္းတူ စက္႐ုပ္လည္း ေဆာက္ႏိုင္ တယ္။ Sign Language နဲ႔ပဲ သြားၿပီးေတာ့ စက္႐ုပ္ကို လည္း ေဆာက္သြားႏိုင္တယ္ဆိုတာ ေလးစားဖြယ္ရာ ေတြ႕ျမင္ရတယ္၊ ေနာက္ၿပီး စစ္ပြဲေတြျဖစ္ေနတဲ့ ဆီးရီးယား တုိ႔ အာဖဂန္နစၥတန္တုိ႔က လာၿပိဳင္တဲ့သူေတြဆုိရင္လည္း ဆုေတြ အမ်ားႀကီးရၾကတယ္၊ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ က အေျခအေနတစ္ခုခုကို အေၾကာင္းျပမေနဘဲ ငါဒါကုိ မလုပ္ႏိုင္ပါဘူးဆိုတဲ့ စိတ္ဓာတ္ေတြ ရွိေနမယ့္အစား သူတုိ႔ကုိၾကည့္ၿပီး သူတို႔ကမွ တကယ့္ကို ၿပိဳင္ပြဲရဲ႕ သူရဲ ေကာင္းေတြလို႔ ေျပာလုိ႔ရပါတယ္၊ အဘက္ဘက္က ဖိႏွိပ္ခံေနရတဲ့ ၾကားထဲက သူတုိ႔က ဒီႏိုင္ငံကိုလည္း လာတယ္။ ကမၻာနဲ႔ ရင္ေပါင္တန္းၿပီးလည္း ၿပိဳင္ပြဲကုိ ၿပိဳင္သြားတယ္ဆုိေတာ့ ဒါက ဒီၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး ေလးစားရတဲ့အခ်က္၊ အေတြ႕အႀကံဳေကာင္းေတြပါပဲ။

ေမာင္ေဝယ်ာေအာင္ ။ ။ ဒီၿပိဳင္ပြဲရဲ႕အမွတ္တရအေန နဲ႔ မေတြ႕ဖူးတဲ့သူေတြ၊ မေရာက္ဖူးတဲ့ေနရာေတြကို ေရာက္ရတယ္၊ ေနာက္အေရးႀကီးတာတစ္ခုက Science၊ Technology၊ Engineering၊ Mathematicsမွာ ဘံုျဖစ္တဲ့Stem Education က ကြၽန္ေတာ္တုိ႔ လူငယ္ေတြ အတြက္ ဘယ္ေလာက္ အေရးပါတယ္ဆိုတာ သိခဲ့ရတယ္၊ ကြၽန္ေတာ္တုိ႔ ေက်ာင္းမွာသင္ရတဲ့ Mechanicalနဲ႔ ဆိုင္တဲ့ ပညာရပ္ေတြက ဒီၿပိဳင္ပြဲမွာ လက္ေတြ႕အသံုးခ်ႏိုင္ ခဲ့တယ္ အဲဒါကေတာ့ ဒီၿပိဳင္ပြဲရဲ႕ အမွတ္တရပါပဲ။

မယုဇနဝင္း ။ ။ အမ်ဳိးသမီးေတြ၊ မိန္းကေလးေတြက ေယာက္်ားေလးေတြနဲ႔ယွဥ္ရင္ ကိုယ္က မလုပ္ႏိုင္ဘူးဆိုၿပီး အားငယ္တတ္ၾကတယ္၊ ကိုယ့္ကုိယ္ကိုယ္ ယံုၾကည္ခ်က္ မရွိသလို ျဖစ္တတ္ၾကတယ္၊ အဲဒီလို အားမငယ္ပါနဲ႔၊ မိန္းကေလးေတြလည္း ေယာက္်ားေလးေတြနဲ႔ တန္းတူ ဘယ္ေနရာမွာမဆို၊ ဘယ္က႑မွာမဆုိ ပါဝင္ႏိုင္ပါတယ္၊ အသစ္ဖြံ႕ၿဖိဳးလာတဲ့ နည္းပညာေတြကုိ ေသခ်ာေလ့လာၿပီး ျဖစ္ခ်င္တဲ့ စိတ္သာရွိမယ္ဆိုရင္ ေအာင္ျမင္ႏိုင္ပါတယ္လို႔ ေျပာခ်င္ပါတယ္။

ေမး။ ။ အခုလို ေအာင္ျမင္မႈေတြရရွိခဲ့တာက ကုိယ့္ အတြက္၊ ကိုယ့္ေက်ာင္းအတြက္၊ ကိုယ့္ႏိုင္ငံအတြက္ ဘယ္လိုအက်ဳိးေက်းဇူးေတြ ရလာမယ္လုိ႔ ထင္ပါသလဲ။

မေမျပည့္စံုေက်ာ္ ။ ။ ၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး ရရွိခဲ့တဲ့ အက်ဳိးေက်းဇူးေတြကေတာ့ အမ်ားႀကီးပါပဲ၊ အခု ကြၽန္မ တုိ႔သြားၿပိဳင္တာ ႏိုင္ငံေပါင္း ၁၅၇ ႏိုင္ငံမွာ အသင္းေပါင္း ၁၆၃ သင္းေပါ့၊ အသင္းေတြ အမ်ားႀကီးထဲကမွ ျမန္မာ ႏိုင္ငံအလံကုိ အဆင့္ ၆ ေနရာမွာ လႊင့္ႏုိင္ခဲ့တဲ့အတြက္ အလြန္ဂုဏ္ယူမိပါတယ္၊ ဒါက ႏိုင္ငံအတြက္ ဂုဏ္ယူစရာ တစ္ခုပါ၊ ကိုယ့္ေက်ာင္းက ေက်ာင္းသား ေက်ာင္းသူ ေတြအတြက္လည္း အတုယူဖြယ္ရာျဖစ္ပါတယ္၊ ဒါကေတာ့ ကြၽန္မအတြက္ ပထမဆံုး အေတြ႕အႀကံဳတစ္ခုပါ၊ အရင္ တုန္းကဆိုရင္ ကိုယ့္ကိုယ္ကုိယ္ ဒီလိုလုပ္ႏိုင္မယ္လို႔ မယံု ၾကည္ခဲ့ဘူး။ အခုဆုိရင္ ယံုၾကည္မႈေတြ အမ်ားႀကီး ရလာ ခဲ့ၿပီ။ ေနာင္ကိုလည္း ဆက္လက္လုပ္ေဆာင္သြားဖို႔ အားအင္ေတြ ျဖစ္ေစပါတယ္။

ၿပိဳင္ပြဲမွာ အသင္းေတြရဲ႕ ၆ဝ ရာခုိင္ႏႈန္းက အမ်ဳိးသမီး ေတြနဲ႔ ဖြဲ႔စည္းထားတာ။ အမ်ဳိးသမီးေတြ ဦးေဆာင္တာမ်ဳိး ေတြလည္း ရွိပါတယ္။ အာဖဂန္နစၥတန္အသင္းေတြဆုိရင္ အမ်ဳိးသမီးအသင္းေတြေပါ့။ အဲဒါေၾကာင့္ ကြၽန္မတုိ႔ႏိုင္ငံ က အမ်ဳိးသမီးေတြကို ကုိယ္လုပ္ႏိုင္မယ္လို႔ ယံုၾကည္ပါလို႔ ေျပာခ်င္ပါတယ္။

ေမး။ ။ ၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး အႀကံျပဳေျပာၾကားခ်င္တာ ရွိရင္လည္း ေျပာျပေပးပါဦး။

ေမာင္ေက်ာ္ဇေဇာ္ ။ ။ ဒီၿပိဳင္ပြဲက ရရွိတဲ့အေတြ႕အႀကံဳ ေတြကို ကြၽန္ေတာ္တို႔ ႏိုင္ငံမွာရွိတဲ့ ေက်ာင္းသား ေက်ာင္းသူ ေတြ အကုန္လံုးကို ရေစခ်င္တယ္၊ ဒီၿပိဳင္ပြဲမ်ဳိးကို ၿပိဳင္ရ တဲ့အတြက္ ေက်ာင္းမွာေလ့လာေနတဲ့ ဘာသာေတြမွာလည္း အက်ဳိးရွိတယ္၊ ၿပိဳင္ပြဲရဲ႕ သတ္မွတ္ခ်က္ျဖစ္တဲ့ ေရေကာင္္း၊ ေရသန္႔ ရရွိမႈဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ဒီႏိုင္ငံမွာ ဘယ္လိုျပန္ၿပီး အသံုးခ်မယ္ဆိုတာ အေတြ႕အႀကံဳလည္း ရခဲ့ပါတယ္၊ ကြၽန္ေတာ့္အေနနဲ႔ ေျပာခ်င္တာကေတာ့ စက္႐ုပ္ၿပိဳင္ပြဲဆုိၿပီး ေၾကာက္ရြံ႕မသြားၾကဖုိ႔၊ ၿပိဳင္ပြဲေတြကုိ ပါဝင္ယွဥ္ၿပိဳင္ေစခ်င္ပါတယ္၊ ကိုယ္ကတစ္ခုခုကို အရည္ အခ်င္းမျပည့္မီေသးလို႔၊ မတတ္ေျမာက္ေသးလို႔ဆိုၿပီး တြန္႔ဆုတ္မေနဘဲ ေလ့လာသင္ယူရင္းနဲ႔ပဲ ၿပိဳင္ပြဲကုိ ယွဥ္ၿပိဳင္ေစခ်င္ပါတယ္။ ေလ့လာသင္ယူၾကပါလုိ႔လည္း ေျပာခ်င္ပါတယ္။

ေမး။ ။ ေက်းဇူးတင္ထုိက္သူေတြ ရွိရင္လည္း ေျပာျပေပး ပါဦး။

ေမာင္ေဝယံထြန္း ။ ။ ကြၽန္ေတာ္တို႔ကုိ ၿပိဳင္ပြဲအေၾကာင္း စၿပီးအသိေပးတယ္၊ စက္႐ုပ္တည္ေဆာက္ဖုိ႔ ေနရာနဲ႔ ပစၥည္းေတြကိုလည္း ေထာက္ပံ့ေပးတဲ့ ဖန္တီးရာ နည္းပညာကုမၸဏီ၊ အေမရိကားကုိသြားဖုိ႔ စရိတ္ေတြကုိ ေထာက္ပံ့ေပးတဲ့ Nathan Associate၊ အေမရိကားကုိ ေရာက္သြားတဲ့အခါ ကြၽန္ေတာ္တုိ႔ကို လာေရာက္အားေပး ေနတဲ႔ ကြၽန္ေတာ္တို႔ ျမန္မာလူမ်ဳိးေတြကိုလည္း ေက်းဇူးတင္ ပါတယ္။ ကြၽန္ေတာ္တို႔ အခုလုိသြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ အေတြ႕အႀကံဳေတြကုိ ျပန္လည္မွ်ေဝခြင့္ေပးတဲ့ ျပန္ၾကားေရး ဝန္ႀကီးဌာနနဲ႔ ပညာေရးဝန္ႀကီးဌာနကိုလည္း ေက်းဇူးတင္ ေၾကာင္း ေျပာၾကားလုိပါတယ္၊ ေနာက္လူငယ္ေတြအေနနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ အေတြ႕အႀကံဳေတြကို သိရွိၿပီး စိတ္အား ထက္သန္မႈေတြနဲ႔ ေနာက္ႏွစ္ မကၠဆီကုိမွာ သြားၿပီးၿပိဳင္တဲ့ အခါမွာ အခက္အခဲမရွိဖုိ႔ ကြၽန္ေတာ္တုိ႔ ဝိုင္းဝန္းၿပီး ကူညီ ေပးခ်င္ပါတယ္။

။ သတင္း-နႏၵာဝင္း၊ ဝင္းဝင္းေမာ္
ဓာတ္ပုံ-လွမိုး

Via : ေၾကးမုံသတင္းစာ


ကမ္ဘာမှာ အဆင့် ၆ ၊ အာရှမှာ အဆင့် ၁ ရခဲ့တဲ့ ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲကမြန်မာလူငယ်များ (unicode)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်တွင် ဇူလိုင် ၁၆ ရက် မှ ၁၈ ရက်အထိ ကျင်းပခဲ့သည့် (First Global Challenge 2017 Robotics Competition) ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၇ နိုင်ငံမှ ပြိုင်ပွဲဝင် အသင်းပေါင်း ၁၆၃ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံက အဆင့် ၆ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် မောင်ဝေယျာအောင် (ရန်ကုန်နည်းပညာတက္ကသိုလ်၊ စတုတ္ထနှစ်)၊ မယုဇနဝင်း (သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊ စတုတ္ထနှစ်)၊ မောင်ဝေယံထွန်း (GoetheInstitute Thailand)၊ မမေပြည့်စုံကျော် (သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်၊ တတိယနှစ်)၊ မောင်ဘုန်းသီဟကျော် (ရန်ကုန်နည်းပညာတက္ကသိုလ်၊ စတုတ္ထနှစ်)၊ မောင်ကျော်ဇဇော် (ILBC) ထူးချွန်လူငယ် ကျောင်းသား ကျောင်းသူများကို တွေ့ဆုံမေးမြန်းခဲ့သည်-

မေး။ ။ သွားရောက်ခဲ့တဲ့ နိုင်ငံနဲ့ ပြိုင်ပွဲအကြောင်းကို သိချင်ပါတယ်။

မယုဇနဝင်း ။ ။ ကျွန်မတို့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့First Global Challenge 2017 Robotics Competition ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်၊ အဲဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၅၇ နိုင်ငံမှာ အသင်း ၁၆၃ သင်း ထွက်ပါတယ်၊ ကိုယ့်နိုင်ငံမှာ စက်ရုပ် တွေကို ကိုယ့်ဘာသာလုပ်လာပြီး ပြိုင်ရတာဖြစ်ပါတယ်၊ အဲဒီ ပြိုင်ပွဲမှာ အဆင့် ၆ နေရာ ရရှိခဲ့တာဖြစ်ပါတယ်။

မေး။ ။ အခုအဖွဲ့မှာ ကျောင်းတွေလည်း မတူကြဘူး ဆိုတော့ ဘယ်လိုတွေ စုစည်းဖြစ်တယ်၊ ဘယ်အဖွဲ့အစည်း က ရွေးချယ်ခေါ်ယူတယ်ဆိုတာကိုလည်း ပြောပြပေးပါဦး။

မယုဇနဝင်း ။ ။ ကျွန်မတို့ကို ဖန်တီးရာဆိုတဲ့ နည်းပညာကုမ္ပဏီက ဒီပြိုင်ပွဲရှိတယ်္ဆိုတဲ့အကြောင်းကို ကျောင်းတွေဖြစ်တဲ့YTU၊ UIT စတဲ့ နည်းပညာ တက္ကသိုလ်တွေမှာ ကြော်ငြာတွေကပ်တယ်၊ လျှောက်ကြဖို့ လိုက်ပြီး ဟောပြောတယ်၊ အဲဒါကို လျှောက်လိုက်ပြီး အင်တာဗျူးဖြေရပါတယ်၊ အဲဒီကတစ်ဆင့် ရွေးချယ်ခံရပြီး အခုလို အသင်းတစ်သင်းအဖြစ် စုစည်းဖြစ်ကြတာပါ။

မေး။ ။အသင်းတစ်သင်းဖြစ်လာပြီး သွားရောက်ယှဉ်ပြိုင် ဖို့အတွက် ဘယ်လိုတွေ ပြင်ဆင်ခဲ့ရတယ် ဆိုတာကိုလည်း သိချင်ပါတယ်။

မောင်ဝေယံထွန်း ။ ။ ကျွန်တော်တို့ကို ဖန်တီးရာ နည်းပညာကုမ္ပဏီက အဆင့်ဆင့်ရွေးချယ်ပြီးတဲ့နောက် မှာ ကျွန်တော်တို့ ခုနစ်ယောက်က အသင်းတစ်သင်း အဖြစ် ပေါင်းသွားကြပါတယ်။ စက်ရုပ် (Robot)ကို စပြီး တည်ဆောက်ဖို့ အချိန်တစ်လခွဲကနေ နှစ်လအထိရတယ်။ ကျွန်တော်တို့ကို စက်ရုပ်ဆောက်ဖို့ (Robot Kits Box) တစ်ခုကို အမေရိကန်ကနေ ပို့ပေးပါတယ်၊ စက်ရုပ် မတည်ဆောက်ခင် ပို့လိုက်တဲ့ ပစ္စည်းတွေက အသင်းသား တွေအတွက် အသစ်အဆန်းဖြစ်နေပါတယ်၊ ဒီပစ္စည်းတွေ နဲ့ ရင်းနှီးလာဖို့ စက်ရုပ်အသေးလေး ပုံစံငယ်တစ်ခု ကျွန်တော်တို့ တည်ဆောက်ရပါတယ်၊ သစ်သားဝယ် ဖြတ်တောက်ပြီး တကယ့်ပြိုင်ရမယ်field မျိုး တည်ဆောက် ခဲ့ကြပါတယ်။

ဒါပေမယ့် ပစ္စည်းတွေက ကျွန်တော်တို့နဲ့ စိမ်းနေတဲ့ အတွက် အဲဒီပစ္စည်းတစ်ခုချင်းစီအကြောင်းကို ပါလာတဲ့ လမ်းညွှန်စာအုပ် (Guide Book)တွေကတစ်ဆင့်ရော အွန်လိုင်းကနေပါ လေ့လာခဲ့ကြတယ်၊ ပုံစံငယ်ကိုလည်း အကြိမ်ကြိမ် စမ်းသပ်ဆောင်ရွက်ကြည့်ခဲ့ကြပြီး တကယ့် စက်ရုပ်တည်ဆောက်ဖို့ ဖြစ်လာခဲ့ကြတာပါ။

မောင်ဝေယျာအောင် ။ ။ ကျွန်တော်တို့ အသင်းတစ်ခု ဖြစ်လာပြီးတဲ့နောက်မှာ Hardware သမားနဲ့Software သမားဆိုပြိး အသင်းကို ခွဲလိုက်ပါတယ်၊ ကျွန်တော်ကHardwareအပိုင်းမှာပါတယ်၊Hardwareဆောက်တဲ့ နေရာမှာ ကျွန်တော်တို့ စက်ရုပ်ပုံစံငယ် ဆောက်ပြီးသွား ပြီ၊ စမ်းသပ်မှုတွေလည်း လုပ်ပြီးသွားပြီ၊ ဂိမ်းဒီဇိုင်းမှာ အကိုက်ညီဆုံး၊ အထိရောက်ဆုံး ဘယ်လိုဆောက်လို့ရမလဲ၊ ဘယ်လိုဝင်ပြိုင်ကြမလဲဆိုပြီး Hardwareသမားတွေ တိုင်ပင်ကြတယ်၊ ဒီဇိုင်းတွေ အမျိုးမျိုးထွက်လာတာကို ဒီဇိုင်းတစ်ခုချင်းစီကို တည်ဆောက်ကြည့်တယ်၊ စမ်းသပ် ကြည့်တယ်၊ ဒီဇိုင်းတစ်ခုက အဆင်မပြေရင် နောက်ဒီဇိုင်း တစ်ခုကို ပြောင်းတည်ဆောက်ကြည့်ကြတယ်၊ အဲဒီလို ဒီဇိုင်းတစ်ခုစီကို ဆောက်ရင်း၊ ဆောက်ရင်းနဲ့ အခုလို တွေ့နေရတဲ့အဆင့်ကို ရောက်လာတယ်၊ နောက်ဆုံး အဆင့်ရောက်လာတဲ့ ဒီဇိုင်းကိုလည်း ကျွန်တော်တို့ ပြိုင်ပွဲ ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီအောင် အကြိမ်ကြိမ် စမ်းသပ်ပြီးမှ သွားပြိုင်ခဲ့ကြတာပါ။ စက်ရုပ် (Robot)ကို တည်ဆောက်နေတဲ့ အဆင့်တိုင်းမှာလည်းSoftwareသမားနဲ့ ညှိနှိုင်းပြီးတော့ တစ်ဆင့်ချင်း သွားခဲ့ကြပါ တယ်။

မေး။ ။Software ပိုင်း တာဝန်ယူမှုအပိုင်းကိုလည်း ရှင်းပြပေးပါဦး။

မောင်ဘုန်းသီဟကျော် ။ ။Hardware ပိုင်း ပြီးသွားတော့ ကျွန်တော်တို့ ွသ်အတမေန သမားတွေကလည်း Software သမားနဲ့ အတူတူတွဲပြီး လုပ်ဆောင်ရပါတယ်၊Softwareမှာ Java နဲ့Block Programmingဆိုပြိး နှစ်မျိုးခွဲပေးထားပါတယ်၊ ကျွန်တော်တို့ကတော့Block Programming နဲ့ပဲ ဝင်ပြိုင်ခဲ့ပါတယ်၊ အီလက်ထရွန်နစ် ပိုင်းကိုလည်း သေချာပြင်ဆင်ရတယ်၊Hardwareမှာ လိုအပ်တဲ့ နေရာတွေကိုလည်းSoftware က ပြင်ဆင်ရ တယ်၊Software မှာ လိုတာတွေကိုလည်းHardware နဲ့ ညှိပြီးပြင်ဆင်ခဲ့ပါတယ်၊ စက်ရုပ် (Robot) ကို ကျွန်တော်တို့ ဒီမှာ ခဏ ခဏလေ့ကျင့်တယ်၊ ပြီးတော့ ဝါရှင်တန်ဒီစီကို သွားတယ်၊ ဟိုရောက်တဲ့အခါမှာ မပြိုင် ခင် ကျွန်တော်တို့ကို လေ့ကျင့်ဖို့ဆိုပြီး နှစ်ရက် အချိန်ပေးပါ တယ်။ အဲဒီလို လေ့ကျင့်ချိန်ပြီးမှာ စက်ရုပ် (Robot )နဲ့ ပြန်ပြီး လေ့ကျင့်ကြည့်တဲ့အခါမှာ လိုအပ်တာတွေ ရှိနေ တယ်၊ Errorတွေကို နှစ်ရက်အတွင်းမှာ ပြန်ပြီး ပြင်ဆင် ခဲ့ရတယ်။

မေး။ ။ ဘယ်လို ယှဉ်ပြိုင်ခဲ့ရတယ်ဆိုတာကိုလည်း ပြောပြပေးပါဦး။

မောင်ကျော်ဇဇော် ။ ။ အသင်း ၁၆၃ သင်းလုံးကို တူညီတဲ့ စက်ရုပ် (Robot) အစိတ်အပိုင်းလေးတွေ ပေးပါ တယ်။ အသင်းတစ်သင်းစီက ကိုယ့်စဉ်းစားပုံ၊ စဉ်းစား နည်းနဲ့ ကိုယ်ကြိုက်သလို ဆက်စပ်ပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲရောက်တဲ့အခါမှာတော့ ၁၆၃ သင်း စလုံးက ၁၆၃ မျိုးပုံစံနဲ့ စက်ရုပ်တွေ တည်ဆောက်တာကို တွေ့ရတယ်။ ကျွန်တော်တို့ ပြိုင်ခဲ့ရတာကတော့ ရေကောင်းရေသန့် ရရှိရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ရေသန့်နဲ့ ရေဆိုးကို ခွဲခြားတဲ့ စနစ်ကိုမူတည်ပြီး ဂိမ်းကို တည်ဆောက်ထားတာ ဖြစ်ပါ တယ်။ သူတို့ သတ်မှတ်ထားတာက ရေသန့်ဆိုရင် ဘောလုံး အပြာ သတ်မှတ်ထားပြီး ရေဆိုးဆိုရင် ဘောလုံးလိမ္မော် ဆိုပြီး သတ်မှတ်ပေးထားပါတယ်၊ ဘောလုံးအပြာကို သန့်စင်တဲ့ water reserve ထဲကို ထည့်ရမယ်၊ ဘောလုံး လိမ္မော်ကို ပြန်ပြီးဓာတ်ခွဲခန်းလုပ်မယ့်စင် သတ်မှတ်ပေး ထားတဲ့laboratory အထဲကို ထည့်ပေးရပါတယ်၊ ကျွန်တော်တို့ အဲဒီဂိမ်းအတိုင်း စက်ရုပ်ကို တည်ဆောက်ရပါ တယ်၊ ကျွန်တော်တို့စက်ရုပ်က ဘောလုံးအပြာ၊ လိမ္မော် တွေ အကုန်လုံးကို သိမ်းနိုင်ပါတယ်၊ သန့်စင်တဲ့ရေရရှိဖို့ အပြာနဲ့ လိမ္မော်ဘောလုံးကိုလည်း သတ်သတ်စီခွဲနိုင်တယ်၊ သူတို့ရဲ့ ပြိုင်ပွဲစည်းကမ်းက ပြိုင်ပွဲပြီးခါနီးအချိန်မှာ ပြိုင်ပွဲ တစ်ခုလုံးကို ရေလွှမ်းလိုက်မယ်လို့ ပြောပါတယ်၊ အဲဒီလို ရေလွှမ်းတဲ့အချိန်မှာ ကျွန်တော်တို့ စက်ရုပ်က မြေပြင်မှာ ရှိနေလို့ မရပါဘူး၊ မြေပြင်မှာရှိနေရင် ရေမြုပ်သွားမှာ ဖြစ်တဲ့အတွက် ဘေးမှာရှိတဲ့ ဘားတန်းမှာ ခိုထားရပါတယ်၊ အဲဒါတွေ အကုန်လုပ်နိုင်ရင် ကျွန်တော်တို့ အမှတ်အပြည့် ရပါတယ်။

မောင်ဘုန်းသီဟကျော် ။ ။ ပြိုင်ပွဲကို နှစ်ရက် ပြိုင် ခဲ့ရပါတယ်၊ ပထမတစ်ရက်မှာ သုံးပွဲ ပြိုင်ပါတယ်၊ နှစ်ပွဲ နိုင်တယ်၊ တစ်ပွဲရှုံးတယ်၊ နောက်တစ်ရက်မှာ သုံးပွဲပြိုင်ရ တယ်၊ သုံးပွဲနိုင်တယ်၊ အမှတ်တွေလည်း အတော်များ သွားတယ်၊ အသင်း ၁၆၃ သင်းမှာ အဆင့် ၆ နေရာကို ချိတ်နိုင်ခဲ့ပါတယ်။

မေး။ ။ ပြိုင်ပွဲအတွေ့အကြုံနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။

မောင်ကျော်ဇဇော် ။ ။ တချို့က ဘောလုံးပစ်တာ၊ တချို့က ဘောလုံးသယ်တာ၊ အမျိုးမျိုးတည်ဆောက် ပုံတွေကိုကြည့်ပြီး ကျွန်တော်တို့ ဗဟုသုတရရှိပါတယ်၊ တချို့နိုင်ငံတွေက သူတို့ ဘယ်လိုတည်ဆောက်ခဲ့ရတယ် ဆိုတာ ဗီဒီယိုမှတ်တမ်းတွေ၊ စာအုပ်တွေနဲ့ ပြောတဲ့အတွက် ကျွန်တော်တို့ ပိုပြီးတော့ လေ့လာသိရှိခဲ့ရပါတယ်၊ ပြိုင်ပွဲ မှာ စိတ်လှုပ်ရှားစရာကောင်းတာကတော့ ပြိုင်ပွဲမစခင် မိနစ် ၂ဝ လောက်အလိုမှာ ဘယ်လို ကစားကွက်တွေထား မယ်၊ ကိုယ့်စက်ရုပ်ကတော့ ဘယ်အပိုင်းတွေမှာ အားသာ ချက်ရှိတယ်၊ ကိုယ်ရဲ့ မဟာမိတ်အသင်းကတော့ ဘယ်လို အားနည်းချက်တွေ ရှိတယ်ဆိုတာကို ဆွေးနွေးတယ်၊ အကောင်းဆုံးပုံစံနဲ့ အချင်းချင်း ဖြည့်စွက်ပြီး ပြိုင်ခဲ့တာ ဖြစ်ပါတယ်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်မှု ကောင်းတဲ့ အတွက် ပြိုင်ပွဲမှာ အမှတ်တွေများပြီး အနိုင်ရခဲ့တာ ဖြစ်ပါ တယ်။

မောင်ကျော်ဇဇော် ။ ။ ပြိုင်ပွဲမှာ ခြောက်ပွဲ ပြိုင်ခဲ့ရတယ်၊ ကျွန်တော်စက်ရုပ်ကို ကိုယ်တိုင်ထိန်းပြီးတော့ မောင်းခဲ့ရပါ တယ်၊ မပြိုင်ခင် ဟိုဘက်သုံးသင်း၊ ဒီဘက်သုံးသင်း ကွင်းထဲ ကို ဆင်းပြီး ငါးမိနစ်လောက်ကို နေရတယ်၊ အဲဒီအချိန်မှာ စိတ်တွေလှုပ်ရှားပြီး လက်တွေကလည်း တုန်နေတယ်၊ ကြာလာတော့ တဖြည်းဖြည်း ပြန်ပြီးအဆင်ပြေလာပါတယ်။ အဲဒီ ရင်တွေခုန်နေတဲ့ အတွေ့အကြုံကတော့ အခုထိ မမေ့နိုင်ပါဘူး၊ အခက်အခဲကတော့ အခုမှစပြီး စီစဉ်တဲ့ ပွဲမျိုးလည်းဖြစ်လို့ ကျွန်တော်တို့စက်ရုပ်က ပြိုင်နေရင်းနဲ့ ကြားထဲမှာ Connection ပျောက်ပျောက်သွားပါတယ်၊ အဲဒါကို သူတို့ Technical Team က ပြန်ဖြေရှင်းပေးပါ တယ်၊ အဲလို Error လေးတွေရှိလို့ တချို့အမှတ်တွေ လျော့ခဲ့ပါတယ်။

မေး။ ။ ပြိုင်ပွဲမှာ ဘယ်နိုင်ငံတွေက ဆုတွေရခဲ့တာ လဲ။

မောင်ဝေယံထွန်း ။ ။ ကျွန်တာ်တို့ မြန်မာအသင်းက လေးပွဲကစားပြီးတဲ့အချိန်မှာ ကမ္ဘာ့အဆင့် ၁ မှာ ရပ်နေ တာ၊ ကျန်တဲ့နှစ်ပွဲမှာ သူများတွေက ကျွန်တော်တို့ထက် အမှတ်က ပိုကျော်သွားလို့သာ အဆင့် ၆ ရသွားတာ၊ ပွဲပြီး သွားတော့ အဆင့်တွေကို ထုတ်လိုက်တဲ့အခါ ကျွန်တော် တို့ မြန်မာအသင်းရဲ့ အထက်အသင်းတွေက အကုန် ဥရောပအသင်းတွေချည်းပဲ၊ အဆင့် ၁ ဆိုရင် ဥရောပတိုက် တစ်ခုလုံးကို ကိုယ်စားပြုတဲ့ အသင်းကရတယ်၊ ဒုတိယ ဆိုရင်လည်း ပိုလန်၊ တတိယက အာမေးနီးယား၊ စတုတ္ထ ဆိုရင် အစ္စရေး၊ ပဉ္စမက စက်မှုအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျာမနီ၊ ကျွန်တော်တို့ မြန်မာက အဆင့် ၆၊ အာရှတိုက် တစ်တိုက်လုံးမှာ အဆင့် ၁ နေရာကနေတယ်၊ ကျွန်တော် တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ စက်မှုဆိုရင် အင်အားကြီးနိုင်ငံ တွေ ဖြစ်တဲ့ တရုတ်၊ စင်ကာပူတို့ဆိုရင်လည်း ကျွန်တော်တို့ အောက်မှာပဲရှိခဲ့တယ်၊ ဒါက နောက်ထပ်ပြိုင်မယ့် လူငယ် တွေအတွက် အားတစ်ခုလို့ ကျွန်တော်ထင်တယ်၊ ကျွန်တော်တို့က စင်ကာပူနိုင်ငံလောက် မတိုးတက်ဘူး၊ စက်မှုပညာကို နားမလည်ဘူးလို့ထင်ရင် မှားနေတယ်လို့ ပြောလို့ရတယ်။

မေး။ ။ နောက်နှစ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် ညီငယ်၊ ညီမငယ်တွေကို ပြောချင်တာရှိရင်လည်း ပြောပြ ပေးပါဦး။

မောင်ဝေယံထွန်း ။ ။ နောက်နှစ်မှာ ပြိုင်ပွဲဝင်မယ့် ညီငယ်၊ ညီမငယ်တွေကို ပြောချင်တာက ကျွန်တော်တို့က ပထမဆုံးအကြိမ်ဆိုတော့ အတော့်ကို အသစ်အဆန်းတွေ ကြုံခဲ့ရတယ်။ ကျွန်တော်တို့ အခုလို အတွေ့အကြုံတွေ ပြန်လည်မျှဝေတာကလည်း နောက်တစ်ကြိမ် သွားပြိုင်မယ့် ညီငယ် ညီမငယ်တွေ အခက်အခဲ မရှိစေချင်လို့ပါ၊ ဒီအဖွဲ့ကနေလည်း နောက်နှစ်သွားပြိုင်မယ့် အဖွဲ့တွေလည်း ထွက်လာမယ်လို့ မျှော်လင့်ပါတယ်၊ အဓိက ပြောချင်တာ က ကျွန်တော်တို့ ကျောင်းသားတွေဟာ အာဆီယံမှာ နိမ့်ကျတယ်လို့တောင် ခံစားစရာမလိုတော့ပါဘူး၊ ကျွန်တော် တို့က အာရှမှာ နံပါတ်တစ် ရခဲ့တာပါ၊ အဲဒီလိုစိတ်ဓာတ်တွေ နဲ့ နောင်နှစ်မှာလည်း ကမ္ဘာမှာ မြန်မာ့အလံကို လွှင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။

ကျွန်တော်တို့ဆိုရင် မျက်စိ မြင်တယ်၊ နားက ကြားရ တယ်၊ အားလုံးအဆင်ပြေတယ်၊ အဲဒီလို အခြေအနေမျိုးနဲ့ ကျွန်တော်တို့က သွားပြိုင်ခွင့်ရတာပေါ့၊ အဲဒီမှာ ကျွန်တော် တွေ့ခဲ့တာက နိုင်ငံတစ်နိုင်ငံက ညီအစ်ကို နှစ်ယောက်က လာပြိုင်တယ်၊ ဒါပေမယ့် နှစ်ယောက်စလုံးက ဆွံ့အ နားမကြားဖြစ်နေတယ်၊ သူတို့က အဲဒီလို စိတ်ဓာတ်နဲ့ လာပြိုင်တာ၊ အများနည်းတူ စက်ရုပ်လည်း ဆောက်နိုင် တယ်။ Sign Language နဲ့ပဲ သွားပြီးတော့ စက်ရုပ်ကို လည်း ဆောက်သွားနိုင်တယ်ဆိုတာ လေးစားဖွယ်ရာ တွေ့မြင်ရတယ်၊ နောက်ပြီး စစ်ပွဲတွေဖြစ်နေတဲ့ ဆီးရီးယား တို့ အာဖဂန်နစ္စတန်တို့က လာပြိုင်တဲ့သူတွေဆိုရင်လည်း ဆုတွေ အများကြီးရကြတယ်၊ အဲဒါကြောင့် ကျွန်တော်တို့ က အခြေအနေတစ်ခုခုကို အကြောင်းပြမနေဘဲ ငါဒါကို မလုပ်နိုင်ပါဘူးဆိုတဲ့ စိတ်ဓာတ်တွေ ရှိနေမယ့်အစား သူတို့ကိုကြည့်ပြီး သူတို့ကမှ တကယ့်ကို ပြိုင်ပွဲရဲ့ သူရဲ ကောင်းတွေလို့ ပြောလို့ရပါတယ်၊ အဘက်ဘက်က ဖိနှိပ်ခံနေရတဲ့ ကြားထဲက သူတို့က ဒီနိုင်ငံကိုလည်း လာတယ်။ ကမ္ဘာနဲ့ ရင်ပေါင်တန်းပြီးလည်း ပြိုင်ပွဲကို ပြိုင်သွားတယ်ဆိုတော့ ဒါက ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး လေးစားရတဲ့အချက်၊ အတွေ့အကြုံကောင်းတွေပါပဲ။

မောင်ဝေယျာအောင် ။ ။ ဒီပြိုင်ပွဲရဲ့အမှတ်တရအနေ နဲ့ မတွေ့ဖူးတဲ့သူတွေ၊ မရောက်ဖူးတဲ့နေရာတွေကို ရောက်ရတယ်၊ နောက်အရေးကြီးတာတစ်ခုက Science၊ Technology၊ Engineering၊ Mathematicsမှာ ဘုံဖြစ်တဲ့Stem Education က ကျွန်တော်တို့ လူငယ်တွေ အတွက် ဘယ်လောက် အရေးပါတယ်ဆိုတာ သိခဲ့ရတယ်၊ ကျွန်တော်တို့ ကျောင်းမှာသင်ရတဲ့ Mechanicalနဲ့ ဆိုင်တဲ့ ပညာရပ်တွေက ဒီပြိုင်ပွဲမှာ လက်တွေ့အသုံးချနိုင် ခဲ့တယ် အဲဒါကတော့ ဒီပြိုင်ပွဲရဲ့ အမှတ်တရပါပဲ။

မယုဇနဝင်း ။ ။ အမျိုးသမီးတွေ၊ မိန်းကလေးတွေက ယောက်ျားလေးတွေနဲ့ယှဉ်ရင် ကိုယ်က မလုပ်နိုင်ဘူးဆိုပြီး အားငယ်တတ်ကြတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိသလို ဖြစ်တတ်ကြတယ်၊ အဲဒီလို အားမငယ်ပါနဲ့၊ မိန်းကလေးတွေလည်း ယောက်ျားလေးတွေနဲ့ တန်းတူ ဘယ်နေရာမှာမဆို၊ ဘယ်ကဏ္ဍမှာမဆို ပါဝင်နိုင်ပါတယ်၊ အသစ်ဖွံ့ဖြိုးလာတဲ့ နည်းပညာတွေကို သေချာလေ့လာပြီး ဖြစ်ချင်တဲ့ စိတ်သာရှိမယ်ဆိုရင် အောင်မြင်နိုင်ပါတယ်လို့ ပြောချင်ပါတယ်။

မေး။ ။ အခုလို အောင်မြင်မှုတွေရရှိခဲ့တာက ကိုယ့် အတွက်၊ ကိုယ့်ကျောင်းအတွက်၊ ကိုယ့်နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရလာမယ်လို့ ထင်ပါသလဲ။

မမေပြည့်စုံကျော် ။ ။ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ၊ အခု ကျွန်မ တို့သွားပြိုင်တာ နိုင်ငံပေါင်း ၁၅၇ နိုင်ငံမှာ အသင်းပေါင်း ၁၆၃ သင်းပေါ့၊ အသင်းတွေ အများကြီးထဲကမှ မြန်မာ နိုင်ငံအလံကို အဆင့် ၆ နေရာမှာ လွှင့်နိုင်ခဲ့တဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်၊ ဒါက နိုင်ငံအတွက် ဂုဏ်ယူစရာ တစ်ခုပါ၊ ကိုယ့်ကျောင်းက ကျောင်းသား ကျောင်းသူ တွေအတွက်လည်း အတုယူဖွယ်ရာဖြစ်ပါတယ်၊ ဒါကတော့ ကျွန်မအတွက် ပထမဆုံး အတွေ့အကြုံတစ်ခုပါ၊ အရင် တုန်းကဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုလုပ်နိုင်မယ်လို့ မယုံ ကြည်ခဲ့ဘူး။ အခုဆိုရင် ယုံကြည်မှုတွေ အများကြီး ရလာ ခဲ့ပြီ။ နောင်ကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့ အားအင်တွေ ဖြစ်စေပါတယ်။

ပြိုင်ပွဲမှာ အသင်းတွေရဲ့ ၆ဝ ရာခိုင်နှုန်းက အမျိုးသမီး တွေနဲ့ ဖွဲ့စည်းထားတာ။ အမျိုးသမီးတွေ ဦးဆောင်တာမျိုး တွေလည်း ရှိပါတယ်။ အာဖဂန်နစ္စတန်အသင်းတွေဆိုရင် အမျိုးသမီးအသင်းတွေပေါ့။ အဲဒါကြောင့် ကျွန်မတို့နိုင်ငံ က အမျိုးသမီးတွေကို ကိုယ်လုပ်နိုင်မယ်လို့ ယုံကြည်ပါလို့ ပြောချင်ပါတယ်။

မေး။ ။ ပြိုင်ပွဲနဲ့ပတ်သက်ပြီး အကြံပြုပြောကြားချင်တာ ရှိရင်လည်း ပြောပြပေးပါဦး။

မောင်ကျော်ဇဇော် ။ ။ ဒီပြိုင်ပွဲက ရရှိတဲ့အတွေ့အကြုံ တွေကို ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ကျောင်းသား ကျောင်းသူ တွေ အကုန်လုံးကို ရစေချင်တယ်၊ ဒီပြိုင်ပွဲမျိုးကို ပြိုင်ရ တဲ့အတွက် ကျောင်းမှာလေ့လာနေတဲ့ ဘာသာတွေမှာလည်း အကျိုးရှိတယ်၊ ပြိုင်ပွဲရဲ့ သတ်မှတ်ချက်ဖြစ်တဲ့ ရေကောင်း၊ ရေသန့် ရရှိမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီနိုင်ငံမှာ ဘယ်လိုပြန်ပြီး အသုံးချမယ်ဆိုတာ အတွေ့အကြုံလည်း ရခဲ့ပါတယ်၊ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ စက်ရုပ်ပြိုင်ပွဲဆိုပြီး ကြောက်ရွံ့မသွားကြဖို့၊ ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်စေချင်ပါတယ်၊ ကိုယ်ကတစ်ခုခုကို အရည် အချင်းမပြည့်မီသေးလို့၊ မတတ်မြောက်သေးလို့ဆိုပြီး တွန့်ဆုတ်မနေဘဲ လေ့လာသင်ယူရင်းနဲ့ပဲ ပြိုင်ပွဲကို ယှဉ်ပြိုင်စေချင်ပါတယ်။ လေ့လာသင်ယူကြပါလို့လည်း ပြောချင်ပါတယ်။

မေး။ ။ ကျေးဇူးတင်ထိုက်သူတွေ ရှိရင်လည်း ပြောပြပေး ပါဦး။

မောင်ဝေယံထွန်း ။ ။ ကျွန်တော်တို့ကို ပြိုင်ပွဲအကြောင်း စပြီးအသိပေးတယ်၊ စက်ရုပ်တည်ဆောက်ဖို့ နေရာနဲ့ ပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးတဲ့ ဖန်တီးရာ နည်းပညာကုမ္ပဏီ၊ အမေရိကားကိုသွားဖို့ စရိတ်တွေကို ထောက်ပံ့ပေးတဲ့ Nathan Associate၊ အမေရိကားကို ရောက်သွားတဲ့အခါ ကျွန်တော်တို့ကို လာရောက်အားပေး နေတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေကိုလည်း ကျေးဇူးတင် ပါတယ်။ ကျွန်တော်တို့ အခုလိုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေခွင့်ပေးတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနကိုလည်း ကျေးဇူးတင် ကြောင်း ပြောကြားလိုပါတယ်၊ နောက်လူငယ်တွေအနေနဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို သိရှိပြီး စိတ်အား ထက်သန်မှုတွေနဲ့ နောက်နှစ် မက္ကဆီကိုမှာ သွားပြီးပြိုင်တဲ့ အခါမှာ အခက်အခဲမရှိဖို့ ကျွန်တော်တို့ ဝိုင်းဝန်းပြီး ကူညီ ပေးချင်ပါတယ်။

။ သတင်း-နန္ဒာဝင်း၊ ဝင်းဝင်းမော်
ဓာတ်ပုံ-လှမိုး

Via : ကြေးမုံသတင်းစာ

Leave a Reply