ဂ်စ္ပစီလူမ်ိဳး(Gypsy) မ်ားအေၾကာင္း သိေကာင္းစရာ

Posted on


ဥေရာပတိုက္တြင္ အိုးအိမ္အတည္တက်မရွိဘဲ တစ္ေနရာမွ တစ္ေနရာသို႔ ေျခသလုံးအိမ္တိုင္ျပဳ၍ လွည့္လည္ သြားလာေန ထိုင္ေသာ လူမ်ိဳးကို ဂ်စ္ပစီဟု ေခၚသည္။ ဂ်စ္ပစီတို႔ကို ေရွးအခါက အိႏၵိယႏိုင္ငံ၌သာ ေတြ႕ရသည္။ ၁၃ဝဝ ျပည့္ႏွစ္ ေလာက္က ဂ်စ္ပစီတို႔သည္ အိႏၵိယႏိုင္ငံမွ ထြက္ခြာလာၾက၍ အီရန္ႏိုင္ငံကို ျဖတ္ေက်ာ္ၿပီးေနာက္ အာေမးနီးယားျပည္၊ ဆီးရီးယားျပည္၊ အီဂ်စ္ႏိုင္ငံ ႏွင့္ ေျမာက္အေမရိကတိုက္သို႔ ေရာက္ သြားခဲ့ၾက၏။ ၁၅ဝဝ ျပည့္ႏွစ္ခန္႔သို႔ ေရာက္ေသာအခါ သူတို႔ သည္ ဥေရာပတိုက္သို႔ ဝင္ေရာက္မိၾက၍ စပိန္၊ အဂၤလန္၊ ႐ိုေမးနီးယား၊ ဟန္ေဂရီ၊ ႐ုရွား ႏွင့္ ျပင္သစ္တိုင္းျပည္မ်ားတြင္ အေျခစိုက္မိၾက၏။

ဂ်စ္ပစီတို႔ ဘာသာစကားကို ႐ိုမနီဘာသာဟု ေခၚသည္။ ထိုဘာသာထဲတြင္ ဂရိ၊ အာမီးနီးယန္းႏွင့္ ဆလားဗစ္စကားမ်ား ပါဝင္သည္။ သူတို႔တြင္ ဘာသာစကားသီးသန္႔ဟူ၍ မရွိေခ်။ ႐ိုမနီဘာသာသည္ ၁၄ မ်ိဳးကြဲ၍ အျခားဘာသာစကားမ်ားႏွင့္ ေရာေႏွာေထြးယွက္ကာ ကျပားဘာသာစကား ျဖစ္ေန သည္။ ထို႐ိုမနီဘာသာစကားမွာ ဂ်စ္ပစီတို႔ ဘိုးဘြားမ်ား လက္ထက္ကတည္းက သုံးစြဲလာေသာ ဘာသာျဖစ္၍ ေရွးက်ေသာ သသၤက႐ိုဋ္ (သကၠဋ) ဘာသာႏွင့္ ျပက႐ိုဋ္ဘာသာတို႔၌သာ မူတည္၏။ ဂ်စ္ပစီတို႔သည္ သူတို႔၏ ဓေလ့ထုံးစံမ်ားကို လြန္စြာ အေရးထားလိုက္နာၾက၏။

ေယဘုယ်အားျဖင့္ ဂ်စ္ပစီလူမ်ိဳးတို႔၏ အရပ္အေမာင္းမွာ ၅ ေပ ၄ လက္မသာသာ ျမင့္၏။ ေရွးက်ေသာ ဂ်စ္ပစီတို႔မွာ အသားမည္း၍ မ်က္လုံးအိမ္နက္၏။ ဆံပင္မွာမည္း၍ မ်ားေသာအားျဖင့္ ကုပ္ေပၚဝဲေနတတ္၏။ ဆံရွည္ဟူ၍ မထားၾကေခ်။ တစ္ေနရာမွ တစ္ေနရာသို႔ လွည့္လည္သြားလာေနၾကေသာ ဂ်စ္ပစီတို႔မွာ ထိုေရွးက်ေသာ ဂ်စ္ပစီမ်ားႏွင့္ ပုံပန္းသဏၭာန္ ခပ္ဆင္ဆင္ တူ၏။ သို႔ရာတြင္ တစ္ေနရာရာ၌ အတည္တက် စြဲၿမဲ၍ ေနတတ္ေသာ ဂ်စ္ပစီတို႔မွာ မ်ားေသာအားျဖင့္ သူတို႔ အေျခစိုက္ရာေဒသရွိလူမ်ိဳးမ်ားဘက္သို႔ ႏြယ္၍ ႐ုပ္ေျပာင္းသြားတတ္၏။ ေနရာအတည္တက် မေနထိုင္ၾကဘဲ ႀကဳံရာအလုပ္မ်ားကို လုပ္ကိုင္စားေသာက္ေလ့ရွိသည္။ အစုလိုက္ေျပာင္းေလ့ရွိသည္။

ဂ်စ္ပစီလူမ်ိဳးတစ္စု တစ္စုတြင္ သူတို႔တင္ေျမႇာက္ထားေသာ အႀကီးအကဲမ်ားကို ဘုရင္ႏွင့္ ဘုရင္မဟု ေခၚၾကသည္။ ထို ဘုရင္ႏွင့္ ဘုရင္မတို႔က အုပ္ခ်ဳပ္ကာ ကိုယ့္လူစုႏွင့္ကိုယ္ တစ္ေနရာမွ တစ္ေနရာသို႔ ေ႐ႊ႕ေျပာင္းသြားလာေနထိုင္ၾက၏။ ေ႐ႊ႕ေျပာင္းသည့္အခါ သူတို႔၏ အိမ္ေထာင္ပစၥည္းကေလးမ်ား၊ သားသမီးမ်ားႏွင့္ ေမြးျမဴထားေသာေခြးမ်ားကို ရထားေပၚသို႔ တင္ေဆာင္သြားတတ္၏။ ဂ်စ္ပစီတို႔သည္ အလြန္ေတာက္ပ ေသာ အေရာင္မ်ားကို ႏွစ္ၿခိဳက္၏။

အဝတ္အစားမ်ားကိုေသာ္ လည္းေကာင္း၊ အသုံးအေဆာင္ပစၥည္းမ်ားကိုေသာ္လည္းေကာင္း ေတာက္ပစြာ ဆင္ယင္ ျခယ္လွယ္ထား၏။ ဂ်စ္ပစီမိန္းမမ်ားမွာ ဇာထိုး၊ ပန္းခ်ဳပ္၊ ေဗဒင္ေဟာျခင္းတို႔၌ ကၽြမ္းက်င္၏။ အဝတ္ အစားမ်ားကို ဇာပန္းမ်ား ထိုးထားေလ့ရွိ၏။ မိန္းမမ်ားသည္ လက္ဝတ္လက္စားမ်ားကို အလြန္မက္ၾက၏။ ေ႐ႊလက္ေကာက္ ႀကီးမ်ား ဝတ္ကာ နားႏွစ္ဖက္၌လည္း ေ႐ႊနားကြင္းမ်ားကို တစ္ခၽြင္ခၽြင္ျမည္ေအာင္ ဆြဲထားတတ္ၾကေလသည္။

ဂ်စ္ပစီတို႔မွာ တစ္စုႏွင့္တစ္စု ဓေလ့ထုံးစံခ်င္း မတူၾကေခ်။ သို႔ေသာ္ ဂ်စ္ပစီလူမ်ိဳးစုတိုင္း၌ပင္ ပြဲေတာ္ေန႔မ်ား၊ ေပ်ာ္ပြဲဲ႐ႊင္ပြဲ ကခုန္ပြဲမ်ား ရွိၾကေလသည္။ ပြဲေတာ္က်င္းပသည့္ညမ်ား၌ စခန္း ခ်ရာ တဲမ်ားေရွ႕တြင္ မီးပုံႀကီးမ်ားပုံ၍ ေယာက္်ားမ်ားက အတီး အမႈတ္မ်ားတီးကာ မိန္းမကေလးမ်ားက သီခ်င္းမ်ားဆိုၿပီးလၽွင္ ကခုန္ျမဴးထူးၾက၏။ ဂ်စ္ပစီတို႔မွာ ေပ်ာ္ေပ်ာ္ေနတတ္သည္။ အေျခအတည္တက် မရွိေခ်။ ေရွးက်ေသာ ဂ်စ္ပစီတို႔မွာ အသက္ေမြးဝမ္းေက်ာင္း မေကာင္းေခ်။ ရပ္႐ြာထဲ၌လွည့္လည္၍ ခိုးဝုက္တိုက္ခိုက္ လိမ္လည္လွည့္ျဖား၍ စားတတ္၏။အေမရိက တိုက္ႏွင့္ ဥေရာပတိုက္ရွိ ဂ်စ္ပစီတို႔မွာ အမ်ားအားျဖင့္ ဆင္းရဲ ႏြမ္းပါးသူမ်ားျဖစ္ၾကသည့္အတိုင္း တစ္ဝမ္းတစ္ခါးဝေအာင္မၽွပင္ မစားေသာက္ႏိုင္ၾကေခ်။

ဂ်စ္ပစီတို႔တြင္ ထူးဆန္းေသာ ဓေလ့ထုံးစံမ်ား ရွိသည္၊ ေမြးခါစ ႏို႔စို႔ကေလးကို ေရစီးေနေသာျမစ္ေခ်ာင္းထဲတြင္ ေရခ်ိဳး ေပးရ၏။ လက္ထပ္ပြဲတြင္ သတို႔သားႏွင့္ သတို႔သမီးသည္ မီးပုံေပၚလႊားခုန္၍ သူတို႔၏လက္မ်ားကို ဓားႏွင့္ျခစ္ၿပီးလၽွင္ လက္ႏွစ္ဖက္ကို စည္းေႏွာင္ထားရသည္။ ထိုသို႔ ျပဳလုပ္ျခင္း မွာ ေသြးခ်င္းေရာသြားေစရန္ ျဖစ္သည္။ လူတစ္ေယာက္ ေသ လၽွင္လည္း ထိုသူ၏ပစၥည္းဝန္ထုပ္အားလုံးကို မီးတင္ရေလ သည္။

ဂ်စ္ပစီေယာက္်ားမ်ား၏ သက္ေမြးဝမ္းေက်ာင္းပညာမွာ မမာေသာျမင္းမ်ားကို ေဆးကုေပးျခင္း၊ သတၱဳထည္မ်ားလုပ္ ျခင္း၊ ပန္းပဲလုပ္ျခင္း၊ ဆပ္ကပ္ပြဲျပျခင္း၊ တီးမႈတ္သီဆိုျခင္း တို႔ျဖစ္၏။ မိန္းမမ်ားကမူ ေဗဒင္ေဟာျခင္း၊ နကၡတ္ၾကည့္ျခင္း၊ ဇာထိုးျခင္းတို႔ျဖင့္ ဝမ္းေက်ာင္းၾက၏။ အလုပ္အကိုင္ ရွားပါး သည့္ အခါမ်ား၌ ဂ်စ္ပစီတို႔သည္ သူေတာင္းစားဘဝကိုပင္ ေရာက္ခဲ့ၾကရ၏။

 

ဂ်ာမနီႏိုင္ငံ၌ သြားေရာက္ေနထိုင္ၾကေသာ ဂ်စ္ပစီတို႔မွာ ဟစ္တလာလက္ထက္က နာဇီတို႔၏ ႏွိပ္စက္ ညဥ္းပန္းမႈတို႔ကို မ်ားစြာခံခဲ့ၾကရ၏။ နာဇီမ်ားကသူတို႔ကို လူရာမဝင္ေသာသူမ်ားဟု ႐ႈတ္ခ်ကာ သူတို႔၏ေနေရး ထိုင္ေရး၊ ေ႐ႊ႕ေျပာင္းသြားလာေရး၌ မ်ားစြာ တားျမစ္ခဲ့၏။ အေမရိက တိုက္ႏွင့္ ဥေရာပတိုက္ရွိ အခ်ိဳ႕ေဒသမ်ား၌ ဂ်စ္ပစီတို႔ကို ေနရာ မေ႐ြ႕ေျပာင္းရန္ ျပင္းထန္စြာ ဥပေဒျဖင့္ တားျမစ္ထားေလသည္။

လက္ရွိ ဂ်စ္ပစီ(ရုိမနီ)လူမ်ဳိးမ်ား အမ်ားဆုံးေနထုိင္ေသာ ငါးႏုိင္ငံမွာ အေမရိကန္ ၊ ဘရာဇီး ၊ တူရကီ ၊ စပိန္ ႏွင့္ ရုိေမးနီးယားတုိ႔ျဖစ္ၾကသည္။ အေမရိကန္တြင္ ၁သန္းခန္႔ ၊ ဘရာဇီးတြင္ ၈သိန္းခန္႔ ၊ တူရကီတြင္ ၅သိန္းမွ ၇သိန္းအတြင္း ၊ စပိန္တြင္ ၆သိန္းခြဲေက်ာ္ ၊ ရုိေမးနီးယားတြင္ ၅သိန္းခန္႔ ေနထုိင္ၾကသည္။

ကိုးကား
လွသမိန္ ၏ ဗဟုသုတစြယ္စုံ
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၃)


ဂျစ်ပစီလူမျိုး(Gypsy) များအကြောင်း သိကောင်းစရာ (unicode)

ဥရောပတိုက်တွင် အိုးအိမ်အတည်တကျမရှိဘဲ တစ်နေရာမှ တစ်နေရာသို့ ခြေသလုံးအိမ်တိုင်ပြု၍ လှည့်လည် သွားလာနေ ထိုင်သော လူမျိုးကို ဂျစ်ပစီဟု ခေါ်သည်။ ဂျစ်ပစီတို့ကို ရှေးအခါက အိန္ဒိယနိုင်ငံ၌သာ တွေ့ရသည်။ ၁၃ဝဝ ပြည့်နှစ် လောက်က ဂျစ်ပစီတို့သည် အိန္ဒိယနိုင်ငံမှ ထွက်ခွာလာကြ၍ အီရန်နိုင်ငံကို ဖြတ်ကျော်ပြီးနောက် အာမေးနီးယားပြည်၊ ဆီးရီးယားပြည်၊ အီဂျစ်နိုင်ငံ နှင့် မြောက်အမေရိကတိုက်သို့ ရောက် သွားခဲ့ကြ၏။ ၁၅ဝဝ ပြည့်နှစ်ခန့်သို့ ရောက်သောအခါ သူတို့ သည် ဥရောပတိုက်သို့ ဝင်ရောက်မိကြ၍ စပိန်၊ အင်္ဂလန်၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ရုရှား နှင့် ပြင်သစ်တိုင်းပြည်များတွင် အခြေစိုက်မိကြ၏။

ဂျစ်ပစီတို့ ဘာသာစကားကို ရိုမနီဘာသာဟု ခေါ်သည်။ ထိုဘာသာထဲတွင် ဂရိ၊ အာမီးနီးယန်းနှင့် ဆလားဗစ်စကားများ ပါဝင်သည်။ သူတို့တွင် ဘာသာစကားသီးသန့်ဟူ၍ မရှိချေ။ ရိုမနီဘာသာသည် ၁၄ မျိုးကွဲ၍ အခြားဘာသာစကားများနှင့် ရောနှောထွေးယှက်ကာ ကပြားဘာသာစကား ဖြစ်နေ သည်။ ထိုရိုမနီဘာသာစကားမှာ ဂျစ်ပစီတို့ ဘိုးဘွားများ လက်ထက်ကတည်းက သုံးစွဲလာသော ဘာသာဖြစ်၍ ရှေးကျသော သင်္သကရိုဋ် (သက္ကဋ) ဘာသာနှင့် ပြကရိုဋ်ဘာသာတို့၌သာ မူတည်၏။ ဂျစ်ပစီတို့သည် သူတို့၏ ဓလေ့ထုံးစံများကို လွန်စွာ အရေးထားလိုက်နာကြ၏။

ယေဘုယျအားဖြင့် ဂျစ်ပစီလူမျိုးတို့၏ အရပ်အမောင်းမှာ ၅ ပေ ၄ လက်မသာသာ မြင့်၏။ ရှေးကျသော ဂျစ်ပစီတို့မှာ အသားမည်း၍ မျက်လုံးအိမ်နက်၏။ ဆံပင်မှာမည်း၍ များသောအားဖြင့် ကုပ်ပေါ်ဝဲနေတတ်၏။ ဆံရှည်ဟူ၍ မထားကြချေ။ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာနေကြသော ဂျစ်ပစီတို့မှာ ထိုရှေးကျသော ဂျစ်ပစီများနှင့် ပုံပန်းသဏ္ဌာန် ခပ်ဆင်ဆင် တူ၏။ သို့ရာတွင် တစ်နေရာရာ၌ အတည်တကျ စွဲမြဲ၍ နေတတ်သော ဂျစ်ပစီတို့မှာ များသောအားဖြင့် သူတို့ အခြေစိုက်ရာဒေသရှိလူမျိုးများဘက်သို့ နွယ်၍ ရုပ်ပြောင်းသွားတတ်၏။ နေရာအတည်တကျ မနေထိုင်ကြဘဲ ကြုံရာအလုပ်များကို လုပ်ကိုင်စားသောက်လေ့ရှိသည်။ အစုလိုက်ပြောင်းလေ့ရှိသည်။

ဂျစ်ပစီလူမျိုးတစ်စု တစ်စုတွင် သူတို့တင်မြှောက်ထားသော အကြီးအကဲများကို ဘုရင်နှင့် ဘုရင်မဟု ခေါ်ကြသည်။ ထို ဘုရင်နှင့် ဘုရင်မတို့က အုပ်ချုပ်ကာ ကိုယ့်လူစုနှင့်ကိုယ် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာနေထိုင်ကြ၏။ ရွှေ့ပြောင်းသည့်အခါ သူတို့၏ အိမ်ထောင်ပစ္စည်းကလေးများ၊ သားသမီးများနှင့် မွေးမြူထားသောခွေးများကို ရထားပေါ်သို့ တင်ဆောင်သွားတတ်၏။ ဂျစ်ပစီတို့သည် အလွန်တောက်ပ သော အရောင်များကို နှစ်ခြိုက်၏။ အဝတ်အစားများကိုသော် လည်းကောင်း၊ အသုံးအဆောင်ပစ္စည်းများကိုသော်လည်းကောင်း တောက်ပစွာ ဆင်ယင် ခြယ်လှယ်ထား၏။ ဂျစ်ပစီမိန်းမများမှာ ဇာထိုး၊ ပန်းချုပ်၊ ဗေဒင်ဟောခြင်းတို့၌ ကျွမ်းကျင်၏။ အဝတ် အစားများကို ဇာပန်းများ ထိုးထားလေ့ရှိ၏။ မိန်းမများသည် လက်ဝတ်လက်စားများကို အလွန်မက်ကြ၏။ ရွှေလက်ကောက် ကြီးများ ဝတ်ကာ နားနှစ်ဖက်၌လည်း ရွှေနားကွင်းများကို တစ်ချွင်ချွင်မြည်အောင် ဆွဲထားတတ်ကြလေသည်။

ဂျစ်ပစီတို့မှာ တစ်စုနှင့်တစ်စု ဓလေ့ထုံးစံချင်း မတူကြချေ။ သို့သော် ဂျစ်ပစီလူမျိုးစုတိုင်း၌ပင် ပွဲတော်နေ့များ၊ ပျော်ပွဲဲရွှင်ပွဲ ကခုန်ပွဲများ ရှိကြလေသည်။ ပွဲတော်ကျင်းပသည့်ညများ၌ စခန်း ချရာ တဲများရှေ့တွင် မီးပုံကြီးများပုံ၍ ယောက်ျားများက အတီး အမှုတ်များတီးကာ မိန်းမကလေးများက သီချင်းများဆိုပြီးလျှင် ကခုန်မြူးထူးကြ၏။ ဂျစ်ပစီတို့မှာ ပျော်ပျော်နေတတ်သည်။ အခြေအတည်တကျ မရှိချေ။ ရှေးကျသော ဂျစ်ပစီတို့မှာ အသက်မွေးဝမ်းကျောင်း မကောင်းချေ။ ရပ်ရွာထဲ၌လှည့်လည်၍ ခိုးဝုက်တိုက်ခိုက် လိမ်လည်လှည့်ဖြား၍ စားတတ်၏။အမေရိက တိုက်နှင့် ဥရောပတိုက်ရှိ ဂျစ်ပစီတို့မှာ အများအားဖြင့် ဆင်းရဲ နွမ်းပါးသူများဖြစ်ကြသည့်အတိုင်း တစ်ဝမ်းတစ်ခါးဝအောင်မျှပင် မစားသောက်နိုင်ကြချေ။

ဂျစ်ပစီတို့တွင် ထူးဆန်းသော ဓလေ့ထုံးစံများ ရှိသည်၊ မွေးခါစ နို့စို့ကလေးကို ရေစီးနေသောမြစ်ချောင်းထဲတွင် ရေချိုး ပေးရ၏။ လက်ထပ်ပွဲတွင် သတို့သားနှင့် သတို့သမီးသည် မီးပုံပေါ်လွှားခုန်၍ သူတို့၏လက်များကို ဓားနှင့်ခြစ်ပြီးလျှင် လက်နှစ်ဖက်ကို စည်းနှောင်ထားရသည်။ ထိုသို့ ပြုလုပ်ခြင်း မှာ သွေးချင်းရောသွားစေရန် ဖြစ်သည်။ လူတစ်ယောက် သေ လျှင်လည်း ထိုသူ၏ပစ္စည်းဝန်ထုပ်အားလုံးကို မီးတင်ရလေ သည်။

ဂျစ်ပစီယောက်ျားများ၏ သက်မွေးဝမ်းကျောင်းပညာမှာ မမာသောမြင်းများကို ဆေးကုပေးခြင်း၊ သတ္တုထည်များလုပ် ခြင်း၊ ပန်းပဲလုပ်ခြင်း၊ ဆပ်ကပ်ပွဲပြခြင်း၊ တီးမှုတ်သီဆိုခြင်း တို့ဖြစ်၏။ မိန်းမများကမူ ဗေဒင်ဟောခြင်း၊ နက္ခတ်ကြည့်ခြင်း၊ ဇာထိုးခြင်းတို့ဖြင့် ဝမ်းကျောင်းကြ၏။ အလုပ်အကိုင် ရှားပါး သည့် အခါများ၌ ဂျစ်ပစီတို့သည် သူတောင်းစားဘဝကိုပင် ရောက်ခဲ့ကြရ၏။ ဂျာမနီနိုင်ငံ၌ သွားရောက်နေထိုင်ကြသော ဂျစ်ပစီတို့မှာ ဟစ်တလာလက်ထက်က နာဇီတို့၏ နှိပ်စက် ညဉ်းပန်းမှုတို့ကို များစွာခံခဲ့ကြရ၏။ နာဇီများကသူတို့ကို လူရာမဝင်သောသူများဟု ရှုတ်ချကာ သူတို့၏နေရေး ထိုင်ရေး၊ ရွှေ့ပြောင်းသွားလာရေး၌ များစွာ တားမြစ်ခဲ့၏။ အမေရိက တိုက်နှင့် ဥရောပတိုက်ရှိ အချို့ဒေသများ၌ ဂျစ်ပစီတို့ကို နေရာ မရွေ့ပြောင်းရန် ပြင်းထန်စွာ ဥပဒေဖြင့် တားမြစ်ထားလေသည်။

လက်ရှိ ဂျစ်ပစီ(ရိုမနီ)လူမျိုးများ အများဆုံးနေထိုင်သော ငါးနိုင်ငံမှာ အမေရိကန် ၊ ဘရာဇီး ၊ တူရကီ ၊ စပိန် နှင့် ရိုမေးနီးယားတို့ဖြစ်ကြသည်။ အမေရိကန်တွင် ၁သန်းခန့် ၊ ဘရာဇီးတွင် ၈သိန်းခန့် ၊ တူရကီတွင် ၅သိန်းမှ ၇သိန်းအတွင်း ၊ စပိန်တွင် ၆သိန်းခွဲကျော် ၊ ရိုမေးနီးယားတွင် ၅သိန်းခန့် နေထိုင်ကြသည်။

ကိုးကား
လှသမိန် ၏ ဗဟုသုတစွယ်စုံ
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

Leave a Reply