ေရခဲမွတ္ေအာက္ အပူခ်ိန္ေၾကာင့္ ေရခဲအျဖစ္သုိ႔ေျပာင္းသြားရတဲ့ ႏုိင္အာဂါရာ ေရတံခြန္

Posted on


ႏုိင္အာဂါရာ ေရတံခြန္ ဆုိတာနဲ႔ အေမရိကန္ နဲ႔ ကေနဒါ နယ္စပ္ ႏုိင္အာဂါရာျမစ္ေပၚမွာတည္ရွိတဲ့ ကမာၻေက်ာ္ေရတံခြန္ႀကီးဆိုတာ အားလုံးသိၿပီးျဖစ္မွာပါ။ နယူးေယာက္ ဘတ္ဖဲလုိးၿမဳိ႕ရဲ႕ အေနာက္ေျမာက္ဘက္ ၁၇မုိင္အကြာ နဲ႔ ကေနဒါ အြန္ေတရီအုိၿမဳိ႕ရဲ႕ အေရွ႕ေတာင္ဘက္ ၇၅မုိင္အကြာမွာ တည္ရွိတဲ့ ေရတံခြန္ျဖစ္ပါတယ္။ ေျမာက္အေမရိကရဲ႕ အားအျပင္းဆုံးေသာ ေရတံခြန္လည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာမွာေတာ့ အပူခ်ိန္ေရခဲမွတ္ေအာက္ အႏႈတ္ ၁၄ကေန ၁၆ဒီဂရီဆဲစီးယပ္ေအာက္ ေရာက္ခဲ့တဲ့အတြက္ ဒီေရတံခြန္ႀကီးရဲ႕ စီးဆင္းေနတဲ့ အခ်ဳိ႕အစိတ္အပိုင္းေတြဟာ ေရခဲအျဖစ္သို႔ ေျပာင္းလဲသြားရပါတယ္။ အေမရိကန္ဘက္ျခမ္းက အပုိင္းေတြေရခဲ အျဖစ္သုိ႔ေျပာင္းလဲသြားတာျဖစ္ပါတယ္။

ဒီလုိျဖစ္ခဲ့တာဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကေန ေသာၾကာေန႔အထိ ျဖစ္ခဲ့တာပါ။ နယူးရီးယားေန႔ရဲ႕ ညေနမွာေတာ့ အပူခ်ိန္ဟာ ၈ဒီဂရီဆဲစီးယပ္ ျပန္ျဖစ္လာတဲ့အတြက္ ေရတံခြန္ဟာ ပုံမွန္အတုိင္း ျပန္လည္စီးဆင္းေနၿပီျဖစ္ပါတယ္။

ဒီထူးျခားတဲ့ျဖစ္စဥ္အတြင္းမွာ ႏုိင္အာဂါရာေရတံခြန္ကို သြားေရာက္လည္ပတ္သူ ဦးေရမ်ားျပားခဲ့ၿပီး ေရခဲေနတဲ့ ႏုိင္အာဂါရာေရတံခြန္ရဲ႕ တစ္မ်ဳိးဆန္းတဲ့ အလွပုံံရိပ္ေတြဟာ ဆုိရွယ္မီဒီယာေတြေပၚမွာ ပလူပ်ံေနပါေတာ့တယ္။ ေရခဲေနတဲ့ ႏုိင္အာဂါရာေရတံခြန္ရဲ႕ ပုံရိပ္ေတြကိုေအာက္မွာၾကည့္ရႈ႕ႏုိင္ပါတယ္။

 


ရေခဲမှတ်အောက် အပူချိန်ကြောင့် ရေခဲအဖြစ်သို့ပြောင်းသွားရတဲ့ နိုင်အာဂါရာ ရေတံခွန် (unicode)

နိုင်အာဂါရာ ရေတံခွန် ဆိုတာနဲ့ အမေရိကန် နဲ့ ကနေဒါ နယ်စပ် နိုင်အာဂါရာမြစ်ပေါ်မှာတည်ရှိတဲ့ ကမ္ဘာကျော်ရေတံခွန်ကြီးဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ နယူးယောက် ဘတ်ဖဲလိုးမြို့ရဲ့ အနောက်မြောက်ဘက် ၁၇မိုင်အကွာ နဲ့ ကနေဒါ အွန်တေရီအိုမြို့ရဲ့ အရှေ့တောင်ဘက် ၇၅မိုင်အကွာမှာ တည်ရှိတဲ့ ရေတံခွန်ဖြစ်ပါတယ်။ မြောက်အမေရိကရဲ့ အားအပြင်းဆုံးသော ရေတံခွန်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာမှာတော့ အပူချိန်ရေခဲမှတ်အောက် အနှုတ် ၁၄ကနေ ၁၆ဒီဂရီဆဲစီးယပ်အောက် ရောက်ခဲ့တဲ့အတွက် ဒီရေတံခွန်ကြီးရဲ့ စီးဆင်းနေတဲ့ အချို့အစိတ်အပိုင်းတွေဟာ ရေခဲအဖြစ်သို့ ပြောင်းလဲသွားရပါတယ်။ အမေရိကန်ဘက်ခြမ်းက အပိုင်းတွေရေခဲ အဖြစ်သို့ပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒီလိုဖြစ်ခဲ့တာဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အထိ ဖြစ်ခဲ့တာပါ။ နယူးရီးယားနေ့ရဲ့ ညနေမှာတော့ အပူချိန်ဟာ ၈ဒီဂရီဆဲစီးယပ် ပြန်ဖြစ်လာတဲ့အတွက် ရေတံခွန်ဟာ ပုံမှန်အတိုင်း ပြန်လည်စီးဆင်းနေပြီဖြစ်ပါတယ်။

ဒီထူးခြားတဲ့ဖြစ်စဉ်အတွင်းမှာ နိုင်အာဂါရာရေတံခွန်ကို သွားရောက်လည်ပတ်သူ ဦးရေများပြားခဲ့ပြီး ရေခဲနေတဲ့ နိုင်အာဂါရာရေတံခွန်ရဲ့ တစ်မျိုးဆန်းတဲ့ အလှပုံံရိပ်တွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပလူပျံနေပါတော့တယ်။ ရေခဲနေတဲ့ နိုင်အာဂါရာရေတံခွန်ရဲ့ ပုံရိပ်တွေကိုအောက်မှာကြည့်ရှု့နိုင်ပါတယ်။

Leave a Reply