ေထာက္ၾကန္႕ ဓနသဟာယ စစ္သခၤ်ဳိင္း အေၾကာင္းသိေကာင္းစရာ

Posted on

 

Written By ေမာင္သာ(ေရွးေဟာင္းသုေတသန)

ရန္ကုန္ၿမိဳ႕မွ ေျမာက္ဘက္ ၂၅ ကီလိုမီတာ အကြာ၊ ရန္ကုန္ျပည္လမ္းမေဘးတြင္ရွိေသာ ၿဗိတိသွ် ဓနသယာယ စစ္သခၤ်ဳိင္း သည္ ေထာက္ၾကန္႕ စစ္သခၤ်ဳိင္းဟု ထင္ရွားသည္။က်ယ္၀န္း သန္႕ျပန္႕ေသာ ၀င္းအတြင္း အစိမ္းေရာင္ျမက္ခင္းက်ယ္ႀကီးေပၚတြင္ အထိမ္းအမွတ္အုတ္ဂူမ်ားကို ညီညာစြာ စီတန္းခင္းက်င္းထားသျဖင့္ လာေရာက္ၾကသူတိုင္းအား စိတ္ၾကည္ႏူးမႈျဖစ္ေစသည္။ ယင္းစစ္သခၤ်ဳိင္းကို တည္ေထာင္ခဲ့စဥ္က သခၤ်ဳိင္း၏ အနီးတြင္ ေထာက္ၾကန္႕ ေက်းရြာ ရွိ ေနသျဖင့္ ေထာက္ၾကန္႕ စစ္ သခၤ်ဳိင္းဟု အမည္တြင္ခဲ့သည္။

ယင္းသခၤ်ဳိင္း၀င္းအတြင္းတြင္ ပထမကမၻာစစ္ႏွင့္ဒုတိယ ကမၻာစစ္အတြင္းက ျမန္မာႏိုင္ငံစစ္ ေျမ ျပင္ အသီးသီးတြင္ က်ဆုံးခဲ့သည့္ မဟာမိတ္စစ္သည္ ၆၃၇၄ ဦးတို႕၏ အထိမ္းအမွတ္ အုတ္ဂူငယ္ေလးမ်ားကို ညီညာသပ္ရပ္စြာ ျပဳလုပ္ ထားသည္။အုတ္ဂူမ်ားအား လွည့္ပတ္ၾကည့္ရႈႏိုင္ရန္ ကြန္ကရစ္ လမ္းမ်ား ခင္းထားသည္။

ယင္းတို႕ အနက္ ၅၂ ခု သည္ ပထမ ကမၻာစစ္အတြင္း က်ဆုံးခဲ့သူမ်ားျဖစ္ၾကသည္။အုတ္ဂူငယ္ ၈၆၇ ခု သည္ အမည္မသိ စစ္သည္မ်ား၏ ဂူမ်ားျဖစ္ႀကၿပီး အိႏၵိယ ႏွင့္ အာဖရိက စစ္သည္ ၁၈၁၉ ဦးတို႕၏ အမွတ္တရ ဂူမ်ားလည္းပါ၀င္သည္။အာဖရိကပထမ တန္း ခရစ္ကက္ ကစား သမား Leigh Alexander ၏ အမွတ္တရ အုတ္ဂူကိုလည္း ျမင္ေတြ႕ရေပသည္။

စစ္သခၤ်ဳိင္းအတြင္းသို႕၀င္လိုက္သည္ႏွင့္ “ ဤသခၤ် ိဳင္းတည္ရွိရာ ေျမသည္ကား ပထမႏွင့္ ဒုတိယကမၻာစစ္အတြင္း က်ဆုံး ခဲ့ေသာ ကုန္းတပ္ ေရတပ္ ေလတပ္သားတို႕၏ ထာ၀ရ လဲေလ်ာင္းရာႏွင့္ က်န္ရစ္သူတို႕ လာေရာက္ဂါ၀ရျပဳရာ ဆိပ္ၿငိမ္ ပရ၀ဏ္ ျဖစ္သည္” ဟု ျမန္မာ အဂၤလိပ္ႏွစ္ဘာသာျဖင့္ ေရးသားထားေသာ အစိမ္းေရာင္ ဆိုင္းဘုတ္ကိုျမင္ၾကရသည္။

အုတ္ဂူငယ္မ်ားအား ကိုးကြယ္မႈဘာသာအရ အုပ္စုမ်ားခြဲ၍ သီးျခားစီ ျပဳလုပ္ထားသည္။ စစ္သခၤ်ဳိဳင္း တြင္ရွိေနသည့္ အုတ္ဂူ မ်ားတြင္ ခရစ္ယာန္ဘာသာ၀င္မ်ား၏ အုတ္ဂူမ်ားက အမ်ားစု ျဖစ္ေသာေၾကာင့္ ယင္းတို႕၏ အုတ္ဂူငယ္မ်ားေပၚတြင္ ခရစ္ယာန္ ဘာသာ အထိမ္းအမွတ္ လက္၀ါးကပ္တိုင္ ပုံမ်ားကို ယွဥ္တြဲေဖာ္ျပထားသကဲ့သို႕ ဗုဒၶဘာသာ၀င္မ်ား၏ အမည္ေဘးတြင္လည္း ေစတီ ပုံကို ျပဳလုပ္ေပးထားသည္။ အစၥလာမ္ ဘာသာကိုးကြယ္သူမ်ားအတြက္ ေနရာသီးသန္႕ ျပဳလုပ္ ေပးထားသည္။ယင္းတို႕၏ အုတ္ဂူ မ်ား ေပၚတြင္ အာရဗီဘာသာျဖင့္ မွတ္တမ္းေရးထိုးထားသည္ကို ေတြ႕ႏိုင္ေပသည္။

စစ္သခၤ်ဳိင္း အလယ္ရွိ အထိမ္းအမွတ္ ေက်ာက္စာတိုင္ၾကီးမ်ားေပၚတြင္ ဒုတိယ ကမၻာစစ္အတြင္း ျမန္မာႏိုင္ငံ၌ က်ဆုံး ခဲ့ေသာ စစ္သည္ ၂၇၀၀၀ ၏ အမည္ မ်ားကိုေရးထိုးထားသည္။ေထာက္ၾကန္႕ မဟာမိတ္ စစ္သခၤ်ဳိင္းကို ၁၉၅၁ ခုႏွစ္တြင္ဖြင့္လွစ္ခဲ့ၿပီး အာရွ စစ္ဘက္ဆိုင္ရာ အမွတ္တရ ေနရာမ်ားတြင္ လာေရာက္ၾကည့္ရႈသူ အမ်ားဆုံးေနရာတစ္ခုလည္းျဖစ္သည္။ႏိုင္ငံတကာ တြင္ လည္း Taukkyan War Cemetery ဟု ထင္ရွားသည္။

စစ္သည္အမ်ားစုသည္ မိတၳီလာ၊စစ္ေတြ၊ မႏၱေလး ႏွင့္ ဆားေမွာ္တို႕တြင္က်ဆုံးခဲ့ၾကသူမ်ား ျဖစ္ကာ စစ္သည္မ်ား၏ ရုပ္ ၾကြင္း မ်ားအား ေထာက္ၾကန္႕သို႕ သယ္ယူလာခဲ့သည္။ယင္းက်ဆုံးသူမ်ား၏ ရုပ္ၾကြင္းမ်ားအား အဆိုပါေဒသ သုႆန္မ်ားတြင္ ေရရွည္ ထိန္းသိမ္းထားရန္ ခက္ခဲမႈရွိသျဖင့္ ေထာက္ၾကန္႕စစ္သခၤ ်ိဳင္းတြင္ ေျပာင္းေရႊ႕ျမွဳပ္ႏွံခဲ့သည္။ထိုသို႕ ေျပာင္းေရႊ႕သယ္ယူခဲ့ရာ ျမစ္ႀကီးနားရွိ ခ်င္ဒစ္ သုႆန္မွ ရုပ္ၾကြင္းမ်ားကို ေနာက္ဆုံး သယ္ယူခဲ့သည္။

ထို႕အျပင္ ဒုတိယ ကမၻာစစ္အတြင္းက ျမန္မာႏိုင္ငံ ေတာတြင္း ႏွင့္ လမ္းေဘး မ်ားတြင္ ျမွဳပ္ႏွံထားခဲ့ရသည့္ စစ္သည္ အခ်ိဳ႕ ၏ ရုပ္အေလာင္းမ်ားကိုလည္း ေျပာင္းေရႊ႕ သယ္ယူထားခဲ့သည္။ ပထမ ကမၻာစစ္အတြင္းက်ဆုံးခဲ့သည့္ မဟာမိတ္ စစ္သည္ မ်ားအား ျမွဳပ္ႏွံထားသည့္ ဟသၤာတမွ ရုပ္အေလာင္းတစ္ခု၊မိတၳီလာ စစ္တပ္ နယ္ေျမမွ ရုပ္ကလပ္ ရွစ္ခု၊သရက္မွ ေလးခု၊ တမ္မခန္ မွ ေလးခု၊ မႏၱေလးမွ ၁၂ ခု ႏွင့္ ေမၿမိဳ႕ တပ္နယ္မွ ၂၂ ခု စုစုေပါင္း ၅၁ ခုတို႕ကို ယင္းသခၤ် ိဳင္းမ်ားတြင္ ေရရွည္ ထိန္းသိမ္းထား ရန္ အျဖစ္ႏိုင္သျဖင့္ ေထာက္ၾကန္႕စစ္သခၤ်ဳိင္းသို႕ေျပာင္းေရႊ႕ ခဲ့သည္။

က်ဆုံးသူမ်ားအနက္ ဗစ္တိုရီယား ထူးခၽြန္စစ္သည္တံဆိပ္ (Victoria Cross) ရရွိသူ ခုနစ္ဦးပါ၀င္ရာ ႏွစ္ဦးမွာ အိႏၵိယစစ္ သည္ မ်ားျဖစ္ၾကသည္။ယင္းတို႕၏ အမည္မ်ားကို ရန္ကုန္ စစ္ေျမျပင္ အမွတ္တရ ေက်ာက္စာတိုင္ ေပၚတြင္ ယင္းတို႕၏ ေမြးသကၠ ရာဇ္မ်ား ၊ က်ဆုံးရက္မ်ားႏွင့္ အတူေရးထိုးထားသည္။ သူတို႕ သည္လြတ္လပ္ေသာ ျပည္သူမ်ားအတြက္ က်ဆုံးခဲ့ၾကသည္ (they died for all free men) ဟု အဓိပၸာယ္ ရေသာ စာတန္းကိုလည္း အဂၤလိပ္၊ ဟင္ဒီ၊ အူရဒူ၊ျမန္မာဘာသာမ်ားျဖင့္ ေက်ာက္စာတိုင္ ေပၚတြင္ ေရး ထြင္း ထားသည္။

ဒုတိယ ကမၻာစစ္အၿပီးတြင္ မဟာမိတ္ႏိုင္ငံမ်ားသည္ စစ္အတြင္းက်ဆုံးခဲ့ေသာ ယင္းတို႕၏ စစ္သည္မ်ားအတြက္ မဟာမိတ္ စစ္သခၤ်ဳိင္းမ်ားကို ႏိုင္ငံအမ်ားအျပားတြင္ တည္ေဆာက္ခဲ့သည္။ ျမန္မာႏိုင္ငံတြင္လည္း မဟာမိတ္ စစ္သခၤ်ဳိင္းသုံးခု တည္ေဆာက္ခဲ့ ရာ ေထာက္ၾကန္႕ စစ္္သခၤ်ဳိင္းသည္ အႀကီးဆုံးျဖစ္သည္။အျခားစစ္ သခၤ်ဳိင္းႏွစ္ခုျဖစ္သည့္ မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕ရွိ ေသမင္း တမန္ ရထားလမ္းစစ္သခၤ်ဳိင္းႏွင့္ ရန္ကုန္ၿမိဳ႕ ဟံသာ၀တီ အ၀ိုင္းအနီးရွိ ဓနသဟာယ စစ္သခၤ်ဳိင္းတို႕သည္လည္း ထင္ရွား သည္။

ေထာက္ၾကန္႕စစ္သခၤ် ိဳင္းသို႕လာေရာက္ၾကသည့္ ျပည္ပမွ ပုဂၢိဳလ္မ်ားသည္ မဂၤလာဒုံေလယာဥ္ကြင္းမွ မိနစ္ ၃၀ ခန္႕ ကား ေမာင္းလွ်င္ေရာက္ရွိသည္။ေထာက္ၾကန္႕စစ္သခၤ်ဳိင္းသည္ ရန္ကုန္ ျပည္လမ္း ၊ အမွတ္ (၁) ျဖစ္သည္။စစ္သခ် ၤိဳင္းကို ယခင္က ေန႕စဥ္ နံနက္ (၇) နာရီ မွ ညေန(၅) နာရီအထိ ဖြင့္လွစ္ခဲ့ေသာ္လည္း ယခုအခါတြင္ တနဂၤေႏြတြင္ ၀င္ေရာက္ခြင့္ မျပဳပါေခ်။

ေထာက္ၾကန္႕ စစ္သခၤ်ဳိင္းတြင္ ျမွဳပ္ႏွံထားေသာ ကမၻာအႏွံ႕မွ က်ဆုံးစစ္သည္မ်ား ၏ မိသားစုမ်ား ႏွင့္ ေဆြမ်ိဳးမ်ားသည္ ျမန္မာႏိုင္ငံသို႕လာေရာက္ကာ မိမိတို႕၏ သားခ်င္းမ်ားအား လာေရာက္ဂါ၀ရျပဳေလ့ရွိေပသည္။ပထမကမၻာစစ္အတြင္းက်ဆုံးစစ္သည္ ၁၉ ဦးတို႕၏ ရုပ္ၾကြင္းမ်ားကို ေအာင္ပန္း၊ ပုသိမ္၊ကြမ္းၿခံကုန္း၊ လြိဳင္ေကာ္၊မိုင္းတုံ၊ျပည္၊ပ်ဥ္းမနား ႏွင့္ ေရႊဘို သခၤ်ဳိင္းမ်ားတြင္ ျမွဳပ္ႏွံထားေၾကာင္းသိရွိရေပသည္။

ေထာက္ၾကန္႕ စစ္သခၤ်ဳိင္း၏ အသုံးစရိတ္မ်ားအား ၿဗိတိသွ် ဓနသဟာယႏိုင္ငံမ်ားက မိမိတို႕ ႏိုင္ငံသားမ်ား၏ အုတ္ဂူ အေရအတြက္အတိုင္း အခ်ိဳးက် ထည့္၀င္ရသည္။ ၀န္ထမ္းမ်ားႏွင့္ စရိတ္ အားလုံးကို ၿဗိတိဟွ် ဓနသဟာယ ရံပုံေငြမွ က်ခံသည္။ စစ္သခၤ်ဳိင္းကို လာေရာက္ႀကည့္ရႈၾကေသာ အမ်ားျပည္သူမ်ားအား ၀င္ေၾကးမယူဘဲ ဖြင့္လွစ္ျပသထား သည္။

မည္သို႕ပင္ ျဖစ္ေစ စစ္၏ အနိ႒ာရုံ ျမင္ကြင္းတစ္ခုဟု ဆိုႏိုင္သည့္ စစ္သခၤ်ဳိင္းေဟာင္းမ်ားသည္ လူသားအခ်င္းခ်င္းျဖစ္ ပြားခဲ့သည့္ ရန္မီး ေတာက္ေလာင္ျခင္း၏ ရလာဒ္တစ္ခုကို ေဖာ္ညႊန္းျပသေနျခင္းပင္ ျဖစ္ေပသည္။

ေမာင္သာ(ေရွးေဟာင္းသုေတသန)
သုတစြယ္စုံမဂၢဇင္း


ထောက်ကြန့် ဓနသဟာယ စစ်သင်္ချိုင်း အကြောင်းသိကောင်းစရာ (unicode)

Written By မောင်သာ(ရှေးဟောင်းသုတေသန)

ရန်ကုန်မြို့မှ မြောက်ဘက် ၂၅ ကီလိုမီတာ အကွာ၊ ရန်ကုန်ပြည်လမ်းမဘေးတွင်ရှိသော ဗြိတိသျှ ဓနသယာယ စစ်သင်္ချိုင်း သည် ထောက်ကြန့် စစ်သင်္ချိုင်းဟု ထင်ရှားသည်။ကျယ်ဝန်း သန့်ပြန့်သော ဝင်းအတွင်း အစိမ်းရောင်မြက်ခင်းကျယ်ကြီးပေါ်တွင် အထိမ်းအမှတ်အုတ်ဂူများကို ညီညာစွာ စီတန်းခင်းကျင်းထားသဖြင့် လာရောက်ကြသူတိုင်းအား စိတ်ကြည်နူးမှုဖြစ်စေသည်။ ယင်းစစ်သင်္ချိုင်းကို တည်ထောင်ခဲ့စဉ်က သင်္ချိုင်း၏ အနီးတွင် ထောက်ကြန့် ကျေးရွာ ရှိ နေသဖြင့် ထောက်ကြန့် စစ် သင်္ချိုင်းဟု အမည်တွင်ခဲ့သည်။ ယင်းသင်္ချိုင်းဝင်းအတွင်းတွင် ပထမကမ္ဘာစစ်နှင့်ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံစစ် မြေ ပြင် အသီးသီးတွင် ကျဆုံးခဲ့သည့် မဟာမိတ်စစ်သည် ၆၃၇၄ ဦးတို့၏ အထိမ်းအမှတ် အုတ်ဂူငယ်လေးများကို ညီညာသပ်ရပ်စွာ ပြုလုပ် ထားသည်။အုတ်ဂူများအား လှည့်ပတ်ကြည့်ရှုနိုင်ရန် ကွန်ကရစ် လမ်းများ ခင်းထားသည်။

ယင်းတို့ အနက် ၅၂ ခု သည် ပထမ ကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သူများဖြစ်ကြသည်။အုတ်ဂူငယ် ၈၆၇ ခု သည် အမည်မသိ စစ်သည်များ၏ ဂူများဖြစ်ကြပြီး အိန္ဒိယ နှင့် အာဖရိက စစ်သည် ၁၈၁၉ ဦးတို့၏ အမှတ်တရ ဂူများလည်းပါဝင်သည်။အာဖရိကပထမ တန်း ခရစ်ကက် ကစား သမား Leigh Alexander ၏ အမှတ်တရ အုတ်ဂူကိုလည်း မြင်တွေ့ရပေသည်။

စစ်သင်္ချိုင်းအတွင်းသို့ဝင်လိုက်သည်နှင့် “ ဤသင်္ချ ိဳင်းတည်ရှိရာ မြေသည်ကား ပထမနှင့် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံး ခဲ့သော ကုန်းတပ် ရေတပ် လေတပ်သားတို့၏ ထာဝရ လဲလျောင်းရာနှင့် ကျန်ရစ်သူတို့ လာရောက်ဂါဝရပြုရာ ဆိပ်ငြိမ် ပရဝဏ် ဖြစ်သည်” ဟု မြန်မာ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားထားသော အစိမ်းရောင် ဆိုင်းဘုတ်ကိုမြင်ကြရသည်။

အုတ်ဂူငယ်များအား ကိုးကွယ်မှုဘာသာအရ အုပ်စုများခွဲ၍ သီးခြားစီ ပြုလုပ်ထားသည်။ စစ်သင်္ချိုင်း တွင်ရှိနေသည့် အုတ်ဂူ များတွင် ခရစ်ယာန်ဘာသာဝင်များ၏ အုတ်ဂူများက အများစု ဖြစ်သောကြောင့် ယင်းတို့၏ အုတ်ဂူငယ်များပေါ်တွင် ခရစ်ယာန် ဘာသာ အထိမ်းအမှတ် လက်ဝါးကပ်တိုင် ပုံများကို ယှဉ်တွဲဖော်ပြထားသကဲ့သို့ ဗုဒ္ဓဘာသာဝင်များ၏ အမည်ဘေးတွင်လည်း စေတီ ပုံကို ပြုလုပ်ပေးထားသည်။ အစ္စလာမ် ဘာသာကိုးကွယ်သူများအတွက် နေရာသီးသန့် ပြုလုပ် ပေးထားသည်။ယင်းတို့၏ အုတ်ဂူ များ ပေါ်တွင် အာရဗီဘာသာဖြင့် မှတ်တမ်းရေးထိုးထားသည်ကို တွေ့နိုင်ပေသည်။

စစ်သင်္ချိုင်း အလယ်ရှိ အထိမ်းအမှတ် ကျောက်စာတိုင်ကြီးများပေါ်တွင် ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ၌ ကျဆုံး ခဲ့သော စစ်သည် ၂၇၀၀၀ ၏ အမည် များကိုရေးထိုးထားသည်။ထောက်ကြန့် မဟာမိတ် စစ်သင်္ချိုင်းကို ၁၉၅၁ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး အာရှ စစ်ဘက်ဆိုင်ရာ အမှတ်တရ နေရာများတွင် လာရောက်ကြည့်ရှုသူ အများဆုံးနေရာတစ်ခုလည်းဖြစ်သည်။နိုင်ငံတကာ တွင် လည်း Taukkyan War Cemetery ဟု ထင်ရှားသည်။

စစ်သည်အများစုသည် မိတ္ထီလာ၊စစ်တွေ၊ မန္တလေး နှင့် ဆားမှော်တို့တွင်ကျဆုံးခဲ့ကြသူများ ဖြစ်ကာ စစ်သည်များ၏ ရုပ် ကြွင်း များအား ထောက်ကြန့်သို့ သယ်ယူလာခဲ့သည်။ယင်းကျဆုံးသူများ၏ ရုပ်ကြွင်းများအား အဆိုပါဒေသ သုဿန်များတွင် ရေရှည် ထိန်းသိမ်းထားရန် ခက်ခဲမှုရှိသဖြင့် ထောက်ကြန့်စစ်သင်္ခ ်ိဳင်းတွင် ပြောင်းရွှေ့မြှုပ်နှံခဲ့သည်။ထိုသို့ ပြောင်းရွှေ့သယ်ယူခဲ့ရာ မြစ်ကြီးနားရှိ ချင်ဒစ် သုဿန်မှ ရုပ်ကြွင်းများကို နောက်ဆုံး သယ်ယူခဲ့သည်။

ထို့အပြင် ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ တောတွင်း နှင့် လမ်းဘေး များတွင် မြှုပ်နှံထားခဲ့ရသည့် စစ်သည် အချို့ ၏ ရုပ်အလောင်းများကိုလည်း ပြောင်းရွှေ့ သယ်ယူထားခဲ့သည်။ ပထမ ကမ္ဘာစစ်အတွင်းကျဆုံးခဲ့သည့် မဟာမိတ် စစ်သည် များအား မြှုပ်နှံထားသည့် ဟင်္သာတမှ ရုပ်အလောင်းတစ်ခု၊မိတ္ထီလာ စစ်တပ် နယ်မြေမှ ရုပ်ကလပ် ရှစ်ခု၊သရက်မှ လေးခု၊ တမ်မခန် မှ လေးခု၊ မန္တလေးမှ ၁၂ ခု နှင့် မေမြို့ တပ်နယ်မှ ၂၂ ခု စုစုပေါင်း ၅၁ ခုတို့ကို ယင်းသင်္ချ ိဳင်းများတွင် ရေရှည် ထိန်းသိမ်းထား ရန် အဖြစ်နိုင်သဖြင့် ထောက်ကြန့်စစ်သင်္ချိုင်းသို့ပြောင်းရွှေ့ ခဲ့သည်။

ကျဆုံးသူများအနက် ဗစ်တိုရီယား ထူးချွန်စစ်သည်တံဆိပ် (Victoria Cross) ရရှိသူ ခုနစ်ဦးပါဝင်ရာ နှစ်ဦးမှာ အိန္ဒိယစစ် သည် များဖြစ်ကြသည်။ယင်းတို့၏ အမည်များကို ရန်ကုန် စစ်မြေပြင် အမှတ်တရ ကျောက်စာတိုင် ပေါ်တွင် ယင်းတို့၏ မွေးသက္က ရာဇ်များ ၊ ကျဆုံးရက်များနှင့် အတူရေးထိုးထားသည်။ သူတို့ သည်လွတ်လပ်သော ပြည်သူများအတွက် ကျဆုံးခဲ့ကြသည် (they died for all free men) ဟု အဓိပ္ပာယ် ရသော စာတန်းကိုလည်း အင်္ဂလိပ်၊ ဟင်ဒီ၊ အူရဒူ၊မြန်မာဘာသာများဖြင့် ကျောက်စာတိုင် ပေါ်တွင် ရေး ထွင်း ထားသည်။

ဒုတိယ ကမ္ဘာစစ်အပြီးတွင် မဟာမိတ်နိုင်ငံများသည် စစ်အတွင်းကျဆုံးခဲ့သော ယင်းတို့၏ စစ်သည်များအတွက် မဟာမိတ် စစ်သင်္ချိုင်းများကို နိုင်ငံအများအပြားတွင် တည်ဆောက်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း မဟာမိတ် စစ်သင်္ချိုင်းသုံးခု တည်ဆောက်ခဲ့ ရာ ထောက်ကြန့် စစ်သင်္ချိုင်းသည် အကြီးဆုံးဖြစ်သည်။အခြားစစ် သင်္ချိုင်းနှစ်ခုဖြစ်သည့် မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ သေမင်း တမန် ရထားလမ်းစစ်သင်္ချိုင်းနှင့် ရန်ကုန်မြို့ ဟံသာဝတီ အဝိုင်းအနီးရှိ ဓနသဟာယ စစ်သင်္ချိုင်းတို့သည်လည်း ထင်ရှား သည်။

ထောက်ကြန့်စစ်သင်္ချ ိဳင်းသို့လာရောက်ကြသည့် ပြည်ပမှ ပုဂ္ဂိုလ်များသည် မင်္ဂလာဒုံလေယာဉ်ကွင်းမှ မိနစ် ၃၀ ခန့် ကား မောင်းလျှင်ရောက်ရှိသည်။ထောက်ကြန့်စစ်သင်္ချိုင်းသည် ရန်ကုန် ပြည်လမ်း ၊ အမှတ် (၁) ဖြစ်သည်။စစ်သချ ၤိဳင်းကို ယခင်က နေ့စဉ် နံနက် (၇) နာရီ မှ ညနေ(၅) နာရီအထိ ဖွင့်လှစ်ခဲ့သော်လည်း ယခုအခါတွင် တနင်္ဂနွေတွင် ဝင်ရောက်ခွင့် မပြုပါချေ။

ထောက်ကြန့် စစ်သင်္ချိုင်းတွင် မြှုပ်နှံထားသော ကမ္ဘာအနှံ့မှ ကျဆုံးစစ်သည်များ ၏ မိသားစုများ နှင့် ဆွေမျိုးများသည် မြန်မာနိုင်ငံသို့လာရောက်ကာ မိမိတို့၏ သားချင်းများအား လာရောက်ဂါဝရပြုလေ့ရှိပေသည်။ပထမကမ္ဘာစစ်အတွင်းကျဆုံးစစ်သည် ၁၉ ဦးတို့၏ ရုပ်ကြွင်းများကို အောင်ပန်း၊ ပုသိမ်၊ကွမ်းခြံကုန်း၊ လွိုင်ကော်၊မိုင်းတုံ၊ပြည်၊ပျဉ်းမနား နှင့် ရွှေဘို သင်္ချိုင်းများတွင် မြှုပ်နှံထားကြောင်းသိရှိရပေသည်။

ထောက်ကြန့် စစ်သင်္ချိုင်း၏ အသုံးစရိတ်များအား ဗြိတိသျှ ဓနသဟာယနိုင်ငံများက မိမိတို့ နိုင်ငံသားများ၏ အုတ်ဂူ အရေအတွက်အတိုင်း အချိုးကျ ထည့်ဝင်ရသည်။ ဝန်ထမ်းများနှင့် စရိတ် အားလုံးကို ဗြိတိဟျှ ဓနသဟာယ ရံပုံငွေမှ ကျခံသည်။ စစ်သင်္ချိုင်းကို လာရောက်ကြည့်ရှုကြသော အများပြည်သူများအား ဝင်ကြေးမယူဘဲ ဖွင့်လှစ်ပြသထား သည်။

မည်သို့ပင် ဖြစ်စေ စစ်၏ အနိဋ္ဌာရုံ မြင်ကွင်းတစ်ခုဟု ဆိုနိုင်သည့် စစ်သင်္ချိုင်းဟောင်းများသည် လူသားအချင်းချင်းဖြစ် ပွားခဲ့သည့် ရန်မီး တောက်လောင်ခြင်း၏ ရလာဒ်တစ်ခုကို ဖော်ညွှန်းပြသနေခြင်းပင် ဖြစ်ပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)
သုတစွယ်စုံမဂ္ဂဇင်း

Leave a Reply