ထြက္ေျပးရာမွ ျပန္လည္အဖမ္းခံရတဲ့ ေျမာက္ကိုရီးယား ႏ်ဴပညာရွင္ အဆိပ္ေသာက္သတ္ေသ

Posted on

ေျမာက္ကိုရီးယားက ႏ်ဴကလီယား သိပၸံပညာရွင္တစ္ေယာက္ဟာ ေတာင္ကိုရီးယားႏုိင္ငံကိုထြက္ေျပးဖုိ႔ႀကဳိးစားခဲ့ရာမွာ ျပန္လည္အဖမ္းခံခဲ့ရတာပဲျဖစ္ပါတယ္။ ဒီလုိအဖမ္းခံၿပီး သူ႔ကုိစစ္ေဆးဖုိ႔ နာရီပုိင္းအလုိမွာ လ်ဳိ႕၀ွက္ထားတဲ့ အဆိပ္ေသာက္ၿပီး သူ႔ကုိယ္သူ သတ္ေသခဲ့တာပဲျဖစ္ပါတယ္။

ထြက္ေျပးတဲ့ သိပၸံပညာရွင္ဟာ ၿပဳံးယမ္း သိပၸံနဲ႔ အကယ္ဒမီေက်ာင္း ရုပေဗဒဌာနက ေခါင္းေဆာင္သုေတသနပညာရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။

သူဟာ ႏုိင္ငံအျပင္ကိုထြက္ေျပးဖို႔ႀကဳိးစားစဥ္ ေျမာက္ကုိရီးယားစစ္တပ္ေတြက တရုတ္နဲ႔ ေျမာက္ကိုရီးယားနယ္စပ္ မွာ ႏုိ၀င္ဘာလကတည္းက အဖမ္းခံခဲ့ရတာပဲျဖစ္ပါတယ္။ တရုတ္ကေန တစ္ဆင့္ ေတာင္ကိုရီးယားကို ထြက္ေျပးဖုိ႔ စီစဥ္ထားတာျဖစ္ပါတယ္။

ဖမ္းမိိၿပီးတဲ့ေနာက္ ႏွစ္ပတ္အၾကာမွာ ေျမာက္ကုိရီးယားစစ္တပ္ဟာ အဆုိပါသိပၸံပညာရွင္ကုိ Sinuiju ၿမဳိ႕ ျပည္နယ္ စစ္ေဆးေရးဌာနက အခ်ဳပ္ခန္းတစ္ခုအတြင္းမွာ ထည့္ထားခဲ့ၾကပါတယ္။ ေျမာက္ကိုရီးယားစစ္ေခါင္းေဆာင္ေတြကုိ စစ္ေဆးဖုိ႔အတြက္ ဒီေနရာကိုေခၚခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ သူဟာ နာရီပုိင္းအတြင္းမွာ လ်ဳိ႕၀ွက္သယ္ေဆာင္လာတဲ့ အဆိပ္ကုိေသာက္ၿပီး သတ္ေသသြားခဲ့ပါတယ္။ တကယ္လုိ႔မ်ားစစ္ေဆးခဲ့ရင္ သူထြက္ေျပးရာမွာ ကူညီေပးခဲ့တဲ့ လူပုဂၢဳိလ္အဖြဲ႔အစည္း အသီးသီး မီးခုိးၾကြက္ေလွ်ာက္ေပၚသြားမွာျဖစ္လုိ႔ အခုလုိဒုတိယအစီအစဥ္ကုိ အသုံးခ်ခဲ့ပုံေပၚတယ္လုိ႔ ၿပဳံးယမ္းအေျခစုိက္သတင္းသမားက ဆုိပါတယ္။

Radio Free Asia သတင္းဌာနရဲ႕ အတည္ျပဳခ်က္အရ အဆုိပါသိပၸံပညာရွင္ရဲ႕ နာမည္ဟာ Hyun Cheol Huh လုိ႔သိရၿပီး သူဟာ သူမလုပ္ခ်င္ေတာ့တဲ့ စုိးရိမ္စရာ သုေတသနပေရာဂ်က္ေတြေၾကာင့္ အလုပ္ကထြက္ေျပးခ်င္ေနတာၾကာၿပီျဖစ္ေၾကာင္း သိရပါတယ္။

သူဟာ မိသားစုကိုေတာင္ အသိမေပးခဲ့ပဲ တရုတ္နယ္စပ္မွာရွိတဲ့ အမ်ဳိးေတြဆီကုိ လူခ်ည္းသက္သက္သြားခဲ့တာကေန အခုလုိထြက္ေျပးဖုိ႔ ႀကဳိးစားခဲ့တာျဖစ္ပါတယ္။ အဖြဲ႔ကတာ၀န္ရွိသူေတြဟာ သူ႔ကိုရွာေဖြခဲ့ခ်ိန္မွာေတာ့ သူဟာေပ်ာက္ဆုံးေနခဲ့ၿပီျဖစ္ေပမယ့္ စစ္တပ္က သူ႔ကုိ ျပန္လည္ဖမ္းမိခဲ့တာျဖစ္ပါတယ္။

ေျမာက္ကိုရီးယားနယ္စပ္ေစာင့္ စစ္သားေတြဟာ ႏုိင္ငံအတြင္းကေန ထြက္ေျပးတဲ့မည္သူကို မဆုိ ေသနတ္နဲ႔ ပစ္သတ္ႏုိင္ပါတယ္။ ထြက္ေျပးတဲ့သူဟာ နယ္စပ္ကိုေက်ာ္ၿပီး တရုတ္နယ္ေျမထဲကိုေရာက္ရွိသြားခဲ့ရင္ေတာင္မွ ေသနတ္နဲ႔လွမ္းပစ္သတ္ရမယ္လုိ႔ အမိန္႔ထုတ္ထားပါတယ္။ ဒီလုိမွမပစ္ဘူးဆုိရင္ေတာ့ အဆုိပါစစ္သားဟာ ေသနတ္နဲ႔ျပန္လည္ပစ္သတ္ျခင္းခံရမွာျဖစ္ပါတယ္။

 


ထွက်ပြေးရာမှ ပြန်လည်အဖမ်းခံရတဲ့ မြောက်ကိုရီးယား နျူပညာရှင် အဆိပ်သောက်သတ်သေ (unicode)

မြောက်ကိုရီးယားက နျူကလီယား သိပ္ပံပညာရှင်တစ်ယောက်ဟာ တောင်ကိုရီးယားနိုင်ငံကိုထွက်ပြေးဖို့ကြိုးစားခဲ့ရာမှာ ပြန်လည်အဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒီလိုအဖမ်းခံပြီး သူ့ကိုစစ်ဆေးဖို့ နာရီပိုင်းအလိုမှာ လျို့ဝှက်ထားတဲ့ အဆိပ်သောက်ပြီး သူ့ကိုယ်သူ သတ်သေခဲ့တာပဲဖြစ်ပါတယ်။

ထွက်ပြေးတဲ့ သိပ္ပံပညာရှင်ဟာ ပြုံးယမ်း သိပ္ပံနဲ့ အကယ်ဒမီကျောင်း ရုပဗေဒဌာနက ခေါင်းဆောင်သုတေသနပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ နိုင်ငံအပြင်ကိုထွက်ပြေးဖို့ကြိုးစားစဉ် မြောက်ကိုရီးယားစစ်တပ်တွေက တရုတ်နဲ့ မြောက်ကိုရီးယားနယ်စပ် မှာ နိုဝင်ဘာလကတည်းက အဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။ တရုတ်ကနေ တစ်ဆင့် တောင်ကိုရီးယားကို ထွက်ပြေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဖမ်းမိပြီးတဲ့နောက် နှစ်ပတ်အကြာမှာ မြောက်ကိုရီးယားစစ်တပ်ဟာ အဆိုပါသိပ္ပံပညာရှင်ကို Sinuiju မြို့ ပြည်နယ် စစ်ဆေးရေးဌာနက အချုပ်ခန်းတစ်ခုအတွင်းမှာ ထည့်ထားခဲ့ကြပါတယ်။ မြောက်ကိုရီးယားစစ်ခေါင်းဆောင်တွေကို စစ်ဆေးဖို့အတွက် ဒီနေရာကိုခေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ နာရီပိုင်းအတွင်းမှာ လျို့ဝှက်သယ်ဆောင်လာတဲ့ အဆိပ်ကိုသောက်ပြီး သတ်သေသွားခဲ့ပါတယ်။ တကယ်လို့များစစ်ဆေးခဲ့ရင် သူထွက်ပြေးရာမှာ ကူညီပေးခဲ့တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်း အသီးသီး မီးခိုးကြွက်လျှောက်ပေါ်သွားမှာဖြစ်လို့ အခုလိုဒုတိယအစီအစဉ်ကို အသုံးချခဲ့ပုံပေါ်တယ်လို့ ပြုံးယမ်းအခြေစိုက်သတင်းသမားက ဆိုပါတယ်။

Radio Free Asia သတင်းဌာနရဲ့ အတည်ပြုချက်အရ အဆိုပါသိပ္ပံပညာရှင်ရဲ့ နာမည်ဟာ Hyun Cheol Huh လို့သိရပြီး သူဟာ သူမလုပ်ချင်တော့တဲ့ စိုးရိမ်စရာ သုတေသနပရောဂျက်တွေကြောင့် အလုပ်ကထွက်ပြေးချင်နေတာကြာပြီဖြစ်ကြောင်း သိရပါတယ်။ သူဟာ မိသားစုကိုတောင် အသိမပေးခဲ့ပဲ တရုတ်နယ်စပ်မှာရှိတဲ့ အမျိုးတွေဆီကို လူချည်းသက်သက်သွားခဲ့တာကနေ အခုလိုထွက်ပြေးဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ အဖွဲ့ကတာဝန်ရှိသူတွေဟာ သူ့ကိုရှာဖွေခဲ့ချိန်မှာတော့ သူဟာပျောက်ဆုံးနေခဲ့ပြီဖြစ်ပေမယ့် စစ်တပ်က သူ့ကို ပြန်လည်ဖမ်းမိခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနယ်စပ်စောင့် စစ်သားတွေဟာ နိုင်ငံအတွင်းကနေ ထွက်ပြေးတဲ့မည်သူကို မဆို သေနတ်နဲ့ ပစ်သတ်နိုင်ပါတယ်။ ထွက်ပြေးတဲ့သူဟာ နယ်စပ်ကိုကျော်ပြီး တရုတ်နယ်မြေထဲကိုရောက်ရှိသွားခဲ့ရင်တောင်မှ သေနတ်နဲ့လှမ်းပစ်သတ်ရမယ်လို့ အမိန့်ထုတ်ထားပါတယ်။ ဒီလိုမှမပစ်ဘူးဆိုရင်တော့ အဆိုပါစစ်သားဟာ သေနတ်နဲ့ပြန်လည်ပစ်သတ်ခြင်းခံရမှာဖြစ်ပါတယ်။

Leave a Reply