ေစတနာေမတၱာအျပည့္ နဲ႔ မီးအိမ္ရွင္ (သုိ႔) ဖေလာ္ရင့္(စ)ႏိုက္တင္ေဂးလ္ ဆုိတာ

Posted on

ဖေလာ္ရင့္(စ) ႏိုက္တင္ေဂးလ္(Florence Nightingale) ကို အီတလီျပည္၊ ဖေလာ္ရင့္(စ)ၿမိဳ႕၌ ၁၈၂၀ ခုႏွစ္၊ ေမလ ၁၂ ရက္ေန႔တြင္ ေမြးဖြားခဲ့သည္။ ထိုေခတ္က ၿဗိတိန္ႏိုင္ငံသားမ်ားသည္ သား သမီးေမြးဖြားလၽွင္ မိမိတို႔၏ ၿမိဳ႕႐ြာေဒသ၏အမည္ျဖင့္ မွည့္ ေခၚသည့္ စိတ္အစြဲရွိၾကသူမ်ား ျဖစ္ေသာေၾကာင့္ သမီးျဖစ္သူ ကို သူ႕မိဘမ်ားမွ ဖေလာ္ရင့္(စ)ႏိုက္တင္ေဂးလ္ဟု အမည္ေပး ခဲ့သည္ဟူ၏။

ဖေလာ့ရင့္(စ)၏ မိဘမ်ားသည္ ခ်မ္းသာၾက၏။ အထက္တန္းလႊာ အသိုက္အဝန္း၌ ဝင္ဆံ့ၾက၏။ ႏိုင္ငံေရးႏွင့္ လူမႈေရးေလာကတြင္ ဦးေဆာင္ဦး႐ြက္ ျပဳေနၾကသည့္ ပုဂၢိဳလ္ ႀကီးမ်ားအထိ ရင္းႏွီးကၽြမ္းဝင္ၾက၏။ မေတာင့္မတ မေၾကာင့္ မၾက လိုတရ ဘဝမ်ားႏွင့္ ႀကီးျပင္းခဲ့ရသည္။ ဖေလာ္ရင့္(စ) သည္ ေက်ာင္းပညာအရာ၌လည္း သူ႕ေခတ္က ပညာတတ္ အမ်ိဳးသမီးေလာကတြင္ ထိပ္တန္းမွ ရွိခဲ့သည္ဆို၏။

မိတ္ေဆြလည္း ေပါ၏။ ခရီးသြားျခင္းကို ဝါသနာပါ သျဖင့္ မိမိတိုင္းျပည္သာမက ႏိုင္ငံရပ္ျခား တိုင္းျပည္မ်ားသို႔ ပင္ အလည္အပတ္သြားခဲ့၏။ စူးစမ္းဆင္ျခင္ႏိုင္သည့္သေဘာ ရွိသလို လူအမ်ားအက်ိဳးကို သယ္ပိုးေဆာင္႐ြက္ခ်င္သည့္ဆႏၵ မွာ ပို၍ပို၍ ႀကီးမားလာခဲ့သည္ဆို၏။

 

သို႔ေသာ္ သူမသည္ သူမဘဝကို ေက်နပ္အားရႏိုင္ျခင္းမရွိ။ မိမိတို႔မွာ ရွိသမၽွေသာ အရာတို႔သည္ အခ်ည္းအႏွီးႏွင့္ အဓိပၸာယ္မဲ့ေသာ အေဆာင္ အေယာင္ ပကာသနမ်ားသာ ျဖစ္သည္ဟူေသာ အေတြးသစ္ တို႔ ေပၚေပါက္ခဲ့သည္ဆို၏။ ထို႔ေၾကာင့္ အသက္ ၃ဝ ေက်ာ္အ႐ြယ္တြင္ လူသား အမ်ားတို႔အား အက်ိဳးေက်းဇူးျပဳသည့္ လုပ္ငန္းတစ္စုံတစ္ရာ ျပဳလုပ္ေဆာင္႐ြက္ႏိုင္မွသာလၽွင္ မိမိဘဝသည္ တန္ဖိုးရွိေသာ၊ အဓိပၸာယ္ စစ္မွန္ျပည့္ဝေသာ ဘဝျဖစ္မည္ဟူ၍ သူမစိတ္ထဲတြင္ ျဖစ္ေပၚလ်က္ရွိခဲ့သည္ဟူ၏။

မိဘမ်ားမွာလည္း မေျပာ သာ၍ ၾကည့္ေနခဲ့ၿပီး သမီးစိတ္ခ်မ္းသာေစရန္သာ ခြင့္ျပဳခဲ့ၾက ရသည္ဆို၏။ မိဘမ်ားမွ သမီးကို ခ်စ္ခင္ျမတ္ႏိုးလွေသာ္လည္း သမီး ဝါသနာပါေနသည့္ လူမႈေရးလုပ္ငန္းျဖစ္ေသာ သူနာျပဳ လုပ္ငန္းကို မလုပ္ရန္ တားျမစ္ၾကည့္ၾက၏။ စိတ္အေျပာင္း အလဲျဖစ္ေစရန္ ႏိုင္ငံရပ္ျခား တိုင္းျပည္မ်ားသို႔ ေစလႊတ္ခဲ့၏။ သို႔ေသာ္ မေျပာင္းလဲခဲ့။ သမီးဖေလာ္ရင့္(စ)မွာ ထိုဝါသနာကို သာ စြဲၿမဲခဲ့ေလၿပီ။

မိမိ စိတ္ဝင္စားခဲ့ေသာ ထိုလုပ္ငန္းတာဝန္ႀကီးကို မထမ္းေဆာင္ေသးမီ ဖေလာ္ရင့္(စ)သည္ သူဝင္ေရာက္လုပ္ ကိုင္မည့္ ေဆး႐ုံမ်ား၊ သူနာျပဳစုေနသည့္ သူနာျပဳမ်ား၏ဘဝ မ်ားစြာကို ေလ့လာခဲ့ေလ၏။ ထိုေခတ္က သူနာျပဳမ်ား၏ဘဝ သည္ လူနာမ်ားေပၚတြင္ ေစတနာမပါခဲ့သလို ဝတၱရားေက် လုပ္သည့္အျပင္ ထိုလုပ္ငန္းသည္ ေအာက္ဆုံးအလႊာသူဆင္းရဲ မ်ားသာ လုပ္သည့္အခ်ိန္ ျဖစ္သည္ဆို၏။

လူတကာ႐ြံရွာ၍ ေရွာင္ရွားသည့္လုပ္ငန္း။ ထိုလုပ္ငန္းကိုမွ ဖေလာ္ရင့္(စ) စိတ္ဝင္စားခဲ့ျခင္း။ ထို႔ေၾကာင့္ ကုသျပဳစုျခင္းမ်ား မစတင္မီ မိတ္ေဆြမ်ားႏွင့္ ဖေလာ္ရင့္(စ)သည္ ေရာမၿမိဳ႕သို႔ စတင္သြားေရာက္ခဲ့သည္။ ထိုေရာမၿမိဳ႕ႀကီးတြင္ ကမၻာ့သမိုင္းဝင္ အေဆာက္အဦမ်ားကို စိတ္မဝင္စား။ ဖေလာ္ရင့္(စ) စိတ္ဝင္စားသည္က ႐ိုမန္ကက္ သလစ္ ဘာသာဝင္ သီလရွင္စစၥတာမ်ား၏ ကုသိုလ္ျဖစ္လုပ္ ငန္းမ်ား။ ထိုေရာမၿမိဳ႕ ေဆးခရက္ဟတ္ကြန္ဗင့္ေက်ာင္း၌ ဆယ္ ရက္မၽွ ေနထိုင္ခဲ့ၿပီး သီလရွင္တို႔၏ လူမႈေရးဆိုင္ရာ ေစတနာ႔ ဝန္ထမ္း လုပ္ငန္းမ်ားတြင္ အဖြဲ႕အစည္း ပုံသ႑ာန္ျဖင့္ ဝင္ေရာက္လုပ္ကိုင္ေနၾကပုံကို ကိုယ္ေတြ႕ေလ့လာခဲ့သည္။

ထိုမွ ဂ်ာမနီျပည္ ကိုင္ဇာစဝပ္ၿမိဳ႕။ ထိုၿမိဳ႕၌ ဖလိဒ္နာ အမည္ရွိ ပ႐ိုတက္စတင့္ ခရစ္ယာန္ဓမၼဆရာတစ္ဦး ဦးေဆာင္ လ်က္ ေဆး႐ုံသူနာျပဳမ်ားအတြင္း သင္တန္းေက်ာင္းတစ္ခု ဖြင့္လွစ္ထားေၾကာင္း သူၾကားသိခဲ့ရသည္ဆို၏။ ထိုအခါတြင္ သူမတို႔ အဂၤလန္တြင္လည္း ထိုသို႔သူနာျပဳလုပ္ငန္းမ်ား စနစ္ တက် ျဖစ္ေပၚလာေရးအတြက္ ေဆာင္႐ြက္မည္။ သို႔ေသာ္ အီတလီ၊ ဂ်ာမနီတို႔မွာကဲ့သို႔ ဘာသာေရး အဖြဲ႕အစည္း ေဘာင္ ထဲမွ မဟုတ္ဘဲ ျပင္ပပုဂၢိဳလ္မ်ားမွ ဦးေဆာင္လုပ္ကိုင္သည့္ လူမႈဝန္ထမ္းသက္သက္ ျဖစ္ေစရမည္ဟူ၍ သူမ ဆုံးျဖတ္ခဲ့ သည္ဆို၏။

ထိုကာလမွာပင္ ဖေလာ္ရင့္(စ)သည္ ေစတနာ႔ဝန္ ထမ္းလုပ္ငန္းတြင္ ဘဝတစ္ေလၽွာက္လုံး ခင္မင္ေလးစားစြာ ဆက္ဆံရမည့္ မိတ္ေဆြေကာင္း ပုဂၢိဳလ္ႀကီးတစ္ဦးႏွင့္ ေတြ႕ဆုံ ခဲ့ရေလ၏။ ထိုပုဂၢိဳလ္ႀကီးကား ဆစ္ဒနီဟားဗတ္။ ဟားဗတ္ သည္ အဂၤလိပ္နယ္စား မ်ိဳး႐ိုး။ ဝန္ႀကီးေဟာင္း တစ္ဦး။ ဟားဗတ္တို႔ဇနီးေမာင္ႏွံႏွင့္ ဖေလာ္ရင့္(စ)တို႔ ဆုံေတြ႕မိရာမွ စိတ္သေဘာထားႏွင့္ အယူအဆမ်ားကို သိရွိသြားၿပီး ေလးစား ခင္မင္မိခဲ့ၾကသည္ဆို၏။

ဖေလာ္ရင့္(စ)အေနႏွင့္ သူဝါသနာပါ၍ ျပဳလုပ္ေတာ့ မည္ျဖစ္ေသာ လုပ္ငန္းႀကီးသည္ သူႀကီးျပင္းက်င္လည္ခဲ့ရာ ဘဝႏွင့္ မိုးႏွင့္ေျမျဖစ္ေနေသာေၾကာင့္ ဆုံးျဖတ္ခ်က္ခ်ရန္ စတင္ လုပ္ကိုင္ရန္ ေႏွာင့္ေႏွး၍ ေနမိသည္ဆို၏။ သို႔ႏွင့္ ျပင္သစ္ျပည္ ပါရီၿမိဳ႕သို႔ ခရီးထြက္ခဲ့ျပန္၏။

ပါရီၿမိဳ႕တြင္လည္း စိန္႔ဗင္ဆင့္ဒေပါအသင္းမွ သီလ ရွင္ စစၥတာႏွစ္ေယာက္ႏွင့္ မိတ္ေဆြျဖစ္ ဆုံေတြ႕ခဲ့သည္။ စစၥတာမ်ားမွ သူမအား အီဂ်စ္ျပည္ အလက္ဇႏၵီးယားၿမိဳ႕တြင္ အေျခစိုက္သည့္ ၎တို႔အသင္းအေၾကာင္း ေျပာၾကားသျဖင့္ စိတ္ဝင္စားကာ ဖေလာ္ရင့္(စ)သည္ ဥေရာပတိုက္ကို ျဖတ္ သန္း၍ အီဂ်စ္ျပည္သို႔ သြားခဲ့သည္။

အီဂ်စ္ျပည္ အလက္ဇ`ႏၵီးယားၿမိဳ႕သို႔ ေရာက္ေသာ အခါ စိန္႔ဗင္းဆင့္ဒေပါအသင္းမွ ထူေထာင္ထားသည့္ စာသင္ ေက်ာင္းမ်ား၊ ေဆး႐ုံမ်ားကို လိုက္လံၾကည့္႐ႈေလ့လာခဲ့သည္။ ထိုၿမိဳ႕မွ ရရွိခဲ့သည့္ အက်ိဳးေက်းဇူးမ်ားကား ေဆး႐ုုံလုပ္ငန္း တြင္ တိက်ေသာစည္းကမ္းႏွင့္ စနစ္တက် အုပ္ခ်ဳပ္ႏိုင္ေရး သည္ အလြန္အေရးႀကီးေၾကာင္း သိျမင္ခဲ့ရျခင္းျဖစ္သည္။

ထိုမွအျပန္ ဂ်ာမနီသို႔ သြားေရာက္ကာ ဖလိဒ္နာ၏ ပ႐ိုတက္စတင့္ ခရစ္ယာန္ အမ်ိဳးသမီးသင္းေထာက္သင္တန္း ေက်ာင္းသို႔ဝင္ၿပီး ေလ့လာခဲ့ေသးသည္။ ထိုသူနာျပဳသင္တန္း ကိုလည္း အထူးႏွစ္သက္ သေဘာက်ခဲ့ျပန္၏။

ထိုခရီးစဥ္အားလုံးတြင္ ဖေလာ္ရင့္(စ)သည္ ဆင္းရဲ ဒုကၡေရာက္ေနသူမ်ား၊ ေရာဂါေဝဒနာရွင္မ်ားအတြက္ မည္သို႔ ေသာ ေစတနာ႔ဝန္ထမ္းလုပ္ငန္းမ်ား ရွိေလသနည္းဟု ေမးျမန္း စူးစမ္းကာ တကူးတက သြားေရာက္ေလ့လာသည္ဟုဆို၏။

ထိုသို႔ၾကည့္႐ႈေလ့လာခဲ့ရင္းမွ မိမိတို႔တိုင္းျပည္တြင္ ထိုကဲ့သို႔လုပ္ငန္းမ်ိဳးသည္ အေျခခံမၽွပင္ မရွိေၾကာင္း သူေတြးမိ လာဆို၏။ မြမ္းမံ႐ုံႏွင့္မရ၊ အသစ္တည္ထြင္ရမည္ကိုလည္း သေဘာေပါက္ခဲ့သည္ဆို၏။ သို႔ႏွင့္ မိဘမ်ားႏွင့္ အသိုက္ အဝန္းကို ဖေလာ္ရင့္(စ)မွ ဖြင့္ဟတိုင္ပင္ရာ မိဘမ်ားမွသေဘာ မတူခဲ့ေပ။ သို႔ေသာ္ ဖေလာ္ရင့္(စ)မိတ္ေဆြႀကီး ဆစ္ဒနီဟား ဗတ္မွ သူမအတြက္ မိဘမ်ားကို တျဖည္းျဖည္း စည္း႐ုံး ေဖ်ာင္းဖ်ေပးခဲ့သည္။ မိဘမ်ားမွာ ေနာက္ဆုံးတြင္ ခြင့္ျပဳ သေဘာတူခဲ့ရသည္။

ထို႔ေၾကာင့္ ဖေလာ္ရင့္(စ)သည္ ညီမတစ္ဦးကို အေဖာ္ အျဖစ္ ေခၚေဆာင္ကာ ဥေရာပခရီး ေနာက္တစ္ႀကိမ္ထြက္ခဲ့ ျပန္ေလ၏။ ဂ်ာမနီတြင္ ဖလိဒ္နာ၏သင္တန္း၌ ဖေလာ္ရင့္(စ) သည္ သင္တန္းသူအျဖစ္ စာရင္းသြင္းရင္း သင္တန္းတက္ခဲ့ ေလ၏။ ထိုသင္တန္းမွ သူတစ္ပါးတို႔ အက်ိဳးအတြက္ မိမိမွ အနစ္နာခံ၊ အပင္ပန္းခံရသည့္ ေစတနာရွင္တို႔၏ဘဝကို ကိုယ္ေတြ႕သိရွိခဲ့ရသည္ဆို၏။

သူနာျပဳဆိုင္ရာ ဗဟုသုတမ်ား ႏွင့္ သူမရာသက္ပန္ လုပ္ကိုင္သြားမည့္ လုပ္ငန္းႀကီးအတြက္ စိတ္ဓာတ္စြမ္းအားမ်ား ရရွိခဲ့သည္ဆို၏။ထိုမွ အဂၤလန္သို႔ျပန္လာကာ လန္ဒန္ႏွင့္ အီဒင္ဘာ ရာၿမိဳ႕မ်ားရွိ ေဆး႐ုံမ်ားရွိ သူနာျပဳလုပ္ငန္းႏွင့္ လိုအပ္ခ်က္ မ်ား၊ ျပင္သစ္ျပည္ပါရီမွ ျပင္သစ္သူနာျပဳ အဖြဲ႕အစည္းမ်ား အေၾကာင္းမ်ားကို အေသးစိတ္ ေလ့လာမွတ္သားခဲ့သည္။

၁၈၅၃ ခုႏွစ္၊ ဩဂုတ္လတြင္ ဖေလာ္ရင့္(စ)ႏိုက္တင္ ေဂးလ္သည္ လန္ဒန္ၿမိဳ႕ႀကီးမွာပင္ ဆင္းရဲခ်ိဳ႕တဲ့၍ ေဆြမ်ိဳး ဉာတိနည္းပါးေသာ ဂီလာန အမ်ိဳးသမီးႀကီးမ်ားအတြက္ ပထမ ဦးဆုံး ရည္႐ြယ္ကာ ဂီလာန အမ်ိဳးသမီးႀကီးမ်ား ေစာင့္ေရွာက္ ေရးဌာနကို ဖြင့္လွစ္ခဲ့ေလသည္။ ဖေလာ္ရင့္(စ)သည္ ကိုယ္တိုင္ဦးစီးသည့္ ထိုသူနာျပဳ ေစာင့္ေရွာက္ေရးလုပ္ငန္းကို သိျမင္ေလ့လာခဲ့ေသာ ေကာင္းမြန္ ေသာစည္းကမ္း အသိပညာ ဗဟုသုတမ်ားျဖင့္ သန္႔ရွင္းစင္ ၾကယ္စြာ ထားရွိမႈမ်ားႏွင့္ စတင္ခဲ့ေလ၏။

ဖေလာ္ရင့္(စ)သည္ ေဆးပညာရွင္တစ္ဦး မဟုတ္ ေသာ္လည္း သူ႕ေဆး႐ုံ၌ လူနာမ်ားအား သူ႕ေခတ္ကာလ ေဆးပညာအဆင့္အတန္း ရွိသမၽွ အျပည့္အဝ ခံစားေစၿပီး ေဆး႐ုံလုပ္ငန္း တာဝန္မ်ားကို အေကာင္းဆုံး၊ အေခ်ာေမြ႕ဆုံး၊ တိက်ေသာ စည္းမ်ဥ္းမ်ားျဖင့္ ျပည္သူတို႔၏ အဆင့္အတန္းကို ျမႇင့္တင္ေပးေနသူ တစ္ဦးအျဖစ္ အသိအမွတ္ ျပဳလာခဲ့ၾကရ သည္ဆို၏။

သူမ၏စြမ္းေဆာင္ေအာင္ျမင္မႈမ်ားကို ေဆးဘက္ဆိုင္ ရာမွ အထူးပင္ ေလးစားခဲ့ၾကသည္။ ထိုကာလႏွစ္မ်ားမွာပင္ က႐ိုင္းမီးယားစစ္ပြဲႀကီး ျဖစ္ေပၚခဲ့ေလ၏။ ႐ုရွားႏွင့္ တူရကီ၊ ျပင္သစ္၊ အဂၤလိပ္တို႔ စစ္ပြဲႀကီး။ ၁၈၅၄ ခုႏွစ္။

ထိုတိုက္ပြဲႀကီး၏ သတင္းမ်ားမွာ ဖေလာ္ရင့္(စ)ကို စစ္ေျမျပင္သို႔ သြားေရာက္ရန္ သတိေပးသလို ျဖစ္ခဲ့ေလ၏။ စစ္ေျမျပင္တြင္ ေသဆုံးသူမ်ား၊ ဒဏ္ရာရသူမ်ားအတြက္ ဆရာဝန္ မလုံေလာက္၊ ေဆးဝါး မလုံေလာက္၊ တာဝန္ယူ မည့္သူမရွိ ဆိုသည့္သတင္းမ်ား။ ထိုအခ်ိန္မွာပင္ စစ္ဝန္ႀကီး ျဖစ္ေနေသာ ဆစ္ဒနီဟားဗတ္မွ ဖေလာ္ရင့္(စ)ထံသို႔ စာေရး၍ အကူအညီ ေတာင္းခံခဲ့ေလ၏။

သူမက ထိုကိစၥကို လက္ခံခဲ့၍ သူနာျပဳဆရာမခ်ဳပ္အျဖစ္ ခန္႔အပ္ခဲ့သည္။ ခန္႔စာရရွိၿပီး ၁၈၅၄ ခုႏွစ္၊ ေအာက္တိုဘာလ ၂၁ ရက္ေန႔မွာပင္ စကူတာရီၿမိဳ႕ (အစၥတန္ဘူလ္)သို႔ ဖေလာ္ရင့္(စ) သည္ အရည္အခ်င္းျပည့္ဝေသာ သူနာျပဳေစတနာ႔ဝန္ထမ္း ၃၈ ဦးတို႔ႏွင့္ ထြက္ခြာသြားခဲ့သည္။ ထိုသတင္းေၾကာင့္ ဖေလာ္ရင့္(စ) ႏိုက္တင္ေဂးလ္ကို တိုင္းျပည္မွ အထူးပင္ ခ်ီးက်ဴး ဂုဏ္ျပဳၾကသည္။

စကူတာရီသို႔ ႏိုဝင္ဘာလ ၄ ရက္ေန႔တြင္ ေရာက္ရွိ ခဲ့ၾကၿပီး ခရီးေရာက္မဆိုက္မွာပင္ တိုက္ပြဲမွ ဒဏ္ရာရသူမ်ား ကို လက္ခံကုသခဲ့ရာ လူေပါင္းေထာင္ခ်ီခဲ့သည္ဆို၏။ ဖေလာ္ ရင့္(စ)အတြက္ ရန္ပုံေငြမ်ား၊ အေထာက္အကူပစၥည္းမ်ား ေပးပို႔ကူညီခဲ့သည္ဆိုေသာ္လည္း ၾကန္႔ၾကာမႈရွိခဲ့သျဖင့္ ထို အရာအားလုံးကို မိမိဉာဏ္ျဖင့္ အလုပ္ျဖစ္ေအာင္ လုပ္ခဲ့သည္၊ ၫႊန္ၾကားသည္ ဆို၏။

သန္႔ရွင္းေရးပစၥည္းႏွင့္ေဆးဝါးမ်ား အဝတ္အစားမ်ား စြာအတြက္ ပင္မင္းလုပ္ငန္းမ်ား၊ ဝတ္စုံမ်ား၊ လူနာမ်ားထားရန္၊ အေဆာက္အဦမ်ားရရွိရန္ အေၾကာင္းမ်ားစြာကို ႐ုံးပုံစံႏွင့္ မဆုံးျဖတ္ဘဲ ကိုယ္ပိုင္အသိႏွင့္ အေဆာတလ်င္ ၿပီးဆုံးေအာင္ ေဆာင္႐ြက္ခဲ့သည္။ မည္သူႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ အမ်ားႏွင့္လုပ္ေသာ လုပ္ငန္းႀကီးပင္ ျဖစ္လင့္ကစား စည္းကမ္း ႏွင့္သာ သတ္မွတ္သည္။ လူနာျပဳစုေရးႏွင့္ သန္႔ရွင္းစင္ၾကယ္ ေရးသည္သာ အဓိကဟူေသာမူႏွင့္ ကုသခဲ့ေသာေၾကာင့္ လူနာ အေသအေက်ေပ်ာက္ႏႈန္းမွာ သိသိသာသာႀကီး ကြာဟခဲ့သည္ ဟူ၏။

ေဆးပညာႏွင့္ ကုသေရး၊ ေစာင့္ေရွာက္ေရး၊ အုပ္ခ်ဳပ္ ေရး၊ စီမံခန္႔ခြဲမႈတို႔၏ ယွက္ႏြယ္မႈကို သိျမင္လာခဲ့ၾကျခင္း။ ေဆး႐ုံ၊ ေဆးဝါး၊ ပရိေဘာဂမ်ားကို သန္႔ရွင္းေအာင္ထားျခင္း၊ လူနာမ်ားကို ေဆးကုသမႈ မွန္ကန္သလို အစာအာဟာရႏွင့္ ေနထိုင္မႈ၊ ျပဳစုမႈတို႔သည္လည္း ညီၫြတ္မၽွတမွသာ ေအာင္ ျမင္ႏိုင္သည္ဟူေသာ အသိကို ဖေလာ္ရင့္(စ)မွ အားလုံးသို႔ သိရွိေစခဲ့သည္ဆို၏။

ဖေလာ္ရင့္သည္ ထိုကာလမ်ား စတင္၍ ေန႔စဥ္နာရီ ၂၀ ႏႈန္း အလုပ္လုပ္ခဲ့သည္ဆို၏။ ညဆိုလၽွင္လည္း မီးအိမ္ တစ္လုံးႏွင့္ ကိုင္ေဆာင္လွည့္လည္၍ လူနာမ်ား၏ အေျခအေန ကို စစ္ေဆးၾကည့္႐ႈခဲ့ၿပီး လိုအပ္သလို ျပဳစုေဆာင္႐ြက္ေပးေလ့ ရွိသည္ဆို၏။ ထိုအျခင္းအရာကို အေၾကာင္းျပဳ၍ မီးအိမ္ရွင္မ အျဖစ္ တျဖည္းျဖည္း ေျပာစမွတ္ျပဳခံခဲ့ၾကသည္ဆို၏။ ေနာင္ ေသာအခါ ေဆး႐ုံျပင္ပေလာကသို႔ပါ ပ်ံ႕ႏွံ႔ခဲ့ရာ ဖေလာ္ရင့္(စ) အား မီးအိမ္ရွင္မ ႏိုက္တင္ေဂးလ္အျဖစ္ ကမၻာမွပင္ အသိ အမွတ္ ျပဳခဲ့ၾကရသည္။

ဖေလာ္ရင့္(စ)သည္ ဒဏ္ရာရစစ္သည္မ်ားသာမဟုတ္၊ စစ္ေျမျပင္သို႔ပင္ သြားေရာက္ကာ ဒဏ္ရာရသူမ်ားအား ပိုမို ထိေရာက္ျမန္ဆန္မည့္နည္းမ်ား၊ အစီအစဥ္သစ္မ်ား ခ်မွတ္ ေပးခဲ့သည္။ နာလန္ထလူမမ်ားအတြက္လည္း စာအုပ္စာတမ္း မ်ား၊ ေဖ်ာ္ေျဖမႈမ်ား၊ ကာယေလ့က်င့္ခန္းမ်ား တီထြင္ေပးခဲ့ သည္။ ထိုကာလတြင္ ဖေလာ္ရင့္(စ)သည္ အပင္ပန္းခံလြန္း သျဖင့္ ေရာဂါႀကီးစြာႏွင့္ ဖ်ားခဲ့ေလ၏။ ေနေကာင္းခဲ့ေသာ္ လည္း ယခင္ကေလာက္ ပင္ပင္ပန္းပန္း မလုပ္ႏိုင္ေတာ့ေပ။

ထိုသို႔ႏွင့္ ၁၈၅၆ ခုႏွစ္ ဇူလိုင္လအထိ ဆက္လက္လုပ္ကိုင္ ေနခဲ့သည္။ တူရကီမွ ျပန္လာခဲ့ေသာ ဖေလာ္ရင့္(စ)ကို အဂၤလန္မွ အထူးပင္ ေလးစားၾကည္ၫိုခဲ့ၾကသည္။ က႐ိုင္း မီးယားစစ္ေျမျပန္ သူမအတြက္ တိုင္းျပည္မွ စုေဆာင္းေကာက္ ခံ ခ်ီးျမႇင့္သည့္ေငြမ်ားကို ကိုယ္တိုင္မယူဘဲ စိန္႔ေသာမတ္ ေဆး႐ုံတြင္ သူနာျပဳသင္တန္းသူမ်ားအတြက္ ႏိုက္တင္ေဂးလ္ သင္တန္းေက်ာင္းႏွင့္ အေဆာင္တစ္ခု ေဆာက္လုပ္ရန္ မတည္ ေပးခဲ့သည္။သူမ၏ နည္းစနစ္သစ္မ်ားကို အဂၤလန္ျပည္မွ ေခတ္ သစ္သူနာျပဳစနစ္ကို စတင္ပုံေဖာ္ခဲ့သူအျဖစ္ အသိအမွတ္ျပဳခဲ့ ၾကရသည္။

ဖေလာ္ရင့္(စ)သည္ သူ႕ဘဝ တစ္ေလၽွာက္လုံးတြင္ သူနာျပဳ အတတ္ပညာႏွင့္ ေဆး႐ုံစီမံ အုပ္ခ်ဳပ္မႈပညာဆိုင္ရာ စာအုပ္စာတမ္းမ်ား ေရးသားျပဳစုျခင္း၊ ႏိုင္ငံတကာရွိ သူနာျပဳ အသင္းအဖြဲ႕မ်ားႏွင့္ အဆက္အသြယ္ျပဳျခင္း၊ လုပ္ပုံကိုင္ပုံ နည္းနာမ်ား ေဝငွေပးျခင္း၊ နည္းနာယူျခင္း၊ အႀကံဉာဏ္မ်ား ေပးျခင္းတို႔ကို အသက္အ႐ြယ္ ႀကီးျမင့္သည္အထိ ေဆာင္႐ြက္ ခဲ့ေလသည္။ ထိုသို႔ႏွင့္ မီးအိမ္ရွင္ ဖေလာ္ရင့္(စ)ႏိုက္တင္ေဂးလ္ သည္ ၁၉၁၀ ျပည့္ႏွစ္၊ ဩဂုတ္လ ၁၃ ရက္ေန႔တြင္ ကြယ္လြန္ခဲ့ေလသည္။

သုေတသီ ေရး ထင္ရွားေက်ာ္ၾကား ပုဂၢိဳလ္မ်ား
Myanmar Wikipedia


စေတနာမေတ္တာအပြည့် နဲ့ မီးအိမ်ရှင် (သို့) ဖလော်ရင့်(စ)နိုက်တင်ဂေးလ် ဆိုတာ (unicode)

ဖလော်ရင့်(စ) နိုက်တင်ဂေးလ်(Florence Nightingale) ကို အီတလီပြည်၊ ဖလော်ရင့်(စ)မြို့၌ ၁၈၂၀ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ထိုခေတ်က ဗြိတိန်နိုင်ငံသားများသည် သား သမီးမွေးဖွားလျှင် မိမိတို့၏ မြို့ရွာဒေသ၏အမည်ဖြင့် မှည့် ခေါ်သည့် စိတ်အစွဲရှိကြသူများ ဖြစ်သောကြောင့် သမီးဖြစ်သူ ကို သူ့မိဘများမှ ဖလော်ရင့်(စ)နိုက်တင်ဂေးလ်ဟု အမည်ပေး ခဲ့သည်ဟူ၏။

ဖလော့ရင့်(စ)၏ မိဘများသည် ချမ်းသာကြ၏။ အထက်တန်းလွှာ အသိုက်အဝန်း၌ ဝင်ဆံ့ကြ၏။ နိုင်ငံရေးနှင့် လူမှုရေးလောကတွင် ဦးဆောင်ဦးရွက် ပြုနေကြသည့် ပုဂ္ဂိုလ် ကြီးများအထိ ရင်းနှီးကျွမ်းဝင်ကြ၏။ မတောင့်မတ မကြောင့် မကြ လိုတရ ဘဝများနှင့် ကြီးပြင်းခဲ့ရသည်။ ဖလော်ရင့်(စ) သည် ကျောင်းပညာအရာ၌လည်း သူ့ခေတ်က ပညာတတ် အမျိုးသမီးလောကတွင် ထိပ်တန်းမှ ရှိခဲ့သည်ဆို၏။ မိတ်ဆွေလည်း ပေါ၏။ ခရီးသွားခြင်းကို ဝါသနာပါ သဖြင့် မိမိတိုင်းပြည်သာမက နိုင်ငံရပ်ခြား တိုင်းပြည်များသို့ ပင် အလည်အပတ်သွားခဲ့၏။ စူးစမ်းဆင်ခြင်နိုင်သည့်သဘော ရှိသလို လူအများအကျိုးကို သယ်ပိုးဆောင်ရွက်ချင်သည့်ဆန္ဒ မှာ ပို၍ပို၍ ကြီးမားလာခဲ့သည်ဆို၏။

သို့သော် သူမသည် သူမဘဝကို ကျေနပ်အားရနိုင်ခြင်းမရှိ။ မိမိတို့မှာ ရှိသမျှသော အရာတို့သည် အချည်းအနှီးနှင့် အဓိပ္ပာယ်မဲ့သော အဆောင် အယောင် ပကာသနများသာ ဖြစ်သည်ဟူသော အတွေးသစ် တို့ ပေါ်ပေါက်ခဲ့သည်ဆို၏။ ထို့ကြောင့် အသက် ၃ဝ ကျော်အရွယ်တွင် လူသား အများတို့အား အကျိုးကျေးဇူးပြုသည့် လုပ်ငန်းတစ်စုံတစ်ရာ ပြုလုပ်ဆောင်ရွက်နိုင်မှသာလျှင် မိမိဘဝသည် တန်ဖိုးရှိသော၊ အဓိပ္ပာယ် စစ်မှန်ပြည့်ဝသော ဘဝဖြစ်မည်ဟူ၍ သူမစိတ်ထဲတွင် ဖြစ်ပေါ်လျက်ရှိခဲ့သည်ဟူ၏။ မိဘများမှာလည်း မပြော သာ၍ ကြည့်နေခဲ့ပြီး သမီးစိတ်ချမ်းသာစေရန်သာ ခွင့်ပြုခဲ့ကြ ရသည်ဆို၏။

မိဘများမှ သမီးကို ချစ်ခင်မြတ်နိုးလှသော်လည်း သမီး ဝါသနာပါနေသည့် လူမှုရေးလုပ်ငန်းဖြစ်သော သူနာပြု လုပ်ငန်းကို မလုပ်ရန် တားမြစ်ကြည့်ကြ၏။ စိတ်အပြောင်း အလဲဖြစ်စေရန် နိုင်ငံရပ်ခြား တိုင်းပြည်များသို့ စေလွှတ်ခဲ့၏။ သို့သော် မပြောင်းလဲခဲ့။ သမီးဖလော်ရင့်(စ)မှာ ထိုဝါသနာကို သာ စွဲမြဲခဲ့လေပြီ။ မိမိ စိတ်ဝင်စားခဲ့သော ထိုလုပ်ငန်းတာဝန်ကြီးကို မထမ်းဆောင်သေးမီ ဖလော်ရင့်(စ)သည် သူဝင်ရောက်လုပ် ကိုင်မည့် ဆေးရုံများ၊ သူနာပြုစုနေသည့် သူနာပြုများ၏ဘဝ များစွာကို လေ့လာခဲ့လေ၏။ ထိုခေတ်က သူနာပြုများ၏ဘဝ သည် လူနာများပေါ်တွင် စေတနာမပါခဲ့သလို ဝတ္တရားကျေ လုပ်သည့်အပြင် ထိုလုပ်ငန်းသည် အောက်ဆုံးအလွှာသူဆင်းရဲ များသာ လုပ်သည့်အချိန် ဖြစ်သည်ဆို၏။

လူတကာရွံရှာ၍ ရှောင်ရှားသည့်လုပ်ငန်း။ ထိုလုပ်ငန်းကိုမှ ဖလော်ရင့်(စ) စိတ်ဝင်စားခဲ့ခြင်း။ ထို့ကြောင့် ကုသပြုစုခြင်းများ မစတင်မီ မိတ်ဆွေများနှင့် ဖလော်ရင့်(စ)သည် ရောမမြို့သို့ စတင်သွားရောက်ခဲ့သည်။ ထိုရောမမြို့ကြီးတွင် ကမ္ဘာ့သမိုင်းဝင် အဆောက်အဦများကို စိတ်မဝင်စား။ ဖလော်ရင့်(စ) စိတ်ဝင်စားသည်က ရိုမန်ကက် သလစ် ဘာသာဝင် သီလရှင်စစ္စတာများ၏ ကုသိုလ်ဖြစ်လုပ် ငန်းများ။ ထိုရောမမြို့ ဆေးခရက်ဟတ်ကွန်ဗင့်ကျောင်း၌ ဆယ် ရက်မျှ နေထိုင်ခဲ့ပြီး သီလရှင်တို့၏ လူမှုရေးဆိုင်ရာ စေတနာ့ ဝန်ထမ်း လုပ်ငန်းများတွင် အဖွဲ့အစည်း ပုံသဏ္ဍာန်ဖြင့် ဝင်ရောက်လုပ်ကိုင်နေကြပုံကို ကိုယ်တွေ့လေ့လာခဲ့သည်။ ထိုမှ ဂျာမနီပြည် ကိုင်ဇာစဝပ်မြို့။ ထိုမြို့၌ ဖလိဒ်နာ အမည်ရှိ ပရိုတက်စတင့် ခရစ်ယာန်ဓမ္မဆရာတစ်ဦး ဦးဆောင် လျက် ဆေးရုံသူနာပြုများအတွင်း သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ထားကြောင်း သူကြားသိခဲ့ရသည်ဆို၏။ ထိုအခါတွင် သူမတို့ အင်္ဂလန်တွင်လည်း ထိုသို့သူနာပြုလုပ်ငန်းများ စနစ် တကျ ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်မည်။ သို့သော် အီတလီ၊ ဂျာမနီတို့မှာကဲ့သို့ ဘာသာရေး အဖွဲ့အစည်း ဘောင် ထဲမှ မဟုတ်ဘဲ ပြင်ပပုဂ္ဂိုလ်များမှ ဦးဆောင်လုပ်ကိုင်သည့် လူမှုဝန်ထမ်းသက်သက် ဖြစ်စေရမည်ဟူ၍ သူမ ဆုံးဖြတ်ခဲ့ သည်ဆို၏။

ထိုကာလမှာပင် ဖလော်ရင့်(စ)သည် စေတနာ့ဝန် ထမ်းလုပ်ငန်းတွင် ဘဝတစ်လျှောက်လုံး ခင်မင်လေးစားစွာ ဆက်ဆံရမည့် မိတ်ဆွေကောင်း ပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် တွေ့ဆုံ ခဲ့ရလေ၏။ ထိုပုဂ္ဂိုလ်ကြီးကား ဆစ်ဒနီဟားဗတ်။ ဟားဗတ် သည် အင်္ဂလိပ်နယ်စား မျိုးရိုး။ ဝန်ကြီးဟောင်း တစ်ဦး။ ဟားဗတ်တို့ဇနီးမောင်နှံနှင့် ဖလော်ရင့်(စ)တို့ ဆုံတွေ့မိရာမှ စိတ်သဘောထားနှင့် အယူအဆများကို သိရှိသွားပြီး လေးစား ခင်မင်မိခဲ့ကြသည်ဆို၏။
ဖလော်ရင့်(စ)အနေနှင့် သူဝါသနာပါ၍ ပြုလုပ်တော့ မည်ဖြစ်သော လုပ်ငန်းကြီးသည် သူကြီးပြင်းကျင်လည်ခဲ့ရာ ဘဝနှင့် မိုးနှင့်မြေဖြစ်နေသောကြောင့် ဆုံးဖြတ်ချက်ချရန် စတင် လုပ်ကိုင်ရန် နှောင့်နှေး၍ နေမိသည်ဆို၏။ သို့နှင့် ပြင်သစ်ပြည် ပါရီမြို့သို့ ခရီးထွက်ခဲ့ပြန်၏။

ပါရီမြို့တွင်လည်း စိန့်ဗင်ဆင့်ဒပေါအသင်းမှ သီလ ရှင် စစ္စတာနှစ်ယောက်နှင့် မိတ်ဆွေဖြစ် ဆုံတွေ့ခဲ့သည်။ စစ္စတာများမှ သူမအား အီဂျစ်ပြည် အလက်ဇန္ဒီးယားမြို့တွင် အခြေစိုက်သည့် ၎င်းတို့အသင်းအကြောင်း ပြောကြားသဖြင့် စိတ်ဝင်စားကာ ဖလော်ရင့်(စ)သည် ဥရောပတိုက်ကို ဖြတ် သန်း၍ အီဂျစ်ပြည်သို့ သွားခဲ့သည်။ အီဂျစ်ပြည် အလက်ဇ`န္ဒီးယားမြို့သို့ ရောက်သော အခါ စိန့်ဗင်းဆင့်ဒပေါအသင်းမှ ထူထောင်ထားသည့် စာသင် ကျောင်းများ၊ ဆေးရုံများကို လိုက်လံကြည့်ရှုလေ့လာခဲ့သည်။ ထိုမြို့မှ ရရှိခဲ့သည့် အကျိုးကျေးဇူးများကား ဆေးရုံလုပ်ငန်း တွင် တိကျသောစည်းကမ်းနှင့် စနစ်တကျ အုပ်ချုပ်နိုင်ရေး သည် အလွန်အရေးကြီးကြောင်း သိမြင်ခဲ့ရခြင်းဖြစ်သည်။

ထိုမှအပြန် ဂျာမနီသို့ သွားရောက်ကာ ဖလိဒ်နာ၏ ပရိုတက်စတင့် ခရစ်ယာန် အမျိုးသမီးသင်းထောက်သင်တန်း ကျောင်းသို့ဝင်ပြီး လေ့လာခဲ့သေးသည်။ ထိုသူနာပြုသင်တန်း ကိုလည်း အထူးနှစ်သက် သဘောကျခဲ့ပြန်၏။ ထိုခရီးစဉ်အားလုံးတွင် ဖလော်ရင့်(စ)သည် ဆင်းရဲ ဒုက္ခရောက်နေသူများ၊ ရောဂါဝေဒနာရှင်များအတွက် မည်သို့ သော စေတနာ့ဝန်ထမ်းလုပ်ငန်းများ ရှိလေသနည်းဟု မေးမြန်း စူးစမ်းကာ တကူးတက သွားရောက်လေ့လာသည်ဟုဆို၏။

ထိုသို့ကြည့်ရှုလေ့လာခဲ့ရင်းမှ မိမိတို့တိုင်းပြည်တွင် ထိုကဲ့သို့လုပ်ငန်းမျိုးသည် အခြေခံမျှပင် မရှိကြောင်း သူတွေးမိ လာဆို၏။ မွမ်းမံရုံနှင့်မရ၊ အသစ်တည်ထွင်ရမည်ကိုလည်း သဘောပေါက်ခဲ့သည်ဆို၏။ သို့နှင့် မိဘများနှင့် အသိုက် အဝန်းကို ဖလော်ရင့်(စ)မှ ဖွင့်ဟတိုင်ပင်ရာ မိဘများမှသဘော မတူခဲ့ပေ။ သို့သော် ဖလော်ရင့်(စ)မိတ်ဆွေကြီး ဆစ်ဒနီဟား ဗတ်မှ သူမအတွက် မိဘများကို တဖြည်းဖြည်း စည်းရုံး ဖျောင်းဖျပေးခဲ့သည်။ မိဘများမှာ နောက်ဆုံးတွင် ခွင့်ပြု သဘောတူခဲ့ရသည်။

ထို့ကြောင့် ဖလော်ရင့်(စ)သည် ညီမတစ်ဦးကို အဖော် အဖြစ် ခေါ်ဆောင်ကာ ဥရောပခရီး နောက်တစ်ကြိမ်ထွက်ခဲ့ ပြန်လေ၏။ ဂျာမနီတွင် ဖလိဒ်နာ၏သင်တန်း၌ ဖလော်ရင့်(စ) သည် သင်တန်းသူအဖြစ် စာရင်းသွင်းရင်း သင်တန်းတက်ခဲ့ လေ၏။ ထိုသင်တန်းမှ သူတစ်ပါးတို့ အကျိုးအတွက် မိမိမှ အနစ်နာခံ၊ အပင်ပန်းခံရသည့် စေတနာရှင်တို့၏ဘဝကို ကိုယ်တွေ့သိရှိခဲ့ရသည်ဆို၏။ သူနာပြုဆိုင်ရာ ဗဟုသုတများ နှင့် သူမရာသက်ပန် လုပ်ကိုင်သွားမည့် လုပ်ငန်းကြီးအတွက် စိတ်ဓာတ်စွမ်းအားများ ရရှိခဲ့သည်ဆို၏။ထိုမှ အင်္ဂလန်သို့ပြန်လာကာ လန်ဒန်နှင့် အီဒင်ဘာ ရာမြို့များရှိ ဆေးရုံများရှိ သူနာပြုလုပ်ငန်းနှင့် လိုအပ်ချက် များ၊ ပြင်သစ်ပြည်ပါရီမှ ပြင်သစ်သူနာပြု အဖွဲ့အစည်းများ အကြောင်းများကို အသေးစိတ် လေ့လာမှတ်သားခဲ့သည်။

၁၈၅၃ ခုနှစ်၊ ဩဂုတ်လတွင် ဖလော်ရင့်(စ)နိုက်တင် ဂေးလ်သည် လန်ဒန်မြို့ကြီးမှာပင် ဆင်းရဲချို့တဲ့၍ ဆွေမျိုး ဉာတိနည်းပါးသော ဂီလာန အမျိုးသမီးကြီးများအတွက် ပထမ ဦးဆုံး ရည်ရွယ်ကာ ဂီလာန အမျိုးသမီးကြီးများ စောင့်ရှောက် ရေးဌာနကို ဖွင့်လှစ်ခဲ့လေသည်။ ဖလော်ရင့်(စ)သည် ကိုယ်တိုင်ဦးစီးသည့် ထိုသူနာပြု စောင့်ရှောက်ရေးလုပ်ငန်းကို သိမြင်လေ့လာခဲ့သော ကောင်းမွန် သောစည်းကမ်း အသိပညာ ဗဟုသုတများဖြင့် သန့်ရှင်းစင် ကြယ်စွာ ထားရှိမှုများနှင့် စတင်ခဲ့လေ၏။

ဖလော်ရင့်(စ)သည် ဆေးပညာရှင်တစ်ဦး မဟုတ် သော်လည်း သူ့ဆေးရုံ၌ လူနာများအား သူ့ခေတ်ကာလ ဆေးပညာအဆင့်အတန်း ရှိသမျှ အပြည့်အဝ ခံစားစေပြီး ဆေးရုံလုပ်ငန်း တာဝန်များကို အကောင်းဆုံး၊ အချောမွေ့ဆုံး၊ တိကျသော စည်းမျဉ်းများဖြင့် ပြည်သူတို့၏ အဆင့်အတန်းကို မြှင့်တင်ပေးနေသူ တစ်ဦးအဖြစ် အသိအမှတ် ပြုလာခဲ့ကြရ သည်ဆို၏။ သူမ၏စွမ်းဆောင်အောင်မြင်မှုများကို ဆေးဘက်ဆိုင် ရာမှ အထူးပင် လေးစားခဲ့ကြသည်။ ထိုကာလနှစ်များမှာပင် ကရိုင်းမီးယားစစ်ပွဲကြီး ဖြစ်ပေါ်ခဲ့လေ၏။ ရုရှားနှင့် တူရကီ၊ ပြင်သစ်၊ အင်္ဂလိပ်တို့ စစ်ပွဲကြီး။ ၁၈၅၄ ခုနှစ်။

ထိုတိုက်ပွဲကြီး၏ သတင်းများမှာ ဖလော်ရင့်(စ)ကို စစ်မြေပြင်သို့ သွားရောက်ရန် သတိပေးသလို ဖြစ်ခဲ့လေ၏။ စစ်မြေပြင်တွင် သေဆုံးသူများ၊ ဒဏ်ရာရသူများအတွက် ဆရာဝန် မလုံလောက်၊ ဆေးဝါး မလုံလောက်၊ တာဝန်ယူ မည့်သူမရှိ ဆိုသည့်သတင်းများ။ ထိုအချိန်မှာပင် စစ်ဝန်ကြီး ဖြစ်နေသော ဆစ်ဒနီဟားဗတ်မှ ဖလော်ရင့်(စ)ထံသို့ စာရေး၍ အကူအညီ တောင်းခံခဲ့လေ၏။ သူမက ထိုကိစ္စကို လက်ခံခဲ့၍ သူနာပြုဆရာမချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ခန့်စာရရှိပြီး ၁၈၅၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှာပင် စကူတာရီမြို့ (အစ္စတန်ဘူလ်)သို့ ဖလော်ရင့်(စ) သည် အရည်အချင်းပြည့်ဝသော သူနာပြုစေတနာ့ဝန်ထမ်း ၃၈ ဦးတို့နှင့် ထွက်ခွာသွားခဲ့သည်။ ထိုသတင်းကြောင့် ဖလော်ရင့်(စ) နိုက်တင်ဂေးလ်ကို တိုင်းပြည်မှ အထူးပင် ချီးကျူး ဂုဏ်ပြုကြသည်။

စကူတာရီသို့ နိုဝင်ဘာလ ၄ ရက်နေ့တွင် ရောက်ရှိ ခဲ့ကြပြီး ခရီးရောက်မဆိုက်မှာပင် တိုက်ပွဲမှ ဒဏ်ရာရသူများ ကို လက်ခံကုသခဲ့ရာ လူပေါင်းထောင်ချီခဲ့သည်ဆို၏။ ဖလော် ရင့်(စ)အတွက် ရန်ပုံငွေများ၊ အထောက်အကူပစ္စည်းများ ပေးပို့ကူညီခဲ့သည်ဆိုသော်လည်း ကြန့်ကြာမှုရှိခဲ့သဖြင့် ထို အရာအားလုံးကို မိမိဉာဏ်ဖြင့် အလုပ်ဖြစ်အောင် လုပ်ခဲ့သည်၊ ညွှန်ကြားသည် ဆို၏။

သန့်ရှင်းရေးပစ္စည်းနှင့်ဆေးဝါးများ အဝတ်အစားများ စွာအတွက် ပင်မင်းလုပ်ငန်းများ၊ ဝတ်စုံများ၊ လူနာများထားရန်၊ အဆောက်အဦများရရှိရန် အကြောင်းများစွာကို ရုံးပုံစံနှင့် မဆုံးဖြတ်ဘဲ ကိုယ်ပိုင်အသိနှင့် အဆောတလျင် ပြီးဆုံးအောင် ဆောင်ရွက်ခဲ့သည်။ မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် အများနှင့်လုပ်သော လုပ်ငန်းကြီးပင် ဖြစ်လင့်ကစား စည်းကမ်း နှင့်သာ သတ်မှတ်သည်။ လူနာပြုစုရေးနှင့် သန့်ရှင်းစင်ကြယ် ရေးသည်သာ အဓိကဟူသောမူနှင့် ကုသခဲ့သောကြောင့် လူနာ အသေအကျေပျောက်နှုန်းမှာ သိသိသာသာကြီး ကွာဟခဲ့သည် ဟူ၏။

ဆေးပညာနှင့် ကုသရေး၊ စောင့်ရှောက်ရေး၊ အုပ်ချုပ် ရေး၊ စီမံခန့်ခွဲမှုတို့၏ ယှက်နွယ်မှုကို သိမြင်လာခဲ့ကြခြင်း။ ဆေးရုံ၊ ဆေးဝါး၊ ပရိဘောဂများကို သန့်ရှင်းအောင်ထားခြင်း၊ လူနာများကို ဆေးကုသမှု မှန်ကန်သလို အစာအာဟာရနှင့် နေထိုင်မှု၊ ပြုစုမှုတို့သည်လည်း ညီညွတ်မျှတမှသာ အောင် မြင်နိုင်သည်ဟူသော အသိကို ဖလော်ရင့်(စ)မှ အားလုံးသို့ သိရှိစေခဲ့သည်ဆို၏။

ဖလော်ရင့်သည် ထိုကာလများ စတင်၍ နေ့စဉ်နာရီ ၂၀ နှုန်း အလုပ်လုပ်ခဲ့သည်ဆို၏။ ညဆိုလျှင်လည်း မီးအိမ် တစ်လုံးနှင့် ကိုင်ဆောင်လှည့်လည်၍ လူနာများ၏ အခြေအနေ ကို စစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သလို ပြုစုဆောင်ရွက်ပေးလေ့ ရှိသည်ဆို၏။ ထိုအခြင်းအရာကို အကြောင်းပြု၍ မီးအိမ်ရှင်မ အဖြစ် တဖြည်းဖြည်း ပြောစမှတ်ပြုခံခဲ့ကြသည်ဆို၏။ နောင် သောအခါ ဆေးရုံပြင်ပလောကသို့ပါ ပျံ့နှံ့ခဲ့ရာ ဖလော်ရင့်(စ) အား မီးအိမ်ရှင်မ နိုက်တင်ဂေးလ်အဖြစ် ကမ္ဘာမှပင် အသိ အမှတ် ပြုခဲ့ကြရသည်။

ဖလော်ရင့်(စ)သည် ဒဏ်ရာရစစ်သည်များသာမဟုတ်၊ စစ်မြေပြင်သို့ပင် သွားရောက်ကာ ဒဏ်ရာရသူများအား ပိုမို ထိရောက်မြန်ဆန်မည့်နည်းများ၊ အစီအစဉ်သစ်များ ချမှတ် ပေးခဲ့သည်။ နာလန်ထလူမများအတွက်လည်း စာအုပ်စာတမ်း များ၊ ဖျော်ဖြေမှုများ၊ ကာယလေ့ကျင့်ခန်းများ တီထွင်ပေးခဲ့ သည်။ ထိုကာလတွင် ဖလော်ရင့်(စ)သည် အပင်ပန်းခံလွန်း သဖြင့် ရောဂါကြီးစွာနှင့် ဖျားခဲ့လေ၏။ နေကောင်းခဲ့သော် လည်း ယခင်ကလောက် ပင်ပင်ပန်းပန်း မလုပ်နိုင်တော့ပေ။

ထိုသို့နှင့် ၁၈၅၆ ခုနှစ် ဇူလိုင်လအထိ ဆက်လက်လုပ်ကိုင် နေခဲ့သည်။ တူရကီမှ ပြန်လာခဲ့သော ဖလော်ရင့်(စ)ကို အင်္ဂလန်မှ အထူးပင် လေးစားကြည်ညိုခဲ့ကြသည်။ ကရိုင်း မီးယားစစ်မြေပြန် သူမအတွက် တိုင်းပြည်မှ စုဆောင်းကောက် ခံ ချီးမြှင့်သည့်ငွေများကို ကိုယ်တိုင်မယူဘဲ စိန့်သောမတ် ဆေးရုံတွင် သူနာပြုသင်တန်းသူများအတွက် နိုက်တင်ဂေးလ် သင်တန်းကျောင်းနှင့် အဆောင်တစ်ခု ဆောက်လုပ်ရန် မတည် ပေးခဲ့သည်။သူမ၏ နည်းစနစ်သစ်များကို အင်္ဂလန်ပြည်မှ ခေတ် သစ်သူနာပြုစနစ်ကို စတင်ပုံဖော်ခဲ့သူအဖြစ် အသိအမှတ်ပြုခဲ့ ကြရသည်။

ဖလော်ရင့်(စ)သည် သူ့ဘဝ တစ်လျှောက်လုံးတွင် သူနာပြု အတတ်ပညာနှင့် ဆေးရုံစီမံ အုပ်ချုပ်မှုပညာဆိုင်ရာ စာအုပ်စာတမ်းများ ရေးသားပြုစုခြင်း၊ နိုင်ငံတကာရှိ သူနာပြု အသင်းအဖွဲ့များနှင့် အဆက်အသွယ်ပြုခြင်း၊ လုပ်ပုံကိုင်ပုံ နည်းနာများ ဝေငှပေးခြင်း၊ နည်းနာယူခြင်း၊ အကြံဉာဏ်များ ပေးခြင်းတို့ကို အသက်အရွယ် ကြီးမြင့်သည်အထိ ဆောင်ရွက် ခဲ့လေသည်။ ထိုသို့နှင့် မီးအိမ်ရှင် ဖလော်ရင့်(စ)နိုက်တင်ဂေးလ် သည် ၁၉၁၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် ကွယ်လွန်ခဲ့လေသည်။

သုတေသီ ရေး ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ
Myanmar Wikipedia

Leave a Reply