လက္၀ါးကပ္တုိင္ေပါင္း ၂သိန္းေက်ာ္ရွိတဲ့ ကမာၻေက်ာ္ေနရာ (သုိ႔) လက္၀ါးကပ္ေတာင္ကုန္း

Posted on

Hill of Crosses လုိ႔ ကမာၻေက်ာ္တဲ့ဒီေနရာဟာ လစ္သူေရးနီးယားႏုိင္ငံ Siauliai ၿမဳိ႕ရဲ႕ေျမာက္ဘက္ ၁၂ကီလုိမီတာအကြာမွာ တည္ရွိတဲ့ေနရာတစ္ခုျဖစ္ပါတယ္။ နာမည္ေက်ာ္ရျခင္းအေၾကာင္းကေတာ့ ခရစ္ယာန္ေတြရဲ႕ကိုးကြယ္မႈဆုိင္ရာျဖစ္တဲ့ ခရစ္ေတာ္လက္၀ါးကပ္တုိင္ေတြ ၊ ရုပ္တုေတြ သိန္းနဲ႔ခ်ီၿပီးေတာင္ကုန္းအျပည့္ျဖစ္ေနတာေၾကာင့္ပါပဲ။

စိတ္၀င္စားဖုိ႔ေကာင္းတဲ့ ဒီေနရာေလးရဲ႕အေၾကာင္းကို သုတဇုန္မိတ္ေဆြမ်ားအတြက္ ဗဟုသုတအေနနဲ႔ ေ၀မွ်လုိက္ပါတယ္။

ဒီေနရာေလးမွာရွိတဲ့ လက္၀ါးကပ္တုိင္အမ်ားစုဟာ သစ္သား (သုိ႔) သတၱဳနဲ႔ျပဳလုပ္ထားတဲ့ ရုိးရုိးလက္၀ါးကပ္တုိင္ေတြျဖစ္ၾကပါတယ္။ တခ်ဳိ႕ကေတာ့ အလြန္ႀကီးမားၿပီး လက္ရာေျမာက္တန္ဆာဆင္ထားတဲ့ စက်င္ေက်ာက္ (သုိ႔) လိပ္သည္းေက်ာက္တုိ႔နဲ႔ ဖန္တီးထားပါတယ္။

ဒီေနရာကို ႏွစ္စဥ္ႏွစ္တုိင္း မ်ားျပားလွစြာေသာ ကတ္သလစ္ နဲ႔ အျခားခရစ္ယာန္ဘာသာ၀င္ေတြက အရုိအေသျပဳဖုိ႔အတြက္ အျမတ္တႏုိး လာေရာက္ေလ့ရွိပါတယ္။

ဒီလက္၀ါးကပ္ေတာင္ကုန္း ဘယ္လုိျဖစ္ေပၚလာခဲ့ပါသလဲ..
အတိအက်ေတာ့ ဘယ္သူမွမသိၾကေပမယ့္ ေယဘုယ်အေနနဲ႔ အမ်ားစု သိၾကတာကေတာ့ ပထမဆုံးလက္၀ါးကပ္တုိင္ေတြကို ၁၈၃၁ခုႏွစ္ နဲ႔ ၁၈၆၄ခုႏွစ္အတြင္းမွာ လာထားခဲ့ၾကတယ္ ဆိုတာပါပဲ။ အဲဒီအခ်ိန္က လစ္သူေရးနီးယားဟာ ရုရွားအင္ပါယာရဲ႕ လက္ေအာက္မွာရွိၿပီး လြတ္လပ္ေရးအတြက္ တုိက္ပြဲ၀င္ေနတဲ့အခ်ိန္ျဖစ္ပါတယ္။

ေတာ္လွန္တုိက္ပြဲ၀င္မႈေတြေၾကာင့္ လစ္သူေရးနီးယားအမ်ဳိးသား ၃ေသာင္းခန္႔ ဟာ ရုရွားအင္ပါယာစစ္သားေတြရဲ႕သတ္ျဖတ္ျခင္းကုိခံခဲ့ရပါတယ္။ မိသားစု၀င္ေတြက ေသဆုံးသူေတြရဲ႕အေလာင္းေတြကုိ ရယူၿပီး သင့္ေတာ္တဲ့သၿဂၤဳိဟ္မႈေတြျပဳလုပ္ခ်င္ခဲ့ေပမယ့္ ရုရွားအစုိးရက ခြင့္မျပဳပဲ သူတုိ႔ဘာသာသၿဂၤဳိဟ္ပစ္ခဲ့ပါတယ္။

မိသားစု၀င္ေတြဟာ ေသဆုံးသြားတဲ့သူေတြကို ရည္စူးတဲ့အေနနဲ႔ အၿမဲအမွတ္ရေနေအာင္ လက္၀ါးကပ္တုိင္ေတြကို ဒီေတာင္ကုန္းေလးမွာ လာထားခဲ့ၾကပါတယ္။ ဒါဟာ လက္၀ါးကပ္တုိင္ ေတာင္ကုန္း ျဖစ္ေပၚလာျခင္းရဲ႕ အစျဖစ္ပါတယ္။


မိသားစု၀င္ေတြ စိတ္ေက်နပ္ေစဖုိ႔ နဲ႔ ဘုရားသခင္ကူညီေစဖုိ႔ အခုလုိလုပ္ခဲ့ၾကတာျဖစ္ပါတယ္။ အဲဒီေနာက္ေတာ့ ဒီေနရာကို လာေရာက္တဲ့အခါတုိင္းမွာ လက္၀ါးကပ္တုိင္ေတြယူလာရာကေန တျဖည္းျဖည္းနဲ႔ လက္၀ါးကပ္တုိင္ေတြမ်ားလာခဲ့ပါတယ္။

ဒုတိယကမာၻစစ္အတြင္းမွာေတာ့ ဆုိဗီယက္ နဲ႔ ဂ်ာမဏီတုိ႔ဟာ လစ္သူေရးနီးယားကို နယ္ခ်ဲ႕ဖုိ႔ႀကဳိးစားၾကျပန္ပါတယ္။ ဂ်ာမဏီတုိ႔စစ္ရႈံးသြားၿပီးတဲ့ေနာက္မွာေတာ့ လစ္သူေရးနီးယားဟာ ဆုိဗီယက္ရဲ႕လက္ေအာက္ကို က်ေရာက္ခဲ့ရပါတယ္။ အဲဒီအခ်ိန္က ဆုိဗီယက္အစိုးရရဲ႕ စည္းမ်ဥ္းတစ္ခုမွာ လူေတြဟာ ဘုရားသခင္ကိုယုံၾကည္တာ ရပ္ရမယ္ ဆုိတာပါပါတယ္။ ဆုိဗီယက္ေတြဟာ ခရစ္ယာန္ဘုရားရွိခုိးေက်ာင္းမ်ားစြာကုိ ဖ်က္စီးမီးရႈိ႕ခဲ့ၾကပါတယ္။

လစ္သူေရးနီးယား တစ္ႏုိင္ငံလုံးနီးပါးဟာ ခရစ္ယာန္ဘာသာ၀င္ေတြျဖစ္ၿပီး အမ်ားစုက ကတ္သလစ္ခရစ္ယာန္ေတြျဖစ္ပါတယ္။ ဒါေၾကာင့္သူတုိ႔ဟာေတာင္ကုန္းေပၚမွာ လက္၀ါးကပ္တုိင္ေတြကုိ ဆက္ဆက္ထားၾကပါတယ္။ ဒါကိုအျမင္မၾကည္တဲ့ ဆုိဗီယက္အစုိးရဟာ လက္၀ါးကပ္ေတာင္ကုန္းေပၚက လက္၀ါးကပ္တုိင္ေတြကို ေျမထုိးစက္ေတြနဲ႔ ဖ်က္စီးခဲ့ပါတယ္။ ဒီလုိလုပ္တာ တစ္ႀကိမ္တည္းမဟုတ္ပဲ သုံးႀကိမ္တိတိလုပ္ခဲ့တာပါ။

ဒါ့အျပင္ ဒီေတာင္ကုန္းေပၚကုိ အမႈိက္ေတြစြန္႔ပစ္တာေတြ ၊ မိလႅာအညစ္အေၾကး ေရဆုိးေရပုပ္ေတြလာထားတာ စတဲ့အထိျပဳလုပ္ခဲ့ၾကပါတယ္။ ဒါေပမယ့္ လစ္သူေရးနီးယားလူမ်ဳိးေတြက ဂရုမစုိက္ခဲ့ပါဘူး။ ေတာင္ကုန္းေပၚက အညစ္အေၾကးအားလုံးကို ရွင္းလင္းၿပီး လက္၀ါးကပ္တုိင္ေတြကို အစကျပန္ထားခဲ့ၾကပါတယ္။ ဘယ္လုိပဲေႏွာက္ယွက္ေႏွာက္ယွက္ သူတုိ႔ယုံၾကည္မႈကို မရပ္တန္႔ႏုိင္ဘူးဆုိတာျပတဲ့သေဘာျဖစ္ပါတယ္။

၁၉၉၄ခုႏွစ္မွာေတာ့ လစ္သူေရးနီးယားတုိ႔လြတ္လပ္ေရးရခဲ့ၿပီး ဆုိဗီယက္တုိ႔ လက္ေအာက္က လြတ္ေျမာက္ခဲ့ၾကပါတယ္။ လစ္သူေရးနီယားေတြေပ်ာ္ရႊင္ခဲ့ၾကၿပီး ေတာင္ကုန္းေပၚမွာ လက္၀ါးကပ္တုိင္ေတြကုိ အရင္ကထက္ ပိုထားခဲ့ၾကပါတယ္။ ခရစ္ယာန္ဘုရားေက်ာင္းတစ္ခုကို လည္း အဲဒီေတာင္ကုန္းအနီးမွာ ေဆာက္ခဲ့ၾကပါေသးတယ္။

ေနာက္ပိုင္းမွာေတာ့ လက္၀ါးကပ္တုိင္သာမက ခရစ္ေတာ္ရုပ္တု နဲ႔ အျခားရုပ္တုေတြကုိပါထားလာၾကပါတယ္။ ၁၉၉၀ခုႏွစ္မွာေတာ့ လက္၀ါးကပ္တုိင္ေပါင္း ၅၅၀၀၀ ၊ ၂၀၀၆ခုႏွစ္မွာ ၁သိန္းေက်ာ္သြားခဲ့ၿပီး ယခုအခါမွာေတာ့ လက္၀ါးကပ္တုိင္အေရအတြက္၂သိန္းေက်ာ္ရွိေနၿပီျဖစ္ပါတယ္။

၁၉၉၃ ခုႏွစ္မွာေတာ့ ပုပ္ရဟန္းမင္းႀကီး John Paul II က ဒီေနရာကို ျမင့္ျမတ္တဲ့ေနရာတစ္ခုအျဖစ္ သတ္မွတ္ေပးခဲ့ပါတယ္။ ႏွစ္စဥ္ ဒီေနရာကို လာေရာက္သူေပါင္း သိန္းနဲ႔ခ်ီရွိေနၿပီး(အမ်ားစုဟာခရစ္ယာန္ဘာသာ၀င္ေတြျဖစ္ပါတယ္) မည္သူမဆုိ လက္၀ါးကပ္တုိင္မ်ားထားခြင့္ရွိတဲ့ ေနရာတစ္ခုျဖစ္ေနခဲ့ပါၿပီ။

VIDEO


လက်ဝါးကပ်တိုင်ပေါင်း ၂သိန်းကျော်ရှိတဲ့ ကမ္ဘာကျော်နေရာ (သို့) လက်ဝါးကပ်တောင်ကုန်း (unicode)

Hill of Crosses လို့ ကမ္ဘာကျော်တဲ့ဒီနေရာဟာ လစ်သူရေးနီးယားနိုင်ငံ Siauliai မြို့ရဲ့မြောက်ဘက် ၁၂ကီလိုမီတာအကွာမှာ တည်ရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ နာမည်ကျော်ရခြင်းအကြောင်းကတော့ ခရစ်ယာန်တွေရဲ့ကိုးကွယ်မှုဆိုင်ရာဖြစ်တဲ့ ခရစ်တော်လက်ဝါးကပ်တိုင်တွေ ၊ ရုပ်တုတွေ သိန်းနဲ့ချီပြီးတောင်ကုန်းအပြည့်ဖြစ်နေတာကြောင့်ပါပဲ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီနေရာလေးရဲ့အကြောင်းကို သုတဇုန်မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ ဝေမျှလိုက်ပါတယ်။

ဒီနေရာလေးမှာရှိတဲ့ လက်ဝါးကပ်တိုင်အများစုဟာ သစ်သား (သို့) သတ္တုနဲ့ပြုလုပ်ထားတဲ့ ရိုးရိုးလက်ဝါးကပ်တိုင်တွေဖြစ်ကြပါတယ်။ တချို့ကတော့ အလွန်ကြီးမားပြီး လက်ရာမြောက်တန်ဆာဆင်ထားတဲ့ စကျင်ကျောက် (သို့) လိပ်သည်းကျောက်တို့နဲ့ ဖန်တီးထားပါတယ်။ ဒီနေရာကို နှစ်စဉ်နှစ်တိုင်း များပြားလှစွာသော ကတ်သလစ် နဲ့ အခြားခရစ်ယာန်ဘာသာဝင်တွေက အရိုအသေပြုဖို့အတွက် အမြတ်တနိုး လာရောက်လေ့ရှိပါတယ်။

ဒီလက်ဝါးကပ်တောင်ကုန်း ဘယ်လိုဖြစ်ပေါ်လာခဲ့ပါသလဲ..
အတိအကျတော့ ဘယ်သူမှမသိကြပေမယ့် ယေဘုယျအနေနဲ့ အများစု သိကြတာကတော့ ပထမဆုံးလက်ဝါးကပ်တိုင်တွေကို ၁၈၃၁ခုနှစ် နဲ့ ၁၈၆၄ခုနှစ်အတွင်းမှာ လာထားခဲ့ကြတယ် ဆိုတာပါပဲ။ အဲဒီအချိန်က လစ်သူရေးနီးယားဟာ ရုရှားအင်ပါယာရဲ့ လက်အောက်မှာရှိပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့အချိန်ဖြစ်ပါတယ်။ တော်လှန်တိုက်ပွဲဝင်မှုတွေကြောင့် လစ်သူရေးနီးယားအမျိုးသား ၃သောင်းခန့် ဟာ ရုရှားအင်ပါယာစစ်သားတွေရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ မိသားစုဝင်တွေက သေဆုံးသူတွေရဲ့အလောင်းတွေကို ရယူပြီး သင့်တော်တဲ့သင်္ဂြိုဟ်မှုတွေပြုလုပ်ချင်ခဲ့ပေမယ့် ရုရှားအစိုးရက ခွင့်မပြုပဲ သူတို့ဘာသာသင်္ဂြိုဟ်ပစ်ခဲ့ပါတယ်။

မိသားစုဝင်တွေဟာ သေဆုံးသွားတဲ့သူတွေကို ရည်စူးတဲ့အနေနဲ့ အမြဲအမှတ်ရနေအောင် လက်ဝါးကပ်တိုင်တွေကို ဒီတောင်ကုန်းလေးမှာ လာထားခဲ့ကြပါတယ်။ ဒါဟာ လက်ဝါးကပ်တိုင် တောင်ကုန်း ဖြစ်ပေါ်လာခြင်းရဲ့ အစဖြစ်ပါတယ်။ မိသားစုဝင်တွေ စိတ်ကျေနပ်စေဖို့ နဲ့ ဘုရားသခင်ကူညီစေဖို့ အခုလိုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်တော့ ဒီနေရာကို လာရောက်တဲ့အခါတိုင်းမှာ လက်ဝါးကပ်တိုင်တွေယူလာရာကနေ တဖြည်းဖြည်းနဲ့ လက်ဝါးကပ်တိုင်တွေများလာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဆိုဗီယက် နဲ့ ဂျာမဏီတို့ဟာ လစ်သူရေးနီးယားကို နယ်ချဲ့ဖို့ကြိုးစားကြပြန်ပါတယ်။ ဂျာမဏီတို့စစ်ရှုံးသွားပြီးတဲ့နောက်မှာတော့ လစ်သူရေးနီးယားဟာ ဆိုဗီယက်ရဲ့လက်အောက်ကို ကျရောက်ခဲ့ရပါတယ်။ အဲဒီအချိန်က ဆိုဗီယက်အစိုးရရဲ့ စည်းမျဉ်းတစ်ခုမှာ လူတွေဟာ ဘုရားသခင်ကိုယုံကြည်တာ ရပ်ရမယ် ဆိုတာပါပါတယ်။ ဆိုဗီယက်တွေဟာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများစွာကို ဖျက်စီးမီးရှို့ခဲ့ကြပါတယ်။

လစ်သူရေးနီးယား တစ်နိုင်ငံလုံးနီးပါးဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး အများစုက ကတ်သလစ်ခရစ်ယာန်တွေဖြစ်ပါတယ်။ ဒါကြောင့်သူတို့ဟာတောင်ကုန်းပေါ်မှာ လက်ဝါးကပ်တိုင်တွေကို ဆက်ဆက်ထားကြပါတယ်။ ဒါကိုအမြင်မကြည်တဲ့ ဆိုဗီယက်အစိုးရဟာ လက်ဝါးကပ်တောင်ကုန်းပေါ်က လက်ဝါးကပ်တိုင်တွေကို မြေထိုးစက်တွေနဲ့ ဖျက်စီးခဲ့ပါတယ်။ ဒီလိုလုပ်တာ တစ်ကြိမ်တည်းမဟုတ်ပဲ သုံးကြိမ်တိတိလုပ်ခဲ့တာပါ။ ဒါ့အပြင် ဒီတောင်ကုန်းပေါ်ကို အမှိုက်တွေစွန့်ပစ်တာတွေ ၊ မိလ္လာအညစ်အကြေး ရေဆိုးရေပုပ်တွေလာထားတာ စတဲ့အထိပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် လစ်သူရေးနီးယားလူမျိုးတွေက ဂရုမစိုက်ခဲ့ပါဘူး။ တောင်ကုန်းပေါ်က အညစ်အကြေးအားလုံးကို ရှင်းလင်းပြီး လက်ဝါးကပ်တိုင်တွေကို အစကပြန်ထားခဲ့ကြပါတယ်။ ဘယ်လိုပဲနှောက်ယှက်နှောက်ယှက် သူတို့ယုံကြည်မှုကို မရပ်တန့်နိုင်ဘူးဆိုတာပြတဲ့သဘောဖြစ်ပါတယ်။

၁၉၉၄ခုနှစ်မှာတော့ လစ်သူရေးနီးယားတို့လွတ်လပ်ရေးရခဲ့ပြီး ဆိုဗီယက်တို့ လက်အောက်က လွတ်မြောက်ခဲ့ကြပါတယ်။ လစ်သူရေးနီယားတွေပျော်ရွှင်ခဲ့ကြပြီး တောင်ကုန်းပေါ်မှာ လက်ဝါးကပ်တိုင်တွေကို အရင်ကထက် ပိုထားခဲ့ကြပါတယ်။ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို လည်း အဲဒီတောင်ကုန်းအနီးမှာ ဆောက်ခဲ့ကြပါသေးတယ်။ နောက်ပိုင်းမှာတော့ လက်ဝါးကပ်တိုင်သာမက ခရစ်တော်ရုပ်တု နဲ့ အခြားရုပ်တုတွေကိုပါထားလာကြပါတယ်။ ၁၉၉ဝခုနှစ်မှာတော့ လက်ဝါးကပ်တိုင်ပေါင်း ၅၅၀၀၀ ၊ ၂၀၀၆ခုနှစ်မှာ ၁သိန်းကျော်သွားခဲ့ပြီး ယခုအခါမှာတော့ လက်ဝါးကပ်တိုင်အရေအတွက်၂သိန်းနီးပါးရှိနေပြီဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ ပုပ်ရဟန်းမင်းကြီး John Paul II က ဒီနေရာကို မြင့်မြတ်တဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ နှစ်စဉ် ဒီနေရာကို လာရောက်သူပေါင်း သိန်းနဲ့ချီရှိနေပြီး(အများစုဟာခရစ်ယာန်ဘာသာဝင်တွေဖြစ်ပါတယ်) မည်သူမဆို လက်ဝါးကပ်တိုင်များထားခွင့်ရှိတဲ့ နေရာတစ်ခုဖြစ်နေခဲ့ပါပြီ။

Leave a Reply