ခုိင္တန္ (သို႔မဟုတ္) ဂ်ပန္စစ္တပ္ရဲ႕လူလိုက္ပါရတဲ့ အေသခံေတာ္ပီဒို

Posted on

Translated by Htet Hlaing Win

ဒုတိယကမ႓ာစစ္ ေႏွာင္းပိုင္းကာလေတြမွာ စစ္ေရးအေျခအေနမေကာင္းတာေၾကာင့္ ဂ်ပန္စစ္တပ္ဟာ ခိုင္တန္ လို႔ေခၚတဲ့ လူလိုက္ပါရတဲ႔ ေတာ္ပီဒိုေတေတြကို ထုတ္သံုးခဲ႔ပါတယ္။ ခိုင္တန္ဆိုတဲ႔ အဓိပၸာယ္ဟာ ဂ်ပန္လို”ေကာင္းကင္ဘံုသို႔ျပန္လည္ေရာက္ရိွျခင္း” (Return to Heaven) လို႔အဓိပၸာယ္ရပါတယ္။

ခုိင္တန္နဲ႔အတူပစ္လႊတ္လုိက္တဲ့သူဟာ ေသဆုံးသြားမယ္ဆုိတာကို စကားလွေအာင္သုံးထားတဲ့သေဘာျဖစ္ၿပီး တကယ္ေတာ့ ဂ်ပန္ဧကရာဇ္ေရတပ္မေတာ္ရဲ႕ suicide craft တစ္မ်ဳိးသာျဖစ္ပါတယ္။ ခိုင္တန္ေတြကိုစစ္ပြဲအစမွာ ကတည္းက အသံုးျပဳဖို႔ရည္ရြယ္ခဲ႔ေပမယ့္ အသံုးမျပဳျဖစ္ခဲ႔ပါဘူး။ ၁၉၄၄ခုနွစ္ေရာက္မွသာ စစ္ပြဲရဲ႕အေျခအေနေၾကာင့္ ထုတ္သံုးခဲ႔ပါတယ္။

ကာမီကာေဇ(Kamikaze) ေလယာဥ္ေတြ နဲ႔ ရွင္ညိဳ(Shinyo) ေမာ္ေတာ္ဘုတ္ေတရဲ႕ အေသခံတိုက္ခိုက္မႈေတြဟာ ေအာင္ျမင္တာေၾကာင့္ ဒီခိုင္တန္ေတာ္ပီဒိုေတြကို ထုတ္သံုးခဲ႔တာျဖစ္ပါတယ္။

ဒါေတြကို ဂ်ပန္ရဲ႕ Special Attack Units လုိ႔သိၾကၿပီး ဒီအထဲမွာ Kamikaze ေလယာဥ္, Shinyo အေသခံေမာ္ေတာ္ဘုတ္, Kaiten ေရငုပ္သေဘၤာ နဲ႔ Fukuryu အေသခံဒုိင္ဗင္သမားမ်ား စတာေတြပါ၀င္ပါတယ္။

တိုးတက္ပံုအဆင့္ဆင့္

ပထမဆုံး ခုိင္တန္ကို ၁၉၄၄ခုႏွစ္ ေဖေဖာ္၀ါရီလမွာ စတင္ႏုိင္ခဲ့ၿပီး ေနာက္ ၅လအၾကာ ၾသဂုတ္လ ၁ရက္ေန႔မွာေတာ့ ခုိင္တန္ အစီး ၁၀၀ ဟာ တုိက္ခုိက္ဖုိ႔အသင့္ျဖစ္ေနပါၿပီ။ ခိုင္တန္ေတြရဲ႕ မူလပံုစံမွာ ဆလင္ဒါပံုေတာ္ပီဒိုျဖစ္ျပီး အထဲမွာလူထိုင္ဖို႔ ေနရာေလးပါပါတယ္။

စတင္စမ္းသပ္တဲ႔အခါမွာေတာ့ အင္ဂ်င္နီယာနွစ္ဦးေသဆံုးခဲ႔ပါတယ္။ ခိုင္တန္ေတြကုိ ဒီဇိုင္းေျခာက္ခုနဲ႔ေဆာက္လုပ္ခဲ႔တာျဖစ္ပါတယ္။ ခုိင္တန္ ၁၊ ၂၊ ၄၊ ၅၊ ၆ နဲ႔ ၁၀ ဆုိၿပီး အမ်ဳိးအစား ၆မ်ဳိးမွာ နံပါတ္ ၁၀ တစ္မ်ဳိးသာ ၉၂ေတာ္ပီဒုိ ကိုအေျခခံထားၿပီး က်န္တဲ့ဒီဇုိင္းေတြကေတာ့ ၉၃ေတာ္ပီဒုိကို အေျခခံထားၿပီးေဆာက္လုပ္ထားတာျဖစ္ပါတယ္။

ဒီဇုိင္းထုတ္လုပ္စမ္းသပ္သူေတြကေတာ့ ဂ်ပန္ေရတပ္ဗုိလ္ Hiroshi Kuroki နဲ႔ Sekio Nishina တုိ႔ျဖစ္ပါတယ္။ အစပိုင္းမွာဒံုးက်ည္ပစ္လႊတ္ျပီးရင္ ဒံုးက်ည္ထဲကလူျပန္ထြက္ဖို႔ဒီဇိုင္းဆြဲထားေပမယ့္ ဘယ္သူမွထြက္ဖို႔မၾကိဳးစားတာေၾကာင့္ေနာက္ပိုင္းမွာ ထြက္လို႔မရေအာင္ျပဳလုပ္ခဲ႔ပါတယ္။

ယာဥ္ေမာင္းသူကိုေလ့က်င့္ေပးပံု

ခိုင္တန္ေမာင္းမယ့္ ပိုင္းေလာ့ေတြကို အသက္၁၇ နဲ႔ ၂၈နွစ္ၾကား ကလူငယ္ေတြကိုသာေရြးခ်ယ္ခဲ႔ပါတယ္။ ပထမဆံုးစက္ကိရိယာေတြကို ကိုင္တြယ္တတ္ဖို႔အတြက္ ရိုးရိုးေမာ္ေတာ္ဘုတ္ေတြမွာ ေလ့က်င့္ေပးပါတယ္။

စက္ကိရိယာေတြကို ကြ်မ္းက်င္သြားတယ္ဆိုရင္ေတာ့ ဒံုးက်ည္ထိပ္ဖူးအတုတပ္ထားတဲ႔ ခိုင္တန္အတုထဲမွာ ေလ့က်င့္ခိုင္းပါတယ္။ ဒီအဆင့္မွာေတာ့ တစ္ခုခုမွားရင္ ထြက္လို႔ရေအာင္ အေရးေပၚေပါက္ ပါပါတယ္။ အစပိုင္းမွာလံုျခံဳတဲ႔ေရကူးကန္ေတြမွာ ေလ့က်င့္ေပးေပမယ့္ ေနာက္ပိုင္းမွွာ တကယ့္ပင္လယ္ေတြမွာ ေလ့က်င့္ရပါတယ္။

ပင္လယ္ထဲမွာ ေလ့က်င့္တာဟာ အင္မတန္အႏၱရာယ္မ်ားျပီး မေတာ္တဆမႈေတြေၾကာင့္ ပိုင္းေလာ့လူငယ္ ၁၅ေယာက္ ေသဆံုးခဲ႔ပါတယ္။ တိုက္ပြဲတိုက္တဲ႔အခါ ေနာက္ဆံုးအေနနဲ႔ အိမ္ကိုစာတစ္ေစာင္သာ ေရးခြင့္ရၾကပါတယ္။

ခိုင္တန္ ၁ ရဲ႕ အခ်က္အလက္တခ်ဳိ႕
အေလးခ်ိန္ – ၈.၃တန္
အရွည္ – ၄၈.၅ေပ
အခ်င္း – ၃ေပ၃လက္မ
ေရာက္ရွိႏုိင္တဲ့အကြာအေ၀း – ၇၈ကီလုိမီတာ
ပုံမွန္ သြားႏႈန္း – ၂၂ကီလုိမီတာ/၁နာရီ
အျမန္ဆုံးႏႈန္း – ၅၆ကီလုိမီတာ/၁နာရီ
ေရေအာက္အနက္ – ၂၆၀ေပ
စုစုေပါင္းယာဥ္ – ၃၃၀စီး ခန္႔

တိုက္ပြဲအသံုးျပဳပံု

ခိုင္တန္ေတြကို သေဘာၤေတြနဲ႔ ေရငုပ္သေဘာၤေတြမွာ သယ္ေဆာင္သြားျပီးေတာ့ အသံုးလိုရင္ေရခ်ျပီးေတာ့ အသံုးျပဳပါတယ္။ ခိုင္တန္ေတြတိုက္ခိုက္ရမယ့္ သေဘာၤကိုျမင္ရရင္ ပိုင္းေလာ့မဝင္ခင္မွာ ေနာက္ဆံုးခ်ိန္ဆမႈျပဳလုပ္ေပးရပါတယ္။ ခိုင္တန္ေတြကိုပစ္လႊတ္လိုက္တဲ႔အခါခိုင္တန္ဟာ ေရေအာက္ကေနသြားပါတယ္။

သေဘာၤနားကပ္တဲ႔အခါခိုင္တန္ဟာပစ္မွတ္ကို ခ်ိန္ဆဖို႔အတြက္ေရေပၚကိုတက္လာပါတယ္။ ျပီးရင္ျပန္ငုပ္သြားျပီး အရိွန္အျပည့္နဲ႔သေဘာၤဆီကို သြားပါေတာ့တယ္။ ပတမတစ္ေခါက္က်ရွုံးရင္ ေနာက္တစ္ေခါက္အခြင့္အေရးရိွျပီးေတာ့ ႏွစ္ေခါက္လံုးက်ရွုံးရင္ေတာ့ အလိုလိုေပါက္ကြဲသြားမွာပါ။

ေအာင္ျမင္မႈမ်ား

ခိုင္တန္ေတြဟာေအာင္ျမင္မႈသိပ္မရခဲ႔ပါဘူး။ မဟာမိတ္ဘက္က သေဘာၤအနည္းငယ္ကိုသာႏွစ္ျမဳပ္ႏုိင္ခဲ့ျပီး လူ၂၀၀ေအာက္ကိုသာ ေသဆံုးေစခဲ႔ပါတယ္။ အထက္ပါမွတ္တမ္းဟာ အေမရိကန္ဘက္ကျဖစ္ျပီး ဂ်ပန္ဘက္ကေတာ့ေအာင္ျမင္မႈ အမ်ားအျပားရတယ္ လို႔ဆိုပါတယ္။ ခိုင္တန္ေတြကို စုစုေပါင္း တုိက္ပြဲ ၁၀ခုမွာ အသုံးျပဳခဲ့ၿပီး ၁၉၄၅ ၾသဂုတ္လမွာေတာ့ ခုိင္တန္အသုံးျပဳမႈကို ရပ္နားခဲ႔ပါတယ္။

( ကို Htet Hlaing Win ရဲ႕ေရးသားမႈကို အနည္းငယ္ျဖည့္စြက္ထားပါတယ္)


ခိုင်တန် (သို့မဟုတ်) ဂျပန်စစ်တပ်ရဲ့လူလိုက်ပါရတဲ့ အသေခံတော်ပီဒို (unicode)

Translated by Htet Hlaing Win

ဒုတိယကမ႓ာစစ် နှောင်းပိုင်းကာလတွေမှာ စစ်ရေးအခြေအနေမကောင်းတာကြောင့် ဂျပန်စစ်တပ်ဟာ ခိုင်တန် လို့ခေါ်တဲ့ လူလိုက်ပါရတဲ့ တော်ပီဒိုတေတွေကို ထုတ်သုံးခဲ့ပါတယ်။ ခိုင်တန်ဆိုတဲ့ အဓိပ္ပာယ်ဟာ ဂျပန်လို”ကောင်းကင်ဘုံသို့ပြန်လည်ရောက်ရှိခြင်း” (Return to Heaven) လို့အဓိပ္ပာယ်ရပါတယ်။

ခိုင်တန်နဲ့အတူပစ်လွှတ်လိုက်တဲ့သူဟာ သေဆုံးသွားမယ်ဆိုတာကို စကားလှအောင်သုံးထားတဲ့သဘောဖြစ်ပြီး တကယ်တော့ ဂျပန်ဧကရာဇ်ရေတပ်မတော်ရဲ့ suicide craft တစ်မျိုးသာဖြစ်ပါတယ်။ ခိုင်တန်တွေကိုစစ်ပွဲအစမှာ ကတည်းက အသုံးပြုဖို့ရည်ရွယ်ခဲ့ပေမယ့် အသုံးမပြုဖြစ်ခဲ့ပါဘူး။ ၁၉၄၄ခုနှစ်ရောက်မှသာ စစ်ပွဲရဲ့အခြေအနေကြောင့် ထုတ်သုံးခဲ့ပါတယ်။

ကာမီကာဇေ(Kamikaze) လေယာဉ်တွေ နဲ့ ရှင်ညို(Shinyo) မော်တော်ဘုတ်တေရဲ့ အသေခံတိုက်ခိုက်မှုတွေဟာ အောင်မြင်တာကြောင့် ဒီခိုင်တန်တော်ပီဒိုတွေကို ထုတ်သုံးခဲ့တာဖြစ်ပါတယ်။

ဒါတွေကို ဂျပန်ရဲ့ Special Attack Units လို့သိကြပြီး ဒီအထဲမှာ Kamikaze လေယာဉ်, Shinyo အသေခံမော်တော်ဘုတ်, Kaiten ရေငုပ်သင်္ဘော နဲ့ Fukuryu အသေခံဒိုင်ဗင်သမားများ စတာတွေပါဝင်ပါတယ်။

တိုးတက်ပုံအဆင့်ဆင့်

ပထမဆုံး ခိုင်တန်ကို ၁၉၄၄ခုနှစ် ဖေဖော်ဝါရီလမှာ စတင်နိုင်ခဲ့ပြီး နောက် ၅လအကြာ ဩဂုတ်လ ၁ရက်နေ့မှာတော့ ခိုင်တန် အစီး ၁၀၀ ဟာ တိုက်ခိုက်ဖို့အသင့်ဖြစ်နေပါပြီ။ ခိုင်တန်တွေရဲ့ မူလပုံစံမှာ ဆလင်ဒါပုံတော်ပီဒိုဖြစ်ပြီး အထဲမှာလူထိုင်ဖို့ နေရာလေးပါပါတယ်။

စတင်စမ်းသပ်တဲ့အခါမှာတော့ အင်ဂျင်နီယာနှစ်ဦးသေဆုံးခဲ့ပါတယ်။ ခိုင်တန်တွေကို ဒီဇိုင်းခြောက်ခုနဲ့ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ခိုင်တန် ၁၊ ၂၊ ၄၊ ၅၊ ၆ နဲ့ ၁၀ ဆိုပြီး အမျိုးအစား ၆မျိုးမှာ နံပါတ် ၁၀ တစ်မျိုးသာ ၉၂တော်ပီဒို ကိုအခြေခံထားပြီး ကျန်တဲ့ဒီဇိုင်းတွေကတော့ ၉၃တော်ပီဒိုကို အခြေခံထားပြီးဆောက်လုပ်ထားတာဖြစ်ပါတယ်။

ဒီဇိုင်းထုတ်လုပ်စမ်းသပ်သူတွေကတော့ ဂျပန်ရေတပ်ဗိုလ် Hiroshi Kuroki နဲ့ Sekio Nishina တို့ဖြစ်ပါတယ်။ အစပိုင်းမှာဒုံးကျည်ပစ်လွှတ်ပြီးရင် ဒုံးကျည်ထဲကလူပြန်ထွက်ဖို့ဒီဇိုင်းဆွဲထားပေမယ့် ဘယ်သူမှထွက်ဖို့မကြိုးစားတာကြောင့်နောက်ပိုင်းမှာ ထွက်လို့မရအောင်ပြုလုပ်ခဲ့ပါတယ်။

ယာဉ်မောင်းသူကိုလေ့ကျင့်ပေးပုံ

ခိုင်တန်မောင်းမယ့် ပိုင်းလော့တွေကို အသက်၁၇ နဲ့ ၂၈နှစ်ကြား ကလူငယ်တွေကိုသာရွေးချယ်ခဲ့ပါတယ်။ ပထမဆုံးစက်ကိရိယာတွေကို ကိုင်တွယ်တတ်ဖို့အတွက် ရိုးရိုးမော်တော်ဘုတ်တွေမှာ လေ့ကျင့်ပေးပါတယ်။

စက်ကိရိယာတွေကို ကျွမ်းကျင်သွားတယ်ဆိုရင်တော့ ဒုံးကျည်ထိပ်ဖူးအတုတပ်ထားတဲ့ ခိုင်တန်အတုထဲမှာ လေ့ကျင့်ခိုင်းပါတယ်။ ဒီအဆင့်မှာတော့ တစ်ခုခုမှားရင် ထွက်လို့ရအောင် အရေးပေါ်ပေါက် ပါပါတယ်။ အစပိုင်းမှာလုံခြုံတဲ့ရေကူးကန်တွေမှာ လေ့ကျင့်ပေးပေမယ့် နောက်ပိုင်းမှာ တကယ့်ပင်လယ်တွေမှာ လေ့ကျင့်ရပါတယ်။

ပင်လယ်ထဲမှာ လေ့ကျင့်တာဟာ အင်မတန်အန္တရာယ်များပြီး မတော်တဆမှုတွေကြောင့် ပိုင်းလော့လူငယ် ၁၅ယောက် သေဆုံးခဲ့ပါတယ်။ တိုက်ပွဲတိုက်တဲ့အခါ နောက်ဆုံးအနေနဲ့ အိမ်ကိုစာတစ်စောင်သာ ရေးခွင့်ရကြပါတယ်။

ခိုင်တန် ၁ ရဲ့ အချက်အလက်တချို့
အလေးချိန် – ၈.၃တန်
အရှည် – ၄၈.၅ပေ
အချင်း – ၃ပေ၃လက်မ
ရောက်ရှိနိုင်တဲ့အကွာအဝေး – ၇၈ကီလိုမီတာ
ပုံမှန် သွားနှုန်း – ၂၂ကီလိုမီတာ/၁နာရီ
အမြန်ဆုံးနှုန်း – ၅၆ကီလိုမီတာ/၁နာရီ
ရေအောက်အနက် – ၂၆၀ပေ
စုစုပေါင်းယာဉ် – ၃၃ဝစီး ခန့်

တိုက်ပွဲအသုံးပြုပုံ

ခိုင်တန်တွေကို သဘောၤတွေနဲ့ ရေငုပ်သဘောၤတွေမှာ သယ်ဆောင်သွားပြီးတော့ အသုံးလိုရင်ရေချပြီးတော့ အသုံးပြုပါတယ်။ ခိုင်တန်တွေတိုက်ခိုက်ရမယ့် သဘောၤကိုမြင်ရရင် ပိုင်းလော့မဝင်ခင်မှာ နောက်ဆုံးချိန်ဆမှုပြုလုပ်ပေးရပါတယ်။ ခိုင်တန်တွေကိုပစ်လွှတ်လိုက်တဲ့အခါခိုင်တန်ဟာ ရေအောက်ကနေသွားပါတယ်။

သဘောၤနားကပ်တဲ့အခါခိုင်တန်ဟာပစ်မှတ်ကို ချိန်ဆဖို့အတွက်ရေပေါ်ကိုတက်လာပါတယ်။ ပြီးရင်ပြန်ငုပ်သွားပြီး အရှိန်အပြည့်နဲ့သဘောၤဆီကို သွားပါတော့တယ်။ ပတမတစ်ခေါက်ကျရှုံးရင် နောက်တစ်ခေါက်အခွင့်အရေးရှိပြီးတော့ နှစ်ခေါက်လုံးကျရှုံးရင်တော့ အလိုလိုပေါက်ကွဲသွားမှာပါ။

အောင်မြင်မှုများ

ခိုင်တန်တွေဟာအောင်မြင်မှုသိပ်မရခဲ့ပါဘူး။ မဟာမိတ်ဘက်က သဘောၤအနည်းငယ်ကိုသာနှစ်မြုပ်နိုင်ခဲ့ပြီး လူ၂၀၀အောက်ကိုသာ သေဆုံးစေခဲ့ပါတယ်။ အထက်ပါမှတ်တမ်းဟာ အမေရိကန်ဘက်ကဖြစ်ပြီး ဂျပန်ဘက်ကတော့အောင်မြင်မှု အများအပြားရတယ် လို့ဆိုပါတယ်။ ခိုင်တန်တွေကို စုစုပေါင်း တိုက်ပွဲ ၁ဝခုမှာ အသုံးပြုခဲ့ပြီး ၁၉၄၅ ဩဂုတ်လမှာတော့ ခိုင်တန်အသုံးပြုမှုကို ရပ်နားခဲ့ပါတယ်။

( ကို Htet Hlaing Win ရဲ့ရေးသားမှုကို အနည်းငယ်ဖြည့်စွက်ထားပါတယ်)

Leave a Reply