သစ္ပင္တစ္ပင္ နဲ႔ အိမ္ေလးတစ္လုံးသာရွိတဲ့ အေသးဆုံးကြ်န္း

Posted on


လူေတြဟာ တစ္ခါတစ္ေလမွာ လူေတြနဲ႔ေ၀းရာကေန ထြက္ေျပးၿပီး ကြ်န္းတစ္ကြ်န္းေပၚမွာ တစ္ေယာက္တည္းေနခ်င္စိတ္ေတြျဖစ္မိတတ္ၾကပါတယ္။

ဒါေၾကာင့္လည္း ကမာၻေပၚက လူခ်မ္းသာေတြ ၊ ကမာၻေက်ာ္ေတြဟာ ဒီလုိစိတ္ေပၚလာတဲ့အခါ အပန္းေျဖဖုိ႔အတြက္ ကုိယ္ပုိင္ကြ်န္းေတြ၀ယ္ထားၾကတာျဖစ္ပါတယ္။

ေဒးဗစ္ဘက္ခမ္ နဲ႔ တုိက္တန္းနစ္မင္းသားလီယုိနာဒုိ တုိ႔ဟာလည္း ကုိယ္ပုိင္ကြ်န္းေတြပိုင္ဆုိင္ၾကသူမ်ားပါ။

ဒါေပမယ့္ သူတို႔ပုိင္ဆုိင္တဲ့ကြ်န္းေတြဟာ အနည္းဆုံးေတာ့ မုိင္နဲ႔ခ်ီၿပီး က်ယ္၀န္းသလုိ အိမ္ေတြအမ်ားႀကီးေဆာက္ႏုိင္ကာ ၊ သစ္ပင္ပန္းၿခံေတြလည္း ပါရွိတဲ့ကြ်န္းေတြျဖစ္ေနပါတယ္။

အခုျမင္ရတဲ့ ကြ်န္းေလးကေတာ့ ကမာၻ႔အေသးဆုံးကြ်န္းလုိ႔ ဆုိရမွာျဖစ္ပါတယ္။

ဘာလုိ႔လဲဆုိေတာ့ သူဟာ ဂင္းနစ္မွတ္တမ္း၀င္ထားတဲ့ကမာၻ႔အေသးဆုံးကြ်န္းထက္ေတာင္ တစ္၀က္ငယ္ပါေသးတယ္။

တစ္ကြ်န္းလုံးရဲ႕ အက်ယ္ဟာ စတုရန္းေပ ၃၃၀၀ သာ ရွိပါတယ္။

ဒါေပမယ့္ ဒီအက်ယ္အ၀န္းဟာ အိမ္တစ္လုံးေဆာက္ဖုိ႔ နဲ႔ သစ္ပင္တစ္ပင္စုိက္ပ်ဳိးဖုိ႔အတြက္ လုံေလာက္ပါတယ္။

တခ်ိန္ကေတာ့ ဒီကြ်န္းဟာ ဒီအတုိင္းပစ္ထားတဲ့ကြ်န္းကေလးျဖစ္ၿပီး ၁၉၅၀ခုႏွစ္မွာေတာ့ ခ်မ္းသာၾကြယ္၀တဲ့ Sizeland မိသားစုက ၀ယ္ယူခဲ့တာျဖစ္ပါတယ္။ ၀ယ္ယူၿပီးတဲ့ေနာက္မွာေတာ့ အိမ္ေလးတစ္လုံးေဆာက္ၿပီး အပင္တစ္ပင္စုိက္ပ်ဳိးထားခဲ့ပါတယ္။

သူတုိ႔ဟာ ဒီအိမ္ေလးမွာ အၿမဲေနထုိင္တာမဟုတ္ပဲ အားလပ္ရက္ေတြမွာ အပန္းေျဖတဲ့အေနနဲ႔သာ လာေရာက္ေလ့ရွိတာျဖစ္ပါတယ္။

အိမ္ထဲမွာေတာ့ ပစၥည္းမ်ားမ်ားစားစား မရွိပဲ ထုိင္ခုံ နဲ႔ စားပြဲေတြသာ ရွိတယ္လုိ႔ သိရပါတယ္။

ဒီကြ်န္းကေလးဟာ အေမရိကန္ႏုိင္ငံ နယူးေယာက္ၿမဳိ႕နဲ႔ ကေနဒါႏုိင္ငံ Ontari နယ္ေျမတုိ႔ကုိ ပုိင္းျခားထားတဲ့ စိန္႔ေလာရန္႔စ္ျမစ္ထဲမွာ ရွိေနတာျဖစ္ပါတယ္။

အဲဒီျမစ္ထဲမွာ ကြ်န္းေပါင္း ၁၈၀၀ေက်ာ္ရွိတဲ့ အထဲက အေသးဆုံးကြ်န္းျဖစ္ၿပီး ဒီကြ်န္းရဲ႕ယခင္နာမည္ကေတာ့ Hub island ျဖစ္ကာ ၀ယ္ယူၿပီးသူေတြေျပာင္းလုိက္တဲ့နာမည္ကေတာ့ Just Room Enough ဆုိၿပီးျဖစ္ပါတယ္။

ပင္လယ္ထဲမွာ မဟုတ္ပဲ ျမစ္ကမ္းစပ္နဲ႔ သိပ္မေ၀းတဲ့ေနရာမွာ ရွိတာေၾကာင့္ လႈိင္းထန္ေရႀကီးဖုိ႔ အတြက္လည္း မစုိးရိမ္ရပါဘူး။

ႏွစ္ေယာက္တည္း ေအးေအးေဆးေဆး လြတ္လြတ္လပ္လပ္ေနရတာကို ႀကဳိက္ႏွစ္သက္တဲ့ စုံတြဲေတြရဲ႕ စိတ္ကူးယဥ္ကြ်န္းေလးျဖစ္ပါတယ္။

ကမ္းေျခအေသးစားေလးတစ္ခုပါရွိၿပီး ေျခတစ္လွမ္းလွမ္းရုံနဲ႔ ေရထဲေရာက္ရွိႏုိင္တာေၾကာင့္ One misstep and you’re swimming လုိ႔ မီဒီယာေတြမွာ ေဖာ္ျပျခင္းခံရတဲ့ ကြ်န္းေလးလည္းျဖစ္ပါတယ္။


အသေးဆုံးကျွန်းပေါ်က သစ်ပင်တစ်ပင် နဲ့ အိမ်လေးတစ်လုံး (unicode)

လူတွေဟာ တစ်ခါတစ်လေမှာ လူတွေနဲ့ဝေးရာကနေ ထွက်ပြေးပြီး ကျွန်းတစ်ကျွန်းပေါ်မှာ တစ်ယောက်တည်းနေချင်စိတ်တွေဖြစ်မိတတ်ကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်က လူချမ်းသာတွေ ၊ ကမ္ဘာကျော်တွေဟာ ဒီလိုစိတ်ပေါ်လာတဲ့အခါ အပန်းဖြေဖို့အတွက် ကိုယ်ပိုင်ကျွန်းတွေဝယ်ထားကြတာဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ် နဲ့ တိုက်တန်းနစ်မင်းသားလီယိုနာဒို တို့ဟာလည်း ကိုယ်ပိုင်ကျွန်းတွေပိုင်ဆိုင်ကြသူများပါ။ ဒါပေမယ့် သူတို့ပိုင်ဆိုင်တဲ့ကျွန်းတွေဟာ အနည်းဆုံးတော့ မိုင်နဲ့ချီပြီး ကျယ်ဝန်းသလို အိမ်တွေအများကြီးဆောက်နိုင်ကာ ၊ သစ်ပင်ပန်းခြံတွေလည်း ပါရှိတဲ့ကျွန်းတွေဖြစ်နေပါတယ်။

အခုမြင်ရတဲ့ ကျွန်းလေးကတော့ ကမ္ဘာ့အသေးဆုံးကျွန်းလို့ ဆိုရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ကမ္ဘာ့အသေးဆုံးကျွန်းထက်တောင် တစ်ဝက်ငယ်ပါသေးတယ်။ တစ်ကျွန်းလုံးရဲ့ အကျယ်ဟာ စတုရန်းပေ ၃၃၀၀ သာ ရှိပါတယ်။ ဒါပေမယ့် ဒီအကျယ်အဝန်းဟာ အိမ်တစ်လုံးဆောက်ဖို့ နဲ့ သစ်ပင်တစ်ပင်စိုက်ပျိုးဖို့အတွက် လုံလောက်ပါတယ်။

တချိန်ကတော့ ဒီကျွန်းဟာ ဒီအတိုင်းပစ်ထားတဲ့ကျွန်းကလေးဖြစ်ပြီး ၁၉၅ဝခုနှစ်မှာတော့ ချမ်းသာကြွယ်ဝတဲ့ Sizeland မိသားစုက ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဝယ်ယူပြီးတဲ့နောက်မှာတော့ အိမ်လေးတစ်လုံးဆောက်ပြီး အပင်တစ်ပင်စိုက်ပျိုးထားခဲ့ပါတယ်။

သူတို့ဟာ ဒီအိမ်လေးမှာ အမြဲနေထိုင်တာမဟုတ်ပဲ အားလပ်ရက်တွေမှာ အပန်းဖြေတဲ့အနေနဲ့သာ လာရောက်လေ့ရှိတာဖြစ်ပါတယ်။ အိမ်ထဲမှာတော့ ပစ္စည်းများများစားစား မရှိပဲ ထိုင်ခုံ နဲ့ စားပွဲတွေသာ ရှိတယ်လို့ သိရပါတယ်။

ဒီကျွန်းကလေးဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ ကနေဒါနိုင်ငံ Ontari နယ်မြေတို့ကို ပိုင်းခြားထားတဲ့ စိန့်လောရန့်စ်မြစ်ထဲမှာ ရှိနေတာဖြစ်ပါတယ်။ အဲဒီမြစ်ထဲမှာ ကျွန်းပေါင်း ၁၈၀၀ကျော်ရှိတဲ့ အထဲက အသေးဆုံးကျွန်းဖြစ်ပြီး ဒီကျွန်းရဲ့ယခင်နာမည်ကတော့ Hub island ဖြစ်ကာ ဝယ်ယူပြီးသူတွေပြောင်းလိုက်တဲ့နာမည်ကတော့ Just Room Enough ဆိုပြီးဖြစ်ပါတယ်။ ပင်လယ်ထဲမှာ မဟုတ်ပဲ မြစ်ကမ်းစပ်နဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိတာကြောင့် လှိုင်းထန်ရေကြီးဖို့ အတွက်လည်း မစိုးရိမ်ရပါဘူး။

နှစ်ယောက်တည်း အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်နေရတာကို ကြိုက်နှစ်သက်တဲ့ စုံတွဲတွေရဲ့ စိတ်ကူးယဉ်ကျွန်းလေးဖြစ်ပါတယ်။ ကမ်းခြေအသေးစားလေးတစ်ခုပါရှိပြီး ခြေတစ်လှမ်းလှမ်းရုံနဲ့ ရေထဲရောက်ရှိနိုင်တာကြောင့် One misstep and you’re swimming လို့ မီဒီယာတွေမှာ ဖော်ပြခြင်းခံရတဲ့ ကျွန်းလေးလည်းဖြစ်ပါတယ်။

 

Leave a Reply