လုပ္ႀကံသတ္ျဖတ္ျခင္းခံခဲ့ရတဲ့ ရုရွားဇာဘုရင္မိသားစု၏ ေနာက္ဆံုး ေန႔ရက္မ်ား

Posted on

စာရုိက္တင္သူ – ကုိၾကယ္စင္(ဗဟုသုတၾကယ္စင္ဂရု)

တခ်ိန္တုန္းက ဥေရာပတိုက္ မွာ အခ်မ္းသာဆံုး၊ ကမာၻေပၚမွာ အေက်ာ္ၾကားဆံုး ပုဂၢိဳလ္ေတြ ထဲ က တစ္ေယာက္၊ သူေသေတာ့ ( က်န္ရွိ ခဲ့တဲ့ ) ဖိုးထိုက္ဖိုးတန္ ေငြေၾကးေတြ က အေျမာက္ အျမား၊ ေငြေၾကး က ေပါင္ ၁၀,၀၀၀,၀၀၀၊ စိန္၊ ပုလဲ၊ ပတၱျမား ( စတဲ့ ) ရတနာ တန္ဖိုး က ေပါင္ ၁၆,၀၀၀၊ တစ္လ ဝင္ေငြ က ေပါင္ ၂၀၀,၀၀၀၊ တစ္စကၠန္႔တိုင္း မွာ ( ၅ ) ေပါင္ ဝင္ေငြရွိတဲ့သူ။

ဒါေပမယ့္ ( သူေရာ သူ႕မိသားစုေတြပါ လုပ္ၾကံ သတ္ျဖတ္ျခင္း ခံခဲ့ၾကရ ပါတယ္ )၊ ၁၉၁၈ ခု ဇူလိုင္ လ ၁၆ ရက္၊ သန္းေခါင္ယံ ေက်ာ္ေက်ာ္ အခ်ိန္ေလး မွာေပါ့။ သူ နဲ႕ သူ႕ မိသားစုဝင္ ေတြကို ပင့္ကူအိမ္ေတြ အျပည့္ နဲ႔ ညစ္ပတ္ ေပေရေနတဲ့ ေျမေအာက္ အခန္းေလးထဲ ကို အတင္းအၾကပ္ ေမာင္းသြင္း လိုက္ၾက တယ္။ ၿပီးေတာ့ ပစ္သတ္လိုက္ၾက ပါတယ္။

သူတို ႔ကို လုပ္ၾကံ သတ္ျဖတ္မႈ ဟာ ကမာၻကို ရုတ္တရက္ အာရံုစိုက္မိတဲ့၊ သမိုင္း မွတ္တမ္း မွာ ထူးျခားတဲ့ အျဖစ္အပ်က္ကေလး တစ္ခုေပါ့။

သူ ကေတာ့ ရုရွားျပည္ ထီးနန္းကို ေနာက္ဆံုး အုပ္ခ်ဳပ္ စိုးစံခဲ့တဲ့ ဇာဘုရင္ ဒုတိယ ေျမာက္ နီကိုလပ္စ္ ျဖစ္ပါတယ္။ ကမာၻႀကီး ရဲ႕ ေျခာက္ပံုတစ္ပံု အက်ယ္အဝန္း ရွိတဲ့ သူ႕တိုင္းျပည္ကို ၂၅ ႏွစ္နီးပါး တင္းက်ပ္တဲ့ သံမဏိစည္းမ်ဥ္းေတြ နဲ႔ အုပ္ခ်ဳပ္ခဲ့ သူေပါ့။

လူေတြ ကို အစုလိုက္အၿပံဳလိုက္ သတ္ျဖတ္ အျပစ္ေပးခဲ့ တယ္။ အဲ့ဒီ လို အခ်ည္းႏွီး အက်ိဳးမထင္တဲ့ သတ္ျဖတ္မႈေတြ လုပ္ၿပီးတဲ့ (၃) ႏွစ္ နီးပါး အၾကာ ၁၉၁၇ ခုႏွစ္ မွာေပါ့။ သူ ႔ရဲ႕ တပ္ေတြ က သူ႕ကို ပုန္ကန္မႈ ျပဳတယ္။

ဒါေၾကာင့္ ၁၉၁၇ ခု မတ္လ (၁၄) ရက္ သန္းေခါင္ယံ မတိုင္မီ မိနစ္ အနည္းငယ္ အလိုမွာ ဗိုလ္ခ်ဳပ္ႀကီးေတြ ပါဝင္တဲ့ ေကာ္မတီအဖြဲ႕နဲ႔ ဇာ ဘုရင္မင္းျမတ္ နဲ႔ ေတြ႕ဆံုၾကတယ္။ ဘုရင့္ ကိုယ္ပိုင္ ရထားတြဲ ဧည့္ခန္းထဲ မွာေပါ့။ သူတို ႔က ဇာ ဘုရင္ကို နန္းစြန္႕ဖို႔ ေလွ်ာက္ထား ေျပာဆို ၾကတယ္။

သူ႕အေနနဲ႔ အလြန္ ေခ်ာက္ခ်ား တုန္လႈပ္ရ ပါတယ္။ ထိုင္ေနရင္း နဲ႕ ဒယီးဒယိုင္ ျဖစ္ခဲ့ ရတယ္။ သူ႔ မ်က္ႏွာ ကလည္း လူေသ မ်က္ႏွာလို ျဖဴဖပ္ျဖဴေရာ္ နဲ႔ ဗိုလ္ခ်ဳပ္ႀကီးေတြ အဖြဲ႕ကေတာင္ စိုးရိမ္သြား ၾကတယ္။ သူဟာ တကယ္ကို ေမ့ေျမာၿပီး ၾကမ္းျပင္ ေပၚကို ထိုးက်သြားေလ မလားလို႔။

သူ အိပ္ရာထဲ ကို ဝင္တယ္။ ဒါေပမယ့္ ဘယ္လို မွ အိပ္လို႔ မေပ်ာ္။ ဒါေၾကာင့္ သူ အိပ္ရာ က ထတယ္။ ည ကာလ ရဲ႕ က်န္သမွ် အခ်ိန္ပိုင္း ကို စာဖတ္ျခင္းအားျဖင့္ ကုန္လြန္ေစခဲ့ တယ္။ ရွိတ္စပီးယား ရဲ႕ စာေပေတြ ထဲက ဂ်ဴးလီးယပ္ဆီဇာ ဆိုတဲ့ ေက်ာ္ၾကားတဲ့ ျပဇာတ္ တစ္ပုဒ္ ကို ဖတ္ရင္း နဲ႔ေပါ့။

ေနာက္တစ္ေန ႔မနက္ ၁၀ နာရီ နဲ႔ ၁၅ မိနစ္ တိတိ အခ်ိန္မွာ သူ နန္းစြန္႕တယ္ ဆိုတာကို လက္မွတ္ ေရးထိုးတယ္၊ သာမန္ရိုးရိုး ခဲတံေလးနဲ႕ပါပဲ။ သူ႕ရဲ႕ႏႈတ္ေတာ္ကလည္း “ေက်းဇူး ႀကီးမားလွ ပါဘိ ဘုရားသခင္၊ ကၽြန္ေတာ္မ်ိဳး ထာဝရ ေတာင့္တခဲ့ရသည့္ ဆႏၵ တစ္ခုကို ယခု ျဖည့္ဆည္း ႏိုင္ပါေတာ့ မည္။

ခရိုင္းမီးယား တြင္ ရွိေသာ ကၽြန္ေတာ္မ်ိဳး ၏ အိမ္ေတာ္သို႔ ျပန္ၿပီး ပန္းမာလာမ်ား ကို စိုက္ပ်ိဳးႏိုင္ ပါေတာ့မည္။ ေအးေအးခ်မ္းခ်မ္း ေနႏိုင္ပါေတာ့ မည္။

ဇာ ဘုရင္ ႏွင့္ သူ႕မိသားစု ေတြဟာ မေသမီ သူတို႔ ရဲ႕ ေနာက္ဆံုး လ ေတြကို အခန္း (၂) ခန္း ပါတဲ့၊ အိမ္အိုႀကီး တစ္လံုး မွာ ကုန္လြန္ေစခဲ့ရ ပါတယ္။ ယူရယ္ ေတာင္ေျခမွာ ရွိတဲ့ ၿမိဳ႕ေလးတစ္ၿမိဳ႕ရဲ႕ ဆင္ေျခဖံုး မွာေပါ့။

ေတာ္လွန္ေရးသမားေတြ က သူတို႔ ကို အက်ဥ္းသားေတြ အျဖစ္ ဖမ္းထားပါတယ္။ သူတို႔ ကို သာမန္ ေတာသူေတာင္သားေတြ စားသလို အတင္းအၾကပ္ စားေစတယ္။ သူတို႔ ကို သၾကား၊ ေကာ္ဖီ၊ မလိုင္၊ ဆား၊ ေထာပတ္ တစ္ခု ကိုမွ (စားဖို႔မေပး) ခြင့္မျပဳ ပါဘူး၊

သူတို ႔အေန နဲ႔ တစ္ေန႔မွာ (၂) ႀကိမ္ ေပါင္မုန္႔ ခပ္ၾကမ္းၾကမ္း တစ္လံုးရယ္၊ ခပ္ပ်စ္ပ်စ္ ခ်က္ထားတဲ့ ဟင္းသီးဟင္းရြက္ ဟင္းခ်ိဳ တစ္ခြက္ရယ္ က လြဲရင္ ဘာမွ မစားရပါဘူး။

အဲ့ဒီ အိမ္ရဲ႕ ျပတင္းေပါက္ေတြ ကိုလည္း ေဆးနဲ ႔သုတ္ထားတယ္။ အျပင္ဘက္ ကို လွမ္းၾကည့္လို႔ မရေအာင္ေလ၊ အဲ့ဒီ ျပတင္းေပါက္ေတြ ကို ဖြင့္ခြင့္လည္း မေပးဘူး၊

တစ္ေန႔က်ေတာ့ အငယ္ဆံုး သမီးေတာ္ မင္းသမီးေလး “အနက္တရွာ” က ျပတင္းေပါက္ ကေလး တစ္ေပါက္ကို ဖြင့္လိုက္မိတယ္။ ေလရွဴခ်င္လို႔ပါ။ အဲ့ဒီလို ဖြင့္မိလို႔ စစ္သား တစ္ေယာက္က ေသနတ္နဲ႔ လွမ္းပစ္လိုက္ တယ္ေလ။

သူတို႕ကို တစ္ေန႔မွာ (၅) မိနစ္ေတာ့ ျခံထဲ မွာ လမ္းေလွ်ာက္ခြင့္ ျပဳပါတယ္။ အငယ္ဆံုး သားေတာ္ေလး “ဇာရီဇစ္ခ်္” က လမ္း မေလွ်ာက္ႏိုင္ေလာက္ေအာင္ ဖ်ားနာ ေနတယ္၊ ဒါေၾကာင့္ ခမည္းေတာ္ ဘုရင္ မင္းျမတ္ က ခ်ီပိုးၿပီး ေလွ်ာက္ရပါတယ္။

ေစာင့္ၾကပ္ေနတဲ့ စစ္သားေတြ ကလည္း ပမာမခန္႔ မေလးမစား စစ္ဝတ္စံု အျပည့္ နဲ႔ မဟုတ္။ ဘုရင့္ သမီးေတာ္ေတြ ကိုလည္း မဖြယ္မရာ စကားေတြ ေျပာၾကသည္။ ညညဆို ျပတင္းေပါက္ ေအာက္နား ကေနၿပီး ညစ္ညမ္းတဲ့ မၾကားဝံ့မနာသာ သီခ်င္းေတြ ဆိုၾက သည္။

တစ္ေန႔ေတာ့ အေစာင့္ စစ္သား တစ္ေယာက္ က မိဖုရားႀကီး ရဲ႕ ခါးပိုက္ေဆာင္ အိတ္ငယ္ ကို လုယူ တယ္။ ၿပီးေတာ့ “ခင္ဗ်ား အေနနဲ႔ ဒီ ပိုက္ဆံေတြ ဟာ မလိုအပ္ေတာ့ ပါဘူး” လို႔ ေျပာရင္း မိဖုရားႀကီး ရဲ႕ ပိုက္ဆံကို ယူသြားတယ္။

ဘုရင္မင္းျမတ္ ကိုယ္တိုင္ကေတာ့ စိတ္ႏွလံုး ႏူးညံ့တယ္၊ သည္းခံတတ္တယ္၊ ဒါေပမယ့္ မိဖုရားႀကီး က မာန ႀကီးတယ္။ ဒါေၾကာင့္ သူမ အေနနဲ ႔က မေက်နပ္၊ အျမဲတေစ မရပ္မနား ဘုရားသခင္ ကို တိုင္တည္ၿပီး က်ိန္ဆိုတယ္၊ တစ္ေန႕ေန႔က်ရင္ တိရစာၦန္လို ဆိုးရြား ယုတ္မာ လွတဲ့ ဒီ ေကာင္ေတြ ကို ကလဲ့စားေခ်မယ္ ေပါ့။

၁၉၁၈ ခု ဇူလိုင္လ (၁၆) ရက္ ေန႔ ည သန္းေခါင္ေက်ာ္ အခ်ိန္။ အေစာင့္ စစ္သားေတြ ရဲ႕ တပ္မွဴး ဗိုလ္ႀကီး တစ္ေယာက္က ဇာဘုရင္ နဲ႔ မိသားစု ကို ႏႈိးတယ္။

“ၿမိဳ႕ထဲမွာ အဓိကရုန္းေတြ၊ ရုန္းရင္ဆန္ခတ္မႈေတြ ျဖစ္ကုန္ၿပီ၊ အဝတ္အစားေတြ ျမန္ျမန္လဲၾက၊ ေျမေအာက္ခန္း ကို သြားၾက၊ လံုျခံဳတဲ့ ေနရာ တစ္ခုခု ကို ေခၚသြားဖို႕အတြက္ ကားေတြ ေရာက္လာတဲ့ အထိ ေစာင့္ၾက” လို႔ ေျပာတယ္။

ေျမေအာက္ခန္းထဲ ေရာက္ေတာ့ မိဖုရားႀကီး ဟာ ေၾကာက္လြန္းလို႔ တုန္ေနတယ္။ မတ္တပ္ေတာင္ မရပ္ႏိုင္ရွာ လို႔ ကုလားထိုင္ တစ္လံုး ယူလာခိုင္းၿပီး ထိုင္ရတယ္။ ဖ်ားနာေနတဲ့ သားေတာ္ေလး ကို ေပါင္ေပၚမွာ တင္ၿပီး ေပြ႕ထားရင္း နဲ႔ေပါ့။

ခ်က္ခ်င္း ရုတ္ခ်ည္းပဲ၊ စစ္သားေတြ ေျမေအာက္ခန္းထဲ ကို ကသုတ္ကရက္ ေရာက္လာ ၾကတယ္။ “ခင္ဗ်ားတို ႔ရဲ႕ မိတ္ေဆြေတြ က ခင္ဗ်ားတို ႔ကို ကယ္ဖို႔ ၾကိဳးစားခဲ့ ၾကတယ္၊ ဒါေပမယ့္ မေအာင္ျမင္ ပါဘူး၊ ဒါေၾကာင့္ ခင္ဗ်ားတို ႔ကို သတ္ရ ေတာ့မယ္။”

အလ်င္အျမန္ပါပဲ၊ စစ္သား တစ္ေယာက္ က ဇာ ဘုရင္ ရဲ႕ ႏွလံုးသား ကို ခ်ိန္ရြယ္ၿပီး ျပစ္ထည့္ လိုက္တယ္။ ရုတ္တရက္ ပဲ လဲက် ေသဆံုး သြားတယ္ေလ။

အဲ့ဒီေတာ့ မွ စစ္သားေတြ က မိန္းမသားေတြ ကို ပစ္ခတ္ေတာ့တာ ပါပဲ။ ဒါေပမယ့္ သူတို ႔က သိပ္ စိတ္လႈပ္ရွား ေနၾကတယ္။ ထပ္တလဲလဲ နဲ႔ အရမ္းကာေရာ ေရာက္တတ္ ရာရာ ျပစ္ခတ္ ၾကတယ္။

မိန္းမသားေတြ ဆိုေတာ့ ေၾကာက္လန္႕တၾကား ေအာ္ရင္းဟစ္ရင္း၊ တစ္ေယာက္ေနာက္ မွာ တစ္ေယာက္ ပုန္းကြယ္ရင္း ေျပးၾက လႊႊားၾက လြတ္ ႏိုးႏိုးရယ္ ေခါင္းအံုးေလးေတြ ကို သူတို႔ေရွ႕ထားၿပီး ကြယ္ရင္း ကာရင္းေပါ့။

ဒါေပမယ့္ အေစာင့္ စစ္သားေတြ ဟာ ေအာင္ျမင္ခဲ့ ပါတယ္။ မိန္းမသားေတြ ကို ေသနတ္ နဲ႔ ျပစ္သတ္ႏိုင္ခဲ့ရံု သာမက၊ သူတို ႔ရဲ႕ လွံစြပ္ေတြ နဲ႕လဲ ထိုးသတ္ႏိုင္ခဲ့ ပါတယ္။

မိနစ္ အနည္းငယ္ ေတာ္ေတာ္ေလး ၾကာေတာ့၊ လြမ္းဆြတ္ ေၾကကြဲဖြယ္ရာ ေကာင္းလွတဲ့ အဲ့ဒီ ေျမေအာက္ခန္းေလး ထဲမွာ အသံေလး တစ္သံ ထြက္လာတယ္။ အျပင္းအထန္ ကို ေၾကာက္ရြံ႕ တုန္လႈပ္ေနတဲ့ ေခြးငယ္ေလး တစ္ေကာင္ေပါ့။

ေသဆံုး လဲက်ေနတဲ့ ရုပ္ အေလာင္းေတြနား မွာ သူ႕သခင္မ ကို လွည့္ပတ္ ရွာေဖြေနတဲ့ ေခြးေလးေပါ့။ စစ္သား တစ္ေယာက္က သူ႕ကို လွံစြပ္ နဲ ႔ထိုးၿပီး သတ္ႏိုင္ ခဲ့တယ္။

ေတာ္ဝင္ မိသားစုေတြ ရဲ႕ ရုပ္ အေလာင္းေတြကို စစ္သားေတြ က အပိုင္းပိုင္း ျဖစ္ေအာင္ ခုတ္ထစ္ လွီးျဖတ္ ၾကတယ္။ ဓာတ္ဆီ နဲ႔ ေလာင္းၿပီး မီးရႈိ႕ၾကတယ္။ မီးေသြး ျဖစ္ေအာင္ ကၽြမ္းေနတဲ့ ရုပ္ အေလာင္းေတြ ကို သတၱဳမိုင္းတြင္းႀကီး တစ္ခုကို ျပစ္ထည့္ လိုက္ၾက တယ္။

ရက္ အနည္းငယ္ ၾကာေတာ့၊ အေလာင္းေတြ မီးရႈိ႕ခဲ့တဲ့ ျပာပံု ကို စစ္သားေတြ က တုတ္ နဲ႕ထိုးၿပီးတူးဆြ ရွာေဖြၾက ပါတယ္။ ေက်ာက္သံပတၱျမား အေျမာက္အမ်ားကို ေတြ႕ခဲ့ၾက တယ္ေလ။ မိဖုရားႀကီး နဲ႕ သမီးေတာ္ေတြ ဟာ စိန္ေတြ ပတၱျမားေတြ ကို သူတို႔ ဝတ္တဲ့ ဝတ္ရံုေတြ အနားသားမွာ လံုးခ်ဳပ္ၿပီး ဝွက္ခဲ့၊ သိမ္းခဲ့ၾကတာကိုး။

ဒီ လုပ္ၾကံသတ္ျဖတ္မႈႀကီး ကို ေနာက္တက္လာတဲ့ ရုရွား အစိုးရသစ္ က ျပဳလုပ္ ခဲ့တာ ေတာ့ မဟုတ္ပါဘူး။ အစိုးရ က ေတာ္လွန္ေရးသမား အေတာ္မ်ားမ်ား ကို ဖမ္းဆီးခဲ့တယ္။ ဇာဘုရင္ ကို သတ္ျဖတ္မႈ အတြက္ ရံုးတင္ စစ္ေဆးခဲ့ တယ္။ သူတို႔ အထဲက (၅) ဦး ကို ေသဒဏ္ေပး ခဲ့တယ္။

ဘုရင္ နဲ႔ မိသားစု ကို သတ္ျဖတ္မႈ ဟာ ေသြးဆာေနတဲ့ ေတာ္လွန္ေရးသမား တခ်ဳိ႕ရဲ႕ လုပ္ရပ္သာ ျဖစ္ပါတယ္။ သူတို႔ ဟာ ဘယ္သူ႔ ဆီက မွ အမိန္႔ တစ္စံုတစ္ရာ ကို ရယူ ေတာင္းခံခဲ့ျခင္း လည္း မရွိခဲ့ ပါဘူး။

ယခုအခါ မီးကၽြမ္းေနတဲ့ ေတာ္ဝင္ မိသားစုေတြ ရဲ႕ ရုပ္ကလပ္ အရိုးစုေတြ ကို ပဲရစ္ (ပါရီ) ၿမိဳ႕ မွာ ျမွဳပ္ႏွံထား ပါတယ္။ အေမရိကန္ သံတမန္ အခြင့္အေရး အကူအညီ နဲ႔ပဲ ဒီ ေနရာကို သယ္ခဲ့ၾက တာေပါ့။

ျဖစ္ပံုက … ၁၉၂၀ ခုႏွစ္ ဇန္နဝါရီ လ မွာေပါ့။ ဆိုက္ေဘးရီးယား မွာ ရွိတဲ့ အေမရိကန္ ေကာင္စစ္ အရာရွိ ဗိုလ္ခ်ဳပ္ တစ္ေယာက္ကို သူ႕မိတ္ေဆြတစ္ဦး က ပန္ၾကား အကူအညီေတာင္း တယ္။ ႀကိဳးခ်ည္ထားတဲ့ ခပ္ၾကမ္းၾကမ္း သစ္သား တစ္လံုးကို သယ္ေဆာင္ေပးဖို႔ပါ။

ဆိုက္ေဘးရီးယား ကို ေက်ာ္ျဖတ္ၿပီး ဟာဗင္ အရပ္မွာ ရွိတဲ့ ၿဗိတိသွ် မဟာမင္းႀကီး ထံ ပို႔ ေပးဖို႔ ျဖစ္ ပါတယ္။ အေမရိကန္ ေကာင္စစ္ အရာရွိ အေနနဲ႔ ေသတၱာထဲ မွာ ဘာပါသလဲ မသိခဲ့သလို ဂရုလည္း မစိုက္ခဲ့ဘူး ေပါ့။

ရထားေပၚမွာ ေအးလြန္းလို႔ ေသြးပူ ေလ့က်င့္ခန္း ရေအာင္ အဲ့ဒီ ေသတၱာကို ေျခေထာက္ နဲ႔ ကန္ကန္ၿပီးေတာ့ ေတာင္ လာခဲ့ ေသးတယ္။ ဟာဗင္ ကို ေရာက္ေတာ့မွ သူ ႔အေန နဲ႔ အံ့ၾသရ ပါတယ္။ ဒီ ေသတၱာထဲမွာ ဇာဘုရင္ နဲ႕ မိသားစု ရဲ႕ ႂကြင္းက်န္ ရစ္တဲ့ အရိုးေတြ ကို ထည့္ထားမွန္း သိရတာကုိး၊

အဲ့ဒီ ေသတၱာကို ရွန္ဟဲ သို ႔ပို႔လိုက္တယ္။ ၿပီးေတာ့ မွ ပဲရစ္ (ပါရီ) သို႔ ပို႔တယ္။ ပါရီ ကို ေရာက္ေတာ့မွ ေသတၱာ ကို ဖြင့္တယ္။

အဲ့ဒီ အထဲမွာ အျခား အရိုးစုေတြ နဲ႕အတူ မိဖုရားႀကီး လက္ေခ်ာင္း အရိုးေလး တစ္ခု ကိုလည္း ေတြ႕ရတယ္။ အဲ့ဒီ လက္ေခ်ာင္းေလး မွာ သူမ ရဲ႕ လက္ထပ္ ​လက္စြပ္ က စြပ္လ်က္ ရွိဆဲ ………

ေမာင္သိန္းလြင္ – ကမၻာေက်ာ္ၾကား ပုဂၢိဳလ္မ်ား ၏ မေက်ာ္ၾကားေသာ ျဖစ္ရပ္မ်ား
စာရုိက္တင္သူ – ကုိၾကယ္စင္(ဗဟုသုတၾကယ္စင္ဂရု)


ရုရှားပြည် ဇာဘုရင် ၏ ဆိုးဝါးလှသော နောက်ဆုံး နေ့ရက်များ (unicode)

ဥရောပတိုက် မှာ အချမ်းသာဆုံး၊ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ပုဂ္ဂိုလ်တွေ ထဲ က တစ်ယောက်၊ သူသေတော့ ( ကျန်ရှိ ခဲ့တဲ့ ) ဖိုးထိုက်ဖိုးတန် ငွေကြေးတွေ က အမြောက် အမြား၊ ငွေကြေး က ပေါင် ၁၀,၀၀၀,၀၀၀၊ စိန်၊ ပုလဲ၊ ပတ္တမြား ( စတဲ့ ) ရတနာ တန်ဖိုး က ပေါင် ၁၆,၀၀၀၊ တစ်လ ဝင်ငွေ က ပေါင် ၂၀၀,၀၀၀၊ တစ်စက္ကန့်တိုင်း မှာ ( ၅ ) ပေါင် ဝင်ငွေရှိတဲ့သူ။

ဒါပေမယ့် ( သူရော သူ့မိသားစုတွေပါ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ကြရ ပါတယ် )၊ ၁၉၁၈ ခု ဇူလိုင် လ ၁၆ ရက်၊ သန်းခေါင်ယံ ကျော်ကျော် အချိန်လေး မှာပေါ့။ သူ နဲ့ သူ့ မိသားစုဝင် တွေကို ပင့်ကူအိမ်တွေ အပြည့် နဲ့ ညစ်ပတ် ပေရေနေတဲ့ မြေအောက် အခန်းလေးထဲ ကို အတင်းအကြပ် မောင်းသွင်း လိုက်ကြ တယ်။ ပြီးတော့ ပစ်သတ်လိုက်ကြ ပါတယ်။

သူတို့ကို လုပ်ကြံ သတ်ဖြတ်မှု ဟာ ကမ္ဘာကို ရုတ်တရက် အာရုံစိုက်မိတဲ့၊ သမိုင်း မှတ်တမ်း မှာ ထူးခြားတဲ့ အဖြစ်အပျက်ကလေး တစ်ခုပေါ့။

သူ ကတော့ ရုရှားပြည် ထီးနန်းကို နောက်ဆုံး အုပ်ချုပ် စိုးစံခဲ့တဲ့ ဇာဘုရင် ဒုတိယ မြောက် နီကိုလပ်စ် ဖြစ်ပါတယ်။ ကမ္ဘာကြီး ရဲ့ ခြောက်ပုံတစ်ပုံ အကျယ်အဝန်း ရှိတဲ့ သူ့တိုင်းပြည်ကို ၂၅ နှစ်နီးပါး တင်းကျပ်တဲ့ သံမဏိစည်းမျဉ်းတွေ နဲ့ အုပ်ချုပ်ခဲ့ သူပေါ့။

လူတွေ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ် အပြစ်ပေးခဲ့ တယ်။ အဲ့ဒီ လို အချည်းနှီး အကျိုးမထင်တဲ့ သတ်ဖြတ်မှုတွေ လုပ်ပြီးတဲ့ (၃) နှစ် နီးပါး အကြာ ၁၉၁၇ ခုနှစ် မှာပေါ့။ သူ့ရဲ့ တပ်တွေ က သူ့ကို ပုန်ကန်မှု ပြုတယ်။

ဒါကြောင့် ၁၉၁၇ ခု မတ်လ (၁၄) ရက် သန်းခေါင်ယံ မတိုင်မီ မိနစ် အနည်းငယ် အလိုမှာ ဗိုလ်ချုပ်ကြီးတွေ ပါဝင်တဲ့ ကော်မတီအဖွဲ့နဲ့ ဇာ ဘုရင်မင်းမြတ် နဲ့ တွေ့ဆုံကြတယ်။ ဘုရင့် ကိုယ်ပိုင် ရထားတွဲ ဧည့်ခန်းထဲ မှာပေါ့။ သူတို့က ဇာ ဘုရင်ကို နန်းစွန့်ဖို့ လျှောက်ထား ပြောဆို ကြတယ်။

သူ့အနေနဲ့ အလွန် ချောက်ချား တုန်လှုပ်ရ ပါတယ်။ ထိုင်နေရင်း နဲ့ ဒယီးဒယိုင် ဖြစ်ခဲ့ ရတယ်။ သူ့ မျက်နှာ ကလည်း လူသေ မျက်နှာလို ဖြူဖပ်ဖြူရော် နဲ့ ဗိုလ်ချုပ်ကြီးတွေ အဖွဲ့ကတောင် စိုးရိမ်သွား ကြတယ်။ သူဟာ တကယ်ကို မေ့မြောပြီး ကြမ်းပြင် ပေါ်ကို ထိုးကျသွားလေ မလားလို့။

သူ အိပ်ရာထဲ ကို ဝင်တယ်။ ဒါပေမယ့် ဘယ်လို မှ အိပ်လို့ မပျော်။ ဒါကြောင့် သူ အိပ်ရာ က ထတယ်။ ည ကာလ ရဲ့ ကျန်သမျှ အချိန်ပိုင်း ကို စာဖတ်ခြင်းအားဖြင့် ကုန်လွန်စေခဲ့ တယ်။ ရှိတ်စပီးယား ရဲ့ စာပေတွေ ထဲက ဂျူးလီးယပ်ဆီဇာ ဆိုတဲ့ ကျော်ကြားတဲ့ ပြဇာတ် တစ်ပုဒ် ကို ဖတ်ရင်း နဲ့ပေါ့။

နောက်တစ်နေ့မနက် ၁၀ နာရီ နဲ့ ၁၅ မိနစ် တိတိ အချိန်မှာ သူ နန်းစွန့်တယ် ဆိုတာကို လက်မှတ် ရေးထိုးတယ်၊ သာမန်ရိုးရိုး ခဲတံလေးနဲ့ပါပဲ။ သူ့ရဲ့နှုတ်တော်ကလည်း “ကျေးဇူး ကြီးမားလှ ပါဘိ ဘုရားသခင်၊ ကျွန်တော်မျိုး ထာဝရ တောင့်တခဲ့ရသည့် ဆန္ဒ တစ်ခုကို ယခု ဖြည့်ဆည်း နိုင်ပါတော့ မည်။

ခရိုင်းမီးယား တွင် ရှိသော ကျွန်တော်မျိုး ၏ အိမ်တော်သို့ ပြန်ပြီး ပန်းမာလာများ ကို စိုက်ပျိုးနိုင် ပါတော့မည်။ အေးအေးချမ်းချမ်း နေနိုင်ပါတော့ မည်။

ဇာ ဘုရင် နှင့် သူ့မိသားစု တွေဟာ မသေမီ သူတို့ ရဲ့ နောက်ဆုံး လ တွေကို အခန်း (၂) ခန်း ပါတဲ့၊ အိမ်အိုကြီး တစ်လုံး မှာ ကုန်လွန်စေခဲ့ရ ပါတယ်။ ယူရယ် တောင်ခြေမှာ ရှိတဲ့ မြို့လေးတစ်မြို့ရဲ့ ဆင်ခြေဖုံး မှာပေါ့။

တော်လှန်ရေးသမားတွေ က သူတို့ ကို အကျဉ်းသားတွေ အဖြစ် ဖမ်းထားပါတယ်။ သူတို့ ကို သာမန် တောသူတောင်သားတွေ စားသလို အတင်းအကြပ် စားစေတယ်။ သူတို့ ကို သကြား၊ ကော်ဖီ၊ မလိုင်၊ ဆား၊ ထောပတ် တစ်ခု ကိုမှ (စားဖို့မပေး) ခွင့်မပြု ပါဘူး၊

သူတို့အနေ နဲ့ တစ်နေ့မှာ (၂) ကြိမ် ပေါင်မုန့် ခပ်ကြမ်းကြမ်း တစ်လုံးရယ်၊ ခပ်ပျစ်ပျစ် ချက်ထားတဲ့ ဟင်းသီးဟင်းရွက် ဟင်းချို တစ်ခွက်ရယ် က လွဲရင် ဘာမှ မစားရပါဘူး။

အဲ့ဒီ အိမ်ရဲ့ ပြတင်းပေါက်တွေ ကိုလည်း ဆေးနဲ့သုတ်ထားတယ်။ အပြင်ဘက် ကို လှမ်းကြည့်လို့ မရအောင်လေ၊ အဲ့ဒီ ပြတင်းပေါက်တွေ ကို ဖွင့်ခွင့်လည်း မပေးဘူး၊

တစ်နေ့ကျတော့ အငယ်ဆုံး သမီးတော် မင်းသမီးလေး “အနက်တရှာ” က ပြတင်းပေါက် ကလေး တစ်ပေါက်ကို ဖွင့်လိုက်မိတယ်။ လေရှူချင်လို့ပါ။ အဲ့ဒီလို ဖွင့်မိလို့ စစ်သား တစ်ယောက်က သေနတ်နဲ့ လှမ်းပစ်လိုက် တယ်လေ။

သူတို့ကို တစ်နေ့မှာ (၅) မိနစ်တော့ ခြံထဲ မှာ လမ်းလျှောက်ခွင့် ပြုပါတယ်။ အငယ်ဆုံး သားတော်လေး “ဇာရီဇစ်ခ်ျ” က လမ်း မလျှောက်နိုင်လောက်အောင် ဖျားနာ နေတယ်၊ ဒါကြောင့် ခမည်းတော် ဘုရင် မင်းမြတ် က ချီပိုးပြီး လျှောက်ရပါတယ်။

စောင့်ကြပ်နေတဲ့ စစ်သားတွေ ကလည်း ပမာမခန့် မလေးမစား စစ်ဝတ်စုံ အပြည့် နဲ့ မဟုတ်။ ဘုရင့် သမီးတော်တွေ ကိုလည်း မဖွယ်မရာ စကားတွေ ပြောကြသည်။ ညညဆို ပြတင်းပေါက် အောက်နား ကနေပြီး ညစ်ညမ်းတဲ့ မကြားဝံ့မနာသာ သီချင်းတွေ ဆိုကြ သည်။

တစ်နေ့တော့ အစောင့် စစ်သား တစ်ယောက် က မိဖုရားကြီး ရဲ့ ခါးပိုက်ဆောင် အိတ်ငယ် ကို လုယူ တယ်။ ပြီးတော့ “ခင်ဗျား အနေနဲ့ ဒီ ပိုက်ဆံတွေ ဟာ မလိုအပ်တော့ ပါဘူး” လို့ ပြောရင်း မိဖုရားကြီး ရဲ့ ပိုက်ဆံကို ယူသွားတယ်။

ဘုရင်မင်းမြတ် ကိုယ်တိုင်ကတော့ စိတ်နှလုံး နူးညံ့တယ်၊ သည်းခံတတ်တယ်၊ ဒါပေမယ့် မိဖုရားကြီး က မာန ကြီးတယ်။ ဒါကြောင့် သူမ အနေနဲ့က မကျေနပ်၊ အမြဲတစေ မရပ်မနား ဘုရားသခင် ကို တိုင်တည်ပြီး ကျိန်ဆိုတယ်၊ တစ်နေ့နေ့ကျရင် တိရစ္ဆာန်လို ဆိုးရွား ယုတ်မာ လှတဲ့ ဒီ ကောင်တွေ ကို ကလဲ့စားချေမယ် ပေါ့။

၁၉၁၈ ခု ဇူလိုင်လ (၁၆) ရက် နေ့ ည သန်းခေါင်ကျော် အချိန်။ အစောင့် စစ်သားတွေ ရဲ့ တပ်မှူး ဗိုလ်ကြီး တစ်ယောက်က ဇာဘုရင် နဲ့ မိသားစု ကို နှိုးတယ်။

“မြို့ထဲမှာ အဓိကရုန်းတွေ၊ ရုန်းရင်ဆန်ခတ်မှုတွေ ဖြစ်ကုန်ပြီ၊ အဝတ်အစားတွေ မြန်မြန်လဲကြ၊ မြေအောက်ခန်း ကို သွားကြ၊ လုံခြုံတဲ့ နေရာ တစ်ခုခု ကို ခေါ်သွားဖို့အတွက် ကားတွေ ရောက်လာတဲ့ အထိ စောင့်ကြ” လို့ ပြောတယ်။

မြေအောက်ခန်းထဲ ရောက်တော့ မိဖုရားကြီး ဟာ ကြောက်လွန်းလို့ တုန်နေတယ်။ မတ်တပ်တောင် မရပ်နိုင်ရှာ လို့ ကုလားထိုင် တစ်လုံး ယူလာခိုင်းပြီး ထိုင်ရတယ်။ ဖျားနာနေတဲ့ သားတော်လေး ကို ပေါင်ပေါ်မှာ တင်ပြီး ပွေ့ထားရင်း နဲ့ပေါ့။

ချက်ချင်း ရုတ်ချည်းပဲ၊ စစ်သားတွေ မြေအောက်ခန်းထဲ ကို ကသုတ်ကရက် ရောက်လာ ကြတယ်။ “ခင်ဗျားတို့ရဲ့ မိတ်ဆွေတွေ က ခင်ဗျားတို့ကို ကယ်ဖို့ ကြိုးစားခဲ့ ကြတယ်၊ ဒါပေမယ့် မအောင်မြင် ပါဘူး၊ ဒါကြောင့် ခင်ဗျားတို့ကို သတ်ရ တော့မယ်။”

အလျင်အမြန်ပါပဲ၊ စစ်သား တစ်ယောက် က ဇာ ဘုရင် ရဲ့ နှလုံးသား ကို ချိန်ရွယ်ပြီး ပြစ်ထည့် လိုက်တယ်။ ရုတ်တရက် ပဲ လဲကျ သေဆုံး သွားတယ်လေ။

အဲ့ဒီတော့ မှ စစ်သားတွေ က မိန်းမသားတွေ ကို ပစ်ခတ်တော့တာ ပါပဲ။ ဒါပေမယ့် သူတို့က သိပ် စိတ်လှုပ်ရှား နေကြတယ်။ ထပ်တလဲလဲ နဲ့ အရမ်းကာရော ရောက်တတ် ရာရာ ပြစ်ခတ် ကြတယ်။

မိန်းမသားတွေ ဆိုတော့ ကြောက်လန့်တကြား အော်ရင်းဟစ်ရင်း၊ တစ်ယောက်နောက် မှာ တစ်ယောက် ပုန်းကွယ်ရင်း ပြေးကြ လွှားကြ လွတ် နိုးနိုးရယ် ခေါင်းအုံးလေးတွေ ကို သူတို့ရှေ့ထားပြီး ကွယ်ရင်း ကာရင်းပေါ့။

ဒါပေမယ့် အစောင့် စစ်သားတွေ ဟာ အောင်မြင်ခဲ့ ပါတယ်။ မိန်းမသားတွေ ကို သေနတ် နဲ့ ပြစ်သတ်နိုင်ခဲ့ရုံ သာမက၊ သူတို့ရဲ့ လှံစွပ်တွေ နဲ့လဲ ထိုးသတ်နိုင်ခဲ့ ပါတယ်။

မိနစ် အနည်းငယ် တော်တော်လေး ကြာတော့၊ လွမ်းဆွတ် ကြေကွဲဖွယ်ရာ ကောင်းလှတဲ့ အဲ့ဒီ မြေအောက်ခန်းလေး ထဲမှာ အသံလေး တစ်သံ ထွက်လာတယ်။ အပြင်းအထန် ကို ကြောက်ရွံ့ တုန်လှုပ်နေတဲ့ ခွေးငယ်လေး တစ်ကောင်ပေါ့။

သေဆုံး လဲကျနေတဲ့ ရုပ် အလောင်းတွေနား မှာ သူ့သခင်မ ကို လှည့်ပတ် ရှာဖွေနေတဲ့ ခွေးလေးပေါ့။ စစ်သား တစ်ယောက်က သူ့ကို လှံစွပ် နဲ့ထိုးပြီး သတ်နိုင် ခဲ့တယ်။

တော်ဝင် မိသားစုတွေ ရဲ့ ရုပ် အလောင်းတွေကို စစ်သားတွေ က အပိုင်းပိုင်း ဖြစ်အောင် ခုတ်ထစ် လှီးဖြတ် ကြတယ်။ ဓာတ်ဆီ နဲ့ လောင်းပြီး မီးရှို့ကြတယ်။ မီးသွေး ဖြစ်အောင် ကျွမ်းနေတဲ့ ရုပ် အလောင်းတွေ ကို သတ္တုမိုင်းတွင်းကြီး တစ်ခုကို ပြစ်ထည့် လိုက်ကြ တယ်။

ရက် အနည်းငယ် ကြာတော့၊ အလောင်းတွေ မီးရှို့ခဲ့တဲ့ ပြာပုံ ကို စစ်သားတွေ က တုတ် နဲ့ထိုးပြီးတူးဆွ ရှာဖွေကြ ပါတယ်။ ကျောက်သံပတ္တမြား အမြောက်အများကို တွေ့ခဲ့ကြ တယ်လေ။ မိဖုရားကြီး နဲ့ သမီးတော်တွေ ဟာ စိန်တွေ ပတ္တမြားတွေ ကို သူတို့ ဝတ်တဲ့ ဝတ်ရုံတွေ အနားသားမှာ လုံးချုပ်ပြီး ဝှက်ခဲ့၊ သိမ်းခဲ့ကြတာကိုး။

ဒီ လုပ်ကြံသတ်ဖြတ်မှုကြီး ကို နောက်တက်လာတဲ့ ရုရှား အစိုးရသစ် က ပြုလုပ် ခဲ့တာ တော့ မဟုတ်ပါဘူး။ အစိုးရ က တော်လှန်ရေးသမား အတော်များများ ကို ဖမ်းဆီးခဲ့တယ်။ ဇာဘုရင် ကို သတ်ဖြတ်မှု အတွက် ရုံးတင် စစ်ဆေးခဲ့ တယ်။ သူတို့ အထဲက (၅) ဦး ကို သေဒဏ်ပေး ခဲ့တယ်။

ဘုရင် နဲ့ မိသားစု ကို သတ်ဖြတ်မှု ဟာ သွေးဆာနေတဲ့ တော်လှန်ရေးသမား တချို့ရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။ သူတို့ ဟာ ဘယ်သူ့ ဆီက မှ အမိန့် တစ်စုံတစ်ရာ ကို ရယူ တောင်းခံခဲ့ခြင်း လည်း မရှိခဲ့ ပါဘူး။

ယခုအခါ မီးကျွမ်းနေတဲ့ တော်ဝင် မိသားစုတွေ ရဲ့ ရုပ်ကလပ် အရိုးစုတွေ ကို ပဲရစ် (ပါရီ) မြို့ မှာ မြှုပ်နှံထား ပါတယ်။ အမေရိကန် သံတမန် အခွင့်အရေး အကူအညီ နဲ့ပဲ ဒီ နေရာကို သယ်ခဲ့ကြ တာပေါ့။

ဖြစ်ပုံက … ၁၉၂၀ ခုနှစ် ဇန်နဝါရီ လ မှာပေါ့။ ဆိုက်ဘေးရီးယား မှာ ရှိတဲ့ အမေရိကန် ကောင်စစ် အရာရှိ ဗိုလ်ချုပ် တစ်ယောက်ကို သူ့မိတ်ဆွေတစ်ဦး က ပန်ကြား အကူအညီတောင်း တယ်။ ကြိုးချည်ထားတဲ့ ခပ်ကြမ်းကြမ်း သစ်သား တစ်လုံးကို သယ်ဆောင်ပေးဖို့ပါ။

ဆိုက်ဘေးရီးယား ကို ကျော်ဖြတ်ပြီး ဟာဗင် အရပ်မှာ ရှိတဲ့ ဗြိတိသျှ မဟာမင်းကြီး ထံ ပို့ ပေးဖို့ ဖြစ် ပါတယ်။ အမေရိကန် ကောင်စစ် အရာရှိ အနေနဲ့ သေတ္တာထဲ မှာ ဘာပါသလဲ မသိခဲ့သလို ဂရုလည်း မစိုက်ခဲ့ဘူး ပေါ့။

ရထားပေါ်မှာ အေးလွန်းလို့ သွေးပူ လေ့ကျင့်ခန်း ရအောင် အဲ့ဒီ သေတ္တာကို ခြေထောက် နဲ့ ကန်ကန်ပြီးတော့ တောင် လာခဲ့ သေးတယ်။ ဟာဗင် ကို ရောက်တော့မှ သူ့အနေ နဲ့ အံ့ဩရ ပါတယ်။ ဒီ သေတ္တာထဲမှာ ဇာဘုရင် နဲ့ မိသားစု ရဲ့ ကြွင်းကျန် ရစ်တဲ့ အရိုးတွေ ကို ထည့်ထားမှန်း သိရတာကိုး၊

အဲ့ဒီ သေတ္တာကို ရှန်ဟဲ သို့ပို့လိုက်တယ်။ ပြီးတော့ မှ ပဲရစ် (ပါရီ) သို့ ပို့တယ်။ ပါရီ ကို ရောက်တော့မှ သေတ္တာ ကို ဖွင့်တယ်။

အဲ့ဒီ အထဲမှာ အခြား အရိုးစုတွေ နဲ့အတူ မိဖုရားကြီး လက်ချောင်း အရိုးလေး တစ်ခု ကိုလည်း တွေ့ရတယ်။ အဲ့ဒီ လက်ချောင်းလေး မှာ သူမ ရဲ့ လက်ထပ် ​လက်စွပ် က စွပ်လျက် ရှိဆဲ ………

Reference :
မောင်သိန်းလွင် – ကမ္ဘာကျော်ကြား ပုဂ္ဂိုလ်များ ၏ မကျော်ကြားသော ဖြစ်ရပ်များ
စာရိုက်တင်သူ – ကိုကြယ်စင်(ဗဟုသုတကြယ်စင်ဂရု)

Leave a Reply