သမၼတႀကီးလင္ကြန္း ၀ိဥာဥ္ ႏွင့္ အိမ္ျဖဴေတာ္မွ နာနာဘာ၀မ်ား

Posted on

Written By ေမာင္သာ(ေရွးေဟာင္းသုေတသန)

၁၉၈၆ ခုႏွစ္ ၊ မတ္လ (၁၈)ရက္ေန႕ကျဖစ္ပါ၏။ ကြ်န္မႏွင့္ကြ်န္မ၏ ခင္ပြန္းတို႔ သည္ အေမရိကန္ႏိုင္ငံသို႕ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာကေနဒါႏိုင္ငံ၀န္ႀကီးခ်ဳပ္ႏွင့္ဇနီး တို႕အားတည္ခင္းဧည့္ခံသည့္ ႏိုင္ငံေတာ္ညစာစားပြဲသို႕ တက္ေရာက္ရန္ဖိတ္ၾကားျခင္းခံရသျဖင့္အိမ္ျဖဴေတာ္သို႕ေရာက္ရွိခဲ့ၾကသည္။ ဂုဏ္ျပဳ ညစာစားပြဲခန္းမေဆာင္ႀကီးကို ေရႊျဖင့္ျပဳလုပ္ထားသည့္ ဖေယာင္းမီး ထြန္းတိုင္မ်ား၊ အနီေရာင္ႏွင့္အျဖဴေရာင္က်ဴးလစ္ပန္းမ်ား ျဖင့္ ျပည့္ေနသည့္ ေရႊဗန္းမ်ား၊ ေရြပန္းအိုးမ်ားျဖင့္ ခန္းလုံးျပည့္ အလွဆင္ထားသည္။

ခန္းမအတြင္း ကေနဒါ၀န္ႀကီးခ်ဳပ္ Brian Mulroney ႏွင့္ ဇနီး Mila Mulroney ၊ ထိုစဥ္ကအေမရိကန္သမၼတေရာ္နယ္ရီဂင္ႏွင့္ ဇနီး နန္စီရီဂင္ တို႕အပါအ၀င္ အျခားဂုဏ္သေရရွိပုဂၢိဳလ္မ်ား ႏွင့္ အတူ စားပြဲတစ္ခုတည္းတြင္ ကၽြန္မ ထိုင္ခြင့္ရရွိခဲ့ပါသည္။ ညစာအတူတကြ သုံးေဆာင္ၾကရင္း အလြန္ စကားေျပာေကာင္းသူတစ္ဦးျဖစ္သည့္ သမၼတေရာ္နယ္ရီဂင္ က အိမ္ျဖဴေတာ္ တြင္ သူ ကိုယ္တိုင္ႀကံဳေတြ႕ခဲ့ရဖူးေသာတေစၦ၊ သရဲမ်ားအေၾကာင္းကိုေျပာျပခဲ့သည္။ ထိုအေၾကာင္းမ်ားကိုေနာက္ပိုင္းတြင္ Ladies’ Home Journal တြင္ ကၽြန္မ ေရးသားခဲ့ပါသည္။

အေမရိကန္သမၼတအဆက္ဆက္တို႕ ၁၈၀၀ ျပည့္ႏွစ္မွစ၍ ေနထိုင္၊ ရုံးစိုက္ရာအိမ္ျဖဴေတာ္တြင္သရဲတေစ ၦဇာတ္လမ္းမ်ား၊ ယုံတမ္းစကားမ်ား အမ်ားအျပားရွိခဲ့ေသာ္လည္းယခုကြ်န္မေျပာမည့္ ဇာတ္လမ္းသည္ကား သမၼတေရာ္နယ္ရီဂင္ကိုယ္တိုင္ သူ ၏ ႏႈတ္မွ ေျပာခဲ့ေသာအေၾကာင္းအရာမ်ားသာျဖစ္ေပသည္။

အိမ္ျဖဴေတာ္တြင္ သမၼတေရာ္နယ္ရီဂင္ သည္ Lucky ဟုအမည္ေပးထားေသာ ေခြးေလးတစ္ေကာင္ကို ေမြးျမဴထားခဲ့သည္။ ေနာက္ပိုင္းတြင္ေမြးပြနားရွည္ Cavalier မ်ိဳး၊ေခြးေလး Rex ကို ထပ္မံ ေမြးထားခဲ့ရာ Rex သည္ သမၼလင္ကြန္းအိပ္စက္ခဲ့သည့္အိပ္ခန္း ကိုၾကည့္ကာမၾကာခဏစူးစူးရွရွ ေဟာင္တတ္သည္ကို သမၼတႀကီးကသတိထားခဲ့မိသည္။ ထို႕သို႕ ေဟာင္အၿပီးတြင္လည္းအျပင္ဘက္ သို႕ၾကည့္ကာေဟာင္ေနတတ္ျပန္သည္။ေခြးေဟာင္သံဆူျဖင့္ Rex ကိုအျပင္သို႕ ေမာင္းထုတ္တိုင္း မည္သို႕မွ် ေမာင္း၍ မရဘဲ တံခါး၀ ဆီသို႕ေျခပင္မခ်ခဲ့ပါေခ်။

တစ္ညေနတြင္ ေရာ္နယ္ရီဂင္ႏွင့္ဇနီးတို႔ သူတို႔ အခန္းတြင္ တီဗြီၾကည့္ေနၾကစဥ္ Rex သည္ ပတတ္ ရပ္ကာ မ်က္ႏွာၾကက္ဆီသို႕ၾကည့္လ်က္ ႏွာေခါင္းရႈံ႕ပြပြလုပ္ၿပီး အေပၚမွ မျမင္ရေသာတစ္စုံတစ္ခုကိုေဟာင္ေနခဲ့ေပသည္။Rex သည္ အခန္း အတြင္းပတ္ခ်ာလွည့္ သြားေနကာ မ်က္ႏွာၾကက္ကို ၾကည့္လ်က္ ေတာက္ေလွ်ာက္ေဟာင္ေနခဲ့သည္မွာ တကယ္ပင္ အံ့ၾသဘြယ္ ေကာင္း လွေပသည္။
“ကၽြန္ေတာ္ကပထမေတာ့ဘာေၾကာင့္လဲစဥ္းစားၾကည့္ေနတာေပါ့၊ေနာက္ေတာ့ လူေတြနားနဲ႕မၾကားႏိုင္ေလာက္တဲ့ လွ်ပ္စစ္ စီးေၾကာင္း အရမ္းျမင့္လာလို႕မ်ားလားလို႔ ေတြးမိတာနဲ႕ ၀န္ထမ္းတစ္ေယာက္ကိုၾကည့္ခိုင္းလိုက္ေသးတယ္၊ဒါေပမယ့္ မဟုတ္ပါဘူး”
သမၼတႀကီးကေျပာရင္းရယ္ေနသည္။

“ေျပာရဦးမယ္ဗ်၊ကၽြန္ေတာ့္သမီးနဲ႔ သားမက္က ကၽြန္ေတာ္တို႕ဆီလာလည္ၾကရင္ လင္ကြန္းအခန္းမွာဘဲ အိပ္ၾကတာကိုး၊ တစ္ရက္က်ေတာ့ ကၽြန္ေတာ့္သားမက္ကအိပ္ယာကႏိုးအလာမွာ အိပ္ခန္းျပဴတင္းနားမွာ လူတစ္ေယာက္ရပ္ေနတာ ေတြ႕လိုက္ရ တယ္တဲ့ ၊ အဲဒီလူရဲ႕ ကိုယ္ကလည္းတိုးလွ်ိဳးေပါက္ျမင္ေနရၿပီး သူ႕ဘက္လွည့္ၾကည့္လိုက္ျပီး ေပ်ာက္သြားေရာတဲ့ဗ်၊ သူ႕မိန္းမကို သူက အဲဒိအေၾကာင္းျပန္ေျပာျပေတာ့ ကၽြန္ေတာ့္သမီးက သူေျပာတာမယုံတဲ့အျပင္ သူ႕ကိုတစ္လေလာက္ ေျပာင္ေနခဲ့တာေလ”
ကၽြန္မတို႕အားလုံးသမၼတႀကီးစကားကို နားစိုက္ေထာင္ေနၾကသည္။

` “ေနာက္တစ္ေခါက္သူတို႕ လာလည္ေတာ့ ကၽြန္ေတာ့္ အမီးအလွည့္ ျဖစ္သြားၿပီထင္ပါရဲ႕၊ တစ္မနက္ သူအိပ္ယာ က အထ မွာျပတင္းေပါက္နားမွာ ရပ္ေနတဲ့လူတစ္ေယာက္ကိုေတြ႕လိုက္ရတယ္၊ ကြ်န္ေတာ့္သမီးက အဲဒီလူရဲ႕ကိုယ္လုံးကိုေဖာက္ၿပီးအျပင္က အပင္ ေတြကိုျမင္ေနရသတဲ့ဗ်၊ အဲဒိလူကကၽြန္ေတာ့္သမီးကိုလွည့္ၾကည့္ၿပီးေပ်ာက္သြားတယ္”

ထိုညကညစာစားပဲြအၿပီး ေနာက္ပိုင္းတြင္ ကၽြန္မ အိမ္ျဖဴေတာ္ တေစ ၦမ်ားကိုသုေတသနလုပ္ၾကည့္ခဲ့ပါသည္။ အေမရိကန္သမၼတေဟာင္း ဒါဇင္၀က္ေက်ာ္ႏွင့္ သူတို႕၏ဇနီးမ်ားသည္ အိမ္ျဖဴေတာ္မွေျခာက္ျခားဖြယ္မ်ားႏွင့္ ႀကဳံခဲ့ရဖူးသည္ဟုဆိုၾကပါသည္။အိမ္ျဖဴေတာ္ တေစၦမ်ားအနက္ လင္ကြန္းသည္အေျခာက္လွန္႕ဆုံးနာနာဘာ၀ပင္ျဖစ္သည္။ တေစၦႀကီးလင္ကြန္း က တစ္ခါက ဆာ၀င္စတန္ ခ်ာခ်ီကိုေျခာက္လွန္႕ခဲ့ေသးသည္။ ေရခ်ိဳးခန္းမွထြက္လာကာ ေဆးျပင္းလိပ္ရွာေနသည့္ခ်ာခ်ီ႕ကို လင္ကြန္းက ကိုယ္ထင္ျပခဲ့ရာ ခ်ာခ်ီက ထိုအခန္းတြင္ အိပ္ရန္ ျငင္းဆန္ခဲ့ေတာ့သည္။

နယ္သာလန္ ဘုရင္မ Queen Wilhelmina အိမ္ျဖဴတာ္သို႕ ေရာက္ရွိေနစဥ္ သူတည္းခိုေနသည့္အခန္းကို တံခါး လာေခါက္ သျဖင့္ တံခါးထဖြင့္လိုက္ရာ မတ္တတ္ရပ္ေနေသာလင္ကြန္းကိုျမင္လိုက္ရသျဖင့္ သတိလစ္ေမ့ေမ်ာသြားခဲ့ဖူးသည္။ မၾကာခဏတေစ ၦေျခာက္သည့္ လင္ကြန္း၏ အိပ္ခန္းသည္ သူသမၼတ တာ၀န္ထမ္းေဆာင္ခဲ့စဥ္က လြတ္လပ္မႈႏွင့္ အခြင့္အေရး ေၾကညာစာတမ္းကိုလက္မွတ္ေရးထိုးခဲ့သည့္ အစိုးရအဖြဲ႕ရုံးခန္းသာျဖစ္ေပသည္။သမၼတေအဗရာဟင္လင္ကြန္းႏွင့္ သူ႕ဇနီးတို႕သည္ တစ္ခ်ိန္က အိမ္ျဖဴေတာ္သို႕နတ္ဆရာပင့္ကာသူတို႕သားေလး၏ ၀ိဥာဥ္ကို အေခၚခိုင္းခဲ့ေၾကာင္းလူအမ်ားသိရွိၿပီး လည္း ျဖစ္ေပသည္။ လင္းကြန္းတို႕ေမာင္ႏွံက ကြယ္လြန္သြားေသာ သူတို႕သားေလးအား ေတာင္တန္းမ်ားတြင္ လမ္းေလွ်ာက္ေန သည္ ကိုေတြ႕ၾကရသျဖင့္ နတ္ဆရာကို အိမ္ျဖဴေတာ္သို႕ ေခၚကာ သူတို႕သားေလး၏ ၀ိဥာဥ္ႏွင့္ စကားေျပာရန္ ႀကိဳးပမ္းခဲ့ၾကသည္ဟု လည္း ေျပာၾကပါသည္။

အိမ္ျဖဴေတာ္နာနာဘာ၀အေၾကာင္းမ်ားကို ကၽြန္မသာ မေရးျဖစ္ခဲ့လွ်င္ ယင္းတို႕သည္လည္းတေစ ၦဇာတ္လမ္းမ်ားျဖစ္လာ လိမ့္မည္ မဟုတ္ပါေခ်။ အိမ္ျဖဴေတာ္၌ သမၼတႀကီးလင္ကြန္းအျပင္ အျခား နာနာဘာ၀တို႕လည္းရွိေနၾကေသးသည္။ အေမရိကန္ သမၼတတစ္ဦးျဖစ္ခဲ့သည့္ James Madison ၏ ဇနီး Dolley Madison ကိုလည္း အိမ္ျဖဴေတာ္ ၀င္းအတြင္း အပင္ မ်ား စိုက္ပ်ိဳးေသာ ႏွင္းဆီဥယ်ာဥ္တြင္ မႀကာခဏဆိုသလို ေတြ႕ရတတ္သည္။

အိမ္ျဖဴေတာ္၏ ေျမတိုက္ခန္းတြင္ နတ္မိစၦာေၾကာင္တစ္ေကာင္ရွိသည္ဟုဆိုၾကေသးသည္။ ယင္းေၾကာင္ကိုအလြန္ျမင္ရခဲ ၿပီး သူ႕ကိုျမင္ရၿပီဆိုလွ်င္ ေဘးအႏၱရာယ္ဆိုးႀကီးတစ္ခုခုကို မၾကာမီရင္ဆိုင္ရေတာ့မည္ဟုႀကိဳတင္ေျပာသည္ႏွင့္အတူတူပင္ျဖစ္သည္။ အိမ္ျဖဴေတာ္မွ လုံျခဳံေရး ၀န္ထမ္းတစ္ဦးက ၁၉၂၉ ခုႏွစ္ကစေတာ့ရွယ္ယာေစ်းကြက္မၿပိဳလဲမီတစ္ပတ္ခန္႕တြင္ ထိုေၾကာင္ ကိုျမင္ခဲ့ရ သည္။ထို႕အတူပင္ ၁၉၆၃ ခုႏွစ္က သမၼတကေနဒီလုပ္ၾကံျခင္းမခံရမီ ရက္အနည္းငယ္တြင္အဆိုပါေၾကာင္ကို ျမင္ေတြ႕ခဲ့ ၾကရသည္ ဟု ဆိုပါသည္။

အိမ္ျဖဴေတာ္ နာနာဘာ၀ တစ္ဦးျဖစ္သူ Abigail Adams ကိုလည္းအေရွ႕ဘက္ေဆာင္၊ အ၀တ္ေလွ်ာ္ခန္းတြင္ အ၀တ္မ်ား လွမ္းေနသည္ကိုမၾကာမၾကာေတြ႕ရတတ္သည္။သူ႕ကိုေနာက္ဆုံး ၂၀၀၂ ခုႏွစ္ကေတြ႕ခဲ့ၾကသည္ဟု ဆိုပါသည္။ Abigail Adams လာလွ်င ္အ၀တ္ေလွ်ာ္ဆပ္ျပာနံ႕မ်ားရေလ့ရွိသည္ဟု ၾကဳံဖူးၾကသူမ်ားကေျပာျပၾကသည္။

. Calvin Coolidge ၏ဇနီးျဖစ္သူကလည္ းအိမ္ျဖဴေတာ္၏ ဘဲဥပုံရုံးခန္း၏ ျပဴတင္းေပါက္အနီး၀ယ္ (ေရာ္နယ္ ရီဂင္၏ သမီးျဖစ္သူ ျမင္ခဲ့ရသည့္ အေနအထားအတိုင္း) လက္ေနာက္ပစ္ကာအျပင္သို႕ရပ္ၾကည့္ေနေသာလင္ကြန္းကို ေတြ႕ခဲ့ရသည္ဟု ဆိုပါသည္။ Franklin Roosevelt ၏ ကားအေစာင့္ကလည္း တစ္ခါက လင္ကြန္းကိုေတြ႕လိုက္ရသျဖင့္ ေအာ္ဟစ္ကာထြက္ေျပး သြားခဲ့ဖူးသည္။ သမၼတဂၽြန္ဆင္ ႏွင့္ ဂ်ရယ္ဖို႕၏ သမီးဆူဆန္တို႕ သည္လည္းလက္ကြန္းကိုမီးလင္းဖိုအနီးတြင္ ျမင္ေတြ႕ခဲ့ၾကဖူးသည္။

လက္ရွိသမၼတအိုဘားမားသည္လည္းလင္ကြန္းတေစၦတံခါးလာေခါက္ျခင္းမ်ိဳး ႏွင့္ၾကဳံေတြ႕ဖူးျခင္းရွိ၊ မရွိသို႕ မဟုတ္ပါက လည္းအိုဘားမား၏ ေခြးBeau သည္ေရာ္နယ္ရီဂင္၏ေခြး Rex ကဲ့သို႕ထိပ္လန္႕ေၾကာက္ရြံ႕ခဲ့ဖူးျခင္း ရွိမရွိကို ကၽြန္မသိလို လွပါသည္။ အိမ္ျဖဴေတာ္သည္ ည အခ်ိန္မ်ား၀ယ္မဲေမွာင္၍ေၾကာက္ဖြယ္ေကာင္းေသာေနရာတစ္ခုျဖစ္သည္။ကြယ္လြန္ခဲ့ၾကေသာ အေမရိကန္သမၼတမ်ားႏွင့္ျဗိတိသွ်စစ္သားေဟာင္းသရဲတို႕ေျခာက္လွန္႕ရာေနရာလည္းျဖစ္သည္။ အိမ္ျဖဴေတာ္တြင္ႏွစ္ကာလရွည္ ၾကာစြာ လမ္းညႊန္အႀကီးအကဲအျဖစ္တာ၀န္ယူခဲ့သူ Gary Walters က
“အိမ္ျဖဴေတာ္ဆိုတာကအတကယ္ေတာ့အိမ္အိုႀကီးတစ္ခုပါဘဲဗ်ာ၊ မီးမရွိတဲ့အခ်ိန္မွာေမွာင္မိုက္၊ ဆိပ္ၿငိမ္ေနၿပီးဘာေလးဘဲ လႈပ္လိုက္လႈပ္လိုက္ လူ႕စိတ္ကိုဖမ္းစားေစေတာ့တာဘဲ” ဟုေျပာခဲ့သည္။သူကဆက္၍
“သမၼတဘုရွ္တစ္ေယာက္ကေတာ့ သရဲနဲ႕ေတြ႕တယ္လို႕ မၾကားမိဘူးဗ်၊ေနာက္ပိုင္းသမၼတေတြကေတာ့ သူတို႕ ေရွ႕က ေသသြားၾကတဲ့ သမၼတေတြ အိမ္ျဖဴေတာ္ထဲမွာ ဆက္ရွိေနၾကတယ္လို႕ ခံစားၾကရတယ္တဲ့” ဟုရွင္းျပခဲ့သည္။

အိမ္ျဖဴေတာ္တြင္သရဲအေျခာက္ဆုံးေနရာမွာ သမၼတမ်ား၏ဧည့္ခန္းေနရာျဖစ္သည္ဟု Gary Walters က လွ်ိဳ႕၀ွက္သတင္း ျပန္ၾကားေရးအရာရွိကို ကိုးကား ေျပာခဲ့သည္။ အိမ္ျဖဴေတာ္သည္ ကာလရွည္ၾကာကတည္းကပင္သရဲေျခာက္ေသာေနရာအျဖစ္လူသိမ်ားခဲ့ၿပီးေအဗရာဟင္လင္ကြန္းသည္ အထင္ရွားဆုံးေျခာက္လွန္႕သူျဖစ္ေပသည္။ ေအဗရာဟင္လင္ကြန္း၏ ဇနီးေမရီလင္ကြန္းသည္လည္း အင္ဒရူးဂ်က္ဆင္၏ သရဲ ေျခာက္သံ ကိုၾကားခဲ့ရဖူးသည္။

တစ္ခါကသမၼတWoodrow Wilson ၏ ဇနီးက ႏွင္းဆီဥယ်ာဥ္အတြင္းအပင္စိုက္ရန္ တူးဆြေနစဥ္ ယခင္ သမၼတ ကေတာ္ ေဟာင္း Dolley Madison ေပၚလာၿပီးသူ႕ဥယ်ာဥ္ကိုမေႏွာက္ယွက္ရန္ တားဆီးခဲ့သည္ဟုဆိုပါသည္။ ၁၈၁၄ ခုႏွစ္တြင္ အဂၤလိပ္တို႕ကအိမ္ျဖဴေတာ္ကိုမီးတင္ရႈိ႕စဥ္ကြယ္လြန္ခဲ့ေသာ ျဗိတိသွ် စစ္သားတစ္ေယာက္၏ ေျခာက္လွန္႕မႈကိုလည္းလူသိမ်ားၾကသည္။ လူအမ်ားကထိုစစ္သားအားအိမ္ျဖဴေတာ္တြင္လက္ႏွိပ္ဓာတ္မီးတစ္၀င္း၀င္း ကိုင္ေဆာင္ လ်က္သြားလာေနသည္ကိုေတြ႕ၾကရသည္။ အိမ္ျဖဴေတာ္၀န္ထမ္း အေတာ္မ်ားမ်ားကထို ျဗိတိသွ် စစ္သား၏ ေျခာက္လွန္႕ မႈကို ႀကဳံဖူးၾကသည္။

တစ္ခါကအိမ္ျဖဴေတာ္ တံခါးေပါက္၀၌ Gary Walters ႏွင့္ လုံျခဳံေရးအရာရွိသုံးဦးတို႕တာ၀န္က်ေနၾကစဥ္ သူတို႕ မတ္တတ္ ရပ္ေနၾကသည့္ၾကားတြင္ ေအးကနဲျဖစ္သြားခဲ့သည္။တစ္စုံတစ္ေယာက္ကသူတို႕ၾကားမွ ျဖတ္သန္းသြားသကဲ့သို႕ ခံစားလိုက္ၾက ရသည္။ထို႕ေနာက္အိမ္ျဖဴေတာ္တံခါးရြက္ႏွစ္ခ်ပ္ကအလိုလိုပြင့္ထြက္သြားသည္ကိုျမင္လိုက္ၾကရသည္။ထိုတံခါးရြက္မ်ားသည္ လူ တစ္ေယာက္ေယာက္က လက္ျဖင့္ တြန္းမဖြင့္ဘဲမည္သို႕မွ် မပြင့္ႏိုင္ၾကသျဖင့္သူတို႕အားလုံးတအံ့တၾသျဖစ္ၾကရကာမေမ့ႏိုင္သည့္ အေတြ႕အၾကဳံတစ္ခု ကိုရရွိခဲ့ရေလေတာ့သည္။

အိမ္ျဖဴေတာ္တြင္ကြယ္လြန္ခဲ့ၾကသူမ်ားသည္ အေရအတြက္အားျဖင့္မမ်ားလွပါေခ်။

၁၊ ၁၈၄၀ ျပည့္ႏွစ္တြင္ အိမ္ျဖဴေတာ္တြင္ ပထမဆုံး အသုဘအခမ္းအနားႏွင့္ ၾကဳံခဲ့ရသည္။ သမၼတMartin Van Buren ၏ ေျမးမေလး Rebecca Van Buren သည္ ထိုႏွစ္ ေဆာင္းဦးေပါက္တြင္ေမြးဖြားၿပီး လပိုင္းအတြင္းမွာပင္ကြယ္လြန္သြားခဲ့သည္။

၂၊ ၁၈၄၁ ခုႏွစ္ မတ္လ ၄ ရက္ေန႕တြင္ William Henry Harrison သည္အေမရိကန္သမၼတအျဖစ္က်မ္းသစၥာက်ိန္ဆိုခဲ့ ၿပီး၂ လတိတိ (ရက္အားျဖင့္ ၃၂ ရက္တိတိ အၾကာ) ဧျပီလ ၄ ရက္ေန႕တြင္ နမိုးနီးယားေရာဂါျဖင့္အိမ္ျဖဴေတာ္တြင္ကြယ္လြန္ခဲ့သည္။ သူသည္ သမၼတ Benjamin Harrison ၏ အဘိုးျဖစ္သည္။ အိမ္ျဖဴေတာ္တြင္ သမၼတတာ၀န္ထမ္းေဆာင္စဥ္ကြယ္လြန္သူ သမၼတႏွစ္ဦးအနက္မွ တစ္ဦးျဖစ္ၿပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၆၈ ႏွစ္ ရွိၿပီျဖစ္သည္။

၃၊ Letitia Christian Tyler သည္ အိမ္ျဖဴေတာ္တြင္ အနိစၥေရာက္ခဲ့ေသာသမၼတကေတာ္ သုံးဦးအနက္မွ ပထမဆုံးျဖစ္သည္။ အသက္ ၅၁ ႏွစ္အရြယ္၊ ၁၈၄၂ ခုႏွစ္၊စက္တင္ဘာလ ၁၀ ရက္တြင္ ေလသင္ဓုန္းျဖတ္ကာကြယ္လြန္ခဲ့သည္။

၄၊ အေမရိကန္ျပည္ေထာင္စု၏ ဒုတိယေျမာက္သမၼတZachary Taylor သည္လည္း၁၈၅၀ျပည့္ႏွစ္ ဇူလိုင္လ ၉ ရက္ေန႕က ကြယ္လြန္ ခဲ့သည္။ ကြယ္လြန္ခ်ိန္တြင္ အသက္ ၆၅ ႏွစ္သာရွိေသးၿပီးအစာအိမ္ေရာဂါေၾကာင့္ ေသဆုံးခဲ့ျခင္းျဖစ္သည္။

၅၊ သမၼတေအဗရာဟင္လင္ကြန္း၏ သား၊ အသက္ (၁၁)ႏွစ္ အရြယ္ရွိWilliam Wallace Lincoln သည္ ၁၈၆၂ ခုႏွစ္ ေဖေဖာ္၀ါရီ ၂၀ ရက္ေန႕တြင္ အူေရာင္ငန္းဖ်ားေရာဂါေၾကာင့္ ကြယ္လြန္ခဲ့သည္။

၆၊ ၁၈၇၃ ခုႏွစ္ ၊ ဒီဇင္ဘာလ ၁၅ ရက္ေန႕တြင္မူသမၼတUlysses S. Grant ၏ ေယာကၡမ ျဖစ္သူ အသက္၈၆ ႏွစ္ရွိစစ္မႈထမ္းေဟာင္း Fredrick Dent ၏ စ်ာပနအား အိမ္ျဖဴေတာ္ အျပာေရာင္ခန္းမ(White House Blue Room) တြင္ က်င္းပခဲ့သည္။

၇၊ ၁၈၈၃ ခုႏွစ္ ၊ ဇန္န၀ါရီလ ၁ ရက္ ေန႕တြင္ အိမ္ျဖဴေတာ္အတြင္း သမၼတChester Arthur က သံတမန္မ်ားအားဧည့္ခံပြဲတစ္ရပ္ က်င္းပခဲ့ရာ ထိုအခမ္းအနားသို႕ တက္ေရာက္ေနေသာအသက္ ၇၉ ခုႏွစ္ အရြယ္ရွိ ဟာ၀ိုင္ယီ သံအမတ္ Elisha Hunt Allen သည္ ညစာသုံးေဆာင္ေနစဥ္ ကြယ္လြန္ခဲ့သည္။

၈၊ ၁၈၉၂ ခုႏွစ္ ၊ ေအာက္တိုဘာလ ၂၅ ရက္ေန႕တြင္လည္းသမၼတBenjamin Harrison ၏ ဇနီးCaroline Scott Harrison (အသက္၆၀) သည္ အဆုပ္ေရာဂါျဖင့္ အိမ္ျဖဴေတာ္တြင္ကြယ္လြန္ခဲ့သည္။

၉၊ Caroline Scott Harrison ၏ ဖခင္ ဘုန္းေတာ္ႀကီးRev. John Witherspoon Scott သည္ သားမက္ျဖစ္သူ သမၼတBenjamin Harrison ၏ သမၼတသက္တမ္းတစ္ေလ်ာက္ အိမ္ျဖဴေတာ္တြင္ေနထိုင္ခဲ့ရာအသက္ ၉၂အရြယ္တြင္(သမီးစ်ာပနအၿပီးတစ္လအၾကာ) ၁၈၉၂ ခုႏွစ္၊ ႏို၀င္ဘာလ ၂၉ ရက္တြင္ အိမ္ျဖဴေတာ္၌ပင္ ကြယ္လြန္ခဲ့ေလသည္။

၁၀၊ သမၼတHarry S. Truman ၏ ေယာကၡမ Margaret Elizabeth Madge Gates Wallace သည္ လည္း အသက္၉၀ အရြယ္တြင္ အိမ္ျဖဴေတာ္၌ ၁၉၅၂ ခုႏွစ္ ၊ ဒီဇင္ဘာလ ၅ ရက္က ကြယ္လြန္ခဲ့သည္။

၁၁၊ ၁၉၁၄ ခုႏွစ္ ၾသဂုတ္လ ၆ ရက္ေန႕တြင္မူ သမၼတWoodrow Wilson ၏ ဇနီးအသက္၅၄ ႏွစ္ရွိေသာEllen Louise Wilson
ကြယ္လြန္ခဲ့ေပသည္။

၁၂၊ ၁၉၅၀ ဒီဇင္ဘာ ၅ရက္ေန႔ တြင္ အိမ္ျဖဴေတာ္ျပန္ၾကားေရး အတြင္းေရးမွဴး Charles G. Ross အသက္ ၆၅ႏွစ္သည္ ရုံးခန္းအတြင္းရွိ သူ၏ စားပြဲတြင္ကြယ္လြန္ခဲ့သည္။

၁၃၊ ၁၉၅၂ခုႏွစ္ ဒီဇင္ဘာ ၅ရက္ေန႔တြင္ သမၼတကေတာ္ Bess Truman ၏ မိခင္ အသက္ ၉၀အရြယ္ Margaret Wallace ကြယ္လြန္ခဲ့သည္။

VIDEO

အေမရိကန္ျပည္ေထာင္စု၏ သမၼတစံေတာ္အိမ္ျဖစ္ေသာအိမ္ျဖဴေတာ္သည္ႏိုင္ငံေရးဆုံးျဖတ္ခ်က္မ်ားခ်မွတ္ရာေနရာ ျဖစ္သကဲ့သို႕ သမိုင္း၀င္ သရဲေျခာက္ေသာစံအိမ္ႀကီးလည္းျဖစ္သည္။ ၁၈၀၀ ျပည့္ႏွစ္တြင္ အိမ္ျဖဴေတာ္ကိုေဆာက္လုပ္ ၿပီးစီးသည့္ အခ်ိန္မွစ၍အနည္းဆုံးလူဆယ္ဦးေက်ာ္မွ် အိမ္ျဖဴေတာ္တြင္ကြယ္လြန္ခဲ့ၾကသည္။ ယင္းတို႕ထဲတြင္ သမၼတႏွစ္ဦး၊ သမၼတကေတာ္ သုံးဦး ႏွင့္ သမၼတတို႕၏ မိသားစု၀င္မ်ားပါ၀င္ခဲ့ေပသည္။ကြယ္လြန္ၾကသူမ်ားအနက္မွ အခ်ိဳ႕သည္ ယေန႕တိုင္ ေျခာက္လွန္႕လ်က္ ရွိေနၾကရာ အိမ္ျဖဴေတာ္ေဆာက္လုပ္ရန္ ၁၇၉၀ ျပည့္ႏွစ္တြင္ ေျမသိမ္းခံရသူ အိမ္ျဖဴေတာ္ေျမေနရာ၏ မူလေျမပိုင္ရွင္ DavidBurnes လည္းတစ္ေယာက္အပါ အ၀င္ျဖစ္ပါေတာ့သည္။

ေမာင္သာ( ေရွးေဟာင္းသုေတသန)

http://www.history.com/topics/halloween/ghosts-in-the-white-house
https://en.wikipedia.org/wiki/Lincoln%27s_ghost
http://channel.nationalgeographic.com/killing-lincoln/articles/the-story-of-lincolns-ghost/
https://www.washingtonpost.com/news/retropolis/wp/2017/10/30/is-the-white-house-haunted-a-history-of-spooked-presidents-prime-ministers-and-pets/


သမ္မတကြီးလင်ကွန်း ဝိဥာဉ် နှင့် အိမ်ဖြူတော်မှ နာနာဘာဝများ (unicode)

မောင်သာ(ရှေးဟောင်းသုတေသန)

၁၉၈၆ ခုနှစ် ၊ မတ်လ (၁၈)ရက်နေ့ကဖြစ်ပါ၏။ ကျွန်မနှင့်ကျွန်မ၏ ခင်ပွန်းတို့ သည် အမေရိကန်နိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသောကနေဒါနိုင်ငံဝန်ကြီးချုပ်နှင့်ဇနီး တို့အားတည်ခင်းဧည့်ခံသည့် နိုင်ငံတော်ညစာစားပွဲသို့ တက်ရောက်ရန်ဖိတ်ကြားခြင်းခံရသဖြင့်အိမ်ဖြူတော်သို့ရောက်ရှိခဲ့ကြသည်။ ဂုဏ်ပြု ညစာစားပွဲခန်းမဆောင်ကြီးကို ရွှေဖြင့်ပြုလုပ်ထားသည့် ဖယောင်းမီး ထွန်းတိုင်များ၊ အနီရောင်နှင့်အဖြူရောင်ကျူးလစ်ပန်းများ ဖြင့် ပြည့်နေသည့် ရွှေဗန်းများ၊ ရွေပန်းအိုးများဖြင့် ခန်းလုံးပြည့် အလှဆင်ထားသည်။

ခန်းမအတွင်း ကနေဒါဝန်ကြီးချုပ် Brian Mulroney နှင့် ဇနီး Mila Mulroney ၊ ထိုစဉ်ကအမေရိကန်သမ္မတရော်နယ်ရီဂင်နှင့် ဇနီး နန်စီရီဂင် တို့အပါအဝင် အခြားဂုဏ်သရေရှိပုဂ္ဂိုလ်များ နှင့် အတူ စားပွဲတစ်ခုတည်းတွင် ကျွန်မ ထိုင်ခွင့်ရရှိခဲ့ပါသည်။ ညစာအတူတကွ သုံးဆောင်ကြရင်း အလွန် စကားပြောကောင်းသူတစ်ဦးဖြစ်သည့် သမ္မတရော်နယ်ရီဂင် က အိမ်ဖြူတော် တွင် သူ ကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးသောတစ္ဆေ၊ သရဲများအကြောင်းကိုပြောပြခဲ့သည်။ ထိုအကြောင်းများကိုနောက်ပိုင်းတွင် Ladies’ Home Journal တွင် ကျွန်မ ရေးသားခဲ့ပါသည်။

အမေရိကန်သမ္မတအဆက်ဆက်တို့ ၁၈၀၀ ပြည့်နှစ်မှစ၍ နေထိုင်၊ ရုံးစိုက်ရာအိမ်ဖြူတော်တွင်သရဲတစေ ၦဇာတ်လမ်းများ၊ ယုံတမ်းစကားများ အများအပြားရှိခဲ့သော်လည်းယခုကျွန်မပြောမည့် ဇာတ်လမ်းသည်ကား သမ္မတရော်နယ်ရီဂင်ကိုယ်တိုင် သူ ၏ နှုတ်မှ ပြောခဲ့သောအကြောင်းအရာများသာဖြစ်ပေသည်။

အိမ်ဖြူတော်တွင် သမ္မတရော်နယ်ရီဂင် သည် Lucky ဟုအမည်ပေးထားသော ခွေးလေးတစ်ကောင်ကို မွေးမြူထားခဲ့သည်။ နောက်ပိုင်းတွင်မွေးပွနားရှည် Cavalier မျိုး၊ခွေးလေး Rex ကို ထပ်မံ မွေးထားခဲ့ရာ Rex သည် သမ္မလင်ကွန်းအိပ်စက်ခဲ့သည့်အိပ်ခန်း ကိုကြည့်ကာမကြာခဏစူးစူးရှရှ ဟောင်တတ်သည်ကို သမ္မတကြီးကသတိထားခဲ့မိသည်။ ထို့သို့ ဟောင်အပြီးတွင်လည်းအပြင်ဘက် သို့ကြည့်ကာဟောင်နေတတ်ပြန်သည်။ခွေးဟောင်သံဆူဖြင့် Rex ကိုအပြင်သို့ မောင်းထုတ်တိုင်း မည်သို့မျှ မောင်း၍ မရဘဲ တံခါး၀ ဆီသို့ခြေပင်မချခဲ့ပါချေ။

တစ်ညနေတွင် ရော်နယ်ရီဂင်နှင့်ဇနီးတို့ သူတို့ အခန်းတွင် တီဗွီကြည့်နေကြစဉ် Rex သည် ပတတ် ရပ်ကာ မျက်နှာကြက်ဆီသို့ကြည့်လျက် နှာခေါင်းရှုံ့ပွပွလုပ်ပြီး အပေါ်မှ မမြင်ရသောတစ်စုံတစ်ခုကိုဟောင်နေခဲ့ပေသည်။Rex သည် အခန်း အတွင်းပတ်ချာလှည့် သွားနေကာ မျက်နှာကြက်ကို ကြည့်လျက် တောက်လျှောက်ဟောင်နေခဲ့သည်မှာ တကယ်ပင် အံ့ဩဘွယ် ကောင်း လှပေသည်။
“ကျွန်တော်ကပထမတော့ဘာကြောင့်လဲစဉ်းစားကြည့်နေတာပေါ့၊နောက်တော့ လူတွေနားနဲ့မကြားနိုင်လောက်တဲ့ လျှပ်စစ် စီးကြောင်း အရမ်းမြင့်လာလို့များလားလို့ တွေးမိတာနဲ့ ဝန်ထမ်းတစ်ယောက်ကိုကြည့်ခိုင်းလိုက်သေးတယ်၊ဒါပေမယ့် မဟုတ်ပါဘူး”
သမ္မတကြီးကပြောရင်းရယ်နေသည်။

“ပြောရဦးမယ်ဗျ၊ကျွန်တော့်သမီးနဲ့ သားမက်က ကျွန်တော်တို့ဆီလာလည်ကြရင် လင်ကွန်းအခန်းမှာဘဲ အိပ်ကြတာကိုး၊ တစ်ရက်ကျတော့ ကျွန်တော့်သားမက်ကအိပ်ယာကနိုးအလာမှာ အိပ်ခန်းပြူတင်းနားမှာ လူတစ်ယောက်ရပ်နေတာ တွေ့လိုက်ရ တယ်တဲ့ ၊ အဲဒီလူရဲ့ ကိုယ်ကလည်းတိုးလျှိုးပေါက်မြင်နေရပြီး သူ့ဘက်လှည့်ကြည့်လိုက်ပြီး ပျောက်သွားရောတဲ့ဗျ၊ သူ့မိန်းမကို သူက အဲဒိအကြောင်းပြန်ပြောပြတော့ ကျွန်တော့်သမီးက သူပြောတာမယုံတဲ့အပြင် သူ့ကိုတစ်လလောက် ပြောင်နေခဲ့တာလေ”
ကျွန်မတို့အားလုံးသမ္မတကြီးစကားကို နားစိုက်ထောင်နေကြသည်။

` “နောက်တစ်ခေါက်သူတို့ လာလည်တော့ ကျွန်တော့် အမီးအလှည့် ဖြစ်သွားပြီထင်ပါရဲ့၊ တစ်မနက် သူအိပ်ယာ က အထ မှာပြတင်းပေါက်နားမှာ ရပ်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်၊ ကျွန်တော့်သမီးက အဲဒီလူရဲ့ကိုယ်လုံးကိုဖောက်ပြီးအပြင်က အပင် တွေကိုမြင်နေရသတဲ့ဗျ၊ အဲဒိလူကကျွန်တော့်သမီးကိုလှည့်ကြည့်ပြီးပျောက်သွားတယ်”

ထိုညကညစာစားပွဲအပြီး နောက်ပိုင်းတွင် ကျွန်မ အိမ်ဖြူတော် တစေ ၦများကိုသုတေသနလုပ်ကြည့်ခဲ့ပါသည်။ အမေရိကန်သမ္မတဟောင်း ဒါဇင်ဝက်ကျော်နှင့် သူတို့၏ဇနီးများသည် အိမ်ဖြူတော်မှခြောက်ခြားဖွယ်များနှင့် ကြုံခဲ့ရဖူးသည်ဟုဆိုကြပါသည်။အိမ်ဖြူတော် တစ္ဆေများအနက် လင်ကွန်းသည်အခြောက်လှန့်ဆုံးနာနာဘာဝပင်ဖြစ်သည်။ တစ္ဆေကြီးလင်ကွန်း က တစ်ခါက ဆာဝင်စတန် ချာချီကိုခြောက်လှန့်ခဲ့သေးသည်။ ရေချိုးခန်းမှထွက်လာကာ ဆေးပြင်းလိပ်ရှာနေသည့်ချာချီ့ကို လင်ကွန်းက ကိုယ်ထင်ပြခဲ့ရာ ချာချီက ထိုအခန်းတွင် အိပ်ရန် ငြင်းဆန်ခဲ့တော့သည်။

နယ်သာလန် ဘုရင်မ Queen Wilhelmina အိမ်ဖြူတာ်သို့ ရောက်ရှိနေစဉ် သူတည်းခိုနေသည့်အခန်းကို တံခါး လာခေါက် သဖြင့် တံခါးထဖွင့်လိုက်ရာ မတ်တတ်ရပ်နေသောလင်ကွန်းကိုမြင်လိုက်ရသဖြင့် သတိလစ်မေ့မျောသွားခဲ့ဖူးသည်။ မကြာခဏတစေ ၦခြောက်သည့် လင်ကွန်း၏ အိပ်ခန်းသည် သူသမ္မတ တာဝန်ထမ်းဆောင်ခဲ့စဉ်က လွတ်လပ်မှုနှင့် အခွင့်အရေး ကြေညာစာတမ်းကိုလက်မှတ်ရေးထိုးခဲ့သည့် အစိုးရအဖွဲ့ရုံးခန်းသာဖြစ်ပေသည်။သမ္မတအေဗရာဟင်လင်ကွန်းနှင့် သူ့ဇနီးတို့သည် တစ်ချိန်က အိမ်ဖြူတော်သို့နတ်ဆရာပင့်ကာသူတို့သားလေး၏ ဝိဥာဉ်ကို အခေါ်ခိုင်းခဲ့ကြောင်းလူအများသိရှိပြီး လည်း ဖြစ်ပေသည်။ လင်းကွန်းတို့မောင်နှံက ကွယ်လွန်သွားသော သူတို့သားလေးအား တောင်တန်းများတွင် လမ်းလျှောက်နေ သည် ကိုတွေ့ကြရသဖြင့် နတ်ဆရာကို အိမ်ဖြူတော်သို့ ခေါ်ကာ သူတို့သားလေး၏ ဝိဥာဉ်နှင့် စကားပြောရန် ကြိုးပမ်းခဲ့ကြသည်ဟု လည်း ပြောကြပါသည်။

အိမ်ဖြူတော်နာနာဘာဝအကြောင်းများကို ကျွန်မသာ မရေးဖြစ်ခဲ့လျှင် ယင်းတို့သည်လည်းတစေ ၦဇာတ်လမ်းများဖြစ်လာ လိမ့်မည် မဟုတ်ပါချေ။ အိမ်ဖြူတော်၌ သမ္မတကြီးလင်ကွန်းအပြင် အခြား နာနာဘာဝတို့လည်းရှိနေကြသေးသည်။ အမေရိကန် သမ္မတတစ်ဦးဖြစ်ခဲ့သည့် James Madison ၏ ဇနီး Dolley Madison ကိုလည်း အိမ်ဖြူတော် ဝင်းအတွင်း အပင် များ စိုက်ပျိုးသော နှင်းဆီဥယျာဉ်တွင် မကြာခဏဆိုသလို တွေ့ရတတ်သည်။

အိမ်ဖြူတော်၏ မြေတိုက်ခန်းတွင် နတ်မိစ္ဆာကြောင်တစ်ကောင်ရှိသည်ဟုဆိုကြသေးသည်။ ယင်းကြောင်ကိုအလွန်မြင်ရခဲ ပြီး သူ့ကိုမြင်ရပြီဆိုလျှင် ဘေးအန္တရာယ်ဆိုးကြီးတစ်ခုခုကို မကြာမီရင်ဆိုင်ရတော့မည်ဟုကြိုတင်ပြောသည်နှင့်အတူတူပင်ဖြစ်သည်။ အိမ်ဖြူတော်မှ လုံခြုံရေး ဝန်ထမ်းတစ်ဦးက ၁၉၂၉ ခုနှစ်ကစတော့ရှယ်ယာဈေးကွက်မပြိုလဲမီတစ်ပတ်ခန့်တွင် ထိုကြောင် ကိုမြင်ခဲ့ရ သည်။ထို့အတူပင် ၁၉၆၃ ခုနှစ်က သမ္မတကနေဒီလုပ်ကြံခြင်းမခံရမီ ရက်အနည်းငယ်တွင်အဆိုပါကြောင်ကို မြင်တွေ့ခဲ့ ကြရသည် ဟု ဆိုပါသည်။

အိမ်ဖြူတော် နာနာဘာ၀ တစ်ဦးဖြစ်သူ Abigail Adams ကိုလည်းအရှေ့ဘက်ဆောင်၊ အဝတ်လျှော်ခန်းတွင် အဝတ်များ လှမ်းနေသည်ကိုမကြာမကြာတွေ့ရတတ်သည်။သူ့ကိုနောက်ဆုံး ၂၀၀၂ ခုနှစ်ကတွေ့ခဲ့ကြသည်ဟု ဆိုပါသည်။ Abigail Adams လာလျှင ္အဝတ်လျှော်ဆပ်ပြာနံ့များရလေ့ရှိသည်ဟု ကြုံဖူးကြသူများကပြောပြကြသည်။

. Calvin Coolidge ၏ဇနီးဖြစ်သူကလည် းအိမ်ဖြူတော်၏ ဘဲဥပုံရုံးခန်း၏ ပြူတင်းပေါက်အနီးဝယ် (ရော်နယ် ရီဂင်၏ သမီးဖြစ်သူ မြင်ခဲ့ရသည့် အနေအထားအတိုင်း) လက်နောက်ပစ်ကာအပြင်သို့ရပ်ကြည့်နေသောလင်ကွန်းကို တွေ့ခဲ့ရသည်ဟု ဆိုပါသည်။ Franklin Roosevelt ၏ ကားအစောင့်ကလည်း တစ်ခါက လင်ကွန်းကိုတွေ့လိုက်ရသဖြင့် အော်ဟစ်ကာထွက်ပြေး သွားခဲ့ဖူးသည်။ သမ္မတဂျွန်ဆင် နှင့် ဂျရယ်ဖို့၏ သမီးဆူဆန်တို့ သည်လည်းလက်ကွန်းကိုမီးလင်းဖိုအနီးတွင် မြင်တွေ့ခဲ့ကြဖူးသည်။

လက်ရှိသမ္မတအိုဘားမားသည်လည်းလင်ကွန်းတစ္ဆေတံခါးလာခေါက်ခြင်းမျိုး နှင့်ကြုံတွေ့ဖူးခြင်းရှိ၊ မရှိသို့ မဟုတ်ပါက လည်းအိုဘားမား၏ ခွေးBeau သည်ရော်နယ်ရီဂင်၏ခွေး Rex ကဲ့သို့ထိပ်လန့်ကြောက်ရွံ့ခဲ့ဖူးခြင်း ရှိမရှိကို ကျွန်မသိလို လှပါသည်။ အိမ်ဖြူတော်သည် ည အချိန်များဝယ်မဲမှောင်၍ကြောက်ဖွယ်ကောင်းသောနေရာတစ်ခုဖြစ်သည်။ကွယ်လွန်ခဲ့ကြသော အမေရိကန်သမ္မတများနှင့်ဗြိတိသျှစစ်သားဟောင်းသရဲတို့ခြောက်လှန့်ရာနေရာလည်းဖြစ်သည်။ အိမ်ဖြူတော်တွင်နှစ်ကာလရှည် ကြာစွာ လမ်းညွှန်အကြီးအကဲအဖြစ်တာဝန်ယူခဲ့သူ Gary Walters က
“အိမ်ဖြူတော်ဆိုတာကအတကယ်တော့အိမ်အိုကြီးတစ်ခုပါဘဲဗျာ၊ မီးမရှိတဲ့အချိန်မှာမှောင်မိုက်၊ ဆိပ်ငြိမ်နေပြီးဘာလေးဘဲ လှုပ်လိုက်လှုပ်လိုက် လူ့စိတ်ကိုဖမ်းစားစေတော့တာဘဲ” ဟုပြောခဲ့သည်။သူကဆက်၍
“သမ္မတဘုရှ်တစ်ယောက်ကတော့ သရဲနဲ့တွေ့တယ်လို့ မကြားမိဘူးဗျ၊နောက်ပိုင်းသမ္မတတွေကတော့ သူတို့ ရှေ့က သေသွားကြတဲ့ သမ္မတတွေ အိမ်ဖြူတော်ထဲမှာ ဆက်ရှိနေကြတယ်လို့ ခံစားကြရတယ်တဲ့” ဟုရှင်းပြခဲ့သည်။

အိမ်ဖြူတော်တွင်သရဲအခြောက်ဆုံးနေရာမှာ သမ္မတများ၏ဧည့်ခန်းနေရာဖြစ်သည်ဟု Gary Walters က လျှို့ဝှက်သတင်း ပြန်ကြားရေးအရာရှိကို ကိုးကား ပြောခဲ့သည်။ အိမ်ဖြူတော်သည် ကာလရှည်ကြာကတည်းကပင်သရဲခြောက်သောနေရာအဖြစ်လူသိများခဲ့ပြီးအေဗရာဟင်လင်ကွန်းသည် အထင်ရှားဆုံးခြောက်လှန့်သူဖြစ်ပေသည်။ အေဗရာဟင်လင်ကွန်း၏ ဇနီးမေရီလင်ကွန်းသည်လည်း အင်ဒရူးဂျက်ဆင်၏ သရဲ ခြောက်သံ ကိုကြားခဲ့ရဖူးသည်။

တစ်ခါကသမ္မတWoodrow Wilson ၏ ဇနီးက နှင်းဆီဥယျာဉ်အတွင်းအပင်စိုက်ရန် တူးဆွနေစဉ် ယခင် သမ္မတ ကတော် ဟောင်း Dolley Madison ပေါ်လာပြီးသူ့ဥယျာဉ်ကိုမနှောက်ယှက်ရန် တားဆီးခဲ့သည်ဟုဆိုပါသည်။ ၁၈၁၄ ခုနှစ်တွင် အင်္ဂလိပ်တို့ကအိမ်ဖြူတော်ကိုမီးတင်ရှို့စဉ်ကွယ်လွန်ခဲ့သော ဗြိတိသျှ စစ်သားတစ်ယောက်၏ ခြောက်လှန့်မှုကိုလည်းလူသိများကြသည်။ လူအများကထိုစစ်သားအားအိမ်ဖြူတော်တွင်လက်နှိပ်ဓာတ်မီးတစ်ဝင်းဝင်း ကိုင်ဆောင် လျက်သွားလာနေသည်ကိုတွေ့ကြရသည်။ အိမ်ဖြူတော်ဝန်ထမ်း အတော်များများကထို ဗြိတိသျှ စစ်သား၏ ခြောက်လှန့် မှုကို ကြုံဖူးကြသည်။

တစ်ခါကအိမ်ဖြူတော် တံခါးပေါက်၀၌ Gary Walters နှင့် လုံခြုံရေးအရာရှိသုံးဦးတို့တာဝန်ကျနေကြစဉ် သူတို့ မတ်တတ် ရပ်နေကြသည့်ကြားတွင် အေးကနဲဖြစ်သွားခဲ့သည်။တစ်စုံတစ်ယောက်ကသူတို့ကြားမှ ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ကြ ရသည်။ထို့နောက်အိမ်ဖြူတော်တံခါးရွက်နှစ်ချပ်ကအလိုလိုပွင့်ထွက်သွားသည်ကိုမြင်လိုက်ကြရသည်။ထိုတံခါးရွက်များသည် လူ တစ်ယောက်ယောက်က လက်ဖြင့် တွန်းမဖွင့်ဘဲမည်သို့မျှ မပွင့်နိုင်ကြသဖြင့်သူတို့အားလုံးတအံ့တဩဖြစ်ကြရကာမမေ့နိုင်သည့် အတွေ့အကြုံတစ်ခု ကိုရရှိခဲ့ရလေတော့သည်။

အိမ်ဖြူတော်တွင်ကွယ်လွန်ခဲ့ကြသူများသည် အရေအတွက်အားဖြင့်မများလှပါချေ။

၁၊ ၁၈၄၀ ပြည့်နှစ်တွင် အိမ်ဖြူတော်တွင် ပထမဆုံး အသုဘအခမ်းအနားနှင့် ကြုံခဲ့ရသည်။ သမ္မတMartin Van Buren ၏ မြေးမလေး Rebecca Van Buren သည် ထိုနှစ် ဆောင်းဦးပေါက်တွင်မွေးဖွားပြီး လပိုင်းအတွင်းမှာပင်ကွယ်လွန်သွားခဲ့သည်။

၂၊ ၁၈၄၁ ခုနှစ် မတ်လ ၄ ရက်နေ့တွင် William Henry Harrison သည်အမေရိကန်သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ ပြီး၂ လတိတိ (ရက်အားဖြင့် ၃၂ ရက်တိတိ အကြာ) ဧပြီလ ၄ ရက်နေ့တွင် နမိုးနီးယားရောဂါဖြင့်အိမ်ဖြူတော်တွင်ကွယ်လွန်ခဲ့သည်။ သူသည် သမ္မတ Benjamin Harrison ၏ အဘိုးဖြစ်သည်။ အိမ်ဖြူတော်တွင် သမ္မတတာဝန်ထမ်းဆောင်စဉ်ကွယ်လွန်သူ သမ္မတနှစ်ဦးအနက်မှ တစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ် ရှိပြီဖြစ်သည်။

၃၊ Letitia Christian Tyler သည် အိမ်ဖြူတော်တွင် အနိစ္စရောက်ခဲ့သောသမ္မတကတော် သုံးဦးအနက်မှ ပထမဆုံးဖြစ်သည်။ အသက် ၅၁ နှစ်အရွယ်၊ ၁၈၄၂ ခုနှစ်၊စက်တင်ဘာလ ၁၀ ရက်တွင် လေသင်ဓုန်းဖြတ်ကာကွယ်လွန်ခဲ့သည်။

၄၊ အမေရိကန်ပြည်ထောင်စု၏ ဒုတိယမြောက်သမ္မတZachary Taylor သည်လည်း၁၈၅၀ပြည့်နှစ် ဇူလိုင်လ ၉ ရက်နေ့က ကွယ်လွန် ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်သာရှိသေးပြီးအစာအိမ်ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

၅၊ သမ္မတအေဗရာဟင်လင်ကွန်း၏ သား၊ အသက် (၁၁)နှစ် အရွယ်ရှိWilliam Wallace Lincoln သည် ၁၈၆၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အူရောင်ငန်းဖျားရောဂါကြောင့် ကွယ်လွန်ခဲ့သည်။

၆၊ ၁၈၇၃ ခုနှစ် ၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မူသမ္မတUlysses S. Grant ၏ ယောက္ခမ ဖြစ်သူ အသက်၈၆ နှစ်ရှိစစ်မှုထမ်းဟောင်း Fredrick Dent ၏ ဈာပနအား အိမ်ဖြူတော် အပြာရောင်ခန်းမ(White House Blue Room) တွင် ကျင်းပခဲ့သည်။

၇၊ ၁၈၈၃ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက် နေ့တွင် အိမ်ဖြူတော်အတွင်း သမ္မတChester Arthur က သံတမန်များအားဧည့်ခံပွဲတစ်ရပ် ကျင်းပခဲ့ရာ ထိုအခမ်းအနားသို့ တက်ရောက်နေသောအသက် ၇၉ ခုနှစ် အရွယ်ရှိ ဟာဝိုင်ယီ သံအမတ် Elisha Hunt Allen သည် ညစာသုံးဆောင်နေစဉ် ကွယ်လွန်ခဲ့သည်။

၈၊ ၁၈၉၂ ခုနှစ် ၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင်လည်းသမ္မတBenjamin Harrison ၏ ဇနီးCaroline Scott Harrison (အသက်၆၀) သည် အဆုပ်ရောဂါဖြင့် အိမ်ဖြူတော်တွင်ကွယ်လွန်ခဲ့သည်။

၉၊ Caroline Scott Harrison ၏ ဖခင် ဘုန်းတော်ကြီးRev. John Witherspoon Scott သည် သားမက်ဖြစ်သူ သမ္မတBenjamin Harrison ၏ သမ္မတသက်တမ်းတစ်လျောက် အိမ်ဖြူတော်တွင်နေထိုင်ခဲ့ရာအသက် ၉၂အရွယ်တွင်(သမီးဈာပနအပြီးတစ်လအကြာ) ၁၈၉၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်တွင် အိမ်ဖြူတော်၌ပင် ကွယ်လွန်ခဲ့လေသည်။

၁၀၊ သမ္မတHarry S. Truman ၏ ယောက္ခမ Margaret Elizabeth Madge Gates Wallace သည် လည်း အသက်၉၀ အရွယ်တွင် အိမ်ဖြူတော်၌ ၁၉၅၂ ခုနှစ် ၊ ဒီဇင်ဘာလ ၅ ရက်က ကွယ်လွန်ခဲ့သည်။

၁၁၊ ၁၉၁၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင်မူ သမ္မတWoodrow Wilson ၏ ဇနီးအသက်၅၄ နှစ်ရှိသောEllen Louise Wilson
ကွယ်လွန်ခဲ့ပေသည်။

၁၂၊ ၁၉၅၀ ဒီဇင်ဘာ ၅ရက်နေ့ တွင် အိမ်ဖြူတော်ပြန်ကြားရေး အတွင်းရေးမှူး Charles G. Ross အသက် ၆၅နှစ်သည် ရုံးခန်းအတွင်းရှိ သူ၏ စားပွဲတွင်ကွယ်လွန်ခဲ့သည်။

၁၃၊ ၁၉၅၂ခုနှစ် ဒီဇင်ဘာ ၅ရက်နေ့တွင် သမ္မတကတော် Bess Truman ၏ မိခင် အသက် ၉ဝအရွယ် Margaret Wallace ကွယ်လွန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ သမ္မတစံတော်အိမ်ဖြစ်သောအိမ်ဖြူတော်သည်နိုင်ငံရေးဆုံးဖြတ်ချက်များချမှတ်ရာနေရာ ဖြစ်သကဲ့သို့ သမိုင်းဝင် သရဲခြောက်သောစံအိမ်ကြီးလည်းဖြစ်သည်။ ၁၈၀၀ ပြည့်နှစ်တွင် အိမ်ဖြူတော်ကိုဆောက်လုပ် ပြီးစီးသည့် အချိန်မှစ၍အနည်းဆုံးလူဆယ်ဦးကျော်မျှ အိမ်ဖြူတော်တွင်ကွယ်လွန်ခဲ့ကြသည်။ ယင်းတို့ထဲတွင် သမ္မတနှစ်ဦး၊ သမ္မတကတော် သုံးဦး နှင့် သမ္မတတို့၏ မိသားစုဝင်များပါဝင်ခဲ့ပေသည်။ကွယ်လွန်ကြသူများအနက်မှ အချို့သည် ယနေ့တိုင် ခြောက်လှန့်လျက် ရှိနေကြရာ အိမ်ဖြူတော်ဆောက်လုပ်ရန် ၁၇၉၀ ပြည့်နှစ်တွင် မြေသိမ်းခံရသူ အိမ်ဖြူတော်မြေနေရာ၏ မူလမြေပိုင်ရှင် DavidBurnes လည်းတစ်ယောက်အပါ အဝင်ဖြစ်ပါတော့သည်။

မောင်သာ( ရှေးဟောင်းသုတေသန)

http://www.history.com/topics/halloween/ghosts-in-the-white-house
https://en.wikipedia.org/wiki/Lincoln%27s_ghost
http://channel.nationalgeographic.com/killing-lincoln/articles/the-story-of-lincolns-ghost/
https://www.washingtonpost.com/news/retropolis/wp/2017/10/30/is-the-white-house-haunted-a-history-of-spooked-presidents-prime-ministers-and-pets/

Leave a Reply