တပ္ၾကပ္ႀကီး စတက္ဘီ (သုိ႔) ပထမ ကမာၻစစ္ အတြင္း ေက်ာ္ၾကား ခဲ့တဲ့ သူရဲေကာင္း

Posted on

Written By ၾကယ္နီ

အေမရိကန္ အမွတ္၂၆ ၊ ယန္းကီး တပ္မ အမွတ္ ၁၀၂ တပ္ရင္းႀကီး က တပ္ၾကပ္ႀကီး တစ္ဦး ျဖစ္ၿပီး ပထမ ကမာၻစစ္ အတြင္း က ျပင္သစ္ စစ္မ်က္ႏွာျပင္ မွာ စစ္ဆင္ေရး ၄ ႀကိမ္ ႏွင္႔ တိုက္ပဲြေပါင္း ၁၇ ပြဲ တိိတိ ပါ၀င္ ဆင္ႏဲြ ခဲ့ ရတယ္။

သူ က လူသား တစ္ဦးေတာ့ မဟုတ္ပါဘူး လူသား တို႔ရဲ႕ သစၥာရွိ ရဲေဘာ္ အေမရိကန္ ေခြးဘီလူး အႏြယ္၀င္ ေခြး စစ္သည္ တစ္ေကာင္ ျဖစ္ပါတယ္။ ပထမကမာၻစစ္မွာ တပ္ၾကပ္ၾကီးရာထူး တိုးျမွင့္ျခင္းကိုခံရျပီး ဆုအမ်ားဆံုးရတဲ့ ေခြးတစ္ေကာင္ျဖစ္ခဲ့ပါတယ္။

စတပ္ဘီ ကို ၁၉၁၆ မွာ ေမြးဖြား ခဲ့ၿပီး ေယးတကၠသိုလ္ ေက်ာင္းသားတစ္ဦး ျဖစ္တဲ့ သူ႕ သခင္ က တပ္ထဲ ၀င္တဲ့ အခါ မွာ တစ္ပါးတည္း ေခၚေဆာင္ လာရာ ကေန ၁၉၁၆ မွာ အမွတ္ ၁၀၂ တပ္ရင္းႀကီး ရဲ႕ စစ္သားတစ္ဦး အျဖစ္ စာရင္းသြင္း ခဲ့ၿပီး အမွတ္ ၁၀၂ တပ္ရင္း မွာပဲ အဆိပ္ေငြ႕ အာရံုခံ ႏုိင္ေရး အတြက္ ေလ့က်င့္ ေပးခဲ့ ၾက ပါတယ္။

သူ႕ရဲ႕ပထမဆံုး တိုက္ပဲြ ဟာ ျပင္သစ္ႏုိင္ငံ ခ်ာမိန္း တိုက္ပဲြ ျဖစ္ ပါတယ္။ ဒီတုိက္ပြဲမွာ တပ္ရင္းတစ္ခုလံုးကို အံ့ၾသသင့္ဖြယ္ရာ ဓါတ္ေငြ႕ျဖင့္ တိုက္ခိုက္ျခင္းရန္ကေနကယ္တင္ခဲ့ပါတယ္။ ဒီ တိုက္ပဲြ မွာ သူ ဟာ ဂ်ာမန္ေတြ ရဲ႕ အဆိပ္ ဓာတ္ေငြ႕ေၾကာင့္ ေဆးရံု တက္ခဲ့ရ ၿပီး ေနာက္ပိုင္း မွာေတာ႔ သူ႕တပ္ရင္း က သူ႕ အတြက္ အထူးျပဳလုပ္ ထားတဲ့ ဓာတ္ေငြ႕ကာ မ်က္ႏွာဖံုး ကို ၀တ္ဆင္ ေပးခဲ့ ၾက ပါတယ္။

၁၉၁၈ ခုႏွစ္ အတြင္း ျပင္သစ္ စစ္မ်က္ႏွာ အာဂြန္ၿမိဳ႕ မွာ ရန္သူ႕ စပိုင္ တစ္ဦး ကို ဖမ္းဆီး ေပးခဲ့ ပါတယ္။

စစ္ေျမျပင္ မွာ သူ႕ရဲ႕ သူမတူတဲ့ အခ်က္ ကေတာ႔ ရန္သူ႕ အေျမာက္ ျပစ္ခတ္မႈ႕မ်ားကို ႀကိဳတင္ အာရံုခံႏုိင္ျခင္း၊ အဆိပ္ေငြ႕အႏၲရယ္ ကို ၾကိဳတင္ အာရံုခံ ႏုိင္ျခင္း စြမ္းရည္ေတြ နဲ႔ သူ႕တပ္ရင္း ကို အၾကိမ္ၾကိမ္ ကယ္တင္ ႏုိင္ခဲ့ ပါတယ္

၁၉၁၉ မွာ တပ္ၾကပ္ၾကီး ရာထူး သို႔ တိုးျမင့္ခံ ခဲ့ရ ကာ ထူးျခားတဲ့ ေဆာင္ရြက္မႈ႕အျဖစ္ ရန္သူ႕ ကတုတ္က်င္း ေရွ႕မွာ ဒဏ္ရာရ ေနတဲ့ သူ႕သခင္ ကို ကိုယ္ နဲ႔ ကာ၍ ရန္သူ႕ သတ္ကြင္း ထဲက ေန အသက္စြန္႔ ဆဲြထုတ္ ခဲ့တာ ဘဲ ျဖစ္ပါတယ္။ဒီ တိုက္ပဲြ မွာ သူ႕ရဲ႕ ေျခေထာက္ နဲ႕လက္ေတြ လက္ပစ္ဗံုး ထိကာ ဒဏ္ရာရ ခဲ့ပါတယ္။

ဒဏ္ရာရလို႕ အနားေပးထားတဲ့အခ်ိန္မွာေတာင္မွ စစ္ေျမျပင္မွ သတင္းမ်ားကိုသယ္လာေပးျခင္း၊ ဂ်ာမန္ ေထာက္လွမ္းေရးတစ္ေယာက္ ခ်ံဳပုတ္ထဲ မွာ ပုန္းေအာင္းေနတာကို ဖမ္းေပးျခင္းတို႕ကိုျပဳလုပ္ခဲ့ပါတယ္။ ထိုင္ေနရင္းနဲ႕ ျခံဳပုတ္ထဲက အသက္ရွဳသံ ကိုၾကားလို႕ဆင္းသြားျပီးျခံဳပုတ္ကို အဆက္မျပတ္ေဟာင္ေနကာ အသိေပးခဲ့ပါတယ္။

အဲဒီဂ်ာမန္က ေျပးမယ္လုပ္တဲ့အခ်ိန္မွာေတာ့ မေျပးႏိုင္ေအာင္ Stubby က သူ႕ရဲ႕ေၿခ ေထာက္ကို လွမ္းကိုက္ျပီး လဲက်ေစခဲ့ပါတယ္။ ထိုမွတဆင့္ လက္၊ ခႏၶာကိုမ်ားကို ဆက္လက္တိုက္ခိုက္ ၿပီး ေနာက္ဆူညံသံေၾကာင့္ စစ္သားမ်ားထြက္လာခ်ိန္မွာေတာ့ ဂ်ာမန္ ေထာက္လွမ္းေရးကို ဖမ္းဆီးရမိခဲ့ ပါေတာ့တယ္။

ထိုေနာက္ တပ္ ကေန အၿငိမ္းစား ေပးခဲ့ ၿပီ အထက္ပါ စြမ္းေဆာင္မႈ႕ေတြ အတြက္ ခရမ္းေရာင္ ႏွလံုးသားဆု ၊ သူရဲေကာင္း ေငြၾကယ္ ဒုတိယအဆင့္ ဆုေတြ ရခဲ့ ပါတယ္။

တပ္ က ထြက္ၿပီး ေနာက္ပိုင္း မွာေတာ႔ တပ္မေတာ္ ရဲ႕ ဂုဏ္ထူးေဆာင္ အျဖစ္ သတ္မွတ္ ခံခဲ့ ရကာ အေမရိကန္ သမၼတ ၀ုရိုး၀ီလ္ဆင္၊ သမၼတ ဟာဒင္ တို႔နဲ႔ ေတြ႕ဆံု ခြင့္ ကိုလည္း ရခဲ့ ပါတယ္။ တပ္မေတာ္ ရဲ႕ စစ္ေရးျပ အခန္းအနားေပါင္း မ်ားစြာ မွာလည္း ဦးေဆာင္ ခ်ီတက္ခြင့္ ရခဲ့ ပါတယ္။

၁၉၂၁ မွာ ဗိုလ္ခ်ဳပ္ႀကီး ပါးရွင္း ရဲ႕ ေရႊတံဆိပ္ဆု ခ်ီးျမင့္ျခင္း ခံရ ကာ ဇာတိေျမ ေယာ့ေတာင္း ဟိုးဂ်က္ ရပ္ဘီ အသင္း ရဲ႕ မက္စေကာ့ တံဆိပ္ အျဖစ္ ထပ္ဆင္႔ ဂုဏ္ျပဳ ခံခဲ့ ရပါတယ္။ ဒီ အသင္း ရဲ႕ ဂုဏ္ထူးေဆာင္ အသင္းသား အျဖစ္ သတ္မွတ္ ခဲ့ကာ ၁၉၂၂ မွာ အသင္း ရဲ႕ ျပိဳင္ပဲြ တစ္ခု မွာ ပထမပိုင္း ၀င္ေရာက္ ကစား ကာ အႏုိင္ဂိုး သြင္းေပးခဲ့ ပါတယ္။

စတပ္ဘီ ဟာ ၁၉၂၆(အသက္ ၉ႏွစ္ေက်ာ္) မွာ ကြယ္လြန္ ခဲ့ကာ သူ႕ရဲ႕အစာသြပ္ ရုပ္လံုး ကို အေမရိကန္ စမစ္ဆိုနီယမ္ ျပတိုက္ မွာ ယေန႔တိုင္ ေတြ႕ရွိ ႏုိင္ပါတယ္။


တပ်ကြပ်ကြီး STUBBY (သို့) ပထမ ကမ္ဘာစစ် အတွင်း ကျော်ကြား ခဲ့တဲ့ သူရဲကောင်း (unicode)

Written By KyelNi

အမေရိကန် အမှတ်၂၆ ၊ ယန်းကီး တပ်မ အမှတ် ၁၀၂ တပ်ရင်းကြီး က တပ်ကြပ်ကြီး တစ်ဦး ဖြစ်ပြီး ပထမ ကမ္ဘာစစ် အတွင်း က ပြင်သစ် စစ်မျက်နှာပြင် မှာ စစ်ဆင်ရေး ၄ ကြိမ် နှင့် တိုက်ပွဲပေါင်း ၁၇ ပွဲ တိတိ ပါဝင် ဆင်နွဲ ခဲ့ ရတယ်။သူ က လူသား တစ်ဦးတော့ မဟုတ်ပါဘူး လူသား တို့ရဲ့ သစ္စာရှိ ရဲဘော် အမေရိကန် ခွေးဘီလူး အနွယ်ဝင် ခွေး စစ်သည် တစ်ကောင် ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်မှာ တပ်ကြပ်ကြီးရာထူး တိုးမြှင့်ခြင်းကိုခံရပြီး ဆုအများဆုံးရတဲ့ ခွေးတစ်ကောင်ဖြစ်ခဲ့ပါတယ်။

စတပ်ဘီ ကို ၁၉၁၆ မှာ မွေးဖွား ခဲ့ပြီး ယေးတက္ကသိုလ် ကျောင်းသားတစ်ဦး ဖြစ်တဲ့ သူ့ သခင် က တပ်ထဲ ဝင်တဲ့ အခါ မှာ တစ်ပါးတည်း ခေါ်ဆောင် လာရာ ကနေ ၁၉၁၆ မှာ အမှတ် ၁၀၂ တပ်ရင်းကြီး ရဲ့ စစ်သားတစ်ဦး အဖြစ် စာရင်းသွင်း ခဲ့ပြီး အမှတ် ၁၀၂ တပ်ရင်း မှာပဲ အဆိပ်ငွေ့ အာရုံခံ နိုင်ရေး အတွက် လေ့ကျင့် ပေးခဲ့ ကြ ပါတယ်။

သူ့ရဲ့ပထမဆုံး တိုက်ပွဲ ဟာ ပြင်သစ်နိုင်ငံ ချာမိန်း တိုက်ပွဲ ဖြစ် ပါတယ်။ ဒီတိုက်ပွဲမှာ တပ်ရင်းတစ်ခုလုံးကို အံ့ဩသင့်ဖွယ်ရာ ဓါတ်ငွေ့ဖြင့် တိုက်ခိုက်ခြင်းရန်ကနေကယ်တင်ခဲ့ပါတယ်။ ဒီ တိုက်ပွဲ မှာ သူ ဟာ ဂျာမန်တွေ ရဲ့ အဆိပ် ဓာတ်ငွေ့ကြောင့် ဆေးရုံ တက်ခဲ့ရ ပြီး နောက်ပိုင်း မှာတော့ သူ့တပ်ရင်း က သူ့ အတွက် အထူးပြုလုပ် ထားတဲ့ ဓာတ်ငွေ့ကာ မျက်နှာဖုံး ကို ဝတ်ဆင် ပေးခဲ့ ကြ ပါတယ်။

၁၉၁၈ ခုနှစ် အတွင်း ပြင်သစ် စစ်မျက်နှာ အာဂွန်မြို့ မှာ ရန်သူ့ စပိုင် တစ်ဦး ကို ဖမ်းဆီး ပေးခဲ့ ပါတယ်။

စစ်မြေပြင် မှာ သူ့ရဲ့ သူမတူတဲ့ အချက် ကတော့ ရန်သူ့ အမြောက် ပြစ်ခတ်မှု့များကို ကြိုတင် အာရုံခံနိုင်ခြင်း၊ အဆိပ်ငွေ့အန္တရယ် ကို ကြိုတင် အာရုံခံ နိုင်ခြင်း စွမ်းရည်တွေ နဲ့ သူ့တပ်ရင်း ကို အကြိမ်ကြိမ် ကယ်တင် နိုင်ခဲ့ ပါတယ်

၁၉၁၉ မှာ တပ်ကြပ်ကြီး ရာထူး သို့ တိုးမြင့်ခံ ခဲ့ရ ကာ ထူးခြားတဲ့ ဆောင်ရွက်မှု့အဖြစ် ရန်သူ့ ကတုတ်ကျင်း ရှေ့မှာ ဒဏ်ရာရ နေတဲ့ သူ့သခင် ကို ကိုယ် နဲ့ ကာ၍ ရန်သူ့ သတ်ကွင်း ထဲက နေ အသက်စွန့် ဆွဲထုတ် ခဲ့တာ ဘဲ ဖြစ်ပါတယ်။ဒီ တိုက်ပွဲ မှာ သူ့ရဲ့ ခြေထောက် နဲ့လက်တွေ လက်ပစ်ဗုံး ထိကာ ဒဏ်ရာရ ခဲ့ပါတယ်။

ဒဏ်ရာရလို့ အနားပေးထားတဲ့အချိန်မှာတောင်မှ စစ်မြေပြင်မှ သတင်းများကိုသယ်လာပေးခြင်း၊ ဂျာမန် ထောက်လှမ်းရေးတစ်ယောက် ချုံပုတ်ထဲ မှာ ပုန်းအောင်းနေတာကို ဖမ်းပေးခြင်းတို့ကိုပြုလုပ်ခဲ့ပါတယ်။ ထိုင်နေရင်းနဲ့ ခြုံပုတ်ထဲက အသက်ရှုသံ ကိုကြားလို့ဆင်းသွားပြီးခြုံပုတ်ကို အဆက်မပြတ်ဟောင်နေကာ အသိပေးခဲ့ပါတယ်။

အဲဒီဂျာမန်က ပြေးမယ်လုပ်တဲ့အချိန်မှာတော့ မပြေးနိုင်အောင် Stubby က သူ့ရဲ့ခြေ ထောက်ကို လှမ်းကိုက်ပြီး လဲကျစေခဲ့ပါတယ်။ ထိုမှတဆင့် လက်၊ ခန္ဓာကိုများကို ဆက်လက်တိုက်ခိုက် ပြီး နောက်ဆူညံသံကြောင့် စစ်သားများထွက်လာချိန်မှာတော့ ဂျာမန် ထောက်လှမ်းရေးကို ဖမ်းဆီးရမိခဲ့ ပါတော့တယ်။

ထိုနောက် တပ် ကနေ အငြိမ်းစား ပေးခဲ့ ပြီ အထက်ပါ စွမ်းဆောင်မှု့တွေ အတွက် ခရမ်းရောင် နှလုံးသားဆု ၊ သူရဲကောင်း ငွေကြယ် ဒုတိယအဆင့် ဆုတွေ ရခဲ့ ပါတယ်။

တပ် က ထွက်ပြီး နောက်ပိုင်း မှာတော့ တပ်မတော် ရဲ့ ဂုဏ်ထူးဆောင် အဖြစ် သတ်မှတ် ခံခဲ့ ရကာ အမေရိကန် သမ္မတ ဝုရိုးဝီလ်ဆင်၊ သမ္မတ ဟာဒင် တို့နဲ့ တွေ့ဆုံ ခွင့် ကိုလည်း ရခဲ့ ပါတယ်။ တပ်မတော် ရဲ့ စစ်ရေးပြ အခန်းအနားပေါင်း များစွာ မှာလည်း ဦးဆောင် ချီတက်ခွင့် ရခဲ့ ပါတယ်။

၁၉၂၁ မှာ ဗိုလ်ချုပ်ကြီး ပါးရှင်း ရဲ့ ရွှေတံဆိပ်ဆု ချီးမြင့်ခြင်း ခံရ ကာ ဇာတိမြေ ယော့တောင်း ဟိုးဂျက် ရပ်ဘီ အသင်း ရဲ့ မက်စကော့ တံဆိပ် အဖြစ် ထပ်ဆင့် ဂုဏ်ပြု ခံခဲ့ ရပါတယ်။ ဒီ အသင်း ရဲ့ ဂုဏ်ထူးဆောင် အသင်းသား အဖြစ် သတ်မှတ် ခဲ့ကာ ၁၉၂၂ မှာ အသင်း ရဲ့ ပြိုင်ပွဲ တစ်ခု မှာ ပထမပိုင်း ဝင်ရောက် ကစား ကာ အနိုင်ဂိုး သွင်းပေးခဲ့ ပါတယ်။

စတပ်ဘီ ဟာ ၁၉၂၆(အသက် ၉နှစ်ကျော်) မှာ ကွယ်လွန် ခဲ့ကာ သူ့ရဲ့အစာသွပ် ရုပ်လုံး ကို အမေရိကန် စမစ်ဆိုနီယမ် ပြတိုက် မှာ ယနေ့တိုင် တွေ့ရှိ နိုင်ပါတယ်။

Leave a Reply