ကမာၻ႔အေအးဆုံးရြာကေလး (သုိ႔) အြဳိင္ျမခုံ

Posted on

Written By သမန္းက်ား

ကမၻာေပၚမွာ လူသားေတြ ေနထိုင္ေနတဲ့ ျမိဳ ့၊ရြာေတြ ထဲမွာ အေအးဆံုး ရြာဟာ အိြဳင္ျမခံု (Oymyakon) ရြာကေလး ျဖစ္ပါတယ္။ အိြဳင္ျမခံု ဟာ ရုရွားႏိုင္ငံ၊ ဆခါရီပတ္ဘလစ္၊ အိြဳင္ျမခံုစကီ ခရိုင္က အစြန္အဖ်ား တစ္ေနရာမွာ ရွိပါတယ္။

၁၉၂၄ ခုႏွစ္မွာ ရုရွား သိပၸံပညာရွင္ တစ္ဦးက အိြဳင္ျမခံု ကို စတင္ေတြ ့ရွိခဲ့ျပီး အပူခ်ိန္ အနုတ္ ၇၁ ဒီဂရီ စင္တီဂရိတ္ပဲရွိတဲ့ ဒီေနရာမွာ ေနထိုင္ခဲ့ရာကေန တျဖည္းျဖည္းနဲ ့ ရြာကေလး တစ္ရြာ ျဖစ္လာတာပါ။

အာတိတ္ေဒသဆန္တဲ့ ရာသီဥတုေၾကာင့္ အိြဳင္ျမခံုဟာ ကမၻာ့ေျမာက္ဖက္ျခမ္းက လူေနထိုင္ရာ ေဒသထဲမွာ အေအး ဆံုးျဖစ္လာပါတယ္။ ၁၉၃၃ ခုႏွစ္ ေဖေဖာ္၀ါရီလ ၆ ရက္ေန ့မွာ အပူခ်ိန္ အနုတ္ ၆၇ ဒသမ ၇ ဒီဂရီ စင္တီဂရိတ္နဲ ့ ကမၻာေပၚမွာ အေအးဆံုး လူေနထိုင္ရာ ေဒသအျဖစ္ မွတ္တမ္းတင္ ခံခဲ့ရတာပါ။ အိြဳင္ျမခံုထက္ ေအးတာဆိုလို ့ အာတိတ္ေဒသပဲ ရွိပါတယ္။ အပူခ်ိန္က အႏုတ္ ၈၉ ဒသမ ၂ စင္တီဂရိတ္ပါ။

ဒီအပူခ်ိန္ေတြကို တိုင္းတာေပးေနတဲ့ မိုးေလ၀ါသဌာနက အျမင့္ေပ ၂၄၆၀ မွာရွိျပီး ပတ္ပတ္လည္က ေတာင္တန္း ေတြက အျမင့္ ၃၆၀၀ ေပ အနည္းဆံုး ရွိပါတယ္။ ေတာင္စဥ္ ေတာင္တန္းေတြရဲ ့ လွ်ိဳေျမာင္ေတြမွာ ေလေအးေတြ က တဟူးဟူး တိုက္ခတ္ေနပါတယ္။ အျမင့္ေပ ၁၀၀၀ တက္သြားတိုင္း အပူခ်ိန္က ၁၀ ဒီဂရီ ေလ်ာ့သြားပါတယ္။

အိြဳင္ျမခံုရဲ ့ပတ္၀န္းက်င္ေျမျပင္ဟာ အျမဲခဲေနပါတယ္။ ဒီဇင္ဘာလမွာ အနုတ္ ၅၀ ဒီဂရီ ဖာရင္ဟိုက္ရွိျပီး ၾသဂုတ္လ မွာက်ေတာ့ အေပါင္း ၅၀ ဒီဂရီဖာရင္ဟိုက္ရွိိတာပါ။ ေဆာင္းရာသီမွာ တစ္ရက္ကိုေနေရာင္ျမင္ရခ်ိန္ ၃ နာရီ ေလာက္ ပဲရွိျပီး ေႏြအခါက်ျပန္ရင္လည္း ေနထြက္ခ်ိန္ခ်ဥ္း ၂၁ နာရီရွိျပန္ပါတယ္။

အိြဳင္ျမခံု ဟာ အနီးဆံုးျမိဳ ့ Yakutsk ကို ကားနဲ ့သြားရင္ေတာင္ ၃ ရက္ၾကာေအာင္ ေခါင္တဲ့ရြာကေလးပါ။ ေ၀းလံ သီေခါင္လြန္းတာေရာ၊ ကမၻာ့အေအးဆံုးေနရာျဖစ္တာေရာေၾကာင့္ အိြဳင္ျမခံုကို ေတာ္ရံုတန္ရံု ဧည့္သည္မလာႏိုင္ပါ ဘူး။ ဒီေတာ့ အိြဳင္ျမခံုရြာသားေတြဟာ ဧည့္ေမွ်ာ္ၾကပါတယ္။

ဟိုတယ္မရွိတဲ့ဒီရြာကေလးမွာ ဧည့္သည္လာလိုက္ တယ္ဆိုရင္ပဲ ေနရာထိုင္ခင္း၊ အိပ္စရာေတြကို ၀မ္းသာအဲလွယ္ ျပင္ေပးၾကပါတယ္။ ဧည့္သည္တိုင္းကို ‘ေအးစက္ ေသာ ၀င္ရိုးစြန္းသို ့ အလည္ေရာက္အမွတ္တရ’ စာတမ္းေတြ ထုတ္ေပးၾကပါတယ္။

အိြဳင္ျမခံုဟာ တစ္ႏွစ္ပတ္လံုး ႏွင္းေတြ၊ ေရခဲေတြနဲ ့ ေဖြးေဖြးဆြတ္ေနတယ္။ ဒီရြာေလးရဲ ့ စီးပြားေရးကလည္း မိရိုး ဖလာပါပဲ။ တိရိစာၦန္သားေမြးေတြေရာင္း၀ယ္မယ္၊ ေရခဲငါးေတြေရာင္းမယ္။ တစ္ႏွစ္ပတ္လံုးႏွင္းေတြက်ေနေတာ့ ရႈခင္းက အရမ္းလွပါတယ္။ အာတိတ္စက္၀ိုင္းေဒသမွာရွိေနေတာ့လည္း အိြဳင္ျမခံုဟာ ကမၻာ့အလွဆံုး ေန၀င္ခ်ိန္ကို ပိုင္ဆိုင္ပါတယ္။ လာသမွ်ဧည့္သည္ေတြဟာ ဓါတ္ပံုဆရာေတြျဖစ္ေနတာ မဆန္းပါဘူး။

အိြဳင္ျမခံုဟာ ဖြံ ့ျဖိဳးတုိးတက္မႈႏႈန္းလည္းေႏွးပါတယ္။ ၂၀၀၈ ခုႏွစ္မွာ အိြဳင္ျမခံုရဲ ့တစ္ခုတည္းေသာစာသင္ေက်ာင္း မွာ အခန္းတြင္းအိမ္သာတပ္ဆင္ခဲ့ပါတယ္။ မိုဘိုင္းဖုန္းသံုးလို ့မရပါဘူး။ ဒီေလာက္ေအးတဲ့ေနရာမွာ မိုဘိုင္းဖုန္း ေတြ အလုပ္မလုပ္ႏိုင္ပါဘူး။ လယ္လည္းစိုက္လို ့မရပါဘူး။ တစ္ရြာလံုးက လိုအပ္တာ၀ယ္ဖို ့ ကုန္စံုဆိုင္ကလည္း တစ္ဆိုင္ပဲရွိပါတယ္။

အျပင္ထြက္လို ့မ်က္မွန္တပ္မယ္ဆိုရင္ေတာ့ တစ္ခါတည္း မ်က္ႏွာမွာခဲျပီး ကပ္သြားပါလိမ့္ မယ္။ ျပန္ခြာရင္ အေရျပား ပါပါလာမွာမို ့ အိြဳင္ျမခံုမွာ ဘယ္သူမွ ေနကာမ်က္မွန္မတပ္ပါဘူး။ ေက်ာင္းသားေလးေတြမွာလည္း ေဘာပင္မွင္ခဲတာကို ၾကံဳရေလ့ရွိျပီး သက္ၾကီးရြယ္အိုေတြ စာဖတ္ဖို ့ စာဖတ္မ်က္ မွန္ တပ္မရသလို ဘက္ထရီေတြဆိုရင္လည္း ေအးလြန္းတဲ့အတြက္ အလိုလိုအားကုန္သြားေလ့ရွိပါတယ္။

အသုဘရွိလို ့ ေျမက်င္းတူးရေတာ့မယ္ဆိုရင္ ၃-ရက္ေလာက္ၾကာပါတယ္။ ေျမတူးႏိုင္ေအာင္လို ့ ေရခဲအရည္ေပ်ာ္ ေအာင္ မီးေသြးဖိုေတြ ၀ိုင္းထားရပါတယ္။ အျမဲေရခဲေနတဲ့ေနရာျဖစ္ေနေတာ့ ဘာမွစိုက္ပ်ိဳးလို ့မရပါဘူး။ ဒီရြာကလူေတြက ေရခဲေတာင္သမင္နဲ ့ ျမင္းသားကို ပဲ စားရတာပါ။ ဒါေပမယ့္ အာဟာရခ်ိဳ ့တဲ့မႈကိုေတာ့ ဘယ္ေတာ့မွ မခံစားၾကရပါဘူး။

သမင္နို ့ကို ေသာက္ၾကျပီး အဲဒီ သမင္နုိ ့မွာ အာဟာရဓါတ္ ျပည့္စံုစြာပါတယ္လို ့ ဆရာ၀န္ေတြက ေျပာပါတယ္။ ကားစက္ကို တစ္ေနကုန္ နိုးထား ရပါတယ္။ စက္ရပ္သြားရင္ ျပန္ႏုိးလို ့မရေတာ့ပါဘူး။ ညကိုေတာ့စက္ရပ္ထားျပီး မနက္ခင္းဆိုရင္ေတာ့ ကားစက္နုိး သံ တညံညံနဲ ့ ရြာတစ္ခုလံုးသက္၀င္လွဳပ္ရွားလာပါတယ္။

အိြဳင္ျမခံု ဟာ ရုရွားဘာသာစကားမွာ မခဲေသာေရလို ့အဓိပၸါယ္ရပါတယ္။ ဒီရြာနားမွာ ေရပူ စမ္းတစ္ခုရွိပါတယ္။ အဲဒီေရပူစမ္းကို အိြဳင္ျမခံုလို ့ေခၚရာကေန ဒီရြာနာမည္ကလည္း အိြဳင္ျမခံုျဖစ္လာတာပါ။ လူဦးေရ ၄၇၂ ေယာက္၊ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၇၅၀ မီတာ ရွိပါတယ္။ ဒုတိယကမၻာစစ္တုန္းက ဒီေနရာမွာ ေလယာဥ္ကြင္းငယ္ ေလး တည္ေဆာက္ထားခဲ့ပါတယ္။ ၁၉၂၀ နဲ ့ ၁၉၃၀ ၾကားမွာ ေရခဲေတာင္သမင္ေမြးျမဴေရးသမားေတြက အြြိဳင္ ျမခံု ေရပူစမ္းမွာ တစ္ေထာက္နားျပီး သမင္ေတြကိုေရတိုက္ရင္း နားၾကခဲ့ၾကပါတယ္။

ဒီေလာက္ခက္ခဲတဲ့ေနရာမွာ လူေလး ၅၀၀ ေလာက္က သဘာ၀ကိုအံတုျပီးေနထိုင္ေနၾကတာ အံ့ၾသစရာပါ။ အဲဒီ တုန္းက ဆိုဗီယက္အစိုးရက ဒီလူေတြကို ေနရာေျပာင္းေရႊ ့ေပးဖို ့ ၾကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ ဒီရြာသားေတြဟာ နည္းပညာနဲ ့ ယဥ္ေက်းမႈကိုေက်ာခိုင္းလို ့ ဒီေ၀းလံသီေခါင္ျပီး ေရအျမဲခဲေနတဲ့ မိုဘိုင္းဖုန္းအဆက္အသြယ္ေတာင္ မရွိတဲ့ ရြာကေလးမွာပဲ ဆက္ေနဖို ့ ေရြးခ်ယ္ခဲ့ၾကပါတယ္။

အိြဳင္ျမခံုမွာ အိမ္တိုင္းလိုလို မီးေသြးဖိုကို ၂၄ နာရီဖိုထားရပါတယ္။ အေႏြးဓါတ္ရေအာင္လို ့ပါ။ လွ်ပ္စစ္မီးမရွိတဲ့ အတြက္ ထင္းမီးလင္းဖိုကိုပဲ အသံုးျပဳရပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ ကိုယ္ထူကိုယ္ထ မီးစက္နဲ ့ ရြာကို အခ်ိန္အကန္ ့အသတ္နဲ ့ လွ်ပ္စစ္မီး ေပးပါတယ္။ ဒီရြာသားေတြဟာ ရာသီဥတုဒဏ္ကို ၾကံ့ၾကံံ့ခံတဲ့ေနရာမွာ ျပိဳင္စံ ရွားပါတယ္။ အပူခ်ိန္ အနုတ္ ၅၂ ဒီဂရီစင္တီဂရိတ္ေအာက္ေရာက္မွ တစ္ခုတည္းေသာေက်ာင္းကို ပိတ္ၾကတာပါ။

အခုေနာက္ပိုင္းေတာ့ ဒီရြာကေလးမွာ အပို၀င္ေငြရွိလာပါျပီ။ ကမၻာလွည့္ခရီးသည္ေတြေပါ့။ ကမၻာ့အေအးဆံုးေနရာ မွာ တစ္ညေလာက္ေတာ့ လာေနၾကည့္ၾကပါတယ္။ အိမ္ထဲမွာ အိမ္သာမရွိတဲ့အျဖစ္၊ သမင္သားပဲစားရတဲ့အျဖစ္၊ မီး ေသြးမီးဖိုနဲ ့ အေႏြးဓါတ္ယူျပီး ထင္းမီးလင္းဖိုနဲ ့ေနရတဲ့အျဖစ္၊ ေရခ်ိဳးမယ္ဆိုရင္ ေရွးေရာမဇာတ္ကားေတြ ထဲကလို မီး ေသြးထဲဖုတ္ထားတဲ့ ေက်ာက္ခဲေတြကို ေရစည္ပိုင္းထဲထည့္ျပီး ေရေႏြးေအာင္လုပ္ျပီး ခ်ိဳးရတဲ့ အျဖစ္ ေတြကို တအံ့ တၾသခံစားၾကရင္း မနက္ေနထြက္ခ်ိိန္နဲ ့ ညေနပိုင္းေန၀င္ခ်ိန္တို ့ရဲ ့ အံ့ၾသဘနန္း လွပလွတဲ့ ရွဳေမွ်ာ္ခင္းေတြကို ၾကည့္ရင္း တစ္ခ်ိန္က ကမၻာကေမ့ေလ်ာ့ေနခဲ့တဲ့ အိြဳင္ျမခံုဟာ တျဖည္းျဖည္းနဲ ့ လူသိမ်ားလာျပီး သြားေရာက္လည္ ပတ္သူေတြနဲ ့ စည္ကားလာမယ့္ အလားအလာကို ေတြ ့ေနရပါေၾကာင္း ေလ့လာေရးသား တင္ျပလိုက္ရပါတယ္။


ကမ္ဘာ့အအေးဆုံးရွာကလေး (သို့) အွိုင်မြခုံ (unicode)

Written By သမန်းကျား

ကမ္ဘာပေါ်မှာ လူသားတွေ နေထိုင်နေတဲ့ မြို့၊ရွာတွေ ထဲမှာ အအေးဆုံး ရွာဟာ အွိုင်မြခုံ (Oymyakon) ရွာကလေး ဖြစ်ပါတယ်။ အွိုင်မြခုံ ဟာ ရုရှားနိုင်ငံ၊ ဆခါရီပတ်ဘလစ်၊ အွိုင်မြခုံစကီ ခရိုင်က အစွန်အဖျား တစ်နေရာမှာ ရှိပါတယ်။

၁၉၂၄ ခုနှစ်မှာ ရုရှား သိပ္ပံပညာရှင် တစ်ဦးက အွိုင်မြခုံ ကို စတင်တွေ့ရှိခဲ့ပြီး အပူချိန် အနုတ် ၇၁ ဒီဂရီ စင်တီဂရိတ်ပဲရှိတဲ့ ဒီနေရာမှာ နေထိုင်ခဲ့ရာကနေ တဖြည်းဖြည်းနဲ့ ရွာကလေး တစ်ရွာ ဖြစ်လာတာပါ။

အာတိတ်ဒေသဆန်တဲ့ ရာသီဥတုကြောင့် အွိုင်မြခုံဟာ ကမ္ဘာ့မြောက်ဖက်ခြမ်းက လူနေထိုင်ရာ ဒေသထဲမှာ အအေး ဆုံးဖြစ်လာပါတယ်။ ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အပူချိန် အနုတ် ၆၇ ဒသမ ၇ ဒီဂရီ စင်တီဂရိတ်နဲ့ ကမ္ဘာပေါ်မှာ အအေးဆုံး လူနေထိုင်ရာ ဒေသအဖြစ် မှတ်တမ်းတင် ခံခဲ့ရတာပါ။ အွိုင်မြခုံထက် အေးတာဆိုလို့ အာတိတ်ဒေသပဲ ရှိပါတယ်။ အပူချိန်က အနုတ် ၈၉ ဒသမ ၂ စင်တီဂရိတ်ပါ။

ဒီအပူချိန်တွေကို တိုင်းတာပေးနေတဲ့ မိုးလေဝါသဌာနက အမြင့်ပေ ၂၄၆၀ မှာရှိပြီး ပတ်ပတ်လည်က တောင်တန်း တွေက အမြင့် ၃၆၀၀ ပေ အနည်းဆုံး ရှိပါတယ်။ တောင်စဉ် တောင်တန်းတွေရဲ့ လျှိုမြောင်တွေမှာ လေအေးတွေ က တဟူးဟူး တိုက်ခတ်နေပါတယ်။ အမြင့်ပေ ၁၀၀၀ တက်သွားတိုင်း အပူချိန်က ၁၀ ဒီဂရီ လျော့သွားပါတယ်။

အွိုင်မြခုံရဲ့ပတ်ဝန်းကျင်မြေပြင်ဟာ အမြဲခဲနေပါတယ်။ ဒီဇင်ဘာလမှာ အနုတ် ၅၀ ဒီဂရီ ဖာရင်ဟိုက်ရှိပြီး ဩဂုတ်လ မှာကျတော့ အပေါင်း ၅၀ ဒီဂရီဖာရင်ဟိုက်ရှိတာပါ။ ဆောင်းရာသီမှာ တစ်ရက်ကိုနေရောင်မြင်ရချိန် ၃ နာရီ လောက် ပဲရှိပြီး နွေအခါကျပြန်ရင်လည်း နေထွက်ချိန်ချဉ်း ၂၁ နာရီရှိပြန်ပါတယ်။

အွိုင်မြခုံ ဟာ အနီးဆုံးမြို့ Yakutsk ကို ကားနဲ့သွားရင်တောင် ၃ ရက်ကြာအောင် ခေါင်တဲ့ရွာကလေးပါ။ ဝေးလံ သီခေါင်လွန်းတာရော၊ ကမ္ဘာ့အအေးဆုံးနေရာဖြစ်တာရောကြောင့် အွိုင်မြခုံကို တော်ရုံတန်ရုံ ဧည့်သည်မလာနိုင်ပါ ဘူး။ ဒီတော့ အွိုင်မြခုံရွာသားတွေဟာ ဧည့်မျှော်ကြပါတယ်။ ဟိုတယ်မရှိတဲ့ဒီရွာကလေးမှာ ဧည့်သည်လာလိုက် တယ်ဆိုရင်ပဲ နေရာထိုင်ခင်း၊ အိပ်စရာတွေကို ဝမ်းသာအဲလှယ် ပြင်ပေးကြပါတယ်။ ဧည့်သည်တိုင်းကို ‘အေးစက် သော ဝင်ရိုးစွန်းသို့ အလည်ရောက်အမှတ်တရ’ စာတမ်းတွေ ထုတ်ပေးကြပါတယ်။

အွိုင်မြခုံဟာ တစ်နှစ်ပတ်လုံး နှင်းတွေ၊ ရေခဲတွေနဲ့ ဖွေးဖွေးဆွတ်နေတယ်။ ဒီရွာလေးရဲ့ စီးပွားရေးကလည်း မိရိုး ဖလာပါပဲ။ တိရိစ္ဆာန်သားမွေးတွေရောင်းဝယ်မယ်၊ ရေခဲငါးတွေရောင်းမယ်။ တစ်နှစ်ပတ်လုံးနှင်းတွေကျနေတော့ ရှုခင်းက အရမ်းလှပါတယ်။ အာတိတ်စက်ဝိုင်းဒေသမှာရှိနေတော့လည်း အွိုင်မြခုံဟာ ကမ္ဘာ့အလှဆုံး နေဝင်ချိန်ကို ပိုင်ဆိုင်ပါတယ်။ လာသမျှဧည့်သည်တွေဟာ ဓါတ်ပုံဆရာတွေဖြစ်နေတာ မဆန်းပါဘူး။

အွိုင်မြခုံဟာ ဖွံ့ဖြိုးတိုးတက်မှုနှုန်းလည်းနှေးပါတယ်။ ၂၀၀၈ ခုနှစ်မှာ အွိုင်မြခုံရဲ့တစ်ခုတည်းသောစာသင်ကျောင်း မှာ အခန်းတွင်းအိမ်သာတပ်ဆင်ခဲ့ပါတယ်။ မိုဘိုင်းဖုန်းသုံးလို့မရပါဘူး။ ဒီလောက်အေးတဲ့နေရာမှာ မိုဘိုင်းဖုန်း တွေ အလုပ်မလုပ်နိုင်ပါဘူး။ လယ်လည်းစိုက်လို့မရပါဘူး။ တစ်ရွာလုံးက လိုအပ်တာဝယ်ဖို့ ကုန်စုံဆိုင်ကလည်း တစ်ဆိုင်ပဲရှိပါတယ်။

အပြင်ထွက်လို့မျက်မှန်တပ်မယ်ဆိုရင်တော့ တစ်ခါတည်း မျက်နှာမှာခဲပြီး ကပ်သွားပါလိမ့် မယ်။ ပြန်ခွာရင် အရေပြား ပါပါလာမှာမို့ အွိုင်မြခုံမှာ ဘယ်သူမှ နေကာမျက်မှန်မတပ်ပါဘူး။ ကျောင်းသားလေးတွေမှာလည်း ဘောပင်မှင်ခဲတာကို ကြုံရလေ့ရှိပြီး သက်ကြီးရွယ်အိုတွေ စာဖတ်ဖို့ စာဖတ်မျက် မှန် တပ်မရသလို ဘက်ထရီတွေဆိုရင်လည်း အေးလွန်းတဲ့အတွက် အလိုလိုအားကုန်သွားလေ့ရှိပါတယ်။ အသုဘရှိလို့ မြေကျင်းတူးရတော့မယ်ဆိုရင် ၃-ရက်လောက်ကြာပါတယ်။ မြေတူးနိုင်အောင်လို့ ရေခဲအရည်ပျော် အောင် မီးသွေးဖိုတွေ ဝိုင်းထားရပါတယ်။

အမြဲရေခဲနေတဲ့နေရာဖြစ်နေတော့ ဘာမှစိုက်ပျိုးလို့မရပါဘူး။ ဒီရွာကလူတွေက ရေခဲတောင်သမင်နဲ့ မြင်းသားကို ပဲ စားရတာပါ။ ဒါပေမယ့် အာဟာရချို့တဲ့မှုကိုတော့ ဘယ်တော့မှ မခံစားကြရပါဘူး။ သမင်နို့ကို သောက်ကြပြီး အဲဒီ သမင်နို့မှာ အာဟာရဓါတ် ပြည့်စုံစွာပါတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ကားစက်ကို တစ်နေကုန် နိုးထား ရပါတယ်။ စက်ရပ်သွားရင် ပြန်နိုးလို့မရတော့ပါဘူး။ ညကိုတော့စက်ရပ်ထားပြီး မနက်ခင်းဆိုရင်တော့ ကားစက်နိုး သံ တညံညံနဲ့ ရွာတစ်ခုလုံးသက်ဝင်လှုပ်ရှားလာပါတယ်။

အွိုင်မြခုံ ဟာ ရုရှားဘာသာစကားမှာ မခဲသောရေလို့အဓိပ္ပါယ်ရပါတယ်။ ဒီရွာနားမှာ ရေပူ စမ်းတစ်ခုရှိပါတယ်။ အဲဒီရေပူစမ်းကို အွိုင်မြခုံလို့ခေါ်ရာကနေ ဒီရွာနာမည်ကလည်း အွိုင်မြခုံဖြစ်လာတာပါ။ လူဦးရေ ၄၇၂ ယောက်၊ ပင်လယ်ရေမျက်နှာပြင်အထက် ၇၅၀ မီတာ ရှိပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဒီနေရာမှာ လေယာဉ်ကွင်းငယ် လေး တည်ဆောက်ထားခဲ့ပါတယ်။ ၁၉၂၀ နဲ့ ၁၉၃၀ ကြားမှာ ရေခဲတောင်သမင်မွေးမြူရေးသမားတွေက အွိုင် မြခုံ ရေပူစမ်းမှာ တစ်ထောက်နားပြီး သမင်တွေကိုရေတိုက်ရင်း နားကြခဲ့ကြပါတယ်။

ဒီလောက်ခက်ခဲတဲ့နေရာမှာ လူလေး ၅၀၀ လောက်က သဘာဝကိုအံတုပြီးနေထိုင်နေကြတာ အံ့ဩစရာပါ။ အဲဒီ တုန်းက ဆိုဗီယက်အစိုးရက ဒီလူတွေကို နေရာပြောင်းရွှေ့ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒီရွာသားတွေဟာ နည်းပညာနဲ့ ယဉ်ကျေးမှုကိုကျောခိုင်းလို့ ဒီဝေးလံသီခေါင်ပြီး ရေအမြဲခဲနေတဲ့ မိုဘိုင်းဖုန်းအဆက်အသွယ်တောင် မရှိတဲ့ ရွာကလေးမှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့ကြပါတယ်။

အွိုင်မြခုံမှာ အိမ်တိုင်းလိုလို မီးသွေးဖိုကို ၂၄ နာရီဖိုထားရပါတယ်။ အနွေးဓါတ်ရအောင်လို့ပါ။ လျှပ်စစ်မီးမရှိတဲ့ အတွက် ထင်းမီးလင်းဖိုကိုပဲ အသုံးပြုရပါတယ်။ အခုနောက်ပိုင်းမှာတော့ ကိုယ်ထူကိုယ်ထ မီးစက်နဲ့ ရွာကို အချိန်အကန့်အသတ်နဲ့ လျှပ်စစ်မီး ပေးပါတယ်။ ဒီရွာသားတွေဟာ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံတဲ့နေရာမှာ ပြိုင်စံ ရှားပါတယ်။ အပူချိန် အနုတ် ၅၂ ဒီဂရီစင်တီဂရိတ်အောက်ရောက်မှ တစ်ခုတည်းသောကျောင်းကို ပိတ်ကြတာပါ။

အခုနောက်ပိုင်းတော့ ဒီရွာကလေးမှာ အပိုဝင်ငွေရှိလာပါပြီ။ ကမ္ဘာလှည့်ခရီးသည်တွေပေါ့။ ကမ္ဘာ့အအေးဆုံးနေရာ မှာ တစ်ညလောက်တော့ လာနေကြည့်ကြပါတယ်။ အိမ်ထဲမှာ အိမ်သာမရှိတဲ့အဖြစ်၊ သမင်သားပဲစားရတဲ့အဖြစ်၊ မီး သွေးမီးဖိုနဲ့ အနွေးဓါတ်ယူပြီး ထင်းမီးလင်းဖိုနဲ့နေရတဲ့အဖြစ်၊ ရေချိုးမယ်ဆိုရင် ရှေးရောမဇာတ်ကားတွေ ထဲကလို မီး သွေးထဲဖုတ်ထားတဲ့ ကျောက်ခဲတွေကို ရေစည်ပိုင်းထဲထည့်ပြီး ရေနွေးအောင်လုပ်ပြီး ချိုးရတဲ့ အဖြစ် တွေကို တအံ့ တဩခံစားကြရင်း မနက်နေထွက်ချိန်နဲ့ ညနေပိုင်းနေဝင်ချိန်တို့ရဲ့ အံ့ဩဘနန်း လှပလှတဲ့ ရှုမျှော်ခင်းတွေကို ကြည့်ရင်း တစ်ချိန်က ကမ္ဘာကမေ့လျော့နေခဲ့တဲ့ အွိုင်မြခုံဟာ တဖြည်းဖြည်းနဲ့ လူသိများလာပြီး သွားရောက်လည် ပတ်သူတွေနဲ့ စည်ကားလာမယ့် အလားအလာကို တွေ့နေရပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

Leave a Reply