ကမ္ဘာကျော် မာဖီးယား လူဆိုးဂိုဏ်း ဆိုသည်မှာ
Posted on
Written By U Myint Aung
လမ်း​ဘေး​ ဈေးသည်များ ထံမှ မိုက်​​ကြေးခွဲ ဆက်​​ကြေး​ ကောက်​သည့်​ လုပ်​ငန်းမှ စ၍ မူးယစ်​​ဆေးဝါး ဖြန့်​ဖြူးရောင်းချခြင်း၊ လူကုန်ကူးခြင်း၊ တရားမဝင်ပစ္စည်းများ​ မှောင်​ခိုထုတ်​ခြင်း၊​ ​လောင်းကစားဒိုင်​များ ဖွင့်​ခြင်း၊ ပြည့်​တန်​ဆာခန်းများ​ ထောင်​ခြင်း၊ လူသတ်​ ပြန်​​ပေးဆွဲခြင်း၊ လက်​နက်​​မှောင်​ခို​ ရောင်းဝယ်​ခြင်း အပါအဝင်​ အဆင့်​မြင့်​ အစိုးရ အရာရှိကြီးများ ကို ထိန်းချုပ်​ အသုံချခြင်း စသည် ​တို့ကို ဥပ​ဒေမဲ့​ ​ဆောင်​ရွက်​ လုပ်​ကိုင်​​နေသည့်​ အဖွဲ့များဖြစ်​သည်​။
“ သမိုင်းကြောင်း ”
————————————-
မာဖီးယား ဆိုသည်မှာ (unicode)
Written By U Myint Aung
မာဖီးယား သည် ကမ္ဘာပေါ်ရှိ ဒုစရိုက် အဖွဲ့အစည်းများ အရေအတွက်ကို ဖော်ပြရာတွင် အသုံးပြုသော အခေါ်အဝေါ်ဖြစ်သည်။ ပထမဦးစွာ အမည်ဖြင့်ဖော်ပြမည်ဆိုလျှင် ဆိုင်ဆီလီယံ မာဖီးယား ဖြစ်ပြီး အီတလီအခြေပြုဖြစ်သည်။ ၎င်း၏အဖွဲ့ဝင်များကို ကိုဆာ နိုဆထရာ ဟုသိကြသည်။ အမေရိကန် ပြည်ထောင်စုတွင် “မာဖီးယား”ကို ယေဘုယျအားဖြင့် အမေရိကန် မာဖီးယား ဟုညွှန်းဆိုကြသည်။ အခြားသော မာဖီးယားကဲ့သို့ အင်အားကြီးမားသော အဖွဲ့အစည်းများကို ဖော်ပြရမည်ဆိုလျှင် ရုရှား မာဖီးယား၊ တရုတ် ထရိုင်ယက်၊ အယ်လ်ဘေးနီးယန်း မာဖီးယား၊ ဘော့စ်နီးယန်း မာဖီးယား၊ အိုင်းရစ် လူဆိုးဂိုဏ်း၊ ဂျပန် ယာကူဇာ၊ နီရာပိုလီတန် ကာမောရား၊ ကာလာဘရိုင်ယန် အင်ဒရန်ဟီတာ၊ အင်ဒီယန်း မာဖီးယား၊ ယူနီဝမ်း ကောစ်၊ ဆာဗီးယန်း မာဖီးယား နှင့် ဘူလ်ဂေးရီးယန်း မာဖီးယား တို့ဖြစ်ကြသည်။
ဒေသအတွင်းတွင်ဖွဲ့စည်းထားသော မာဖီးယား အဖွဲ့အစည်းများ ကမ္ဘာအရပ်ရပ်၌ရှိကြပြီး မည်သည့်တိကျသော လူမျိုးရေးနောက်ကြောင်းနှင့်မျှ အဆက်အသွယ်မရှိကြပါ။ အချို့သော ဒုစရိုက် အဖွဲ့အစည်းများဖြစ်ကြသည့် အကြမ်းဖက် အဖွဲ့အစည်းများသည် နိုင်ငံရေးအရင်းခံများ ဖြစ်ကြသည်။လူဆိုးဂိုဏ်းများ စည်းကမ်းတကျရှိခဲ့မည်ဆိုလျှင် စနစ်တကျရှိသည်ဟုဆိုရန် လုံလောက်သည်။ စနစ်တကျစိစဉ်ထားသော လူဆိုးဂိုဏ်း သို့မဟုတ် ဒုစရိုက်သားများကို ဆူပူသောင်းကျန်းသောလူအုပ်စုဟုလည်း ညွှန်းဆိုနိုင်သည်။ ဖွဲ့စည်းတည်ဆောက်ထားသည့် အဖွဲ့တစ်ဖွဲ့အနေဖြင့် ဒုစရိုက်လုပ်ငန်းများနှင့် ပတ်သက်နေမှုဆိုင်ရာ အက်ဥပဒေကို အမေရိကန် ပြည်ထောင်စုတွင် တရားမဝင်လုပ်ငန်းအဖြစ် ညွှန်းဆိုသည်။
မာဖီးယားဂိုဏ်​း ကို ယ​နေ့​ခေတ်​ မူးယစ်​​ဆေးဝါး​ မှောင်​ခို​ ရောင်​းဝယ်​သူများ အဖွဲ့ဟု အကြမ်​းဖျင်း သိထား ကြသည်​။ အမှန်​မှာ မာဖီးယားဂိုဏ်​း ဆိုသည် ​မှာ ရာဇဝတ်​မှုမျိုးစုံ ကျူးလွန်​ရန်​ လျှို့ဝှက်​စွာ စနစ်​တကျ ဖွဲ့စည်​းထား​သော တရားမဝင် ​အဖွဲ့အစည်​း တစ်ခု ​ဖြစ်​သည်​။ လမ်​း​ဘေး​ ဈေးသည်များ ထံမှ မိုက်​​ကြေးခွဲ ဆက်​​ကြေး​ ကောက်​သည်​့ လုပ်​ငန်​းမှ စ၍ မူးယစ်​​ဆေးဝါး ဖြန်​႕ဖြူးရောင်​းချခြင်​း၊ လူကုန်ကူးခြင်​း၊ တရားမဝင်ပစ္စည်းများ​ မှောင်​ခိုထုတ်​ခြင်​း၊​ ​လောင်​းကစားဒိုင်​များ ဖွင်​့ခြင်​း၊ ပြည့်​တန်​ဆာခန်​းများ​ ထောင်​ခြင်​း၊ လူသတ်​ ပြန်​​ပေးဆွဲခြင်​း၊ လက်​နက်​​မှောင်​ခို​ ရောင်​းဝယ်​ခြင်​း အပါအဝင်​ အဆင်​့မြင့်​ အစိုးရ အရာရှိကြီးများ ကို ထိန်​းချုပ်​ အသုံချခြင်​း စသည် ​တို့ကို ဥပ​ဒေမဲ့​ ​ဆောင်​ရွက်​ လုပ်​ကိုင်​​နေသည်​့ အဖွဲ့များဖြစ်​သည်​။
ရာဇဝတ်​မှု ဟု မသတ်​မှတ်​​ သော်​လည်​း လုပ်​ပိုင်​ခွင်​့ရှိ​သော အာဏာပိုင်​များ နှင်​့ အခွင်​့အ​ရေး လိုချင်​​သော စီးပွား​ရေးသမားများ ကို အခ​ငွေ​ကြေးငွေ ယူ၍ ပွဲစား ဆန်​ဆန်​ ချိတ်​ဆက်​​ပေး ပြီး မာဖီးယား ဂိုဏ်​း ၏ အဓိက ရည်​ရွယ်​ချက် ​မှာ ​ငွေ ရရှိ​ရေးဖြစ်​သည်​။​ ​
“ သမိုင်းကြောင်း ”
မာဖီးယား ၏ မူလအဓိပ္ပာယ် ​မှာ အီတာလျှံ (စစ္စလီ) စကား အရ ထီးအရိပ်​ ဟု အဓိပ္ပာယ် ​ရသည်​။
စစ္စလီကျွန်​း မှ စတင် ​သ​န္ဓေတည်​​ ပေါက်​ဖွားလာခြင်​း ဖြစ်​သည်​။ ၁၆ ရာစု​ မြေရှင် ​ပ​ဒေသရာဇ်​ စနစ် ​ပျက်​သုံးပြီး အရင်​းရှင်​စနစ်​​ ပေါ်ထွန်​းလာချိန်​ စစ္စလီ ၌ မာဖီးယား အုပ်​စု​လေးများ​ ပေါ်​ပေါက်​ လာသည်​။
စစ္စလီကျွန်​း သည်​ အီတလီနိုင်​ငံ ၏ ရှူး ဖိနပ်​ပုံ ကျွန်​း​လေး ဖြစ်​ပြီး​ မြေထဲပင်​လယ် ​၏ အဖက်​ဖက်​က ဝင်​​ရောက်​နိုင်​၍ ပြည်ပ ၏ ကျူးကျော်မှု အမျိုးမျိုးကို ခံရသည်​။ ဗဟိုအစိုးရ ၏ ဩဇာ မသက်​​ရောက်​နိုင်​ပါ၊
ထိုအခါ စစ္စလီသားများ သည်​​ ​ဆွေမျိုး အုပ်​စု ကို အ​ခြေခံ ၍ cosanostra အဖွဲ့​လေးများ ကို ထူထောင် ​ကြသည်​။ အဓိပ္ပာယ် မှာ Our Way တရားဥပဒေ ကို ကိုယ့်နည်းကိုယ့်ဟန် ဖြင့် ​ဖော်ဆောင်ခြင်း ဖြစ်သည်​။
မိသားစု တစ်ခု တွင်​ Don ဒွန်​​ ခေါ် အကြီးအကဲ တ​စေ်ယာက်​ နှင့်​ ဒုတိယ​ ခေါင်​း​ဆောင်​ ၁​ ယောက်​ရှိသည်​။ ယင်​းတို့​ အောက်​တွင်​ ​Capo ကာပို​ ခေါ်​ ဆီ​ညှော်​ ​ခေါ် တပ်​ခွဲမှူများ ရှိသည်​။
တပ်​ခွဲမှူး တစ်​ယောက်စီ​ အောက်​တွင်​ တိုက်​ခိုက်​​ရေး ကို​ ဦး​ဆောင်​ရ​သော စစ်​သား Soldier များ ရှိသည်​။ စစ်​သားများ​ အောက်​တွင်​ လူမိုက်​ လက်​ကိုင်​ဒုတ်​များ ထားရှိသည်​။
ဒွန်​ ဂိုဏ်​းချုပ်​ သည်​ မိသားစုဝင် ​မဟုတ်​​သော Concigliere ​ခေါ် အတိုင်​ပင်​ခံ အကြံ​ပေး တစ်​ယောက်​ထားရှိသည်။ ၎င်းသည်​ အစိုးရ အရာရှိ တစ်ဦး​ သို့မဟုတ် ရှေ့​နေ တစ်ဦး​ သော်​၎င်း ဖြစ်​နိုင်​သည်​။ ဂိုဏ်​း တစ်ခု တွင်​ အဖွဲ့ဝင်​ ၁၀ ဦး မှ ၁၀၀ ဦး ထိ ရှိနိုင်​သည်​။
မာဖီးယားများ သည်​ ကိုယ်​့ပိုင်​နက် ​နယ်​​မြေ ကိုယ် ​သတ်​မှတ် ၍ အာဏာပိုင်​ သဖွယ်​ လူထု ကို ဆက်​​ကြေး​ကောက် ​ပြီး အုပ်​ချုပ် ​ကြသည်​။
အခြား မာဖီးယားဂိုဏ်​းများ က မိမိ ပိုက်​နက်​တွင်​ လာ ဗိုလ်​ကျသော်​ မာဖီးယား အဖွဲ့ချင်​း တိုက်​ခိုက်​သတ်​ဖြတ်​ စစ်​ခင်​း ကြသည်​။
ရှုံးသည့် အဖွဲ့သည် ​နိုင်​သည်​့ အဖွဲ့၏ လက်​​အောက်​ခံ ဖြစ်​သွားရသည်​။
“ အမေရိကန် သို့မာဖီးယားများ ရောက်ရှိခြင်း ”
ဒုတိယကမ္ဘာစစ်​ တွင်​ အီတလီ အာဏာရှင်​ မူဆိုလီနီ က မာဖီးယား​ ခေါင်​း​ဆောင်​များ ကို ဖမ်​းဆီး၍​ထောင်​ချ ထားသည်​။ မဟာမိတ် ​စစ်​နိုင်​​သော အခါ အ​မေရိကန်​ က ​ထောင်ထဲ မှာ့ မာဖီးယားများ ကို အာဏာရှင်​ ဆန်​႔ကျင်​သူ နိုင်​ငံ​ရေးသမားများ ဟု ယူဆပြီး လွှတ်​​ပေးရုံ သာမက မြို့​တော်​ဝန်​၊ အုပ်​ချုပ်​​ရေးမှူးများ အဖြစ်​ ခန်​႔အပ်​ခဲ့သည်​။
ထိုအခါ မာဖီးယားဂိုဏ်​းများ ပို တွင်​ကျယ် ​လာသည်​။ တချို့မာဖီးယား ဂိုဏ်​းများ အ​မေရိက သို့​ ပြောင်​း​ရွှေ့အ​ခြေစိုက် ​လာသည်​။ လာ့ဗီးဂတ်​၊ ချီကာဂိုမြို့များ တွင်​ ကာစီနို​ လောင်​းကစား ဝိုင်​းများကို မူလ က ဂျူးများ က ​ငွေထုတ်​​ပေးပြီး ဦး​ဆောင်​ခဲ့​ သော်​လည်​း​ နောက်​ပိုင်​း မာဖီးယားဂိုဏ်​းများ က ဦး​ဆောင်​လာသည်​။ ရာဇဝတ်​မှုများ ကို ကွပ်​ကဲ လာသည်​။
မာဖီးယားဂိုဏ်​းများ ကို ပိုမို စနစ်​တကျ ဖွဲ့စည်​း လာသည်​။ ဂိုင်​းချုပ် ​ဒွန်​များ မှာ လူကြီး လူ​ကောင်​း စီးပွား​ရေး လုပ်​ငန်​းရှင်​ကြီးများ၊ ပါတီ ​ခေါင်​း​ဆောင်​များ အဖြစ်​ အသွင်​ယူ၍​ နောက်​ကွယ်​က လက်မဲကြီးများ အဖြစ်​ ကြိုးကိုင်​လာ ကြသည်​။
ဂိုဏ်​းချူပ် ​God Father များ ကို Capo အတွင်​း လူများ က လွဲ၍ သိခွင် ​့မရှိ၊ Code of Silence ​ခေါ် ဂိုဏ်​း ၏ အတွင်​း​ရေး ကို ဘယ်​​တော့ မှ ထုတ်​​ဖော်​ မ​ပြောရ စည်​းမျဉ်​း ကို ချမှတ် ​ထားသည်​။ သစ္စာ​ဖောက်​လျှင်​ ရဲ ကို သတင်​း​ပေးလျှင်​ မိသားစုဝင် ​​တွေကိုပါ ရက်​ရက် ​စက်​စက်​ သတ်​ဖြတ် ျ​ပစ်​သည်​။
၁၉၇၀ တဝိုက် ​တွင်​ နယ်​​မြေလုရင်​း မာဖီယာဂိုဏ်​း တစ်ခု နှင် ​့တစ်ခု သတ်​ဖြတ်​မှုများ မကြာခဏ ဖြစ်​ပွားသည်​။ ​နောက်​ပိုင်​းတွင် ​ဂိုဏ်​း အချင်​းချင်​း ပူး​ပေါင်​း၍ နိုင်​ငံစုံ ရာဇဝတ်​မှုများ၊ နိုင်​ငံတကာ မူးယစ်​​ဆေးဝါး ဖြန်​႔ဖြူးမှုများ ပြုလုပ်​လာ ကြသည်​။
“ ဂိုဏ်းသား ရွေးချယ်မှု ”
မာဖီးယားဂိုဏ်​း သို့ လွယ်​လွယ် ​နှင်​့ ဝင်​၍ မရ။ သတ်​ရဲဖြတ်​ရဲ မိုက်​ရဲ ရမည်​။ လမ်​းမ​ ပေါ်သွားလာ​ နေသော လူမဲများ ကို ရန်​ညှိုး မရှိဘဲ​ သေနတ်​ဖြင်​့ ပစ်​သတ်​ခိုင်းခြင်​း ဖြင်​့ အရည်​အချင်​း စစ်​​ဆေးသည်​။
၎င်းတို့ လက္ခံသူ ကို လက်​ညှိုးထိပ်​​ သွေး​ဖောက်​၍ သစ္စာဆို ခိုင်​းသည်​။ မာဖီးယားဂိုဏ်​း ဝင်​ပြီးလျှင်​ ရာသက်​ပန်​ ပြန်​ထွက်​ခွင် ​့မရှိ​တော့။
“ မာဖီးယား နှိမ်နင်းရေး ”
မာဖီးယား ဂိုဏ်​းများ သည်​ တ​နေ့တခြား အတင့်ရဲ လာသည်​။ ၎င်းတို့ ဂိုဏ်​းကို​ ဖော်​ထုတ်​သည်​့ ရဲများ ကိုပင် ​လုပ်​ကြံသတ်​ဖြတ် ​လာသည်​။
ပနားမား၊​ ​ဗော်​လစ်​ဗီးယာ လို လက်​တင် ​အ​မေရိကနိုင်​ငံများ ၏ မာဖီးယားဂိုဏ်​းများ ၏ လက်​နက်​ကိုင် အဖွဲ့များ သည်​ အစိုးရ စစ်​တပ်​ကိုပါ ခြိမ်​း​ချောက်​လာ နိုင်​သည်​။
အမေရိကန် ​ဆယ်​​ကျော်​သက်​အများစု သည်​ မူးယစ်​​ဆေး ၏ သား​ကောင် ​ဖြစ်​လာသည်​။
အယ်​ခိုင်​ဒါ လို အကြမ်းဖက်​ အဖွဲ့အစည်​း နှင်​့ IS လို အစွန်​း​ရောက် ​အဖွဲ့အစည်​းများ သို့ အ​မေရိကန်​​နောက်​ဆုံး​ပေါ် လက်​နက်​များ​ ​ရောင်​းချကြသည်​။ အ​မေရိကန်​ တရားရုံး က နာမည် ​​ကျော်​ကြား​သော မာဖီးယား​ ခေါင်​း​ဆောင်​များ ကို ဖမ်​းဆီး တရားစွဲဆို ​ထောင်ချ သည်​။ မာဖီးယား နှိမ်​နင်​း​ရေး စစ်​ဆင်​​ရေးများ လုပ်​သည်​။
FBI မှ စုံ​ထောက် ​တစ်ဦး သည်​ မာဖီးယားဂိုဏ်​း သို့ လူမိုက်​ လက်​ကိုင်​ဒုတ် ​အဖြစ် ​ဝင်​​ရောက်​၍ ယုံကြည်​​အောင်​ ၆ နှစ် ​ကြာမျှ မာဖီးယား ဂိုဏ်​းသား အဖြစ်​ တာဝန်​ထမ်​း​ဆောင် ​ပြီးမှ ဂိုဏ်​းချုပ် ​ကို​ ဖော်​ထုတ်​နိုင် ​ခဲ့သည်​။
ဂိုဏ်​း​ခေါင်​း​ဆောင်​​ ထောင်​ကျ​နေ​သော်​လည်​း​ ​ထောင်ထဲမှ​ နေ၍ သူ့ဂိုဏ်​း ကို စီစဉ်​ညွှန်​ကြား နိုင်သေးသည်​။ အယ်​ကာပုန်​း၊ ဂျိုးဗလက်​ချီ၊ ဂျွန်​​ဂေါ့တီတို့ မှာ ထင်​ရှား​သော မာဖီးယား ဂိုဏ်​းချုပ်​များ ဖြစ်​သည်​။
မာဖီးယားဂိုဏ်​းများ မှာ တစ်စတစ်စ လက်​တန် ​ရှည်​လာပြီး ကမ္ဘာအရပ်​ရပ် ​သို့ပျံ့နှံ့ကာ ၎င်းတို့ လှုပ်​ရှားနိုင်​ရေး အတွက်​ သက်​ဆိုင်​ရာ နိင်​ငံ ၏ ၎င်းတို့မလိုလား​သော နိုင်​ငံ​ရေး​ ခေါင်​း​ဆောင်​များ ကို လုပ်​ကြံ ဖယ်​ရှားရန် ​ကြံစည်​မှုများ ရှိလာ ကြပါသည်​။
Leave a Reply